အပိုင်း (၅.၂)
အဖေရွှီနှင့် တခြားသူများသည် စိုးရိမ်ပူပန်လာကြတော့သည်။
ယန်ရှန့်က ကျန်းယွင်ကျူးတို့ စားပွဲဆီ လျှောက်လာပြီး ရေစစ်နေသည့် ရေကရားကို စိတ်ဝင်စားသွားတော့သည်။ ဒါက ဘာပါလိမ့်။
သူက ထိုပစ္စည်းကို သေသေချာချာ စစ်ဆေးကြည့်လိုက်၏။ သာမန်အိုးခြမ်းပဲ့လေးတစ်ခု တစ်ခုပုံစံပါပဲ။ ဒါပေမဲ့ ရေဆိုးတွေက အပေါ်ကနေ စီးဆင်းသွားပြီးတဲ့အခါမှ ရေသန့်တွင် ထွက်လာခဲ့တယ်။
သူက ကရားအိုးကို ကောက်ကိုင်လိုက်ပြီး ချိန်ဆကြည့်လိုက်ကာ ကရားအိုးထဲက ပါဝင်ပစ္စည်းများကို မြေကြီးပေါ် သွန်ချလိုက်လေသည်။
ကျောက်ခဲများတစ်လွှာ၊ သဲကြမ်းတစ်လွှာ၊ သဲနုတစ်လွှာ၊ မီးသွေးတစ်လွှာ။ နောက်ဆုံးတွင် ဝါဂွမ်းနည်းနည်းနှင့် ချည်သားပိတ်စာတစ်လွှာ။
လက်ရာမြောက်လိုက်တဲ့ ပစ္စည်းပဲ။
ရှမင်းဆက်မှာ ရေသန့်စင်တဲ့ ပစ္စည်းက မရှိတာတော့ မဟုတ်ပါဘူး။ သူတို့ ချီလင်သက်တော်စောင့်တွေလိုပဲ ကျောက်ချဥ်ကနေ လုပ်ထားတဲ့ ဆေးလုံးတစ်မျိုးကို သုံးကြတယ်လေ။ သူတို့တွေ တောထဲမှာ ညစ်ပတ်တဲ့ရေ သုံးရမယ်ဆို အဲဒါကို တစ်လုံးလောက် ထည့်ထားလိုက်တာပဲ။
ပြီးတော့ ရေဆေးတဲ့နည်း၊ ကျောက်ဆေးတဲ့နည်းတွေကို မြင်ခဲ့ဖူးပါတယ်။ ဒီလို ရိုးရှင်းပြီး သိမ်မွေ့တဲ့နည်းကိုတော့ တစ်ခါမှမမြင်ခဲ့ဖူးဘူး။ ရလဒ်ကလည်း ပိုကောင်းပုံရတယ်။
သူက ဘေးမှ လက်ဖက်ရည်ပန်းကန်လုံးကို လှမ်းယူလိုက်ပြီး အောက်က ရေပုံးထဲက ရေတစ်ခွက် လှမ်းခပ်လိုက်သည်။ သေချာနေပါပြီ။ ရေက သိပ်ကို ကြည်လင်နေတာပဲ။
သူက တစ်ငုံလောက် သောက်ကြည့်လိုက်၏။ ထူးထူးဆန်းဆန်း အရသာမျိုးလုံးဝ မရှိပေ။
“ ဒါကို ဘယ်သူလုပ်ထားတာလဲ” သူက သိလိုစိတ်ဖြင့် မေးလိုက်တော့သည်။
ကျန်းချိန်နှင့် ကျန်လူများအားလုံးက ကျန်းယွင်ကျူးကို ကြည့်လိုက်ကြသည်။
“ကျွန်မပါ” ကျန်းယွင်ကျူးမှာ ပြန်ဖြေရန်သာ တတ်နိုင်တော့သည်။
YOU ARE READING
ကြမ္မာဖလှယ်ပြီးလေသော် (ဘာသာပြန်)
Romanceကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခု...