ရန်သူမှကြင်ယာတော်သို့ { Compl...

By nayyihlawin

22.8K 2.7K 545

အချစ်ကြီး၍အမျက်ကြီးခဲ့သူနှင့် နှလုံးသားနှင့်ရင်းကာချစ်ခဲ့ပြီးအသက်ဖြင့်ရင်းကာမုန်းတီးခဲ့သူ More

1(uni+Zg)
2(uni+Zg)
3(uni+Zg)
4(uni+Zg)
5(uni+Zg)
6(uni+Zg)
7(uni+Zg)
8(uni+Zg)
9(uni+Zg)
10(uni+Zg)
11(uni+Zg)
12(uni+Zg)
13(uni+Zg)
14(uni+Zg)
15(uni+Zg)
16(uni+Zg)
17(uni+Zg)
Final - 19(uni+Zg)

18(uni+Zg)

969 127 28
By nayyihlawin

နွေဦးလေပြေ၏ညှင်းသွဲ့သွဲ့တိုက်ခတ်မှုကြောင့် ရွက်ဟောင်းတို့မြေခ၍ ရွက်နုလေးများပွင့်ဖူးသည့်အချိန်။ တသိမ့်သိမ့်စီးဆင်းနေသည့်စမ်းချောင်းလေးဘေးတွင်ထိုင်ရင်း သဘာဝအလျောက်ပွင့်နေသည့် ပန်းရိုင်းပွင့်ငယ်များစွာထဲကမှနီနီရဲရဲပန်းပွင့်ငယ်ကိုခူးယူကာ ဘေးတွင်ထိုင်နေသူ၏နားကြားတွင်ပန်ဆင်ပေးလိုက်သည့်အခါ ခေါင်းလေးငဲ့ကာကြည့်လာသူ.......။

"လှတယ်....."

"ကျွန်ုပ်ကလား........"

"အင်း....ပန်းကလေးကလှတယ် ကျုပ်တစ်ယောက်ထဲပိုင်တယ့်ပန်းကလေးလေ"

သဘောကျစွာ တခစ်ခစ်ရီမောသံက ကမ္ဘာမြေကြီးရဲ့လှုပ်ရှားမှုအားလုံးကိုရပ်တန့်သွားစေသလိုပင်။ သူ၏အမြင်အာရုံထဲမျက်ဝန်းကျဥ်းလေးများမှိတ်ကျသည်အထိ ရီမောနေသည့်သူကိုသာမြင်ရတော့သလိုပင်။

"ရာသီဥတုကသာယာတယ်နော်......."

ရီမောနေသောသူသည် ပတ်ဝန်း​ကျင်သို့ခေါင်းလှည့်ကြည့်ကာ ပြောလိုက်သည်။ ထိုသို့ပတ်ဝန်းကျင်အားစူးစမ်းနေရင်းမှ သူ၏ဘေးတွင်ထိုင်နေသူကိုပြန်လှည့်ကြည့်လိုက်တော့ ထိုသူကမရှိတော့ပေ။

"Jungkook.....ဘယ်ရောက်သွားလဲ"

"Jimin!!!!"

အနောက်ဘက်မှအော်သံကြောင့် အထိတ်တလန့်လှည့်ကာကြည့်မိတော့ မြင်လိုက်ရသည့်မြင်ကွင်းကသူ့အားအကြီးအကျယ်စိုးရိမ်သောကရောက်သွားစေသည်။

မြေပြင်ပေါ်တွင်လက်နောက်ပြန်ကြိုးတုပ်ခံထားလျက် ဒူးထောက်ထိုင်​နေရသော သူ၏မိဘနှစ်ပါး......လည်ပင်းနေရာမှသွေးတို့စီးကျလျက် ငိုကြွေးနေကြကာမျက်ရည်တို့အစား သွေးမျက်ရည်တွေသာစီးကျနေသည်။

"အမေ!!!အဖေ!!!!!"

ထိုသို့သူ၏မိဘနှစ်ပါးအနောက်တွင် သွေးစများပေပွနေသောသူ၏ခင်ပွန်း Jungkookက သွေးချင်းချင်းနီနေသောဓားကိုကိုင်ကာ သူ့အားစိုက်ကြည့်နေသည်။ ထို့နောက် ဓားကိုင်မြှောက်လိုက်ကာ သူ၏မိဘနှစ်ပါးလည်ပင်းထက်ဝယ်ဖြတ်တောက်တော့မည့်ဟန်ဖြစ်တာကြောင့် ပြေးကာတားရန်ပြင်လိုက်သော်လည်း ခြေခေါက်လဲမှု​ကြောင့်မြေပြင်ပေါ်သို့ဝမ်းလျားမှောက်ကျသွားပြီး နားရွက်ကြားမှပန်းနီနီလေးသည်လည်းမြေပေါ်သို့ကြွေဆင်းသွားရသည်။

"မလုပ်နဲ့!!!!!!"

ဝေဝါးနေသောအမြင်အာရုံက ဘယ်ကိုရောက်လို့ရောက်နေမှန်းမသိပါပေ။အဖြစ်အပျက်တွေအားပြန်ကာစဥ်းစားကြည့်တော့ တောင်ပေါ်မှမြင်းအနက်ဖြင့်ဒုန်းဆိုင်းဆင်းလာသော သူ၏ခင်ပွန်းပုံရိပ်နှင့် အနောက်ဒေတောင်ကြားတွင်ဖြစ်ခဲ့သောတိုက်ပွဲကိုသာမှတ်မိသည်။ အဖြစ်အပျက်တွေအားတစ်ခုချင်းစီ စဥ်းစားမိသည့်အချိန် သူ၏နားထဲသို့ဝင်ရောက်လာသောဆူညံသံများ၊တိုက်ခိုက်သံများ၊လူတ်ို့အော်ဟစ်ငိုကြွေးသံများကြောင့် လဲနေရာမှအလျင်စလိုထထိုင်လိုက်တော့ ပူနွေးနေသောခန္ဓာကိုယ်နှင့်ကျောဘက်မှဓားဒဏ်ရာက စိတ်သွားတိုင်းကိုယ်မပါလာပေ။

အနီးကပ်ကြားနေရသောတိုက်ခိုက်သံတို့ကြောင့်ခန္ဓာကိုယ်ကိုအားယူစွာ မူးဝေနေသောခေါင်းကိုလျစ်လျူရှု၍ အခန်းအတွင်းမှတစ်လှမ်းချင်းစီထွက်လာတော့အိမ်တော်အတွင်း တစ်ဦးမျှရှိမနေပေ။ တိတ်ဆိတ်နေကာအပ်ကြသံပင်မကြားရလောက်အောင်ငြိမ်သက်နေသော အိမ်တော်ကိုဝေ့ဝိုက်ကြည့်ပြီးနောက် အိမ်တော်၏ပင်မတံခါးဝသို့လျှောက်လာခဲ့သည်။ တံခါးဝနှင့်နီးကပ်လာလေဆူညံသံတ်ို့ပို၍ကျယ်လောင်လာလေဖြစ်တာကြောင့် တံခါးမကြီးအားအမြန်ပင်တွန်းဖွင့်လိုက်သည့်အခါ ပြင်ပမြင်ကွင်းမှာတိတ်ဆိတ်သောအိမ်တော်နှင့်ခြားနားစွာ တခြားကမ္ဘာသို့ရောက်သွားသည်ကဲ့သို့ မီးပုံအပိုင်းအစများ၊သေကြေနေသောလူများ၊ပျက်ဆီးပြိုကျနေသော အဆောက်အဦးများကြောင့် အိမ်တော်အပေါက်ဝမှအပြင်သို့ ပြေးထွက်လာခဲ့သည်။

အိမ်တော်ခြံဝိုင်း၏အပြင်ဘက်တွင် သွေးအိုင်ထဲလဲလျောင်းနေသည့် သမားတော်ဝတ်စုံနှင့်သူရယ်ဦးရီးတော်၏လက်ထောက်ဖြစ်သူတပ်မှုးတို့၏ အလောင်းကိုမြင်လိုက်ရသောကြောင့် မူးဝေနေသောခေါင်းကပို၍ပင်အခြေအနေဆိုးသွားတော့သည်။ ရွာလမ်းတစ်လျှောက်အပျက်အစီးများနှင့်သေဆုံးနေသောစစ်သည်တို့ကိုသာတွေ့နေရပြီး အသက်ရှင်နေသည့်သူဆိုလို့ သူတစ်ယောက်တည်းသာရှိသည်။

"ဘာတွေဖြစ်ကုန်တာလဲ.........ဦးရီးတော်ရော......"

Jimin၏ ရင်ထဲတွင်စိုးရိမ်မှုတို့ကြီးစိုးနေပြီး ကြောက်လန့်မှုတို့လွှမ်းခြုံနေသည်။ ထိုသို့ခံစားချက်ကို မနိုးထလာမီ အိမ်မက်ကမ္ဘာတွင်ကြုံဖူးပြီးဖြစ်သည်။

"Jimin!!!!!"

အသက်ရှုပင်အောင့်ထားမိလိုက်သည်အထိ အက်ကွဲနေသောအော်သံက သူ၏အနောက်ဘက်မှကြောက်မက်ဖွယ်ထွက်ပေါ်လာသည်။ တုန်လှုပ်နေသောခြေထောက်တို့က အနောက်ဘက်သို့လှည့်ကြည့်ရန် ကျောက်ချထားသကဲ့သို့မရွေ့နိုင်ဖြစ်နေသည်။ စိတ်ကိုထိန်း၍ စုစည်းကာလှည့်ကြည့်လိုက်တော့ မတ်တပ်ပင်မရပ်နိုင်တော့ပဲ မြေပြင်ပေါ်ပုံလျက်ထိုင်ချမိသွားသည်။

သွေးချင်းချင်းနီရဲသောသူ၏ဦးရီးတော်မှာ အနောက်ဒေသ၏စစ်သည်နှစ်ယောက်လက်ထဲ မျော့မျော့လေးသာဖြစ်နေတော့သည်။

"ဦးရီးတော်......."

သူခေါ်လိုက်တော့ မပွင့်တပွင့်မျက်လုံးများဖြင့်မော့ကြည့်လာသည့်အကြီးအကဲPark။

အိမ်မက်ထဲမြင်လိုက်ရသည့် သူ၏မိဘနှစ်ပါးပုံရိပ်၊ လက်တွေ့တွင်မြင်နေရသောသူ၏ဦးရီးတော်ပုံရိပ်၊ အတိတ်ရောပစ္စုပ္ပါန်မှာပါ ထပ်တူညီနေသောအနောက်ဒေသမျိုးနွယ်ဝင် အသည်းထဲကကိုနာကျည်းတယ်ဆိုတာ ဒီလိုအခြေအနေမှာပြောသင့်တယ်ထင်ပါရဲ့..........။

"Jungkook!!!!! ကျွန်ုပ်ဦးရီးတော်ကိုလွှတ်ပေးပါ!!!!"

Jiminကပြောလိုက်တော့ စစ်သည်နှစ်ဦး၏လက်ထဲမှအကြီးအကဲ Park ကို ဆွဲယူကာလည်မြိုတွင်ဓားထောက်လိုက်သည့်Jungkookက အသိမရှ်ိတော့သည့်အရူးတစ်ယောက်နှယ်.......။

"ကျုပ်နဲ့ပြန်လိုက်ခဲ့Jimin!!!! ကျုပ်အနားမှာကြင်ယာတော်အဖြစ် တသက်လုံးနေပေး!!!!"

"ကျွန်ုပ်အသင်နဲ့မလိုက်နိုင်ဘူး!!!!"

"အား!!!!"

Jimin၏ စကားအဆုံး အကြီးအကဲParkထံမှ နာကျင်စွာအော်ညီးသံကိုကြားရသည်။Jungkookကိုင်ထားသည့် ဓားချွန်၏ထိပ်ဖျားက အကြီးအကဲPark ၏ လည်မြိုထဲသို့ထိုးဖောက်ဝင်နေပြီ။

"မလုပ်နဲ့!!!!!!"

"ကျုပ်နဲ့ပြန်လိုက်ခဲ့!!!"

"............."

"အားး!!!!!"

ဘယ်လိုတောင်ရက်စက်တဲ့ကံကြမ္မာလဲ.......မိဘနှစ်ပါးကိုသတ်ပစ်သူ၏သား၊ မြတ်နိုးတန်ဖိုးထားရသည့်ဒေသကိုဖျက်ဆီးပစ်သည့်သူ၊ မျက်စိအရှေ့တွင်ပဲ တစ်ဦးတည်းသောဆွေမျိုး၏အသက်ကိုခြိမ်းခြောက်နေသည့်သူ......ထိုလိုလူနှင့်အတူ သူဘယ်လိုစိတ်ဖြင့်တသက်လုံးအတူနေလို့ရနိုင်ပါမည်လဲ။

ခေါင်းထဲအတွေးပေါင်းစုံတို့ရောယှက်လာကာ ဆုံးဖြတ်ရခက်သည့်အချိန် မျက်စိအရှေ့ဆန့်ငင်ဆန့်ငင်ဖြစ်နေသောဦးရီးတော်ကြောင့် မသက်သာသည့်အဆုံး........

"ကျွန်ုပ်အရှုံး​ပေးတာမို့လို့!!!! တော်လိုက်ပါတော့!!!!!"

"ကျုပ်နဲ့ပြန်လိုက်ခဲ့မှာလား......"

မြင်ကွင်းများဝေဝါးသည်အထိ မျက်ရည်ပေါက်ကြီးငယ်ကျနေလျက်သားဖြင့် ခေါင်းကိုတဆက်ဆက်ညိတ်ပြလိုက်မိသည်။

"သေချာလား Jimin.......လိမ်ရင်......လိမ်ရင်ကျုပ်ဒေသတစ်ခုလုံးကို.....ကျုပ်.....မီးရှို့ပြာချပစ်မှာနော်!!"

စကားသံတို့က လည်ပင်းဝတွင်တစ်ဆို့နေသဖြင့်အသံထွက်မလာနိုင်သောကြောင့်ခေါင်းသာညိတ်ပြလိုက်မိပြီး ခံပြင်းလွန်းသည့်စိတ်ကြောင့်မြေကြီးတို့အားလက်နှစ်ဖက်ဖြင့်ကျစ်နေအောင်ဆုတ်ထားမိလိုက်သည်။

Jimin ထံမှအတည်ပြုချက်ရသည်နှင့် Jungkookသည် သူ၏လက်ထဲမှ ဓားချွန်ကိုပစ်ချကာ ဘေးရှိစစ်သည်တစ်ယောက်၏ဓားအိမ်ထဲမှဓားကိုဆွဲထုတ်၍ အကြီးအကဲ Park ၏ ကျောပြင်သို့ မျက်စိတစ်မှိတ်အတွင်းလွှဲခုတ်လိုက်သည်။ အကြီးအကဲPark၏ ကျောပြင်မှသွေးစတို့က Jungkook၏ မျက်နှာပေါ်သို့လွင့်စင်ကုန်သည်။ တစ်ဒင်္ဂအတွင်းဖြစ်ပျက်သွားသည်ကြောင့် Jiminသည် အသက်တောင်မရှုနိုင်ပဲကြောင်အစွာအတိုင်းသားကြည့်နေမိရင်းမှ မြေပြင်ပေါ်သို့ အသက်မဲ့စွာ လဲကျသွားသည့်အကြီးအကဲPark၏ ခန္ဓာကိုယ်ကြောင့် အသိစိတ်တို့ပြန်ဝင်လာသည်။

"ဦးရီး~~~"

"တပ်ပြန်ဆုတ်မယ်!"

Jungkookက အမိန့်ပေးလိုက်သဖြင့် Han Mo ကဦးဆောင်ကာ စစ်သည်တို့ဖြင့်ပြန်၍လှည့်ထွက်သွားသည်။ Jiminသည် အကြီးအကဲPark၏ အလောင်းအားအကြောင်သားကြည့်နေစဥ်မှာပဲ သူ၏တကိုယ်လုံးကနွေးထွေးစွာပွေ့ဖက်ခြင်းကိုခံလိုက်ရပြီး အက်ရှရှလေသံက သူ၏နားစည်ဝသို့တိုးဝင်လာသည်။

"သူရှိနေသေးရင် သူကJiminကို ကျုပ်ကိုမုန်းဖို့ပြောမှာစိုးလို့သတ်လိုက်တာ.........."

"အား!!!!!!! ဦးရီးတော်!!!!!!"

Jungkook၏ ပွေ့ဖက်မှုကြားကမှ Jiminသည် မြေပြင်ပေါ်လူးလှိမ့်ကာင်ိုကြွေးသည်။ Jimin၏ ကျယ်လောင်သောရင်နင့်ဖွယ်ငိုကြွေးသံကြောင့် မျက်စိမှိတ်ထားသော Jungkook၏မျက်ခွံအောက်မှလည်းမျက်ရည်တို့အဆက်မပြတ်စီးကျလာသည်။

"အတ္တကြီးလိုက်တာ!!!!! အသင့်အတ္တအရမ်းကြီးလွန်းတယ်!!!!!!!"

"ချစ်လို့ပါ~~~~ ကျုပ်ချစ်လို့ပါ~~~~ မမုန်းပါနဲ့"

Jungkook၏ စကားက Jiminကို ပို၍ရင်နာစေသည်။ Jiminသည် ခံရခက်နေသောသူ၏ရင်ဘက်ကိုလက်ဖြင့်ထုကာထုကာဖြင့် Jungkook၏ လက်ထဲမှရုန်းထွက်ကာ အကြီးအကဲPark၏ အလောင်းဆီသို့သွားရန်ပြင်သော်လည်း Jungkookကမလွှတ်စတမ်း ပွေ့ဖက်ထားသည်။

"မုန်းတယ် Jungkook!!!!! အသင့်ကိုအရမ်းမုန်းတယ်!!!!!"

Jungkook သည် Jiminကို ပွေ့ဖက်ထားရာမှခေါင်းကိုဆက်တိုက်ခါကာ တုန်တုန်ရီရီအသံဖြင့်

"မမုန်းပါနဲ့......Jiminကိုလိုချင်လို့လုပ်မိခဲ့တာတွေပါ......ချစ်လွန်းလို့ပါ ကျုပ်အမှားမရှိဘူးလေ.......အသင့်မိဘတွေသေတာကျုပ်ကြောင့်မဟုတ်ဘူးလေ......ဒါပင်မယ့်အဲ့ဒါကြောင့် အသင်ကကျုပ်ကိုမုန်းတယ်ပြောတယ်.......အခုလည်းထပ်မုန်းပြန်ပြီ........မချစ်ခိုင်းပါဘူး.......မချစ်ခိုင်းသလိုမုန်းလည်းမမုန်းခိုင်းဘူး.......Jiminက မချစ်ခိုင်းတာကိုကျတော့နာခံပြီး မမုန်းခိုင်းတာကျတော့မနာခံချင်ဘူးလား......... ကျုပ်Jiminကြောင့်လုပ်ခဲ့တာတွေကြီးပဲ ပညာရေးအမတ်ကိုသတ်တာရော........Ae Suuနဲ့အကြီးအကဲPark ကိုသတ်တာရော.......အကုန်Jiminကြောင့်ပဲ!!!!! Jiminကိုချစ်လွန်းလို့ဖြစ်တာကို မမုန်းပါနဲ့လား!!!!!!!!"

သွေးစတို့ဖြင့်ပေကျံနေသောမျက်နှာ ၊ နီဆွေးနေသော မျက်ဝန်းတို့ဖြင့်စိုက်ကြည့်ကာ တဆက်ဆက်တုန်နေသောနှုတ်ခမ်းပါးတို့က အော်ဟစ်ကာပြောလာသည့်စကားတို့ ကြောင့်
Jimin သည် ပြောစရာစကားမဲ့သွားပြီး Jungkook၏မျက်နှာအား လွှဲရိုက်ချလိုက်သည်။

နာကျည်းချက်များစုကာရိုက်ချလိုက်သည့်အရှိန်ကြောင့် နှုတ်ခမ်းထောင့်ကွဲကာ သွေးဆို့သွားသော Jungkookကမြေပြင်ပေါ်ထိုင်ချ၍ မျက်ရည်ရွှဲနေသော မျက်ဝန်းဝိုင်းတို့ဖြင့် နှုတ်ခမ်းကိုမဲ့ကာ တစ်ရှုံ့ရှုံ့ငိုနေသည်မှာ အပစ်ကင်းသည့်ကလေးတစ်ယောက်ကဲ့သို့ပင်။

Jimin က မကျေနပ်စွာ နောက်တစ်ချက်ထပ်ရိုက်ပြန်တော့လည်း ငြိမ်ခံနေကာတစ်ရှုံ့ရှုံ့ငိုပြန်သည်။

"ကျုပ်အဖေတောင်မရိုက်ဖူးတာကို အသင့်ကရိုက်တယ် ကျုပ်လုပ်ခဲ့တာတွေကအသင့်ကိုချစ်လို့ပါ!!!!ချစ်လွန်းလို့ပါဆို​နေတာကို!!!! ဘာလို့နားမလည်ရတာလဲ!!!!!! ကျုပ်ကိုထပ်ရိုက်ရင်သတ်ပစ်မယ်!!!!!!"

Jungkook၏ စကားကို Jiminက ခနဲ့ပြုံးပြုံးကာ သူ၏မျက်ရည်များကိုသုတ်လိုက်ပြီး

"အသင်ကကျွန်ုပ်ကိုချစ်တာမဟုတ်ဘူး!!!! အသင့်ကိုယ် အသင်ချစ်တာ!!!! ကျွန်ုပ်ကိုချစ်ရင်ကျွန်ုပ်ဘက်ကိုငဲ့ပေးလေ........နောက်ဆုံးအချိန်အထိအသင့်ဘက်ကိုပဲအသင်ကြည့်သွားတယ်........အသင်ကကျွန်ုပ်ကိုချစ်တာမဟုတ်ဘူးနှစ်နေတာ!!!!! စိတ်ဒုက္ခပင်လယ်ထဲကျွန်ုပ်ကိုနှစ်နေတာ!!!!! အတ္တကြီးတယ် တကိုယ်ကောင်းဆန်တယ်........အဲ့ဒါတွေကကောင်းတယ့်အရာလို့အသင်ထင်နေသလား!!!! အသင့်ကိုမိုးနတ်မင်းကအပစ်ပေးလိမ့်မယ်!!!!!"

" Jiminကိုသာရရင် ဘယ်သူအပစ်ပေးပေးဂရုမစိုက်ဘူး........အတ္တကြီးတယ်......ဟုတ်တယ်ကျုပ်ကအတ္တကြီးတယ်......အတ္တကြီးလို့အသင့်ကိုရအောင်ယူနိုင်ခဲ့တာလေ.....ဒါကကျုပ်အတွက်ကောင်းတယ့်အရာပဲ"

Jungkook ၏ တကိုယ်ကောင်းဆန်သည့်တွေးခေါ်မှုများသည် Jiminအတွက် အမုန်းတရားပိုတိုးစေသည်ကို Jungkookမသိခဲ့လေသလား။

"ကျွန်ုပ်ကိုပဲရမှာ......ကျွန်ုပ်စိတ်ကိုရမှာမဟုတ်ဘူး........"

"ကိစ္စမရှိဘူး......အဓိကကJiminအနားမှာရှိနေရင်ရပြီ.....အဲ့ဒါက Jiminရဲ့အသက်ရှိနေတယ့်ခန္ဓာကိုယ်ဖြစ်ဖြစ် အသက်မဲ့သွားတယ့်ဝိဥာဥ်ဖြစ်ဖြစ် အနားမှာရှိနေရင်ကျေနပ်ပြီ"

အရှင်းမပျောက်သေးသောအဖျားက စိတ်ပင်ပန်းလာသောကြောင့် အစာပျက်လက်နေသည့်ခန္ဓာကိုယ်သည်လည်းဒဏ်မခံနိုင်တော့ပဲ မူးရိပ်မူးရိပ်ဖြစ်လာတော့သည်။ လူပင်ပန်းတယ့်ဒဏ်ထက်စိတ်ပင်ပန်းမှုဒဏ်ကပို၍ဆိုးသောကြောင့် အရာအားလုံးကိုလွှတ်ချလိုက်သည့်နှယ် မြင်ကွင်းတို့ကိုပိတ်စေလိုက်တော့သည်။

ပင်ပန်းတယ်.....။

အမှောင်ဖုံးလွှမ်းသွားသောမြင်ကွင်းမှာအေးချမ်းကာတိတ်ဆိတ်နေသဖြင့် အခုလိုထာဝရအေးချမ်းသွားပါစေဟုဆုတောင်းမိလိုက်သည်။နှစ်နှစ်ကာကာဆုတောင်းမှုက မျက်ဝန်းထောင့်စွန်းမှ မျက်ရည်တစ်ပေါက်ကို သက်သေအဖြစ်ပြုပါရစေ။

"သခင်လေးJeon စစ်သည်တွေကိုအကုန်စုစည်းပြီးသွားပါပြီ"

Jungkookသည် မေ့လဲသွားသောJimin၏ ခန္ဓာကိုယ်ကိုပွေ့ချီလိုက်၍ သတင်းလာပေးသောHan Mo ၏ ဘက်သို့လှည့်ကာမေးလိုက်သည်။

"ပြည်သူတွေရော......"

"ကျုပ်တို့ကိုတိုက်ခိုက်တယ့် စစ်သည်တွေကိုပဲသုတ်သင်ခဲ့တာပါ......ထိခိုက်သွားတယ့်ပြည်သူတစ်ယောက်မှမရှိပါဘူး........"

"အင်း"

"ဝေါယဥ်အသင့်ဖြစ်နေပါပြီ သခင်လေး"

ပြေးလာပြီးပြောသည့် စစ်သည်တစ်ဦးကြောင့်Jungkookက ခေါင်းညိတ်ပြလိုက်ကာ စစ်သည်ညွှန်ပြသည့်ဝေါယဥ်အနားသို့Jiminကို ပွေ့ချီကာလျှောက်သွားလိုက်သည်။ ထို့နောက်အသင့်တံခါးလှပ်ပေးထားသောဝေါယဥ်ထဲသို့ Jiminကို ပွေ့ချီလျက်သားဝင်ထိုင်လိုက်သည်။ ဝေါယဥ်တံခါးပြန်ပိတ်၍ အနည်းငယ်လှုပ်သွားသည်ကဝေါယဥ်စတင်ထွက်ခွာနေခြင်းကြောင့်ဖြစ်သည်။ လက်ပွေ့ထဲ ပင်ပန်းစွာအ်ိပ်ပျော်နေသောကြင်ယာတော်၏နှဖူးသို့ငုံ့ကာနမ်းရှိုက်လိုက်ပြီး နှဖူးချင်း၊နှာခေါင်းချင်းထိတွေ့ထားကာ

"Jimin ရဲ့ပြည်သူတွေ တစ်ယောက်မှမထိခိုက်ဘူးတဲ့........ကျုပ်သေချာသတိပေးထားတာလေ........အဲ့ဒါကြောင့် မုန်းတာလေးနည်းနည်းလျှော့ပေးလို့မရဘူးလား~~~~"

တိုးရှရှတောင်းဆိုသံအဆုံး မျက်ရည်စက်တစ်စက်က ပါးပြင်တစ်လျှောက်စီးဆင်းလာပြီး Jimin၏ပါးပြင်ပေါ်သို့ခုန်ဆင်းကာ ဆက်လက်စီးကျသွားပြီး ဝတ်ရုံအောက်မှ မြေကြီးအမှုန်တို့ဖြင့်ပေကျံနေသောလက်သီးဆုတ်နှစ်ဖက်ကပို၍တင်းကျပ်သွားသည်။

===================================

ေႏြဦးေလေျပ၏ညႇင္းသြဲ႕သြဲ႕တိုက္ခတ္မႈေၾကာင့္ ႐ြက္ေဟာင္းတို႔ေျမခ၍ ႐ြက္ႏုေလးမ်ားပြင့္ဖူးသည့္အခ်ိန္။ တသိမ့္သိမ့္စီးဆင္းေနသည့္စမ္းေခ်ာင္းေလးေဘးတြင္ထိုင္ရင္း သဘာဝအေလ်ာက္ပြင့္ေနသည့္ ပန္း႐ိုင္းပြင့္ငယ္မ်ားစြာထဲကမွနီနီရဲရဲပန္းပြင့္ငယ္ကိုခူးယူကာ ေဘးတြင္ထိုင္ေနသူ၏နားၾကားတြင္ပန္ဆင္ေပးလိုက္သည့္အခါ ေခါင္းေလးငဲ့ကာၾကည့္လာသူ.......။

"လွတယ္....."

"ကြၽႏ္ုပ္ကလား........"

"အင္း....ပန္းကေလးကလွတယ္ က်ဳပ္တစ္ေယာက္ထဲပိုင္တယ့္ပန္းကေလးေလ"

သေဘာက်စြာ တခစ္ခစ္ရီေမာသံက ကမာၻေျမႀကီးရဲ႕လႈပ္ရွားမႈအားလုံးကိုရပ္တန္႔သြားေစသလိုပင္။ သူ၏အျမင္အာ႐ုံထဲမ်က္ဝန္းက်ဥ္းေလးမ်ားမွိတ္က်သည္အထိ ရီေမာေနသည့္သူကိုသာျမင္ရေတာ့သလိုပင္။

"ရာသီဥတုကသာယာတယ္ေနာ္......."

ရီေမာေနေသာသူသည္ ပတ္ဝန္း​က်င္သို႔ေခါင္းလွည့္ၾကည့္ကာ ေျပာလိုက္သည္။ ထိုသို႔ပတ္ဝန္းက်င္အားစူးစမ္းေနရင္းမွ သူ၏ေဘးတြင္ထိုင္ေနသူကိုျပန္လွည့္ၾကည့္လိုက္ေတာ့ ထိုသူကမရွိေတာ့ေပ။

"Jungkook.....ဘယ္ေရာက္သြားလဲ"

"Jimin!!!!"

အေနာက္ဘက္မွေအာ္သံေၾကာင့္ အထိတ္တလန္႔လွည့္ကာၾကည့္မိေတာ့ ျမင္လိုက္ရသည့္ျမင္ကြင္းကသူ႔အားအႀကီးအက်ယ္စိုးရိမ္ေသာကေရာက္သြားေစသည္။

ေျမျပင္ေပၚတြင္လက္ေနာက္ျပန္ႀကိဳးတုပ္ခံထားလ်က္ ဒူးေထာက္ထိုင္​ေနရေသာ သူ၏မိဘႏွစ္ပါး......လည္ပင္းေနရာမွေသြးတို႔စီးက်လ်က္ ငိုေႂကြးေနၾကကာမ်က္ရည္တို႔အစား ေသြးမ်က္ရည္ေတြသာစီးက်ေနသည္။

"အေမ!!!အေဖ!!!!!"

ထိုသို႔သူ၏မိဘႏွစ္ပါးအေနာက္တြင္ ေသြးစမ်ားေပပြေနေသာသူ၏ခင္ပြန္း Jungkookက ေသြးခ်င္းခ်င္းနီေနေသာဓားကိုကိုင္ကာ သူ႔အားစိုက္ၾကည့္ေနသည္။ ထို႔ေနာက္ ဓားကိုင္ေျမႇာက္လိုက္ကာ သူ၏မိဘႏွစ္ပါးလည္ပင္းထက္ဝယ္ျဖတ္ေတာက္ေတာ့မည့္ဟန္ျဖစ္တာေၾကာင့္ ေျပးကာတားရန္ျပင္လိုက္ေသာ္လည္း ေျခေခါက္လဲမႈ​ေၾကာင့္ေျမျပင္ေပၚသို႔ဝမ္းလ်ားေမွာက္က်သြားၿပီး နား႐ြက္ၾကားမွပန္းနီနီေလးသည္လည္းေျမေပၚသို႔ေႂကြဆင္းသြားရသည္။

"မလုပ္နဲ႔!!!!!!"

ေဝဝါးေနေသာအျမင္အာ႐ုံက ဘယ္ကိုေရာက္လို႔ေရာက္ေနမွန္းမသိပါေပ။အျဖစ္အပ်က္ေတြအားျပန္ကာစဥ္းစားၾကည့္ေတာ့ ေတာင္ေပၚမွျမင္းအနက္ျဖင့္ဒုန္းဆိုင္းဆင္းလာေသာ သူ၏ခင္ပြန္းပုံရိပ္ႏွင့္ အေနာက္ေဒေတာင္ၾကားတြင္ျဖစ္ခဲ့ေသာတိုက္ပြဲကိုသာမွတ္မိသည္။ အျဖစ္အပ်က္ေတြအားတစ္ခုခ်င္းစီ စဥ္းစားမိသည့္အခ်ိန္ သူ၏နားထဲသို႔ဝင္ေရာက္လာေသာဆူညံသံမ်ား၊တိုက္ခိုက္သံမ်ား၊လူတ္ို႔ေအာ္ဟစ္ငိုေႂကြးသံမ်ားေၾကာင့္ လဲေနရာမွအလ်င္စလိုထထိုင္လိုက္ေတာ့ ပူေႏြးေနေသာခႏၶာကိုယ္ႏွင့္ေက်ာဘက္မွဓားဒဏ္ရာက စိတ္သြားတိုင္းကိုယ္မပါလာေပ။

အနီးကပ္ၾကားေနရေသာတိုက္ခိုက္သံတို႔ေၾကာင့္ခႏၶာကိုယ္ကိုအားယူစြာ မူးေဝေနေသာေခါင္းကိုလ်စ္လ်ဴရႈ၍ အခန္းအတြင္းမွတစ္လွမ္းခ်င္းစီထြက္လာေတာ့အိမ္ေတာ္အတြင္း တစ္ဦးမွ်ရွိမေနေပ။ တိတ္ဆိတ္ေနကာအပ္ၾကသံပင္မၾကားရေလာက္ေအာင္ၿငိမ္သက္ေနေသာ အိမ္ေတာ္ကိုေဝ့ဝိုက္ၾကည့္ၿပီးေနာက္ အိမ္ေတာ္၏ပင္မတံခါးဝသို႔ေလွ်ာက္လာခဲ့သည္။ တံခါးဝႏွင့္နီးကပ္လာေလဆူညံသံတ္ို႔ပို၍က်ယ္ေလာင္လာေလျဖစ္တာေၾကာင့္ တံခါးမႀကီးအားအျမန္ပင္တြန္းဖြင့္လိုက္သည့္အခါ ျပင္ပျမင္ကြင္းမွာတိတ္ဆိတ္ေသာအိမ္ေတာ္ႏွင့္ျခားနားစြာ တျခားကမာၻသို႔ေရာက္သြားသည္ကဲ့သို႔ မီးပုံအပိုင္းအစမ်ား၊ေသေၾကေနေသာလူမ်ား၊ပ်က္ဆီးၿပိဳက်ေနေသာ အေဆာက္အဦးမ်ားေၾကာင့္ အိမ္ေတာ္အေပါက္ဝမွအျပင္သို႔ ေျပးထြက္လာခဲ့သည္။

အိမ္ေတာ္ၿခံဝိုင္း၏အျပင္ဘက္တြင္ ေသြးအိုင္ထဲလဲေလ်ာင္းေနသည့္ သမားေတာ္ဝတ္စုံႏွင့္သူရယ္ဦးရီးေတာ္၏လက္ေထာက္ျဖစ္သူတပ္မႈးတို႔၏ အေလာင္းကိုျမင္လိုက္ရေသာေၾကာင့္ မူးေဝေနေသာေခါင္းကပို၍ပင္အေျခအေနဆိုးသြားေတာ့သည္။ ႐ြာလမ္းတစ္ေလွ်ာက္အပ်က္အစီးမ်ားႏွင့္ေသဆုံးေနေသာစစ္သည္တို႔ကိုသာေတြ႕ေနရၿပီး အသက္ရွင္ေနသည့္သူဆိုလို႔ သူတစ္ေယာက္တည္းသာရွိသည္။

"ဘာေတြျဖစ္ကုန္တာလဲ.........ဦးရီးေတာ္ေရာ......"

Jimin၏ ရင္ထဲတြင္စိုးရိမ္မႈတို႔ႀကီးစိုးေနၿပီး ေၾကာက္လန္႔မႈတို႔လႊမ္းၿခဳံေနသည္။ ထိုသို႔ခံစားခ်က္ကို မႏိုးထလာမီ အိမ္မက္ကမာၻတြင္ႀကဳံဖူးၿပီးျဖစ္သည္။

"Jimin!!!!!"

အသက္ရႈပင္ေအာင့္ထားမိလိုက္သည္အထိ အက္ကြဲေနေသာေအာ္သံက သူ၏အေနာက္ဘက္မွေၾကာက္မက္ဖြယ္ထြက္ေပၚလာသည္။ တုန္လႈပ္ေနေသာေျခေထာက္တို႔က အေနာက္ဘက္သို႔လွည့္ၾကည့္ရန္ ေက်ာက္ခ်ထားသကဲ့သို႔မေ႐ြ႕ႏိုင္ျဖစ္ေနသည္။ စိတ္ကိုထိန္း၍ စုစည္းကာလွည့္ၾကည့္လိုက္ေတာ့ မတ္တပ္ပင္မရပ္ႏိုင္ေတာ့ပဲ ေျမျပင္ေပၚပုံလ်က္ထိုင္ခ်မိသြားသည္။

ေသြးခ်င္းခ်င္းနီရဲေသာသူ၏ဦးရီးေတာ္မွာ အေနာက္ေဒသ၏စစ္သည္ႏွစ္ေယာက္လက္ထဲ ေမ်ာ့ေမ်ာ့ေလးသာျဖစ္ေနေတာ့သည္။

"ဦးရီးေတာ္......."

သူေခၚလိုက္ေတာ့ မပြင့္တပြင့္မ်က္လုံးမ်ားျဖင့္ေမာ့ၾကည့္လာသည့္အႀကီးအကဲPark။

အိမ္မက္ထဲျမင္လိုက္ရသည့္ သူ၏မိဘႏွစ္ပါးပုံရိပ္၊ လက္ေတြ႕တြင္ျမင္ေနရေသာသူ၏ဦးရီးေတာ္ပုံရိပ္၊ အတိတ္ေရာပစၥဳပၸါန္မွာပါ ထပ္တူညီေနေသာအေနာက္ေဒသမ်ိဳးႏြယ္ဝင္ အသည္းထဲကကိုနာက်ည္းတယ္ဆိုတာ ဒီလိုအေျခအေနမွာေျပာသင့္တယ္ထင္ပါရဲ႕..........။

"Jungkook!!!!! ကြၽႏ္ုပ္ဦးရီးေတာ္ကိုလႊတ္ေပးပါ!!!!"

Jiminကေျပာလိုက္ေတာ့ စစ္သည္ႏွစ္ဦး၏လက္ထဲမွအႀကီးအကဲ Park ကို ဆြဲယူကာလည္ၿမိဳတြင္ဓားေထာက္လိုက္သည့္Jungkookက အသိမရွ္ိေတာ့သည့္အ႐ူးတစ္ေယာက္ႏွယ္.......။

"က်ဳပ္နဲ႔ျပန္လိုက္ခဲ့Jimin!!!! က်ဳပ္အနားမွာၾကင္ယာေတာ္အျဖစ္ တသက္လုံးေနေပး!!!!"

"ကြၽႏ္ုပ္အသင္နဲ႔မလိုက္ႏိုင္ဘူး!!!!"

"အား!!!!"

Jimin၏ စကားအဆုံး အႀကီးအကဲParkထံမွ နာက်င္စြာေအာ္ညီးသံကိုၾကားရသည္။Jungkookကိုင္ထားသည့္ ဓားခြၽန္၏ထိပ္ဖ်ားက အႀကီးအကဲPark ၏ လည္ၿမိဳထဲသို႔ထိုးေဖာက္ဝင္ေနၿပီ။

"မလုပ္နဲ႔!!!!!!"

"က်ဳပ္နဲ႔ျပန္လိုက္ခဲ့!!!"

"............."

"အားး!!!!!"

ဘယ္လိုေတာင္ရက္စက္တဲ့ကံၾကမၼာလဲ.......မိဘႏွစ္ပါးကိုသတ္ပစ္သူ၏သား၊ ျမတ္ႏိုးတန္ဖိုးထားရသည့္ေဒသကိုဖ်က္ဆီးပစ္သည့္သူ၊ မ်က္စိအေရွ႕တြင္ပဲ တစ္ဦးတည္းေသာေဆြမ်ိဳး၏အသက္ကိုၿခိမ္းေျခာက္ေနသည့္သူ......ထိုလိုလူႏွင့္အတူ သူဘယ္လိုစိတ္ျဖင့္တသက္လုံးအတူေနလို႔ရႏိုင္ပါမည္လဲ။

ေခါင္းထဲအေတြးေပါင္းစုံတို႔ေရာယွက္လာကာ ဆုံးျဖတ္ရခက္သည့္အခ်ိန္ မ်က္စိအေရွ႕ဆန္႔ငင္ဆန္႔ငင္ျဖစ္ေနေသာဦးရီးေတာ္ေၾကာင့္ မသက္သာသည့္အဆုံး........

"ကြၽႏ္ုပ္အရႈံး​ေပးတာမို႔လို႔!!!! ေတာ္လိုက္ပါေတာ့!!!!!"

"က်ဳပ္နဲ႔ျပန္လိုက္ခဲ့မွာလား......"

ျမင္ကြင္းမ်ားေဝဝါးသည္အထိ မ်က္ရည္ေပါက္ႀကီးငယ္က်ေနလ်က္သားျဖင့္ ေခါင္းကိုတဆက္ဆက္ညိတ္ျပလိုက္မိသည္။

"ေသခ်ာလား Jimin.......လိမ္ရင္......လိမ္ရင္က်ဳပ္ေဒသတစ္ခုလုံးကို.....က်ဳပ္.....မီးရႈိ႕ျပာခ်ပစ္မွာေနာ္!!"

စကားသံတို႔က လည္ပင္းဝတြင္တစ္ဆို႔ေနသျဖင့္အသံထြက္မလာႏိုင္ေသာေၾကာင့္ေခါင္းသာညိတ္ျပလိုက္မိၿပီး ခံျပင္းလြန္းသည့္စိတ္ေၾကာင့္ေျမႀကီးတို႔အားလက္ႏွစ္ဖက္ျဖင့္က်စ္ေနေအာင္ဆုတ္ထားမိလိုက္သည္။

Jimin ထံမွအတည္ျပဳခ်က္ရသည္ႏွင့္ Jungkookသည္ သူ၏လက္ထဲမွ ဓားခြၽန္ကိုပစ္ခ်ကာ ေဘးရွိစစ္သည္တစ္ေယာက္၏ဓားအိမ္ထဲမွဓားကိုဆြဲထုတ္၍ အႀကီးအကဲ Park ၏ ေက်ာျပင္သို႔ မ်က္စိတစ္မွိတ္အတြင္းလႊဲခုတ္လိုက္သည္။ အႀကီးအကဲPark၏ ေက်ာျပင္မွေသြးစတို႔က Jungkook၏ မ်က္ႏွာေပၚသို႔လြင့္စင္ကုန္သည္။ တစ္ဒဂၤအတြင္းျဖစ္ပ်က္သြားသည္ေၾကာင့္ Jiminသည္ အသက္ေတာင္မရႈႏိုင္ပဲေၾကာင္အစြာအတိုင္းသားၾကည့္ေနမိရင္းမွ ေျမျပင္ေပၚသို႔ အသက္မဲ့စြာ လဲက်သြားသည့္အႀကီးအကဲPark၏ ခႏၶာကိုယ္ေၾကာင့္ အသိစိတ္တို႔ျပန္ဝင္လာသည္။

"ဦးရီး~~~"

"တပ္ျပန္ဆုတ္မယ္!"

Jungkookက အမိန္႔ေပးလိုက္သျဖင့္ Han Mo ကဦးေဆာင္ကာ စစ္သည္တို႔ျဖင့္ျပန္၍လွည့္ထြက္သြားသည္။ Jiminသည္ အႀကီးအကဲPark၏ အေလာင္းအားအေၾကာင္သားၾကည့္ေနစဥ္မွာပဲ သူ၏တကိုယ္လုံးကေႏြးေထြးစြာေပြ႕ဖက္ျခင္းကိုခံလိုက္ရၿပီး အက္ရွရွေလသံက သူ၏နားစည္ဝသို႔တိုးဝင္လာသည္။

"သူရွိေနေသးရင္ သူကJiminကို က်ဳပ္ကိုမုန္းဖို႔ေျပာမွာစိုးလို႔သတ္လိုက္တာ.........."

"အား!!!!!!! ဦးရီးေတာ္!!!!!!"

Jungkook၏ ေပြ႕ဖက္မႈၾကားကမွ Jiminသည္ ေျမျပင္ေပၚလူးလွိမ့္ကာင္ိုေႂကြးသည္။ Jimin၏ က်ယ္ေလာင္ေသာရင္နင့္ဖြယ္ငိုေႂကြးသံေၾကာင့္ မ်က္စိမွိတ္ထားေသာ Jungkook၏မ်က္ခြံေအာက္မွလည္းမ်က္ရည္တို႔အဆက္မျပတ္စီးက်လာသည္။

"အတၱႀကီးလိုက္တာ!!!!! အသင့္အတၱအရမ္းႀကီးလြန္းတယ္!!!!!!!"

"ခ်စ္လို႔ပါ~~~~ က်ဳပ္ခ်စ္လို႔ပါ~~~~ မမုန္းပါနဲ႔"

Jungkook၏ စကားက Jiminကို ပို၍ရင္နာေစသည္။ Jiminသည္ ခံရခက္ေနေသာသူ၏ရင္ဘက္ကိုလက္ျဖင့္ထုကာထုကာျဖင့္ Jungkook၏ လက္ထဲမွ႐ုန္းထြက္ကာ အႀကီးအကဲPark၏ အေလာင္းဆီသို႔သြားရန္ျပင္ေသာ္လည္း Jungkookကမလႊတ္စတမ္း ေပြ႕ဖက္ထားသည္။

"မုန္းတယ္ Jungkook!!!!! အသင့္ကိုအရမ္းမုန္းတယ္!!!!!"

Jungkook သည္ Jiminကို ေပြ႕ဖက္ထားရာမွေခါင္းကိုဆက္တိုက္ခါကာ တုန္တုန္ရီရီအသံျဖင့္

"မမုန္းပါနဲ႔......Jiminကိုလိုခ်င္လို႔လုပ္မိခဲ့တာေတြပါ......ခ်စ္လြန္းလို႔ပါ က်ဳပ္အမွားမရွိဘူးေလ.......အသင့္မိဘေတြေသတာက်ဳပ္ေၾကာင့္မဟုတ္ဘူးေလ......ဒါပင္မယ့္အဲ့ဒါေၾကာင့္ အသင္ကက်ဳပ္ကိုမုန္းတယ္ေျပာတယ္.......အခုလည္းထပ္မုန္းျပန္ၿပီ........မခ်စ္ခိုင္းပါဘူး.......မခ်စ္ခိုင္းသလိုမုန္းလည္းမမုန္းခိုင္းဘူး.......Jiminက မခ်စ္ခိုင္းတာကိုက်ေတာ့နာခံၿပီး မမုန္းခိုင္းတာက်ေတာ့မနာခံခ်င္ဘူးလား......... က်ဳပ္Jiminေၾကာင့္လုပ္ခဲ့တာေတြႀကီးပဲ ပညာေရးအမတ္ကိုသတ္တာေရာ........Ae Suuနဲ႔အႀကီးအကဲPark ကိုသတ္တာေရာ.......အကုန္Jiminေၾကာင့္ပဲ!!!!! Jiminကိုခ်စ္လြန္းလို႔ျဖစ္တာကို မမုန္းပါနဲ႔လား!!!!!!!!"

ေသြးစတို႔ျဖင့္ေပက်ံေနေသာမ်က္ႏွာ ၊ နီေဆြးေနေသာ မ်က္ဝန္းတို႔ျဖင့္စိုက္ၾကည့္ကာ တဆက္ဆက္တုန္ေနေသာႏႈတ္ခမ္းပါးတို႔က ေအာ္ဟစ္ကာေျပာလာသည့္စကားတို႔ ေၾကာင့္
Jimin သည္ ေျပာစရာစကားမဲ့သြားၿပီး Jungkook၏မ်က္ႏွာအား လႊဲ႐ိုက္ခ်လိုက္သည္။

နာက်ည္းခ်က္မ်ားစုကာ႐ိုက္ခ်လိုက္သည့္အရွိန္ေၾကာင့္ ႏႈတ္ခမ္းေထာင့္ကြဲကာ ေသြးဆို႔သြားေသာ Jungkookကေျမျပင္ေပၚထိုင္ခ်၍ မ်က္ရည္႐ႊဲေနေသာ မ်က္ဝန္းဝိုင္းတို႔ျဖင့္ ႏႈတ္ခမ္းကိုမဲ့ကာ တစ္ရႈံ႕ရႈံ႕ငိုေနသည္မွာ အပစ္ကင္းသည့္ကေလးတစ္ေယာက္ကဲ့သို႔ပင္။

Jimin က မေက်နပ္စြာ ေနာက္တစ္ခ်က္ထပ္႐ိုက္ျပန္ေတာ့လည္း ၿငိမ္ခံေနကာတစ္ရႈံ႕ရႈံ႕ငိုျပန္သည္။

"က်ဳပ္အေဖေတာင္မ႐ိုက္ဖူးတာကို အသင့္က႐ိုက္တယ္ က်ဳပ္လုပ္ခဲ့တာေတြကအသင့္ကိုခ်စ္လို႔ပါ!!!!ခ်စ္လြန္းလို႔ပါဆို​ေနတာကို!!!! ဘာလို႔နားမလည္ရတာလဲ!!!!!! က်ဳပ္ကိုထပ္႐ိုက္ရင္သတ္ပစ္မယ္!!!!!!"

Jungkook၏ စကားကို Jiminက ခနဲ႔ၿပဳံးၿပဳံးကာ သူ၏မ်က္ရည္မ်ားကိုသုတ္လိုက္ၿပီး

"အသင္ကကြၽႏ္ုပ္ကိုခ်စ္တာမဟုတ္ဘူး!!!! အသင့္ကိုယ္ အသင္ခ်စ္တာ!!!! ကြၽႏ္ုပ္ကိုခ်စ္ရင္ကြၽႏ္ုပ္ဘက္ကိုငဲ့ေပးေလ........ေနာက္ဆုံးအခ်ိန္အထိအသင့္ဘက္ကိုပဲအသင္ၾကည့္သြားတယ္........အသင္ကကြၽႏ္ုပ္ကိုခ်စ္တာမဟုတ္ဘူးႏွစ္ေနတာ!!!!! စိတ္ဒုကၡပင္လယ္ထဲကြၽႏ္ုပ္ကိုႏွစ္ေနတာ!!!!! အတၱႀကီးတယ္ တကိုယ္ေကာင္းဆန္တယ္........အဲ့ဒါေတြကေကာင္းတယ့္အရာလို႔အသင္ထင္ေနသလား!!!! အသင့္ကိုမိုးနတ္မင္းကအပစ္ေပးလိမ့္မယ္!!!!!"

" Jiminကိုသာရရင္ ဘယ္သူအပစ္ေပးေပးဂ႐ုမစိုက္ဘူး........အတၱႀကီးတယ္......ဟုတ္တယ္က်ဳပ္ကအတၱႀကီးတယ္......အတၱႀကီးလို႔အသင့္ကိုရေအာင္ယူႏိုင္ခဲ့တာေလ.....ဒါကက်ဳပ္အတြက္ေကာင္းတယ့္အရာပဲ"

Jungkook ၏ တကိုယ္ေကာင္းဆန္သည့္ေတြးေခၚမႈမ်ားသည္ Jiminအတြက္ အမုန္းတရားပိုတိုးေစသည္ကို Jungkookမသိခဲ့ေလသလား။

"ကြၽႏ္ုပ္ကိုပဲရမွာ......ကြၽႏ္ုပ္စိတ္ကိုရမွာမဟုတ္ဘူး........"

"ကိစၥမရွိဘူး......အဓိကကJiminအနားမွာရွိေနရင္ရၿပီ.....အဲ့ဒါက Jiminရဲ႕အသက္ရွိေနတယ့္ခႏၶာကိုယ္ျဖစ္ျဖစ္ အသက္မဲ့သြားတယ့္ဝိဥာဥ္ျဖစ္ျဖစ္ အနားမွာရွိေနရင္ေက်နပ္ၿပီ"

အရွင္းမေပ်ာက္ေသးေသာအဖ်ားက စိတ္ပင္ပန္းလာေသာေၾကာင့္ အစာပ်က္လက္ေနသည့္ခႏၶာကိုယ္သည္လည္းဒဏ္မခံႏိုင္ေတာ့ပဲ မူးရိပ္မူးရိပ္ျဖစ္လာေတာ့သည္။ လူပင္ပန္းတယ့္ဒဏ္ထက္စိတ္ပင္ပန္းမႈဒဏ္ကပို၍ဆိုးေသာေၾကာင့္ အရာအားလုံးကိုလႊတ္ခ်လိုက္သည့္ႏွယ္ ျမင္ကြင္းတို႔ကိုပိတ္ေစလိုက္ေတာ့သည္။

ပင္ပန္းတယ္.....။

အေမွာင္ဖုံးလႊမ္းသြားေသာျမင္ကြင္းမွာေအးခ်မ္းကာတိတ္ဆိတ္ေနသျဖင့္ အခုလိုထာဝရေအးခ်မ္းသြားပါေစဟုဆုေတာင္းမိလိုက္သည္။ႏွစ္ႏွစ္ကာကာဆုေတာင္းမႈက မ်က္ဝန္းေထာင့္စြန္းမွ မ်က္ရည္တစ္ေပါက္ကို သက္ေသအျဖစ္ျပဳပါရေစ။

"သခင္ေလးJeon စစ္သည္ေတြကိုအကုန္စုစည္းၿပီးသြားပါၿပီ"

Jungkookသည္ ေမ့လဲသြားေသာJimin၏ ခႏၶာကိုယ္ကိုေပြ႕ခ်ီလိုက္၍ သတင္းလာေပးေသာHan Mo ၏ ဘက္သို႔လွည့္ကာေမးလိုက္သည္။

"ျပည္သူေတြေရာ......"

"က်ဳပ္တို႔ကိုတိုက္ခိုက္တယ့္ စစ္သည္ေတြကိုပဲသုတ္သင္ခဲ့တာပါ......ထိခိုက္သြားတယ့္ျပည္သူတစ္ေယာက္မွမရွိပါဘူး........"

"အင္း"

"ေဝါယဥ္အသင့္ျဖစ္ေနပါၿပီ သခင္ေလး"

ေျပးလာၿပီးေျပာသည့္ စစ္သည္တစ္ဦးေၾကာင့္Jungkookက ေခါင္းညိတ္ျပလိုက္ကာ စစ္သည္ၫႊန္ျပသည့္ေဝါယဥ္အနားသို႔Jiminကို ေပြ႕ခ်ီကာေလွ်ာက္သြားလိုက္သည္။ ထို႔ေနာက္အသင့္တံခါးလွပ္ေပးထားေသာေဝါယဥ္ထဲသို႔ Jiminကို ေပြ႕ခ်ီလ်က္သားဝင္ထိုင္လိုက္သည္။ ေဝါယဥ္တံခါးျပန္ပိတ္၍ အနည္းငယ္လႈပ္သြားသည္ကေဝါယဥ္စတင္ထြက္ခြာေနျခင္းေၾကာင့္ျဖစ္သည္။ လက္ေပြ႕ထဲ ပင္ပန္းစြာအ္ိပ္ေပ်ာ္ေနေသာၾကင္ယာေတာ္၏ႏွဖူးသို႔ငုံ႔ကာနမ္းရႈိက္လိုက္ၿပီး ႏွဖူးခ်င္း၊ႏွာေခါင္းခ်င္းထိေတြ႕ထားကာ

"Jimin ရဲ႕ျပည္သူေတြ တစ္ေယာက္မွမထိခိုက္ဘူးတဲ့........က်ဳပ္ေသခ်ာသတိေပးထားတာေလ........အဲ့ဒါေၾကာင့္ မုန္းတာေလးနည္းနည္းေလွ်ာ့ေပးလို႔မရဘူးလား~~~~"

တိုးရွရွေတာင္းဆိုသံအဆုံး မ်က္ရည္စက္တစ္စက္က ပါးျပင္တစ္ေလွ်ာက္စီးဆင္းလာၿပီး Jimin၏ပါးျပင္ေပၚသို႔ခုန္ဆင္းကာ ဆက္လက္စီးက်သြားၿပီး ဝတ္႐ုံေအာက္မွ ေျမႀကီးအမႈန္တို႔ျဖင့္ေပက်ံေနေသာလက္သီးဆုတ္ႏွစ္ဖက္ကပို၍တင္းက်ပ္သြားသည္။

===================================

Continue Reading

You'll Also Like

214K 4.8K 71
imagines as taylor swift as your mom and travis kelce as your dad
71.9K 2.4K 70
I do not own any of the characters. Y/n are a supe. But not a famous one, that didn't work out. Now you are one of the sevens PAs. Maybe, briefly Th...
294K 8.2K 137
"𝑻𝒉𝒆𝒓𝒆'𝒔 𝒓𝒆𝒂𝒍𝒍𝒚 𝒏𝒐 𝒘𝒂𝒚 𝒐𝒇 𝒘𝒊𝒏𝒏𝒊𝒏𝒈 𝒊𝒇 𝒊𝒏 𝒕𝒉𝒆𝒊𝒓 𝒆𝒚𝒆𝒔 𝒚𝒐𝒖'𝒍𝒍 𝒂𝒍𝒘𝒂𝒚𝒔 𝒃𝒆 𝒂 𝒅𝒖𝒎𝒃 𝒃𝒍𝒐𝒏𝒅𝒆."
38.5K 838 15
Jake, Sunoo and Jungwon went to a bar they had never been to before, And while they were there in that bar, they didn't know that there were four men...