Accident (Season 2) OR Bring...

By Theinttttttt

4.5K 249 36

ရုပ်ချင်းခွဲမ‌ရအောင်တူတဲ့သူတဲ့ ညီကိုနှစ်ယောက်ထဲကတစ်ယောက်ကို ချစ်မိတဲ့အခါ လူမှားမှာမကြောက်ဘူးလားတဲ့။ ရုပ်ချင်း... More

Part 1 Zawgyi
Part 2 Uni
Part 2 Zawgyi
Part 3 Uni
Part 3 Zawgyi
Part 4 Uni
Part 4 Zawgyi

Part 1 Uni

1.8K 79 13
By Theinttttttt

ဒီနေ့ဟာ တက္ကသိုလ်ရဲ့ထမဆုံးကျောင်းဖွင့်ရက် ဖြစ်တာကြောင့် ကျောင်း၀န်းထဲတွင် ကျောင်းသားများဖြင့်ရောက်ယှက်ခက်နေကြပြီး ပထမနှစ်ကျောင်းသားသစ်လေးတွေက သူတို့ရဲ့သက်ဆိုင်စာသင်ခန်းအသစ်များကို တက်ကြွစွာဖြင့် လိုက်လံရှာဖွေနေကြသည်။

ထိုအချိန်တွင် ဆေးတက္ကသိုလ်ကျောင်း၀န်းထဲသို့ BMWပုံစံတူ အရောင်တူအနက်ရောင်ကားနှစ်စီးဟာလည်း ရှေ့ဆင့်နောက်ဆင့်၀င်လာပြီး ကားပါကင်ထိုးတဲ့နေရာမှာပါ ကားနှစ်စီးကိုအတူတူယှဉ်ထိုးထားသည်။ထိုကားပေါ်မှအသီးသီးဆင်းလာတဲ့ ကောင်လေးနှင့် ကောင်မလေးတွေကိုမြင်လိုက်ရသည့် ကျောင်းသားအချို့မှာ အံ့အားသင့်ကြသည်။

"ကိုကို ညီမလေးတို့ကို အတန်းထိလိုက်မပို့ပေးနဲ့တော့ ကိုယ့်ဘာသာလိုက်ရှာမယ် ဒီနေ့တောင်ပါပါးစိတ်ချမ်းသာအောင်အတူတူလိုက်လာရတာ"

ကြည်သာနှစ်ယောက်ရဲ့ ဆူပုတ်နေတဲ့ရုပ်တွေကြောင့် သက်ပြင်းသာချမိတော့သည်။ပါပါးကလည်း ပါပါးဘဲသူ့သမီးတွေက တအားမယ်တက်ပဖြစ်နေတာကို ကျောင်းသွားတာကို အကိုတွေနဲ့ အတူတူထည့်ပေးလိုက်တော့ စိတ်ကောက်ကုန်ကြပြီလေ။

"ဟုတ်ပါပြီ ကိုကိုတို့လည်း လိုက်မပို့တော့ဘူး အတန်းသွားတော့မယ်ဟုတ်ပြီလား အဲ့ဒီမျက်နှာလေးတွေပြင်ပြီးသွား "

လရောင်ရဲ့စကားကြောင့် ဆူပုတ်နေတဲ့မျက်နှာ‌ဟာအနည်းငယ် ပြေလျော့သွားသည်။

"ကိုကိုတို့ကို ပြုံးပြပါအုံး "

"ဟီးဟီး...."

နေရောင် ပြောလိုက်တဲ့စကားမှာတော့ ကြည်သာနှစ်ယောက်က မချိသွားဖြဲပြကာ စာသင်ကျောင်းဆောင်တွေရှိရာဘက်ကို သုတ်သုတ်နဲ့ထွက်သွားတော့သည်။ညီမအမြွှာနှစ်ယောက်ရဲ့ ခပ်ရွဲ့ရွဲ့လုပ်သွားတဲ့ပုံစံကြောင့်
ညီကိုနှစ်ယောက်မှာ အချင်းချင်းကြည့်ပြီး ခပ်ဟဟရီမိသွားသည်။

သူတို့ လေးယောက်ရဲ့ပုံရိပ်တစ်ချို့ဟာ ကျောင်း ပထမဆုံးနေမှာဘဲ ကျောင်းwebsite မှာပါ ပလူပျံနေတာကိုတော့ သူတို့မသိခဲ့ချေ။ကျောင်းရဲ့ မိန်းမပျိုလေးတွေရဲ့ ရင်ထဲက King ဖြစ်တဲ့ အမြွှာညီကိုနှစ်ယောက်ဟာ ဒီနှစ်မှာတော့ အမြွှာကောင်မလေးနှစ်ယောက်နဲ့ ကျောင်းကိုအတူတူလာခဲ့ချင်းပင်။

နေရောင်နဲ့လရောင်ဟာ ဒီနှစ်ဆိုရင် ဆေးတက္ကသိုလ် Final Part I ကိုစတင်‌တက်ရောက်နေရပြီဖြစ်သလို ‌ချမ်းမြနဲ့အေးမြဟာလည်း ဆေးတက္ကသိုလ်ပထမနှစ်ကို အကိုတွေနဲ့အတူတူစတင်တက်နေရပြီဖြစ်သည်။

ကျောင်းရဲ့ King နေရာကို ငြင်းပယ်ထားပြီး ဘယ်သူနဲ့မှ ရောရောနှောနှောမနေတဲ့ ညီကိုနှစ်ယောက်ဟာ မိန်းမပျိုလေးတွေရဲ့ ရင်ထဲ King တွေဖြစ်သည်။လာကြိုက်သည့် မိန်းကလေးများကိုလည်း ခပ်ချေချေငြင်းချခဲ့သည့် အပြင်မည်သူ့ကိုမှ အားမနာတက်သည့် အမြွှာနှစ်ယောက်ဟာ သူတို့ရဲ့အဖေဖြစ်သူ မိုးဦးမုန်တိုင်းရဲ့ သွေးတွေအပြည်ပင်ရှိနေသေးသည်။

ငယ်ငယ်တုန်းက ပေါက်စီလုံးကြီးလိုချစ်ဖို့ကောင်းတဲ့ ညီကိုနှစ်ယောက်ဟာ တဖြေးဖြေးအသက်ကြီးလာတဲ့အမျှ ချစ်ဖို့ကောင်းသည့်ပုံပန်းအသွင်အပြင်ကနေ ချောမောခန့်ညားသည့် အသွင်သို့ပြောင်းလဲလာကြသည်။

ငယ်ငယ်တုန်းက အသားဖြူဖြူက‌လေးပေါက်စတွေက ကြီးလာတဲ့အခါမှာ အသားအနည်းငယ်ညိုသွားကြပေမဲ့ ခြောက်ပေကျော်အရပ်ကြီးတွေကြောင့် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ကြီးတွေဖြစ်သည့်အပြင် ကျောင်းရဲ့ အချောဆုံးစာရင်း၀င်သည့် ညီကိုနှစ်ယောက်ပင်။

အမြွှာနှစ်ယောက်ရဲ့ ခွဲမရအောင်တူသောကြောင့် တော်ယုံလူများဟာ ညီကိုနှစ်ယောက်ကို သေချာမခွဲနိုင်ပေ။အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်ကသာ အမြွှာညီကိုနှစ်ယောက်ကို သေချာခွဲနိုင်သည်။

အမြွှာညီကိုနှစ်ယောက်ဟာ သူတို့ပါပါးတက်‌စေချင်တဲ့ ဆေးကျောင်းကို အမှတ်မှီအောင်ကြိုးစာခဲ့သလို အမြွှာညီမလေးတွေကလည်း အမှတ်မှီအောင်ကြိုးစားခဲ့သည့်အတွက် အိမ်မှာအပျော်ရွှင်နေဆုံးက ပါပါးဖြစ်နေခဲ့သည်။ဖေဖေကတော့ ပါပါးဆုံးဖြတ်ချက်တိုင်းကိုကလေးလေးကိုထိန်းနေရင်းသာပြုံးပြုံးကြီး ခေါင်းငြိမ့်နေသူပင်။

ဖေဖေဟာ သူယူထားသည့် တာ၀န်၀တ္တရားများကို အကုန်ကျေပွန်အောင် လုပ်ဆောင်တက်သည့် ယောက်ျားကြီးဖြစ်တာကြောင့် ပါပါးမျက်နှာတစ်ချက်အညှိုးမခံပေ။နေရောင်နဲ့ လရောင်တို့ကိုလည်း သူအားသည့်အချိန်တိုင်း တာ၀န်ယူတက်သည့်ယောက်ျားကောင်းတစ်ယောက်ဖြစ်အောင် အမြဲဆုံးမတက်သည်။

"ကိုကိုတို့လည်းသွားကြရအောင် ကန်တင်းမှာ ဟိုမောင်နှမ‌နှစ်ယောက်စောင့်နေလိမ့်မယ်"

"သွားမယ် နောက်ကျနေရင် ညီညီတို့ကို ပေါက်ပေါက်ဖောက်ဖောက်နေတော့မှာ"

‌အမြွှာညီကိုနှစ်ယောက် ကားထဲကလွယ်အိတ်ကို ကိုယ်စီယူကာ ကန်တင်းရှိရာသို့ထွက်သွားကြသည်။

.......

"ဟော ဟိုမှာလာပါပြီ မင်းသားနှစ်ပါး လမ်းလျှောက်နေတဲ့ပုံကို သူတို့ကိုသူတို့ runway လျှောက်နေတဲ့အတိုင်းပဲ"

ကန်တင်းကို ဂီးတို့ညီကိုနှစ်ယောက်ထပ် အနည်းငယ်စောပြီးရောက်နေသည့် ‌မောင်နှမနှစ်ယောက်ထဲမှ ဇူဇူးသဒ္ဒါနွယ်ရဲ့ စိတ်ညစ်နေသည့်လေသံပင်။

"ဖောင်းဖောင်းရာ တော်ပါတော့ ငါတို့နဲ့သူတို့က ရောက်တာချင်းသိပ်မကွာပါဘူး "

ဇူးမြတ်မဟာဈာန်ရဲ့ စိတ်မရှည်တဲ့လေသံကိုကြားတဲ့အခါ နဂိုကတည်းကဆူပုတ်ပုတ်ဖြစ်နေတဲ့ ဇူဇူးရဲ့မျက်နှာကပိုပြီးဆူပုတ်သွားသည်။

"ဟိုနှစ်ကောင်မြန်မြန်လာပါကွာ မင်းတို့ရဲ့နှစ်ကောင်ကပြောတော့အရင်ရောက်မှာဆိုပြီး အခုတော့မင်းတို့က ငါတို့နောက်မှရောက်လာက ဘာသဘောလဲ"

"ဘာသဘောမှမဟုတ်ဘူး အိမ်ကအငယ်နှစ်ယောက်ကိုချော့နေလို့ နောက်ကျနေတာ ဒါနဲ့ဒီနေ့ကျောင်းမှာစာသင်မှာမဟုတ်ဘူးဆိုတော့ မင်းတို့မောင်နှမ‌နှစ်ယောက်ဘယ်သွားဖို့ရှိလဲ"

"ဘယ်မှမသွားဘူး ညနေဖေဖေတို့ခရီးက ပြန်ရောက်မှာ အိမ်ကိုစောစောပြန်မှဖြစ်မယ်..."

စိတ်ပျက်လက်ပျက်နဲ့ အိမ်စောစောပြန်မယ်လို့ပြောလာတဲ့ ဇူးမြတ်ကြောင့် နေရောင်တို့ ညီကိုနှစ်ယောက်ဟာလည်း အကြောင်းသိလိုက်ပါပြီ။ပုံမှန်ဆို အိမ်စောစောပြန်ဖို့မဆိုထားနှင့် ကျောင်းကို‌တောင်မလာချင်တဲ့ မောင်နှမနှစ်ယောက်က ဒီလိုကျောင်းတက်တဲ့ ပထမဆုံးရက်မှာတင် ကျောင်းကိုစောရောက်နေကတည်းက တစ်ခုခုဖြစ်နေမှန်းကိုသိလိုက်သည်။

"မင်းတို့ကကောဘယ်သွားဖို့ရှိလို့လဲ..."

"ငါနဲ့ညီညီက ခဏနေကျရင် စာကြည့်တိုက်သွားမှာ နေ့လည်လောက်ကျရင်တော့ ဦးစည်က သူ့ဆေးရုံကိုလာဖို့ ခေါ်ထားလို့လေ မင်းတို့ပါလိုက်မလားလို့"

နေရောင်ရဲ့ အဖြေကြောင့် ဇူးမြတ်တို့မောင်နှမယောက်ဟာ အိမ်ပြန်ဖို့သာတွေးလိုက်တော့သည်။

"ဟင့်အင်း မလိုက်တော့ဘူး ငါနဲ့ပေါင်ပေါင်အိမ်ပဲပြန်တော့မယ် ဒယ်ဒီတို့ကို အိမ်ကနေသွားစောင့်နေမှရမှာ"

သူတို့ညီကိုနှစ်ယောက် တစ်ခြားနေရာကိုသာသွားမယ်သာဆိုရင် သူတို့မောင်နှမနှစ်ယောက်က လိုက်ဖြစ်လောက်ပေမယ့် ဆေးရုံကိုသွားမယ် ညီကိုနှစ်ယောက်နောက်ကိုတော့လိုက်နိုင်ပေ။ ဒယဒီတို့ကိုလည်း ခရီးဦးကြိုပြုမှဖြစ်မည်။

နောက်ဆုံးနှစ်ရောက်ပြီဆိုတော့ သိပ်မကြာခင်မှာ အလုပ်သင်ဆင်းရတော့မည့် သူတို့ညီကိုနှစ်ယောက်ကို သူတို့ရဲ့ ဦးစည်က အခုကတည်းကဆွဲခေါ်နေပြီထင်ပါရဲ့။

"ဒါဆိုငါတို့ စာကြည့်တိုက်သွားတော့မယ် နောက်နေ့အတန်းတက်တော့မှ တွေ့ကြမယ်"

‌သူငယ်ချင်းလေးယောက်စကား အနည်းငယ်ပြောပြီးတဲ့နောက်မှာတော့ ဇူးမြတ်တို့အမြွှာမောင်နှမကို နှုတ်ဆက်ကာ နေရောင်တို့ညီကိုနှစ်ယောက်က စာကြည့်တိုက်ဘက်ကိုသာထွက်လာခဲ့တော့သည်။

.......

"‌အတ္တကမ္ဘာ မင်းကအသဲနှလုံးမရှိတဲ့သူလား"

"ဘာဖြစ်လို့လဲ..."

"ကျောင်းစတက်တဲ့ရက်မှာတင် မင်းကကောင်မလေးတွေကို ငိုအောင်လုပ်လိုက်ပြန်ပြီလေ"

"ဟ့...ငါနဲ့ဘာဆိုင်လို့လဲ ငါမကြိုက်လို့မကြိုက်ဘူးငြင်းတာလေ ငါဘာမှားလို့လဲ"

ဒီလိုဘဲဖြစ်ရမှာပေါ့ အတ္တကမ္ဘာဆိုတာ လူလေးချောသလောက် ချေတဲ့နေရာမှာ ပြိုင်စံရှားပင်။ ဘယ်မိန်းကလေးကိုလည်း စိတ်မ၀င်စားသည့်အပြင် သူ့လာကြိုက်သည့် ကောင်မလေးတွေကိုပါ အပြတ်ငြင်းတက်သည့်သူဟာ စီးပွားရေးတက္ကသိုလ်ရဲ့ The Whole King ပင်။

ဒီနေ့ကျောင်းစတက်တဲ့မနက်မှာပင် တတိယနှစ်ကကောင်မလေးတစ်ယောက်ဟာ သူ့အားသဘောကျ‌နေကြောင်းကို ကျောင်းရဲ့ကန်တင်းမှာစာလေးတစ်စောင်ပေးပြီး ၀န်ခံလာခဲ့ပေမယ့်။ အမောင်အတ္တဟာ "ငါမပြန်ကြိုက်ဘူး "ဆိုသည့်စကားတစ်လုံးနဲ့တင် အပြတ်ငြင်းခဲ့ကာ ကန်တင်းကနေထွက်လာခဲ့သည်။

လူအများအရှေ့မှာပင် အငြင်းခံလိုက်ရသည့်ကောင်မလေးကတော့ သေချာပေါက်ငိုနေမည်ကိုသိသော်လည်း မောဟန်တို့ကတော့ အတ္တအနောက်ကိုသာပြေးလိုက်ရသည်။ အတ္တကို လူအများကြားမှာ ဖွင့်ပြောရဲသည့်ကောင်မလေးဟာ တကယ့်အာဂပင်။

"အေးပါကွာ ပြောမိတဲ့ကျွန်တော်မျိုးကပဲမှားပါတယ်"

"တော်စမ်းပါ...စိတ်ရှုပ်ရကြားထဲ "

"အေးပါကွာ.....မင်းပဲစိတ်ရှုပ်နေလိုက် ကျောင်းစစတက်တဲ့ရက်လေး‌ကိုတောင် စိတ်ကြည်ကြည်လင်လင်နဲ့တောင် လာမတက်နိုင်ဘူး"

ခွန်သစ်စရဲ့ စကားကြောင့် မော်ဟန်ကထောက်ခံပါကြောင်း ဘေးကနေခေါင်းငြိမ့်ပြနေခဲ့သည်။

အတ္တကတော့ သူ့သူငယ်ချင်းတွေကြည့်ပြီး သက်ပြင်းသာချလိုက်မိသည်။

"တော်ပြီကွာ အိမ်ပြန်တော့မယ် ဒီညဒယ်ဒီနဲ့ ပါတီတက်ဖို့ရှိတယ် "

"ဟ....မင်းဘဲကောင်းတယ်ကွာ တစ်နေ့တစ်နေ့ပါတီလေးတက်လိုက် club လေးတက်လိုက်နဲ့ လုပ်ချင်ရာအကုန်လုပ်လို့ရတယ်"

"ငါလုပ်ချင်ရာလုပ်လို့ရတယ်ဆိုတာက ငါ့အနောက်မှာ ဒယ်ဒီ့လူတွေရှိတယ်လေ "

" ဒယ်ဒီက သတိကြီးတဲ့သူ ငါ့ကိုဒီအတိုင်းလွှတ်မထားဘူး ငါကလည်းလုပ်ချင်ရာမလုပ်ဘူး "

"လူငယ်သဘာ၀အတိုင်း နေချင်သလိုနေဖို့ ဒယ်ဒီ့ခွင့်ပြုချက်ရပြီးသား သူနဲ့အ‌ပေးအယူက သူ့အလုပ်ကိုကူဖို့ပဲလေ"

အတ္တအဖေဟာ အတ္တကိုဘယ်လောက်ထိချစ်တယ်ဆိုတာ သူတို့အကုန်လုံးသိသည်။သားရဲ့ လွတ်လပ်မှုတွေကိုလည်း အလေးပေးသလို အတ္တအတွက် ကျရောက်လာမည့် အန္တရာယ်များကိုလည်း ကြိုတင်ပြင်ထားသေးသည်။

ငယ်စဉ်ကတည်းက ပေါင်းလာကြသည့် သူငယ်ချင်းတွေဖြစ်တာကြောင့် အတ္တရဲ့အဖေဟာ ဘယ်လိုလူဆိုတာ သူတို့လည်းသိနေတာကြောင့် သိပ်တော့အများကြီးမပြောဖြစ်ပေ။အတ္တအိမ်က ကြီးကြီးတက်ချမ်းသာသည် ထက်ကိုပိုပြီးချမ်းသာကြသည်ကိုတော့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ မော်ဟန်တို့သာသိပြီး။ ကျောင်းတွင် ပေါင်းသည့် အပေါင်းအသင်းများက ချမ်းသာတယ်ဆိုယုံသာသိကြသည်။

သူ့အိမ်ရဲ့ နောက်ကွယ်က စီးပွားရေးကိုလည်း ဘယ်သူကမှ ဂဃနဏ သေချာမသိပေ။

"နောက်တစ်ပတ်လည်း ငါကျောင်းမတက်ဖြစ်ဘူး မင်းတို့ပဲကြည့်ပြီး ငါ့အတွက်လက်မှတ်ထိုးထားပေး"

"ဟ့....အတ္တမင်းက မဟုတ်သေးဘူး ကျောင်းတောင်မတက်ရသေးဘူး ကျောင်းပျက်ဖို့ကအရင်လာတာကွ"

"ကိစ္စမရှိဘူး ငါ့အတွက်ဒီကျောင်းပျက်တာလောက်က စာမဖွဲဘူး"

ဟုတ်ပါတယ်လေ သူ့လိုပြည်ပမှာကျောင်းတက်နိုင်သည့်သူက ဒီလိုသာမန်ကျောင်းကို ဘာလို့တက်နေလဲဆိုတာကိုတော့ မတွေးတက်ပေ။

အတ္တသူ့သူငယ်ချင်းတွေရဲ့ စကားတွေကိုဆုံးအောင် နားမထောင်တော့ပဲ အိမ်ပြန်ရန်သာ အဖွဲ့ထဲကနေထွက်လာခဲ့တော့သည်။

.......

ညနေ နေ၀င်လာသည့်နှင့်အမျှ ခြံ၀န်းကြီးတစ်ခုတွင် အရောင်အသွေးစုံလင်စွာဖြင့် ပြင်ဆင်ထားသော အလှမီးများကလည်းလင်းလက်လာသည်။ အလှဆင်ထားသည့် ရောင်စုံမီးများကြားထဲက တိုးထွက်လာသည့် သီချင်းသံဟာလည်း သာယာငြိမ့်ညောင်းစွာဖြင့် ထွက်ပေါ်နေခဲ့သည်။ထိုခြံ၀န်းထဲသို့ ကားအကောင်းစားများကလည်း တစ်စီးပြီး တစ်စီး၀င်ရောက်လာကာ ခေတ္တမှအချိန်တွင်းမှာ ထိုခြံ၀န်းထဲတွင် ဧည့်ပရိတ်သက်များဖြင့် စည်ကားသွားသည်။

လူကုံထံအသိုင်းအဝိုင်း တစ်ခုကကျင်းပပြုလုပ်သည့် ဂုဏ်ပြုညစာစားပွဲဆိုသည့်အတိုင်း ထိုပါတီအတွင်းတွင် ထိတ်ထိတ်ကြဲသူဌေးများလည်းရှိသလို နာမည်ကြီးအသိုင်းဝိုင်းကလူအချို့ပါရှိနေသည်။

Partyအတွင်းတွင် VVIPတွေအတွက်သီးသန့်ထားရှိသည့် စားပွဲနေရာမှာတော့ လာနှုတ်ဆက်သည့် သူများကို စိတ်မပါသော်လည်း ဟန်ဆောင်အပြုံးများလွှမ်းခြုံကာ နှုတ်ဆက်နေရသည့် အတ္တကမ္ဘာပင်။

အတ္တ သူ့လက်မှာပတ်ထားသည့်နာရီကို တစ်ချက်ကြည့်လိုက်တော့ ညရှစ်နာရီကျော်နေပြီဖြစ်သည်။ သူဒီပွဲကနေထွက်ချင်နေပြီဖြစ်သလို သူ့နည်းတူစွာ နာရီတကြည့်ကြည့် လုပ်နေသည့်ဒယ်ဒီနားကပ်ကာ စကားတိုးတိုးလေးပြောလိုက်သည်။

"ဒယ်ဒီ သားတို့ပြန်ကြရင်ကောင်းမယ် အခုချိန်ဆို ဒယ်ဒီကို အိမ်မှာမျှော်နေလောက်ပြီ"

သားရဲ့ တိုးတိုးပြောလာတဲ့စကားကြောင့် ဦးလွှမ်းရောင်လည်း အိမ်ပြန်ဖို့သာ ဆုံးဖြတ်လိုက်သည်။ ဒီပွဲကို လာရသည်ကလည်း အလုပ်သဘောအရဖြစ်တာကြောင့် အချိန်ကြာကြာနေဖို့ စိတ်ကူးမရှိပေ။

ဒီအချိန်လောက်ဆိုရင် သူတို့သားဖနှစ်ယောက်ကို မျှောနေမည့် အိမ်သူထားကြောင့် ပွဲကထွက်ရန်အချိန်ဆွဲမနေတော့ပေ။

"ဒါဆို အချိန်လည်းနည်းနည်း လင့်ပြီဆိုတော့ အရင်ပြန်နှင်တော့မယ် " ဆိုကာ ဦးလွှမ်းရောင် စားပွဲဝိုင်းကနေ နှုတ်ဆက်ကာအရင်ထွက်လာခဲ့သည်။

"ကိုလွှမ်းရောင်တို့ ပြန်တော့မလို့လား"

VVIP ဝိုင်းမှထွက်လာစဉ် အနောက်ကနှုတ်ဆက်လာသူကြောင့် အတ္တအနောက်ကိုလှည့်ကြည့်မိသည်။

ထိုနှုတ်ဆက်လာသူရဲ့ ဘေးတွင် မြင်ရတဲ့သူတိုင်စိတ်အေးချမ်းစေမည့် မျက်နှာမျိုးကိုပိုင်ဆိုင်ထားသည့် အမျိုးသားတစ်ဦးလည်းရှိသည်။ထိုသူနှစ်ယောက်ရဲ့ တစ်ယောက်ကိုတစ်ယောက် လက်ချင်းချိတ်ထားသည့်ပုံစံကြောင့် သာမန်ထက်ပိုသည့်ဆက်ဆံရေးရှိနေကြောင်းအတ္တသိလိုက်သည်။

"ဟုတ်တယ် ကျွန်တော်တို့ရောက်နေတာလည်း ကြာပြီဆိုတော့ ပြန်တော့မလို့လေ"

‌ဒယ်ဒီက ပြန်လှည့်ပြီး နှုတ်ဆက်နေသည်ကြောင့် ဒယ်ဒီ့လုပ်ငန်း ပါတနာတွေထဲကတစ်ယောက်ပင်။ ဒယ်ဒီအလုပ်တွေများစွာကို ကူလုပ်ပေးခဲ့ပေမယ့် အတ္တကတော့ သူ့ရှေ့ကစုံတွဲကိုတော့ တစ်ခါမှမမြင်ခဲ့ဖူးပေ။

စကားအသွားအလာတွေကို နားထောင်းရင်းနဲ့မှ ထိုစုံတွဲဟာ တော်ယုံလူလုံးထွက်မပြတက်သည် သူများဖြစ်သည်ကို သိလိုက်သည်။

"ကိုမိုးဦးကို မိတ်ဆက်ပေးရအုံးမယ် "

"ဒါက ကျွန်တော့်သား အတ္တကမ္ဘာ အခုတော့ စီးပွားရေးတက္ကသိုလ်မှာ နောက်ဆုံးနှစ်တက်နေတာ " ဆိုကာ အတ္တကိုမိတ်ဆက်ပေးလာခဲ့သည်။

"တွေရတာ၀မ်းသာပါတယ် အန်ကယ်"

အတ္တလည်း ထိုလူနှစ်ယောက်ကို လက်ဆွဲနှုတ်ဆက်သည်။အဲ့နောက်ထိုလူကြီးတွေ ထပ်ပြောလာတဲ့စကားကြောင့် အတ္တအံ့ဩသွားရသည်။ထိုသူနှစ်ယောက်မှာလည်း သားသမီးတွေရှိနေသည်တဲ့ပင်။

မိနစ်အနည်းငယ်လောက် စကားပြောကာ အိမ်ပြန်ဖို့ရန် နှုတ်ဆက်လမ်းခွဲခဲ့ကြသည်။ အဲ့နောက်မှာ အတ္တလည်း ဒယ်ဒီနဲ့အတူတူအိမ်ပြန်ရန် ကားအတူတူသာစီးလိုက်သည်။

ကားပေါ်တွင်တော့ ဒယ်ဒီသူ့အချစ်ကလေးကို အိမ်ပြန်လာနေပြီဖြစ်ကြောင်း သံတော်ဦးတင်နေပေမယ့်။ အတ္တကတော့ သူအစောပိုင်းကတွေ့ခဲ့ရသည့် သူတွေအကြောင်းကိုသာ စိတ်၀င်စားနေမိသည်။ဒယ်ဒီ ဖုန်းပြောပြီး ချလိုက်သည့်အခါမှာတော့ အတ္တရဲ့ စပ်စုချင်တဲ့ စိတ်ကလက မနေနိုင်ပဲမေးမိတော့သည်။

"ဒယ်ဒီ ခုနကလူတွေကဘယ်သူကလဲ "

"Black Diamond Group က CEO ဦးမိုးဦးမုန်တိုင်း သူဘေးကလူက သူ့ခင်ပွန်း ဆန်းသစ်လတဲ့ "

"သူက တည်စေရဲ့ ဖေတူအမေကွဲညီ "

"အော် ဦးတည်စေရဲ့ ညီလား "

"ဦးတည်စေကလည်း ဒယ်ဒီတို့လိုပဲမလား သားနဲ့သိပ်မသိပေမယ့် သူ့အကြောင်းတော့ကြားတယ်"

"ဟုတ်တယ် သူ့ညီကောပဲလေ သူ့ညီက ကလေးငါးယောက်ရှိတယ် "

"...."

ပထမဆုံးကလေးတွေရှိတာကို အတ္တတို့စကားပြောတုန်းက သိထားတညကြောင့် မအံဩပေ။ ဒါပေမဲ့ကလေးက ငါးယောက်ရှိတယ်ဆိုတာကြောင့် သူအံဩသွားသည်။

"ဒါဆို သူတို့ကလေး....."

"သားစကား မများနဲ့တော့ အိမ်ရောက်ပြီ "

ဒယ်ဒီပြောတဲ့စကားကြောင့် ဘေးဘီဝဲယာကိုကြည့်လိုက်ကာမှ ကားသူတို့နေတဲ့ခြံ၀န်းထဲသို့ မောင်းနေပြီဆိုတာကိုသိလိုက်သည်။

ကားဟာ အိမ်ရဲ့ စင်၀င်အောက်ကိုအောက်မှာ ရပ်လိုက်တာနဲ့ အိမ်ထဲကနေ ရိပ်ခနဲထွက်လာတဲ့ အရိပ်တစ်ခုကို အတ္တမျက်လုံးထောင့်ကနေမြင်လိုက်ရတာကြောင့် ပြုံးမိသွားသည်။

ဒယ်ဒီဟာလည်း ကားတံခါးလာဖွင့်မယ့်သူတောင်မစောင့်ဘဲ အရင်ကားတံခါးဖွင့်ကာ ဆင်းသွားသလို အတ္တဟာလည်း ဒယ်ဒီနည်းတူ ကိုယ့်ဘာသာကားတံခါး ဖွင့်ကာ ကားပေါ်က‌နေအမြန်ပြေးဆင်းလိုက်သည်။

သားဖနှစ်ယောက်ဟာ သူထက်ငါအပြိုင် သူတို့ကိုထွက်ပြီးလာကြိုတဲ့သူစီကို ဦးအောင်အပြိုင်သွားကြသည်။ဒါဟာသားဖနှစ်ယောက်ရဲ့ အိမ်ကိုအတူတူပြန်လာတိုင်း လုပ်နေကြအလုပ်ပင်။

"ဖေဖေ...."

အတ္တဟာ အဖေဖြစ်သူရဲ့ ရင်ထဲရောက်တာနဲ့ သူ့ရဲ့ခန္ဓာကိုယ်နဲ့ မလိုက်အောင် စတင်ကပ်ချွဲပါတော့သည်။

"ဖေဖေ့ကို သားကတစ်‌ကုန်လွမ်းနေရတာ "

ဖေဖေဟာလည်း အတ္တချွဲပြီဆိုတာနဲ့ကို တစ်ခစ်ခစ် ရီပါတော့သည်။

"ဟိုကောင် ဘာအခုမှ လွမ်းတယ်ပြုတယ်ဖြစ်နေရတာလဲ "

‌ဒယ်ဒီဟာလည်း သူ့ရဲ့အချစ်ကလေးနားကို အိမ်ရောက်ရောက်ချင်း ပထမဆုံးအနားကပ်ချင်သူ‌ဖြစ်သော်လည်း အတ္တဟာ ဖေဖေဆီအရင်ရောက်တာကြောင့် ဖေဖေ့ဘေးမှာ မျက်နှာမဲမှောင်လျက်ရှိနေသည်။

အတ္တဟာလည်း အဖေနှစ်ယောက်ကနေ မွေးလာသည့်သူဖြစ်တာကြောင့် party ပွဲတွင်တွေ့ခဲရသည့် စုံတွဲ‌ကို ထူးဆန်းနေခြင်းမရှိတာပင်။

ဖေဖေဟာ အတ္တနဲ့ဒယ်ဒီ့အတွက် ကမ္ဘာကြီးတစ်ခုပင်။ဒယ်ဒီဟာလည်း ဖေဖေ့ကို သဲသဲလှုပ်ချစ်သလို အတ္တဟာလည်း ဖေဖေ့ကိုအဆပေါင်းများစွာ ချစ်သည်။

ငယ်ငယ်က ဒယ်ဒီဟာ ဖေဖေ့အကြောင်းပြောပြဖူးတာကြောင့်လည်း ဖေဖေ့ကိုစိတ်ညစ်စေမယ့်အရာမှန်သမျှကို ရှောင်ရှားသည်။

"ကဲ ဒီသားဖနှစ်ယောက်က အတူတူပြန်လာတာနဲ့ကို ရိုးရာမပျက်ဘူး "

"သားသားလည်း ဖေဖေ့ကိုမချွဲနဲ့တော့ တစ်နေကုန်လည်း အပြင်မှာနေချင်သလိုနေပြီးမှ ဖေဖေ့ကိုချွဲမနေနဲ့"

ဟုတ်ပါသည် သူဒီနေ့နေ့လည်ကတည်းက ကျောင်းကနေပြန်လာတာ ဖြစ်ပေမယ့် အိမ်ကိုမပြန်ခဲ့ပေ။ ဒယ်ဒီကိုရုံးမှာ အလုပ်ကူလုပ်ပေးနေခဲ့သည်။ညစာစားပွဲကိုတောင် ဒယ်ဒီနဲ့အတူတူ ရုံးကနေ တစ်ခါတည်းသွားတာပင်။

"ဦးအတ္တလွှမ်း‌ရောင် သားကို ဟိုကောင် ဟိုကောင်နဲ့ မခေါ်ပါနဲ့ဆို ဘယ်နှစ်ခါပြောရမလဲ"

ဖေဖေဟာ ဒယ်ဒီ့ကို လှမ်းဆူတဲ့အခါ ဒယ်ဒီ့ရဲ့ နဂို မဲမှောင်နေတဲ့ မျက်နှာဟာပိုပြီး မဲမှောင်လာသည်။ အတ္တကို မကြည့ကြည့် အကြည့်တစ်ချက်ပို့ သူရဲ့အသဲအသက်ကလေး ပြေးချော့ရပါတော့သည်။

"မောင် တောင်းပန်ပါတယ် ကလေးရယ် ကိုယ်ကသားကိုစိတ်ဆိုးလို လွှတ်ခနဲထွက်သွားတာပါ ကလေးမကြိုက်ရင် ကိုယ်သတိထားပါမယ်"

အတ္တကတော့ သူ့ဒယ်ဒီရဲ့ ပြောင်းလဲသွားတဲ့ပုံစံကို ကြည့်ကာ ခေါင်းခါမိသည်။သူ့အဖေနှစ်ယောက်ရဲ့ သဲသဲကဲကဲကြားမှာ သူကြာကြာမနေနိုင်တော့သည့်အတွက် အပေါ်ထပ်သာ တက်လာခဲ့သည်။

သူ့ရဲ့ နောက်ဆုံးနှစ်တက္ကသိုလ်ကျောင်းသားဘ၀ဟာ သူ့အတွက်တော့ အမှတ်တရတွေများစွာ ဖြစ်လာမည့်‌နှစဆိုတာကိုတော့ သူမသိခဲ့ပေ။

.......

Theint

26.2.2024

စာမရေးဖြစ်တာ တစ်နှစ်နီးနီးကြာနေပြီ ဖြစ်တာကြောင့် လိုအပ်ချက်အများကြီးရှိပါတယ်။ဒီထက်ပိုကောင်းအောင်လည်း သေချာပုံဖော်ပေးသွားပါမယ်ရှင့်။ update လေးကတော့တစ်ပတ်ကို တစ်ပိုင်းရအောင် လုပ်ပေးပါမယ်။

စောင့်မျှော်ပေးကြတဲ့ ချစ်သောလေးတွေကိုလည်း သိမ့်ကကျေးဇူးတင်ပါတယ်ရှင့်။

Continue Reading

You'll Also Like

78.5K 153 70
Erotic shots
222K 25.9K 115
Genre- Drama Fantasy Historical Romance Slice of Life Author(s)- 静似骄阳 Associated Names- 穿书七零:我的炮灰丈夫十项全能 Eng Name- Transmigrating into a Novel: My Can...
29.4K 1.1K 10
Oc female Jackson x Hermes x Apollo x Ares
317K 9K 43
I am insufficient. Well, that's not my name obviously, but that's what my family has decided I am. I'm Julie. I'm 14, about to be 15 years old. I ha...