Difference Between Us [ Ongoi...

By Zinnia_Nway

198K 14.5K 2.9K

BOL S2 Myanmar BL Romance, Drama and Age Limited!! Start Date>>> 27.2.2024 More

Part 1(Z)
Part 2(U)
Part 2(Z)
Part 3(U)
Part 3(Z)
Part4 (U)
Part4 (Z)
Part5 (U)
Part5 (Z)
Part6 (U)
Part6 (Z)
Part7 (U)
Part7 (Z)
Part8 (U)
Part8 (Z)

Part 1(U)

43.2K 2.3K 429
By Zinnia_Nway


* Dream Entertainmentမှ ထိပ်တန်းမင်းသား တံတိုင်းမဟာမြတ်၏ Dating Rumorများထွက်ပေါ်လာ*

* လတ်တလောတွင် Dating Rumorထွက်ပေါ်လာခဲ့သည့် တံတိုင်းမဟာမြတ် တွဲခုတ်နေသူမှာ တက်သစ်စမင်းသမီးတစ်ယောက်ဟုဆို *

* ဘန်ကောက်မှ Dateနေကြတဲ့ ဓာတ်ပုံ Videoများစွာထွက်ပေါ်လာတဲ့ တံတိုင်းမဟာမြတ်*

Social Media ၌ပျံ့နှံ့နေခဲ့သည့် သတင်းခေါင်းစဥ်တွေနှင့်အတူ ထွက်ပေါ်လာခဲ့သည့်ဓာတ်ပုံတွေ Videoတွေက Facebook New Feedတစ်ခွင် ထိန်းမရအောင် ပေါက်ကြားနေခဲ့သည်။ လူစိတ်ဝင်စားမှုရအောင် ခေါင်းစဥ်အမျိုးမျိုးတပ်ကာ Like Followerရှာကြသည့် Pageပေါင်းများစွာ၏ Postတွေအောက် အပြိုင်အဆိုင်ငြင်းခုံနေကြသည့် ဝေဖန်အကြံပြုချက် Commentတွေသည်ကလည်း မရေမတွက်နိုင်ပေ။

တံတိုင်းမဟာမြတ်ရဲ့အိမ်သူသက်ထား - "မဖြစ်သင့်တာ ငါတို့မင်းသားလေးက ဘာလို့သူနဲ့မှလဲ"

တံတိုင်းမဟာမြတ်လည်ပင်းပေါ်ကမှည့်စိမ်းလေး - "အခြေအမြစ်မရှိတဲ့သတင်းတွေမဖြန့်ကြပါနဲ့Mediaတွေရေ ရုပ်ရှင်တစ်ဖွဲ့သားလုံးပါပါတယ်နော် ဒါတွေကEditထားတဲ့ပုံတွေသက်သက်ပါ "

ဖီဖီဇိန်းမဟာမြတ်ရဲ့ချွေးမလောင်းလေး - "အားလုံးထင်နေကြသလိုပဲ ဟုတ်ပါတယ် ကိိုကိုတိုင်းနဲ့တွဲခုတ်နေတာကျမပါ ပုံထဲကကျမပါနော် အထင်မလွဲကြပါနဲ့"

ကိုကိုတိုင်းနဲ့လက်ထပ်ဖို့ရက်ရွေးပြီးတဲ့အယွန်းလေး - " မဟုတ်သေးပါဘူး တိုင်းကငါနဲ့လက်ထပ်တော့မှာလေဟာ မစကြပါနဲ့ ငါငိုချင်လာပြီ "

ကိုကိုတွေကပိုကောင်းတယ် - " Entကကော Confirmလိုက်ပြီလား ကိုကိုတိုင်းပါးစပ်ကနေ Confirmမလုပ်သေးသရွေ့ ငါတော့မယုံနိုင်ဘူး"

ကိုကိုTeamတွေကိုအပြိုင်ချဲမဲ့မောင်ထိပ်ထားစံ - "ရိုးရိုးသားသား အလုပ်ကိစ္စနဲ့သွားလည်းဖြစ်နိုင်ပါတယ်ဟ အတွေးမလွန်ကြပါနဲ့နော် တို့အမျိုးသားက ရည်ရွယ်ထားတဲ့သူရှိပါတယ် အဲ့တာကတော့တို့ပါ"

ကျူရစ်လန် - "ဒါက စနောက်နေရမဲ့အချိန်မဟုတ်ဘူးအမိတို့ရေ ငါတော့ ထမင်းတောင်စားမဝင်တော့ဘူး"

ကိုကိုခွဲသွားတဲ့အသဲ မောင်နဲ့ပြန်ဆက်မယ် - "တစ်ဆိတ်ကိုတစ်အိတ်လုပ်နေကြတယ် လူတွေရယ် ရုပ်ရှင်တူတူရိုက်မှတော့ အတူတူတွဲတွေ့ရမှာပေါ့"

ပွဲကြိုက်ခင်- "ပွဲတဲ့ဟေ့ အနံ့တွေရနေပြီ ဖျာခင်းရတော့မလား"

အပြိုင်အဆိုင်ငြင်းခုံနေကြသည့်Commentပေါင်းများစွာ Postပေါင်းစွာနှင့် Hitဖြစ်နေသည့်သတင်းက Social Media၌ ဟိုးလေးတကျော်ကျော်ဖြစ်နေခဲ့သည်။

ပုံတွေထဲတွင် Over Sizeတီရှပ်အညိုရောင်နှင့် အနက်ရောင်Pantပွပွကိုတွဲဝတ်ထားသည့်လူက Maskတပ်ထားတာတောင် ဘယ်သူဘယ်ဝါဆိုတာတန်းသိနိုင်ပါသည်။ သူ၏ ဘေးတွင်တော့ မိန်းကလေးတစ်ယောက်လည်းရှိနေခဲ့ပြီး နှစ်ဦးတည်းရှိနေသည့်ပုံပေါ်ခြင်းက Dating Rumorများထွက်ပေါ်လာရခြင်းအကြောင်းအရင်းဖြစ်ခဲ့သည်။

ထိုသတင်းထွက်ပေါ်လာခဲ့ပြီးနောက် New Feedတစ်ခွင် ထပ်နေသည့်Statusများ ကြေကွဲPostများ အFeelသီချင်းများနှင့်Editနေကြသည့်Videoတွေက Nfတခွင်၍များပြားစွာနေရာယူနေကြသည်။ Popular Nowဖြစ်နေသည့် မိန်းကလေး၏အကောင့်သည်လည်း Search၏ထိပ်ဆုံး၌ရောက်နေခဲ့ပြီး Blameသည့်အဖွဲ့နှင့် သဘောတူသည့်Shipperအဖွဲ့သည်ကလည်းအပြိုင်အဆိုင် ပွဲခေါ်နေကြ၏။

"Cut!"

"ခဏ နားမယ်ဟေ့"

ဒါရိုက်တာ၏စကားသံအဆုံး တိုင်းဆီသို့ မန်နေဂျာနှင့် Staffတစ်ချို့ကအပြေးရောက်လာကြသည်။

"မိတ်ကပ်နည်းနည်းပြန်Onရအောင် တံတိုင်း နောက်တစ်ခန်းအတွက် အဝတ်အစားတွေလည်းအဆင်သင့်ပဲ မေသူ လိမ်းပေးလိုက်တော့"

"ကျွန်တော့်မျက်နှာကိုဆယ်ပေမီးချောင်းလောက်လင်းစေချင်နေတာလား"

ပန်ကာအသေးလေးကိုမျက်နှာရှေ့ဖွင့်ထားရင်း ရုပ်တည်ကြီးနှင့်အေးဆေးစွာပြောလာတော့ လိမ်းပေးမည့် Make Up Artistလေးနှစ်ယောက်မှာ ​ကြောက်လန့်ကာ လက်ရွံ့သွားသည်မို့ ဟန်နာ ဝင်ပြောလိုက်ရသည်။

"အဲ့လိုတော့ဘယ်ဟုတ်မလဲ တံတိုင်းရယ် နည်းနည်းပဲOnမှာပါ Characterနဲ့လိုက်ဖက်အောင်မိတ်ကပ်ကလိမ်းမှကိုရမှာမို့ပါ"

ချော့မော့ကာပြောလိုက်တော့မှ ဘာကိုမှထပ်မပြောတော့ပဲ အသာတကြည်လက်ခံသည်။ ရုပ်တည်ကြီးနှင့်ပြောလာရင် Staffလေးတွေကလန့်ပြီး ဘာမှမလုပ်ရဲတော့သည်မို့ မန်နေဂျာဖြစ်သည့် ကိုယ်ကသာ အမြဲတစေ​ကြားထဲကနေဝင်ပြောပေးနေရတာဖြစ်သည်။ တံတိုင်းက Staffတွေအပေါ်ဆိုးဆိုးရွားရွားဆက်ဆံသည့်သူမဟုတ်တာတောင် ကလေးတွေက ဘာတွေဒီလောက်ထိကြောက်နေကြသလဲတော့မပြောတတ်ပေ။

မိတ်ကပ်လိမ်းပြီးတာနဲ့ တံတိုင်းက earphoneတပ်ပြီး မျက်လုံးတွေကိုမှေးမှိတ်သွားသည်မို့ အခန်းထဲကနေ အားလုံးထွက်သွားကြသည်။

"ဟူး လက်တွေပါတုန်တယ် ဆိုဖီယာရယ် အဲ့လိုရုပ်တည်ကြီးနဲ့ဆို ငါဖြင့် အနားကိုမကပ်ရဲတော့ဘူး အကြောင်းအရင်းမရှိ စိတ်ကတိုတတ်သေးတယ် မဟန်နာတို့များ ချီးကျူးမိပါတယ်သူ့အနား လေးငါးနှစ်လောက်ထိကိုနေနိုင်လို့"

"အဲ့လိုTypeကိုမှငါတော့ဒဲ့ကြွေတာ မိတ်ကပ်လိမ်းပေးနေရင်း ဖက်နမ်းပစ်ချင်တဲ့စိတ်တွေကိုမနည်းထိန်းထားရတယ်"

"ကောင်မရယ် ပစ်မှားမနေနဲ့ သူက Straightစစ်စစ် ငါတို့လိုGayတွေကိုစိတ်ဝင်စားမယ်မထင်နဲ့"

"စစ်စစ်အေ နှိုက်တော့မြည်းချင်မိတာပေါ့"

******

တစ်နေကုန်ရိုက်ကူးရေးပြီးသွားတော့ ည၇နာရီထိုးနေပြီဖြစ်သည်။ တံတိုင်းကတော့ အဝတ်အစားတွေလဲပြီး တစ်နေရာကိုသွားဖို့ပြင်နေသည်။

"တံတိုင်း ဒီတလောအပြင်ထွက်တာတွေခဏရပ်ထားပေးပါ အခုထွက်နေတဲ့Rumorတွေကြောင့် သတင်းထောက်တွေက တံတိုင်းနောက်ကိုStalkလိုက်သလိုလိုက်နေမှာ"

"ကျွန်တော်ရှောင်တတ်ပါတယ် မဟန်နာ စိတ်မပူပါနဲ့"

"စိတ်မပူလို့မရဘူးတံတိုင်း စကားနားထောင်ပါ မဟန်နာ ပုံမှန်ဆို တံတိုင်းကိုဒီလိုတွေမချုပ်ချယ်ဘူးဆိုတာသိတယ်မလား ပြီးတော့ လတ်တလောထွက်နေတဲ့သတင်းကိုလည်း ဖြေရှင်းရမယ် Mediaတွေကလည်းinterviewဖို့ ဆက်သွယ်လာကြတယ် တစ်ခုလောက်တော့ လက်ခံလိုက်မလား တိုင်း"

"မဖြေချင်ဘူး မလိုတာတွေသိပ်မေးတဲ့Mediaတွေ အာရုံနောက်တယ်"

အေးဆေးစွာထွက်ပေါ်လာခဲ့သည့်အသံအဆုံး ဟန်နာ သက်ပြင်းခပ်ဖွဖွတစ်ချက်ချလိုက်သည်။ လတ်တလောထွက်ပေါ်လာသည့်သတင်းတွေအရ သူ့​ကိုတစ်ခုခုထိခိုက်မှာကိုလည်းမလိုလားတာကြောင့် ဖြေရှင်းချက်တစ်ခုခုကိုတော့ထုတ်မှရမည်ဖြစ်သည်။ ပြီးခဲ့တဲ့လတုန်းက ဘန်ကောက်ခရီးစဥ်မှာတုန်းက ရုပ်ရှင်တစ်ဖွဲ့သားလုံး အတူတူညစာစားကြသည့်အနက် မင်းသမီးနဲ့သူတို့နှစ်ယောက်ရဲ့ပုံတွေကသာ တစ်သီးတစ်သန့်ထွက်လာခဲ့တာဖြစ်သည်။

ဒီနေ့ကShootingနောက်ဆုံးရက်မို့ ဒီတစ်ခေါက်ပြီးရင်တော့ တံတိုင်းရဲ့ ရိုက်ကူးရေးတွေအားလုံးနားထားတော့မှာဖြစ်သည်။ လွန်ခဲ့တဲ့လက ဘန်ကောက်မှာရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားပြီးသည်နှင့် မြန်မာနိုင်ငံကအဆင်သင့်စောင့်နေသည့်ရိုက်ကူးရေးတွေကိုပါ ဆက်တိုက်လုပ်ခဲ့ရသည်။ ထို့ကြောင့် နောက်ထပ်တန်းစီပြီးရောက်နေတဲ့ အလုပ်တွေအားလုံးကိုငြင်းဆိုပြီး အချိန်တစ်ခုထိနားဖို့ စီစဥ်ထားခဲ့သည်။

"တံတိုင်းရေ!! ငါ့ကောင်လေးလာပြီ ချောလိုက်တာ လုပ်ကြပါဦး!!"

တိုင်း ရုပ်ရှင်ရိုက်ခဲ့သည့် အဆောက်အဦးထဲကထွက်လာသည်နှင့် အော်ဟစ်သံတွေက ရုတ်တရက်ဆူညံပွက်လောရိုက်ကုန်သည်။ Shootingအပြီးစောင့်နေကြသည့်Fanတစ်စု၏ သောင်းကျန်းမှုကြောင့် Securityတစ်ချို့ကတော့ မနည်းထိန်းနေရသည်။

Hoodieအဖြူရောင်ခပ်ပွပွကို Jean Pantခပ်ပွပွနှင့်တွဲဖက်ဝတ်ဆင််ထားပြီး လက်နှစ်ဖက်ကို အင်္ကျီအိတ်ကပ်ထဲကိုထည့်ထားသည်။ မျက်နှာ၌ Maskမတပ််ထားခြင်းကြောင့်လေး ဖြူဖွေးနေသည့်မျက်နှာလေးကို အသေအချာမြင်နေရ၏။ လင်းထင်းနေသည့်အသားအရေကြောင့် လည်တိုင်ပေါ်က မှည့်စိမ်းလေးကိုလည်းသေသေချာချာမြင်နေရသည်။ ဆီမလူးထားသည့်ဆံပင်နက်နက်တွေက နဖူးပေါ်တစ်ဖက်တစ်ချက်ကျဆင်းနေသည်မို့ သူ့ပုံစံအားပို၍လူငယ်ဆန်နေစေသည်။

နားတစ်ဖက်တွင်အနက်ရောင်နားကွင်းတစ်ဖက်ကိုဝတ်ဆင်ထားပြီး တစ်ဖက်လှည့်လိုက်သည်နှင့် နားအနောက်ဖက်တွင်ထိုးထားသည့်လခြမ်းကွေးပုံစံတက်တူးအသေးလေးကိုလည်းသေချာစွာမြင်နေရသည်။

"တိုင်းရေ တစ်ခုခုပြောပါဦး ငါတို့နင့်ကိုတစ်နေကုန်ထိုင်စောင့်နေတာ!!"

အော်ဟစ်လာသည့်Fan girlလေးတစ်ယောက်၏ စကားအဆုံး၌ တိုင်းက လူအုပ်စုဘက်ကိုလှည့်ပြီးတစ်ချက်ပြုံးပြလိုက်သည်။ ရုတ်တရက် ဝေါခနဲဆို အော်ဟစ်သံတွေဆူညံပွက်လောက်ရိုက်သွား၏။ ပါးနှစ်ဖက်ပေါ်က ပါးချိုင့်လေးတွေပေါ်သည့်အထိပြုံးပြလိုက်သည်မို့ Fanအုပ်စုတစ်ခုလုံး အသက်တောင်ဝဝမရှူနိုင်ကြတော့။

"တိုင်းရေ ရိုးရိုးသတ်လည်းသေပါတယ်!!"

"အေးတယ် အိမ်ပြန်ပြီးအိပ်ကြတော့"

Deep Voiceကြီးဖြင့်ထွက်လာသည့်အသံအဆုံး နောက်ထပ်အော်ဟစ်သံတွေကထိန်းမရအောင်ဆူညံကုန်၏။
တံတိုင်းက နောက်တစ်ခေါက်ထပ်ပြုံးပြရင်း လက်တွေကမ်းနေသည့်Fanအုပ်စုစီဦးတည်လိုက်သည်။ Staffတစ်ချို့ကအနားကပ်ရင်း တားလာသည်မို့ မန်နေဂျာဖြစ်သူဟန်နာက လက်ကာပြလိုက်ကာ ဖယ်ခိုင်းလိုက်သည်။

"တိုင်းလာပြီ လုပ်ကြပါဦး!!"

တံတိုင်းက အေးဆေးစွာလျှောက်သွားလိုက်ပြီး လက်တစ်ဖက်ကိုအိတ်ကပ်ထဲထည့်လျက်ပင် ကျန်လက်တစ်ဖက်ဖြင့် ကမ်းပေးထားသည့် Fanအုပ်စု၏လက်အတန်းလိုက်ကြီးကို ခပ်ဖွဖွ ထိကိုင်သွား၏။

"အား!! ကယ်ကြပါဦး ငါ့လက်ကိိိုထိသွားတယ် မယုံနိုင်ဘူးး!! ဟူး!"

အော်ဟစ်သောင်းကျန်းနေသည့်အသံတွေဖြင့်ဆူညံပွက်လောရိုက်နေသည့်ကြားထဲ Mediaသမားတစ်ချို့ကပါ တိုးဝှေ့နေကြ၏။

"အိမ်ပြန်တော့ အိပ်ချိန်ရောက်ပြီ"

အေးဆေးစွာထပ်ပြောလာသည့်Deep voiceအသံကြီးအဆုံး၌အော်ဟစ်သံတွေက ဆူညံသည်ထပ်ကိုဆူညံလာသည်။

"အား! ငါ့ကောင်လေးက ချစ်ဖို့ကောင်းလိုက်တာ!!"

"ချစ်ဖို့ကောင်းလိုက်တဲ့ကောင်လေးရေ ရည်းစားရှိလည်း ငါတို့မင်းကိုအမြဲချစ်တယ်နော်"

တိုင်းက ပြုံးလျက် အားလုံးကိုနှုတ်ဆက်တာ့တာပြရင်း အဆင့်သင့်ဖွင့်ထားသည့်ကားထဲသို့ဝင်ရန်ပြင်သည်။

ရောက်ရှိနေကြသည့်Mediaသမားတစ်ချို့ကလည်းဘေးပတ်ပတ်လည်၌ ရှိနေကြပြီး မှတ်တမ်းတွေတဖြတ်ဖြတ်ရိုက်ယူနေကြသည်။

"မေးခွန်းလေးမေးခွင့်ပြုပါ လတ်တလောထွက်နေတဲ့သတင်းတွေအတွက် ကိုတံတိုင်းမဟာမြတ် ဘာများပြောစရာရှိပါလဲရှင့်"

"အခုထွက်နေတဲ့ကောလဟာလတွေကြောင့်Fanတွေအပေါ်မျက်နှာပူတာမျိုးဖြစ်ပါသလားရှင့်"

Mediaသမား၏ စကားအဆုံး မန်နေဂျာဖြစ်သူဟန်နာက အရှေ့ကနေဝင်လာ၏။ တိုင်းကတော့ ဘာတစ်ခွန်းမှမပြော။ မျက်ခုံးထူထူတန်းတန်းလေးတွေကတော့ စိတ်အလိုမကျသလိုစုကြုံ့နေသည်။

"တောင်းပန်ပါတယ်ရှင့် ဒီနေ့ တံတိုင်းအရမ်းပင်ပန်းနေတာမို့ Interviewလေး​ဖြေဖို့အခက်အခဲရှိပါတယ်နော် နောက်များမှ ကျွန်မတို့ဘက်ကနေဆက်သွယ်လိုက်ပါ့မယ်ရှင် နားလည်ပေးပါရှင့်"

တိုင်းက ဘာကိုမှမပြောတော့။ ကားထဲသို့ဝင်ထိုင်ရင်း ဖုန်းScreenကိုသာ အာရုံစိုက်လိုက်သည်။ သူသည် အနုပညာသမားတစ်ယောက်ဖြစ်ပေမဲ့ Mediaတွေရဲ့ စည်းမရှိတဲ့မေးခွန်းတွေကိုတော့ မဖြေချင်။ ကိုယ်ရေးကိုယ်တာကိစ္စတွေအထိပါဖြေဖို့အထိလည်း စိတ်မပါပေ။ ထွက်နေတဲ့ကောလဟာလတွေကလည်း သူတိုလိုMediaတွေရဲ့ခေါင်းစဥ်အမျိုးမျိုးတပ်ပြီးပွဲဆူစေခဲ့လို့ပဲဖြစ်သည်။

********

"အောင်မြင်ပါပြီ ဒေါက်တာ စိတ်အေးလိုက်ပါတော့"

"ကျေးဇူးတင်ပါတယ် ဒေါက်တာ ကျွန်တော့်ကိုယုံကြည်ပေးလို့"

"ဒေါက်တာဉာဏ်ပညာက တော်တဲ့ကလေးပါ ဆက်ကြိုးစားပါ"

ခွဲစိတ်ခန်းထဲကထွက်လာပြီးနောက် ကိုယ်လက်သန့်စင်ဖို့ သန့်စင်ခန်းထဲသို့ဝင်လာခဲ့သည်။ တင်းခံနေသည့် စိတ်ကိုလည်းဖြေလျော့ချင်ရင်း အသက်ကိုပါဝဝရှုရှိုက်မိလိုက်သည်။ သူ၏ ပထမဆုံးခွဲစိတ်ကုသမှုအား အောင်အောင်မြင်မြင်ဖြင့် ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။
ဒီတစ်ခေါက်ခွဲစိတ်ကုသမှုပြီးရင် မြန်မာနိုင်ငံသို့ပြန်ရမည်ဖြစ်သည်။ ဆေးပညာအတွက် ပညာသင်ဆုရခဲ့ပြီးနောက် နိုင်ငံခြားသို့ရောက်ရှိနေခဲ့သည်မှာ ရှစ်နှစ်ဆိုသည့်အချိန်တစ်ခုတစ်ခုထိကိုရောက်ခဲ့ပြီဖြစ်သည်။ ရှစ်နှစ်တာကြာခဲ့သည့်အချိန်ထိမြန်မာနိုင်ငံသို့တစ်ခေါက်လေးတောင်မပြန်ဖြစ်ခဲ့ပေ။

နာကျင်စရာလေးတစ်ချို့ကျန်နေခဲ့သည့်မြန်မာပြည်ကြီးသို့ ပြန်လည်ခြေချရတော့မည်ဆိုသည့်အတွေးက သူ့ရင်ကိုနစ်ခနဲခံစားရနေစေခဲ့သည်။ အရာရာတိုင်းဟာ သူ့အတွက်အသစ်တွေဖြစ်နေခဲ့ပြီမို့ သူ့စိတ်တွေ အတွေးတွေ နှလုံးသားတွေ အားလုံးကိုလည်းအသစ်စက်စက်သာဖြစ်စေချင်မိတော့သည်။

"ဒေါက်တာဉာဏ် မြန်မာပြည်ပြန်ရတော့မယ်ဆိုတော့ ကျွန်မတို့ကိုမေ့မသွားနဲ့နော်"

Nurseလေးတွေ၏စကားကြောင့် ဉာဏ်ပညာပြုံးလိုက်သည်။

"မမေ့ပါဘူးဗျာ ကျွန်တော်ဒီလောက်အားကိုးရတဲ့အမတို့ကိုဘယ်မေ့ပါ့မလဲ"

"ဒေါက်တာကတော့ပျော်နေမှာပဲ ဟိုဓာတ်ပုံထဲကလူကိုလည်းတွေ့ရတော့မယ်မလား အဲ့ကျ ကျွန်မတို့ကိုသတိတောင်ရပါတော့မလား"

Nurseလေးတွေ၏စကားကြောင့် ဘေးဘက်ခုံပေါ်က ထောင်ထားသည့်ဓာတ်ပုံလေးဆီ အကြည့်ရောက်မိရင်း ခပ်ပွပွပြုံးမိလိုက်သည်။

အတိတ်တွေက ရင်နာစရာကောင်းပေမဲ့ ဒီဓာတ်ပုံထဲကလူရဲ့အပြုံးလေးကတော့ ဟိုအရင်အချိန်တွေကတည်းက သူ့အတွက် အားဆေးလေးတစ်ခွက်လိုဖြစ်နေခဲ့တာတော့အမှန်တရားပင်။

တစ်ချိန်က အဲ့ဒီအပြုံးလေးတွေကို သူတစ်ယောက်တည်းပဲကြည့်ခွင့်ရှိခဲ့သလို သူတစ်ယောက်တည်းရဲ့မူပိုင်အရိပ်အငွေ့လေးတွေဖြစ်ခဲ့သည်။

သူ့ရဲ့အတိတ်ကပိုင်ဆိုင်မှုလေးကတော့ သိပ်ကိုရက်ရောပါသည်။ သူကလွဲပြီးတခြားလူတွေကိုသာ ရက်ရက်ရောရောပေးနေတဲ့ အဲ့ဒီနွေးထွေးမှုလေးတွေက သူနဲ့တော့ အပြီးတိုင်စိမ်းသက်သွားခဲ့ပြီဖြစ်သည်။ ဆယ်ကျော်သက်အရွယ်က အချစ်ကိုကိုးကွယ်ခဲ့ပြီး အချစ်ကိုသာဦးထိပ်ပန်ဆင်ခဲ့တဲ့အချိန်တွေကလည်းကျန်ခဲ့ပြီ။ သူမှသူပဲ ပိုင်ဆိုင်ရလိမ့်မယ်လို့ တထစ်ချယုံကြည်ခဲ့တဲ့ ယုံကြည်မှုတွေကလည်းကြီးမားခဲ့သေးသည်။ တကယ်တမ်း ဆယ်ကျော်သက်အရွယ်က ရူးမိုက်ခဲ့တဲ့အခိုက်အတန့်တွေက ဒီအချိန်မှာတော့ ဟာသလို့ပဲမြင်ရလေမလား။

မေ့မရနိုင်ခဲ့တဲ့ Memoriesတွေကတော့ သူ့ဦးနှောက်ထဲစွဲထင်နေဆဲရှိနေခဲ့ပြီး နေသားကျနေတဲ့ နှလုံးသားကတော့ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီ။

ငယ်ရွယ်စဥ်ကလေးဘဝတည်းက တွယ်တာခဲ့ကြတဲ့သံယောဇဥ်နှောင်ကြိုးလေးတွေ​ကို သက်ဆုံးတိုင်မြဲချင်ခဲ့ပေမဲ့ သူတို့နှစ်ယောက်ကိုယ်တိုင်သာဖြတ်တောက်ပစ်ခဲ့ကြသည်မို့ ထွေထွေထူးထူးလည်းနောင်တရမနေတော့။

အချိန်တွေဟာကုန်တာမြန်သည်။
ဖြစ်ပျက်ခဲ့တဲ့အရာတွေအားလုံးကလည်း တခဏအတွင်းမှာပင်မြန်ဆန်စွာဖြစ်ပျက်ခဲ့သည်။

သူကိုယ်တိုင်ကတော့ နေသားကျနေပြီလို့ထင်ရတဲ့ ဒီအခိုက်အတန့်လေးမှာပဲ ရပ်တန့်လိုက်ပြီ။
အတွေးတွေ ခံစားချက်အားလုံး အပြီးတိုင်ရပ်ဆဲပစ်ခဲ့ကြတဲ့ အဲ့ဒီအချိန်တွေတုန်းက ​တစ်ယောက်ကိုတစ်ယောက်ရက်စက်စွာကြောခိုင်းပစ်ခဲ့ကြပြီးပြီ။

ဆယ်ကျော်သက်အရွယ်ဝန်းကျင်က ကလေးဆန်ခဲ့တဲ့အတွေးတွေ မထားခဲ့သင့်တဲ့မာန်မာနတွေကြောင့် တွယ်တာခဲ့မိကြတဲ့သံယောဇဥ်ကြိုးလေးတွေ အစိတ်အမွှာမွှာပြတ်တောက်သွားခဲ့တာကိုတော့ သိပ်ကိုနှမြောမိပါရဲ့။

TBC.....

ဝေဖန်အကြံပြုချက်များရေးစေချင်ပါတယ်

ထုံးစံအတိုင်း အချို အခါး အသုပ်စုံပါဗျို့
အခါးလေးမှ မပါရင်လည်း အရသာမရှိသလိုခံစားရလို့ပါ။
Updateကတော့ သုံးလေးရက်ခြားတစ်ခါတင်ပေးဖို့တော့တွေးထားပါတယ်။

အကြာကြီးနေမှပြန်ရေးတာဖြစ်တဲ့အတွက် အရေးအသားပိုင်းမှာလိုအပ်ချက်လေးတွေရှိနေရင်တော့ နားလည်ပေးပါဗျ။

Continue Reading

You'll Also Like

2M 110K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
1.4M 103K 41
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
239K 23.5K 60
Ryan and Aaruhi The story of two innocent hearts and their pious love. The story of one sided love. The story of heartbreak. The story of longing a...
4M 168K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...