ကြမ္မာဖလှယ်ပြီးလေသော် (ဘာသာပြ...

Galing kay Mortal-Edge

88.3K 12.3K 182

ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ... Higit pa

မိတ်ဆက်
အပိုင်း (၁)
အပိုင်း (၂.၁)
အပိုင်း (၂.၂)
အပိုင်း (၃.၁)
အပိုင်း (၃.၂)
အပိုင်း (၄.၁)
အပိုင်း (၄.၂)
အပိုင်း (၅.၁)
အပိုင်း (၅.၂)
အပိုင်း (၆.၁)
အပိုင်း (၆.၂)
အပိုင်း (၇.၁)
အပိုင်း (၇.၂)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း ( ၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇.၁)
အပိုင်း (၂၇.၂)
အပိုင်း (၂၇.၃)
အခန်း (၂၈) (က)
အပိုင်း (၂၈.၂)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း ( ၃၄)
အခန်း (၃၄.၂)
အခန်း (၃၄.၃)
အပိုင်း (၃၅)
အခန်း (၃၅.၂)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အခန်း (၃၈.၂)
အပိုင်း (၃၉)
အခန်း (၃၉.၂)
အပိုင်း (၄၀)
အခန်း (၄၀.၂)
အပိုင်း (၄၁)
အခန်း (၄၁.၂)
အပိုင်း (၄၂)
အခန်း (၄၂.၂)
အပိုင်း (၄၃)
အခန်း (၄၃.၂)
အပိုင်း (၄၄)
အခန်း (၄၄.၂)
အခန်း (၄၄.၃)
အပိုင်း (၄၅)
အခန်း (၄၅.၂)
အပိုင်း (၄၆) (က)
အပိုင်း (၄၆) (ခ)
အပိုင်း (၄၆) (ဂ)
အပိုင်း (၄၇)
အပိုင်း (၄၇) (ခ)
အပိုင်း (၄၈)
အပိုင်း (၄၈) (ခ)
အပိုင်း (၄၉)
အခန်း (၄၉) (ခ)
အပိုင်း (၅၀)
အပိုင်း (၅၀) (ခ)
အပိုင်း (၅၁)
အပိုင်း (၅၂)
အပိုင်း (၅၂) (ခ)
အပိုင်း (၅၃)
အပိုင်း (၅၃) (ခ)
အပိုင်း (၅၄)

အပိုင်း (၂၉.၂)

999 144 1
Galing kay Mortal-Edge

အပိုင်း (၂၉.၂)

“ဘာလုပ်ကြမလဲ”

ယန်ရှန့်က မေးလိုက်၏။ သူသည် အလျင်မလိုနေချေ။ အဓိကအကြောင်းအရင်းမှာ ရွာထဲက လူများအားလုံးက ရှီဖုန်းတောင်ပေါ်သို့ တက်သွားကြသောကြောင့်ပင်။ ချီလင်သက်တော်စောင့်များသာ ကျန်ခဲ့သည်။ သည်မဖြစ်စလောက် ဓားပြမဆိုထားနှင့် ပမာဏ နှစ်ဆရှိနေလျှင်တောင် မမှုပေ။

ရှန်ဖုန်းမင်က ရှေ့သို့ ခြေလှမ်းကျဲများနှင့် လျှောက်သွားလိုက်ပြီး တောင်ကုန်းပေါ်တွင် ရပ်ကာ အောက်သို့ ငုံ့ကြည့်လိုက်လေသည်။

သည်အခိုက်တွင် ကျန်းယွင်ကျူးနှင့် လူများက သည်နေရာမှ ၁၀ကီလိုမီတာသာ ဝေးကွာလေသည်။ သူတို့လမ်းကြောင်းကို ကြည့်လျှင် သူတို့သည် ချန်ရှီရွာသို့ ဦးတည်နေသည်ကို အလွယ်သိနိုင်လေသည်။

သူ့ဖီးနစ်ငှက်မျက်လုံးက ချက်ချင်းဆိုသလို အင်မတန်အေးစက်သွားတော့သည်။

“ ဧကန္တ သူတို့တွေ ချန်ရှီရွာကို ဝင်တိုက်ကြမလို့လား”

ယန်ရှန့်က သူ့ဘေးတွင်ရပ်လိုက်ပြီး တအံ့တဩနှင့်မေးလိုက်၏။ ချန်ရှီရွာက သာမန်ရွာလေးတစ်ခုပဲ။ အဲလောက်လုပ်ဖို့ တန်လို့လား။ ဒါမှမဟုတ်.... သူ အတွေးလွန်နေတာလား။ ဥပမာ သူတို့တွေက တကယ်ပဲ ချန်ရှီရွာသားတွေကို တိုက်ခိုက်ချင်တာဆိုတာ သူတို့ဘာလုပ်ရမလဲ။

ရွာသားတွေ ဒီအတိုင်းအသ-တ်ခံရမှာကို ရပ်ကြည့်မနေနိုင်လို့ ဆင်းကယ်ရမှာတော့ သေချာတယ်။ သူတို့တွေ ဘယ်နှစ်ယောက်လောက်ကို ကယ်နိုင်မှာလဲ။

လူတွေကို ကာကွယ်ပေးရတာက လူသ-တ်ရတာထက် အများကြီး ပိုခက်တယ်။ အထူးသဖြင့် လက်နက်မရှိတဲ့ လူတွေကို ကာကွယ်ရရင်ပေါ့။

ပြီးတော့ ဒီလူအုပ်စု ရောက်လာတဲ့ပုံစံက ထူးဆန်းတယ်။ သူတို့တွေ အရံအစီအစဥ်တစ်ခုခုများ ရှိနေသေးလား။ ရှိခဲ့ဆိုရင်ကော... ယန်ရှန့်သည် သေရေး ရှင်ရေးအတွေ့အကြုံးများစွာကို ကြုံတွေ့ခဲ့ရပြီး ဖြစ်လေသည်။ ထို့ကြောင့် သူသည် သည်အခိုက်တန့်တွင် အနည်းငယ်စိတ်ပူနေရုံကလွဲလျှင် မတတ်နိုင်ပေ။ ကံအားလျော်စွာ ချန်ရှီရွာက လူအားက ရှီဖုန်းတောင်သို့ သွားလိုက်ကြသည်။ မဟုတ်လျှင် သူတို့သည် သည်နေ့ည၌ သေချာပေါက်သ-တ်ဖြတ်ခံရပေလိမ့်မည်။

သူ စဥ်းစားနိုင်သည့် အရာကို ရှန်ဖုန်းမင်ကလည်း စဥ်းစားမိပြီးသာပင်။ သူက ပိုပြီး စဥ်းစားထားမိလေသည်။

ရှန်ဖုန်းမင်က သူ့ခါးမှ အမိန့်ပြားတစ်ခုကို ထုတ်လိုက်ပြီး ယန်ရှန့်အား လှမ်းပေးလိုက်၏။

“ ကျားတောင်စခန်းကို သွားပြီး အဲဒီက လုံခြုံရေးစစ်သားတွေကို ခေါ်လာခဲ့”

“အင်း”

အလုပ်ကိစ္စနှင့် ပတ်သက်လာလျှင် ယန်ရှန့်သည် ရှန်ဖုန်းမင်၏ လက်အောက်ငယ်သားတစ်ယောက်ပင်။ သူက ချက်ချင်း လက်နှစ်ဖက်ကို ယှက်လိုက်ပြီး တည်ကြည်သည့်ဟန်ဖြင့် အမိန့်ပြားကို ယူလိုက်ကာ မြင်းပေါ်တက်ပြီး လုစီရင်စုပြည်နယ်တွကင် စခန်းချထားသည့် ကျားတောင်စခန်းဆီသို့ ဦးတည်သွားလိုက်တော့သည်။

ရှန်ဖုန်းမင်က အဝေးသို့ ကြည့်ရင်း တုန်ယင်နေသည့်လက်တစ်ဖက်ဖြင့် သူ့ခါးဆီမှ ဓားရှည်တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

ဓားရှည်သည် အေးစက်တောက်ပကာ လင်းလက်နေပြီး လရောင်အောက်တွင် အနည်းငယ် တဖိတ်ဖိတ် တောက်နေရာ သ-တ်ဖြတ်ကာ သွေးသောက်ဖို့ရာ တောင့်တနေသယောင်။

သည်အချိန်တွင် ကျူးလျန့်က ရပ်လိုက်၏။ ဝမ်ပင်းပို့လာသည့် ဆက်သားက ရောက်လာခဲ့သည်။

“ ကောင်းကင်ပေါ်မှာ ပုံရိပ်တစ်ခု ပေါ်လာတယ်၊ ချန်ရှီရွာက လူတွေအားလုံး ရှီဖုန်းတောင်ကို တက်သွားကြတယ်ဟုတ်လား”

ကျူးလျန့်က သူ့ဟာသူ စဥ်းစားလိုက်လေသည်။ တိုက်ဆိုင်လိုက်တာ။ သူသည် တစ်ယောက်ယောက်က ကြားဝင်နှောင့်ယှက်နေသည်ကဟု သံသယမဖြစ်မိချေ။ ထို့အစား အပြစ်မဲ့လူများ အသ-တ်ခံရမည့်အရေးကို မကြည့်ရက်နိုင်သဖြင့် ကောင်းကင်ဘုံက မျက်စိဖွင့်လာသည်ဟု ချက်ချင်း ထင်သွားတော့သည်။ ဒါကြောင့်လည်း ဒီပုံရိပ်ပေါ်လာတာပေါ့။

သူသည် သည်နေ့ည လှုပ်ရှားမှုကို သိပ်သဘောမတူချင်ခဲ့ပေ။ သို့သော် အခုတော့ သည်လိုကိစ္စမျိုး ဖြစ်လာသဖြင့် သူက ချက်ချင်းပြန်ဆုတ်ဖို့ စဥ်းစားလိုက်တော့သည်။

“ စစ်သူကြီးဝမ်က ပြောတယ်၊ ဆက်လုပ်ပါတဲ့၊ ချီလင်သက်တော်စောင့်တွေနဲ့ ရင်ဆိုင်ရရင် ခဏလောက် အချိန်ဆွဲထားပေးတဲ့၊ သူ ချက်ချင်းလိုက်လာခဲ့မယ်တဲ့၊ မတွေ့ခဲ့ရင်တော့ တတ်နိုင်သမျှ ချက်ချင်း ပြန်ထွက်လာခဲ့ပါတဲ့”

ဒါသည် ဝမ်ပင်း၏နောက်ဆုံး ဆုံးဖြတ်ချက်ပင်။

ကျူးလျန့်သည် ထိုစကားကို ကြားလိုက်ရပြီးနောက် စိတ်ထဲက ကြိတ်ကာ ကျိန်ဆဲလိုက်တော့သည်။ အဲဒီလူတွေက အစကတည်းက ငါးစာနဲ့ သူ့အကာအကွယ်ပဲလေ။ အခု သူတို့တွေမှ ဒီနေရာမှာမရှိတာ၊ တကယ်လို့ သူသာ ချီလင်သက်တော်စောင့်တွေနဲ့ တွေ့ခဲ့ရင် သူ့ကိုယ်သူ သွားအဖမ်းခံသလို ဖြစ်နေမှာပေါ့။

စစ်သူကြီးကြီးဝမ်က လိုက်လာနေပြီတဲ့လား။ ဒီနေရာကို လိုက်တာ ဘာအသုံးဝင်မှာလဲ။ သူက အခုလောလောဆယ် ဓားပြတစ်ယောက်လေ။ ဘယ်သူပဲဖြစ်ဖြစ် သူတို့တွေကို သူ့ကို သ-တ်ပစ်လို့ရတာပဲ။

ဝမ်ပင်းက သူ့ကို ငါးစာအဖြစ်အသုံးချခဲ့တာလား။

သူ မလုပ်နိုင်ဘူး။ ဒီကိစ္စက ဒီနေ့ လုံးဝမဖြစ်နိုင်တာ အရှင်းကြီးပါ။

“ပြန်လှည့်၊ ပြန်ကြမယ်”

သူက မြင်းကို ပြန်လှည့်လိုက်ပြီး ကြေညာလိုက်လေသည်။

စာလာပို့ပေးသည့် ဆက်သားက အခိုက်တန့် ကြောင်အမ်းအမ်း ဖြစ်သွားပြီး

“ ခင်ဗျား ရှေ့ဆက်သွားရမှာမဟုတ်ဘူးလား”

သောက်ကျိုးနည်းရှေ့ဆက်စရာလား။ ကျူးလျန့်က သူ့ကို လျစ်လျူရှုထားလိုက်ပြီး လူများကို ဦးဆောင်ကာ ထွက်သွားတော့သည်။

ချန်ရှီရွာသည် အလွန်တိတ်ဆိတ်နေပြီး ရှီဖုန်းတောင်ပေါ်တွင်တော့ ထိုအခိုက်လေးတွင် အလွန် စည်ကားနေလေသည်။ အားလုံး နတ်သမီးရုပ်တုရှေ့တွင် ဒူးထောက်ပြီး စိတ်ရင်းနှင့် ဆုတောင်းနေကြသည်။ ထို့နောက် သူတို့က ဘုန်းကြီးကို နတ်သမီးပေါ်လာသည့်အဓိပ္ပာယ်ကို မေးမြန်းကြလေသည်။

ဘုန်းကြီးသည်လည်း ဘာသာရေးကိုင်းရှိုင်းပြီး အံ့ဩနေသည့်အမူအရာဖြင့် နတ်သမီး ရုတ်တရက် ပေါ်လာရသည့်အကြောင်းအရင်းကို မသိကြောင်း ပြောပြနေလေသည်။

အားလုံးက စုရုံးသွားပြီး စကားစမြည် ပြောဖြစ်သွားကြသည်။ နောက်ဆုံးတွင် သူတို့သည် ဘုရားကျောင်းက အလွန်မှ ယိုယွင်းပျက်စီးနေသည်ကို သတိထားမိသွားလေသည်။ သူတို့က ဘုရားကျောင်းကို အတူတူပြန်ပြင်ဆင်ကြရန် တိုင်ပင်လိုက်ကြသည်။ နတ်သမီးက သူတို့ကို ကောင်းချီးပေးကောင်း ပေးပေလိမ့်မည်။

လူအများကြီးက ဖရိုဖရဲဖြစ်ရန် ရည်ရွယ်ခဲ့ကြသည်။ သည်ဖရိုဖရဲကာလအတွင်း ရိုးရှင်းသည့် ကိစ္စများကို အချိန်အကြာကြီး ဆွဲထားခဲ့ရသည်။ ည ၉နာရီထိုးခါနီးမှ အားလုံးက သည်နေ့သည့် ဆောင်းဝင်စ,ရက်ဖြစ်ပြီး ဖက်ထုပ်မစားရသေးသည်ကို သတိရသွားတော့သည်။ သူတို့၏ ဗိုက်များကလည်း ဆာလောင်နေကြပြီ။

နောက်ကျပြီ။ မြန်မြန်ပြန်ကြသည်က ပိုကောင်းလိမ့်မည်။

အားလုံးက နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ စကားပြောရယ်မောရင်း တောင်အောက်သို့ ဆင်းလာကြလေသည်။

သို့သော်ငြား နောက်တစ်နေ့တွင် ကိစ္စတစ်ခုကို ကြားလိုက်ရချိန်၌ သူတို့သည် ထပ်ပြီး မရယ်မောနိုင်ကြတော့ပေ။

မနေ့ညက။ မနေ့ညကတဲ့။ ရာချီလောက်ရှိတဲ့ ဓားပြတွေက သူတို့နေရာကို ဦးတည်လာခဲ့တာတဲ့။

ဓားပြတွေတဲ့။ မျက်တောင်တစ်ချက်မခတ်ဘဲ လူသ-တ်တဲ့ ဓားပြတွေတဲ့။ ဝူလင်စီရင်စုသည် ဆယ်စုနှစ်အတွင်း ဓားပြအန္တရာယ် မရှိခဲ့ချေ။ သို့သော် ဓားပြများ၏ရက်စက်မှုနှင့် ပတ်သက်လာလျှင်တော့ အားလုံးက ကြောက်ရွံ့နေကြဆဲပင်။

တော်ပါသေးရဲ့။ မနေ့က သူတို့တွေ ရှီဖုန်းတောင်ပေါ် ရောက်သွားလို့ပေါ့။ မဟုတ်ရင် အဲဒီဓားပြတွေက သေချာပေါက်လွယ်လွယ်နဲ့ ပြန်ဆုတ်သွားကြမှာမဟုတ်ဘူး။ သူတို့တွေကို အဖမ်းခံလိုက်ရရင်... စဥ်းတောင်မစဥ်းစားရဲဘူး။

ရုတ်တရက်ဆိုသလို ကောင်းကင်ဘုံနတ်သမီးက ဓားပြတွေ လာမှာကို ကြိုသိနေသဖြင့် သူတို့ကို ထွက်ပြေးနိုင်ရန် ကိုယ်ယောင်ပြခဲ့သည်ဟု စဥ်းစားမိသွားလေသည်။

သူတို့သည် ထိုအကြောင်းကို စဥ်းစားလေလေ ထိုသို့ဖြစ်မည်ဟု ပိုပြီးခံစားမိလေလေ ဖြစ်နေတော့သည်။

ရုတ်တရက် စိတ်ကူးပေါ်လာပြီး သူတို့သည် မနေ့ညက ကောင်းကင်ဘုံနတ်သမီးကို ဦးချကန်တော့ကြတော့သည်။ သည်အခိုက်တန့်လေးတွင် သူတို့သည် ကျေးဇူးတင်စိတ်အပြည့်နှင့် ကောင်းကင်ဘုံနတ်သမီးကို အံ့ဩကြည်ညိုသွားကြတော့သည်။

ကောင်းကင်ဘုံနတ်သမီးကို ကိုးကွယ်တာက ကပ်ဘေးကို မောင်းထုတ်ပေးပြီး အညံ့တွေကို ဖယ်ရှားပေးပြီး ရောဂါတွေကို သက်သာစေတယ်တဲ့။

မနေ့က သူတို့သည် ဘုရားကျောင်းကို ပြန်ပြန်ဖို့ တိုင်ပင်ခဲ့ကြ၏။ အချိန်တော်တော်ကြာအောင် တိုင်ပင်ဆွေးနွေးခဲ့ကြီးနောက်တွင် ဘာအဖြေမှ ထွက်မလာခဲ့ချေ။ သည်နေ့ သူတို့သည် အမိန့်စာတစ်ခု ထုတ်ပြန်ရမည်ဖြစ်ပြီး မြန်မြန်လုပ်ရလိမ့်မည်။ မဟုတ်လျှင် ကောင်းကင်ဘုံနတ်သမီး၏ အသက်ကယ်ပေးထားသည့် ကျေးဇူးတရားနှင့် မထိုက်တန်ရာကျပေတော့မည်။

ဤသို့ စိတ်ထဲတွင် မှတ်ယူထားကြလေရာ သည်ကိစ္စကို ချောချောမောမော ဖြေရှင်းပြီးသွားကြတော့သည်။

မကြာမီတွင် အနီးအနားရွာရှိ သူကြီးများက ဘယ်သူက ဘယ်လောက်ငွေထုတ်ပေးပြီး ဘယ်သူက ဘာလုပ်ပေးမည့်အကြောင်း ဆွေးနွေးခဲ့ကြတော့သည်။ ထို့နောက် သူတို့သည် ဘုန်းကြီးနှင့် စကားပြောရန် တောင်ပေါ်သို့ အတူတူတင်လာခဲ့ကြလေသည်။

သူတို့ပြောခဲ့သည့် စကားကိုကြားလိုက်ပြီးနောက် ဘုန်းကြီးသည် မနေ့ကည ဓားပြများ ရှိခဲ့ကြောင်း သိလိုက်ရလေသည်။ သူသ်ည အံ့ဩသွားသလို စိုးရိမ်သွားတော့သည်။ ရွာသားတွေကတော့ သူ့ကို ကယ်တင်ပေးခဲ့တဲ့သူက ကောင်းကင်ဘုံနတ်သမီးလို့ ထင်ကြမှာပေါ့လေ။ ဒါပေမဲ့ မီးလုံးနဲ့ အဲဒီရုပ်ပုံလွှာကို လုပ်ခဲ့တဲ့သူက သူနဲ့ ကျန်းယွင်ကျူးဆိုတာ သိထားပြီးသားပါ။ ဓားပြတွေကဘယ်က ရောက်လာတာလဲ။

သူသည် ဘုရားကျောင်း ပြန်ပြင်မည့်ကိစ္စကို ရွာသူကြီးများနှင့် အလျင်စလို သဘောတူလိုက်ပြီး ချန်ရှီရွာသို့ လူကိုင်တိုင်သွားလိုက်တော့သည်။ ပထမဆုံးအနေဖြင့် သူက ကျန်းယွင်ကျူးကို ကျေးဇူးတင်စကား ပြောလိုက်ပြီး မီရှန်းအတွက် သူမ စိုက်ပေးထားသည့် ဆေးဖိုးကို ပြန်ပေးလိုက်လေသည်။ သူက မနေ့ညက ဓားပြကိစ္စကိုလည်း ပြောပြလိုက်သည်။

ကျန်းယွင်ကျုးက အံ့ဩသွားပုံရပြီး

“ ဧကန္တ ကောင်းကင်ဘုံနတ်သမီးက တကယ်ပဲ ပေါ်လာခဲ့တာများလား”

သူမသည် ဓားပြများ ရောက်မည့်အကြောင်းကို ကြိုသိနေကြောင်းကိုတော့ သေချာပေါက် ဝန်ခံလိမ့်မည် မဟုတ်ပေ။

ဘုန်းကြီးက သူမကို သည်လိုမြင်လိုက်ရသောအခါ သူ့တွင် အတွေးတစ်ခု ပေါက်သွားတော့သည်။ ဧကန္တ အားလုံးက တကယ်ပဲ ကောင်းကင်ဘုံနတ်သမီး ကိုယ်ထင်ပြခဲ့တာများလား။ သူမက မနေ့ညက လူတွေကို အန္တရာယ်ကနေ ကယ်တင်ပေးဖို့ အဲကိစ္စကို တမင်လုပ်ခဲ့တာများလား။

ဒါကပဲ လက်တွေ့ကျတဲ့အကြောင်းပြချက် ဖြစ်နေသလိုပဲ။

ဘုန်းကြီးက လက်အုပ်ချီလိုက်ပြီး ‘အော်မီတော်ဖော်’ ဟုရေရွတ်လိုက်လေသည်။ သူသည် ကောင်းကင်ဘုံနတ်သမီးကို ပိုကြည်ညိုသွားပြီး ကျန်းယွင်ကျူးကို ပိုကျေးဇူးတင်မိသွားတော့သည်။

“ အရှင်ဘုရား ဒီကိစ္စကို အရှင်ဘုရားနဲ့ တပည့်တော်ပဲ သိထားပါစေဘုရား”

ကျန်းယွင်ကျူးက ဘုန်းကြီးကို စိုးရိမ်စိတ်နှင့် ပြောလိုက်လေသည်။

“ ကိုယ်တော် နားလည်ပါပြီ”

ဘုန်းကြီးက ပြန်ဖြေလိုက်၏။ ဒီကောင်းကင်ဘုံနတ်သမီး ပေါ်လာတဲ့ကိစ္စက အတုအယောင်သာဆိုရင် ရလဒ်ဘယ်လိုကောင်းကောင် သာမန်လူတွေရဲ့ စိတ်ကို ညှိုးငယ်သွားစေလိမ့်မယ်။

“စိတ်မပူပါနဲ့ ဒကာမလေး၊ ဘုရားကျောင်းကို ပြန်ပြင်တာနဲ့ နတ်သမီးကို ပူဇော်တာကလွဲပြီး ငွေပိုလေးများ ရလာရင် ကိုယ်တော်က သာမန်ပြည်သူတွေကို ပြန်စွန့်ကြဲမှာပါ” ဘုန်းကြီးက ပြောလိုက်၏။

ကျန်းယွင်ကျူးက ခေါင်းညိတ်ပြလိုက်သည်။ ကောင်းပါတယ်။ ကိုယ်ထင်ပြတယ်ဆိုတာကလည်း နောက်ဆုံး အတုအယောင်ပဲလေ။ ဘုရားကျောင်းမှာ ကောင်းမှုကုသိုလ်လုပ်တာကပဲ ဘုရားကျောင်းမှာ အမွှေးတိုင်ကို ရှည်ကြာအောင် ပူဇော်နိုင်လိမ့်မယ်။

ဘုန်းကြီးကို လိုက်ပို့ပေးလိုက်ပြီးနောက်တွင် လူအုပ်ကြီးတစ်ခုသည် စည်ကားလှစွာဖြင့် မြောက်ဘက်မှ နေ၍ တရားဝင်လမ်းမပေါ်သို့ တက်လာသည်ကို တွေ့လိုက်ရလေသည်။ ထိုလူစုကြီးကို ကြည့်ရသည်မှာ ဝူလင်မိုင်းတွင်းမှ လာခဲ့ဟန်တူသည်။

ကျန်းယွင်ကျူးက တံခါးကိုလှည့်ပိတ်လိုက်လေသည်။ ကြည့်ရတာ ကိစ္စအားလုံး ပြီးဆုံးသွားပြီထင်ပါတယ်။

...

Zawgyi

အပိုင္း (၂၉.၂)

“ဘာလုပ္ၾကမလဲ”

ယန္ရွန့္က ေမးလိုက္၏။ သူသည္ အလ်င္မလိုေနေခ်။ အဓိကအေၾကာင္းအရင္းမွာ ႐ြာထဲက လူမ်ားအားလုံးက ရွီဖုန္းေတာင္ေပၚသို႔ တက္သြားၾကေသာေၾကာင့္ပင္။ ခ်ီလင္သက္ေတာ္ေစာင့္မ်ားသာ က်န္ခဲ့သည္။ သည္မျဖစ္စေလာက္ ဓားျပမဆိုထားႏွင့္ ပမာဏ ႏွစ္ဆရွိေနလွ်င္ေတာင္ မမႈေပ။

ရွန္ဖုန္းမင္က ေရွ႕သို႔ ေျခလွမ္းက်ဲမ်ားႏွင့္ ေလွ်ာက္သြားလိုက္ၿပီး ေတာင္ကုန္းေပၚတြင္ ရပ္ကာ ေအာက္သို႔ ငုံ႕ၾကည့္လိုက္ေလသည္။

သည္အခိုက္တြင္ က်န္းယြင္က်ဴးႏွင့္ လူမ်ားက သည္ေနရာမွ ၁၀ကီလိုမီတာသာ ေဝးကြာေလသည္။ သူတို႔လမ္းေၾကာင္းကို ၾကည့္လွ်င္ သူတို႔သည္ ခ်န္ရွီ႐ြာသို႔ ဦးတည္ေနသည္ကို အလြယ္သိနိုင္ေလသည္။

သူ႕ဖီးနစ္ငွက္မ်က္လုံးက ခ်က္ခ်င္းဆိုသလို အင္မတန္ေအးစက္သြားေတာ့သည္။

“ ဧကႏၲ သူတို႔ေတြ ခ်န္ရွီ႐ြာကို ဝင္တိုက္ၾကမလို႔လား”

ယန္ရွန့္က သူ႕ေဘးတြင္ရပ္လိုက္ၿပီး တအံ့တဩႏွင့္ေမးလိုက္၏။ ခ်န္ရွီ႐ြာက သာမန္႐ြာေလးတစ္ခုပဲ။ အဲေလာက္လုပ္ဖို႔ တန္လို႔လား။ ဒါမွမဟုတ္.... သူ အေတြးလြန္ေနတာလား။ ဥပမာ သူတို႔ေတြက တကယ္ပဲ ခ်န္ရွီ႐ြာသားေတြကို တိုက္ခိုက္ခ်င္တာဆိုတာ သူတို႔ဘာလုပ္ရမလဲ။

႐ြာသားေတြ ဒီအတိုင္းအသ-တ္ခံရမွာကို ရပ္ၾကည့္မေနနိုင္လို႔ ဆင္းကယ္ရမွာေတာ့ ေသခ်ာတယ္။ သူတို႔ေတြ ဘယ္ႏွစ္ေယာက္ေလာက္ကို ကယ္နိုင္မွာလဲ။

လူေတြကို ကာကြယ္ေပးရတာက လူသ-တ္ရတာထက္ အမ်ားႀကီး ပိုခက္တယ္။ အထူးသျဖင့္ လက္နက္မရွိတဲ့ လူေတြကို ကာကြယ္ရရင္ေပါ့။

ၿပီးေတာ့ ဒီလူအုပ္စု ေရာက္လာတဲ့ပုံစံက ထူးဆန္းတယ္။ သူတို႔ေတြ အရံအစီအစဥ္တစ္ခုခုမ်ား ရွိေနေသးလား။ ရွိခဲ့ဆိုရင္ေကာ... ယန္ရွန့္သည္ ေသေရး ရွင္ေရးအေတြ႕အႀကဳံးမ်ားစြာကို ႀကဳံေတြ႕ခဲ့ရၿပီး ျဖစ္ေလသည္။ ထို႔ေၾကာင့္ သူသည္ သည္အခိုက္တန့္တြင္ အနည္းငယ္စိတ္ပူေန႐ုံကလြဲလွ်င္ မတတ္နိုင္ေပ။ ကံအားေလ်ာ္စြာ ခ်န္ရွီ႐ြာက လူအားက ရွီဖုန္းေတာင္သို႔ သြားလိုက္ၾကသည္။ မဟုတ္လွ်င္ သူတို႔သည္ သည္ေန႕ည၌ ေသခ်ာေပါက္သ-တ္ျဖတ္ခံရေပလိမ့္မည္။

သူ စဥ္းစားနိုင္သည့္ အရာကို ရွန္ဖုန္းမင္ကလည္း စဥ္းစားမိၿပီးသာပင္။ သူက ပိုၿပီး စဥ္းစားထားမိေလသည္။

ရွန္ဖုန္းမင္က သူ႕ခါးမွ အမိန့္ျပားတစ္ခုကို ထုတ္လိုက္ၿပီး ယန္ရွန့္အား လွမ္းေပးလိုက္၏။

“ က်ားေတာင္စခန္းကို သြားၿပီး အဲဒီက လုံၿခဳံေရးစစ္သားေတြကို ေခၚလာခဲ့”

“အင္း”

အလုပ္ကိစၥႏွင့္ ပတ္သက္လာလွ်င္ ယန္ရွန့္သည္ ရွန္ဖုန္းမင္၏ လက္ေအာက္ငယ္သားတစ္ေယာက္ပင္။ သူက ခ်က္ခ်င္း လက္ႏွစ္ဖက္ကို ယွက္လိုက္ၿပီး တည္ၾကည္သည့္ဟန္ျဖင့္ အမိန့္ျပားကို ယူလိုက္ကာ ျမင္းေပၚတက္ၿပီး လုစီရင္စုျပည္နယ္တြကင္ စခန္းခ်ထားသည့္ က်ားေတာင္စခန္းဆီသို႔ ဦးတည္သြားလိုက္ေတာ့သည္။

ရွန္ဖုန္းမင္က အေဝးသို႔ ၾကည့္ရင္း တုန္ယင္ေနသည့္လက္တစ္ဖက္ျဖင့္ သူ႕ခါးဆီမွ ဓားရွည္တစ္ေခ်ာင္းကို ဆြဲထုတ္လိုက္သည္။

ဓားရွည္သည္ ေအးစက္ေတာက္ပကာ လင္းလက္ေနၿပီး လေရာင္ေအာက္တြင္ အနည္းငယ္ တဖိတ္ဖိတ္ ေတာက္ေနရာ သ-တ္ျဖတ္ကာ ေသြးေသာက္ဖို႔ရာ ေတာင့္တေနသေယာင္။

သည္အခ်ိန္တြင္ က်ဴးလ်န့္က ရပ္လိုက္၏။ ဝမ္ပင္းပို႔လာသည့္ ဆက္သားက ေရာက္လာခဲ့သည္။

“ ေကာင္းကင္ေပၚမွာ ပုံရိပ္တစ္ခု ေပၚလာတယ္၊ ခ်န္ရွီ႐ြာက လူေတြအားလုံး ရွီဖုန္းေတာင္ကို တက္သြားၾကတယ္ဟုတ္လား”

က်ဴးလ်န့္က သူ႕ဟာသူ စဥ္းစားလိုက္ေလသည္။ တိုက္ဆိုင္လိုက္တာ။ သူသည္ တစ္ေယာက္ေယာက္က ၾကားဝင္ေႏွာင့္ယွက္ေနသည္ကဟု သံသယမျဖစ္မိေခ်။ ထို႔အစား အျပစ္မဲ့လူမ်ား အသ-တ္ခံရမည့္အေရးကို မၾကည့္ရက္နိုင္သျဖင့္ ေကာင္းကင္ဘုံက မ်က္စိဖြင့္လာသည္ဟု ခ်က္ခ်င္း ထင္သြားေတာ့သည္။ ဒါေၾကာင့္လည္း ဒီပုံရိပ္ေပၚလာတာေပါ့။

သူသည္ သည္ေန႕ည လႈပ္ရွားမႈကို သိပ္သေဘာမတူခ်င္ခဲ့ေပ။ သို႔ေသာ္ အခုေတာ့ သည္လိုကိစၥမ်ိဳး ျဖစ္လာသျဖင့္ သူက ခ်က္ခ်င္းျပန္ဆုတ္ဖို႔ စဥ္းစားလိုက္ေတာ့သည္။

“ စစ္သူႀကီးဝမ္က ေျပာတယ္၊ ဆက္လုပ္ပါတဲ့၊ ခ်ီလင္သက္ေတာ္ေစာင့္ေတြနဲ႕ ရင္ဆိုင္ရရင္ ခဏေလာက္ အခ်ိန္ဆြဲထားေပးတဲ့၊ သူ ခ်က္ခ်င္းလိုက္လာခဲ့မယ္တဲ့၊ မေတြ႕ခဲ့ရင္ေတာ့ တတ္နိုင္သမွ် ခ်က္ခ်င္း ျပန္ထြက္လာခဲ့ပါတဲ့”

ဒါသည္ ဝမ္ပင္း၏ေနာက္ဆုံး ဆုံးျဖတ္ခ်က္ပင္။

က်ဴးလ်န့္သည္ ထိုစကားကို ၾကားလိုက္ရၿပီးေနာက္ စိတ္ထဲက ႀကိတ္ကာ က်ိန္ဆဲလိုက္ေတာ့သည္။ အဲဒီလူေတြက အစကတည္းက ငါးစာနဲ႕ သူ႕အကာအကြယ္ပဲေလ။ အခု သူတို႔ေတြမွ ဒီေနရာမွာမရွိတာ၊ တကယ္လို႔ သူသာ ခ်ီလင္သက္ေတာ္ေစာင့္ေတြနဲ႕ ေတြ႕ခဲ့ရင္ သူ႕ကိုယ္သူ သြားအဖမ္းခံသလို ျဖစ္ေနမွာေပါ့။

စစ္သူႀကီးႀကီးဝမ္က လိုက္လာေနၿပီတဲ့လား။ ဒီေနရာကို လိုက္တာ ဘာအသုံးဝင္မွာလဲ။ သူက အခုေလာေလာဆယ္ ဓားျပတစ္ေယာက္ေလ။ ဘယ္သူပဲျဖစ္ျဖစ္ သူတို႔ေတြကို သူ႕ကို သ-တ္ပစ္လို႔ရတာပဲ။

ဝမ္ပင္းက သူ႕ကို ငါးစာအျဖစ္အသုံးခ်ခဲ့တာလား။

သူ မလုပ္နိုင္ဘူး။ ဒီကိစၥက ဒီေန႕ လုံးဝမျဖစ္နိုင္တာ အရွင္းႀကီးပါ။

“ျပန္လွည့္၊ ျပန္ၾကမယ္”

သူက ျမင္းကို ျပန္လွည့္လိုက္ၿပီး ေၾကညာလိုက္ေလသည္။

စာလာပို႔ေပးသည့္ ဆက္သားက အခိုက္တန့္ ေၾကာင္အမ္းအမ္း ျဖစ္သြားၿပီး

“ ခင္ဗ်ား ေရွ႕ဆက္သြားရမွာမဟုတ္ဘူးလား”

ေသာက္က်ိဳးနည္းေရွ႕ဆက္စရာလား။ က်ဴးလ်န့္က သူ႕ကို လ်စ္လ်ဴရႈထားလိုက္ၿပီး လူမ်ားကို ဦးေဆာင္ကာ ထြက္သြားေတာ့သည္။

ခ်န္ရွီ႐ြာသည္ အလြန္တိတ္ဆိတ္ေနၿပီး ရွီဖုန္းေတာင္ေပၚတြင္ေတာ့ ထိုအခိုက္ေလးတြင္ အလြန္ စည္ကားေနေလသည္။ အားလုံး နတ္သမီး႐ုပ္တုေရွ႕တြင္ ဒူးေထာက္ၿပီး စိတ္ရင္းႏွင့္ ဆုေတာင္းေနၾကသည္။ ထို႔ေနာက္ သူတို႔က ဘုန္းႀကီးကို နတ္သမီးေပၚလာသည့္အဓိပၸာယ္ကို ေမးျမန္းၾကေလသည္။

ဘုန္းႀကီးသည္လည္း ဘာသာေရးကိုင္းရွိုင္းၿပီး အံ့ဩေနသည့္အမူအရာျဖင့္ နတ္သမီး ႐ုတ္တရက္ ေပၚလာရသည့္အေၾကာင္းအရင္းကို မသိေၾကာင္း ေျပာျပေနေလသည္။

အားလုံးက စု႐ုံးသြားၿပီး စကားစျမည္ ေျပာျဖစ္သြားၾကသည္။ ေနာက္ဆုံးတြင္ သူတို႔သည္ ဘုရားေက်ာင္းက အလြန္မွ ယိုယြင္းပ်က္စီးေနသည္ကို သတိထားမိသြားေလသည္။ သူတို႔က ဘုရားေက်ာင္းကို အတူတူျပန္ျပင္ဆင္ၾကရန္ တိုင္ပင္လိုက္ၾကသည္။ နတ္သမီးက သူတို႔ကို ေကာင္းခ်ီးေပးေကာင္း ေပးေပလိမ့္မည္။

လူအမ်ားႀကီးက ဖရိုဖရဲျဖစ္ရန္ ရည္႐ြယ္ခဲ့ၾကသည္။ သည္ဖရိုဖရဲကာလအတြင္း ရိုးရွင္းသည့္ ကိစၥမ်ားကို အခ်ိန္အၾကာႀကီး ဆြဲထားခဲ့ရသည္။ ည ၉နာရီထိုးခါနီးမွ အားလုံးက သည္ေန႕သည့္ ေဆာင္းဝင္စ,ရက္ျဖစ္ၿပီး ဖက္ထုပ္မစားရေသးသည္ကို သတိရသြားေတာ့သည္။ သူတို႔၏ ဗိုက္မ်ားကလည္း ဆာေလာင္ေနၾကၿပီ။

ေနာက္က်ၿပီ။ ျမန္ျမန္ျပန္ၾကသည္က ပိုေကာင္းလိမ့္မည္။

အားလုံးက ႏွစ္ေယာက္တစ္တြဲ၊ သုံးေယာက္တစ္တြဲ စကားေျပာရယ္ေမာရင္း ေတာင္ေအာက္သို႔ ဆင္းလာၾကေလသည္။

သို႔ေသာ္ျငား ေနာက္တစ္ေန႕တြင္ ကိစၥတစ္ခုကို ၾကားလိုက္ရခ်ိန္၌ သူတို႔သည္ ထပ္ၿပီး မရယ္ေမာနိုင္ၾကေတာ့ေပ။

မေန႕ညက။ မေန႕ညကတဲ့။ ရာခ်ီေလာက္ရွိတဲ့ ဓားျပေတြက သူတို႔ေနရာကို ဦးတည္လာခဲ့တာတဲ့။

ဓားျပေတြတဲ့။ မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ လူသ-တ္တဲ့ ဓားျပေတြတဲ့။ ဝူလင္စီရင္စုသည္ ဆယ္စုႏွစ္အတြင္း ဓားျပအႏၲရာယ္ မရွိခဲ့ေခ်။ သို႔ေသာ္ ဓားျပမ်ား၏ရက္စက္မႈႏွင့္ ပတ္သက္လာလွ်င္ေတာ့ အားလုံးက ေၾကာက္႐ြံ႕ေနၾကဆဲပင္။

ေတာ္ပါေသးရဲ႕။ မေန႕က သူတို႔ေတြ ရွီဖုန္းေတာင္ေပၚ ေရာက္သြားလို႔ေပါ့။ မဟုတ္ရင္ အဲဒီဓားျပေတြက ေသခ်ာေပါက္လြယ္လြယ္နဲ႕ ျပန္ဆုတ္သြားၾကမွာမဟုတ္ဘူး။ သူတို႔ေတြကို အဖမ္းခံလိုက္ရရင္... စဥ္းေတာင္မစဥ္းစားရဲဘူး။

႐ုတ္တရက္ဆိုသလို ေကာင္းကင္ဘုံနတ္သမီးက ဓားျပေတြ လာမွာကို ႀကိဳသိေနသျဖင့္ သူတို႔ကို ထြက္ေျပးနိုင္ရန္ ကိုယ္ေယာင္ျပခဲ့သည္ဟု စဥ္းစားမိသြားေလသည္။

သူတို႔သည္ ထိုအေၾကာင္းကို စဥ္းစားေလေလ ထိုသို႔ျဖစ္မည္ဟု ပိုၿပီးခံစားမိေလေလ ျဖစ္ေနေတာ့သည္။

႐ုတ္တရက္ စိတ္ကူးေပၚလာၿပီး သူတို႔သည္ မေန႕ညက ေကာင္းကင္ဘုံနတ္သမီးကို ဦးခ်ကန္ေတာ့ၾကေတာ့သည္။ သည္အခိုက္တန့္ေလးတြင္ သူတို႔သည္ ေက်းဇူးတင္စိတ္အျပည့္ႏွင့္ ေကာင္းကင္ဘုံနတ္သမီးကို အံ့ဩၾကည္ညိုသြားၾကေတာ့သည္။

ေကာင္းကင္ဘုံနတ္သမီးကို ကိုးကြယ္တာက ကပ္ေဘးကို ေမာင္းထုတ္ေပးၿပီး အညံ့ေတြကို ဖယ္ရွားေပးၿပီး ေရာဂါေတြကို သက္သာေစတယ္တဲ့။

မေန႕က သူတို႔သည္ ဘုရားေက်ာင္းကို ျပန္ျပန္ဖို႔ တိုင္ပင္ခဲ့ၾက၏။ အခ်ိန္ေတာ္ေတာ္ၾကာေအာင္ တိုင္ပင္ေဆြးေႏြးခဲ့ႀကီးေနာက္တြင္ ဘာအေျဖမွ ထြက္မလာခဲ့ေခ်။ သည္ေန႕ သူတို႔သည္ အမိန့္စာတစ္ခု ထုတ္ျပန္ရမည္ျဖစ္ၿပီး ျမန္ျမန္လုပ္ရလိမ့္မည္။ မဟုတ္လွ်င္ ေကာင္းကင္ဘုံနတ္သမီး၏ အသက္ကယ္ေပးထားသည့္ ေက်းဇူးတရားႏွင့္ မထိုက္တန္ရာက်ေပေတာ့မည္။

ဤသို႔ စိတ္ထဲတြင္ မွတ္ယူထားၾကေလရာ သည္ကိစၥကို ေခ်ာေခ်ာေမာေမာ ေျဖရွင္းၿပီးသြားၾကေတာ့သည္။

မၾကာမီတြင္ အနီးအနား႐ြာရွိ သူႀကီးမ်ားက ဘယ္သူက ဘယ္ေလာက္ေငြထုတ္ေပးၿပီး ဘယ္သူက ဘာလုပ္ေပးမည့္အေၾကာင္း ေဆြးေႏြးခဲ့ၾကေတာ့သည္။ ထို႔ေနာက္ သူတို႔သည္ ဘုန္းႀကီးႏွင့္ စကားေျပာရန္ ေတာင္ေပၚသို႔ အတူတူတင္လာခဲ့ၾကေလသည္။

သူတို႔ေျပာခဲ့သည့္ စကားကိုၾကားလိုက္ၿပီးေနာက္ ဘုန္းႀကီးသည္ မေန႕ကည ဓားျပမ်ား ရွိခဲ့ေၾကာင္း သိလိုက္ရေလသည္။ သူသ္ည အံ့ဩသြားသလို စိုးရိမ္သြားေတာ့သည္။ ႐ြာသားေတြကေတာ့ သူ႕ကို ကယ္တင္ေပးခဲ့တဲ့သူက ေကာင္းကင္ဘုံနတ္သမီးလို႔ ထင္ၾကမွာေပါ့ေလ။ ဒါေပမဲ့ မီးလုံးနဲ႕ အဲဒီ႐ုပ္ပုံလႊာကို လုပ္ခဲ့တဲ့သူက သူနဲ႕ က်န္းယြင္က်ဴးဆိုတာ သိထားၿပီးသားပါ။ ဓားျပေတြကဘယ္က ေရာက္လာတာလဲ။

သူသည္ ဘုရားေက်ာင္း ျပန္ျပင္မည့္ကိစၥကို ႐ြာသူႀကီးမ်ားႏွင့္ အလ်င္စလို သေဘာတူလိုက္ၿပီး ခ်န္ရွီ႐ြာသို႔ လူကိုင္တိုင္သြားလိုက္ေတာ့သည္။ ပထမဆုံးအေနျဖင့္ သူက က်န္းယြင္က်ဴးကို ေက်းဇူးတင္စကား ေျပာလိုက္ၿပီး မီရွန္းအတြက္ သူမ စိုက္ေပးထားသည့္ ေဆးဖိုးကို ျပန္ေပးလိုက္ေလသည္။ သူက မေန႕ညက ဓားျပကိစၥကိုလည္း ေျပာျပလိုက္သည္။

က်န္းယြင္က်ဳးက အံ့ဩသြားပုံရၿပီး

“ ဧကႏၲ ေကာင္းကင္ဘုံနတ္သမီးက တကယ္ပဲ ေပၚလာခဲ့တာမ်ားလား”

သူမသည္ ဓားျပမ်ား ေရာက္မည့္အေၾကာင္းကို ႀကိဳသိေနေၾကာင္းကိုေတာ့ ေသခ်ာေပါက္ ဝန္ခံလိမ့္မည္ မဟုတ္ေပ။

ဘုန္းႀကီးက သူမကို သည္လိုျမင္လိုက္ရေသာအခါ သူ႕တြင္ အေတြးတစ္ခု ေပါက္သြားေတာ့သည္။ ဧကႏၲ အားလုံးက တကယ္ပဲ ေကာင္းကင္ဘုံနတ္သမီး ကိုယ္ထင္ျပခဲ့တာမ်ားလား။ သူမက မေန႕ညက လူေတြကို အႏၲရာယ္ကေန ကယ္တင္ေပးဖို႔ အဲကိစၥကို တမင္လုပ္ခဲ့တာမ်ားလား။

ဒါကပဲ လက္ေတြ႕က်တဲ့အေၾကာင္းျပခ်က္ ျဖစ္ေနသလိုပဲ။

ဘုန္းႀကီးက လက္အုပ္ခ်ီလိုက္ၿပီး ‘ေအာ္မီေတာ္ေဖာ္’ ဟုေရ႐ြတ္လိုက္ေလသည္။ သူသည္ ေကာင္းကင္ဘုံနတ္သမီးကို ပိုၾကည္ညိုသြားၿပီး က်န္းယြင္က်ဴးကို ပိုေက်းဇူးတင္မိသြားေတာ့သည္။

“ အရွင္ဘုရား ဒီကိစၥကို အရွင္ဘုရားနဲ႕ တပည့္ေတာ္ပဲ သိထားပါေစဘုရား”

က်န္းယြင္က်ဴးက ဘုန္းႀကီးကို စိုးရိမ္စိတ္ႏွင့္ ေျပာလိုက္ေလသည္။

“ ကိုယ္ေတာ္ နားလည္ပါၿပီ”

ဘုန္းႀကီးက ျပန္ေျဖလိုက္၏။ ဒီေကာင္းကင္ဘုံနတ္သမီး ေပၚလာတဲ့ကိစၥက အတုအေယာင္သာဆိုရင္ ရလဒ္ဘယ္လိုေကာင္းေကာင္ သာမန္လူေတြရဲ႕ စိတ္ကို ညွိုးငယ္သြားေစလိမ့္မယ္။

“စိတ္မပူပါနဲ႕ ဒကာမေလး၊ ဘုရားေက်ာင္းကို ျပန္ျပင္တာနဲ႕ နတ္သမီးကို ပူေဇာ္တာကလြဲၿပီး ေငြပိုေလးမ်ား ရလာရင္ ကိုယ္ေတာ္က သာမန္ျပည္သူေတြကို ျပန္စြန့္ႀကဲမွာပါ” ဘုန္းႀကီးက ေျပာလိုက္၏။

က်န္းယြင္က်ဴးက ေခါင္းညိတ္ျပလိုက္သည္။ ေကာင္းပါတယ္။ ကိုယ္ထင္ျပတယ္ဆိုတာကလည္း ေနာက္ဆုံး အတုအေယာင္ပဲေလ။ ဘုရားေက်ာင္းမွာ ေကာင္းမႈကုသိုလ္လုပ္တာကပဲ ဘုရားေက်ာင္းမွာ အေမႊးတိုင္ကို ရွည္ၾကာေအာင္ ပူေဇာ္နိုင္လိမ့္မယ္။

ဘုန္းႀကီးကို လိုက္ပို႔ေပးလိုက္ၿပီးေနာက္တြင္ လူအုပ္ႀကီးတစ္ခုသည္ စည္ကားလွစြာျဖင့္ ေျမာက္ဘက္မွ ေန၍ တရားဝင္လမ္းမေပၚသို႔ တက္လာသည္ကို ေတြ႕လိုက္ရေလသည္။ ထိုလူစုႀကီးကို ၾကည့္ရသည္မွာ ဝူလင္မိုင္းတြင္းမွ လာခဲ့ဟန္တူသည္။

က်န္းယြင္က်ဴးက တံခါးကိုလွည့္ပိတ္လိုက္ေလသည္။ ၾကည့္ရတာ ကိစၥအားလုံး ၿပီးဆုံးသြားၿပီထင္ပါတယ္။

...

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

7.7K 704 45
Myanmar Translation of Quick Transmigration: Final Boss Is No Joke Arc [16] Both Unicode & Zawgyi This story is not mine! I just translate it for fu...
1.1M 58.2K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
4.8K 352 22
何为贤妻 To Be A Virtuous Wife Author: Butterfly's Shadow Beneath the Moon Yue Xia Die Ying 月下蝶影 Translator - Ruth t/n: ဒီ author ရဲ့ novel တွေမှာ femal...
1.7M 70K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...