ရူး

By kawkit_

43.9K 2.2K 45

အချစ်ကိုရှာဖွေတွေ့ရှိတဲ့အချိန်ဟာ ကျရှုံးချိန်ပါပဲ..... More

ရူး
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
19
18
20
21
22
23
24
25
26
28
27
29⚠️⚠️
30
31
32
34⚠️⚠️⚠️
35
36🔥🌚
37(part 1)
37(part2)
38
39
40
41
42(part1)
42(part2)
43
44
45(part 1)
45(part2)
46(part1)
46(part2)
47(Part 1)

33

617 42 0
By kawkit_

"ဖယ်ပေးလို့ ပန်းကန်ဆေးနေတာကို"

အနောက်ကနေ သိုင်းဖက်ထားသောလက်များကို ရတု ရေစိုနေသောလက်နှင့် ဆ‌ွဲဖယ်လိုက်မိ၏။

ချော့တလှည့် ခြောက်တလှည့်နှင့်အကိုက ရတုစိတ်ဆိုး‌‌ေနရင်လည်း အနားကမခွာပဲ စိတ်ဆိုးပြေတဲ့ထိ ချော့၏။စိတ်ဆိုးအောင်လုပ်တဲ့သူကလဲ အကိုအပြင်တခြားသူမရှိ။

ဒီရက်ပိုင်းတွေထဲ အကို့စိတ်ကို ရတုပို၍နားလည်လာတော့သည်။ အကိုက သူကြိုက်တဲ့ပုံစံနေမှ ‌သဘောကျသည်လေ။ သူမကြိုက်တာလုပ်သည်နှင့် ပြစ်ဒဏ်မမြောက်သော အပြစ်ဒဏ်များကို သတ်မှတ်တော့သည်။

သူငယ်ချင်းတွေနှင့်လည်း အဆက်သွယ်မလုပ်ဖြစ်သည်အထိ စကားပြောလျှင်ပင် သူ့ရှေ့မှာပြောရသည်။ အပြင်ထွက်မည့်နေတွေဆို သူပါမှသွားရသောကြောင့် ရတုအပြင်မထွက်ဖြစ်တော့။ သူကိုယ်တိုင်လည်း ဘာကြောင့်အကိုစိတ်သဘောထားအတိုင်းအလိုလိုက်အကြိုက်ဆောင်နေ‌‌ေနမိမှန်းမသိတော့ပါ။

နေ့တိုင်းနီးပါး အကိုအလုပ်ကပြန်လာတာနှင့် အနားနေပြီးအချိန်ကုန်ပေးရသည်။ အကို့အနားမနေလျင်လည်း အကိုကမကြိုက်ပေ။ တခြားသူစိမ်းများနဲ့ သဝန်တာလွန်းတာကြောင့် အကိုကိုယ်တိုင်လည်း တခြားသူတွေနှင့် အဆက်ဆံမလုပ်ပဲ အလုပ်နှင့်အိမ်သာ ကူးသွားကူးလာလုပ်တတ်သည် ။

အကို ဂျူတီချိန်များတဲ့နေ့မှာသာ လျှင် အိမ်ပြန်နောက်ကျတတ်သည်။ ရတုတစ်ယောက်တည်း တစ်နေ့လုံးအချိန်ကုန်ဆုံးရတော့သည်။

"မောင်.... ဒီညပြန်လာတာနဲ့ အဝတ်အစားမဝတ်ထားတာပဲမြင်ချင်တယ် အိမ်ရှေ့ ဆိုဖာပေါ်nakedနဲ့ အကို့က်ိုစောင့်နေနော်...အမောပြေဆေးလေး.."

ထို့နောက် မော်က‌ွန်း အနောက်ကနေသိုင်းဖက်ထားရာမှ လက်များက အကျီအောက်သို့လျှိုဝင်သွားတော့သည်။

"တော်လို့ အလုပ်သွားမှာသာသွားတော့...."

မော်ကွန်း မောင့်မျက်နှာလေးကို အနောက်ဘက်သို့ဆွဲလှည့်လိုက်ပြီး ခပ်ဖွဖွ အနမ်းများကို မျက်နှာတပြင်လုံးပေးလိုက်တော့သည်။အားရတော့မှ  အလုပ်သွားဖို့ရန် ထွက်လာခဲ့သည်။

တူတူနေတဲ့အခါမှာလည်းရတု အကိုစိတ်ကျေ‌နပ်တဲ့ထိနေပေးရသည် ။

ရတုက တစ်ပတ်တစ်ကြိမ်လောက်ပဲနေချင်သော်လည်း အကိုကလက်မခံပါ။

  နေတိုင့်နီးပါး ရတုကိုလိုချင်သည်။ အကိုရုံးပိတ်ရက်ဆို အနားကလုံးဝမခွာရဘဲ သူ့စိတ်ကြိုက်နေ‌ပေးရသည်။  ရတု အကို့ကိုချစ်တဲ့စိတ်ကြောင့် အရာရာနားလည်ပေးလို့ရပေမယ့် တခါတလေ အကိုဘယ်အတိုင်းတာထိ လိုချင်နေမှန်းရတုနားမလည်ပါ။

________________

ရတု ကျောင်းပြန်တက်ရတော့မှာကြောင့် တက်ကြွနေတော့သည်။ ကျောင်းပိတ်ရက်အတွင်းလည်း အကိုနဲ့ပဲ တူတူနေရတာကြောင့် ပျော်ပေမယ့်လည်း သူပျင်းနေတတ်သည်။ လူငယ်ပီပီလွတ်လွတ်လပ်လပ်နေချင်သည်။

နောက်နှစ်ရက်နေလျှင် ကျောင်းစတက်ရတော့မှာမို့ ရတု အခန်းထဲရှိ ဘီရိုကို ရှင်းလင်းရတော့သည်။ မြန်မာအကျီများကိုသပ်သပ် စီရီထားလိုက်ပြီး formalဝတ်နေကျ အကျီများကို ခွဲထားလိုက်သည်။ ကျောင်းသွားလျှင် အကိုကမြန်မာ ဝတ်ဆုံနှင့်လိုက်သည်ဆိုတာနဲ့ အများကြီး ဝယ်ထားပေးသေး၏။

ရတု တစ်နေကုန်ပျင်းနေတာနှင့် အိမ်အနှံ့သန့်ရှင်းရေးလုပ်‌သည်။ အိမ်ကူမထားတာကြောင့် အိမ်အလုပ်ဟူသမျှကိုတော့ရတုဝာာဝန်ယူလုပ်ပေးသည်။ အကိုကမလုပ်ခိုင်းပေမယ့်လည်း ပျင်းနေတာကြောင့်ပင်။

"ဟာ အကိုမေ့ကျန်ခဲ့တာထင်တယ်..."

စားပွဲပေါ်ရှိအကို့ipadကိုယူပြီး ရတု screenကိုကြည့်လိုက်တော့ အကိုအရမ်းနှစ်သက်တဲ့ရတုငယ်ငယ်ကပုံလေး။ ရတုဒီအိမ်ကိုစရောက်ထဲက အကို့screenပေါ်အမြဲရှိနေသည်။

အမှတ်မထင် ipadကို ဘာရယ်မဟုတ်ဖွင့်ကြည့်မိတော့သည်။

ထို့နောက် appများများစားစားမရှိသော မျက်နှာပြင်များကိုပွတ်ကြည့်နေမိတော့သည်။

"******"

တခါမှမမြင်ဖူးသောappကိုတွေ့တော့ ရတုဝင်လိုက်၏။

ထို့နောက် ထိုappထဲသို့ဝင်လိုက်သည်နှင့် ရတုမျက်လုံးများပြူးကျယ်သွားရတော့သည်။

ရတုတို့အိပ်တဲ့အခန်းနှင့် မီးဖိုချောင်ထိပါ လျှို့ဝှက်Cameraများတပ်ဆင်‌ထားလေသည်။ ရတု အကို့အိမ်မှာနေခဲ့သည့်တစ်လျှောက် သတိမထားမိခဲ့ပါ။

အဲ့ထဲကနေ အကိုက ရတုကိုတစ်ချိန်လုံ‌းစောင့်ကြည့်နေခဲ့တာလား ။ အတွေးပေါင်းများစွာ ခေါင်းထဲရောက်လာတော့သည်။ ထိုအချိန် အိမ်ရှေ့က ဟွန်းသံကိုကြားရတော့သည်။

Continue Reading

You'll Also Like

1.9M 29.4K 26
"ချိုမြိန်သောဇနီးဆိုးလေး" # စဆုံး ရပါပြီ #🔞🔞🔞 🔞အနည်းငယ်ပါတာမို့ မှောင်တာ ကြိုက်မှဖတ်ကြပါရှင့်😘
11.7M 302K 23
Alexander Vintalli is one of the most ruthless mafias of America. His name is feared all over America. The way people fear him and the way he has his...
12.5M 321K 51
**WARNING: This book does have some dark themes to it that revolve around abuse, rape etc. So please do not read if these themes are triggers for you...
2.7M 74.9K 59
This is the old/ original version of this story (I decided to republish it while I rewrite the new version.) ...