မို့ဟွာဝမ်သည် မို့ရွှီတုန်း၏ခြံဝင်းတွင် အကြာကြီးမနေဘဲ ထွက်ခွာသွားခဲ့သည်။ တဖက်မှာတော့ သူ သခင်မအိုကြီး နှုတ်ဆက်ရဦးမှာဖြစ်ပြီး တစ်ဖက်တွင်မူ အခြားသူများရှေ့တွင် မိုရွှီတုန်းနှင့် ရင်းနှီးမှုတစ်စုံတစ်ရာ မပြောနိုင်ပေ။ သူက မို့ရွှီတုန်းကို ကောင်းကောင်း အနားယူဖို့ ပြောပြီး သခင်မအိုကြီးရဲ့ ခြံသို့ ထွက်လာခဲ့တယ်။
လန်ချိလု နှင့် မို့ရွှမ်ရန်က မိုဟွာဝမ်အား သခင်မအိုကြီးကို နှုတ်ဆက်ရန်အတွက် မို့ဟွာဝမ်၏ နောက်သို့ လိုက်ခဲ့မည်ဟု ပြောလိုက်သည်။
သူ့အဖေရဲ့ စိတ်မရှည်မူကိုမြင်တော့ မို့ရွှီတုန်းက ပြုံးပြီး တစ်စုံတစ်ယောက်ကို တံခါးဝဆီ ခေါ်ခိုင်းခဲ့တယ်။
မိုယုသည် သူတို့ကိုကြည့်၍ နောက်လှည့်ကာ ဒေါသတကြီး ပြောလိုက်သည် ။ "သခင်မလေး ၊ ဒီသခင်မလေးလန်က သခင်နောက်ကို တောက်လျှောက်လိုက်နေတာ ရှက်စရာ ကောင်းလိုက်တာ ။ သူမက လက်မထပ်ရသေးတဲ့ မိန်းမတစ်ယောက် ပုံနဲ့မတူဘူး ။ ကျုပ်တို့အိမ်ဖော်တွေတောင် သူ့ထက်သိက္ခာပိုရှိတယ်။ " သူမသည် လန်ချိလုနဲ့ ပတ်သက်ပြီး စိတ်မသက်မသာခံစားခဲ့ရတာကြာပါပြီ။
လန်ချိလုသည် မို့ရွှီတုန်းကိုတွေ့ရန်လာသည်ဟုပြောခဲ့သော်လည်း တကယ်တော့ သူမသည် မို့ဟွာဝမ်ကိုသာ မျက်လုံးပြူးကြည့်နေခဲ့သည်။ လန်ချိလုသည် မို့ဟွာဝမ်ထမင်းရည်မသောက်သည်ကို သတိပြုမိသောအခါ သူ့ကိုစားရန် ချက်ချင်းသတိပေးခဲ့ပြီး အစာကျွေးရန်အတွက် ပန်းကန်ပြားများကိုပင် လုယူလုနီးပါးဖြစ်ခဲ့သည်။
ဒီလိုမိန်းမမျိုးကို ဘယ်သူမှ သည်းမခံနိုင်ဘူး!
"စိတ်မပူပါနဲ့ ၊ ဘာပဲဖြစ်ဖြစ် ငါ့အဖေက သူ့ကို လက်ထပ်မှာ မဟုတ်ဘူး ၊ သူမသာ အကျင့်စာရိတ္တကောင်းမွန်ရင် နှစ်သစ်ကူးပြီးတာနဲ့ သခင်မကြီးနောက်သို့လိုက်ပြီး ထွက်ခွာသွားရလိမ်မယ်။ မဟုတ်ရင်တော့ ... " မို့ရွီတုန်းက ထူးဆန်းစွာ ပြုံးပြပြီး စကားရပ်လိုက်သည်။ လန်ချိလုသည် စီမာလင်းရန် နှင့် ဆက်ဆံရေးရှိနေသည်ကို သူမ မေ့လုနီးပါးပင်။
"မမလေး ၊ မမလေး ၊ ကျေးဇူးပြုပြီး ကျုပ်ကိုပြောပြပါ ။ မမလေးမှာ အကြံဥာဏ်ကောင်းများ ရှိသလား " မိုယုက မျက်လုံးများတောက်ပစွာဖြင့် မေးလိုက်သည် ။
တစ်ဖက်မှာတော့ မိုလန်နဲ့ မိုရီသည် စောင်အောက်ကနေ လက်ကို ဆန့်တန်းထားနိုင်ဖို့အတွက် မို့ရွှီတုန်းကို မြင့်မြင့်ဆွဲတင်လိုက်သည် ။ အခန်းထဲမှာ မီးဖိုရှိလို့ သိပ်မအေးပါဘူး။
ဒဏ်ရာရနေသော သူမ၏လက်ကို တစ်ချိန်လုံး ဆုပ်ကိုင်ထား၍မရပေ။ ဒါ့ပြင် ဒဏ်ရာက သိပ်မဆိုးပါဘူး၊ ရေနဲ့ ခပ်ဝေးဝေးမှာထားပြီး ဆေးနဲ့လိမ်းထားသရွေ့တော့ အဆင်ပြေသွားမှာပါ။
"မိုယုက သခင်မလေးလန်ကို အရမ်းဂရုစိုက်တာ ဆိုတော့ မင်း သခင်မလေးလန်ကို ဂရုစိုက်ဖို့ တို့ခွင့်ပြုလိုက်ရမလား ? " မို့ရွှီတုန်း၏ အပြုံးသည် ဖြူစင်ကာ ချိုမြိန်ပြီး သူမသည် မိုယုကို ကြည့်ရန် ငုံ့ကြည့်လိုက်သည်။ ပေါင်းသင်းဆက်ဆံတာ ကြာလေလေ၊ မို့ရွှီတုန်းက အကောင်းမြင်လာလေလေဖြစ်သောကြောင့် မိုလန်နှင့် မိုယုတို့လည်း ပြုံးပြလိုက်သည် ။
ဘဝသည် သူမ၏နောက်ဆုံးဘဝတွင်ကဲ့သို့ ဘယ်တော့မှ မွဲခြောက်နေမည်မဟုတ်ပေ။
မို့ရွီတုန်းရဲ့စကားကိုကြားတော့ မိုယုက သူမနောက်နေတာဟု ထင်ခဲ့သည်။ "မမလေး..."
"တို့ အခုကတည်းက အလေးအနက်ထားပြီးတော့ သခင်မလေးလန်ရဲ့ အပြုအမူတွေကို စောင့်ကြည့်ရမှာပဲ၊ ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်မှာ သူမ တစ်ခုခု လုပ်လိမ့်မယ် ။ မင်း သူမကို အနီးကပ်စောင့်ကြည့်ပြီး ပုံမှန်မဟုတ်တာတစ်ခုခုတွေ့ရင် ငါ့ဆီလာခဲ့ပါ။ " မို့ရွှီတုန်း၏ နှုတ်ခမ်းများက အနည်းငယ် ပြုံးနေပြီး သူမ၏ မျက်နှာသည် သရော်လှောင်ပြောင်မှု အချို့ကို ဖော်ပြနေသည်။
အသက်အရွယ်အရ လန်ချိလုသည် အိမ်ထောင်ပြုရန် အချိန်အကြာကြီး မစောင့်နိုင်တော့ပေ။
နှစ်သစ်ကူးပြီးရင် ထွက်သွားမယ်လို့ အဘွားအိုက ပြောဖူးတယ်။ အကယ်၍ လန်ချိလုသည် ထိုအချိန်ထိ မို့ဟွာဝမ်၏နှလုံးသားကို အနိုင်မယူနိုင်ခဲ့ပါက သူမသည် ထွက်ခွာရန် သခင်မအိုကြီး၏နောက်သို့လိုက်သွားရမည်ဖြစ်သည် ။ ထို့ကြောင့် သူမသည် လာမည့်ရက်အနည်းငယ်အတွင်း လှုပ်ရှားလိမ့်မည် ။ မို့ရွှီတုန်းသည် သူမ၏ နောက်ဆုံးဘဝတွင် သောက်ခဲ့သော အဆိပ်သည် လန်ချိလုနှင့် အဆက်အစပ်ရှိရမည်။ လန်ချိလုသည် သမားတော်သားစုမှဖြစ်ပြီး ဆေးအကြောင်းများစွာ သိထားသည်။ တစ်စုံတစ်ယောက်ကို ကြံစည်ချင်ရင်တော့ လိုအပ်တဲ့ ဆေးကို ပြင်နိုင်လိမ့်မည် ။
မိုယုက အစကတော့ နားမလည်ခဲ့ဘူး။ ဒါပေမယ့် သူက မို့ရွှီတုန်းကို ခေါင်းညိတ်ပြပြီး မိုလန်ကို အချက်ပြပြီးနောက် ကတိပေးလိုက်တယ်။ "ဟုတ်ကဲ့ ၊ ကျုပ် သခင်မလေးလန်ကို သေချာစောင့်ကြည့်ပါ့မယ်။"
"မမလေး ၊ သူမကိုစောင့်ကြည့်ဖို့ ကျုပ်ကို လိုအပ်လား ၊ မိုယုက ကွန်ဖူးကို မသိပါဘူး ၊ မမလေးအတွက် သခင်မလေးလန်ကို ကျုပ် စောင့်ကြည့်လို့ရမလား " မိုရီက စိတ်ပူစွာပြောသည်။ သူမ သခင်မလေးလန်ကိုတွေ့တဲ့ အချိန်က ဘယ်လိုလဲဆိုတာ သူမသိပါတယ်။ မို့ဟွာဝမ်က သူမကို ဂရုမစိုက်ပေမယ့် မို့ဟွာဝမ်အတွက် သူမမှာ ခံစားချက်တွေရှိနေတာကို လူတိုင်းတွေ့မြင်နိုင်ပါတယ်။ ဒါပေမယ့် သခင်မလေးလန်က ဒီကိစ္စကို ဘာမှမသိပုံရပြီး သူ့ကို တောင့်တတဲ့ စိုက်ကြည့်မှုတွေသာ ပေးနေခဲ့တယ်။
မို့ဟွာဝမ်သည် ယခုတွင် အခန်းထဲတွင် တစ်ဦးတည်းသော ယောက်ျားဖြစ်ပြီး သူမ၏ အပြုအမူကြောင့် မိန်းကလေး အားလုံး စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။ လန်ချိလု တွေးနေတာတွေကို လူတိုင်းမြင်နိုင်ပါတယ်။ သူမရဲ့ ရည်ရွယ်ချက်တွေကို သူ့မျက်နှာမှာ လက်တွေ့ကျကျ ရေးထားခဲ့ပါတယ်။
မိုရီက လန်ချိလုသည် မို့ဟွာဝမ်အား သွေးဆောင်တာကို ဂရုမစိုက်ပေမယ့် သူမဟာ မို့ရွီတုန်းရဲ့ မိထွေးဖြစ်လာရင် ကြောက်စရာကောင်းပါလိမ့်မယ်။ မို့ဟွာဝမ်သည် လက်ဝတ်ရတနာသေတ္တာကို ထုတ်ယူလိုက်သောအခါ သခင်မလေးလန်၏ မျက်နှာသည် မနာလိုမှုနှင့် မလိုလားအပ်မှုများ ပြည့်နှက်နေသည်မှာ သိသာထင်ရှားလှသည်။ သူမသည် မို့ရွှီတုန်း၏ဘ၀ကို ဝမ်းနည်းစေမည်ဖြစ်သည်။
အကယ်၍ မို့ရွှီတုန်းသာ ပျော်ရွှင်သောဘဝဖြင့် မနေထိုင်နိုင်ပါက သူမ၏သခင်ဟောင်း ရူးသွားလိမ့်မည်။ ထိုကြောင့် မို့ရီက သခင်မလေးလန်ကို တတ်နိုင်သမျှ အမြန် ဆုံး ဖယ်ရှားပစ်ချင်ပြီး သူ့ ဖာသာလုပ်ဖို့တောင် ကမ်းလှမ်းခဲ့ပါတယ် ။ သူမသည် သူမ၏လျှို့ဝှက်ဆန်းကြယ်သောသခင်ကိုအနိုင်ရရန်ထက် မို့ရွှီတုန်း၏ချစ်ခင်မှုကို အနိုင်ရရန်ပိုမိုလွယ်ကူသည်။ သူမ၏သခင်သည် အမြဲပြုံးနေသော်လည်း နောက်အခိုက်အတန့်တွင် သူမဘဝအဆုံးသတ်မည်ကို မည်သူမျှမသိနိုင်ပေ။
မနေ့ကဖြစ်ခဲ့တဲ့ အဖြစ်အပျက်အပြီးမှာတော့ မိုလန် နဲ့ မိုယု နှစ်ယောက်စလုံးက မိုရီဟာ ကွန်ဖူးမှာ ကျွမ်းကျင် ကြောင်း သိလိုက်ရပြီး သူမရဲ့ စကားကိုကြားတော့ သူတို့ မအံ့သြခဲ့ကြပါဘူး ။အခန်းတွင်းရှိလူတိုင်းသည် ယုံကြည်ထိုက်သူများဖြစ်ကြောင်း သိသောကြောင့် အချင်းချင်း ဖုံးကွယ်ထားရန် မလိုအပ်ပေ။ ဤအတွေးဖြင့် သူတို့သည် သက်တောင့်သက်သာနှင့် နွေးထွေးမှုကို ခံစားခဲ့ရသည်။
မို့ရွှီတုန်းက ကုတင်ပေါ် မှီပြီး တိုးတိုးလေးပြောလိုက်တယ် " မိုယုသာ လုပ်လိုက်ပါ ။ လန်ချိလုက ဒေါသအရမ်းကြီးတဲ့ အပြုအမူမျိုး မလုပ်ဝံ့ပါဘူး ၊ သူမ လုပ်နိုင်တဲ့အရာက တစ်စုံတစ်ယောက်ကို အဆိပ်ခတ်တာပါပဲ။ မိုယုက တို့နောက်ကို တစ်ချိန်လုံးလိုက်ခဲ့ပြီး ဆေးအကြောင်းကိုလည်း သိနေတော့ သူမက အလုပ်အတွက် ပြီးပြည့်စုံနေလိမ့်မယ်။ "
" ဟုတ်ကဲ " မိုရီက ခေါင်းညိတ်ပြီး ဘာမှ မပြောတော့ပါဘူး။
"မမလေး ၊ လုအိမ်တော်နဲ့ ပတ်သက်ပြီး ကျုပ်တို့ ဘာလုပ်သင့်လဲ" မိုလန်က မေးတယ်။
"ရက်အနည်းငယ်ကြာပြီးရင် တို့လက်က ကောင်းသွားမှာပါ၊ ဒါကို ဘယ်သူမှ သတိမထားမိနိုင်ဘူးလို့ မျှော်လင့်ပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ အိမ်ကြီးလေးခုမှာ ကျင်းပမယ့်ပွဲကို အဒေါ်ရွှီယန်ကို တို့နဲ့အတူ သွားခွင့်ပြုပါလို့ အဖွားအိုကို ကျုပ်ခွင့်တောင်းလိုက်မယ် ။ အဖေက အဒေါ်ကို နောက်ဆုံးအကြိမ်တွေ့ပြီး သူ့အပေါ် အထင်ကြီးခဲ့တယ်။ "
မိုလန်သည် မို့ရွှီတုန်း၏ စကားကို နားလည်သော်လည်း အနည်းငယ် မသင့်လျော်ဟု သူမ ထင်ခဲ့သည်။ "ဒါပေမယ့် သခင်မအိုကြီးက အိမ်ခြံဝင်းထဲမှာ အုပ်ချုပ်နေတဲ့သခင်မပဲ ။ သခင်မလေးရွှီယန်က မိုအိမ်ကြီးထဲတွင် ရိုသေလေးစားဖွယ် အနေအထား မရှိပါဘူး ။ ထို့အပြင် သခင်မလေးလန်ကသာ သခင်မအိုကြီးရဲ့အမည်အောက်တွင် နေထိုင်ခဲ့တယ် "
"စိတ်မပူပါနဲ့ ။ သခင်မအိုကြီးက အတွင်းခြံကို အုပ်ထားပေမယ့် သူမက အသက်ကြီးပြီး ပွဲတက်ဖို့ သူ့အဆင့်အတန်းကလည်း မမြင့်ဘူး ၊ လန်ချိလုနဲ့ မို့ရွှမ်ရန်ကလည်း အတူတူပါပဲ ၊ တို့က အားနည်းတဲ့အတွက် အဖေက တို့ကို ပွဲတက်ဖို့ လိုက်ပို့မယ့်သူတစ်ယောက် ရှာချင်နေတာ သေချာတယ်။ အဒေါ်ရွှီက ငြင်းဆိုထားပေမယ့် တို့အဒေါ်မှာ သခင်မလေးဘွန် ဆိုတဲ့ဘွဲ့ရှိပြီး ဒီလိုပွဲကို တက်ရောက်နိုင်ပါတယ်။ ထို့အပြင် သူမက တို့ထက် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ခန့် အသက်ကြီးတယ် ။အဖေကလည်း ဒီလိုဖြစ်စေချင်တယ်။ "
မိုယုသည် လိမ္မာပါးနပ်ပြီး မို့ရွှီတုန်း၏အဓိပ္ပါယ်ကို ချက်ချင်းနားလည်သည်။ သူမ လက်ခုပ်တီးပြီး မို့ရွှီတုန်းကို ပိုလို့တောင် ချီးကျူးဖို့ မတတ်နိုင်ခဲ့ပါဘူး။ "ဒါဆို မမလေး အဆင်မပြေတဲ့အခါတိုင်း သခင်မလေးရွှီက မမလေးကို အဖော်ပြုပေးဖို့ သခင်ကြီးက သေချာပေါက် သဘောတူလိမ့်မယ်"
"ကျုပ်တို့ သခင်မလေးက အရမ်းထက်မြက်ပါတယ် ။ ဒီနေ့ လုဗိုလ်ချုပ်အိမတော်က မမလေးအတွက် လက်ဆောင်တွေ ပို့ပေးခဲ့တယ်ဆိုတော့ ကျုပ်သူတို့ကို ချီးမွမ်းရမယ် ။ပြီးတော့ သခင်မရွှီအတွက် ပြင်ဆင်ထားတဲ့ သူတွေ အကြောင်းကို ကျုပ် မီးမောင်းထိုးပြလိုက်ပါ့မယ်။"
မို့ရွှီတုန်းသည် ရွှီယန်၏ တူမလေးသာဖြစ်ပြီး သူမ၏အိမ်ထောင်ရေးကို မဆွေးနွေးနိုင်ဘဲ ဒါတွေအားလုံးက အဖွားဆုအပေါ်သာ မူတည်ပါတယ်။ ထို့ကြောင့် မို့ရွှီတုန်းသည် မှန်ကန်သော အရိပ်အမြွက်များကိုသာ ပေးရမည်ဖြစ်သည်။ သူမအဖွားရဲ့စိတ်အတိုင်းဆို မို့ဟွာဝမ်က သူ့သမီးကို နောက်တစ်ကြိမ်ထပ်လက်ထပ်တာကို ကျေနပ်လိမ့်မယ်လို့ သူမထင်ခဲ့တယ်။ ပြီးတော့ ရွှိယန်က မို့ရွှီတုန်းကို ပြုစုစောင့်ရှောက်ပေးနိုင်ပြီး သူမတို့က မိသားစုအတူတူကလာတာမို့ သူမ မစိုးရိမ်ပါဘူး။
မို့ရွှီတုန်း၏အဖွားသည် သူမအား အရမ်းချစ်သောကြောင့် သူမဖခင်၏ဇနီးသစ်သည် မို့ရွှီတုန်းကို ကောင်းစွာဂရုစိုက်ပြီး သူမနှင့် ကောင်းမွန်သောဆက်ဆံရေးရှိစေလိုသည်မှာ သေချာသည်။ မို့ဟွာဝမ် မကန့်ကွက်ပါက ထိုအရာက ပြေလည်သွားမည်ဖြစ်သည်။
အခက်ခဲဆုံးအပိုင်းကတော့ မို့ဟွာဝမ်ကို တောင်းဆိုဖို့ပါပဲ။
ထိမ်းမြားလက်ထပ်ခြင်းတွင် အမျိုးသားသည်သာ အမြဲတမ်း ပထမဦးစွာ တောင်းဆိုသူဖြစ်သည်။ သီးသန့်ဆွေးနွေးပြီးနောက် နှစ်ဦးနှစ်ဖက်စလုံးက တူညီသောရည်ရွယ်ချက်ရှိကြပြီး ၎င်းတို့အတွက် အောင်သွယ်အဖြစ် တစ်စုံတစ်ဦးအား အဆိုပြုနိုင်သည် ။ ထိုနည်းသည် ငြင်းဆိုခြင်း၏ ရှက်ရွံ့မှုကို ရှောင်ရှားနိုင်မည်ဖြစ်ပြီး နှစ်ဖက်စလုံးကို အရှက်ကွဲခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည် ။
"ဒါပေမယ့် သခင်မလေးရွှီက မမလေးကို လိုက်ပို့ပေးဖို့ သဘောတူတယ်ဆိုရင်တောင် သခင်ကက ဒါကိုတော့ သဘောတူမှာ မဟုတ်ဘူး..."မိုလန်ရဲ့ စိုးရိမ်ပူပန်မှုတွေက ကျိုးကြောင်းဆီလျော်လွန်းပါတယ်။
"အထူးနည်းလမ်းကို အထူးအခြေအနေအရ အသုံးပြုရပါမယ်။ထို့အပြင် ငါတို့က အထူးနည်းလမ်းကို အသုံးပြုသူ တစ်ဦးတည်းမဟုတ်ဘူး ။ သခင်လေးလန်က ဘာဆက်လုပ်မလဲဆိုတာ ကြည့်ရအောင်ပါ” မို့ရွှီတုန်းက အေးအေးဆေးဆေး ပြောလိုက်တယ်။
မိုရီသည် မို့ရွှီတုန်း၏လက်ပေါ်တွင် အာရုံစိုက်ထားပြီး မိုရီ သည် တစ်ရှူးကို ဂရုတစိုက်ပြန်ထုပ်ကာ ကြည့်လိုက်သည်။ မို့ရွီတုန်း၏လက်မှာ ဒဏ်ရာတစ်ခုထက်ပိုပြီး ဒဏ်ရာက မနေ့ညကလို သွေးထွက်သံယိုနဲ့ ကြောက်စရာကောင်းနေတယ်။ ထုပ်ပိုးမှုကို ဖြည်လိုက်သောအခါတွင် ဒဏ်ရာများစွာရှိသဖြင့် မိုရီ အသက်ရှူမဝနိုင်အောင် ဖြစ်နေခဲ့သည်။
မိုရီသည် အလွန်ကြောက်လန့်သွားပြီး သူမ၏တည်ငြိမ်သောလက်များ တုန်ခါသွားသည်။
"စိတ်မပူပါနဲ့၊ သိပ်မနာတော့ဘူး" မို့ရွီတုန်က ပြုံးပြုံးရွှင်ရွှင်နဲ့ပြောတယ်။ သူသုံးတဲ့ဆေးက တကယ်ကို အထောက်အကူဖြစ်ပြီး ဒဏ်ရာက အနာချိုးတွေတောင် ဖြစ်နေပါပြီ။ တစ်ခုတည်းသော အကြီးဆုံးဒဏ်ရာမှာ လက်ဖဝါးအလယ်တွင်ဖြစ်သည် ။
"စိတ်မပူပါနဲ့ ၊ မမလေး ၊ ဒီရက်ပိုင်း သခင်မလေးလန်ကို ကြည့်ရုံကလွဲလို့ ဘာမှ မလုပ်ဖြစ်ပါဘူး။ သခင်မလေးလန်ရဲ့အိမ်ဖော်တွေက ဒီမှာ အသစ်ဆိုတော့ အိမ်နောက်ဖေးတံခါးကို လမ်းကြောင်းရှာနိုင်မှာ မဟုတ်ဘူး ။ ဒီလိုဆိုရင် ကျုပ် သူတို့ကို နွေးထွေးစွာ ပို့ဆောင်ပြီး အပြင်ထွက်နိုင်ဖို့ တံခါးကို စောင့်နေတဲ့ နန်နီကို ကျုပ် သေချာပေါက် ပြောလိုက်မယ်။ " မိုယုက သူဘာလုပ်ရမယ်ဆိုတာ သေချာနားလည်သွားခဲ့တယ် ။ မိုယုသည် သခင်လေးလန်၏ အိပ်မက်ကို အကောင်အထည် ဖော်နိုင်ရန် ကူညီမည်ဟု ကတိပေးရင်း ရင်ဘတ်ကို လက်ဖြင့် ထိလုနီးပါး ပွတ်သပ်လိုက်မိသည်။
အိမ်အကူသုံးယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ နားလည်စွာ ပြုံးပြကြသည်။
သခင်မအိုကြီး၏ခြံထဲတွင် လန်ချိလု နဲ့ မို့ရွှမ်ရန် နှစ်ယောက်လုံး နှင်ထုတ်ခံခဲ့ရပါတယ်။ သခင်မအိုကြီးနှင့် မိုဟွာဝမ်တို့သာ တစ်စုံတစ်ခုကို ဆွေးနွေးရန် ထိုနေရာတွင် ကျန်ခဲ့သည်။
အဘွားအိုက မျက်မှောင်ကြုတ်လိုက်သည်။ မကြာသေးမိက မြို့စားကတော်သည် လူကိုယ်တိုင်လာရောက်၍ နှုတ်ဆက်ရန် တောင်းဆိုခဲ့ပြီး သူမအား အရှက်ခွဲရန် ကြိုးပမ်းခဲ့သဖြင့် သူမသည် စိတ်ကောင်းမရှိခဲ့ပေ။
"ဟွာဝမ် ၊ မင်အာနဲ့ ပတ်သက်ပြီး ငါတို့ ဘာလုပ်သင့်သလဲ ? ငါတို့က သူ့ကို ချန်မြို့စားရဲ့ အိမ်တော်မှာ ကိုယ်လုပ်တော်အဖြစ် လွှတ်ထားရမှာလား ? ဒါက မင်းနဲ့ ဖန်အာ နှစ်ယောက်စလုံးကို အန္တရာယ်ဖြစ်စေလိမ့်မယ် ။ မင်းနှစ်ယောက်စလုံး အရှက်ကွဲလိမ့်မယ်"
" မင်အာရဲ့ မတော်တဆမှု ကို ကိုင်တွယ်ဖို့ တော်တော် ခက်ခဲပါတယ်။ ထိုမတော်တဆမှုကို မြင်တဲ့သူတွေ အများကြီးရှိတယ်... နောက်ပြီး သူမဟာ မြို့စားရဲ့ အိမ်မှာ တစ်ညလုံးနေခဲ့တယ်..." မို့ဟွာဝမ်က တုန်လှုပ်ချောက်ချားစွာပြောသည်။
"ချောင်အာရဲ့ ကိစ္စတုန်းက သိပ်ဆိုးတာတော့ မဟုတ်ပါဘူး၊ အနည်းဆုံးတော့ စီမာလင်းရန်က သူမကို ကယ်တင်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်တယ် ။ ပြီးတော့ ငါတို့က သူ့ကို ချောင်အာ နဲ့ လက်ထပ်ခွင့်ပေးပြီး ငါတို့က သူကိုသူရဲကောင်းဘွဲ့ကို ရရှိစေခဲ့တယ် ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ စီမာလင်းရန်ဟာ ယုတ်မာပြီး ရိုင်းစိုင်းတဲ့လူတစ်ယောက်ပါ။ မို့အိမ်တော်က နောက်ထပ်သမီးတစ်ယောက်ကို ထပ်မပို့နိုင်ပါဘူး ။ ဝမ်အာ ၊ မင်း ဒါကို ဒီလိုကိုင်တွယ်ရင် မင်း အမြဲတမ်း နှိမ့်ချခံရလိမ့်မယ်။ "
သခင်မအိုကြီးသည် လေးလေးနက်နက်ပြောကာ ဒေါသတကြီးဖြင့် ထိုင်လိုက်သည် ။