Chapter -93
5.2K 699 29
Zawgyi
အပြာရောင်နက်ကတိုင်>>ပထမနှစ်
အနီရောင်နက်ကတိုင်>> ဒုတိယနှစ်
အစိမ်းရောင်နက်ကတိုင်>> တတိယနှစ်
အနက်ရောင်နက်ကတိုင်>> စတုတ္ထနှစ်
နောက်တစ်နေ့ရောက်ချိန်မှာတော့ ဒန်နာရီဟာ ရှီရယ်တို့နဲ့အတူ အတန်းသွားတက်တော့သည်၊ပထမဆုံးအတန်းက မှော်စွမ်းအားနဲ့ပတ်သတ်ပြီး သင်ပြပေးရုံသာမက ပါမောက္ခဟာ ကျောင်းတော်ရဲ့စည်းမျဉ်းစည်းကမ်းတချို့ကို စတင်သင်ပေးတော့သည်၊
ကျောင်းတော်မှာ တားမြစ်ထားတဲ့နယ်မြေသုံးနေရာရှိပြီး ထိုနယ်မြေထဲကို ကျူးကျော်ဝင်ရောက်တဲ့ဘယ်သူမဆို ကျောင်းတော်ကနေထုတ်ခံရမှာဖြစ်ပြီး နောက်ထပ်တားမြစ်ထားတဲ့နေရာကတော့ သေမင်းနယ်နိမိတ်သာဖြစ်သည်၊သူက ထူးထူးခြားခြားတားမြစ်ထားတာမဟုတ်ပဲ သွားချင်တဲ့ကျောင်းသားတွေသွားနိုင်ပြီး အသက်သေဆုံးသည်ဖြစ်စေ ပြင်းထန်တဲ့ဒဏ်ရာရသည်ဖြစ်စေ ကျောင်းတော်ကတာဝန်ယူမည်မဟုတ်ကြောင်း ပါမောက္ခကရှင်းပြထားတော့သည်၊
အခြားသောအချက်တွေကတော့ ဒန်နာရီသိပြီးသားအချက်တွေသာဖြစ်ပြီး ပါမောက္ခက မှော်အကြောင်းနဲ့ပတ်သတ်ပြီး သူတို့နားလည်အောင်သင်ပြပေးတော့သည်၊နောက်တစ်ချိန်ကတော့ နယ်​မြေနဲ့ပတ်သတ်တာဖြစ်ပြီး သူတို့တက်ရောက်နေတဲ့ကျောင်းတော်က မှော်အဖွဲ့အစည်းနဲ့ သိပ်မဝေးရုံသာမက နတ်ဆိုးနဲ့လူသားတွေရဲ့နယ်စပ်ကြားမှာတည်ရှိနေသည်၊
ဒါတင်မကဘူး နယ်စပ်မြို့ကြီးဆယ်မြို့ထဲမှာ လေးမြို့က နတ်ဆိုးတွေရဲ့သိမ်းပိုက်ခြင်းကိုခံရပြီး ငါးမြို့မြောက်အတွက် သူတို့ဟာ နတ်ဆိုးတွေနဲ့စစ်ပွဲဖြစ်နေပြီး နတ်ဆိုးစစ်တပ်အတွက် မှော်အဖွဲ့အစည်းကအကောင်းဆုံးခုခံပေးနေတော့သည်၊
ဒါပေမယ့် ကျောင်းတော်မှာ စည်းမျဉ်းချက်တစ်ချက်တော့ရှိပြီး ပထမနှစ်ကျောင်းသားတွေဟာ စစ်တပ်ထဲဝင်ရောက်ခွင့်မရှိပေ၊မှော်အဖွဲ့အစည်းက အတွေ့အကြုံနုငယ်လှတဲ့ပါရမီရှင်တွေ အလဟသမဖြစ်အောင် အတတ်နိုင်ဆုံးပံ့ပိုးပေးကြသည်၊
အတန်းချိန်ပြီးခါနီးမှာတော့ အပြင်ဘက်ကနေ ဆူညံသံတွေကြားရတာကြောင့် ဒန်နာရီတို့လည်း လှမ်းကြည့်လိုက်တော့ ဂျော့ဖရေးနဲ့ခိုင်ဂီတို့ကိုတွေ့လိုက်ရသည်၊