Part 3 Uni

570 43 5
                                    

ဒေါက် ဒေါက် ဒေါက်

"ကိုကိုရေ ထမင်းစားလို့ရပြီ အောက်ဆင်းခဲ့တော့"

တစ်ခန်း၀င်တစ်ခန်းထွက်ကာ စာလုပ်နေတဲ့ အကိုနှစ်ယောက်ကို ထမင်းဆင်းစားဖို့ခေါ်ဖို့အလှည့်ကျသူက ချမ်းမြေ့ပင်ဖြစ်သည်။

"အင်း...ဆင်းလာမယ် ဂူဂူး"

ဒေါက် ဒေါက် ဒေါက်...

"ဖေဖေရေ ထမင်းစားလို့ရပြီ..."

"ဖေလာမယ် သမီးကြီး..."

"ဂျီဂျီ...ထမင်းစားမယ်တဲ့ ပြီးမှစာလုပ်တော့..."

"ဟုတ် မမကူး..."

အောက်ထပ်မှာတော့ အေးမြက ဖေဖေမိုးဦးနဲ့ အိမ်ရဲ့အထွေးဆုံး မိုးဦးသက်တံ့သစ်ကို ထမင်းစားဖို့ လိုက်ခေါ်ရသည်။

မိုးဦးသက်တံ့သစ်ကတော့ ညနေတုန်းက ပါပါးဆီကနေအဆူခံထားရတာကြောင့် မျက်နှာငယ်လေးနဲ့ အခန်းထဲကနေထွက်လာခဲ့သည်။အရင်ကဆို ထမင်းစားမယ်ဆိုတာနဲ့ ထမင်းစားခန်းထဲကို လှစ်ကနဲရောက်တက်တဲ့သူက မိုးဦးသက်တံ့သစ်ပင်။

အခုများတော့ ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့ ငြိမ်ကုပ်နေတာများ အခုမှအိမ်အသစ်ကိုရောက်တဲ့ ကြောင်ပေါက်စလေးတစ်ကောင်လို ဖြစ်နေသည်။

"ကိုကိုဂီး သားကို ငါးရိုးလေးထွင်ပေးပါအုံး..."

နေရောင်ထမင်းစားနေရင် ငါးရိုးမထွင်တက်လို့ မျက်နှာငယ်လေးနဲ့ ဘေးကနေသံတိုးတိုးနဲ့ပြောလာတဲ့ ညီလေးကိုကြည့်ပြီး သနားမိသွားသည်။

ပုံမှန်ဆိုငါးဟင်းချက်သည့်အခါဆို ပါပါးကညီလေးကို ငါးရိုးထွင်ပေးနေကျဆိုပေမဲ့ ဒီနေ့မှာတော့ ပါပါးစိတ်ဆိုးနေတာကြောင့် ငါးရိုးတောင်မလုပ်ပေးတော့ပေ။ပါပါးစိတ်ဆိုးတာ အလွန်ရှားတာကြောင့် ပါပါးစိတ်ဆိုးတဲ့နေ့ဆိုရင်လည်း တစ်အိမ်လုံးကို အပ်ကျသံတောင်မကြားရပေ။

အခုလည်း ဘေးကနေငါးရိုးမထွင်တက်လို့ အကိုဖြစ်သူကိုလာပြောနေတဲ့ ညီလေးကို နေရောင်ကပဲ ငါးရိုးထွင်ပေးလိုက်ရသည်။အငယ်ဆုံးအထွေးဆုံးဆိုသည့်အတိုင်း အကုန်လုံးရဲ့ အလိုလိုက်ချင်းခံထားရတဲ့ ညီငယ်ကဆိုးချင်တိုင်းဆိုးသည်။

Accident (Season 2) OR Bring Me Back Where stories live. Discover now