အပိုင်း ၈၄ ထပ်ပြီး သေရမယ် ဆိုရင်တောင်မှ သူ့ရဲ့ အရှေ့မှာပဲ ဖြစ်ရမယ်။
...
နင်မုန့်၏ မျက်နှာက အေးခဲသွားတော့သည်။
သူက ဘာသဘောနဲ့ ဒီလိုမေးခွန်းကို မေးတာလဲ။
သူမက ရှင်းရှင်းလင်းလင်း မေးခွန်းတစ်ခုသာ မေးလိုက်မိခြင်း ဖြစ်ပြီး သူမကလည်း လက်ထပ်ချင်သည် ဆိုသည့် ဖက်သို့ ချက်ချင်းရောက်သွားပြန်သည်။
သူမကဘက်က သုံးသပ်ကြည့်လိုက်မည်ဆိုလျှင် သူကသာ လက်ထပ်ချင်သော သဘောမျိုး သက်ရောက်နေသည်။
နင်မုန့်က ရှီးချီကိ တွန်းသည်။
"စိတ်မပျက်နဲ့ အခြားသူက နင့်ရဲ့ အကူအညီကို လာတောင်းနေတဲ့ အချိန်မှာ နင့်ရဲ့ အတွေးတွေက ဘယ်လိုဖြစ်ပြီး လက်ထပ်ဖို့ကို ရောက်သွားတာလဲ"
"ကောင်းပြီ"
သူက ပြန်ဖြေပြီး ဘေးဘက်သို့ ပြန်ဆုပ်လိုက်သည်။
ထိုအခြေအနေက သူမကို အံ့ဩသွားစေသည်။ သို့သော် ထိုအချိန်တွင် သူက ထပ်ဖြည့်ပြီး ပြောလိုက်ပြန်သည်။
"ကိုယ်တော့ တကယ်ကို လက်ထပ်ချင်တယ်"
မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရှင်ဟွိုင်ဝမ်ကမူ ထိုစကားများကို ကြားသောအခါ ကြက်သီးထသွားသည်။ မူလက သူ၏ အံ့ဩသင့်နေသော မျက်နှာတွင် ထိန်းချုပ်ရန် ခက်ခဲသော မှင်တက်မှုက ထွက်ပေါ်လာသည်။
နင်မုန့် "..."
ငါတော့ လက်မထပ်ချင်ပါဘူး။
ရှီးချီက ဘယ်လို မင်္ဂလာပွဲမျိုး လိုချင်လဲ၊ ဘယ်လို မင်္ဂလာဝတ်စုံမျိုး သဘောကျလဲဆိုသော မေးခွန်းများ စိုးရိမ်မိပြီး ရှင်ဟွိုင်ဝမ်ကို မျက်စိမှိတ်ပြလိုက်ကာ စကားဆက်ပြောရန် အမူအရာပြလိုက်သည်။
ရှင်ဟွိုင်ဝမ်ကလည်း ဉာဏ်ကောင်းသည်။ သူက ချက်ချင်းလိုလို အဓိပ္ပာယ်ကို သိသွားသည်။ သို့သော် ဆက်မပြောရဲတော့ချေ။
အကြောင်းမူကာ သူမြင်တွေ့ရသည်အတိုင်းဆိုလျှင် သခင်လေးချီက ထိုအမျိုးသမီးအပေါ် ပိုင်စိုးလိုစိတ် ကြီးမားပြီး စရိုက်ကလည်း ဆိုးသည်။ ထို့ကြောင့် သူပြဿသနာ မရှာရဲ့ချေ။
ရှီးချီက ခပ်မတ်မတ်ထားပြီး ပြောသည်။
"ဆက်ပြောပါ"
ထိုအခါမှသာ ရှင်ဟွိုင်ဝမ်က အကြောင်းအရာ တစ်ခုလုံးကို ပြန်ပြောပြပြန်သည်။
ထိုအချိန်ကာလက သူ၏ ချစ်သူဟောင်းကို ဇနီးဟောင်းဟု မခေါ်ခဲ့ချေ။ အကြောင်းမူက သူတို့က အနာဂတ်တွင် လက်ထပ်မည်ဟု သက်မှတ်ထားပြီး ကတည်းက ယခုလို သေဆုံးသွားခဲ့သည့် အခါ ဇနီးဟောင်းဟု ခေါ်ခြင်းကလည်း မမှားယွင်းတော့ချေ။ သူကလည်း ဟွမ်ဖေးဖေးအပေါ် ခံစားချက်များ ရှိသည်။ မဟုတ်လျှင် သူ၏ ယခင်ကတိကိုပင် ဖောက်ဖျက်ပြီး ထိုခံစားချက်များကို လက်ခံရန် ရုန်းကန်ခဲ့ရမည် မဟုတ်ချေ။
သူက သူ၏ တစ်ဘဝလုံးကို ဟွမ်ဖေးဖေးနှင့် ကုန်ဆုံးသွားရန် ဆုံးဖြတ်ခဲ့ပြီး ကတည်းက ကြောက်လန့်သည့် စိတ်အပြင် စိုးရိမ်စိတ်ကလည်း ကြီးမားလာခဲ့သည်။
ပို၍ဆိုးသည်မှာ အစပိုင်းကတည်းက မင်္ဂလာဝတ်စုံအပေါ် ချစ်မြတ်နိုးသော သူမ၏ စိတ်ကြောင့် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် သူမ ဒီရက်များအတွင်း ပြလာခဲ့ အပြောင်းအလဲက ရိုးရှင်းသော မှတ်ချက်တစ်ခု အဖြစ် သက်မှတ်၍ မရတော့ချေ။
"ကျွန်တော့ကို အစိုးရိမ်စေဆုံး အဖြစ်အပျက် နောက်ဆုံးတစ်ကြိမ် သူမ မင်္ဂလာဝတ်စုံကို ဝတ်ပြီး အိပ်ရာပေါ်မှာ ထိုင်နေခဲ့တဲ့ အချိန်ပဲ ကျွန်တော်ကသာ အချိန်မီ မနိုးလာခဲ့ရင် သူမရဲ့ လက်တွေက ကျွန်တော့ရဲ့ မျက်နှာကိုတောင် ထိတွေ့နေလောက်ပြီ"
ရှင်ဟွိုင်ဝမ်က ကြောင့်လန့်မှု အပြည့်ဖြင့် ပြန်တွေးလိုက်သည်။
ထိုကိစ္စဖြစ်ပျက် ခဲ့ပြီးနောက် သူက ပြောင်းရွေ့နေရန်ပင် ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ပြီး ရက်အနည်းငယ်သာ ကြာသေးသည်။ ဟွမ်ဖေးဖေးက သူ့ကို သတ်ချင်စိတ်ရှိနေသလို ခံစားချက်မျိုးကို ပေးစွမ်းလာခဲ့ပြီး သူမ၏ တစ်ကိုယ်လုံးက တုန်မှုန်ကာ တိတ်ဆိတ်နေခဲ့သည်။ မီးဖွင့်ထားသော အခြေအနေမျိုးဆိုလျှင်သူမ၏ မျက်နှာထားက အမြဲတစေ တောင့်တင်းနေလေ့ရှိသည်။
ထိုအချိန်က သူအနည်းငယ်ပင် ကြောင်သွားခဲ့သေးသည်။ ထိုကြောင့် သူမ၏ နာမယ်ကို ခေါ်သော်လည်း မတုံ့ပြန်လာခဲ့ချေ။ အဆုံးတွင် လူနှစ်ယောက်က နဂိုနေရာတိုင်းထိုင်ပြီး တစ်ညလုံးနီးပါး ကုန်ဆုံးခဲ့ရသည်။
မနက်ခင်း ရောက်သောအခါ ဝမ်ဖေးဖေးက သူမ ဘာသာ အိပ်ရာထဲ ဝင်သွားသည်။
သူမက ပြန်နိုးလာသောအခါ ပုံမှန်ပြန်ဖြစ်သွားပြန်ပြီး သူမ စိတ်အခြေအနေ မကောင်းကြောင်း မထွန့်တက်လာပြန်သည်။
ရှင်ဟွိုင်ဝမ်က သူမက တစ်ညလုံး ကောင်းကောင်း မအိပ်ခဲ့ဘဲ မနက်မိုးလင်းခါနီး နာရီအနည်းငယ်သာ အိပ်ခဲ့ရသဖြင့် စိတ်အခြေအနေ မကောင်းခြင်းက ပုံမှန်ဟုသာ ထင်သည်။ ပုံမှန်လူသာ ဆိုလျှင် ထိုအခြေအနေမျိုးကို မရပ်တည်နိုင်လောက်ချေ။
ညလယ်တွင် သူမက တူညီသော ရှေးဟောင်း မင်္ဂလာဝတ်စုံကို ဝတ်ပြန်ကာ ကုတင်ဘေးတွင် ထိုင်နေပြန်သည်။ သူမက သရဲဝင်ပူးထားခြင်း မဟုတ်နိုင်သည့် တိုင်အောင် ထိုမြင်ကွင်းက ကြောက်စရာ ကောင်းလွန်းနေခဲ့သည်။
ရှင်ဟွိုင်ဝမ်က စီးကရက် ထုပ်ခါ မီးညှိလိုက်သည်။
"သခင်လေးချီ ကျွန်တော်တကယ်ကို သွားစရာနေရာ မရှိတော့ပါဘူး။ ကျွန်တော်အရင်က လူအနည်းငယ်လည်း ငှားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က အကူအညီမပေးနိုင်ခဲ့ကြဘူး"
သူက လွန်ခဲ့သော ရက်အနည်းငယ်က လူပေါင်းများစွာကို ရှာဖွေခဲ့သည်။ သို့သော် အားလုံးက ကျော်ကြားခဲ့ကြသည့် တိုင်အောင် အဆုံးတွင် ရလဒ်ကောင်းများ မထွက်လာခဲ့ချေ။ သူတို့က ပိုက်ဆံမယူသွားကြသည့်အတွက် လိမ်သည်ဟုလည်း ပြော၍မရချေ။ သို့သော် တစ်ယောက်ချင်းဆီတိုင်းက သူတို့၏ စွမ်းရည်က မလုံလောက်သေးဘူးဟုသာ ဆိုသွားကြလေသည်။
သူတို့ထဲက တစ်ယောက်ကသာ ထိုသို့ ပြောလာခြင်းဆိုလျှင် လိမ်ညာသည်ဟု တွေး၍ရလောက်သေးသည်။ သို့သော် လူတိုင်းနီးပါးက ဒီအတိုင်းအဝိုင်းမှ ဆရာသခင်များ ဖြစ်နေကြသည့်တိုင်အောင် ထိုသို့ ပြောသွားခဲ့သည်။ ထိုအတွက်ကြောင့် အဆုံးတွင် သူက ချီမိသားစုနှင့် ဆက်စပ်သော လူများကို ဆက်သွယ်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ ကံကောင်းစွာဖြင့် သူတို့ထံမှ ဆက်သွယ်ရန် ဖုန်းနံပါတ်ကို ရရှိခဲ့သည်။
ပင်ပင်ပန်းပန်း အလုပ်ကြိုးစားခြင်းက ထိုက်တန်သော ရလဒ်ကို ရရှိစေသည်။ ရှီးချီက စကားမပြောသေးချေ။ သူ၏ လက်ချောင်းများက ဘေးဘက်ခြမ်းသို့ ချထားပြီး အသာအယာထိတွေ့နေသည်။ အချိန်အတန်ကြာသွားမှသာ သူက နောက်ဆုံးတွင် ပြောလိုက်သည်။
"သွားပြီး တစ်ချက်ကြည့်ရအောင်"
စိတ်မဝင်စားသော လေသံထွက်နေသော်လည်း ရှင်ဟွိုင်ဝမ်အနေဖြင့် သခင်လေးချီကိုယ်တိုင်က တုံ့ပြန်လိုက်သည့်အတွက် စိတ်အေးသွားရသည်။
သူက သက်ပြင်းချလိုက်သည်။
"ကောင်းပါပြီ။ ကျွန်တော်သွားပြီး ကားကို ချက်ချင်း ပြင်ဆင်လိုက်ပါ့မယ်"
ရှီးချီက သူ့ကို အာရုံမစိုက်ဘဲ ခေါင်းလှည့်ကြည့်လိုက်သည်။
"မင်း..."
သူက မျက်မှော်ကြုတ်ပြီး အတွေးနက်သွားသည်။
နင်မုန့်ကလည်း သူ၏ စိုးရိမ်မှုကိုသိသည်။
အကြောင်းမူကာ ယခင်တစ်ခေါက်က ရေကူးကန်သို့ သူက သူမကို ခေါ်သွားခဲ့ပြီး မတော်တဆမှုက ဖြစ်သွားခဲ့သည်။ ယခုအခါတွင် သူက သူမကို အနားတွင် ခေါ်ထားရမည်ခြင်းကို ကြောက်နေလောက်သည်။ သို့သော် သူမက အနားတွင်သာ မရှိနေခဲ့လျှင်လည်း သူက အခြားကိစ္စများကို စိုးရိမ်နေပြန်သည်။ ထို့ကြောင့် သူက စိတ်တွေလွန်စွဲနေတော့သည်။
နင်မုန့်က စနစ်ကို မေးသည်။
"ငါအခု လုံချုံတာလား။ ဒါမှမဟုတ် အနာဂတ်မှာ မတော်တဆမှုဖြစ်ပြီး သေရဉီးမှာလား"
စနစ်က လျှင်မြန်စွာ ပြန်ဖြေလိုက်သည်။
"မစိုးရိမ်ပါနဲ့ အခုက စပြီး ဌာနချုပ်က ပေးထားတဲ့ စွမ်းရည်နဲ့ မင်းကို ကာကွယ်နိုင်စွမ်အား ရှိနေပြီ"
ထိုစကားကို ကြားသောအခါ နင်မုန့်က စိတ်အေးသွားသည်။
သူမက တစ်ဖန်ထပ်သေပြီး ဝိညာဉ်ကူပြောင်း ရဦးမည်ဆိုလျှင် ရှီးချီက အလွန်အိုသွားလောက်ပြီဟု ခံစားမိသည်။
ထို့အပြင် ယခင်တစ်ခေါက်က အနံ့အရ...
ထို့သို့သာ ဆက်ဖြစ်လာဦးမည်ဆိုလျှင် သူမ ထပ်ရူးသွားလောက်လေသည်။ နှစ်အနည်းငယ် ထပ်စောင့်ပြီးနောက် သူမက မရူးသွားသေးလျှင်လည်း ရူးသွပ်လို့နီးပါး ဖြစ်သွားလောက်လေပြီ သူမက လျှို့ဝှက်စွာဖြင့် ရှီးချီကို ချောင်းကြည့်လိုက်သည်။
အဆုံးတွင် သူမက သူ့ကို တစ်ချက် တို့လိုက်ပြီး လိုဆွဲသော ခံစားချက်မျိုးနှင့်အတူ သူ၏နား နားကပ်ကာ ပြောလိုက်သည်။
"ငါဒီတစ်ကြိမ် တကယ်ထွက်မသွားပါဘူး။ တကယ်ပါ"
နင်မုန့်၏ မျက်နှာက နီရဲသွားပြန်သည်။
သူမ အနေနှင့် ပထမဉီးဆုံးအကြိမ် ဟော်တယ်မှ ဝန်ဆောင်မှု ပြီးကတည်းက ရှီးချီ၏ အနားသို့ ထိုသို့ နီးကပ်ခြင်းလည်း ဖြစ်သည်။ ကိုးရိုးကားရား နိုင်သည်ဟု ခံစားရသည့် တိုင်အောင် ပြောရန် လိုအပ်သေးသည်။
သူ၏ ခေါင်းထဲတွင် များပြားသောအတွေးများ မွှေနှောက်နေကြောင်းကို သူမက ဘယ်တော့အခါမှ သိလိမ့်မည်မဟုတ်ချေ။
ဂရုတစိုက် တွေးတောကြည့်ပြီးနောက် သူမက ခန္ဓာကိုယ်ပေါင်းများစွာကို ဝင်ပူခဲ့ခြင်းကို သူက ရှာတွေ့ထားခဲ့သည်မှာ ကြာခဲ့ပြီဆိုလျှင် အချိန်တိုင်းလိုလို နာကျင်သော ထွက်ခွာသွားရသည့် ဖြစ်စဉ်ကို အတွေ့အကြုံ ရှိထားပြီးသား ဆိုလျှင် သူမကသာ သူ၏ နေရာတွင် ဆိုပါက အလွန်စိတ်ဓာတ် ကျနေရလောက်သည်။
နင်မုန့်ကလည်း သူ့ကို ထိုသို့ ပိုင်စိုးလိုစိတ် ကြီးမားအောင် မည်သည့် အရာ လုပ်လိုက်ကြောင်း မသိသေးသော်လည်း သူက နင်နင်မင် ဖြစ်စေ မန်နင်ကို ဖြစ်စေ ဆက်ဆံခဲ့သော အပြုအမူများကို ပြန်တွေးမိသော ပျော့သော့စွာ နားလည်လိုက်သလို ခံစားလိုက်ရသည်။ သူမက ထိုအကြောင်းကို ယခုပြန်တွေးမိချိန်မှသာ သူမက တစ်ခါတစ်ရံတွင် အရိပ်ရောင်ပြသော ပုံစံရောင်ပြသော ပုံစံမျိုးပင် သူမကို စကားပြောခဲ့ခြင်းမျိုးလည်း ရှိသည်။
ငါဘာလို့ အရင်ကတည်းက သတိမထားမိခဲ့ထာလဲ။
နင်မုန့်က စိတ်ရှုပ်ထွေးစွာ တွေးတောလိုက်သည်။ သူမ နှလုံးသားထဲမှ အပြည့်ဖုံးရန် ခက်ခဲသော ခံစားချက်မျိုးက ကြီးထွားသထက် ကြီးထွားလာပြီး တိတ်ဆိတ် တိတ်သည်းလာသည်။
ရှီးချီက မနေ့ကတစ်ခေါက် သူမကို နမ်းခဲ့သော အချိန်က သူမ ကြောင်အသွားခဲ့ရခြင်း ဖြစ်သည်။ ထိုသို့ ကြောင်အသွားခဲ့ရသည့် ခံစားချက်ပင် သူမတွင်လည်း အခြားသော အတွေးများ ရှိနေသေးသည်။
ရှီးချီက အချိန်အတန်ကြာ သူမကို ဂရုတစိုက် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ကြောင်း ပြန်တွေးမိသည့် အခါ သူမက အတွေးနက်သွားရပြန်သည်။
ယခင်တစ်ခေါက်က ပေးခဲ့သော ထိုပုတီးထဲတွင် သူ၏ သွေးကို ရောစက်ထားခြင်း ဖြစ်သည်။ နှမျှောစရာကောင်းလှအောင် အဆုံးတွင် အသုံးမဝင် ဖြစ်သွားခဲ့ရပြီး အလှဆင်ပစ္စည်းသာ ဖြစ်သွားခဲ့ရသည်။
သူက နူးညံစွာမေးသည်။
"တကယ်လား"
နင်မုန့်ကလည်း သူက ကြောက်စရာကောင်းသော တစ်စုံတစ်ရာကို လုပ်လိုက်မည်ကို စိုးရိမ်မိသလို ဒီလောကအပေါ် မျှော်လင့်ချက်များ မထားတော့ဘဲ လက်လျှော့လိုက်မည်ကို စိုးရိမ်သည့် အတွက် ချက်ချင်းလိုလို ခေါင်းညိတ်လိုက်သည်။
ဒီတစ်ကြိမ်တွင် အတော်တဆမှု ဖြစ်နိုင်ခဲ့သည့် တိုင်အောင် အချိန်တန်ကြာမှသာ ဖြစ်ရန် မျှော်လင့်သည်။ စနစ်တွင်လည်း လုပ်နိုင်စွမ်အား ရှိလာသည့် အခါ သာမန်လူများပင် ဖြစ်စေ သရဲများကပင် ဖြစ်စေ ဘားမှမစဟုတ်နိုင်တော့ချေ။
ရှီးချီက ပြန်မဖြေဘဲ နှုတ်ခမ်းကို ခပ်တင်းတင်း စိပိတ်လိုက်သည်။ သူမ၏ စကားကို သူက တွေးတောနေဟန်ရသည်။ အဆုံးတွင်မူ သူက ကတိပေးလိုက်သည်။
ပြောရလျင် သူက ထိုသို့ ဆုံးဖြတ်ပေးလိုက်သော အဓိက အရေးကြီးသော အချက်က သူမက သူ၏ မျက်စိအောက်တွင် ထားချင်သောကြောင့် ဖြစ်သည်။
အဆုံးတွင် တစ်စုံတစ်ရာ ဖြစ်လာခဲ့နိုင်သည့် တိုင်အောင် ပထမဆုံး တစ်ကြိမ်ကလို ဖြစ်ပျက်မျိုးကို မဖြစ်စေချင် တော့ချေ။ သူမရှိချိန် သူမက ပျောက်ကွယ်သွားမည့် အရေးကို အလိုချင်တော့ချေ။ သူမက သေရဦးမည်ဆိုလျှင်ပင် သူ၏ မျက်စိရှေ့တွင် ဖြစ်ရန်လိုအပ်သည်။
နင်မုန့်နှင့် ရှီးချီတို့က ချီမိသားစု၏ တားမြစ်ချင်း စံအိမ်သို့ သွားလိုက်ကြသည်။
ယခင်နှင့် တူညီသော်ကား မဟုတ်သည့် တိုင်အောင် နင်မုန့်က ရင်းနှီးသလို ခံစားနေရသေးသည်။ နောက်ဆုံးတစ်ကြိမ် သူမ ဒီကားကို စီးခဲ့အချိန် တိတိကျကျ ပြောရလျှင် လွန်ခဲ့သော ၁၃နှစ် ခန့်အကြာ နင်နင်၏ ခန္ဓာကိုယ်ထဲတွင် ရှိခဲ့ချိန်ကလည်း စီးခဲ့ဖူးသေးသည်။
သို့သော် သူမက ထုတ်မပြောရဲချေ။ ရှီးချီက တစ်ဖန်ထပ်ပြီး သုန်မှုန်သွားမည်ကို စိုးရိမ်မိသွားသည်။
နာရီအနည်းငယ် ကြာပြီးနောက် ကားက ကွေ့လိုက်ပြီး အဆင့်အတန်းမြင့် ဗီလာ နယ်မြေဘက်သို့ ရောက်သွားသည်။ ထို့နောက် ရှင်ဟွိုင်ဝမ်၏ ကားက အတွင်းဘက် တစ်နေရာသို ကွေ့လိုက်ပြီး ထိုနေရာတွင် ပါကင်ထိုးလိုက်သည်။
သူက ကားထဲမှ ထွက်ပြီး သူတို့ထံ တံခါးထံ ဉီးဆောင်ခေါ်သွားကာ ရှက်ရွံ့သော လေသံမျိုးဖြင့် စကားအနည်းငယ်ပြောသည်။
"ခဏနေ ထူးဆန်းတဲ့ အရာမျိုးတွေ မြင်ရင် မြင်နိုင်ကောင်း လောက်တယ်။ ဒါပေမဲ့ သခင်လေးချီအနေနဲ့ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"
နင်မုန့်ကမူ ဟွမ်ဖေးဖေး ထူးဆန်းသော အပြုအမူကို ပြောခြင်းဖြစ်သည်ဟု သက်မှတ်လိုက်သည်။
ဒီတစ်ကြိမ်တွင် သူမက ရှီးချီနှင့် အလွန်နီးကပ်စွာ ရှိနေပြီး သူ့အလိုလို မမျှော်လင့်ထားသော မတော်တဆမှုများ ဖြစ်လာမည်ကို အလွန်စိုးရိမ် နေခဲ့သည်။ ထိုသို့ ဖြစ်လာလျှင် အလွန်ကံဆိုးပေလိမ့်မည်။
ဒီဗီလာက အသေချေ။ အလွန်အားစိုက်ထုက်ခါ လုံးဝ ပြင်ဆင်ထားသည်နှင့်လည်း တူပြီး အရာအားလုံးက ပြီးပြည့်စုံနေကာ အခမ်းအနားက အဆင့်အတန်း မြင့်မားသည်။
တံခါးမှ ဝင်သွားပြီးနောက် ဉယျာဉ်ငယ်လေးကို တွေ့ရသည်။
နွေရာသီဖြစ်နေသောလည်း နင်မုန့်ကမူ တစ်ချက်ကြည့်လိုက်ပြီးနောက် ဉယျာဉ်ထဲတွင် ပန်းတစ်ပွင့်မှ မပွင့်နေကြောင်း မြင်လိုက်ရသည်။ အားလုံးက ညိုးနွှမ်းနေကြသည်။ ထိုဖြစ်စဉ်ကပင် ပုံမှန်မဟုတ်ချေ။
နွေရာသီက ပန်းများ ပွင့်တက်သော ကာလဖြစ်သည်။ ဉယျာဉ်ထဲတွင်လည်း ပန်းအမျိုးအစား ပေါင်းများစွာ ရှိနေသည့်တိုင်အောင် အဖူး တစ်ခုကမှ ပွင့်မနေခဲ့ချေ။ ထိုအချက်အပြင် သူတို့အနားရှိ မြက်ပင်များကလည်း သေနေသည်။ ထို့ကြောင့် အသက်စွမ်းအား ကင်းမဲ့သလို ဖြစ်နေလေသည်။
သူမက ရှီးချီ၏ အင်္ကျီလက်ကို ဆွဲပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ဉယျာဉ်ကို ကြည့်"
ရှီးချီ၏ မျက်နှာတစ်ခုလုံးက မျက်နှာသေဖြင့် ဖြစ်နေသည်။ သို့သော် သူက ပတ်ဝန်းကျင်၏ သက်ရောက်မှုကို ဖန်ရခြင်း မှရှိသလို ထင်ရသော်လည်း ခြေလှမ်းကို နှေးချလိုက်သည်။ သူတို့က ရှေ့သို့ သွေားနေရင်းမှ နင်မုန့်၏ နှခေါင်းထိပ်တွင် ထူးဆန်းသော ညှီနံကို ရလိုက်သည်။
အနံက ထူးခြားသည်။ ပင်လည်စာ အညှီအနံမျိုး မဟုတ်ချေ။ သို့သော် တစ်စုံတစ်ရာ စိုစွတ်စေးကပ်သော အညှီအနံ၏ ခံစားချက်မျိုး ဖြစ်ပြီး လူအများပို မတက်မသာဖြစ်စေသည်။
သူမက ရှဟွိုင်ဝမ်ကို ကြည့်လိုက်သည်။ တစ်ဖက်သူကမူ တုံ့ပြန်ခြင်း မရှိဘဲ ဧည့်ခန်းထဲသို့ ဝင်သွားသည်။ သူက အနံမရလောက်ချေ။
ဧည့်ခန်းကလည်း ရိုးရှင်းသော ဉရောပစတိုင် ဖြစ်ပြီး မီးများ ပရိဘောကများကလည်း အဆင့်အတန်းမြင့်မှုကို ဖော်ပြနေသည်။
နင်မုန့်က အပြင်မှ အထဲအထိ အရာအားလုံးကို မြင်လိုက်ရသောအခါ မျက်လုံးကပင် လှုပ်ချင်သွားသည်။ အဆုံးတွင် သူမ မနေနိုင်ဘဲ လက်မောင်းများကို ပွတ်သပ်ချလိုက်ကာ ကြက်သီးဖျန်းဖျန်း ထလာသည်။ လေအေးပက်စက်ကြောင့်လား။ တစ်စုံတစ်ရာကြောင့်လားမသိ အလွန်အေးသည်ဟု ခံစားလိုက်ရသည်။ ယင်လေထုကြောင့်လည်း ဖြစ်နိုင်သည်။
"သခင်လေးချီ ကျေးဇူးပြုပြီး ဒီနေရာမှာ ထိုင်ပါ"
ရှင်ဟွိုင်ဝမ်က အလျင်စလိုဖြင့် လက်ဖက်ရည်ငှဲ့ပေးသည်။
"ကျွန်တော် အပေါ်ထပ်သွားပြီး ဖေးဖေးကို ကြည့်လိုက်ပါ့ဉီးမယ်"
ရှီးချီက မည်သည့် စကားမှ မဆိုချေ။
သူက နောက်လှည့်ပြီး ဟိုဒီလိုက်ကြည့်နေသေးသော် နင်မုန့်၏ လက်ကို ဆွဲကာ အပေါ်ထပ်သို့ ခေါ်သွားပေးသည်။
ရှင်ဟွိုင်ဝမ်ကလည်း စကားအပို မပြောရဲချေ။ နောက်မှသာ ကပ်လိုက်သွားပြီး နောက်ဆက်မြင်ရမည့် အရာများကို တွေးတောနေမိသည်။
ဟွမ်ဖေးဖေး၏ အမူအရာများက ထူးဆန်းလာကတည်းက သူက ဒီနေရာသို့ ပြန်မလာဖြစ်တော့ချေ။ ယခုက ထိုကိစ္စများဖြစ်ပြီး နောက်ပိုင်းမှ ပြန်လာသည့် ပထမဉီးဆုံးအကြိမ်ဟု ဆို၍ရလေသည်။ သူက သူမကို ပုံမှန်လို သွားမရှာရဲသလို သွားရှာလိုက်လျှင်လည်း ညဘက်သာ လာတွေ့ရဲလေသည်။
နင်မုန့်ကမူ လက်ကို ပြန်ဆွဲမလွှတ်ရဲချေ။
မနေ့က ဟော်တယ်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စက ထပ်ဖြစ်လာခဲ့လျှင် သူ၏ ဆုပ်ကိုင်ထားမှုမှ လွှတ်မြှောက်အောင် သူမ အရေခွံကိုပင် ဆွဲခွာရလောက်သည်။ ထိုသို့ တွေးမိရုံဖြင့်ပင် ကြောက်လန့်လာရသည်။
မည်သို့ပင် ဆိုစေ ယခုအခါ လက်ကို ကိုင်ထားခြင်းသာ လျှင်ဖြစ်ပြီး သူမ၏ အသားကိုလည်း ဆုံးရှုံးရမည် မဟုတ်ချေ။ ရှီးချီကလည်း မည်သည့်စကားမှမဆိုဘဲ တစ်လမ်းလုံး ဒီအတိုင် ငြိမ်သက်စွာ ရှေ့မှ ဉီးဆောင်သွားနေခဲ့သည်။
သူ၏ လက်ထဲရှိ လက်ဖဝါး၏ ခံစားချက်က ရှင်းလင်းပြီးသာပြီး အစစ်အမှန်ဆန်သည်။
သူ၏ အဘွား၏ ခန္ဓာကိုယ်ကို သူမဝင်ပူး ထားခဲ့ချိန်ကဖြစ်စေ နင်နင်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေချိန်က ဖြစ်စေ မန်နင် ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေချိန်က ဖြစ်စေ သူမက ဘယ်တော့အခါမှ မပြောင်းလဲခဲ့ချေ။ သူမက အမျိုးမျိုးသော ပုံစံမျိုးမျိုးသော ပုံစံမျိုးပင် သူ၏ အရှေ့တွင်သာ ပေါ်လာသည်။
တစ်ခါတစ်ရံတွင် ရက်အချိန်တွင် ရှီးချီကပင် သူမက လောဘက သူ့ကို တစ်ဘဝလုံးစာ အတွက် လက်ဆောင်တစ်များလုံးဟု တွေးမိသေးသည်။ သိုသော် အမှန်အတိုင်း ဆိုရသော် ထိုသို့ ဟုတ်မနေခဲ့ချေ။
၇နှစ်သာလုံး သူက ကိုယ့်ကိုယ်ကို အရုံတွင်းကာ အမျိုးမျိုးသော စွမ်းအင်များကို အားပြင်းပြီး သရဲပေါင်းများစွာကို အမိန့်ပေးနိုင်တဲ့အထိ ကြိုးစားခဲ့သည်။ ထိုလူများ အားလုံးကိုလည်း သူ၏ လက်ထဲတွင် ချုပ်ကိုင်နိုင်ခဲ့သည်။ သို့တိုင်အောင် သူ့တွင် ယုံကြည်မှု မရှိသေးချေ။ အထူးသဖြင့် သူက သူမနှင့် တွေ့ဆုံချိန်တိုင်း ဖြစ်သည်။.
မတော်တဆမှုတစ်ခု ဖြစ်လာချိန်တိုင် အမြဲတစေ သတိလက်လွှတ်ဖြစ်သည်။
နောက်ဆုံးတစ်ခေါက်တွင်ဆိုလျှင် သူမက သေချာပေါက် သူ၏ အနားတွင် ရှင်းရှင်းလင်းလင် လိုက်လာခဲ့ခြင်း ဖြစ်သည့်တိုင်အောင် ထောက်ချောက်ထဲကျသွားခဲ့ပြီး အခြားတစ်နေရာသို ရောက်သွားခဲ့ကော သူ၏ အရှေ့မှ ပျက်ကွယ်သွားခဲ့ပြန်သည်။
သူမရှိနေသော နေရာသို့ သူက ရောက်သွားချိန်တိုင် နောက်ကျနေခဲ့ပြန်သည်။
သူမ၏ ဝတ်ဉာဉ်က သူမ ခန္ဓာကိုယ်ထဲမှ ထွက်ခွားသွားခြင်းကို သူက သူက အမြဲတစေ စိုက်ကြည့်နေရပြီး မျက်တောင် တစ်ခက် အချိန်အနေအတွအင် ပျောက်ကွယ်သွားခြင်းကို မြင်နေခဲ့ရသည်။ သဘာဝအလျောက်ပင် ဒီတစ်ကြိမ် ထိုတရားခံက သူ့ကို ၇ နှစ်ပင် နှိပ်စက်ခဲ့သည်။
သူက ကုနန်ချန်ကို မြင်ရချိန်တိုင်း နင်မုန့်အကြောင်းကို အမြဲတစေ တွေးနေမိပြီး သူ၏ အရှေ့တွင် ပျောက်ကွယ်သွားသော ဖြစ်ရပ်ကို ပြန်တွေးမိနေခဲ့သည်။ ထို့အပြင် သူမအကြောင်း တစ်ခုတည်းသာ သိထားသော နာမယ်ကိုသာ ရေရွက်ပြီး ၇နှစ် သာလုံးကို ကုန်ဆုံးနေခဲ့ရသည်။
ဟော်တယ်မှ နေ့ရက်ကို ပြန်တွေးမိသောအခါ ရှီးချီက ရယ်လိုက်သည်။
သူက စောင့်နေခဲ့သော ထိုနေ့ကို နောက်ဆုံးတွင် ကြုံတွေ့လိုက်ရသည်။ သူမက အမှန်တကယ်ပင် သူ၏ အရှေ့တွင် ပေါ်လာခဲ့ပြီး ထွက်သွားတော့မည် မဟုတ်ကြောင်း ပြောပြခဲ့သည်။
ရှီးချီ နှလုံးသားက ပြည့်နှက်သွားသည် ဆိုသော ခံစားချက်မျိုးကိုပင် ရလိုက်သည်။
...
သူမက ပြောတယ်။ ဘယ်တော့မှ ထွက်မသွားတော့ဘူးတဲ့။
ရှီးချီရဲ့ လျှို့ဝှက် ဒဏ္ဍာန်ရီ
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။