Zawgyi
လူငယ္ေလးဟာ အညိုေရာင္ဝတ္႐ုံကေခါင္းေဆာင္းကို အေနာက္ကိုလွန္လိုက္ၿပီး သူ႕ရင္ဘက္နားေလာက္ရွိတဲ့ဒန္နာရီကို ငုံ႕ၾကည့္လိုက္သည္၊
"သခင္ေလး... "
လူငယ္ရဲ႕အသက္က အနည္းငယ္ေအာေနၿပီးနားေထာင္လို႔ေကာင္းလွၿပီး အသံထဲမွာ ေဆာင္းေလညွင္းေလးလို ေအးခ်မ္းၿပီးနားေထာင္လို႔ေကာင္းလွသည္၊
"အိမ္ေရွ႕စံမင္းသားထရစ္ခ်ဴ... " ဒန္နာရီက ထရစ္ခ်ဴကို ပထမကမမွတ္မိေပမယ့္ အနီေရာင္ဆံပင္ရွည္မ်ားပိုင္ဆိုင္ထားတဲ့ခန့္ညားေခ်ာေမာတဲ့လူငယ္ဟာ တစ္ခ်ိန္ကသိခဲ့ဖူးတဲ့ထရစ္ခ်ဴကို သတိရသြားေစတာေၾကာင့္ ဒန္နာရီက မေသခ်ာမေရရာတဲ့အသံနဲ႕ေခၚလိုက္သည္၊ဘာလို႔လဲဆိုရင္ မေတြ႕ရတဲ့အေတာအတြင္းမွာ ထရစ္ခ်ဴက အေတာ္ကိုေျပာင္းလဲသြားခဲ့သည္၊ရင့္က်က္လာၿပီး အရပ္ပါပိုရွည္လာကာ အရွိန္အဝါလည္းေျပာင္းလဲသြားသလိုခံစားလိုက္ရသည္၊
"ကိုယ့္ကို မွတ္မိမယ္မထင္ခဲ့ဘူး" ထရစ္ခ်ဴကၿပဳံးလိုက္ေပမယ့္ သူ႕အနက္ေရာင္မ်က္ဝန္းမ်ားပိုင္ထားတဲ့မ်က္လုံးတစ္စုံကေတာ့ ဒန္နာရီရဲ႕ဘယ္လက္ေပၚမွာ ယစ္ဝဲေနေတာ့သည္၊ ေစ့စပ္လက္စြပ္ေၾကာင့္ ထရစ္ခ်ဴရဲ႕အၿပဳံးမ်ားက အနည္းငယ္ေတာ့ေဖ်ာ့သြားသည္၊
"သခင္ေလးက ေစ့စပ္ၿပီးသြားၿပီေပါ့"
"ဟုတ္တယ္" ဒန္နာရီရဲ႕နားေလးမ်ားက အနည္းငယ္ရဲတက္သြားၿပီး ႏူတ္ခမ္းေလးကၿပဳံးသြားကာ ျပန္ေျဖလိုက္သည္၊ထိုအၿပဳံးမ်ားေၾကာင့္ ထရစ္ခ်ဴရင္ထဲ ဆုံးရႉံးမႈကိုခံစားလိုက္ရသည္၊ဒါေပမယ့္ ဒန္နာရီက သူ႕ကို ဘယ္တုန္းကမွ စိတ္မဝင္စားခဲ့ေပ၊တစ္ခါတေလ ဒန္နာရီနဲ႕ေစ့စပ္ထားတဲ့သူကို မနာလိုျဖစ္မိတာအမွန္ေပ၊
"ဂုဏ္ယူပါတယ္ဗ်ာ"
"ေက်းဇူးတင္ပါတယ္ အိမ္ေရွ႕စံမင္းသား" ဒန္နာရီကလည္း ေခါင္းညိတ္ကာျပန္ေျဖလိုက္ေပမယ့္ သူတို႔ၾကားရွိေလထုက တစ္မ်ိဳးႀကီးျဖစ္ေနတာေၾကာင့္ ဒန္နာရီက တိတ္ဆိတ္သြားေတာ့သည္၊
"သခင္ေလးက သားရဲစီးနင္းၿပိဳင္ပြဲေၾကာင့္ ေရာက္လာတာလား"
"ဟုတ္တယ္ ေက်ာင္းေတာ္ကတာဝန္တစ္ခုေၾကာင့္ ဝင္လာရင္း မႀကဳံဖူးတာေတြႀကဳံရေအာင္ေလ"
"သခင္ေလး ကတတ္သြားၿပီလား" ထရစ္ခ်ဴက ကခုန္ကာေပ်ာ္ျမဴးေနတဲ့သူေတြၾကည့္ရင္း ေျပာလိုက္သည္၊
"ကြၽန္ေတာ့္ကို ဖိတ္ေခၚခ်င္တယ္ဆိုရင္ အခုတည္းကလက္ေလ်ာ့လိုက္ေတာ့ဗ်" ဟိုတုန္းက ထရစ္ခ်ဴက သူ႕ကို ကဖို႔ဖိတ္ေခၚဖူးတာကို ဒန္နာရီက မွတ္မိသြားၿပီးေတာ့ ထရစ္ခ်ဴစကားမဆက္နိုင္ေအာင္ေျပာလိုက္သည္၊ထရစ္ခ်ဴရဲ႕မ်က္ဝန္းနက္မ်ားက အနည္းငယ္မွိုင္းထွိုင္းသြားေပမယ့္ ႏူတ္ခမ္းမ်ားကၿပဳံးလိုက္ရင္း ေခါင္းညိတ္ကာ ဘာမွေတာ့ဆက္မေျပာေတာ့ေပ၊
တေအာင့္အၾကာမွာေတာ့ ထရစ္ခ်ဴက သူ႕လူေတြလာေခၚတာေၾကာင့္ ဒန္နာရီကို မႏူတ္ဆက္ခင္စကားအနည္းငယ္ေျပာသြားသည္၊
"ကိုယ့္ကို အလင္းေက်ာင္းေတာ္ကေ႐ြးခ်ယ္သြားတယ္ေလ...သခင္ေလးက ကိုယ္ရဲ႕အသက္ေက်းဇူးရွင္ျဖစ္လို႔ အကူညီလိုခဲ့ရင္ အလင္းေက်ာင္းေတာ္ကိုသာ စာလႊာပါးလိုက္လို႔ရတယ္..."
"သခင္ေလးအတြက္ ထရစ္ခ်ဴက အစြမ္းကုန္ကူညီေပးမွာပါ" ထရစ္ခ်ဴက အသက္ပင္ဆုံးပါေစ ကူညီေပးဖို႔အသင့္ပါပဲဆိုတဲ့စကားကိုေျပာခ်င္ေပမယ့္ သူေရွ႕ရွိလူငယ္က လက္ခံမည္မဟုတ္တာေၾကာင့္ စကားေျပာင္းလိုက္သည္၊
ဒန္နာရီကလည္း ထရစ္ခ်ဴရဲ႕စိတ္ထဲမွာ ဝန္မဖိေစရန္အတြက္ ေခါင္းညိတ္ကာလက္ခံလိုက္သည္၊ထို႔ေနာက္မွာေတာ့ ထရစ္ခ်ဴကလည္းထြက္သြားခဲ့ၿပီး အီရွတို႔လည္း ျပန္ေရာက္လာေတာ့သည္၊
*အဲလူငယ္ေလးရဲ႕အလင္းစြမ္းအားက ပိုၿပီးသိပ္သည္းလာတာပဲ...*
ဇီနိုဘက္က မေျပာလည္း ဒန္နာရီကရိပ္မိၿပီးသားပင္၊ထရစ္ခ်ဴဆီကေန အလင္းစြမ္းအားကိုခံစားမိၿပီး ထိုစြမ္းအားအလြန္သန့္စင္ေနေၾကာင္း ရိပ္မိလိုက္သည္၊
"ေစာနက လူက..." အီရွက အနားေရာက္လာၿပီး ထရစ္ခ်ဴကိုျမင္လိုက္တာေၾကာင့္ ေမးလိုက္သည္၊
"အရင္တုန္းကသိခဲ့တဲ့မိတ္ေဆြတစ္ဦးေလ" အီရွကလည္း ဆက္မေမးေပမယ့္ ေဂ်ာ့ဖေရးအတြက္ ေနာက္ထပ္ၿပိဳင္ဘက္တစ္ဦးေပၚလာတယ္ဆိုတာရိပ္မိလိုက္သည္၊ဒါေပမယ့္ အဲလူကိုေတာ့ စိတ္ထဲသေဘာက်မိသြားသည္၊ ညစ္ညမ္းစြာသေဘာက်မိျခင္းမဟုတ္ပဲနဲ႕ ထိုလူရဲ႕သန့္စင္တဲ့စြမ္းအားကို သေဘာက်သြားျခင္းျဖစ္သည္၊
"သူရဲ႕စြမ္းအားက သန့္စင္လြန္းတယ္...ၿပီးေတာ့ သူ႕ဆီမွာ အရသာရွိတဲ့ပစၥည္းတစ္မ်ိဳးရွိေနသလိုခံစားရတယ္..." အီရွရဲ႕စကားေၾကာင့္ ဒန္နာရီက မ်က္ခုံးပင့္သြားၿပီး 'အရသာရွိတဲ့ပစၥည္း'ဆိုတာကို ေတြးေတာလိုက္သည္၊
'နတ္မိမယ္ႏွလုံးသားေက်ာက္ကို ေျပာတာမ်ားလား'
*မျဖစ္နိုင္ဘူး အဲေက်ာက္က က်ိန္စာသင့္ေနတဲ့သူေတြအေပၚပဲ သက္ေရာက္မႈရွိတာ ၾကည့္ရတာ ထရစ္ခ်ဴဆိုတဲ့လူငယ္မွာ လူငယ္အီရွကို အက်ိဳးရွိေစမဲ့ပစၥည္းတစ္မ်ိဳးရွိပုံရတယ္*
'ထရစ္ခ်ဴက အလင္းစြမ္းအားနဲ႕ခ်ိတ္စပ္ေနတဲ့သူဆိုေတာ့ အဲတာက အလင္းေက်ာင္းေတာ္နဲ႕ပတ္သတ္ေနတာမ်ားလား'
ဒါေပမယ့္ ဒန္နာရီက မေသခ်ာတဲ့အေတြးေတြသာရွိေနၿပီး သူက လိုက္ၿပီးေတြးေတာမေနေတာ့ေပ၊သူတို႔ေတြ အခ်ိန္ႏွောင္းလာတဲ့အခ်ိန္မွာေတာ့ မဒမ္ႏြန္းေစာင့္ခိုင္းတဲ့ေနရာမွာ သြားေစာင့္ေနရင္း မနက္က ျပႆနာတက္ခဲ့တဲ့ေက်ာင္းသားအဖြဲ႕နဲ႕တိုးေတာ့သည္၊
"ဒါက မနက္က ငါတို႔ကိုျပႆနာရွာတဲ့ေကာင္ေလးေတြမလား" အေကာင္ႀကီးႀကီးနဲ႕ေက်ာင္းသားက အီရွကို အထင္ေသးစြာၾကည့္ရင္းေျပာလာေတာ့သည္၊က်န္တဲ့ေက်ာင္းသားေတြကလည္း ေလွာင္ရီေနၿပီး သူတို႔ရဲ႕မ်က္လုံးထဲမွာ မေက်နပ္မႈမ်ားထင္ဟပ္ေနသည္၊
"မင္းတို႔က ေနရာတကာ လိုက္ေဟာင္ေနတတ္တာပဲလား"
အီရွရဲ႕ခပ္စြာစြာအသံေလးထြက္လာခ်ိန္မွာ တစ္ဖက္ကလူေတြကလည္း ေဒါသထြက္သြားၿပီး ေမွာ္စြမ္းအားသုံးလာေတာ့သည္၊ဒါေပမယ့္ အီရွက ၿပဳံးၿပီးသာရပ္ေနၿပီး တစ္ဖက္လူေတြကို အထင္ေသးစြာစိုက္ၾကည့္ေနလိုက္သည္၊
ထိုအျပဳအမူေၾကာင့္ တစ္ဖက္ကလူေတြမွာ ပိုၿပီးစိတ္တိုသြားၿပီး ျပင္းထန္စြာတိုက္ခိုက္လာေတာ့သည္၊ဒါေပမယ့္ အီရွေရွ႕မွာ ေရခဲအကာဟာ ထပ္ဆင့္ေပၚလာၿပီး တစ္ဖက္လူေတြရဲ႕ေမွာ္စြမ္းအားကို ခုခံေပးသြားေတာ့သည္၊
"သာမန္အကာကြယ္ေလးကိုေတာင္ အက္ရာထင္ေအာင္မလုပ္နိုင္ပဲနဲ႕ ႏြန္းကိုမ်ား တိုက္ခိုက္ခ်င္ေနေသးတယ္"
"မင္း...!"
"သူမ်ားေနာက္မွာေနၿပီး ေလပဲက်ယ္တတ္တာမရွက္ဘူးလား" မနက္ကအခ်က္ခ်ာက်က်ဝင္ပါခဲ့တဲ့ခ်စ္စရာေကာင္းတဲ့လူငယ္ေလးက ထပ္မံဝင္ပါလာေတာ့သည္၊ဒီတစ္ခါေတာ့ လူငယ္ေလးရဲ႕မ်က္ဝန္းမ်ားက အီရွကို မနာလိုစြာၾကည့္ေနေတာ့သည္၊
"မင္းမွာ ႏြန္းကို ေဝဖန္ပိုင္ခြင့္ရွိတယ္ထင္ေနလား"
"ၿပီးေတာ့ ႏြန္းက သူမ်ားေနာက္မွာ ေလမက်ယ္ဘူး၊ ႏြန္းရဲ႕ခ်စ္သူေတြေနာက္မွာပဲ ေလက်ယ္တာေလ...မင္းေတာင္ ႏြန္းလို စြမ္းအားႀကီးတဲ့ခ်စ္သူရွိလို႔လား" ႏြန္းက ေနာ့စ္နဲ႕အန္းလ္တိုရဲ႕လက္ေတြကို ဆြဲယူလိုက္ၿပီး ဂုဏ္ေမာက္စြာေျပာလိုက္သည္၊ တစ္ဖက္လူငယ္က အီရွရဲ႕အရွက္မဲ့စြာေျပာတဲ့စကားေတြေၾကာင့္ စိတ္တိုသြားသလို ထက္ျမက္ၿပီးေတာ္လွတဲ့လူငယ္ႏွစ္ဦးကိုတစ္လွည့္ အီရွကိုတစ္လွည့္ၾကည့္ရင္း ရင္ထဲရွိမနာလိုမႈက ႀကီးထြားလာေတာ့သည္၊
"ဘာလဲ အရမ္းကို အားက်သြားၿပီမလား"
အီရွက လုပ္ၿပဳံးၿပဳံးရင္း ေျပာလိုက္ခ်ိန္မွာ အန္းလ္တိုတို႔က မနိုင္ဘူးဆိုတဲ့အၾကည့္ေတြနဲ႕ၾကည့္လာေတာ့သည္၊တစ္ဖက္ကလူငယ္ဟာ အီရွေၾကာင့္ ဘယ္ေလာက္စိတ္တိုေနမလဲ ေတြးသာၾကည့္လိုက္သည္၊
"သြားၾကမယ္" လူငယ္က သူ႕လူေတြကို ေျပာကာထြက္သြားေတာ့သည္၊ပထမက သူတို႔ဟာ မေက်နပ္မႈကို ေပါက္ကြဲခ်င္ေသာ္လည္း ေရခဲအကာက ေတာ္႐ုံမဟုတ္ဘူးဆိုတာ နားလည္လိုက္သလို ျပင္းထန္တဲ့တိုက္ခိုက္မႈေတြလုပ္ခဲ့ပါက ၿမိဳ႕ေတာ္ရဲ႕အေစာင့္အေရွာက္တပ္ကေရာက္လာၿပီး သူတို႔ကိုထိန္းသိမ္းခဲ့ရင္ တာဝန္ေတြႏွောင့္ႏွေးကုန္လိမ့္မည္၊
'ေနာက္တစ္ႀကိမ္က်ရင္ မင္းလူေတြ မင္းကိုမုန္းေအာင္လုပ္ျပမယ္'
ခ်စ္စရာေကာင္းတဲ့လူငယ္ရဲ႕နာမည္ အန္ရႈျဖစ္ၿပီးေတာ့ သူက မဟာေက်ာင္းေတာ္ႀကီးရဲ႕ေငြအဆင့္ေက်ာင္းသားတစ္ဦးျဖစ္သည္၊ဒါေပမယ့္ ေက်ာင္းေတာ္မွာ အန္ရႈက အေတာ္ကိုေက်ာ္ၾကားၿပီး လူခ်စ္လူခင္ေပါမ်ားလွတဲ့ေက်ာင္းသားျဖစ္သည္၊ဒီတစ္ေခါက္တာဝန္ကို စီနီယာတစ္ဦးစီကေန လုယူထားၿပီး ျပႆနာေတြတက္ခဲ့ေပမယ့္ သူရဲ႕ျဖဴစင္လွတဲ့အျပဳအမူေတြေၾကာင့္ တစ္ဖက္ကစီနီယာကိုသာ လူတိုင္းက အျပစ္တင္ခဲ့ၾကသည္၊
အန္ရႈက မိဘမဲ့တစ္ဦးျဖစ္ၿပီး အသက္ဆယ္ႏွစ္အ႐ြယ္မွာ စြမ္းအားနိုးထလာခဲ့ၿပီးေနာက္မွာ အန္ရႈရဲ႕ဘဝကေျပာင္းလဲလာခဲ့သည္၊အန္ရႈရဲ႕ဇာတိၿမိဳ႕၊ၿမိဳ႕ေတာ္ဝန္က သူ႕ကိုေမြးစားလာၿပီး ေမွာ္နဲ႕ပတ္သတ္သမွ်သင္ၾကားေပးခဲ့ၿပီးေနာက္မွာ အန္ရႈက မဟာေက်ာင္းေတာ္ရဲ႕ေက်ာင္းသားအျဖစ္ေ႐ြးခ်ယ္ခံရခဲ့သည္၊
အန္ရႈက လူေတြရဲ႕အားနည္းခ်က္ကို သိရွိသူျဖစ္ၿပီး ေက်ာင္းေတာ္မွာ လူႀကိဳက္မ်ားေအာင္ သူ႕ပုံရိပ္ကိုမ်ိဳးစုံတည္ေဆာက္ခဲ့ၿပီး ေက်ာင္းေတာ္က ဆရာေတြဆီကေတာင္ အေလးေပးခံရသူျဖစ္သည္၊ဒါေပမယ့္ အန္ရႈရဲ႕ပင္ကိုယ္အက်င့္စရိုက္က ၾကမ္းတမ္းတာေၾကာင့္ ႏူးညံ့တဲ့ပုံရိပ္ကို ေန႕တိုင္းသ႐ုပ္ေဆာင္လာရေတာ့ ၿငီးေငြ႕လာေတာ့သည္၊
အီရွနဲ႕ေတြ႕ခ်ိန္မွာ အီရွရဲ႕လြတ္လပ္စြာေျပာဆိုတဲ့အျပဳအမူေတြကို အန္ရႈအားက်ၿပီး မနာလိုျဖစ္မိသည္၊ၿပီးေတာ့ လက္လြတ္စပယ္ေျပာဆိုေနထိုင္တာေတာင္ အီရႈကို ခ်စ္ေနတဲ့သူႏွစ္ဦးကို အန္ရႈ လိုခ်င္တပ္မက္သြားခဲ့သည္၊
ထိုႏွစ္ေယာက္ကလည္း သူရဲ႕ပုံစံအမွန္ကို သေဘာက်မွာေသခ်ာလွသည္၊
-*-*-*-*-*-*-*-*
Chapter-132ေမွ်ာ္
Unicode
လူငယ်လေးဟာ အညိုရောင်ဝတ်ရုံကခေါင်းဆောင်းကို အနောက်ကိုလှန်လိုက်ပြီး သူ့ရင်ဘက်နားလောက်ရှိတဲ့ဒန်နာရီကို ငုံ့ကြည့်လိုက်သည်၊
"သခင်လေး... "
လူငယ်ရဲ့အသက်က အနည်းငယ်အောနေပြီးနားထောင်လို့ကောင်းလှပြီး အသံထဲမှာ ဆောင်းလေညှင်းလေးလို အေးချမ်းပြီးနားထောင်လို့ကောင်းလှသည်၊
"အိမ်ရှေ့စံမင်းသားထရစ်ချူ... " ဒန်နာရီက ထရစ်ချူကို ပထမကမမှတ်မိပေမယ့် အနီရောင်ဆံပင်ရှည်များပိုင်ဆိုင်ထားတဲ့ခန့်ညားချောမောတဲ့လူငယ်ဟာ တစ်ချိန်ကသိခဲ့ဖူးတဲ့ထရစ်ချူကို သတိရသွားစေတာကြောင့် ဒန်နာရီက မသေချာမရေရာတဲ့အသံနဲ့ခေါ်လိုက်သည်၊ဘာလို့လဲဆိုရင် မတွေ့ရတဲ့အတောအတွင်းမှာ ထရစ်ချူက အတော်ကိုပြောင်းလဲသွားခဲ့သည်၊ရင့်ကျက်လာပြီး အရပ်ပါပိုရှည်လာကာ အရှိန်အဝါလည်းပြောင်းလဲသွားသလိုခံစားလိုက်ရသည်၊
"ကိုယ့်ကို မှတ်မိမယ်မထင်ခဲ့ဘူး" ထရစ်ချူကပြုံးလိုက်ပေမယ့် သူ့အနက်ရောင်မျက်ဝန်းများပိုင်ထားတဲ့မျက်လုံးတစ်စုံကတော့ ဒန်နာရီရဲ့ဘယ်လက်ပေါ်မှာ ယစ်ဝဲနေတော့သည်၊ စေ့စပ်လက်စွပ်ကြောင့် ထရစ်ချူရဲ့အပြုံးများက အနည်းငယ်တော့ဖျော့သွားသည်၊
"သခင်လေးက စေ့စပ်ပြီးသွားပြီပေါ့"
"ဟုတ်တယ်" ဒန်နာရီရဲ့နားလေးများက အနည်းငယ်ရဲတက်သွားပြီး နူတ်ခမ်းလေးကပြုံးသွားကာ ပြန်ဖြေလိုက်သည်၊ထိုအပြုံးများကြောင့် ထရစ်ချူရင်ထဲ ဆုံးရှူံးမှုကိုခံစားလိုက်ရသည်၊ဒါပေမယ့် ဒန်နာရီက သူ့ကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ပေ၊တစ်ခါတလေ ဒန်နာရီနဲ့စေ့စပ်ထားတဲ့သူကို မနာလိုဖြစ်မိတာအမှန်ပေ၊
"ဂုဏ်ယူပါတယ်ဗျာ"
"ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံမင်းသား" ဒန်နာရီကလည်း ခေါင်းညိတ်ကာပြန်ဖြေလိုက်ပေမယ့် သူတို့ကြားရှိလေထုက တစ်မျိုးကြီးဖြစ်နေတာကြောင့် ဒန်နာရီက တိတ်ဆိတ်သွားတော့သည်၊
"သခင်လေးက သားရဲစီးနင်းပြိုင်ပွဲကြောင့် ရောက်လာတာလား"
"ဟုတ်တယ် ကျောင်းတော်ကတာဝန်တစ်ခုကြောင့် ဝင်လာရင်း မကြုံဖူးတာတွေကြုံရအောင်လေ"
"သခင်လေး ကတတ်သွားပြီလား" ထရစ်ချူက ကခုန်ကာပျော်မြူးနေတဲ့သူတွေကြည့်ရင်း ပြောလိုက်သည်၊
"ကျွန်တော့်ကို ဖိတ်ခေါ်ချင်တယ်ဆိုရင် အခုတည်းကလက်လျော့လိုက်တော့ဗျ" ဟိုတုန်းက ထရစ်ချူက သူ့ကို ကဖို့ဖိတ်ခေါ်ဖူးတာကို ဒန်နာရီက မှတ်မိသွားပြီးတော့ ထရစ်ချူစကားမဆက်နိုင်အောင်ပြောလိုက်သည်၊ထရစ်ချူရဲ့မျက်ဝန်းနက်များက အနည်းငယ်မှိုင်းထှိုင်းသွားပေမယ့် နူတ်ခမ်းများကပြုံးလိုက်ရင်း ခေါင်းညိတ်ကာ ဘာမှတော့ဆက်မပြောတော့ပေ၊
တအောင့်အကြာမှာတော့ ထရစ်ချူက သူ့လူတွေလာခေါ်တာကြောင့် ဒန်နာရီကို မနူတ်ဆက်ခင်စကားအနည်းငယ်ပြောသွားသည်၊
"ကိုယ့်ကို အလင်းကျောင်းတော်ကရွေးချယ်သွားတယ်လေ...သခင်လေးက ကိုယ်ရဲ့အသက်ကျေးဇူးရှင်ဖြစ်လို့ အကူညီလိုခဲ့ရင် အလင်းကျောင်းတော်ကိုသာ စာလွှာပါးလိုက်လို့ရတယ်..."
"သခင်လေးအတွက် ထရစ်ချူက အစွမ်းကုန်ကူညီပေးမှာပါ" ထရစ်ချူက အသက်ပင်ဆုံးပါစေ ကူညီပေးဖို့အသင့်ပါပဲဆိုတဲ့စကားကိုပြောချင်ပေမယ့် သူရှေ့ရှိလူငယ်က လက်ခံမည်မဟုတ်တာကြောင့် စကားပြောင်းလိုက်သည်၊
ဒန်နာရီကလည်း ထရစ်ချူရဲ့စိတ်ထဲမှာ ဝန်မဖိစေရန်အတွက် ခေါင်းညိတ်ကာလက်ခံလိုက်သည်၊ထို့နောက်မှာတော့ ထရစ်ချူကလည်းထွက်သွားခဲ့ပြီး အီရှတို့လည်း ပြန်ရောက်လာတော့သည်၊
*အဲလူငယ်လေးရဲ့အလင်းစွမ်းအားက ပိုပြီးသိပ်သည်းလာတာပဲ...*
ဇီနိုဘက်က မပြောလည်း ဒန်နာရီကရိပ်မိပြီးသားပင်၊ထရစ်ချူဆီကနေ အလင်းစွမ်းအားကိုခံစားမိပြီး ထိုစွမ်းအားအလွန်သန့်စင်နေကြောင်း ရိပ်မိလိုက်သည်၊
"စောနက လူက..." အီရှက အနားရောက်လာပြီး ထရစ်ချူကိုမြင်လိုက်တာကြောင့် မေးလိုက်သည်၊
"အရင်တုန်းကသိခဲ့တဲ့မိတ်ဆွေတစ်ဦးလေ" အီရှကလည်း ဆက်မမေးပေမယ့် ဂျော့ဖရေးအတွက် နောက်ထပ်ပြိုင်ဘက်တစ်ဦးပေါ်လာတယ်ဆိုတာရိပ်မိလိုက်သည်၊ဒါပေမယ့် အဲလူကိုတော့ စိတ်ထဲသဘောကျမိသွားသည်၊ ညစ်ညမ်းစွာသဘောကျမိခြင်းမဟုတ်ပဲနဲ့ ထိုလူရဲ့သန့်စင်တဲ့စွမ်းအားကို သဘောကျသွားခြင်းဖြစ်သည်၊
"သူရဲ့စွမ်းအားက သန့်စင်လွန်းတယ်...ပြီးတော့ သူ့ဆီမှာ အရသာရှိတဲ့ပစ္စည်းတစ်မျိုးရှိနေသလိုခံစားရတယ်..." အီရှရဲ့စကားကြောင့် ဒန်နာရီက မျက်ခုံးပင့်သွားပြီး 'အရသာရှိတဲ့ပစ္စည်း'ဆိုတာကို တွေးတောလိုက်သည်၊
'နတ်မိမယ်နှလုံးသားကျောက်ကို ပြောတာများလား'
*မဖြစ်နိုင်ဘူး အဲကျောက်က ကျိန်စာသင့်နေတဲ့သူတွေအပေါ်ပဲ သက်ရောက်မှုရှိတာ ကြည့်ရတာ ထရစ်ချူဆိုတဲ့လူငယ်မှာ လူငယ်အီရှကို အကျိုးရှိစေမဲ့ပစ္စည်းတစ်မျိုးရှိပုံရတယ်*
'ထရစ်ချူက အလင်းစွမ်းအားနဲ့ချိတ်စပ်နေတဲ့သူဆိုတော့ အဲတာက အလင်းကျောင်းတော်နဲ့ပတ်သတ်နေတာများလား'
ဒါပေမယ့် ဒန်နာရီက မသေချာတဲ့အတွေးတွေသာရှိနေပြီး သူက လိုက်ပြီးတွေးတောမနေတော့ပေ၊သူတို့တွေ အချိန်နှောင်းလာတဲ့အချိန်မှာတော့ မဒမ်နွန်းစောင့်ခိုင်းတဲ့နေရာမှာ သွားစောင့်နေရင်း မနက်က ပြဿနာတက်ခဲ့တဲ့ကျောင်းသားအဖွဲ့နဲ့တိုးတော့သည်၊
"ဒါက မနက်က ငါတို့ကိုပြဿနာရှာတဲ့ကောင်လေးတွေမလား" အကောင်ကြီးကြီးနဲ့ကျောင်းသားက အီရှကို အထင်သေးစွာကြည့်ရင်းပြောလာတော့သည်၊ကျန်တဲ့ကျောင်းသားတွေကလည်း လှောင်ရီနေပြီး သူတို့ရဲ့မျက်လုံးထဲမှာ မကျေနပ်မှုများထင်ဟပ်နေသည်၊
"မင်းတို့က နေရာတကာ လိုက်ဟောင်နေတတ်တာပဲလား"
အီရှရဲ့ခပ်စွာစွာအသံလေးထွက်လာချိန်မှာ တစ်ဖက်ကလူတွေကလည်း ဒေါသထွက်သွားပြီး မှော်စွမ်းအားသုံးလာတော့သည်၊ဒါပေမယ့် အီရှက ပြုံးပြီးသာရပ်နေပြီး တစ်ဖက်လူတွေကို အထင်သေးစွာစိုက်ကြည့်နေလိုက်သည်၊
ထိုအပြုအမူကြောင့် တစ်ဖက်ကလူတွေမှာ ပိုပြီးစိတ်တိုသွားပြီး ပြင်းထန်စွာတိုက်ခိုက်လာတော့သည်၊ဒါပေမယ့် အီရှရှေ့မှာ ရေခဲအကာဟာ ထပ်ဆင့်ပေါ်လာပြီး တစ်ဖက်လူတွေရဲ့မှော်စွမ်းအားကို ခုခံပေးသွားတော့သည်၊
"သာမန်အကာကွယ်လေးကိုတောင် အက်ရာထင်အောင်မလုပ်နိုင်ပဲနဲ့ နွန်းကိုများ တိုက်ခိုက်ချင်နေသေးတယ်"
"မင်း...!"
"သူများနောက်မှာနေပြီး လေပဲကျယ်တတ်တာမရှက်ဘူးလား" မနက်ကအချက်ချာကျကျဝင်ပါခဲ့တဲ့ချစ်စရာကောင်းတဲ့လူငယ်လေးက ထပ်မံဝင်ပါလာတော့သည်၊ဒီတစ်ခါတော့ လူငယ်လေးရဲ့မျက်ဝန်းများက အီရှကို မနာလိုစွာကြည့်နေတော့သည်၊
"မင်းမှာ နွန်းကို ဝေဖန်ပိုင်ခွင့်ရှိတယ်ထင်နေလား"
"ပြီးတော့ နွန်းက သူများနောက်မှာ လေမကျယ်ဘူး၊ နွန်းရဲ့ချစ်သူတွေနောက်မှာပဲ လေကျယ်တာလေ...မင်းတောင် နွန်းလို စွမ်းအားကြီးတဲ့ချစ်သူရှိလို့လား" နွန်းက နော့စ်နဲ့အန်းလ်တိုရဲ့လက်တွေကို ဆွဲယူလိုက်ပြီး ဂုဏ်မောက်စွာပြောလိုက်သည်၊ တစ်ဖက်လူငယ်က အီရှရဲ့အရှက်မဲ့စွာပြောတဲ့စကားတွေကြောင့် စိတ်တိုသွားသလို ထက်မြက်ပြီးတော်လှတဲ့လူငယ်နှစ်ဦးကိုတစ်လှည့် အီရှကိုတစ်လှည့်ကြည့်ရင်း ရင်ထဲရှိမနာလိုမှုက ကြီးထွားလာတော့သည်၊
"ဘာလဲ အရမ်းကို အားကျသွားပြီမလား"
အီရှက လုပ်ပြုံးပြုံးရင်း ပြောလိုက်ချိန်မှာ အန်းလ်တိုတို့က မနိုင်ဘူးဆိုတဲ့အကြည့်တွေနဲ့ကြည့်လာတော့သည်၊တစ်ဖက်ကလူငယ်ဟာ အီရှကြောင့် ဘယ်လောက်စိတ်တိုနေမလဲ တွေးသာကြည့်လိုက်သည်၊
"သွားကြမယ်" လူငယ်က သူ့လူတွေကို ပြောကာထွက်သွားတော့သည်၊ပထမက သူတို့ဟာ မကျေနပ်မှုကို ပေါက်ကွဲချင်သော်လည်း ရေခဲအကာက တော်ရုံမဟုတ်ဘူးဆိုတာ နားလည်လိုက်သလို ပြင်းထန်တဲ့တိုက်ခိုက်မှုတွေလုပ်ခဲ့ပါက မြို့တော်ရဲ့အစောင့်အရှောက်တပ်ကရောက်လာပြီး သူတို့ကိုထိန်းသိမ်းခဲ့ရင် တာဝန်တွေနှောင့်နှေးကုန်လိမ့်မည်၊
'နောက်တစ်ကြိမ်ကျရင် မင်းလူတွေ မင်းကိုမုန်းအောင်လုပ်ပြမယ်'
ချစ်စရာကောင်းတဲ့လူငယ်ရဲ့နာမည် အန်ရှုဖြစ်ပြီးတော့ သူက မဟာကျောင်းတော်ကြီးရဲ့ငွေအဆင့်ကျောင်းသားတစ်ဦးဖြစ်သည်၊ဒါပေမယ့် ကျောင်းတော်မှာ အန်ရှုက အတော်ကိုကျော်ကြားပြီး လူချစ်လူခင်ပေါများလှတဲ့ကျောင်းသားဖြစ်သည်၊ဒီတစ်ခေါက်တာဝန်ကို စီနီယာတစ်ဦးစီကနေ လုယူထားပြီး ပြဿနာတွေတက်ခဲ့ပေမယ့် သူရဲ့ဖြူစင်လှတဲ့အပြုအမူတွေကြောင့် တစ်ဖက်ကစီနီယာကိုသာ လူတိုင်းက အပြစ်တင်ခဲ့ကြသည်၊
အန်ရှုက မိဘမဲ့တစ်ဦးဖြစ်ပြီး အသက်ဆယ်နှစ်အရွယ်မှာ စွမ်းအားနိုးထလာခဲ့ပြီးနောက်မှာ အန်ရှုရဲ့ဘဝကပြောင်းလဲလာခဲ့သည်၊အန်ရှုရဲ့ဇာတိမြို့၊မြို့တော်ဝန်က သူ့ကိုမွေးစားလာပြီး မှော်နဲ့ပတ်သတ်သမျှသင်ကြားပေးခဲ့ပြီးနောက်မှာ အန်ရှုက မဟာကျောင်းတော်ရဲ့ကျောင်းသားအဖြစ်ရွေးချယ်ခံရခဲ့သည်၊
အန်ရှုက လူတွေရဲ့အားနည်းချက်ကို သိရှိသူဖြစ်ပြီး ကျောင်းတော်မှာ လူကြိုက်များအောင် သူ့ပုံရိပ်ကိုမျိုးစုံတည်ဆောက်ခဲ့ပြီး ကျောင်းတော်က ဆရာတွေဆီကတောင် အလေးပေးခံရသူဖြစ်သည်၊ဒါပေမယ့် အန်ရှုရဲ့ပင်ကိုယ်အကျင့်စရိုက်က ကြမ်းတမ်းတာကြောင့် နူးညံ့တဲ့ပုံရိပ်ကို နေ့တိုင်းသရုပ်ဆောင်လာရတော့ ငြီးငွေ့လာတော့သည်၊
အီရှနဲ့တွေ့ချိန်မှာ အီရှရဲ့လွတ်လပ်စွာပြောဆိုတဲ့အပြုအမူတွေကို အန်ရှုအားကျပြီး မနာလိုဖြစ်မိသည်၊ပြီးတော့ လက်လွတ်စပယ်ပြောဆိုနေထိုင်တာတောင် အီရှုကို ချစ်နေတဲ့သူနှစ်ဦးကို အန်ရှု လိုချင်တပ်မက်သွားခဲ့သည်၊
ထိုနှစ်ယောက်ကလည်း သူရဲ့ပုံစံအမှန်ကို သဘောကျမှာသေချာလှသည်၊
-*-*-*-*-*-*-*-*
Chapter-132မျှော်