ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ...

By jellyflower1

28.6K 3.1K 15

Male Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင... More

အညွှန်း
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အခန်း(၁၇)
Announcement
အခန်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
ပိတ်ရက်မှာ စာဖတ်ရင်း နားမယ်ဆိုရင်
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
Gpအသစ် ဖွင့်ခြင်း
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
VIP Gp3 အသစ် memberလက်ခံပေးနေပါပြီ
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အထူးလျှော့ဈေးဗျို့ လက်မလွှတ်သင့်ဘူးနော်
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
Gp 4 ဝယ်ယူနိုင်ပါပြီ
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
စာစဉ်(၁၅) အပိုင်း(၂၁၁ မှ ၂၂၅ အထိ)
အပိုင်း(၉၆)

အပိုင်း(၄၁)

274 26 0
By jellyflower1

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၄၁)

ဂွီ

သူ့အစာအိမ်မှ ဗိုက်ဆာလောင်သောအသံ ထွက်ပေါ်လာ၍ ယွမ်ကျိုး လန့်နိုးသွားသည်။ သူက အတွေးထဲနစ်မြောနေပြီး ခေါက်ဆွဲပြုတ်အချို ချက်ပြုတ်နည်းကို အထင်ကြီးလေးစားနေသည်။

“အို့ ဒီနေ့ည ညစာတောင် မစားရသေးဘူး။ ညစာအတွက် ခေါက်ဆွဲပြုတ် ပြင်ဆင်ရင် မကောင်းဘူးလား” ယွမ်ကျိုးက တည်ငြိမ်စွာဖြင့် သူ့စိတ်ထဲ ရေရွတ်လိုက်သည်။ စောနတုန်းက ကြက်ဥထမင်းကြော် ၂ပွဲစားထားခြင်းကို မေ့လျော့နေသည်။

“ဒုန်း ဒုန်း ဒုန်း"

သူက အောက်ထပ်သို့ အမြန်ပြေးဆင်းသွားသည်။

မီးဖိုချောင် မီးများကို ဖွင့်လိုက်သောအခါ နေ့အချိန်ကဲ့သို့ တစ်ခန်းလုံး လင်းလက်သွားသည်။ ပင်မခန်းမဆောင်ထဲမှ အလင်းရောင်များသည် စားသုံးသူများကို နွမ်းလျစိတ် ပြေလျော့စေသည်။

ယွမ်ကျိုး မျှော်လင့်ထားသည့်အတိုင်း မီးဖိုချောင်ထဲမှာ ပစ္စည်းအသစ် ရောက်နေသည်။

အံဆွဲအသစ်အပေါ်တွင် ‘ဘက်စုံသုံး’ဟူသောစကားလုံး ရေးထိုးထားသည်။ ရှောင်လုံပေါင်း အသုံးပြုခဲ့သော ဂျုံအံဆွဲ၏ ဘေးနားတွင် ရှိသည်။ ထိုစဥ် မီးဖိုဘေးတွင် ချက်ပြုတ်အိုးအသစ် ပေါ်လာသည်။ သို့သော်လည်း ယွမ်ကျိုး ယခင်က မြင်တွေ့ဖူးသော အိုးများနှင့် ခြားနားသည်။

ပုံမှန်အိုးများကို တခြားစားသောက်ဆိုင်များတွင် အသုံးပြုသည်။ အိုးက ကြီးမားသောကြောင့် ခေါက်ဆွဲတော်တော်များများကို တစ်ပြိုင်နက်တည်း ပြင်ဆင်နိုင်သည်။ ယွမ်ကျိုး ပိုင်ဆိုင်သွားသော ချက်ပြုတ်အိုးက အကန့်အများကြီးပါသော ဟင်းချက်အိုးဖြစ်သည်။ အကန့်တစ်ခုချင်းစီတွင် ၁၀၀ဂရမ် ခေါက်ဆွဲများကို ပြုတ်နိုင်သည်။

စုစုပေါင်း ၁၂ကန့်ပါဝင်သည်။ အတန်း ၃တန်း ထောင်လိုက်
၄ခု ဖြစ်သည်။ သေချာအကဲခတ်ကြည့်ကာ ထိတွေ့ပြီးနောက် အကန့်တိုင်းကို သေချာပိုင်းခြားထားမှန်း သိလိုက်သည်။

လက်ကိုင်မှ ထွက်လာသော သာယာနားပျော်ဖွယ်အသံကြောင့် ကြွေရည်သုတ်ထားမှန်း ယွမ်ကျိုး သိလိုက်သည်။

“စနစ်၊ ဒါက အပူခံကြွေရည်သုတ်အိုးလား”

ယွမ်ကျိုးက တက္ကသိုလ်ကျောင်းသားဘဝတွင် ကြွေထည်များ အကြောင်း လေ့လာခဲ့ဖူး၍ အပူခံ ကြွေရည်သုတ်အိုး ဖန်တီးရန် မလွယ်ကူမှန်း သိသည်။

စနစ် “ဒီချက်ပြုတ်အိုးကို အပူခံကြွေရည်ကို အသုံးပြုထားပါတယ်။ ဒါကြောင့်မို့ အရည်အသွေးက ထိပ်တန်းအဆင့်ပါပဲ”

“ဒါဆိုရင် ဒီအိုးကိုရောင်းပြီး တခြားတစ်ခုနဲ့ လဲလှယ်ယူလို့ရလား”
ယွမ်ကျိုးက မေးမြန်းသည်။

စနစ် “ ဒီဟင်းချက်အိုးထဲ ထည့်ချက်မှ အရသာနဲ့ အဟာရဓာတ် အပြည့်အဝ ရမှာပါ။ ဒီပစ္စည်းက ရောင်းဖို့ မဟုတ်ပါဘူး”

ယွမ်ကျိုး သိထားသလောက် အပူခံကြွေရည်သုတ်ပစ္စည်းကို တခြားနေရာများတွင်လည်း အသုံးပြုနိုင်သည်။ အထူးသဖြင့် အီလက်ထရောနစ် နည်းပညာများတွင် အသုံးပြုနိုင်သည်။

စနစ်က သူ့ကို ချက်ပြုတ်ရန်အတွက် အဖိုးတန်ပစ္စည်းကို ထောက်ပံ့ပေးထား၍  အံ့အားသင့်နေရသည်။

ဘေးဘက်နားမှာ ရေစည်အသစ်ပေါ်လာပြီး ဂျုံနယ်ရန် သီးသန့်ဟု စာသားပေါ်လာသည်။

ယွမ်ကျိုးက သူ့စိတ်ထဲ ငြီးတွားလိုက်ပြီး ဂျုံအပြည့်ဖြည့်ထားသော အံဆွဲကို တည်ငြိမ်စွာ ဖွင့်လိုက်သည်။

အံဆွဲဖွင့်ဖွင့်ချင်း ဂျုံ၏ ထူးခြားသော မွှေးရနံ့ ပျံ့လွင့်လာသည်။

ယွမ်ကျိုးက ၅၀အချင်းရှိသော နီညိုရောင်အိုးကို ယူပြီး မိုးပြာရောင်ရှိသော မီးဖိုချောင် အခင်းပြားပေါ် တင်လိုက်သည်။ ထို့နောက် သန့်ရှင်းသော သစ်သားယောက်ချိုဇွန်းဖြင့်  ဂျုံကို ခပ်လိုက်သည်။

လက်တလော အသုံးပြုသော ဂျုံအမျိုးအစားက ယခင်က ဖက်ထုပ်တွင် အသုံးပြုခဲ့သောဂျုံနှင့် ခြားနားသည်။ ပထမဆုံးအနေဖြင့် ဂျုံက ပုံမှန်မြင်တွေ့နေကျ ကဲ့သို့ နှင်းတမျှ ဖြူဖွေးခြင်း မဟုတ်ပေ။ ထို့အစား အဝါရောင်သန်းနေသည်။ ယွမ်ကျိုး၏ အနံ့ခံအာရုံကောင်းမွန်၍ ခြားနားသောရနံ့ကို ခံစားမိသည်။

သူက ကြောင်အိမ်ကို ဖွင့်လိုက်သောအခါ အညံ့စားကြွေခွက်များ ပေါ်လာခြင်းကို သတိပြုမိသည်။ အညိုနုရောင်ရှိပြီး အပြင်ဘက်တွင် တိမ်ပုံစံ ပုံဖော်ထားသည်။ အညံ့စား ကြွေထည်ဖြင့် ဖန်တီးထားသော်လည်း ပုံမှန်ကြွေခွက်များထက် အရည်အသွေးကောင်းမွန်သည်။ ထို့အပြင် ကြွေခွက်ကို ကြွေရည်မသုတ်ထားပေ။

ယွမ်ကျိုးက ဂျုံထည့်ထားသော
အိုးထဲ ရေနှစ်ခွက်ကို ထည့်လိုက်ပြီး ဂျုံနယ်ခြင်း စတင်သည်။

မှန်ပါသည်။ ခေါက်ဆွဲပြုတ်အချို၏ ဟင်းချက်နည်းကို စနစ်မှ ပေးအပ်ထားသော်လည်း ခေါက်ဆွဲသားကို သူကိုယ်တိုင် ပြုလုပ်ရမည်။

ကမ္ဘာပေါ်တွင် ဂျုံနယ်ခြင်း အဆင့်သတ်မှတ်ချက် ရှိလျှင် ယွမ်ကျိုး၏အပြုအမူများက စာအုပ်ပါစည်းမျဉ်းများကို လိုက်နာပြီး ထူးခြားသည်ဟု ခံစားမိလိမ့်မည်။ သူ့လှုပ်ရှားမှုများက ကြော့ရှင်းသော်လည်း သူ့ကိုယ်ပိုင်ဟန်ရှိသည်။

ဂျုံမုန့်ညက်က  ယွမ်ကျိုး၏လက်ထဲမှာပင် တဖြည်းဖြည်းချင်း နူးညံ ချောမွေ့လာပြီး အဝါရောင်အသွင်မှ ဖိတ်ဖိတ်တောက်နေသော အရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

မိုးပြာရောင်မီးဖိုချောင်အခင်းပြား၏ တခြားတစ်ဖက်တွင် ယွမ်ကျိုးက ဂျုံမှုန့်များကို ဖြန့်ကျဲထားပြီး ဂျုံမုန့်ညက်ကို ယူကာ လိမ့်တုံးဖြင့် မုန့်ညက်ကို ပြားသည်။

တကယ်တမ်း အသုံးပြုထားသော လိမ့်တုံးပင် သာမန်ထက် ထူးခြားပြီး ခေါက်ဆွဲလိမ့်ရန် သီးသန်ဟု ရေးထားသေးသည်။

အာရာဇ်အပင်၏ အူတိုင်ကို အသုံးပြုထား၍ ရွှေရောင်သန်းနေသည်။ နှစ်တစ်ရာ သက်တမ်းရှိသော အပင်များအနက် ဧကရာဇ်လည်း ဖြစ်သည့် အပင်ကို စနစ်မှ ထောက်ပံ့ပေးထားသည်။

ယွမ်ကျိုးက လျင်မြန်စွာ လုပ်ဆောင်သည်။ ခဏကြာပြီးနောက် ဂျုံမုန့်ညက်ကို ဓားဖြင့်လှီးရမည့် အဆင့်ဖြစ်သည်။

ထို့နောက် သင့်လျော်သောအထူသတ်မှတ်ပြီး ဂျုံပြားကို ထပ်ကာ ခေါက်ဆွဲလှီးဓားဖြင့် လှီးသည်။

ထို့နောက် ပြန့်ပြူးသော မီးဖိုစားပွဲပေါ် နှင့် ဓားထိတွေ့သောအသံက သာယာဖွယ်ကောင်းပြီး ယွမ်ကျိုး၏လှုပ်ရှားမှုတိုင်းနှင့် လိုက်ဖက်မှုရှိသည်။ ခေါက်ဆွဲမျှင်များကို ဝါးခြမ်းပြားပေါ်တွင် ဖြန့်ကာ လတ်ဆက်စွာ သိမ်းဆည်းထားနိုင်သော ကြောင်အိမ်ထဲ သိုလှောင်ထားသည်။

“ခေါက်ဆွဲပြုတ်ဖို့ အချိန်ကျရောက်ပြီ”

သူက နဖူးပေါ်မှ ချွေးသီးများကို သုတ်လိုက်ပြီး အထူးချက်ပြုတ်အိုး၏အဖုံးကို ဖွင့်လိုက်သည်။ အလယ်အကန့်တွင် ရေများ အလိုအလျောက် ဖြည့်ပေးထားပြီး ၇၀ရာခိုင်နှုန်းခန့် ရှိသည်။ ၁၀စက္ကန့်ကျော်ကြာပြီးနောက် ရေပွက်ပွက်ဆူလာသည်။ လက်အပြည့် ခေါက်ဆွဲများကို ယူလိုက်ပြီး အိုးထဲ ပစ်ထည့်လိုက်သည်။ ချက်ချင်း ခေါက်ဆွဲ အပေါ်တက်လာပြီး ကျက်သရေ တင့်တယ်စွာ လိမ်ခွေနေသည်။

“စနစ်ရေ။ ဂျုံရင်းမြစ်ကို ပြောပေးပါ” ယွမ်ကျိုးက ဟင်းလျာအသစ်ရတိုင်း ယခုလိုမေးခွန်းမျိုးကို မေးမြန်းလေ့ရှိသည်။

စနစ် “ဂျုံစိုက်ပျိုးခြင်းကို အစော လုပ်ဆောင်ခဲ့တာက မက်ဆိုပိုတေးရီယား နယ်မြေပဲ”

“တရုတ်ပြည်က ဂျုံတွေကို မြစ်ဝါမြစ်ဘက်ခြမ်းမှာ အရင်စိုက်ပျိုးတယ်။ ပြီးတော့ ယန်ဇီမြစ်တောင်ဘက်မှာလည်း စိုက်ပျိုးလာပြီး အဲဒီကနေတဆင့် ကိုရီးယား နဲ့ ဂျပန်ကို ပြန့်သွားတာပဲ။ ၁၅ရာစု နဲ့ ၁၇ရာစုကြားမှာ ဥရောပတိုက်က ကိုလိုနီတွေက ဂျုံမျိုးစေ့တွေကို  တောင်အမေရိကတိုက် နဲ့ မြောက်အမေရိကတိုက်စီ သယ်သွားတယ်။ ၁၈ရာစုမှာတော့ ဂျုံက တစ်ကမ္ဘာလုံး ပြန့်သွားတာပဲ”

“ဂျုံမျိုးစေ့နှစ်မျိုးကို အီရန်ရဲ့အရှေ့ဘက်အပိုင်းမှာ စိုက်ပျိုးတော့ ဂျုံ နဲ့ တောရိုင်းအပင်တို့ မျိုးစပ်ရင်း ကျုပ်တို့ နေ့စဥ် အသုံးပြုတဲ့ သာမန်ဂျုံမျိုးကို ရရှိတာပဲ”

“စနစ်က အသုံးပြုထားတဲ့ ဂျုံက သဘာဝကနေ ရတဲ့ ပထမဆုံးမျိုးဆက်ဖြစ်လို့ ပြီးပြည့်စုံတယ်။ အကောင်းဆုံးလို့ပဲ သတ်မှတ်နိုင်တယ်”

“ဟုတ်ပါပြီ။ ဒါတွေကို ဧကရာဇ်တစ်ပါးလို သဘောထားပါ့မယ်။ အထူးခြားဆုံး ဆန် နဲ့ အခုတော့ အထူးကဲဆုံး ဂျုံပေါ့”
ယွမ်ကျိုးက သူ့ကိုယ်သူ ရေရွတ်သည်။

ထိုစဥ် အိုးထဲမှ ခေါက်ဆွဲ အသင့်ဖြစ်နေပါပြီ။

ထိပ်တန်းအရည်အသွေးရှိသော ခေါက်ဆွဲပြုတ်၏ အရသာကို ယခု မြည်းစမ်းရတော့မည်။

အပိုင်း(၄၁)

ပြီးပါပြီ။

Continue Reading

You'll Also Like

2K 34 13
"So you really love me?" "Yk I do ma don't act like det" © NARDOOWICKK PRODUCTIONS
5.4K 239 84
☆ - Whatever tf happens in my life. Save so you never miss an update !! ☆ - None of the art I repost are never mine , lmaoo !!
4K 424 14
zawgyi ပိုင်ယွမ်ယွမ် ဆိုတာ သူမ ကျွမ်းကျင်ဆံုး သရုပ်ဆောင်မှု အပေါ် အသက်ဆက်နေရသူပါ ပိုင်ယွမ်ယွမ်တယောက် မကောင်းဆိုးဝါးတွေ ပြိုင်ဆိုင်သူတွေ ကြားက အသက်ရှင...
505K 21.6K 58
Arabella is the eldest among the four Guevara's Sibling. She has her perfect life and love of her life.... but what happen when a biggest scandal wil...