ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(C...

By yoonshweyeethoon

93.9K 6.2K 279

ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့... More

အပိုင်း(1)
အပိုင်း(2)
please
အပိုင်း(3)
အပိုင်း(4)
အပိုင်း(5)
တောင်းပန်ခြင်း
အပိုင်း(6)
အပိုင်း(7)
အပိုင်း(8)
အပိုင်း(9)
အပိုင်း(10)
Hey....
အပိုင်း(12)
အပိုင်း(13)
အပိုင်း(14)
အပိုင်း(15)
အပိုင်း(16)
ဖြေရှင်းချက်
အပိုင်း(17)
အပိုင်း(18)
အပိုင်း (19)
အပိုင်း(20)
အပိုင်း(21)
အပိုင်း(22)
အပိုင်း(23)
ဖတ်ပေးကြပါ pls
အပိုင်း(24)
အပိုင်း(25)
အပိုင်း(26)
အပိုင်း(27)
အပိုင်း(28)
အပိုင်း(29)
အပိုင်း(30)
အပိုင်း(31)
အပိုင်း(32)
အပိုင်း(33)
အပိုင်း(34)
******
အပိုင်း(35)
အပိုင်း(36)
အပိုင်း(37)
အပိုင်း(38)
အပိုင်း(39)
အပိုင်း(40)
အပိုင်း(41)
အပိုင်း(42)
အပိုင်း(43)
အပိုင်း(44)
အပိုင်း(45)Final
ကျေးဇူးတင်လွှာ

အပိုင်း(11)

2K 145 5
By yoonshweyeethoon

'ချန်'မျိုးနွယ်မှာ ရှိသမျှ  ကလေးလူကြီး အကုန်လုံး  မျိုးနွယ်ရဲ့အထွဋ်အမြတ်နေရာ သို စုဝေးနေကြသည်။.အကြောင်းမှာကား သူတို့ မျိုးနွယ် ခေါင်းဆောင်ရဲ့ ဒုတိယဇနီး၏ ဖြူစင်ကြောင်း သစ္စာ ရေ သောက် ကျိန်ဆို မှာ ဖြစ်လို့ပင်။ ကလေးတွေကတော့ ဟိုကြည့်ဒီကြည့်နဲ့လျှောက်ကြည့်နေပေမဲ့ လူကြီးတွေကတော့ သခင်ရဲ့ နောက်ထပ်ဇနီးသည်၏ အကြောင်းများကို ဝေဖန်နေကြသည်။တစ်ချိူ့ကတော့ သခင်မ အသစ်က ဖြူစင်မှာ ကျိန်းသေတယ် ဆိုပြီးပြောနေကြသလို တစ်ချို့ကတော့ လိမ်ညာမှုကြောင့် နတ်ဘုရားတွေရဲ့အပြစ်ပေးခြင်းခံရမယ်လို့ ပြောဆိူနေကြသည်။

တစ်ယောက်တစ်ပေါက်နဲ့ဆူညံနေခြင်းသည် မျိုးနွယ်ရဲ့ သခင်နဲ့ အကြီးအကဲတွေရောက်လာတော့ မီးကို ရေနဲ့ ဖျန်းလိုက်သလိုငြိမ်ကြသွားသည်။ အကုန်လုံးက. မျိူးနွယ်သခင်နဲ့ အကြီးအကဲတွေကို အရိုအသေပေးလိုက်သည်။

"မျိုးနွယ်သခင်ကို နှုတ်ဆက်ပါတယ်''

"အကြီးအကဲ များကိုလဲ နှုတ်ဆက်ပါတယ် ''

အကုန်လုံးက ခေါင်းကိုညွှတ်ပြီး နှုတ်ဆက်တော့ ခါရူးလဲ အကုန်လုံး ကို အပေါ်ပြန်မော့ခိုင်းလိုက်သည်။.နာရာနဲ့ မိုရာကတော့ ခါရူး ခေါ်မှ လာရမှာဖြစ်သည်။ သူတို့ မျိုးနွယ်ရဲ့ထုံးစံက လင်ယောကျာ်းတွေအပေါ်မှာ ရိုသေရသလို လင်ယောကျာ်း စကားကသာ အတည်ဖြစ်သည်။ အခုလို တွေ့ဆုံပွဲတွေမှာဆိုရင်လဲ လင်ယောကျာ်းက မခေါ်ရင် မလာရပေ။သိုပေမဲ့ ဆက်ခံသူကို မွေးဖွားပေးပြီး မျိုးနွယ်ရဲ့သခင်မ ရာထူးကို ရတဲ့သူကတော့ မျိုးနွယ် သခင်နဲ့တန်းတူ ဆက်ဆံခံရသည်။

"အကုန်လုံး  ခေါင်းပြန်မော့လို့ ရပြီ ''

ခါရူးရဲ့အမိန့်ပေးသံအဆုံးမှာ အကုန်လုံးက ခေါင်းကို ပြန်မော့ကြည့်လာကြသည်။

"ဒီနေ့ ဒီနေရာမှာဆုံရတဲ့အကြောင်းအရင်းကို မင်းတို့အားလုံးလဲ သိမယ်ထင်ပါတယ် ငါရဲ့ ဒုတိယဇနီးက သူ့ဖြူစင်မှုကို.သက်သေပြဖို့အတွက်သစ္စာရေ သောက်ပြီး ကျိန်ဆိုပြမှာ ဖြစ်တယ်  ပြီးတာနဲ့ လက်ဆက်ပွဲ ပါ.တစ်ခါထဲ ကျင်းပမယ် ''

ခါရူးရဲ့ ပြောပြ မှုအပြီးမှာ အကုန်လုံး ဆီက တီးတိူးအသံတွေထွက်လာပြန်သည်။.ပထမ က ဒီနေ့သစ္စာရေ သောက်ပြီးနက်ဖြန်မှလက်ဆက်ပွဲကို ကျင်းပမယ်လို့ အကုန်လုံးက သိထားကြတာဖြစ်သည်။.အခုတော့ ခါရူးက ဒီနေ့ပဲ ချက်ချင်း ကျင်းပမယ်ဆိုတော့ အကြီးအကဲတွေပါ.မျက်လုံးပြူးကုန်သည်။.အဲ့အထဲက တစ်စုံတစ်ယောက်ကတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတာကို ခါရူးက မြင်ဖြစ်အောင်မြင်လိုက်တဲ့အတွက် မသိမသာပြုံးမိသည်။

"သခင်လေး.က လှလိုက်တာ  အရင်က ကျ မပြင်မဆင်နေရတော့ သိပ်မသိသာပေမဲ့ အခုကျ အရမ်းကို ထင်ပေါ်နေပါတယ်''

ဘီဘီနဲ့ကီကီမိုရာ့ကိုပြင်ဆင်ပေးနေရင်းနဲ့ချီးမွမ်းစကားဆိုနေတော့မိုရာလဲ ကိုယ့်ရုပ်ကိုယ် မှန်ထဲ ပြန်ကြည့်မိလိုက်သည်။ သူတို့ ပြောသလို တကယ်လဲ လှပါသည်။'အီ'မျိူးနွယ်မှာ နေတုန်းက ခုလို ပြင်ဆင်ဖို့ နေနေသာသာ အဝတ်တောင် လှတာ သိပ်မရှိခဲ့။အဆင်ပြေသလို ဝတ်ပြီး အသက်ရှင်ရုံစားသောက်ခဲ့ရတာပင်။ ဆောင်းတွင်းလို အချိန်မျိူးဆိုရင် အနွေးထည်ထူထူနဲ့ စောင် ထူတာ မရှိတဲ့အတွက် ကောက်ရိုးကိုသာ.အခင်းလုပ် အကျီ အပါးလေးတွေကို အထပ်ထပ် ဝတ်ပြီးနေခဲ့ရတာဖြစ်သည်။.

အခု မိုရာက မျိုးနွယ်စု ခေါင်းဆောင်ရဲ့ဇနီးတစ်ယောက်ဖြစ်တော့မှာ ဆိုတော့အဝတ်အစားနဲ့လက်ဝတ်တန်ဆာကအစ ခါရူးက အကုန်စီစဥ်ပေးပြီး နေ့လည်စာ လာစားတဲ့အချိန်ကပေးသွားတာဖြစ်သည်။.အခု မိုရာက မျိုးနွယ်စုရဲ့ဇနီးတွေဝတ်သလို အောက်က အပါးလေးတစ်ထပ်ဝတ် ပြီး အလယ်ကတော့ နူးညံတဲ့ပိုးသားကို တစ်ထပ် ထပ် ဝတ်ပြီး အပေါ်ဆုံးကတော့ ပန်းရောင်နဲ့ကြက်သွေးရောင်ကို ရောထားတဲ့ ဂါဝန်လိုမျိုး တစ်ဆက်ထဲ ဝတ်ရတဲ့ဟာကို ဝတ်ထားတာ ဖြစ်သည်။ မိုရာက ဒွိလိင် ဆိုတော့ မိန်းကလေးတွေလို အတွန့်ပါတဲ့ အကျီမျိုးကို မဝတ်ရပေမဲ့ ဇနီးသည် နဲ့တူအောင် အတွန့်မပါပဲ မိန်းမ သိပ်မဆန်တဲ့အဝတ်ကို ဝတ်ပေးရသည်။.

ပြီးတော့ ဆံပင်ကိုဟိုဖက် ဒီဖက် ဖွတ်မြီး ထိုး၍တစ်လွှာ စီးထားပြီး ခါရူး ပေးတဲ့ ဆံထိုးလေးထိုးထားသည်။.ဒီဆံထိုးလေး က'အီ' မျိူးနွယ်စုက အပြန် လမ်းမှာ.ဝယ်ပေးခဲ့တဲ့ဆံထိုးဖြစ်သည်။ ကျောက်စိမ်းကို ချောမွတ်နေ အောင်လုပ်ထားပြီး ပတ္တမြားနဲ့ပုလဲနဲ့ကို ရောအလှဆင်ထားတဲ့ ဆံထိုးဖြစ်လို့ တန်ဖိုးသိပ်ကြီးသည်။.ဟိုးအရင်တုန်းကဆို အမေက မိုရာ့ကိုမြင်ရင် သိပ်လှတာပဲ လို့ချီးမွမ်းလေ့ရှိသည်။

"သခင်လေး  သခင်ကြီး က ခေါ်ခိုင်းလိုက်ပါတယ် အချိန်နီးကပ်နေပြီးမို့လို့  ပါ ''

မိုရာ.တို့ သုံးယောက် ပြင်ဆင်နေရင်း စကားပြောနေတူန်း ကိုယ်ရံတော် ချန်နဲ့အသံကို အဆောင်အောက်က ကြားလိုက်ရသည်။.မိုရာလဲ အကုန်အဆင်သင့်ဖြစ်နေတာဆိုတော့ ဘီဘီနဲ့ ကီကီ့ ကို ခေါ်ပြီး မျိုးနွယ်ရဲ့ အထွဋ်အမြတ်နေရာကို သွားလိုက်သည်။

"ကဲ အချိန် ကျပြီ ဆိုတော့ ကျုပ်ရဲ့ဇနီးတွေကို ခေါ်လိုက် တော့မယ် ''

ခါရူးပြောပြီး သိပ်မကြာ နာရာက အရင်ဝင်လာသည်။.နာရာက စိမ်းပုပ်ရောင် အကျီဝတ်ထားတော့ လူတိုင်းရဲ့အလည်တွင်ထင်ပေါ်နေသည်။နာရာက ခါရူးရဲ့ဘယ်ဖက်တွင်နေရာယူပြီး ခါရူးကို အရိုအသေပေးလိုက်သည်။

" သခင်ကြီး ကို နှုတ်ဆက်ပါတယ် ''

ခါရူးက ခေါင်းငြိမ့်ပြခါမှ နာရာက ရှေ့ပြန်လှည့်ပြီး သူ့ရဲ့ ထိုင်ခုံမှာသွားထိုင်သည်။ အဲ့အချိန်ကျမှ မျိုးနွယ် က လူတွေက နာရာ့ကို အရိုအသေပေးပြီး နှုတ်ဆက်ကြသည်။.နာရာ ထိုင်ပြီးသိပ်မကြာလိုက် မိုရာက ကိုယ်ရံတော် ချန်ရဲ့ နောက်ကနေ လိုက်လာသည်။မိုရာ စဝင်ထဲက စုဝေးနေကြတဲ့လူတွေက မိုရာ့ကို ဝိုင်းကြည့်နေကြသည်။

"ဟယ်..ခေါင်းဆောင်ရဲ့ ဒုတိယ ဇနီးက ချောလိုက်တာ''

" ဟဲ့ လှတာဟဲ့ လှတာဟဲ့ မနေ့က မြင်ရတုန်းကဆို ဒီလောက်လှမယ်မထင်ထားဘူး''

"ဟုတ်ပါ့ ပထမလက်ဆက်ခဲ့တဲ့ဇနီးထက်ကိုလှတာ''

မျိုးနွယ်က မိန်းမတွေနဲ့ ဒွိလိင်တွေက အမျိုးမျိူးဝေဖန်ပြီး ချီးမွမ်းနေကြသလို။အမျိုးသားတွေကျပြန်တော့လဲ ဒီလောက်လှတဲ့လူကို သူတို့ မျိူးနွယ်ခေါင်းဆောင်က ရသွားတော့ ခေါင်း ဆောင်ကို မနာလို ဖြစ်ကြသည်။

"ဟာကွာ လှရက်လိုက်တာ အသားလေးကို ဖြူဝင်းနေတာပဲ''

"ဟုတ်ပ့ါကွာ ခေါင်း ဆောင်က ကံကောင်းတာပေါ့ ကံတရားက ငါတိူ့လို့ သာမာန်လူတွေကျ ဘာလို့မျက်နှာသာမပေးကြတာလဲ အဲ့လောက် လှတဲ့သူကိုသာ ပိုင်ဆိုင်ခွင့်ရမယ်ဆို ဘာမှ မစားပဲသူ့ကို ထိုင်ကြည့်နေရုံနဲ့တင်ဗိုက်ဝလောက်တယ်''

"လှလိုက်တာကွာ..ဒီလူကို အပိုင်သာ လိုချင်တယ် ''

"ဟေ့ရောင်အဲ့တာ ခေါင်းဆောင်ရဲ့ဇနီးနော် မင်း သက်ဆိုးမရှည်ချင်တော့တာလား''

ဒီလို တစ်ယောက် တစ်ပေါက်ပြောနေတဲ့အသံတွေကြားမှာ အန်ဒရူး တစ်ယောက် မိုရာ့ကိုမြင်ပြီး အံ့သြသွားရသည်။ မိုရာ့ကို အဲ့လောက်လှမည်မထင်။ သူရဲ့အလှလေး ထက်ပင် ပိုလို့ လှသေးသည်။.ပြသနာ ဖြစ်တဲ့နေ့ကလဲ ဒေါသ ထွက်နေတာမို့လို့ ရုပ်ကို သေချာမကြည့်မိ အခုတော့ ကိုယ့်ရဲ့ အပိုင်ဖြစ်ဘူးတဲ့သူက သူများလက်ထဲရောက်မဲ့ကိစ္စကို ဘာမှ မလုပ်နိုင်ပဲ ရပ်ကြည့်နေရတဲ့ဘဝမို့လို့ အန်ဒရူး ကိုယ့်ကို ကိုယ် သာ စိတ်ဆိူးဒေါသထွက်မိသည်။

နာရာက တော့ သူ့ထက် အပုံကြီးလှနေတဲ့ မိုရာ့ကို မနာလို ဖြစ်မိသည်။အဲ့အပြင် ခါရူးကလဲ မိုရာ့ ဆီကအကြည့်မလွဲ သလို မျိုးနွယ်က လူတွေကပါ ချီးမွမ်းနေတော့ ပိုလို့တောင် စိတ်တို ဒေါသထွက်ရသည်။ အရင်ထဲက ခါရူးက သူ့ကို မျက်စိထဲ မထည့်တာ အခုဆို ပိုဆိုးတော့မည်။

မိုရာ ဝင်လာထဲက ကြည့်နေမိတာ အကြည့်ကိုမလွဲမိပေ။ အရင်က ဒီလို ပြင်ပြင်ဆင်ဆင်နဲ့မတွေ့ဘူးတော့ ဒီလောက် လှမယ်မထင်။အရင်ထဲက လှတာသိပေမဲ့ ခုတော့ အလှပေါ် အလှဆင့်နေတော့ အခုထိကို အကြည့်မလွဲမိ။ ဘေးကိုလှည့်ကြည့်မိတော့လဲ အကြီးအကဲတွေကအစ သရေ ကျမတတ်ငေးနေတာတွေ့တော့ ခါရူးလဲ မနေသာ ပဲ ချောင်းဟန့် လိုက်ရသည်။

"အဟမ်း...ကဲ ကျုပ်ရဲ့ ဒုတိယ ဇနီး ရောက်လာပြီးဆိုတော့ လုပ်စရာရှိတာကို ဆက်လုပ်ရအောင်''

ခါရူးလဲ အာ့လို ပြောလိုက်​ေရာမျိုးနွယ်ရဲ့ နတ်ဆရာမကဖလားတစ်ခုနဲ့ ထွက်လာပြီး မိုရာ မတ်တပ်ရပ်နေတဲရှေ့ကို သွားလိုက်သည်။ ပြီးတော့ မိုရာ့လက်ဖဝါးကို ဓားနဲ့ လှီးပြီး ကျလာတဲ့သွေးကို ဖလား ထဲကို ထည့်ပြီး နတ်ဘုရားတွေကို တင်​မြှောက်သည်။.ပြီးနောက် မိုရာ့လက်ထဲကို အဲ့ဖလားကို ထည့်ပြီး သစ္စာ ဆို ခိုင်းသည်။

မျိုးနွယ်စုရဲ့နတ်ဆရာမက မိုရာ့ရဲ့သွေးနဲ့နတ်ဘုရားတွေရှေ့မှာ သစ္စာ ဆိုခိုင်းတာမို့လို့ မိုရာလဲ ဖလားခွက် ကို ကိုင်ပြီးသစ္စာ ဆိုလိုက်သည်။

" ကျွန်ုပ် မိုရာ သည် ဘယ်အမျိုးသားနဲ့မှလက်ဆက်ခြင်းမရှိခဲ့ကြောင်းကို နတ်ဘုရားများကိုတိုင်တည်ပြီး သစ္စာဆိုပါတယ် ကျွန်ုပ်၏ဖြူစင်မှုကိုနတ်ဘုရားများက အသိအမှတ်ပြုပေးပါ တကယ်လို့ ကျွန်ုပ်၏ သစ္စာ မမှန်ကန်ပါက နတ်ဘုရားများပေးသော အပြစ်ဒဏ်ကိုခံယူပါမည်''

မိုရာလဲသစ္စာဆိုပြီး ဖလားထဲက ရေကိုသောက်လိုက်သည်။သောက်ပြီးတော့ဖလားကို နတ်ဆရာမထံသိူ့ပြန်ပေးပြီး ခန မတ်တပ်ရပ်နေလိုက်သည်။ အကုန်လုံး ကလဲစိတ်ဝင်တစားနဲ့ကြည့်နေကြသည်။မကြာလိုက်မိုးကောင်းကင်ကမဲတက်လာပြီး မိုးတွေ ချုန်းလာသည်။လူတွေအကုန်ရုတ်ရုတ်သဲသဲ ဖြစ်လာပြီး ခါရူးအပါအဝင်အကြီးအကဲတွေကပါ မတ်တပ်ရပ်ပြီးကောင်းကင်မော့ကြည့်ကြသည်။

"မကောင်းတော့ဘူး နတ်ဘုရားတွေက စိတ်ဆိုးကုန်ပြီ တစ်ခုခုတော့မှားနေတယ်''

အကုန်လုံး ရုတ်ရုတ်သဲသဲဖြစ်နေတဲ့အချိန်နတ်ဆရာမရဲ့ အသံကြောင့် တစ်ချိူ့လူအများစုက မိုရာ့ကို အပြစ်တင်လာကြသည်။

"အဲ့တာဆို ငါတို့ပါ ဒုက္ခရောက်တော့မှာလား ''

"သစ္စာဆိုတာ တစ်ခုခု အမှားအယွင်းပါ သွားလို့ဖြစ်ရမယ်''

"အဲ့တာ ဆို ရင်ဘာလဲ သခင်ရဲ့ ​ေနာက်ထပ်ဇနီးက မဖြူစင်တာလား''

ခါရူး လဲ ဘာပြောရမှန်းကိုမသိတော့တာပင်။ အခုလို မျိုး ရုတ်တရက်ကြီး ထဖြစ်တာဆိုတော့ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။မိုရာ့ကိုကြည့်မိတော့ မိုရာလဲအံ့သြနေသလိုပင်။ လူတကာစိုးရိမ်ပူပန်နေရတဲ့ကြားထဲတွင် ဝမ်းသာပြီး ပျော်ရွှင်နေကြသူ နှစ်ဦးလဲ ရှိသည်။ထိုသူတွေကတော့ အန်ဒရူးနဲ့ နာရာ ဖြစ်သည်။ အန်ဒရူးကလဲ မိုရာရဲ့သစ္စာသာမမှန်ကန်ရင်မိုရာကို သူ့ရဲ့ဇနီး အဖြစ် သိမ်းပိုက်နိုင်မှာ ဖြစ်သလို နာရာကျပြန်တော့လဲ သူရဲ့ပြိုင်ဖက် မရှိတော့တဲ့အတွက် မျိုးနွယ်သခင်မ နေရာက သူ့တစ်ယောက်ထဲအတွက်ဖြစ်တော့မှာ မို့လို့ဝမ်းသာနေသည်။

"ဟင် ကောင်းကင်က တဖြည်းဖြည်း ပြန်ပြီးကြည်လာပြီ''

မျိုးနွယ် ထဲ က ကလေးတစ်ယောက် က အပေါ်ကိုမော့ကြည့်ပြီး ပြောလာတော့အကုန်လုံးရဲ့အကြည့်က ကလေးလေး လက်ညိုးထိုးပြရာနေရာကိုပဲ ဖြစ်သည်။ ခါရူးလဲ လိုက်ကြည့်မိတော့ကောင်းကင်က မဲနက်နေရာကတဖြည်းဖြည်း ပြန်လည်ပြီးကြည်လာသည်။ကောင်းကင်ကနေ အလင်းတွေ ​ဖြာကျလာပြီး မိုရာ့အပေါ်ကို လွှမ်းခြုံသွားသည်။

"ဟာ ဟိုမှာ ကြည့်စမ်း သခင်ရဲ့ဇနီးအပေါ်ကို အလင်းတွေဖြာကျကုန်ပြီ''

"ဟုတ်တယ်ဟ.. အံသြ စရာကြီး''

အလင်းတွေပျောက်လဲသွားရောကောင်းကင်တစ်ခုလုံးကလဲ ပြန်ပြီး ကြည်လင်ပြီး အရင်ကထက်ပိုပြီး တော့တောင် တောက်ပနေသည်။ မိုရာရဲ့နဖူးပေါ်မှာလဲကြာပန်းပုံသဏ္ဍန် အနီရောင်အမှတ်လေးက နီရဲစွာပေါ်ထွက်လာသည်။လက်က ခုနက ဓား ဒဏ်ရာကလဲ အစရှာ မရအောင်ကို​ေပျာက်ကင်းသွားသည်။

မိုရာ ကိုယ်တိုင် လဲ အံသြ နေသည်။ မိုရာရဲ့အမှတ်က ရင်ဘတ်မှာလို့ထင်ထားပေမဲ့ အခုတော့နဖူးမှာပေါ်ထွက်လာသည်။ အရင်ကမှေးမှိန်သလောက်အခုတော့ရဲနေသည်။ အခုလို အမှတ်ပြောင်းသွားတာဘာကြောင့်မှန်းကို မိုရာလဲမသိ။

"မျိုးနွယ် သခင် ဒါဟာ ဆန်းကြယ်မှုပါ သခင်ရဲ့ နောက်ထပ်လက်ဆက်မဲ့ဇနီးက နတ်ဘုရားတွေရဲ့ကောင်းချီကို ရထားတဲ့အတွက် မျိုးနွယ်ရဲ့သခင်မ ဖြစ်ထိုက်ပါတယ် နတ်ဘုရားတွေ ကိုယ်တိုင် ရွေးချယ်ပေးထားတဲ့ မျိုးနွယ်စုသခင်မ ဖြစ်တာမို့ အခုပဲ သခင်မ ရာထူးပေးဖို့ ပြောချင်ပါတယ်''

နတ်ဆရာမရဲ့စကားအဆုံးမှာ မျိုးနွယ်ရဲ့လူထုကလဲ ထောက်ခံပေးကြသလို အကြီးအကဲ တစ်ချို့ကလဲ လက်ခံကြသည်။

"ဟုတ်ပါတယ် ခေါင်းဆောင် အခု လို နတ်ဘုရားကရွေးပေးတဲ့ ဖြစ်ရပ်က အလွန်ရှားပါးပါတယ် အဲ့တာကြောင့် သခင်မအသစ်ကို မျိုးနွယ်စုတစ်ခုလုံးရဲ့သခင်မ ရာထူးပေးသင့်ပါတယ်''

"ဟုတ်ပါတယ် ကျွန်ုပ်တို့လဲ ထောက်ခံပါတယ်''

အကြီးအကဲတွေအကုန်လုံးက တစ်ပြိုင်နက်ထဲ ထောက်ခံကြောင်းပြောဆို လာကြသည်။ထိုအထဲတွင်နာရာ့ဦးလေးနှင့် နာရာ့ကို ထောက်ခံသူများတော့မပါပေ။

"မျိုးနွယ်က လူထု ဆန္ဒကိုလဲမေးရဦးမယ် ကျုပ်တို့သဘောနဲ့အဆင်မပြေဘူးလေ''

အ​ကြီးအကဲတွေကို ပြန်လည်ပြောဆိုပြီးတော့မျိုးနွယ်က လူထုဖက်ကိုလှည့်ကာ

"ကဲ အကုန်လုံး မြင်တဲ့အတိုင်းပဲ ကျုပ်ရွေးချယ်ထားတဲ့ဇနီးက ဖြူစင်တဲ့အပြင်နတ်ဘုရားရဲ့ကောင်းချီးကိုပါရရှိခဲ့တယ် နတ်ဘုရားက ရွေးချယ်ပေးတဲ့သူမို့လို့ မျိုးနွယ်စုတစ်ခုလုံးရဲ့သခင်မ အဖြစ် ခန့်အပ်ချီးမြှင့်မဲ့ကိစ္စကို သဘောတူကြလား ကန့်ကွက်မဲ့သူရောရှိလား''

"မရှိပါဘူး မျိုးနွယ်သခင် ကျွန်တော်တို့ အားလုံးလက်ခံပါတယ် ''

"ဟုပါတယ်အခုလို နတ်ဘုရားရဲ့ကောင်းချီးကို ရထားပြီး နတ်ဘုရားတွေရွေးချယ်ပေးတဲ့လူကို မျိူးနွယ်စုသခင်မအဖြစ် ရရှိတာက ကျွန်မတို့ မျိူးနွယ်ရဲ့ကံကောင်းမှု တစ်ခုပါပဲ''

"ဟုတ်ပြီ အာ့တာဆိုရင် အကုန်လုံး ကလက်ခံတဲ့အတွက် 'အီ' မျိုးနွယ်စုရဲ့ အကြီးဆုံးသားကို 'ချန်' မျိုးနွယ်စုခေါင်းဆောင်ဖြစ်တဲ့ ကျုပ်ရဲ့ဇနီးသည်အဖြစ် မျိုးနွယ်စု ရဲ့သခင်မအဖြစ် ရာထူး လွှဲ​ပြောင်းပေးမယ်...နတ်ဆရာမ''

"ဟုတ်ကဲ့...သခင်''

"မင်းကပဲ ဦးဆောင်ပြီး လုပ်ပေးပါဦး ''

ခါရူး နတ်ဆရာမကို အမိန့်ပေးပြီးတော့ မိုရာ့ရဲ့လက်ကိုဆွဲလို့ မျိုးနွယ်စုသခင်နဲ့သခင်မထိုင်တဲ့နေရာကိုသွားပြီးထိုင်လိုက်သည်။နတ်ဆရာမက ဝိုင်ခွက်နှစ်ခွကိုယူလာပြီးခါရူးလက်ကသွေးနဲ့ မိုရာ့လက်က သွေးကိုဝိုင်ခွက် နှစ်ခွက်ထဲကို ဖောက်ထည့်ပြီး ခါရူးကိုတစ်ခွက် မိုရာ့ကို တစ်ခွက်ကမ်းပေးသည်။နတ်ဆရာမကမ်းပေးလာတဲ့ ဝိုင်ခွက်ကို အတူတူသောက်ရသည်။သောက်ပြီးသားခွက်ကိုလဲဲ ပြီး ထပ်သောက်ရသည်။ဤသိူ့ပြုလုပ်ခြင်းကလက်ဆက်ထားတဲ့ဇနီးမောင်နှံက ဘာအလုပ်ပဲ ဖြစ်ဖြစ် အတူတကွ လုပ်ကိုင်ပြီး အေးအတူပူအမျှခံစားပါ့မည်ဆိုတဲ့အဓိပ္ပါယ်ဖြစ်သည်။ဝိုင်ခွက် ကို​သောက်ပြီးတော့ နတ်ဘုရားတွေကိုပူဇော်ကန်တော့၍ အတူတူသစ္စာဆိုခြင်းဖြင့် လက်ဆက်ခြင်းအမှုက ပြီးစီးသွားသည်။ လက်ဆက်ပွဲ ပြီးတော့မိုရာ့ကို သခင်မ ရာထူးလွှဲပြောင်းပေးဖို့အတွက် အကြီးအကဲထဲက မိန်းမတစ်ယောက်က သခင်မ သရဖူကို ယူလာပေးသည်။သရဖူဆိုပေမဲ့ ပုလဲနဲ့လုပ်ထားတဲ့ဆံထိုးတစ်ခုသာဖြစ်သည်။ထိုအမျိုးသမီးဆီကတစ်ဆင့်နတ်ဆရာမကလွှဲပြောင်းယူပြီး မိုရာ့ရဲ့ခေါင်းမှာထိုးပေးသည်။ ထို့နောက် မျိုးနွယ်အပေါ်မှာရော လက်ဆက်ထားတဲ့လင်ယောကျာ်းအပေါ်မှာပါသစ္စာ ရှိမဲ့အကြောင်းကို တစ်ခါထဲကျိန်ဆိုပြီး ရာထူးလွှဲအပ်ပွဲက ပြီးဆုံးသွားသည်။ အကုန်လုံး ပြီးတော့ နတ်ဆရာမကစပြီး သခင်နဲ့သခင်မက်ု ဦးညွတ်နှုတ်ဆက်သဖြင့် အကြီးအကဲတွေနဲ့မျိုးနွယ်တစ်လုံးပါ နှုတ်ဆက်ရသည်။

"သခင်နဲ့သခင်မ ကျန်းမာပါစေ....မျိုးနွယ်အဓွန့်ရှည်အောင်အတူတကွ ဆောင်ရွက်နိုင်ပါစေ ဆက်ခံသူ သားသမီးရတနာများလဲထွန်းကားပါစေ''
.

မိုရာ အခုထိအံ့သြလို့မဆုံး မိုရာ့ရဲ့ ဖြူစင်မှုကို ကိုယ့်ဘာသာယုံကြည်ပေမဲ့အခုလို မျိုးန်စုသခင်မပါ တစ်ခါထဲ ဖြစ်လာမယ်မထင်ပေ။.မျိုးနွယ်စုသခင်မ ရာထူးက ဆက်ခံသူ အရင်မွေးဖွားပေးတဲ့သူကသာရ ရှိမှာဖြစ်သည်။.အခုလို နတ်ဘုရားတွေက မိုရာ့ ကို ရွေးချယ်လိုက်တော့ ပျော်ရွှင်မိသည်။.အမေရော သေဆုံးသွားတဲ့ဖခင် ရော မိုရာ့ကိုစိတ်ချလို့ရပါပြီ။

အကုန်လုံး ပျော်ရွှင်နေမှုကို မုန်းတီးမှု မနာလိုမှုများနဲ့ ကြည့်နေတာကတော့ နာရာဖြစ်သည်။ သူကသာ.ခါရူးရဲ့ပထမဇနီးသည်ဖြစ်သလို လက်ဆက်ထားတာလဲ နှစ်နဲ့ချီ နေပြီဖြစ်သည်။ မျိုးနွယ်စုသခင်မ ရာထူးကိုသူသာ ပိုင်ဆိုင်သင့်သည်။အခုလို ဘာမဟုတ်တဲ့အကောင်က ချက်ချင်းကြီး သခင်မဖြစ်သွားတဲ့အပေါ် နာရာ လုံးဝ မကျေနပ်နိုင်ပေ။အပြင်ပန်းမှာသာ ပြုံးနေပေမဲ့ နာရာ့ရင်ထဲမှာဘယ်လောက်ဒေါသထွက်နေရလဲဆိုတာ ကိုယ်တိုင်ပဲ သိနိုင်မည်။

နာရာလို အမုန်းပွားနေသာတစ်ဦးကတော့အန်ဒရူး ဖြစ်သည်။ သူသာ မိုရာ့ကိုအစထဲက လက်ခံလိုက်ရင် ခုချိန် နတ်ဘုရားရဲ့ချီး မြှင့််မှုကို ရ ရှိထားတဲ့မိုရာ့က သူ့ဇနီးသည် ဖြစ်သလ်ု မိုရာ့ ကိုအကြောင်းပြပြီး သူလဲ အခုထက်ပိုပြီးကောငိးမွန်တဲ့ဘဝကိုရနိုင်သည်။.မျိုးနွယ်စုတွေထဲတွင်နတ်ဘုရား ကောင်းချီးရတဲ့သူက ရှားပါးလှသလို ထိုလူကိုပိုင်ဆိုင်ခွင့်ရတဲ့သူကလဲ ကံအကောင်းဆုံးအရာတွေကိုသာ ပိုင်ဆိုင်နိုင်မှာဖြစ်သည်။ အခုတော့ကိုယ့်ရဲ့မိုက်မဲမှု​ကြောင့်ကိုယ်ပိုင်ဆိုင်ရမဲ့အရာတွေက သူများဆီရောက်ရတာဖြစ်သည်။

ဝမ်းသာနေကြတဲ့လူတွေကြားထဲမှာ မနာလိုမှု မုန်းတီးမှုနဲ့ တောက်လောင်နေတဲ့လူနှစ်ဦး ရှိတာကိုတော့ကာယကံရှင်နှစ်ဦးကလွဲမည်သူမှမသိနိုင်ပေ။

.....................,...................

Yoon

စာလုံးရေ ၃၀၀၀ကို ကျော်ပါတယ်နော် ။ညထဲကတင်ပေးဖို့ကိုရေးရင်းတန်းလန်း အိပ်ပျော်သွားလို့ပါ ။ vote လေးတွေလဲပေးကြပါဦးနော်။ view များပြီး vote က သိပ်မရှိတော့ ရေးရတာအားတောင်မရှိဘူး။မအားတဲ့ကြားက အချိန်ယူပြီးရေးပေးတာမို့ vote နဲ့ ment လေးတော့ လိုချင်မိသား။

Continue Reading

You'll Also Like

70.1K 7.1K 98
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
135K 15.8K 96
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
689 64 4
JungSungChan × SongEunSeok
2.3K 114 7
ဖတ်ရတာ ရှုပ်မှာစိုးတဲ့အတွက် Zawgyi နဲ့ Unicode ကို တစ်အုပ်စီ ခွဲထားပါတယ်နော် Writer - Xiao Lian Mo (Original screenplay by Zhou Mo) Episode - 163 En...