ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ...

By jellyflower1

29.1K 3.1K 15

Male Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင... More

အညွှန်း
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အခန်း(၁၇)
Announcement
အခန်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
ပိတ်ရက်မှာ စာဖတ်ရင်း နားမယ်ဆိုရင်
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
Gpအသစ် ဖွင့်ခြင်း
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
VIP Gp3 အသစ် memberလက်ခံပေးနေပါပြီ
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အထူးလျှော့ဈေးဗျို့ လက်မလွှတ်သင့်ဘူးနော်
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
Gp 4 ဝယ်ယူနိုင်ပါပြီ
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
စာစဉ်(၁၅) အပိုင်း(၂၁၁ မှ ၂၂၅ အထိ)
အပိုင်း(၉၆)

အပိုင်း(၄၂)

259 27 0
By jellyflower1

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၄၂)

ယွမ်ကျိုးက ကြွေခွက်အညံ့စားကို ယူလိုက်ပြီး ဟင်းခတ်အမွှေးအကြိုင်များ ထည့်ရန် ပြင်ဆင်သည်။ သူက ဆားဘူးကို ဖွင့်လိုက်ပြီး သူ့အကြိုက်အလိုက် ဆားထည့်ပြီး ပင်လယ်စာဆော့စ်ကိုလည်း အရသာရှိအောင် ထည့်လိုက်သည်။ ထို့နောက် သူကခွက်ကို အောက်ချထားလိုက်ပြီး ခေါက်ဆွဲထည့်သည်။

ယွမ်ကျိုးက ရေစစ်သော ယောက်ချို နှင့် ရှည်လျားသောဝါတူကို ကျင်လည်စွာ အသုံးပြုပြီး  ခေါက်ဆွဲကို ဆယ်ကာ ရေအေးထဲ လျင်မြန်စွာ နှစ်လိုက်သည်
ထို့နောက် ခေါက်ဆွဲများက အမွှေးအကြိုင် ရောစပ်ထားသော ခွက်ထဲပစ်ထည့်လိုက်သည်။

ပွက်ပွက်ဆူနေသော စွပ်ပြုတ်များကို ဇွန်းအပြည့်ခပ်ကာ ခေါက်ဆွဲပေါ် လောင်းချလိုက်သည်။ အပူချိန်မြင့်တက်လာခြင်းကို ချက်ချင်း ခံစားရပြီး မွှေးကြိုင်သောရနံ့က သူ့နှာခေါင်းထဲ ဝင်ရောက်လာသည်။

နှမ်းဆီး တစ်စက် နှစ်စက်ခန့် ထည့်လိုက်သောအခါ မွှေးရနံ့ ပိုသင်းကြိုင်လာပြီး မီးဖိုချောင်ထဲ ပြန့်သွားသည်။

ယွမ်ကျိုးက ခေါက်ဆွဲပန်ကန်လုံးကို သယ်ဆောင်ကာ သူ့သီးသန့်ခုံမှာ ထိုင်လိုက်သည်။ ပန်ကန်လုံး၏ ၈၀ရာခိုင်နှုန်းခန့်က စွပ်ပြုတ်အရည်ဖြစ်ပြီး ခေါက်ဆွဲ အတော်အတန်ပါသည်။

ယွမ်ကျိုးက ခေါက်ဆွဲထက် ထမင်းကို ပိုနှစ်သက်သည်။ အရွယ်ရောက်အမျိုးသားဖြစ်သော်လည်း ခေါက်ဆွဲ ၅၀ဂရမ်ကိုသာ စားသုံးနိုင်သည်။ ထို့ကြောင့် စားသောက်ဆိုင်မှာ သွားစားတိုင်း ခေါက်ဆွဲ နည်းနည်းပဲ ထည့်ခိုင်း၍ သူဌေးက ထူးဆန်းသော အကြည့်ဖြင့် ကြည့်တတ်သည်။

ယခုတော့ ယွမ်ကျိုးက ခေါက်ဆွဲပန်ကန်လုံးကို ကိုင်ကာ အားရပါးရ စားသောက်နေသည်။ ဤမြင်ကွင်းကို ကြည့်ရုံဖြင့် သူက ခေါက်ဆွဲ မကြိုက်သူဟု ယုံကြည်ရန် ခက်ခဲသည်။

“တကယ့်ကို အရသာရှိတယ်” ယွမ်ကျိုး ရေရွတ်သည်။

ဟင်းခတ်အမွှေးအကြိုင် နည်းနည်းခန့် ထည့်သုံးထားသော်လည်း ခေါက်ဆွဲပြုတ်က သာမန်ခေါက်ဆွဲစွပ်ပြုတ်ထက် အရသာရှိသည်။

စနစ်က အကောင်းဆုံး ဂျုံကို အသုံးပြုပေးထား၍ ဖြစ်နိုင်သည်။

စနစ် “ဂျုံစေ့ကို မကြိတ်ခင် အကောင်းဆုံး ဂျုံစေ့တွေကို ရွေးချယ်ပြီးမှ အခွံချွတ်တယ်။ ပြီးမှ ကြိတ်တာပါ”

"ဂျုံစေ့တွေကို ရိုးရာနည်းအတိုင်း ကျောက်တုံးကြိတ်စက်မှာ ကြိတ်တယ်။ ဂျုံစေ့ထဲမှာပါဝင်တဲ့ အာဟာရဓာတ်ကို အလဟဿမဖြစ်အောင် အပူချိန်ကို လျော့ထားတယ်။ ကျောက်တုံးကြိတ်စက်တွေမှာ ကြိတ်ရင် အာဟာရဓာတ်တွေကို ထိန်းထားနိုင်တယ်"

"အဲ့ဒီအာဟာရဓာတ်တွေထဲမှာ ပရိုတိန်း၊ဂလူတင်၊ကယ်ရိုတင်း၊ကာဗွန်ဟိုက်ဒရိတ်၊ကယ်ဆီယမ်၊ဖော့စပေါရပ်စ်၊အိုင်းယွန်း၊ဗီတာမင် ဘီ၁၊ဘီ၂ အစရှိတာတွေ ပါဝင်တယ်။ သာမန်ဂျုံထက် ကယ်ရိုတင်းနဲ့ဗီတာမင် အီး ‌ပိုပေါကြွယ်ဝတာကို တွေ့ရတယ်။ ဒီ့အပြင် ဂျုံစေ့တွေကို ဖြေးဖြေးချင်း ကြိတ်တဲ့အတွက်ကြောင့် ဂျုံစေ့တွေမှာရှိတဲ့ မော်လီကျူးတည်ဆောက်ပုံကို မပျက်စီးစေဘူး။ အရောင်အဆင်း၊အနံ့အရသာအတွက် ဓာတုပစ္စည်း‌တွေ သုံးစရာမလိုဘူး"

"မူလအရောင်က အဝါရောင်ဖြစ်ရတဲ့ အကြောင်းအရင်းက လူသားတွေရဲ့အာရုံကြောစနစ်နဲ့ အရေပြားတစ်ရှူးတွေကို ကောင်းမွန်စေတဲ့ ဗီတာမင် ဘီ ပေါကြွယ်ဝလို့ပဲ"

ယွမ်ကျိုးစားလိုက်သော ခေါက်ဆွဲက စနစ်မှ အထူးပံ့ပိုးထားသော ဂျုံခေါက်ဆွဲဖြစ်သည်။ ယွမ်ကျိုးက သူ့ခံတွင်းထဲ ဝင်သွားသော ခေါက်ဆွဲများကို အကြိမ်ပေါင်းများစွာ လှည့်ပတ်ကြိတ်ချေသည်။ တစ်ကိုက် စားကြည့်ရုံဖြင့် ခေါက်ဆွဲ၏အရသာ ထူးခြားမှုကို သိနိုင်သည်။ မုန့်ညှက်နယ်စဉ်အတွင်း ဖြစ်ပေါ်လာသော မွှေးရနံ့သည် ခေါက်ဆွဲအသားတွင် ထွက်ပေါ်လာသည်။ တစ်ကိုက်စားကြည့်ရုံဖြင့် ရွှေရောင်ဂျုံခင်းထဲ လွင့်မျောနေသည်ဟု ခံစားရသည်။ နတ်သုဒ္ဓါ စားနေရသည်ဟု ထင်မှတ်မိသည်။ အဓိက ပါဝင်ပစ္စည်းက ခေါက်ဆွဲဖြစ်ပြီး တခြားဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများက ခေါက်ဆွဲ၏ဖြည့်ဖက် ပစ္စည်းများသာ ဖြစ်သည်။ ထူးကဲစွာ ဖြည့်စွက်အသုံးပြုထားသော တွင်းဆားနှင့် အံ့ဩဖွယ်ကောင်းသော စွပ်ပြုတ်က အဓိကပါဝင်ပစ္စည်း၏အရသာကို ပို၍ ကောင်းမွန်စေသည်။ ဝါးစားရန်သင့်လျော်သော  ခေါက်ဆွဲအသားများသည် ချောမွေ့ပြီး အလွယ်တကူမြိုချနိုင်သည်။ နင်ခြင်းနှင့် အစာရေမျိုတွင် ကပ်ညှိစရာအကြောင်းမရှိပေ။ အကြောင်းမူကား အစာအိမ်သည် ခေါက်ဆွဲများကို များသထက်များများစားရန် တောင်းဆိုနေသောကြောင့် ဖြစ်သည်။

ယွမ်ကျိုးက ခေါက်ဆွဲများကို အငမ်းမရစားနေသောအသံသည် စားသောက်ဆိုင်တစ်ဆိုင်လုံး ပဲ့တင်ထပ်နေသည်။ ဟင်းပွဲက အရမ်းကို အရသာရှိနေလျှင် မည်သူက ဟန်ဆောင်ပန်ဆောင်စားနိုင်မည်နည်း။

နောက်ဆုံးလက်ကျန်ခေါက်ဆွဲများကို ပလုတ်ပလောင်းဝါးကာ မြိုချလိုက်ပြီးနောက် ယွမ်ကျိုးက ‌ခွက်ကို သယ်ဆောင်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ ကျန်နေသေးသောစွပ်ပြုတ်ရည်များကို သောက်လိုက်သည်။

"အရမ်းအရသာရှိတာဘဲ" ယွမ်ကျိုးက သူ့ရဲ့ဝမ်းဗိုက်ကို မသိမသာထိတွေ့ကြည့်သည်။ ပန်းကန်လုံးအလွတ်နှင့် ခေါက်ဆွဲချက်သောအိုးကို ငေးကြည့်နေစဉ် လေးကန်စွာ သက်ပြင်းချလိုက်သည်။

"ဗိုက်အရမ်းပြည့်သွားပြီ။ ထပ်မစားနိုင်တော့ဘူး" ယွမ်ကျိုးက နောင်တရသော လေသံဖြင့် စကားပြောသည်။ ဗိုက်ပြည့်အောင်စားပြီးနောက် မစ်ရှင်အခြေအနေကို စစ်ဆေးရန် ဖန်သားပြင်ကို ထိတွေ့လိုက်ပြီး သူ့ဆီပို့ထားသောစာများကို ကြည့်လိုက်သည်။

ပစ်မှတ် :  စနစ်က မင်းကို ထိပ်တန်းစားဖိုမှူးဖြစ်လာအောင် အရှေ့တိုင်း နှင့် အနောက်တိုင်းဟင်းလျာများ နှံ့နှံ့စပ်စပ် ကျွမ်းကျင်အောင် ကူညီပေးမည်။

လက်ခံသူဆိုင်ရှင် : ယွမ်ကျိုး (သာမန် ဟန် တရုတ်လူမျိုး)

လိင်အမျိုးအစား  : အမျိုးသား

အသက်  : ၂၄
ရုပ်ပိုင်းဆိုင်ရာ

အရည်အသွေး  : C

ဟင်းချက်စွမ်းရည်      : မဆုံးဖြတ်နိုင်သေး

ကျွမ်းကျင်မှု     : မရှိသေး

ကိရိယာ     : မရှိသေး
(ကြက်ဥထမင်းကြော်ကိုသာ ကျွမ်းကျင်စွာ ချက်ပြုတ်တတ်သေးသည့် အတွေ့အကြုံမရှိသေးသူ)

အဆင့် ၂

ဂုဏ်ပုဒ် : ဂျုံအစားအသောက် ချက်ပြုတ်မှု ကျွမ်းကျင်သူ
(မီးဖိုချောင်ထဲမှာ အလုပ်လုပ်ရတာ တအားပင်ပန်းနေမှာပဲ။ မင်း ဟင်းချက်စွမ်းရည် တိုးတက်ဖို့ အနားယူချိန် လိုအပ်တယ်။ ဒါကြောင့်မို့ မင်းရဲ့စီးပွားရေးလုပ်တဲ့အချိန်ကို နေ့စဥ် ၆နာရီ လျှော့ချရန် ဆုံးဖြတ်လိုက်တယ်)

[မစ်ရှင်၂] ဆိုင်ရှင်က အနီးအနား ပတ်ဝန်းကျင်မှာ အတော်အတန် အောင်မြင်နေပါပြီ။ ရက်၂၀အတွင်း အင်တာနက်ပေါ်မှာ အသိအမှတ်ပြုတဲ့အမှတ် ၁၀၀၀ရအောင် ကြိုးစားပေးပါ။

(မစ်ရှင်တိုးတက်မှုအခြေအနေ   :  ၁၀၀၀/၁၀၀၀) ပြီးမြောက်

(မစ်ရှင်အညွှန်း : ဆိုင်ရှင်ကိုယ်တိုင် (သို့) ငွေသုံး ကြော်ငြာခြင်း ခွင့်မပြုပါဘူး။ အနာဂတ်ကျွမ်းကျင်စားဖိုမှူးအနေနဲ့ မင်းကိုယ်တိုင် ကြော်ငြာဖို့ သင့်လျော်ပါ့မလား။ တစ်ဆင့်စကား တစ်ဆင့်ပါးပြီး ကြော်ငြာပါ)

[မစ်ရှင်ဆုလာဘ်] ခေါက်ဆွဲပြုတ်အချို (လက်ခံရရှိ)

အသေးစိတ်စစ်ဆေးကြည့်ပြီးနောက် ယွမ်ကျိုးက အဆင့်၂ကို ရောက်ရှိသွားကြောင်း သိရသည်။

"အဆင့်တိုးသွားရင် ဘာဆုလာဘ်ရမှာလဲ စနစ်"

စနစ်က ပြန်‌ဖြေသည်။ "လူနှစ်ယောက်အတွက် စားပွဲခုံနဲ့ထိုင်ခုံကို သော့ဖွင့်နိုင်ပါတယ်"

"ကံစမ်းမဲစနစ်ကို ‌ဒေါင်းလော့ ဆွဲနေပါပြီ။ ဒေါင်းလော့ဆွဲခြင်း ပြီးမြောက်ပါပြီ။ ဆိုင်ရှင်က ကံစမ်းမဲနှိုက်ခွင့်ရပါတယ်။ စမ်းသပ်ကြည့်ပါ"

"ကံစမ်းမဲလား။ ဒါက ပုံစံအသစ်လား" ယွမ်ကျိုးက အောက်မေးရိုးကို ပွတ်သပ်လိုက်သည်။  ဝင်ပေါက်ဘေးနားမှာ ချိတ်ဆွဲထားသော ပန်းများ ပျောက်ကွယ်သွားသည်။ ဤနေရာတွင် မှိန်ပျပျ မီးချောင်းများ အစားထိုးလာသည်။ စနစ်က စားပွဲခုံနှင့်ထိုင်ခုံတစ်စုံကို ဖန်တီးလိုက်ပုံပေါက်သည်။

"အခုပဲ ကံစမ်းသင့်လား။ နောက်မှပဲ ကံစမ်းသင့်လား"

"ဘာဆုလာဘ်လဲ အရင်ဆုံး စစ်ဆေးကြည့်မယ်" ယွမ်ကျိုးက ကံစမ်းမဲစာမျက်နှာကို ကြည့်ပြီး မဲ့ရွဲ့သွားသည်။

သူ့စိတ်ထဲတွင် ဆုလာဘ်နှစ်ခုကိုသာ ဖော်ပြထားသည်။ ဆော့အမျိုးအစား ၂၂၂ခုအနက် ကံစမ်းမဲနှိုက်လျှင် ဆော့စ်နှစ်မျိုးကို ရရှိမည်။

သူ့ကို အံ့ဩစေခြင်းက ကံစမ်းမဲစနစ်တွင် အသုံးပြုသော ကိရိယာက အန်စာတုံးဖြစ်သည်။ အန်စာတုံးလိမ့်၍ ကံစမ်းမဲနှိုက်ခြင်း ဖြစ်သည်။

"ငါက ဘယ်လိုမျိုး ကံစမ်းရမလဲ"
ယွမ်ကျိုးက မျက်လုံး ကလည်ကလည်ဖြင့် နှုတ်ဆိတ်နေမိသည်။

ယွမ်ကျိုးမေးလိုက်စဉ် အန်စာတုံး တစ်တုံးက ဘယ်ဘက်လိမ့်သွားပြီး တစ်ဖက်သို့ တိတ်တဆိတ် ရွေ့လျားသွားသည်။

"မိုက်လှချည်းလား။ တကယ်ကို စနစ်ကျတာပဲ"

"အန်စာလိမ့်မယ်"
အန်စာက တသတ်မတ်တည်းနှုန်းဖြင့် အလိုအလျောက် စတင်‌သည်။

၁၀စက္ကန့်ကြာပြီးနောက် "ရပ်"ဟု ပြောလိုက်၍ စနစ်က အလိုအလျောက် ထိန်းချုပ်ပေးသွားမည်ဟု တွေးထားသော်လည်း ၁၀စက္ကန့်ကျော်သည်အထိ အန်စာတုံးက ဆက်လက်လိမ့်နေသည်။ ထိုမှသာ ယွမ်ကျိုး၏ ထင်ကြေးမှားသွားမှန်း သိသည်။

အန်စာတုံး ချက်ချင်း ရပ်တန့်သွားသောအခါ ၎င်း‌အပေါ်မှ နံပါတ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

အပိုင်း(၄၂)
ပြီး၏။



Continue Reading

You'll Also Like

71.9K 2.2K 200
Just funny interactions between the descendants characters. Pairings are bal, devie, Jonnie, jarlos, huma, gaudrey, Chad and Freddie. Warning: conta...
12.6K 1.2K 53
ရီပင်းဆိုတဲ့လူငယ်လေးက ဒီဘက်ခေတ်ကနေ ကျင့်ကြံခြင်းလောကထဲရောက်ခဲ့တယ်။ ဒါမဲ့အဲ့လူငယ်လေးက ကျင့်ကြံခြင်းလောကမှန်းမသိပဲ စာပေပညါ ပန်းချီပညာစတဲ့ပညာတွေကိုသာလေ့...
2.5K 37 13
"So you really love me?" "Yk I do ma don't act like det" © NARDOOWICKK PRODUCTIONS
594 87 21
🤎Dazai & Chuuya Fan-fiction🖤 All pictures are not my own, from pinterest and fully credits to the right owners.🤍 Starting date 31.10.21 Ending dat...