chapter:90
"အမ် ... မနေ့ညက ကိုယ်မင်းကို မလွှတ်ပေးတော့ဘူးလို့ဆုံးဖြတ်ထားပြီးသား ဒါပေမဲ့ကိုယ်ကဒဏ်ရာရထားတော့။"
ဟော်လင်းချန်က သူ့ရဲ့ အတွေးတွေကို အမှန်အတိုင်းပဲ ရှင်းပြခဲ့ပါတယ်။ သူ့ရဲ့အဲဒီခံနိုင်ရည်ကို သေချာပေါက် နှိမ်နင်းပစ်မယ်လို့ စီစဉ်ထားခဲ့ပြီဖြစ်သည်။
နျန်းယန်ရွှမ်းက သူ့ကို ဒေါသတကြီး စိုက်ကြည့်ရင်း
"ရှင့်ကို ဘယ်သူက နာကျင်အောင်လုပ်တာလဲ၊ ဘုရားသခင်တောင် ရှင့်ဆန္ဒကို မဖြစ်မြောက်စေချင်ဘူးပဲ!"
"တကယ်လို့ ဘုရားသခင်က ကိုယ့်ရဲ့ဆန္ဒကိုမဖြစ်မြောက်စေချင်ဘူးဆိုရင် ကိုယ့်ရဲ့လက်မောင်းတွေ မဟုတ်တဲ့ အောက်ပိုင်းကိုပဲ ဒဏ်ခတ်မှာပေါ့ ဘေးဘီရဲ့။ ရွှမ်းရွှမ်း ကိုယ့်လက်တစ်ဖက်တည်းနဲ့ လည်း အဆင်ပြေပါတယ်ကွာ၊ ဒါမှမဟုတ်ကိုယ်တို့ ..."
နျန်းယန်ရွှမ်း က တကယ်ကို ရူးသွပ်သွားပါတော့မယ်။
ဒီနေ့ ဟော်လင်းချန် က ဘယ်လိုတွေဖြစ်နေတာလဲ။ တစ်ချိန်လုံးလုပ်မယ်ဆိုတာချည်းပဲ။ သူ့မှာ အဲ့အကြောင်းကိုပါးစပ်ဖျားကနေမချနိုင်ဘူး။
ပြီးတော့ သူ့လက်တွေက လုံးဝမရိုးသားနေဘူး...
နျန်းယန်ရွှမ်းက သူ့ခြေဖမိုးပေါ်ကို အပြင်းအထန် တက်နင်းလိုက်ပြီး
"ရှင်ပွတ်သီးပွတ်သပ်တွေမလုပ်ပဲနဲ့ စကားကောင်းကောင်း မပြောနိုင်ဘူးလား"
ထိုလူက သူမ၏ ရှက်ရွံ့သွားသော အမူအရာကြောင့် တခစ်ခစ်ရယ်ကာ ခေါင်းကို ငုံ့ချပြီး သူမ၏ နှုတ်ခမ်းအား ညင်သာစွာ နမ်းလိုက်ရင်း
"ဘေးဘီ ၊ ကိုယ်ဆေးရုံသွားမယ်လို့ ကတိပေးတယ်၊ ဒါပေမဲ့ မင်းကိုယ့်ကိုတစ်ခုခုတော့ပြန်ပေးရမယ်"
နျန်းယန်ရွှမ်းသည် ဉာဏ်နီဉာဏ်နက်များလွန်းသည့် အမျိုးသားကို သံသယနဲ့ကြည့်ရင်း အသံတိုးတိုးလေးဖြင့် မေးလိုက်၏။
"ရှင်ဘာလိုချင်လို့လဲ"
"သေချာပေါက် ဒီလိုပေါ့!"
သူပြောပြီးသည်နှင့် တပြိုင်နက် သူမသည် သူ့ရင်ခွင်ထဲသို့ ကျရောက်သွားပြီး နှုတ်ခမ်းချင်းဆုံသွားကာ အခန်းထဲ၌ လျင်မြန်သော အသက်ရှူသံ အနည်းငယ်မျှသာ ကြားရတော့သည်။
*****
အခန်းထဲမှရုတ်တရက်ထွက်လာသောနျန်းယန်ရွှမ်း သည် သူမ၏ပူနွေးနေဆဲမျက်နှာကိုဖုံးရန်မျက်နှာဖုံးအသစ်ရှာရန် သူ့အခန်းထဲသို့ အမြန်ပြန်သွားခဲ့ရသည်။
နောက်ဆုံးတွင်၊ ဟော်လင်းချန်သည် နျန်းယန်ရွှမ်း၏ ပြင်ဆင်မှုအောက် လက်နက်အပြည့်အစုံကို ကိုင်ဆောင်ထားလျက် နေကာမျက်မှန်နဲ့ မျက်နှာဖုံးတပ်ထားရင်း သူ့ကို မည်သူမှအသိအမှတ်မပြုနိုင်တော့ပေ။ ဒါကိုနျန်းယန်ရွှမ်းက ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ လုပ်လိုက်ပြီးနောက် နှစ်ယောက်သား အိမ်ကြီးမှ ထွက်လာခဲ့သည်။
****
သူတို့သွားနေတဲ့ဆေးရုံကို ကျုံးဟိုင်ချန်က ကြိုတင်ချိန်းဆိုထားခဲ့ပြီဖြစ်သည်။ အားလုံးပြီး တော့ နှစ်နာရီလောက်ကြာသွားပါတယ်။
ယခုတွင် ဟော်လင်းချန်သည် နျန်းယန်ရွှမ်း ၏လက်ကို ဆုပ်ကိုင်ထားရင်း ဆေးရုံမှ ထွက်ခွာမသွားသေးဘဲ အတွင်းလူနာဌာနသို့ လျှောက်သွားလိုက်သည်။
"ကျွန်မတို့ ဘယ်သွားမလို့လဲ" နျန်းယန်ရွှမ်းက သူ့ကိုကြည့်ပြီး စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
"အတွင်းလူနာဌာနကို သွားမယ်၊ ယင်ရှန်းက ဆေးရုံမှာ ရှိနေသေးတယ်။"
"..."
သူမတို့နှစ်ယောက် ရပ်ကွက်တံခါးဝသို့ လျှောက်သွားလိုက်သည်နှင့် အခန်းတွင်း၌ လန်ယင်ရှန်း၏ ပျော်ရွှင်ဖွယ်ရယ်မောသံသဲ့သဲ့ကို ကြားလိုက်ရသည်။ သူမသည် ထိုလူ၏ နှုတ်ခမ်းထောင့် အနည်းငယ်ကွေးတက်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။
သူမ တိတ်တဆိတ် ခပ်ယဲ့ယဲ့ပြုံးလိုက်မိတယ်။
ထိုမိန်းကလေးသည် ဟန်ရှောင်းနဲ့ လီကျင်ချန်းတို့နှင့်အတူ ရပ်ကွက်အတွင်းရှိ ကုတင်ဘေးတွင် ထိုင်နေသည်။ ထိုအချိန်တွင် ဟန်ရှောင်းက လန်ယင်ရှန်းနဲ့အတူ ရယ်မောနေကြသည်။
ရုတ်တရက် ပေါ်လာသော လူနှစ်ယောက်ကို မြင်လိုက်ရတော့ လန်ယင်ရှန်း ၏ မျက်လုံးများက ရုတ်တရက်လင်းလက်တောက်ပသွားပြီး သူမက ဟော်လင်းချန်ဆီကို ကသုတ်ကရက် ပြေးဖက်ရင်း
"ဦးငယ် ၊ ဦးငယ် အဆင်ပြေရဲ့လား၊ ဒဏ်ရာက ဘယ်လိုနေသေးလား"
ထိုအခါ ဟော်လင်းချန်သည် ဆုပ်ကိုင်ထားသော နျန်းယန်ရွှမ်း၏လက်လေးကို လွှတ်လိုက်ပြီး ပြေးလာတဲ့ ကောင်မလေးကို လှမ်းဖမ်းလိုက်ကာ နူးနူးညံ့ညံ့ပြန်ပြောလိုက်သည်။
"အင်းဦးငယ် နေကောင်းပါတယ်၊ ခုမှသက်သာတုန်းပဲရှိသေးတာကို အရမ်းကြီးမပြေးနဲ့လေ"
"ယင်ရှန်း နေကောင်းနေပါပြီ၊ ဒါပေမယ့် ဦးလေးကျင်ချန်းက ယင်ရှန်းကို ဆေးရုံ ဆင်းခွင့်မပေးသေးဘူး!"
ထိုကောင်မလေးက သူ့ရင်ခွင်ထဲမှာ မကျေမနပ်နဲ့တိုင်တောရင်း ဟစ်အော်လိုက်ပါတယ်။
"ကျင်းချန် က မင်းကိုကောင်းစေချင်လို့ ပြောလိုက်တာပါကွာ။"
ထို့နောက်ဟော်လင်းချန်က သူမကို သူ့ရင်ခွင်ထဲက ဆွဲထုတ်လိုက်ပြီး
"မင်းရဲ့ အန်တီလေးလည်း ရောက်နေတယ် မင်းဘာလို့ မနှုတ်ဆက်တာလဲ"
ထိုမှသာ လန်ယင်ရှန်းသည် နျန်းယန်ရွှမ်းကို မြင်လိုက်ပုံရပြီး သူမအား ရှက်ရွံ့စွာ နှုတ်ဆက်လာတယ်
"ဟဲလို အန်တီလေးတောင်းပန်ပါတယ် ဦးငယ်က်ို အရမ်း စိတ်ပူသွားလို့ပါ ။ဘာပဲဖြစ်ဖြစ် သူက ငါ့ကြောင့် ဒဏ်ရာ ရသွားတာဆိုတော့ ။ အပြစ်ရှိသလို ခံစားရလို့။ "..."
နျန်းယန်ရွှမ်းသည် သူမ၏ ရင်တွင်းမသက်မသာဖြစ်မှုကို အစွမ်းကုန်ထိန်းချုပ်ထားလိုက်ကာ ဘာမှမဟုတ်သကဲ့သို့ဟန်ဆောင်လိုက်၏။
"ရပါတယ် ယင်ရှန်း၊ နင်အပြစ်ရှိသလို ခံစားနေစရာမလိုပါဘူး။နင့်ဦးငယ်က နင့်ကို ကာကွယ်သင့်တယ်။နင်ကသူ့ကျေးဇူးရှင်ပဲလေ"
"အယ်!! ဦးငယ်အကုန်ပြောပြပြီးပြီလား"
"ဟုတ်တယ်၊ နင့်ဦးငယ်နဲ့ငါက လင်နဲ့မယားတွေပဲလေ။ ဆိုရိုးရှိတယ်လေ *လင်နဲ့မယား လျှာနဲ့သွား * ။လင်မယားကြားမှာ လျှို့ဝှက်ချက်တွေမရှိရဘူးတဲ့ "
နျန်းယန်ရွှမ်းက အနည်းငယ်ပြုံး၍ ဟော်လင်းချန် ၏လက်ကိုဆွဲကာ လက်ချောင်းများဖြင့် အချင်းချင်းယှက်နွယ်ထားလိုက်သည်။ ပြီးသည်နှင့် သူမကသူ့ကို တစ်ချက်ကြည့်လိုက်မ်ိတယ်။
ဟော်လင်းချန်သည် သူမ၏လက်ကို တင်းတင်းကြပ်ကြပ်ပြန်လည်ဆုပ်ကိုင်ထားရင်း သူ့မျက်ဝန်းများမှတစ်ဆင့် သိသာထင်ရှားသော နူးညံ့မှုနှင့်အတူ တစိမ့်စိမ့်စုစည်းလိုက်တာကိုတွေ့လိုက်ရသည်။
သူမဆီက ဒီလိုစကားမျိုး ကြားရတာကို ကြိုက်တယ်။
"ဟေ့ မင်းတို့ကရှောင်ယင်ရှန်းကိုမြင်စေချင်တာလား ဒါမှမဟုတ် ငါတို့လိုလူလွတ် တွေကို အလွဲသုံးစားလာလုပ်နေတာလား။"
ခွေးအစာမကြိုက်တဲ့ ဟန်ရှောင်းက ဒေါသသံစွက်လျက် အော်ဟစ်ကန့်ကွက်လိုက်ပါတယ်။
ထိုအခါဟော်လင်းချန်သည် အခြားသူများကို မျက်နှာမူလျက် ယခင်က သူ၏ နူးညံ့သိမ်မွေ့မှုအပိုင်းအစများကို ဖယ်ရှားလိုက်ပြီး ဟန်ရှောင်း ကို အေးစက်စက်အကြည့်နဲ့
"မင်းအလွှဲသုံးစား အလုပ်မခံချင်ရင် ထွက်သွားပါလား!"
"မဟုတ်ဘူးလေကွာ လင်းချန်၊ ငါတို့က ဆယ်နှစ်ကျော် ညီအကိုတွေ ဖြစ်လာခဲ့တာပါကွာ။ မင်းငါ့ကို ညင်ညင်သာသာမဆက်ဆံရင်တောင် မနှင်လွှတ်သင့်ဘူး ။ ထားလိုက်။ မင်းလိုကောင်က သူငယ်ချင်းတွေထက် လိင်ကိစ္စတွေကိုပဲ ဦးစားပေးတာ "
ဟန်ရှောင်း က သူ့လက်တွေကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ရင်းဆိုလိုက်တယ်။ဟော်လင်းချန်က သူ့ကိုဘုကြည့်ကြည့်ရင်း မသိမသာမေးလိုက်၏။
"ဒဏ်ရာရတုန်းက မင်းကိုဘာလို့မတွေ့ခဲ့တာလဲ"
အားလုံးက မနေ့ညက သူ့ကိုတွေ့ဖို့လာခဲ့ကြပေမယ့် ဟန်ရှောင်းကတော့ ရောက်မလာခဲ့တဲ့ တစ်ဦးတည်းသောသူပင်။
ဒါကိုကြားတော့ဟန်ရှောင်းက အပြစ်ရှိသလိုလုံးဝမခံစားရပေ။သူက ပွင့်ပွင့်လင်းလင်း ပဲဝန်ခံပြီး
"ငါ့စိတ်ထဲမှာရှောင်ယင်ရှန်းက မင်းထက် အများကြီး ပိုအရေးကြီးတယ်။ မင်းကို သွားမတွေ့ခင် ရှောင်ယင်ရှန်း အဆင်ပြေမပြေ အရင် သေချာစေရမယ်!"
လန်ယင်ရှန်းက တခစ်ခစ်ရယ်မောရင်း သူတို့ကိုကျော်သွားကာ ဟန်ရှောင်း၏ အင်္ကျီလက်စကို လှုပ်ရမ်းရင်း အရမ်းထိသွားသည့်ဟန်ဖြင့် ဆိုခဲ့သည်။
"ဦးလေးရှောင်းက ယင်ရှန်းကို အချစ်ဆုံးပဲ!"
"ဟုတ်ပါတယ်!"
သို့နှင့်ဟန်ရှောင်းက လန်ယင်ရှန်း၏ပခုံးကို အလိုအလျောက်ခပ်ဖွဖွပုတ်ပေးပြီး ဟော်လင်းချန်ကို စိတ်လှုပ်ရှားစွာ လှည့်ကြည့်လိုက်လေသည်။
ဟော်လင်းချန်က သူ့ကိုအာရုံစိုက်ဖို့ရာ ပျင်းရိလွန်းနေသဖြင့် ဘေးနားကတစ်ချိန်လုံးနှုတ်ဆိတ်ကာ ဇီဝပိတ်ကျင့်နေသော လီကျင်းချန်ကို
"ဆရာဝန်က ဘာပြောလိုက်တလဲ" လို့ မေးလိုက်တယ်။
"ရောဂါဟောင်းပဲ၊ မနက်ဖြန်မနက် ဆေးရုံက ဆင်းလို့ရပြီ"
လီကျင်ချန်းက ပြောရင်း ပြတင်းပေါက်ကနေ အကြည့်ကို ပြန်ရုတ်လိုက်တယ်။
ထို့နောက်ဟော်လင်းချန်က ဘာမှဆက်မပြောတော့ဘဲ နှုတ်ဆိတ်နေသောကလေးမကို နံဘေးက ဆိုဖာပေါ်ထိုင်ဖို့ ဆွဲထုတ်လိုက်ပြီး သူ့ခြေတံရှည်တွေကို ဖြောင့်တန်းစွာဖြတ်ထားရင်း လန်ယင်ရှန်းနဲ့ ဟန်ရှောင်း တို့ ရယ်မောလျက်စကားပြောနေတာကို ကြည့်နေလေသည်။
မကြာမီတွင် ရပ်ကွက်တံခါးက ထပ်မံပွင့်လာခဲ့ပြီး ယခုတစ်ကြိမ်၌လုချီဟန်နဲ့ စုန့်စီတို့ ဝင်လာခဲ့သည်။
လုချီဟန်က နျန်းယန်ရွှမ်းကိုမြင်သောအခါ၊ သူက သူမကို "ယန်ရွှမ်း"လို့ဦးစွာနှုတ်ဆက်လိုက်သည်။
"လု..."
နျန်းယန်ရွှမ်းကလက်ကိုဝှေ့ရမ်းလို့ ခပ်ပြုံးပြုံးနဲ့ ဆိုဖာပေါ်ကနေထရပ်လိုက်ချင်ပေမယ့် ဟော်လင်းချန်သည် သူမ၏လက်ကို ဖိထားရင်း ပြန်ထိုင်ချခိုင်းလိုက်သည်။ နျန်းယန်ရွှမ်းက ရှုပ်ယှက်ခတ်စွာ သူ့ဘက်ကို စောင်းကြည့်တော့
အဲဒီလူက သူမကို မျက်လုံးမှအချက်ပြရင်း ပေါ့ပေါ့ပါးပါးပဲ ပြောလာတယ်။
"ဒါက ကျောင်းမဟုတ်ဘူး၊ သူ့ကို ဒီလောက် ထိယဉ်ကျေးပြနေစရာ မလိုဘူး"
လုချီဟန် က နွေးထွေးစွာ ပြုံးလျက် ဘာမှ ဝင်မပြော။။
နျန်းယန်ရွှမ်းက သူ့ကိုပုခုံးတွန့်ပြလျက် *ဂရုမစိုက်ဘူး* ဆိုတဲ့အကြည့်ပေးကာ အဝေးကိုကြည့်လိုက်ပြီး သူတို့ကိုပြန်လည်နှုတ်ဆက်လိုက်လေ၏။
"ကျောင်းအုပ်ကြီး လု၊အစ်မစုန့်စီ "
လုချီဟန်က ခေါင်းအသာညိတ်လိုက်ပြီး လန်ယင်ရှန်း၏ နံဘေးကို လျှောက်သွားလိုက်သည်။
တစ်ဖက်မှ စုန့်စီသည်လည်း လုချီဟန် ဖြတ်သွားသည့်အချိန်အထိ စောင့်ဆိုင်းနေခဲ့ပြီးနောက် ယန်ရွှမ်းထံသို့ ချဉ်းကပ်လိုက်လေသည်။
"လင်းချန်ရဲ့လက်မောင်းက ဘယ်လိုနေသေးလဲ?"
နျန်းယန်ရွှမ်းက ရှုပ်ထွေးစွာ ပြုံးနေသောမိန်းကလေးကို တစ်ချက်ကြည့်လိုက်မိသည်။ အခုဟော်လင်းချန်က သူမအနားတွင် ရှိနေသေးသည်။
ဘာလို့ သူ့ကို တိုက်ရိုက်မမေးပဲ ငါ့လာမေးနေတာလဲ လို့ ။
သူမဘာမှမတုံ့ပြန်လိုက်နိုင်ခင်မှာ စုန့်စီရဲ့အသံကထပ်မံထွက်လာခဲ့သည်။
"ယန်ရွှန်း ကြည့်ပါဦး။ ညီမကသူ့ဇနီးဖြစ်နေပြီ၊ အခုသူ့အခြေအနေနဲ့ပတ်သတ်ပြီး ပြောပြရမှာရှက်နေတယ်ပေါ့"
"သူနဲ့... ညီမ..." နျန်းယန်ရွှမ်းက တကယ့်ကို စိတ်ရှုပ်သွားသည်။
ထို့အပြင် စုန့်စီက သူမကို ဟော်လင်းချန်၏လက်ထဲမှ ဆွဲထုတ်ပေးလိုက်ရင်း လက်နှစ်ဖက်ကို တရင်းတနှီး ဆုပ်ကိုင်လာကာ မျက်လုံးတစ်ဖက်မှိတ်ပြလေသည်။
"မနေ့ညက အစ်မတို့ အဲဒီကို သွားတုန်းကဆို ညီမက သူ့ဘေးမှာ ဝက်ကလေးတစ်ကောင်လို အိပ်နေခဲ့တာ၊ ညီမမသိတာ မဆန်းပါဘူး။ လင်းချန်ကို တစ်ညလုံးပြုစုခဲ့ရတော့ပင်ပန်းနေပြီမလား"
နျန်းယန်ရွှမ်း ၊ "..." မနေ့ညက သူတို့ ဗီလာကို လာသွားတယ်ဆိုတာကို သူမလုံးဝမသိခဲ့ချေ။
တစ်ချိန်တည်းမှာပင် လူတစ်စုမျက်လုံးအောက်မှ အိပ်စက်နေသည့်သူမ၏ပုံစံကို ပြန်တွေးရင်းရုတ်တရက်နျန်းယန်ရွှမ်း၏မျက်နှာသည် အမှည့်လွန်သွားသည့် ခရမ်းချဉ်သီးပမာ ရဲပတောင်းခတ်သွားလေ၏။သူမက စုန့်စီလှည့်ကြည့်လိုက်ကာ
"အစ်မစုန့်စီ ဘာလို့ ညီမကို မနှိုးလိုက်တာလဲ"
သူမက ပြုံးစ်ိပြုံးစိနဲ့ မျက်ခုံးပင့်ကာ
"နောက်တစ်ခါ သတိထားလိုက်မယ်"
စုန့်စီက သူမအားသဘောကျစွာကြည့်ရင်း လန်ယင်ရှန်းအား နှစ်သိမ့်ရန်လာခဲ့ကြောင်းရုတ်တရက်သတိရသွားပုံရကာ "ယင်ရှန်း ဘယ်တော့ ဆေးရုံက ဆင်းမှာလဲ"
လန်ယင်ရှန်း က "အစ်မစုန့်စီရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ မနက်ဖြန်မနက်ဆို ဆေးရုံက ဆင်းလို့ရပါပြီ"
ထိုအခါ ဘေးနားကရပ်နေသောလုချီဟန်က သူမကိုအသံတိုးတိုးလေးဖြင့် သတိလှမ်းပေးလိုက်သည်။
"အန်တီလေးလို့ ခေါ်"
*****
Tbc
chapter:90
*****
****
"..."
*****
Tbc