နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်...

By keodilan

11.3K 796 53

Short Title:DLOFS Alternate Title:魔尊只想走剧情 Status:Completed Author:Jimo Yao Genre:Adventure, Comedy, Drama, Fa... More

Read First
Description
အပိုင်း(အပိုင်း၁.၁) Unicode
အပိုင်း(အပိုင်း၁.၂) Unicode
အပိုင်း(အပိုင်း၁.၁)Zawgyi
အပိုင်း(အပိုင်း၁.၂)Zawgyi
အပိုင်း(၂.၁) Unicode
အပိုင်း(၂.၂) Unicode
အပိုင်း(၂.၁)Zawgyi
အပိုင်း(၂.၂) Zawgyi
အပိုင်း(၃.၁) Unicode
အပိုင်း(၃.၂) Unicode
အပိုင်း(၃.၁)Zawgyi
အပိုင်း(၃.၂)Zawgyi
အပိုင်း(၄.၁)Unicode
အပိုင်း(၄.၂) unicode
အပိုင်း(၄.၁)zawgyi
အပိုင်း(၄.၂)zawgyi
အပိုငျး(၅)Unicode
အပိုင်း(၅)Zawgyi
အပိုငျး(၆) Unicode
အပိုင်း(၆)Zawgyi
အပိုငျး(၇) Unicode
အပိုင်း(၇)zawgyi
အပိုငျး(၈.၂) Unicode
အပိုင်း(၈.၁) zawgyi
အပိုင်း(၈.၂) zawgyi
အပိုင်း(၉.၁)/အပိုငျး(၉.၁)
အပိုင်း(၉.၂)/ အပိုင်း(၉.၂)
အပိုင်း(၁၀) Unicode
အပိုင္း(၁၀)zawgyi

အပိုင်း(၈.၁) Unicode

150 18 2
By keodilan

အပိုင်း(၈.၁)

ဖန်းလိက သူ့မျက်လုံးတွေကို အနည်းငယ်ကျဉ်းမြောင်းလိုက်တယ်။

စည်းဘောင်အတွင်းမှာရှိတဲ့ အကျဉ်းသားတစ်ယောက်အနေနဲ့ ဒီလို ကာမရာဂကို နိုးထစေတဲ့ စကားတွေကိုပြောဖို့ကျတော့.....ဆီနဲ့ရေလိုပဲ။

သူ့ကို စိတ်မဆိုးဘူးလို့ သူထင်နေတာလား။ပြီးတော့ သူ့ကို ဘာမှမလုပ်ပါဘူးလို့ပေါ့။

ဖန်းလိက သူ့ခေါင်းကို ရုတ်တရက် လှည့်လိုက်ပြီး သူ့နှုတ်ခမ်းက ရှဲ့ဟိုင်ရဲ့နားရွက်ကို ပွတ်လိုက်လုနီးပါး အနေအထားနဲ့ ကလူမြူစွယ် အပြုံးနဲ့ ပြံးပြီး ပြောလိုက်တယ်။ "ဘာလဲ? သခင်လေး ယုရီက ဒီအရှင် တစ်ခုခုလုပ်မှာကို မျှော်လင့်နေတာတော့မဟုတ်ပါဘူးနော်? ဒီအရှင်က မဆိုးဘူးဆိုတာကို ရှာတွေ့သွားတာ ဖြစ်နိုင်လောက်တယ်မလား?"

ဒီလူကြီးရဲ့ နှုတ်ခမ်းတွေက အေးစက်နေတဲ့ပုံပေါ်နေပေမဲ့လည်း သူ့ရဲ့ အသက်ရှူထုတ်လိုက်တဲ့ လေတွေက အလွန်အမင်း ပူပြင်းနေတယ်။ သူ့ရဲ့နားကို ဖြည်းညှင်းစွာ ဖြတ်တိုက်သွားတယ်။ ညှာတာသနားခြင်းရဲ့ တီးတိုးရွတ်သံကဲ့သို့သော မရေရာတဲ့ ချစ်စရာရယ်သံလေးက လုံးဝကို ချစ်ခြင်းမေတ္တာတွေနဲ့ ထုံမွှန်းနေသလိုပဲ။ ဒါက ရှဲ့ဟိုင်ကို ခဏတာ မိန်းမောသွားစေတယ်။

ဒီစက္ကန့်ပိုင်းလေးအတွင်းမှာ ဖန်းလိက ရှဲ့ဟိုင်ကို အခန်းထဲကို တွန်းလိုက်ပြီး တံခါးကို ညှင်ညှင်သာသာ ပိတ်လိုက်တယ်။ 
သူကရှဲ့ဟိုင်ကို စူးစူးစိုက်စိုက်ကြည့်လိုက်ပြီး နှေးကွေးတဲ့လေသံနဲ့ပြောလိုက်တယ်။ "မင်းတကယ် အဲ့ဒါကို တွေးနေတာလား?"

ရှင်း! ရှင်း! လင်း! လင်း! တွေး! ပြီး! ပြန်! ပြော! လိုက်! စမ်း!

ရှဲ့ဟိုင်က သူ့မျက်ခုံးတွေကို ပင့်ပြီး သူ့ရှေ့ကလူကို ကြည့်လိုက်တယ်။ ဒီလူရဲ့ ဖြူဖတ်ဖြူရော် မျက်နှာက ခပ်တည်တည်ဖြစ်နေတယ်။ သူ့မျက်လုံးတွေက တည်ငြိမ်လေးနက်နေတယ်။ဒါ‌ပေမဲ့ သူသဘောတူမှာကို ကြောက်နေခဲ့ရင်  ရှက်နေတဲ့ ခံစားချက်ထက်ပိုတဲ့ ပျော်နေတဲ့ ခံစားချက်ကို သူ့ဆီက မရခဲ့ဘူး။

ဒီလူကို သူစမ်းသပ်ခဲ့တဲ့အတွက်ကြောင့် ခုဟာဆိုရင် အခွင့်အရေးရတာပဲ။
ဒါပေမဲ့ ဒီလူရဲ့ မျက်ဝန်းတွေထဲမှာ စိုးရိမ်ပူပန်မှုတွေကို တွေ့ရတယ်။  သူကသူ့ရဲ့ခေါင်းကို ရုတ်တရက် ခါလိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်တယ်။  “မင်းရဲ့ အရှင်က အမှတ်မှားသွားတာပဲ”
ဖန်းလိက ရုတ်တရက် သက်သာရာရစွာဖြင့် အသက်ရှူထုတ်လိုက်တယ်။ သေချာတာပေါ့ ....သူ့ကို နာခံဖို့ဆိုတာ ရှဲ့ဟိုင်အတွက် မဖြစ်နိုင်တဲ့ အရာပဲ။ ဒါဟာဆိုရင် သူရဲ့ အရင်က အပြုအမူတွေက ရှဲ့ဟိုင်ကို သံသယ ဖြစ်အောင်လုပ်ခဲ့လို့ ခုလို စမ်းသပ်နေတာ ဖြစ်ရမယ်။ ကံကောင်းထောက်မစွာနဲ့ ဇာတ်ညွှန်းအတိုင်း တသွေမသိမ်း မလုပ်ခဲ့လို့ပေါ့။ မဟုတ်ရင် ဒါက အရမ်းကို ရှက်စရာကောင်းနေမှာ။ 
သူက အေးစက်စက်နှာမှုတ်လိုက်ပြီး သူ့ရဲ့အင်္ကျီလက်ကို ဆတ်ခနဲ လှုပ်လိုက်ပြီး “ နောက်ဆိုရင် ငါ သေသေချာချာ စဉ်းစားပြီးရင် ပြောမယ်။ ဒီအရှင်ရဲ့ စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်။ ငါအရှင်က မင်းကို ဘာမှမလုပ်ဘူးလို့ ထင်မနေနဲ့။”
ရှဲ့ဟို်ငရဲ့ နှုတ်ခမ်းထောင့်က အနည်းငယ် မဲ့သွားတယ်။ သူ့ရှေ့က လူကို စူးစူးစိုက်စိုက်ကြည့်လိုက်တယ်။ ဒီလူက ရက်စက်တဲ့ စကားတွကို ပြောနို်ငပေမဲ့ သူ့မှာ လူသတ်ဖို့ ရည်ရွယ်ချက်တော့ မရှိဘူး။ 
သူဘာပြောလဲဆိုတာကတင်မဟုတ်ဘဲ သူဘာကိုလုပ်လဲဆိုတာပေါ်မူတည်ပြီး လူတွေရဲ့ အကြောင်းကို ပြောနိုင်တယ်။ 
သူဒီကို ရောက်ကတည်းက ဖန်းလိက ရက်စက်တဲ့ စကားတွေကို ပြောတယ်။ ဒါပေမဲ့ သူ့ကို တကယ်နာကျင်စေမဲ့ အရာတွေကို ဘယ်တော့မှ မလုပ်ဘူး? 
ခြိမ်းခြောက်ရုံသပ်သပ်ပဲ သူသရုပ်ဆောင်နေတာလို့ သူတကယ်ထင်နေခဲ့တာလား?
တကယ်လို့ သူတို့သာ ကျော်ကြားပြီး အမှန်တရားဘက်တော်သား ဖြစ်နေခဲ့မယ်ဆိုရင်တောင် ဒီအရာက လူတွေကို ထိတ်လန့်သွားစေမယ်လို့ ထင်ရလောက်အောင်အထိတော့ သူတို့တွေ တုံးအမနေပါဘူး။ ဒါကို သူ့နှလုံးသားထဲက ရှင်းရှင်းလင်းလင်း သိနေပေမဲ့လည်း သူ့အပေါ်ကို လွန်လွန်ကြူးကြူး မလုပ်နိုင်ပါဘူး။ 
ဒါကြောင့်ဖြစ်နိုင်တယ်။ ငါရှေ့ဆက်မတိုးခဲ့ဘူး။ 
ဒီအချိန်မှာ ဖန်းလိက လုံးဝကို စိတ်သက်သာရာရသွားတယ်။ ရှဲ့ဟိုင်က နောက်လှည့်ပြီး ဘာမှမဖြစ်သလို ထိုင်ချလိုက်တယ်။ အနည်းဆုံးတော့ ရှဲ့ဟိုင်က “မင်း ငါနဲ့ ဘာလုပ်ချင်တာလဲ” လို့တောင် မမေးခဲ့ဘူး။ ဒါကြောင့် ဒါက စိတ်ဝင်စားရာပဲ။ 
ရှဲ့ဟိုင်စိတ်ထဲမှာ မတင်မကျ ဖြစ်နေပေမဲ့လည်း အပြင်က လူတွေကတော့ သိမှာ မဟုတ်ဘူး။ သူက အခန်းထဲကို ဝင်တောင် ဝင်သွားပြီ။ ဒါကြောင့်ပဲ အပြင်ကို ပြန်ထွက်ဖို့က မသင့်တော်တော့ဘူးလေ။ သူဒီကို မလာတာ အတော်ကြာနေပြီ။ ပြီးတော့ ရနေကြ ဒီရနံ့လေး...။ 
ရှဲ့ဟိုင်က စားပွဲရှေ့ကို မကြည့်ဘဲ ထိုင်ချလိုက်တယ်၊ ပြီးတော့ သူ့ရဲ့ ကျောက်စိမ်းပုံ လက်ချောင်းလေးနဲ့ ခွက်ရဲ့ နှုတ်ခမ်းကို ပွတ်သပ်နေခဲ့တယ်။ ပြီးတော့ မထူးမခြားစွာနဲ့ပြောလိုက်တယ်။ “ခုကျွန်တော့်ရဲ့ ကျင့်ကြံဆင့်တွေ အကုန်လုံး ချိတ်ပိတ်ခံထားရတယ်လေ။ အရှင်ဘာကို စိုးရိမ်နေတာလဲ?”
ပြောနေစရာတောင်မလိုဘူး။ ဒီစကားက ဖန်းလိရဲ့ သိက္ခာကို ချလိုက်တာပဲ။ သူနဲ့ ရှဲ့ဟိုင်က ထိခိုက်မှု မရှိဘဲ ရက်အတော်ကြာအောင် အိပ်ယာကို အတူတူမျှသုံးခဲ့တယ်။ ခုချိန်ကတော့ ရှဲ့ဟိုင်အတွက် သူ့ကို သတ်ဖို့ အချိန်ကောင်း မဟုတ်သေးဘူး။ ခုချိန်မှာ ဒါကို လုပ်မယ်ဆိုရင် အန္တရာယ်များလွန်းတယ်။ သူ့အစီအစဉ်အောင်မြင်မယ်လို့ မပြောနိုင်ဘူး။ ပြီးတော့ ရှဲ့ဟိုင်က အကျိုးအပြစ်ကို သိတဲ့ ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပဲလေ။ ခုလို အချိန်အတိုလေးအတွင်းမှာ မိုက်မဲတဲ့ လုပ်ရပ်တွေကို လုပ်မှာ မဟုတ်ဘူး။ 
ဒါကြောင့် အခုအချိန်မှာ လုပ်ဖို့ဆိုတာ ဖြစ်နိုင်ချေနည်းတယ်.။
မင်းပိုပြီး တည်ငြိမ်လေ တစ်ဘက်က ပိုပြီး စိတ်လှုပ်ရှားလေဖြစ်လာလိမ့်မယ်။
ဖန်းလိက ဟန်နဲ့ပန်နဲ့ လမ်းလျှောက်သွားပြီး အိပ်ယာရဲ့ တစ်ဘက်ခြမ်းမှာ ထိုင်ချလိုက်တယ်။ ဆိုလိုတာက အိပ်တာလောက် ဘယ်အရာကမှ အရေးမပါဘူးလေ။
[ System က ရုတ်တရက် အထိတ်တလန့်နဲ့ : host, host ထတော့! မင်း တကယ်ကို ဒီအတိုင်းပဲ အိပ်တော့မလို့လား?]
[ ဖန်းလိ : တခြားရော ရှိလို့လား? ]
[System :  ရှဲ့ဟိုင်က နိုးနေတုန်းပဲလေ...  ]
[ ဖန်းလိ : အို...အချစ်စမ်းဖို့လား။ ဆူညံမနေစမ်းနဲ့...  ][ System : ….  ] ဒါပေမဲ့ မင်းသေသွားရင် နောက်ထပ် host တစ်ယောက်ကို ငါ ဘယ်နားသွားရှာရမှာလဲ QQ
ခွက်ထဲက ရေနွေးကြမ်းတွေကလည်း အေးစက်နေခဲ့ပြီ။
ရှဲ့ဟိုင်က သူ့ဘေးကို အနည်းငယ်လေး စောင်းကြည့်လိုက်ပြီး အိပ်ယာပေါ်မှာ လဲလျောင်းနေတဲ့ လူကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်၊။ သူ ဒီအတိုင်း တကယ် အိပ်ပျော်သွားတယ်တဲ့လား?
ဒီလူရဲ့ မျက်ဝန်းတွေက ပိတ်နေခဲ့ပြီး သူ့ရဲ့ သေးသွယ်ရှည်လျားတဲ့မျက်တောင်တွေက သူ့ရဲ့ ဖြူဖျော့တဲ့ အသားအရေပေါ် ထင်ဟပ်နေတယ်။ သူ့ရဲ့ ရှည်လျားပြီး ထူထဲတဲ့ ဆံနွယ်တွေက မျက်နှာ တစ်ဝက်ကို ဖုံးအုပ်နေပြီး နေရာအနှံ့ ပြန့်ကြဲနေတယ်။ ဖယောင်းတိုင်ရဲ့ အလင်းရောင် အောက်မှာ ရေးတေးတေးလေးသာ မြင်ရတယ်။
သူက အမြဲတမ်း ထူထဲပြီး လေးလံတဲ့ အနက်ရောင် ဝတ်ရုံတွေကို ဝတ်ဆင်ပေမဲ့လည်း မင်းသာ သူ့အနားကို ကပ်ကြည့်မယ်ဆိုရင် သူ့ရဲ့ အဝတ်အထူကြီးတွေအောက်က ပါးလျှပြီး ကျိုးပဲ့လွယ်တဲ့ ခန္ဓာကိုယ်ကို မင်း မြင်ရလိမ့်မယ်။ သူ့ဘဝကြီးက တဖြည်းဖြည်း ဆုတ်ယုတ်နေသလို တွေးကြည့်ရမယ်ဆိုရင် ခရုခွံတစ်ခုလို လမ်းလျှောက်နေတဲ့ အသေကောင်ကြီးလိုပဲ ဗလာသပ်သပ် ဖြစ်နေတယ်။
သူအိပ်မောကျနေတဲ့ အချိန်မှာဆိုရင်တော့ သူရဲ့ ရှည်လျားပြီး နက်မှောင်တဲ့ မျက်ဝန်းကျဉ်းလေးတွေကို ပိတ်ထားတယ်။ ပြီးတော့ ကြွေရည်သုတ်ထားတဲ့ အရုပ်ကလေးလို လှုပ်ရှားမှု ကင်းမဲ့နေတယ်။
ထိလိုက်တာနဲ့ ကွဲကြေတော့မလိုပဲ။
ဒီလိုလူက အမတ မသေမျိုး တစ်ကမ္ဘာလုံးက ကြောက်ကြရတဲ့ တည်ရှိမှုမျိုးတဲ့။ သူရဲ့ ကိုယ်ပိုင် မျက်လုံးတွေနဲ့သာ မြင်တွေ့မှု မရှိခဲ့ဘူးဆိုရင် ရှဲ့ဟိုင်အဲ့ဒါကို ယုံတောင် ယုံမှာ မဟုတ်ဘူး ။
ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေအားလုံး လူကောင်းဖြစ်ဖြစ် လူဆိုးဖြစ်ဖြစ် ယောကျ်ား၊ မိန်းမ၊ လူကြီး၊ လူငယ်ဖြစ်ပါစေ တစ်ခုခုကို လုပ်တော့မယ်ဆိုရင် အကြောင်းပြချက်တွေ ရှိကြတယ်။ အရူးတွေက လွဲလို့ပေါ့။
ဒါပေမဲ့ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ?
......................................................................
ဖန်းလိ နိုးလာတဲ့ အချိန်က အတော်တောင် နောက်ကျနေပြီ။ နေရောင်ခြည် နွေးနွေးလေးကတောင် အထဲကို ဝင်ရောက်နေပြီ။
သူက ထထိုင်လိုက်ပြီး ရှဲ့ဟိုင်က အဲ့စားပွဲမှာပဲထိုင်နေသေးတာကို မြင်လိုက်ရတယ်။ သူ့ပုံစံက မနေ့ညက အတိုင်း မပြောင်းလဲဘဲ ဖြစ်နေခဲ့တယ်။
ရှဲ့ဟိုင်က သူနဲ့အတူ မအိပ်ခဲ့ဘူး။ သူက မအံ့ဩတော့ပါဘူး။ အိပ်ယာအကြီးကြီးကို လက်ဝါးကြီး အုပ်ထားတဲ့အတွက်လည်း အပြစ်ရှိသလို မခံစားရပါဘူး။
ကုန်ကုန်ပြောရရင် သူက ကျင့်ကြံသူတစ်ယောက်ပဲလေ။ အလုပ်ကြိုးစားလို့ သူ့ခန္ဓာကိုယ်က ခံနိုင်ရည် ရှိနေပြီလေ။
တာအို ကျင့်စဉ်ကို ရရှိဖို့ အခက်ခဲဆုံးက ဘာလဲ။ ရှဲ့ဟိုင် စိတ်ထဲ မထားဘူးလို့ သူတော့ ယုံတယ်။
ဖန်းလိနဲ့ ရှဲ့ဟိုင်မှာ ပြောစရာတွေ ရှိမနေခဲ့ဘူး။ သူတို့ရဲ့ သူတို့ရဲ့ အနည်းငယ်စောင်းနေတဲ့ ဝတ်ရုံတွေကို ပြင်လိုက်ပြီး သူ့ရဲ့ အဝေးကို တန်းတန်းမတ်မတ် လျှောက်သွားလိုက်တယ်။
ဝူရိမေ့က သူ့ရဲ့ မျက်လွှာတွေကို ချထားပြီး ဦးညွှတ်လိုက်တယ်။ “အရှင် မနေ့ညက ရှဲ့ဟိုင်အခန်းမှာ အိပ်စက်တော်မူခဲ့လား?”
ဒီအချိန်မှာပဲ ရှဲ့ဟိုင်အပေါ် ဖန်းလိရဲ့ လက်ဝါးကြီးအုပ် ခြယ်လှယ်မှုက ဒီအနောက်ဆောင်မှာ ဟိုးလေးတကြော်ကြော် ဖြစ်နေခဲ့တာပဲ။ ဝူရိမေ့က ဒါကို တခြားသူတွေထက်တောင် ပိုသိနေသေးတယ်။ မတိုင်ခင်က ဖန်းလိဘာမေးမလဲဆိုတာကို ဝူရိမေ့ ဘယ်တော့ကမှ မမေးခဲ့ဘူး။ ဒါပေမဲ့ မနေ့ကတစ်စုံတစ်ယောက်က ရှဲ့ဟိုင်ကို မထီမဲ့မြင်လုပ်တာကို ဖန်းလိ ကြားသွားတဲ့နောက်မှာ အဲ့လူက အကြင်နာမဲ့ သတ်ဖြတ်ခံလိုက်ရတယ်။

မလွယ်ကူမှုတွေက ဝူရိမေ့ရဲ့ နှလုံးသားထဲ  များစွာဖြတ်ပြေးသွားတယ်။ ဘာကြောင့်ဒါကို လုပ်ရလဲဆိုရင် အမတဂိုဏ်းရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲ။ အရင်ကဆိုရင် ဒီကျွင်းရှောင်နန်းတော်တစ်ခုလုံးမှာ ဒီလူရဲ့ အနီးစပ်ဆုံးဖြစ်ခဲ့တယ်။ ဒါပေမဲ့ ရှဲ့ဟိုင် ရောက်လာပြီးကတည်းက အရှင်က ညတိုင်း ရှဲ့ဟိုင်နဲ့ပဲ နေတယ်။ ဒါဟာဆိုရင် တစ်စုံတစ်ယောက်က အရှင်နဲ့အတူ ဒီလိုမျိုး နေ့ရော ညပါ ထိတွေ့မှု ရှိနေတာမျိုးက ပထမဆုံးပဲ။
သူဒီအကြောင်းကို သိပ်ပြီး အတွေးလွန်မနေသင့်ဘူးဆိုတာ သူသိပါတယ်။
အရှင့်ဘာသာဆုံးဖြတ်ချက်ချပါစေ။ သူဝင်ကူလို့ မရသလို သူလျှောက်လည်းတွေးမနေသင့်ဘူးလေ။
အရှင်..., ဒါတွေအားလုံးက ဖြားယောင်းနေတာလားဗျာ...။
“အရှင်..”  ဝူရိမေ့ရဲ့ အသံက အနည်းငယ် အက်ရှနေခဲ့တယ်။ “အရှင်က ရှဲ့ဟိုင်ကို နှစ်သက်နေတာပဲ။ အပြင်မှာ ကောလဟာလတွေ ပြန့်နှံ့တွေတယ်။ ဒါတွေ ဆက်ဖြစ်နေမယ်ဆိုရင် ကျွန်တော်မျိုး အရှင့်ကို ထိခိုက်မှာ စိုးရိမ်မိပါတယ်။”
ဒါက အရှက်နဲ့ သိက္ခာကို ကစားနေတဲ့ ကစားပွဲပဲလေ။ ဘာလို့ နစ်မြောနေတာလဲအရှင်ရယ်။ နတ်ဆိုးသခင်ကြီးအနေနဲ့  သူ့မှာ ဒီလို အားနည်းချက်မျိုး ရှိမနေသင့်ဘူးလေ။
“စိတ်ထဲ ထည့်မနေနဲ့။ တခြားသူတွေ သူတို့ ပြောချင်တာတွေ ပြောပါစေ” ဖန်းလိက ရေးရေးလေး ပြုံးလိုက်တယ်။

ဝူရိမေ့က သူ့မျက်လုံးကို ပင့်ကာ သူ့ကို မော့ကြည့်လိုက်တယ်။ သူ့ရဲ့ နှလုံးသားလေးက လှုပ်ရှားသွားခဲ့တယ်။ ဖန်းလိရဲ့ ရည်ရွယ်ချက်ကို ဇဝေဇဝါလေး ခန့်မှန်းမိပေမဲ့ သေတော့ မသေချာသေးဘူး။
ဖန်းလိက သူ့ရဲ့ နှုတ်ခမ်းလေးကို အနည်းငယ် ပင့်လိုက်ပြီး  “ တကယ်လို့ ကမ္ဘာကြီးကသာ သူက ငါ့ရဲ့ အားနည်းချက်ဆိုတာ သိနေမယ်ဆိုရင်တောင် သူက ငါ့ရဲ့ အားနည်းချက် မဟုတ်ဘူးဆိုတာ ငါသိတယ်လေ။ ဒါက ဆိုးနေတဲ့ အရာလား?”
ဝူရိမေ့က ချက်ချင်း သဘောပေါက်သွားပြီး သူ့အမူအရာတွေက ပြေလျော့သွားတယ်။ ဒါဆို သူက စိုးရိမ်လွန်နေတာပဲ။ သူက ခေါင်းစဉ်ပြောင်းပြောလိုက်တယ်။ “ အရှင့် ဒီငယ်သားမှာ တင်ပြစရာ ရှိပါတယ်။ သူတို့တွေ ပြန်လာနေကြပါပြီ။ ကျွန်တော်တို့ ဒီညအတွင်း ဖူချုန်တောင်ကို ရောက်နိုင်ပါတယ်။”
ဖန်းလိက ပြုံးပြီး ပြောလိုက်တယ်။ “ဒါဆိုရင် ဒီည ဒီအရှင့်ရဲ့ နန်းတော်ထဲမှာ စားသောက်ပွဲကျင်းပကြတာပေါ့။ ဒီအရှင်က သူ့ကို ကောင်းကောင်း ဆုချရတာပေါ့”
......................................................................................

နောက်ဆုံးတော့ စာအုပ်ထဲက ဇာတ်ကြောင်းက စတော့မှာပေါ့။ ဖန်းလိက ဒီကမ္ဘာရဲ့ နံပါတ်တစ် အချစ်ပြိုင်ဘက်ရဲ့ ရုပ်ရည်က ဘယ်လို ရှိနေမလဲဆိုတာကို မျှော်လင့်စောင့်စားနေတာ အတော်ကြာနေပြီ ။ တုမိန်, ဒီစာစဉ်ထဲမှာ နတ်ဆိုးကျင့်ကြံသူကြီးဖြစ်တဲ့ ရန်ရွှီရဲ့ ဒုတိယမြောက် ရန်သူတော်ကြီးပေါ့။ သူက ချီလွှဲပြောင်းသန့်စင်ခြင်းရဲ့ အထွတ်အထိပ်မှာ ရှိနေတယ်။
ရန်ရွှီ မမွေးခင် ဂျီးတျဲန်ဂိုဏ်းကို တုမိန်က ဦးဆောင်ခဲ့ပြီး နံပါတ်တစ် နတ်ဆိုးဂိုဏ်းလည်းဖြစ်ခဲ့တယ်။ အားအနည်းဆုံးဂိုဏ်းခေါင်းဆောင်လည်း ဖြစ်ခဲ့တယ်။ အဲ့ဒါက နှစ်ရာပေါင်းများစွာတိုင်အောင် မြောက်ပိုင်းရှိ တိုက်ကြီးတွေအထိ ပြန့်နှံ့သွားခဲ့တယ်။ ဒါကဆိုရင် အမတ မသေမျိုးဂိုဏ်းတွေထဲမှာ ယုံကြည်ချက် အရှိဆုံးဂိုဏ်းပဲ။ ဒီသတင်းကို ကြားပြီးတဲ့ အကြီးဆုံးကြီးကတောင် ကြောက်ရတယ်ဆိုရင်  သူ့ကို မျိုးဆက်တစ်ဆက်ရဲ့ သူရဲကောင်းလို့တောင် တင်စားလို့ ရလောက်တယ်။

ဒါပေမဲ့ ဒီစာစောင်ထဲမှာ ဒီလိုမျိုးမှတ်သားထိုက်တဲ့ ဇာတ်ကောင်မျိုးက အဓိက ဇာတ်ဆောင်ရဲ့ ခံစားချက်အပေါ် တိုးပွားစေပြီး ဇာက်ကွက်ကို ပိုတိုးတက်စေဖို့ အဲ့ခံစားချက်တွေကို လက်နက်တစ်ခုအဖြစ် အသုံးချပစ်တယ်။

ပထဆုံးအနေနဲ့ ရန်ရွှီက တုမိန်ကို တစ်ချက်တည်းနဲ့ အနိုင်ရဖို့အတွက် ကျောက်စိမ်းအဆောင်ရဲ့ စွမ်းအားအပေါ်မှီခိုနေရတယ်။ ဒါပေမဲ့ တုမိန်မှာ ရွေးချယ်စရာ မရှိဘူးလေ။ ဒါကြောင့် ဂျီးတျဲန်ဂိုဏ်းတစ်ခုလုံးကို ဖူချုန်တောင်နဲ့ ချိတ်ဆက်ဖို့ဆိုရင် စာချုပ်ကို သဘောတူရတော့မှာပဲလေ။ ရန်ရွှီကို တုမိန်က တစ်ချက်နဲ့ ရှုံးနိမ့်သွားတယ်ဆိုတဲ့ သတင်းကို ကြားပြီးတဲ့နောက် နတ်ဆိုးတာအိုတစ်ခုလုံးက ထပ်ပြီး မခုခံနိုင်တော့ဘူး။ တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း အညံ့ခံလာကြတယ်။ ဂျီးတျဲန်ဂိုဏ်းရဲ့ အာဏာက တိုးတက်လာပြီးနောက် ဒီလမ်းက ကျိုးပဲ့နေတဲ့ ဝါးလိုပါပဲ။ ပြီးတော့ နတ်ဆိုးတာအိုဖြစ်တဲ့ ရန်ရွှီရဲ့ စွမ်းရည်ကို လွှမ်းမိုးဖို့ ဖြစ်လာခဲ့တယ်။

သူ့ရဲ့ အမိန့်အောက်မှာ နံပါတ်တစ် လူသတ်ကောင်ကို နိုင်ဖို့ဆိုတာက သူ့ရဲ့ ညာလက်ရုံးဖြစ်တယ်ဆိုတာကို တုမိန်က ညွှန်ပြခဲ့တယ်။
ဒါပေမဲ့ မြင့်မြတ်တဲ့ ဝူရိမေ့နဲ့ မတူညီစွာ တုမိန်က ရည်မှန်းချက်ကြီးတယ်။ ဂျီးတျဲန်ဂိုဏ်းခေါင်းဆောင်တစ်ယောက်အနေနဲ့ မှော်နတ်ဆိုးလမ်းကြောင်းမှာ ရှိတဲ့ နံပါတ်တစ်လူတစ်ယောက်အနေနဲ့ အခြားသူတွေကို ထိပ်မှာ ထားဖို့ ဆန္ဒ မရှိဘူး။ ငါ့မှာရွေးချယ်စရာ မရှိလို့သာ အညံ့ခံချင်ယောင်ဆောင်နေရတာ။ အမြဲတမ်း ရန်ရွှီကို ငါ သတ်ချင်နေခဲ့တာ။

ဒါပေမဲ့ သူ့ဘေးမှာ ဝူရိမေ့အပြင် တခြား ယုံကြည်ရတဲ့သူ မရှိဘူးလေ။ သူ့မှာ သူကိုယ်တိုင် ကျင့်ကြံထားတဲ့ စွမ်းရည်တောင် ရှိမနေဘူး။ သူ့ရဲ့ လက်အောက်ငယ်သားကို ဟန့်တားဖို့ အတင်းတွန်းအားပေးတဲ့ အပေါ်ကိုသာ မှီခိုနေတယ်။ နတ်ဆိုးတွေက ဖူချုန်တောင်ပေါ်မှာ စုဝေးနေကြတယ်။ ဂျီးတျဲန်ဂိုဏ်းရဲ့ အားအကြီးဆုံးခေါင်းဆောင်တစ်ယောက်အနေနဲ့ ရန်ရွှီက တုမိန်တွေးနေတာတွေကို သိနေခဲ့ပေမဲ့ မသိချင်ယောင်ဆောင်နေခဲ့ရုံပံ။ အပြင်ပန်းမှာ သူ့ရဲ့ အမိန့်တွေကို နာခံနေသရွေ့ ရန်ရွှီ သူ့ကို အပြစ်ယူမှာ မဟုတ်ဘူး။ ဖူချုန်တောင်ပေါ်က နတ်ဆိုးအုပ်စုတွေရဲ့ အခြေအနေကို တည်ငြိမ်အောင် အမိန့်ပေးဖို့ သူ့ကို အသုံးချရင်တောင်မှပေါ့။ ဇာတ်ကြောင်းအရပေါ့။

ဒီည စားသောက်ပွဲကို ရန်ရွှီက ရှဲ့ဟိုင်ကို ခေါ်သွားလိမ့်မယ်။ ဂုဏ်ပြုပွဲမှာ လူတိုင်းက ရှဲ့ဟိုင်ကို မြင်မြင်ချင်းချစ်သွားကြလိမ့်မယ်။ သူတို့ အားလုံးက လှုပ်လှုပ်ယွယွဖြစ်သွားကြပြီး ရှဲ့ဟိုင်နား ချဉ်းကပ်သွားကြတယ်။ ဒါ့အပြင် သူလည်း တဖြည်းဖြည်းနဲ့ ရှဲ့ဟိုင်ရဲ့ သွေးဆောင်ခြင်း ခံလိုက်ရတယ်။ နောက်ပိုင်းမှာ ရန်ရွှီကို ဆန့်ကျင်တိုက်ခိုက်ပြီး ရှဲ့ဟိုင်ကို ရဖို့ ကြိုးစားတော့တယ်။ ဒါကို တွေးကြည့်မယ်ဆိုရင် ဖန်းလိလည်း ဘာမှ မတတ်နိုင်ပေမဲ့ ပြုံးရုံသာ ပြုံးလိုက်တယ်။ တုမန် မသိလိုက်တာက သူက နတ်ဆိုးတွေကို တစ်စုတစ်စည်းတည်းဖြစ်သွားစေရုံသာမက တစ်ကမ္ဘာလုံးကို ထိတ်လန့်သွားစေလောက်တဲ့ ရှဲ့ဟိုင်ရဲ့ကျော်ကြားမှုကို မီးမောင်းထိုးပြလိုက်သလို ဖြစ်သွားတယ်ဆိုတာကိုပါ မသိခဲ့ဘူး။

ဇာတ်ကွက်ရဲ့ အဆုံးမှာတော့ အမတဂိုဏ်းတွေက ဖူချုန်တောင်ကို ပြန်တိုက်ခဲ့ကြတယ်။ ရှဲ့ဟိုင်က ရန်ရွှီကို ဓားနဲ့ ထိုးသတ်ခဲ့တယ်။ ဖူချုန်တောင်လည်း အစိတ်စိတ် အမွှာမွှာ ပြိုကွဲသွားတယ်။

တုမိန်က သူဆန္ဒရှိသလို နတ်ဆိုးဘုရင်ကြီးကို သေစေခဲ့တယ်။ ဒါပေမဲ့ ရှဲ့ဟိုင်ကို အရူးအမူး ချစ်တာကိုတော့ ဘယ်တော့မှ မပြောင်းလဲဘဲ ရှဲ့ဟိုင်ကို အဆုံးမရှိ နားပူနားဆာဆက်လုက်သွားတယ်။ ရှဲ့ဟိုင်ကို ဖယ်မထုတ်လိုက်တာကတော့ သနားစရာပဲ။ နောက်ဆုံးမှာ တုမိန်လည်း မခံနိုင်တော့ဘဲ ရှဲ့ဟိုင်ကို အားသုံးကာလုယက်ပြီး နည်းလမ်းဟောင်းအတိုင်း ဆက်လုပ်တော့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ရှဲ့ဟိုင်က သူ့ကို အခွင့်အရေးမပေးဘဲ ပွင့်ပွင့်လင်းလင်း ပြန်တိုက်ခဲ့တယ်။ သူရဲ့ ဓားနဲ့ပဲ ခေါင်းဖြတ်သတ်ခဲ့တယ်။အသက်ရှင်ဖို့ကို ဆန္ဒမရှိဘဲ သေဖို့ကိုသာ ရွေးချယ်ချင်နေတဲ့ ရန်ရွှီနဲ့ ကွဲပြားလေရဲ့။ ရှဲ့ဟိုင်နဲ့ တုမိန်မှာ အောက်မေ့ဖွယ် စစ်ပွဲကြီး ရှိခဲ့တယ်။ ကောင်းကင်ကလည်း မည်းမှောင်နေခဲ့တယ်။

ကမ္ဘာကြီးက အသိအမှတ်ပြုခဲ့တယ်။ ရှဲ့ဟိုင်က တုမိန်ကဲ့သို့ ထိပ်တန်းအဆင့် ကျင့်ကြံသူကို အလွယ်လေးသတ်နိုင်ခဲ့ပြီး တောင်တန်းတွေ မြစ်ချောင်းတွေကို သူ့ရဲ့ လေတစ်မှုတ်နဲ့ ခွဲပစ်လိုက်လို့ ရတယ်ဆိုတာကို သက်သေတည်ခဲ့တယ်။ ရှဲ့ဟိုင်က အမတ မသေမျိုး အစစ်အမှန်ဖြစ်လာတဲ့အခါမှာ လူတွေက သူ့ကို မော့ကျွန်းထက်တောင် အားကြီးပြီး ရွံစရာကောင်းတယ်လို့ မှန်းဆလာကြတယ်။ ဒါပေမဲ့လည်း သူရန်ရွှီကို ဘယ်လိုသတ်နိုင်ခဲ့တာလဲ?တုမိန်ရဲ့သေဆုံးမှုက ရှဲ့ဟိုင်ရဲ့ ကမ္ဘာ့နံပါတ်တစ်ဆိုတဲ့ အဆင့်ရအောင်ကို တွန်းပို့ပေးခဲ့တယ်။

သေဆုံးခြင်းက တည်ရှိခြင်းထက်တောင် ပိုအရေးပါနေတယ်။

ဖန်းလိအဲ့အကြောင်းကို စဉ်းစားမယ်ဆိုရင် သနားတဲ့ခံစားချက်ကို မဖြစ်ဘဲ မနေနိုင်အောင်ကို ဒီအသုံးချခံကောင်လေး လုပ်သွားတာက အရမ်းကို ကောင်းလွန်းနေခဲ့တယ်။
သို့ပေမဲ့လည်း သူကတော့ အမှိုက်လေးသာသာပါပဲ။

ဒါပေမဲ့ ရှဲ့ဟိုင်ကတော့

Continue Reading

You'll Also Like

711 64 12
After Transmigrating Into An Idol Talent Show 穿进男团选秀后 Author 十六春令 All Credit to original author >< Episodes 241 + Fanwei 10Episodes (Completed) in Et...
159K 9.9K 45
Elizabeth has been ruling her kingdom for 3 years now. She's gone through countless advisors in those 3 years. When she's finally ready to give up on...
191K 9.1K 52
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...