Han_Chat (ဟန်ချက်)

By Muser_Ven

1.1K 113 5

An adoration of you.. ' ဗန်းတဲ့ 'ဆိုတဲ့ ရွာလေးမှာနေတဲ့ကောင်လေးနဲ့ နိုင်ငံခြားပြန်ကောင်လေးတို့ရဲ့ နှစ်ဦးကြား... More

အပိုင်း ၁
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃

အပိုင်း ၂

81 11 3
By Muser_Ven

Unicode

"ဖို့ချက်ရေ..သား ရွာထိပ်ပြန်ဦးမှာလား.."

မေကြီးနျူက မေးလာသဖြင့် အိမ်အရှေ့ကပန်းခြုံမှ အရွက်တွေကို ညှပ်နေသည့် ဖို့ချက်က ကတ်ကြေးကို ချကာ အိမ်ထဲ ပြေးဝင်လာခဲ့ပြီး -

"ဘာခိုင်းစရာရှိလို့လဲ မေနျူ.."

"ဪ..တခြားမဟုတ်ဘူး..မင်းအစ်ကိုကြီးလည်း ရောက်တော့ အသားဟင်းလေး ချက်ရအောင်လို့..ဒေါ်လွှာတို့ဆီမှာ ဒီနေ့တောလိုက်တာ အသားတွဲများရသေးလား သွားမေးပေးပါဦး..ရှိတယ်ဆို တစ်တွဲယူခဲ့နော်.."

"ဟုတ်ကဲ့ မေနျူ.."

မေမေနဲ့ ဖို့ချက်ဆိုတဲ့ကောင်လေး အပြန်အလှန် ပြောနေသည်ကို ဟန်ထွဋ်တစ်ယောက် မသိမသာ ကြည့်နေခဲ့သည် ။ အိမ်ကြီးက လေဒဏ်ခံနိုင်အောင်လို့ ခြေတိုင်ရှည်အိမ်ရဲ့အောက်ဘက်ကို အုတ်တွေနဲ့ ပတ်လည်ကာထားသေးပြီး ထိုအထဲမှာမှ သူကြီးအိမ်ပီပီ စားပွဲကြီးတစ်လုံးနှင့် ခုံရှည်တစ်ခု ထားထားလေသည် ။ ဟန်ထွဋ်လည်း ထိုထိုင်ခုံ၌သာ ငြိမ်သက်စွာ ထိုင်နေခဲ့သည် ။

မြန်မာပြည်ဖုန်းဆင်းကဒ် မဝယ်ရသေးသဖြင့် မန္တလေးက ဒေါ်လေးကို ရောက်ပြီဖြစ်ကြောင်း ပြောဖို့အတွက် ဖုန်းဆက်လို့မရချေ ။

ထိုကောင်လေးက ဆိုင်ကယ်မောင်းပြီး ပြန်ထွက်သွားတော့မှ မေမေက ဟန်ထွဋ်ဘေး၌ ခပ်ပြုံးပြုံးလေး လာဝင်ထိုင်ကာ -

"သား..ခရီးပန်းနေပြီလား.."

"ဟုတ်.နှစ်ရက်လောက် ဆက်တိုက် လေယာဥ်ရော ကားရော စီးလာရတာဆိုတော့..တော်တော်ပင်ပန်းနေပြီ.. ဪ..ဒါနဲ့ မေ..ခုနက ကောင်လေးက ဘယ်သူလဲ.."

"ဪ..ဖို့ချက်လေးကို ပြောတာလား..သူက မေမေ့ရဲ့ မွေးစားသားလေးလေ.."

"မွေးစားသား? ဒါဆို သူက ဒီမှာပဲ နေတာလား.."

"အင်း ဟုတ်တယ်..ဒီမှာပဲ..မွေးစားဖြစ်တဲ့အကြောင်းက နည်းနည်းတော့ ရှည်တယ် သားရဲ့.."

"သူ့မိဘတွေကရော? "

"သူ့အဖေကိုတော့ မသိပေမဲ့ သူ့အမေကတော့ ဆုံးသွားပြီ.."

"ဪ.."

"သားတော့ မသိခဲ့ဘူးပေါ့..သား၇နှစ်သားအရွယ်မှာ မန္တလေးမှာ ကျောင်းတက်ဖို့အတွက် သားဒေါ်လေးက ခေါ်သွားတဲ့နေ့လေ..အဲ့ဒီညနေမှာ ဖို့ချက်ရဲ့အမေက မေမေတို့ အိမ်ရှေ့ကို မျက်စိလည်လမ်းမှားပြီးတော့ ရောက်လာတော့တာပဲ.."

____

အဲဒီနေ့က ဟန်ထွဋ်အမေက သူ့သားနဲ့ ခွဲသွားရတော့ တစ်နေကုန် မျက်နှာမလှဘဲ မှိုင်နေခဲ့တာ ။ အဲ့လိုနဲ့ ညနေဘက် နေစောင်းတဲ့အချိန်မှာ ကိုယ်ဝန်အရင့်အမာနဲ့ အမျိုးသမီးတစ်ယောက်က အထုတ်လေးတစ်ထုတ်ကို ဆွဲပြီး အိမ်အရှေ့မှာ ဟိုမျှော်ဒီမျှော်နဲ့ ရပ်နေခဲ့တာလေ..။

အဲ့ဒါကို အမေနျူက တွေ့တော့ အိမ်ထဲက ထွက်လာပြီး -

"ဝေ့ သမီးငယ်.. ဘယ်သူနဲ့ တွေ့ချင်လို့လဲကွယ့်.."

ထိုသမီးလေးမျက်နှာက ပင်ပန်းမှုကြောင့် လူက စုတ်ဖွာနေပြီး ညှိုးငယ်နေသည် ။ လွယ်ထားရသည့် ဗိုက်လေးကို အသာအယာ အုပ်ကာ အမေနျူ့ကို ခေါင်းသာ ခပ်ယဲ့ယဲ့ ခါပြသည် ။

"သမီးက ဒီရွာကတော့မဟုတ်ဘူးထင်တယ်.."

ထိုအမျိုးသမီးငယ်က ခေါင်းညှိတ်ပြလေသည် ။

"ဪ..ဒါဆို အထဲမှာ ဝင်နားပါဦး..ဒီအိမ်က သူကြီးအိမ်ပဲကွယ့်..လာ..အကူအညီလိုတယ်ဆိုလည်း ကူညီပေးပါ့မယ်.."

မေနျူက လှိုက်လှိုက်လှဲလှဲ ခေါ်သော်လည်း ထိုအမျိုး သမီးငယ်က မဝင်ရဲဘဲ တွန့်ဆုတ်နေခဲ့သဖြင့် မေနျူက အနားကို လျှောက်သွားခဲ့ပြီး လက်လေးကို လှမ်းကိုင်လိုက်တော့ ကလေးမလေးရဲ့ လက်က ကျစ်ကျစ်တောက် ပူနေလေသည် ။

"ဟယ်..ကိုယ်တွေ ပူနေပါလား.."

မေနျူက စိုးရိမ်တကြီးနှင့် နဖူးကို စမ်းလိုက်တော့ တကယ့်ကိုပင် ကျစ်ကျစ်တောက် ပူနေလေသည် ။

"လာပါကွယ်..အထဲကိုလာပါ.."

မေနျူက အထဲကို တွဲခေါ်သွားပြီး ထိုင်စရာနေရာပေးလိုက်ပြီး ရေနွေးခွက်လေးကို ချပေးကာ အဖျားကျဆေးတိုက်ဖို့အတွက် စားစရာမုန့်ခြောက်အချို့ကို ယူလာပေးခဲ့သည် ။

"ဘာမှမစားရသေးဘူးထင်တယ်..စားလိုက်ပါ..ပြီးရင် ဆေးလေးလည်း သောက်လိုက်နော်.."

မေနျူက ချော့မော့ပြီး ပြောတော့မှ ထိုကလေးမက စားလေတော့သည် ။ နောက်စားပြီးသည့်အခါကျတော့မှ မေနျူ့က စကားစလေတော့သည် ။

"သမီးက ဘယ်နယ်ကလဲ.."

"..."

ထိုကလေးမက ဘာစကားမှ ပြန်မဆိုဘဲ မေနျူ့ကိုသာ ငေးကြည့်နေလေသည် ။ မျက်ဝန်းတွေက ညှိုးငယ်နေပြီး တစ်ခုခုကို ပြောပြချင်နေသည့်ပုံစံမျိုး ။

ထို့ကြောင့် မေနျူက ကလေးမလေး၏လက်ကို အသာ အယာဆုပ်ကိုင်ကာ -

"ဘာအခက်အခဲရှိလို့လဲ..မေနျူ့ကို ပြော..မေနျူ ကူညီပေးပါ့မယ်.."

မေနျူက ကလေးမလေးရဲ့မျက်ဝန်းကို နွေးထွေးစွာဖြင့် ကြည့်တော့မှ ကလေးမလေးက -

"လောက်ကိုင်က..ပါ.."

"လောက်ကိုင်?..ရှမ်းပြည်ဘက်ခြမ်းကပေါ့.."

ကလေးမလေးက ခေါင်းညိတ်ပြသည် ။

"သမီးအသက်ဘယ်လောက်ရှိပြီလဲ.."

"၂၃.."

"သမီး ဒီဘက်ကို ဘာဖြစ်လို့ရောက်လာတာလဲ..ဘာကိစ္စများ ရှိလို့လဲ.."

မေနျူက ထိုသို့မေးတော့ ကလေးမလေးက ဘာမှပြန်မဖြေတော့ဘဲ တအိအိနှင့် မျက်ရည်များ ကျလာပြီး -

"သမီးအနောက်ကို လိုက်လာကြပြီထင်တယ်.."

"ဘယ်သူတွေလဲ..ဘယ်သူတွေ လိုက်လာကြလို့လဲ.."

"ရှမ်းသူဌေးကြီး.."

"ဘာဖြစ်လို့ လိုက်လာတာလဲ.."

"သမီးရဲ့ ဒီကိုယ်ဝန်ကို မွေးထုတ်ပစ်ဖို့ကြိုးစားနေကြတာ..သမီးရဲ့ ရင်သွေးလေးကို သူတို့ရောင်းစားပစ်မလို့တဲ့.."

"ဟယ်..သမီးရယ်.."

မေနျူက ကလေးမလေးကို ကြင်နာစွာဖြင့် ပွေ့ဖက်လိုက်ပြီး -

"သူတို့တွေက..မိန်းမငယ်လေးတွေကို စော်ကားကြတာ..ပြီးလို့ ကိုယ်ဝန်ရလာတဲ့အခါ ရလာတဲ့ကလေးတွေကို တခြားနိုင်ငံတွေဆီ ရောင်းစားပစ်ကြတာ..သမီး အဲ့လိုမလုပ်နိုင်ဘူး..မလုပ်ပစ်နိုင်လို့ သမီး သူတို့နဲ့ ဝေးရာကို ထွက်ပြေးလာခဲ့တာ.."

ရှိုက်ကြီးတငင် ငိုကာ ပြောပြလာသည့်စကားကြောင့် မေနျူတစ်ယောက် ဝမ်းနည်းစိတ်နှင့် မျက်ရည်များ ဝေ့ဝဲလာကာ -

"ဘာမှစိတ်မပူနဲ့တော့..မေနျူ့အနားနေရင် သမီးဘဝ အေးချမ်းပြီ..ဘာမှစိတ်မပူနဲ့တော့နော်..လာ..ကိုယ်တွေလည်းပူနေတာဆိုတော့ အိမ်ပေါ်မှာ စောစောအိပ်လိုက်နော်.."

မေနျူက အိမ်အပေါ်ထပ်ကို တွဲခေါ်သွားချိန် လှေကားအရင်းနားရောက်တော့..။

အား..

ကလေးမလေးဆီမှ ညည်းသံထွက်လာသဖြင့် မေနျူ့က အလန့်တကြားနှင့် -

"ဘာဖြစ်လို့လဲ သမီး.."

"ဗိုက်..ဗိုက်ထဲက နာလာလို့.."

"ကိုယ်ဝန်က ဘယ်နှလရှိပြီလဲ.."

"သမီး မသိဘူး.."

"ဟယ်.."

မေနျူက နားမလည်နိုင်စွာဖြင့် ကလေးမဗိုက်လေးကို အသာအယာ စမ်းကြည့်လိုက်တော့ တော်တော်လေး တင်းနေပြီဖြစ်သည် ။

"ရက်စေ့နေပြီထင်တယ်..ရတယ် စိတ်မပူနဲ့..မေနျူက အရင်က လက်သည်လုပ်ဖူးတယ်..သမီး ဗိုက်နာလာရင် မေနျူ့ကို အော်ခေါ်လိုက်နော်.."

"ဟုတ်ကဲ့.."

အိမ်အပေါ်ထပ်သို့ တွဲခေါ်သွားလိုက်ပြီး အိမ်ယာခင်းတစ်ခု ခင်းပေးလိုက်ကာ လှဲနေစေလိုက်သည် ။ ပြီးတော့မှ အကယ်၍ မွေးချင်လာပြီဆို အဆင်သင့်မွေးနိုင်အောင်လို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားပြီးနောက် အိမ်အောက်သို့ ပြန်ဆင်းသွားခဲ့သည် ။

သူကြီးကိုခွမ်သော်က တီးတိန်မြို့ပေါ် တက်သွားသည့်အတွက် အိမ်မှာက မေနျူတစ်ယောက်သာ ရှိ၏ ။

ညကတဖြည်းဖြည်းနှင့် မှောင်ရိပ်သန်း လွှမ်းမိုးလာခဲ့သလို အိမ်အပေါ်ထပ်မှာ အိပ်နေတဲ့ကလေးမဆီကနေ ညည်းသံကလည်း တဖြည်းဖြည်း စိပ်လာလေသည် ။

"အား...မေနျူရေ.."

ဗိုက်က စနာလာပြီး လူကအသံမထွက်နိုင်တော့ချေ ။

"မေနျူရေ..သမီးဗိုက်နာလာပြီထင်တယ်.."

တစ်ခါနှစ်ခါ ခေါ်သော်လည်း အောက်ထပ်မှ ဘာအသံမှ မကြားမိသဖြင့် ထိုအမျိုးသမီးငယ်လည်း နာကျင်မှုကို အံကြိတ်ကာ -

"မေနျူရေ!! "

နာကျင်မှုကြောင့် မျက်ရည်စတို့က မျက်ဝန်းအိမ်ထဲမှ တဖြည်းဖြည်း စီးကျလာလေတော့သည် ။ ထိုသို့ နာနာကျင်ကျင်နှင့် အော်ခေါ်တော့မှ မေနျူက အိမ်အောက်ထပ်မှ ပြာပြာသလဲ ပြေးတက်လာကာ -

"ဘာဖြစ်လို့လဲ သမီး.."

မေနျူက ကလေးမလေးနား၌ ပြေးထိုင်လိုက်ပြီး အဝတ်စသန့်တစ်ခုနှင့် နှဖူးပေါ်က ချွေးစများကို သုတ်ပေးရင်းမေးတော့ -

"သမီး..သမီး မွေးချင်လာပြီထင်တယ်..ဗိုက်တော်တော်နာလာပြီ.."

ထိုသို့ပြောတော့ မေနျူက ကလေးမလေးခြုံထားသည့် စောင်ပါးအောက်သို့ ဓာတ်မီးနှင့် ထိုးကြည့်လိုက်တော့ တကယ်ကိုပင် ရေမွှာအိတ်က ပေါက်နေပြီဖြစ်သည် ။

"ရေမွှာပေါက်နေပြီပဲ..မွေးရတော့မှာပေါ့.."

မေနျူက ကလေးမပါးစပ်ထဲသို့ အဝတ်စတစ်ခုကို ခေါက်ကာ ပေးကိုက်စေလိုက်ပြီး -

"သမီး..မေနျူညှစ်လို့ ပြောရင် အားကုန်သုံးပြီး ညှစ်နော်..ဘာမှမကြောက်နဲ့..မွေးလမ်းကြောင်းက ပွင့်နေပြီကွယ့်.."

မေနျူ့စကားကို ကလေးမလေးက ခေါင်းသာဟခပ်မြန်မြန်ညိတ်ပြပြီး မျက်လုံးကို တင်းကျပ်စွာ ပိတ်ထားလိုက်ကာ အားယူနေတော့သည် ။

"သမီး ညှစ်.."

အီး...

"ထွက်တော့မယ် သမီး..ရင်သွေးလေးထွက်တော့မယ်..ညှစ်ထား.."

အီး...

ထဘီစကို တင်းကျပ်စွာ ဆုပ်ကျစ်ထားပြီး ညှစ်နေသည့် ကလေးမလေးခမျာ အဖျားအရှိန်က မကျသေးတာကတစ်ကြောင်း ၊ နာကျင်မှုကြောင့်တစ်ကြောင်း..တဖြည်း ဖြည်းနှင့် မျော့လာလေသည် ။ မျက်ဖြူတို့က လန်ချင်သလို ဖြစ်လာနေပြီ ၊ အသိစိတ်ကို မပြတ်သွားအောင် ထိန်းထားသည့်ကြားကပင် တစ်ချက်တစ်ချက်လွတ်သွားသည် ။

"သမီး..ညှစ်ထား..ကလေးခေါင်းထွက်တော့မယ်ကွယ့်.."

မေနျူ့စကားကြောင့် ထိုကလေးမလေးခမျာ အသက်ကိုတစ်ရှိုက်ရှူပစ်လိုက်ပြီးနောက်..။

အီး....

"ထွက်ပြီ..ထွက်ပြီ.."

အားကုန်သုံးကာ ညှစ်ပစ်လိုက်ပြီးနောက် မေနျူ့ရဲ့စကားကို ဝေဝေဝါးဝါးပင် ကြားရတော့ပြီး ကလေးငိုသံတစ်စွန်း တစ်စကိုလည်း ခပ်သဲ့သဲ့သာ ကြားမိပြီးနောက် အသိစိတ်တို့ ကင်းကွာသွားလေတော့သည် ။

"သမီး!! သမီးရေ.."

မေနျူခမျာ ဗိုက်ထဲကထွက်ခါစ အကျိအချွဲများပေကျံနေသည့် ကလေးငယ်ကို ပုဆိုးစနှင့် အနှီးသဖွယ်ထုတ်ကာ ပွေ့ထားရာမှ လှမ်းခေါ်လိုက်ပေမဲ့ ကလေးမလေးကတော့ ပြန်မထူးတော့ချေ ။ ထို့ကြောင့် မေနျူက ကလေးငယ်ကို အိပ်ရာပေါ် ခနချထားလိုက်ကာ ခွန်းတုန့်မပြန်တော့သည့် ကလေးမနားသို့ ကပ်သွားကာ နှလုံးခုန်သံကို စမ်းကြည့်တော့ နှလုံးက မခုန်တော့ချေ ။

ဟယ်..သမီးရယ်..။

_____

"အဲ့လိုနဲ့ပဲ ဖို့ချက်လေးက မေမေတို့လက်ပေါ်မှာပဲ ကြီး ပြင်းခဲ့တာလေ..မေမေတို့ကလည်း သားထွက်သွားပြီးတော့ ဖို့ချက်လေးကို ကိုယ့်သားအရင်းလိုမျိုး စောင့်ရှောက်ပေးခဲ့တာ..အခုသားလေးလည်းပြန်ရောက်လာပြီဆိုတော့ အမေ့မှာ သား၂ယောက် ရသွားသလိုပဲကွယ်.."

အမေက ခပ်ပြုံးပြုံးလေးပင် ပြောလာပြီးနောက် အိမ်ရှေ့၌ ဆိုင်ကယ်သံတစ်သံကို ကြားလိုက်ရသည် ။

"ဟော..ပြောရင်းဆိုရင်းနဲ့ ပြန်ရောက်လာပြီနဲ့တူတယ်.."

မေမေက ထိုင်နေရာမှ ထပြီး အပြင်ကိုထကြည့်လိုက်တော့ အပြင်မှ ကောင်လေးအသံကို ထပ်ပြီး ကြားရလေတော့သည် ။

"မေနျူ..ဒီနေ့တော့ ဆတ်သားရတယ်တဲ့..အဲ့ဒါ ကျုပ် တစ်တွဲ တောင်းခဲ့တယ်.."

"ဟုတ်ပြီ..နောက်ဖေးမှာ သွားချိတ်ထားလိုက်..ခနနေ မေနျူချက်လိုက်မယ်.."

"ဟုတ် မေနျူ.."

"ကဲ ပြီးတော့..မင်းကိုကြီးကို မင်းအပေါ်ခေါ်သွားပေးလိုက်ဦး.. "

"ဟုတ်..ဒါနဲ့..မေနျူ..ဒီကအစ်ကိုကြီးကို ဘယ်မှာထားမှာလဲ.."

"နင့်အခန်းမှာ ထားမှာပေါ့..တစ်အိမ်လုံးမှာ အိပ်ခန်းဆိုလို့ ၂ခန်းပဲရှိတာ..ငါတို့အခန်းက ငါတို့လင်မယား၂ယောက်နဲ့တင် ပြည့်နေပြီ..ပြီးတော့ လာ..မိတ်ဆက်ပေးရဦးမယ်.."

မေနျူက ဖို့ချက်လက်ကို ဆွဲကာ အိမ်ထဲ ခေါ်လာပြီး -

"ကဲ..မှတ်ထားနော်..ဒါက မင်းရဲ့အစ်ကိုကြီး..မေနျူရဲ့ သားပဲ..နာမည်က ဟန်ထွဋ်သော် တဲ့..မှတ်ထားနော်.."

"ဟုတ်..ကျုပ်မှတ်ထားပါ့မယ်..ပြီးတော့ အစ်ကိုကြီးကိုလည်း ခုနက ကိစ္စအတွက် တောင်းပန်ပါတယ်နော်.."

"ဘာကိုလဲ.."

ဟန်ထွဋ်က သဘောမပေါက်သဖြင့် ပြန်မေးလိုက်တော့ -

"ဟို..အလာတုန်းက လမ်းမှာ ခဲချွန်ကြောင့် ဆိုင်ကယ်မြောက်သွားတာလေ..အဲ့ဒါအကျမှာ အစ်ကိုကြီး တော်တော်နာသွားမယ်ထင်တယ်..ကျုပ်တောင် အခုထိ အောင့်နေတုန်းပဲမို့လို့.."

"ဪ..ရပါတယ်..ဘာမှမဖြစ်ပါဘူး.."

"သားလည်းမှတ်ထားနော်..သူ့နာမည်က ဖို့ချက်တဲ့.."

ဟန်ထွဋ်က ခေါင်းသာ တစ်ချက်ညိတ်ပြပြီး -

"ဒါဆို..သားအပေါ် တက်နားတော့မယ် မေမေ.."

"အေး အေး..ဖို့ချက်..မင်းအစ်ကိုကြီးကို အထုတ်ဝိုင်းသယ်ပေးလိုက်ဦး.."

"ဟုတ်ကဲ့.."

ကောင်လေးက ဟန်ထွဋ်သော်ဆီသို့ အလျင်အမြန်လျှောက်လာပြီး သူ့luggageကို ရွာအဝင်ဝမှာတုန်းကလိုပင် စွေ့ခနဲမ,လိုက်ပြီး ပုခုံးပေါ် ထမ်းသွားကာ အရှေ့မှ သွားမည်အပြု -

"ဟေ့ နေဦး.."

"ဗျာ.."

"အထုတ်ကိုပြန်ချလိုက်.."

လက်ညှိုးကို အောက်ပြန်ချရန် သင်္ကေတပြလိုက်ပြပြီး ပြောတော့ ဖို့ချက်တစ်ယောက် ကြောင်တောင်တောင်ဖြစ်သွားပြီး အထုတ်ကို ပြန်ချလိုက်ကာ -

"ဘာဖြစ်လို့လဲ..ပျက်တတ်လို့လား.."

ဖို့ချက်မေးသော်လည်း ဟန်ထွဋ်က ဘာမှပြန်မပြောဘဲ luggage နားသို့ လျှောက်သွားကာ luggage ဆွဲသည့်အတံကြီးကို ဆွဲထုတ်ပေးလိုက်ပြီး -

"ဒီကနေကိုင်ပြီး ဆွဲသွားလို့ရတယ်..အိတ်အောက်မှာလည်း ဘီးပါတယ်..ထမ်းစရာမလိုဘူး..အိတ်က လေးတယ်.."

"ဪ..ဟုတ်ကဲ့.."

ဖို့ချက်လည်း သူပြောသည့်အတိုင်း ထိုအတံကြီးကိုကိုင်ကာ ဆွဲလာခဲ့ပြီး အိမ်ပေါ်လှေကားကိုတက်တော့လည်း ထိုအတိုင်းသာ ဆွဲပြီးတက်သွားသဖြင့် ထိုတစ်ခနတော့ လှေကားနှင့် အိတ်တို့ ခြစ်သည့်အသံ ၊ ဘီးနဲ့ရိုက်သံတို့က တစ်ဒေါက်ဒေါက်နှင့် ဆူညံသွားခဲ့လေသည် ။

ငါ့အိတ်တော့ သွားပါပြီ..။ ခုနကနည်းကို မပြောပြခဲ့သင့်ဘူး..။

ဟန်ထွဋ်သော်လည်း သက်ပြင်းသာ ချနိုင်ခဲ့ပြီး အိမ်ပေါ်သို့ ဖို့ချက်အနောက်မှ လိုက်တက်လာခဲ့သည် ။ 

အိမ်အပေါ်ထပ်မှာကလည်း အရှေ့မှာ ဧည့်သည်ဧည့်ခံသည့် ကြိမ်စားပွဲ ၊ ကြိမ်ခုံတို့ကို ထားထားပြီး ခေါင်းရင်းနံရံမှာလည်း လက်ဝါးကပ်တိုင်တချို့နှင့် ယေရှုပုံတော်တချို့ကို ကပ်ထားလေသည် ။ ကြမ်းခင်းကတော့ သစ်သားကြမ်းခင်းကိုမှ ကြမ်းတိုက်ထားသဖြင့် ပြောင်လက်နေသည် ။

အိမ်အနောက်ဘက်မှာတော့ အခန်းနှစ်ခုက မျက်နှာချင်း ဆိုင်ရှိပြီး ဖို့ချက်က ခေါင်းရင်းအခန်းထဲသို့ ဝင်သွားလေသဖြင့် သူတို့နှစ်ယောက် ထိုအခန်းမှာ နေရမှာပါလားဟု တွေးမိလေသည် ။

အိမ်ကြီး၏ အငွေ့အသက်တို့က စိမ်းသက်သက်နှင့် ရင်း နှီးမှုမရှိချေ ။ ၇နှစ်သားအထိ နေခဲ့ဖူးသည်ဆိုသော်လည်း ဒီအိမ်ပုံစံကို ဝေဝေဝါးဝါးတောင် မမှတ်မိပေ ။

ဟန်ထွဋ်သော်လည်း ခေါင်းရင်းအခန်းဆီသို့ လျှောက်လာခဲ့ပြီး အခန်းထဲဝင်လာတော့ ဖို့ချက်က ခင်းလက်စဖြသ်နေသော တစ်ယောက်အိပ် အိပ်ရာကို သိမ်းဆည်းနေလေသည် ။

"ကျုပ်ပစ္စည်းတွေနဲ့က ရှုပ်နေမလားမသိ..ခနလေးနော်.. ကျုပ်လည်း အစ်ကိုကြီးလာမယ်မှန်းမသိလို့ မသိမ်း ဆည်းထားမိဘူးဗျ.."

အခန်းပတ်ပတ်လည်ကို မျက်စိတစ်ဝေ့ကြည့်လိုက်တော့ ခြေရင်းဘက်နံရံမှာ လိမ်းဆေးဘူးတချို့နှင့် ချင်းရိုးရာရုပ်ထုတချို့သာရှိသည် ။ အခန်း၏ ဘေးတစ်ဖက်မှာတော့ မျက်နှာသုတ်ပုဝါတစ်ထည်နှင့် ပုဆိုးတစ်ထည်ကို ကြိုးတန်းတစ်ခုနှင့် တန်းကာ လွှားထားလေသည် ။ ထိုအောက်မှာတော့ သံသေတ္တာတစ်လုံးနှင့် ဘေးမှာတော့ စားပွဲခုံတစ်ခုသာရှိသည် ။

ဒီလောက်ပါပဲ ၊ အခန်းပရိဘောဂက များများစားစားမရှိဘဲ ဒီအတိုင်း ဟိုတစ်စု ဒီတစ်စုဖြစ်နေသည် ။ ဟန်ထွဋ်က အခန်းကို စေ့စေ့စပ်စပ်ကြည့်နေစဥ် ဖို့ချက်က သူ့အိပ်ရာလိပ်ကြီးကို အခန်းအပြင်ဘက်သို့ သယ်ထုတ်သွားဟန်ပြင်နေသဖြင့် -

"ဒါက ဘယ်သယ်သွားမလို့လဲ.."

"ဗျာ..ဪ..ဒီအခန်းကို အစ်ကိုကြီး သုံးလေ..ကျုပ်က အပြင်မှာနေလည်း အဆင်ပြေတယ်.."

"မလိုပါဘူးကွာ..ယောက်ျားသားအချင်းချင်း တစ်ခန်းတည်းမျှသုံးလို့ အဆင်ပြေပါတယ်..မထုတ်နဲ့ ထားထား.."

"ဟုတ်ကဲ့.."

ဖို့ချက်က အိပ်ရာလိပ်ကို ပြန်ချလိုက်ပြီး အစ်ကိုကြီးကို ကြည့်ကာ -

"အစ်ကိုကြီးက ဘယ်ထောင့်မှာနေချင်လဲ..ကျုပ်ပစ္စည်းတွေ ရွှေ့ပေးလို့ရအောင်.."

"ရတယ်.."

ဟန်ထွဋ်လည်း လက်ကာပြလိုက်ပြီး -

"အစ်ကို့ကြောင့်နဲ့ ဘာမှရွှေ့မနေနဲ့..ဒီအတိုင်းအဆင်ပြေသလို နေလို့ရတယ်..အဓိကက ကျောတစ်ခင်းရရင် ရပြီ.."

"ဟုတ်ကဲ့..ဒါဆိုလည်း..ကျုပ်သွားတော့မယ်နော်..အစ်ကိုပြီး အေးဆေးနားပါ.."

"အင်း အင်း.."

ဖို့ချက်လည်း ပြောပြောဆိုဆိုနှင့် ဘေးနားမှ ဖြတ်သွားကာ အခန်းအပြင်ဘက်သို့ ထွက်သွားသဖြင့် ဟန်ထွဋ်လည်း တံခါးကို အနည်းငယ် စေ့ရုံစေ့ထားလိုက်သည် ။ ထို့ နောက် ဖို့ချက်ရဲ့ အိပ်ရာလိပ်ကြီးကို ဖြန့်ချလိုက်တော့ ခေါင်းအုံးတစ်လုံးနှင့် စောင်ထူနှစ်ထည်က ဗလုံးဗထွေးနှင့် လိမ့်သွားလေသည် ။ ထို့နောက် ခေါင်းအုံးကို ခပ်စေ့စေ့စိုက်ကြည့်ပြီး အကဲခတ်ကြည့်တော့ ခေါင်းအုံးက ညစ်ပတ်ခြင်းမျိုး ၊ သွားရည်အကွက်ထခြင်းမျိုး ရှိမနေဘဲ အဖြူထည်ဖြစ်နေသည် ။

ထို့ကြောင့် ဟန်ထွဋ်တစ်ယောက် ဟက်ခနဲတစ်ချက်ပြုံးကာ -

"အနေတော့သန့်သားပဲ.."

ထို့နောက် ဟန်ထွဋ်လည်း စိတ်သန့်သန့်နှင့်ပင် လှဲချလိုက်ပြီး မျက်လုံးကို မှိတ်ကြည့်လိုက်တော့ ပင်ပန်းမှုကြောင့် မျက်လုံးက အနည်းငယ် ကျိန်းစပ်နေခဲ့သည် ။ တဖြည်း ဖြည်းနှင့် မျက်ခွံတို့က လေးလံလာပြီး အသိစိတ်တို့လွတ်သွားကာ အိပ်ပျော်သွားခဲ့လေတော့သည် ။

သိပ်မကြာလိုက်ချေ ၊ စိတ်ထဲမှာ နိုးတစ်ဝက်အိပ်မက်လိုလို ဖို့ချက်က အိပ်ခန်းထဲ ဝင်လာခဲ့သလိုပင် ။ ပြီးတော့ ပြန်ထွက်သွားလေသည် ။

နောက်အချိန်တစ်ခနကြာတော့ အသိစိတ်တို့ ပြန်ကပ်လာခဲ့ပြီး မျက်လုံးတို့ ပွင့်လာခဲ့သည် ။

အင်း..

​အိနြာဆုံးပြီးနောက်မှာ အိပ်မက်ဆိုးမမက်ဘဲ ကောင်း ကောင်းအိပ်ပျော်ခဲ့တဲ့ အိပ်ခြင်းပဲ ။ ဘာအိပ်မက်မှ မမက်ဘဲ အိပ်ပျော်သွားခဲ့လေသည် ။ စိတ်ထဲ တစ်ခုခုပြည့်ဝသွားသလို ခံစားချက်မျိုး ခံစားလိုက်ရပြီး တစ်ပြိုင်နက် ခြေရင်းဘက်၌ လူရိပ်တချို့ တွေ့မိလိုက်သဖြင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ဖို့ချက်က အပေါ်ပိုင်းကို သဘတ်ခြုံထားကာ အောက်က ပုဆိုးနှင့် ။ ရေချိုးပြီးခါစဖြစ်မည်ထင်သည် ။

"အင်း..မင်းတောင် ရေချိုးပြီးပြီလား.."

ဟန်ထွဋ်သော်အသံကြောင့် ဖို့ချက်တစ်ယောက် ဆတ်ခနဲ လှည့်ကြည့်လာကာ -

"ဪ..အစ်ကိုကြီး နိုးလာပြီလား.."

"အင်း.."

"ဗိုက်ဆာနေပြီလားဗျ..မေနျူကတော့ ဟင်းကျက်ပြီ ပြောတယ်.."

"ရပါတယ်..သိပ်လည်းမဆာသေးပါဘူး.."

ဟန်ထွဋ်တစ်ယောက် အိပ်ရာမှ ကုန်းထထိုင်လိုက်ပြီးမှ ဖို့ချက်အိပ်ရာပေါ် အိပ်မိသွားတာ သတိရပြီး -

"အာ..sorry..မင်းအိပ်ရာပေါ် ခွင့်မတောင်းဘဲ အိပ်မိသွားတယ်.."

"မလိုပါဘူးဗျာ..ရပါတယ်..ကျုပ်ကသာ အစ်ကိုကြီး စိတ်မသန့်ဖြစ်နေမှာကို စိုးရိမ်နေတာ.."

ဟန်ထွဋ်လည်း ရေချိုးပြီးခါစ ဖို့ချက်ကို တစ်ချက်ကြည့်လိုက်တော့ ရေအနည်းငယ်စိုထားသည့် ဆံပင်က နေ့လည်ကတွေ့သလို စုတ်ဖွာဖွာဖြစ်မနေဘဲ မသိမသာကြည့်ကောင်းနေသည် ။ ဘောင်းဘီအထူပွပွနှင့် အပေါ်က အနွေးထည်နှစ်ထပ်လောက် ထပ်ဝတ်လိုက်ပြီးတော့မှ ဟန်ထွဋ်ဘက်သို့ လှည့်လာကာ -

"အောက်ဆင်းတော့မလား.."

"ရတယ်..မဆာသေးဘူး.."

"အစ်ကိုကြီး ရေချိုးဦးမလား..ကျုပ်ရေနွေးစပ်ပေးမယ်.."

ရေချိုးမလားမေးတော့မှ ဘယ်အချိန်တောင်ရှိပြီလဲဆိုပြီး ဖုန်းကို ဖွင့်ကြည့်မိသည် ။ ၇နာရီတောင် ခွဲတော့မှာပဲ..။

"တော်ပါပြီ..အေးရအေးနဲ့..မနက်ကျမှပဲ ချိုးတော့မယ်..အဆင်ပြေတယ်မဟုတ်လား.."

"ကျုပ်ကပြေပါတယ်ဗျ.."

"တခြားတော့ မဟုတ်ပါဘူး..ချွေးနံ့မခံနိုင်မှာစိုးလို့.."

"ဟာ..မဟုတ်တာဗျာ..အစ်ကိုကြီးချွေးနံ့က ကျုပ်ရေချိုးပြီးရတဲ့အနံ့ထက်တောင် ပိုမွှေးနေပါသေးတယ်.."

"ဒါဆိုလည်း ပြီးတာပဲ..မျက်နှာပဲ သွားသစ်လိုက်မယ်..ဘယ်မှာသစ်ရမလဲ.."

"အာ..ကျုပ်လိုက်ပြပေးမယ်.."

ဖို့ချက်က အရှေ့က လျှောက်သွားပြီး သူခေါ်ရာနောက်သို့ ဟန်ထွဋ်သော်လည်း လိုက်ခဲ့လိုက်သည် ။ အနောက်ဘက် အိမ်အောက်ကို ပြန်ဆင်းပြီး နည်းနည်းအနောက်ကို ဆက်လျှောက်သွားတော့မှ အဝီစိတွင်းကို ဝိုက်ကာကွန်ကရစ်လောင်းထားသည့် ရေချိုးသည့်နေရာကို ရောက်၏ ။ ထိုနေရာက မီးသီးမရှိသည့်အတွက် မှောင်ရိပ်သန်းနေပြီး ဖုန်းမီးထိုးဖို့အတွက် ဖုန်းကလည်း အိမ်ပေါ်မှာ ကျန်ခဲ့သည်။

ဖို့ချက်က လိုက်ပြပေးပြီးနောက် လှည့်ပြန်မည်အပြု -

"ဖို့ချက်.."

"ဗျာ.."

ဖို့ချက်က ပြန်လှည့်လာတော့မှ -

"အစ်ကို့ကို ခနလောက်..စောင့်နေပေးမလား.."

ကြီးကောင်ကြီးမားကြီးနဲ့ သရဲကြောက်နေသေးတာလားလို့ သူထင်ကောင်းထင်နေနိုင်သည် ။ သို့သော်လည်း မတတ်နိုင် ၊ သရဲကြောက်တာမျိုးမဟုတ်ဘဲ ကိုယ်မလာဖူးတဲ့ ဒေသအသစ်ဖြစ်သည့်အတွက် မြွေကင်းပါးတို့ မရှိဘူးဟု တပ်အပ်မပြောနိုင်ချေ ။ ထို့ကြောင့် အကူအညီတောင်းရခြင်းဖြစ်၏ ။

"ဟုတ်..ကျုပ်စောင့်နေပေးပါ့မယ်.."

လေသံခပ်အေးအေးနှင့် ပြန်ပြောလာသဖြင့် ဟန်ထွဋ်လည်း စိတ်ချလက်ချနှင့် ရေခွက်ကို လှမ်းကိုင်နိုင်တော့သည် ။

#Muser_Ven

_____

Zawgyi

"ဖို႔ခ်က္ေရ..သား ရြာထိပ္ျပန္ၪီးမွာလား.."

ေမႀကီးန်ူက ေမးလာသျဖင့္ အိမ္အေရ႔ွကပန္းၿခံဳမွ အရြက္ေတြကို ၫွပ္ေနသည့္ ဖို႔ခ်က္က ကတ္ေၾကးကို ခ်ကာ အိမ္ထဲ ေျပးဝင္လာခဲ့ၿပီး -

"ဘာခိုင္းစရာရိွလို႔လဲ ေမန်ူ.."

"ဪ..တျခားမဟုတ္ဘူး..မင္းအစ္ကိုႀကီးလည္း ေရာက္ေတာ့ အသားဟင္းေလး ခ်က္ရေအာင္လို႔..ေဒၚလႊာတို႔ဆီမွာ ဒီေန့ေတာလိုက္တာ အသားတြဲမ်ားရေသးလား သြားေမးေပးပါၪီး..ရိွတယ္ဆို တစ္တြဲယူခဲ့ေနာ္.."

"ဟုတ္ကဲ့ ေမန်ူ.."

ေမေမနဲ႔ ဖို႔ခ်က္ဆိုတဲ့ေကာင္ေလး အျပန္အလွန္ ေျပာေနသည္ကို ဟန္ထြဋ္တစ္ေယာက္ မသိမသာ ၾကၫ့္ေနခဲ့သည္ ။ အိမ္ႀကီးက ေလဒဏ္ခံႏိုင္ေအာင္လို႔ ေျခတိုင္ရွည္အိမ္ရဲ့ေအာက္ဘက္ကို အုတ္ေတြနဲ႔ ပတ္လည္ကာထားေသးၿပီး ထိုအထဲမွာမွ သူႀကီးအိမ္ပီပီ စားပြဲႀကီးတစ္လံုးႏွင့္ ခံုရွည္တစ္ခု ထားထားေလသည္ ။ ဟန္ထြဋ္လည္း ထိုထိုင္ခံု၌သာ ၿငိမ္သက္စြာ ထိုင္ေနခဲ့သည္ ။

ျမန္မာျပည္ဖုန္းဆင္းကဒ္ မဝယ္ရေသးသျဖင့္ မႏၲေလးက ေဒၚေလးကို ေရာက္ၿပီျဖစ္ေၾကာင္း ေျပာဖို႔အတြက္ ဖုန္းဆက္လို႔မရေခ် ။

ထိုေကာင္ေလးက ဆိုင္ကယ္ေမာင္းၿပီး ျပန္ထြက္သြားေတာ့မွ ေမေမက ဟန္ထြဋ္ေဘး၌ ခပ္ၿပံဳးၿပံဳးေလး လာဝင္ထိုင္ကာ -

"သား..ခရီးပန္းေနၿပီလား.."

"ဟုတ္.ႏွစ္ရက္ေလာက္ ဆက္တိုက္ ေလယာဥ္ေရာ ကားေရာ စီးလာရတာဆိုေတာ့..ေတာ္ေတာ္ပင္ပန္းေနၿပီ.. ဪ..ဒါနဲ႔ ေမ..ခုနက ေကာင္ေလးက ဘယ္သူလဲ.."

"ဪ..ဖို႔ခ်က္ေလးကို ေျပာတာလား..သူက ေမေမ့ရဲ့ ေမြးစားသားေလးေလ.."

"ေမြးစားသား? ဒါဆို သူက ဒီမွာပဲ ေနတာလား.."

"အင္း ဟုတ္တယ္..ဒီမွာပဲ..ေမြးစားျဖစ္တဲ့အေၾကာင္းက နည္းနည္းေတာ့ ရွည္တယ္ သားရဲ့.."

"သူ႔မိဘေတြကေရာ? "

"သူ႔အေဖကိုေတာ့ မသိေပမဲ့ သူ႔အေမကေတာ့ ဆံုးသြားၿပီ.."

"ဪ.."

"သားေတာ့ မသိခဲ့ဘူးေပါ့..သား၇ႏွစ္သားအရြယ္မွာ မႏၲေလးမွာ ေက်ာင္းတက္ဖို႔အတြက္ သားေဒၚေလးက ေခၚသြားတဲ့ေန့ေလ..အဲ့ဒီညေနမွာ ဖို႔ခ်က္ရဲ့အေမက ေမေမတို႔ အိမ္ေရ႔ွကို မ်က္စိလည္လမ္းမွားၿပီးေတာ့ ေရာက္လာေတာ့တာပဲ.."

____

အဲဒီေန့က ဟန္ထြဋ္အေမက သူ႔သားနဲ႔ ခြဲသြားရေတာ့ တစ္ေနကုန္ မ်က္ႏွာမလွဘဲ မိႈင္ေနခဲ့တာ ။ အဲ့လိုနဲ႔ ညေနဘက္ ေနေစာင္းတဲ့အခ်ိန္မွာ ကိုယ္ဝန္အရင့္အမာနဲ႔ အမ်ိဳးသမီးတစ္ေယာက္က အထုတ္ေလးတစ္ထုတ္ကို ဆြဲၿပီး အိမ္အေရ႔ွမွာ ဟိုေမ်ွာ္ဒီေမ်ွာ္နဲ႔ ရပ္ေနခဲ့တာေလ..။

အဲ့ဒါကို အေမန်ူက ေတြ့ေတာ့ အိမ္ထဲက ထြက္လာၿပီး -

"ေဝ့ သမီးငယ္.. ဘယ္သူနဲ႔ ေတြ့ခ်င္လို႔လဲကြယ့္.."

ထိုသမီးေလးမ်က္ႏွာက ပင္ပန္းမႈေၾကာင့္ လူက စုတ္ဖြာေနၿပီး ၫွိုးငယ္ေနသည္ ။ လြယ္ထားရသည့္ ဗိုက္ေလးကို အသာအယာ အုပ္ကာ အေမန်ူ႔ကို ေခါင္းသာ ခပ္ယဲ့ယဲ့ ခါျပသည္ ။

"သမီးက ဒီရြာကေတာ့မဟုတ္ဘူးထင္တယ္.."

ထိုအမ်ိဳးသမီးငယ္က ေခါင္းၫွိတ္ျပေလသည္ ။

"ဪ..ဒါဆို အထဲမွာ ဝင္နားပါၪီး..ဒီအိမ္က သူႀကီးအိမ္ပဲကြယ့္..လာ..အကူအညီလိုတယ္ဆိုလည္း ကူညီေပးပါ့မယ္.."

ေမန်ူက လိႈက္လိႈက္လွဲလွဲ ေခၚေသာ္လည္း ထိုအမ်ိဳး သမီးငယ္က မဝင္ရဲဘဲ တြန္႔ဆုတ္ေနခဲ့သျဖင့္ ေမန်ူက အနားကို ေလ်ွာက္သြားခဲ့ၿပီး လက္ေလးကို လွမ္းကိုင္လိုက္ေတာ့ ကေလးမေလးရဲ့ လက္က က်စ္က်စ္ေတာက္ ပူေနေလသည္ ။

"ဟယ္..ကိုယ္ေတြ ပူေနပါလား.."

ေမန်ူက စိုးရိမ္တႀကီးႏွင့္ နဖူးကို စမ္းလိုက္ေတာ့ တကယ့္ကိုပင္ က်စ္က်စ္ေတာက္ ပူေနေလသည္ ။

"လာပါကြယ္..အထဲကိုလာပါ.."

ေမန်ူက အထဲကို တြဲေခၚသြားၿပီး ထိုင္စရာေနရာေပးလိုက္ၿပီး ေရႏြေးခြက္ေလးကို ခ်ေပးကာ အဖ်ားက်ေဆးတိုက္ဖို႔အတြက္ စားစရာမုန္႔ေျခာက္အခ်ိဳ႕ကို ယူလာေပးခဲ့သည္ ။

"ဘာမွမစားရေသးဘူးထင္တယ္..စားလိုက္ပါ..ၿပီးရင္ ေဆးေလးလည္း ေသာက္လိုက္ေနာ္.."

ေမန်ူက ေခ်ာ့ေမာ့ၿပီး ေျပာေတာ့မွ ထိုကေလးမက စားေလေတာ့သည္ ။ ေနာက္စားၿပီးသည့္အခါက်ေတာ့မွ ေမန်ူ႔က စကားစေလေတာ့သည္ ။

"သမီးက ဘယ္နယ္ကလဲ.."

"..."

ထိုကေလးမက ဘာစကားမွ ျပန္မဆိုဘဲ ေမန်ူ႔ကိုသာ ေငးၾကည့္ေနေလသည္ ။ မ်က္ဝန္းေတြက ၫွိုးငယ္ေနၿပီး တစ္ခုခုကို ေျပာျပခ်င္ေနသည့္ပံုစံမ်ိဳး ။

ထို႔ေၾကာင့္ ေမန်ူက ကေလးမေလး၏လက္ကို အသာ အယာဆုပ္ကိုင္ကာ -

"ဘာအခက္အခဲရိွလို႔လဲ..ေမန်ူ႔ကို ေျပာ..ေမန်ူ ကူညီေပးပါ့မယ္.."

ေမန်ူက ကေလးမေလးရဲ့မ်က္ဝန္းကို ေနြးေထြးစြာျဖင့္ ၾကည့္ေတာ့မွ ကေလးမေလးက -

"ေလာက္ကိုင္က..ပါ.."

"ေလာက္ကိုင္?..ရွမ္းျပည္ဘက္ျခမ္းကေပါ့.."

ကေလးမေလးက ေခါင္းညိတ္ျပသည္ ။

"သမီးအသက္ဘယ္ေလာက္ရိွၿပီလဲ.."

"၂၃.."

"သမီး ဒီဘက္ကို ဘာျဖစ္လို႔ေရာက္လာတာလဲ..ဘာကိစၥမ်ား ရိွလို႔လဲ.."

ေမန်ူက ထိုသို႔ေမးေတာ့ ကေလးမေလးက ဘာမျွပန္မေျဖေတာ့ဘဲ တအိအိႏွင့္ မ်က္ရည္မ်ား က်လာၿပီး -

"သမီးအေနာက္ကို လိုက္လာၾကၿပီထင္တယ္.."

"ဘယ္သူေတြလဲ..ဘယ္သူေတြ လိုက္လာၾကလို႔လဲ.."

"ရွမ္းသူေဌးႀကီး.."

"ဘာျဖစ္လို႔ လိုက္လာတာလဲ.."

"သမီးရဲ့ ဒီကိုယ္ဝန္ကို ေမြးထုတ္ပစ္ဖို႔ႀကိဳးစားေနၾကတာ..သမီးရဲ့ ရင္ေသြးေလးကို သူတို႔ေရာင္းစားပစ္မလို႔တဲ့.."

"ဟယ္..သမီးရယ္.."

ေမန်ူက ကေလးမေလးကို ၾကင္နာစြာျဖင့္ ေပြ့ဖက္လိုက္ၿပီး -

"သူတို႔ေတြက..မိန္းမငယ္ေလးေတြကို ေစာ္ကားၾကတာ..ၿပီးလို႔ ကိုယ္ဝန္ရလာတဲ့အခါ ရလာတဲ့ကေလးေတြကို တျခားႏိုင္ငံေတြဆီ ေရာင္းစားပစ္ၾကတာ..သမီး အဲ့လိုမလုပ္ႏိုင္ဘူး..မလုပ္ပစ္ႏိုင္လို႔ သမီး သူတို႔နဲ႔ ေဝးရာကို ထြက္ေျပးလာခဲ့တာ.."

ရိႈက္ႀကီးတငင္ ငိုကာ ေျပာျပလာသည့္စကားေၾကာင့္ ေမန်ူတစ္ေယာက္ ဝမ္းနည္းစိတ္ႏွင့္ မ်က္ရည္မ်ား ေဝ့ဝဲလာကာ -

"ဘာမွစိတ္မပူနဲ႔ေတာ့..ေမန်ူ႔အနားေနရင္ သမီးဘဝ ေအးခ်မ္းၿပီ..ဘာမွစိတ္မပူနဲ႔ေတာ့ေနာ္..လာ..ကိုယ္ေတြလည္းပူေနတာဆိုေတာ့ အိမ္ေပၚမွာ ေစာေစာအိပ္လိုက္ေနာ္.."

ေမန်ူက အိမ္အေပၚထပ္ကို တြဲေခၚသြားခ်ိန္ ေလွကားအရင္းနားေရာက္ေတာ့..။

အား..

ကေလးမေလးဆီမွ ညည္းသံထြက္လာသျဖင့္ ေမန်ူ႔က အလန္႔တၾကားႏွင့္ -

"ဘာျဖစ္လို႔လဲ သမီး.."

"ဗိုက္..ဗိုက္ထဲက နာလာလို႔.."

"ကိုယ္ဝန္က ဘယ္ႏွလရိွၿပီလဲ.."

"သမီး မသိဘူး.."

"ဟယ္.."

ေမန်ူက နားမလည္ႏိုင္စြာျဖင့္ ကေလးမဗိုက္ေလးကို အသာအယာ စမ္းၾကည့္လိုက္ေတာ့ ေတာ္ေတာ္ေလး တင္းေနၿပီျဖစ္သည္ ။

"ရက္ေစ့ေနၿပီထင္တယ္..ရတယ္ စိတ္မပူနဲ႔..ေမန်ူက အရင္က လက္သည္လုပ္ဖူးတယ္..သမီး ဗိုက္နာလာရင္ ေမန်ူ႔ကို ေအာ္ေခၚလိုက္ေနာ္.."

"ဟုတ္ကဲ့.."

အိမ္အေပၚထပ္သို႔ တြဲေခၚသြားလိုက္ၿပီး အိမ္ယာခင္းတစ္ခု ခင္းေပးလိုက္ကာ လွဲေနေစလိုက္သည္ ။ ၿပီးေတာ့မွ အကယ္၍ ေမြးခ်င္လာၿပီဆို အဆင္သင့္ေမြးႏိုင္ေအာင္လို႔ ျပင္ဆင္စရာရိွတာ ျပင္ဆင္ထားၿပီးေနာက္ အိမ္ေအာက္သို႔ ျပန္ဆင္းသြားခဲ့သည္ ။

သူႀကီးကိုခြမ္ေသာ္က တီးတိန္ၿမိဳ႔ေပၚ တက္သြားသည့္အတြက္ အိမ္မွာက ေမန်ူတစ္ေယာက္သာ ရိွ၏ ။

ညကတျဖည္းျဖည္းႏွင့္ ေမွာင္ရိပ္သန္း လႊမ္းမိုးလာခဲ့သလို အိမ္အေပၚထပ္မွာ အိပ္ေနတဲ့ကေလးမဆီကေန ညည္းသံကလည္း တျဖည္းျဖည္း စိပ္လာေလသည္ ။

"အား...ေမန်ူေရ.."

ဗိုက္က စနာလာၿပီး လူကအသံမထြက္ႏိုင္ေတာ့ေခ် ။

"ေမန်ူေရ..သမီးဗိုက္နာလာၿပီထင္တယ္.."

တစ္ခါႏွစ္ခါ ေခၚေသာ္လည္း ေအာက္ထပ္မွ ဘာအသံမွ မၾကားမိသျဖင့္ ထိုအမ်ိဳးသမီးငယ္လည္း နာက်င္မႈကို အံႀကိတ္ကာ -

"ေမန်ူေရ!! "

နာက်င္မႈေၾကာင့္ မ်က္ရည္စတို႔က မ်က္ဝန္းအိမ္ထဲမွ တျဖည္းျဖည္း စီးက်လာေလေတာ့သည္ ။ ထိုသို႔ နာနာက်င္က်င္ႏွင့္ ေအာ္ေခၚေတာ့မွ ေမန်ူက အိမ္ေအာက္ထပ္မွ ျပာျပာသလဲ ေျပးတက္လာကာ -

"ဘာျဖစ္လို႔လဲ သမီး.."

ေမန်ူက ကေလးမေလးနား၌ ေျပးထိုင္လိုက္ၿပီး အဝတ္စသန္႔တစ္ခုႏွင့္ ႏွဖူးေပၚက ေခြၽးစမ်ားကို သုတ္ေပးရင္းေမးေတာ့ -

"သမီး..သမီး ေမြးခ်င္လာၿပီထင္တယ္..ဗိုက္ေတာ္ေတာ္နာလာၿပီ.."

ထိုသို႔ေျပာေတာ့ ေမန်ူက ကေလးမေလးၿခံဳထားသည့္ ေစာင္ပါးေအာက္သို႔ ဓာတ္မီးႏွင့္ ထိုးၾကည့္လိုက္ေတာ့ တကယ္ကိုပင္ ေရမႊာအိတ္က ေပါက္ေနၿပီျဖစ္သည္ ။

"ေရမႊာေပါက္ေနၿပီပဲ..ေမြးရေတာ့မွာေပါ့.."

ေမန်ူက ကေလးမပါးစပ္ထဲသို႔ အဝတ္စတစ္ခုကို ေခါက္ကာ ေပးကိုက္ေစလိုက္ၿပီး -

"သမီး..ေမန်ူၫွစ္လို႔ ေျပာရင္ အားကုန္သံုးၿပီး ၫွစ္ေနာ္..ဘာမွမေၾကာက္နဲ႔..ေမြးလမ္းေၾကာင္းက ပြင့္ေနၿပီကြယ့္.."

ေမန်ူ႔စကားကို ကေလးမေလးက ေခါင္းသာဟခပ္ျမန္ျမန္ညိတ္ျပၿပီး မ်က္လံုးကို တင္းက်ပ္စြာ ပိတ္ထားလိုက္ကာ အားယူေနေတာ့သည္ ။

"သမီး ၫွစ္.."

အီး...

"ထြက္ေတာ့မယ္ သမီး..ရင္ေသြးေလးထြက္ေတာ့မယ္..ၫွစ္ထား.."

အီး...

ထဘီစကို တင္းက်ပ္စြာ ဆုပ္က်စ္ထားၿပီး ၫွစ္ေနသည့္ ကေလးမေလးခမ်ာ အဖ်ားအရိွန္က မက်ေသးတာကတစ္ေၾကာင္း ၊ နာက်င္မႈေၾကာင့္တစ္ေၾကာင္း..တျဖည္း ျဖည္းႏွင့္ ေမ်ာ့လာေလသည္ ။ မ်က္ျဖဴတို႔က လန္ခ်င္သလို ျဖစ္လာေနၿပီ ၊ အသိစိတ္ကို မျပတ္သြားေအာင္ ထိန္းထားသည့္ၾကားကပင္ တစ္ခ်က္တစ္ခ်က္လြတ္သြားသည္ ။

"သမီး..ၫွစ္ထား..ကေလးေခါင္းထြက္ေတာ့မယ္ကြယ့္.."

ေမန်ူ႔စကားေၾကာင့္ ထိုကေလးမေလးခမ်ာ အသက္ကိုတစ္ရိႈက္ရႉပစ္လိုက္ၿပီးေနာက္..။

အီး....

"ထြက္ၿပီ..ထြက္ၿပီ.."

အားကုန္သံုးကာ ၫွစ္ပစ္လိုက္ၿပီးေနာက္ ေမန်ူ႔ရဲ့စကားကို ေဝေဝဝါးဝါးပင္ ၾကားရေတာ့ၿပီး ကေလးငိုသံတစ္စြန္း တစ္စကိုလည္း ခပ္သဲ့သဲ့သာ ၾကားမိၿပီးေနာက္ အသိစိတ္တို႔ ကင္းကြာသြားေလေတာ့သည္ ။

"သမီး!! သမီးေရ.."

ေမန်ူခမ်ာ ဗိုက္ထဲကထြက္ခါစ အက်ိအခြၽဲမ်ားေပက်ံေနသည့္ ကေလးငယ္ကို ပုဆိုးစႏွင့္ အႏွီးသဖြယ္ထုတ္ကာ ေပြ့ထားရာမွ လွမ္းေခၚလိုက္ေပမဲ့ ကေလးမေလးကေတာ့ ျပန္မထူးေတာ့ေခ် ။ ထို႔ေၾကာင့္ ေမန်ူက ကေလးငယ္ကို အိပ္ရာေပၚ ခနခ်ထားလိုက္ကာ ခြန္းတုန္႔မျပန္ေတာ့သည့္ ကေလးမနားသို႔ ကပ္သြားကာ ႏွလံုးခုန္သံကို စမ္းၾကည့္ေတာ့ ႏွလံုးက မခုန္ေတာ့ေခ် ။

ဟယ္..သမီးရယ္..။

_____

"အဲ့လိုနဲ႔ပဲ ဖို႔ခ်က္ေလးက ေမေမတို႔လက္ေပၚမွာပဲ ႀကီး ျပင္းခဲ့တာေလ..ေမေမတို႔ကလည္း သားထြက္သြားၿပီးေတာ့ ဖို႔ခ်က္ေလးကို ကိုယ့္သားအရင္းလိုမ်ိဳး ေစာင့္ေရွာက္ေပးခဲ့တာ..အခုသားေလးလည္းျပန္ေရာက္လာၿပီဆိုေတာ့ အေမ့မွာ သား၂ေယာက္ ရသြားသလိုပဲကြယ္.."

အေမက ခပ္ၿပံဳးၿပံဳးေလးပင္ ေျပာလာၿပီးေနာက္ အိမ္ေရ႔ွ၌ ဆိုင္ကယ္သံတစ္သံကို ၾကားလိုက္ရသည္ ။

"ေဟာ..ေျပာရင္းဆိုရင္းနဲ႔ ျပန္ေရာက္လာၿပီနဲ႔တူတယ္.."

ေမေမက ထိုင္ေနရာမွ ထၿပီး အျပင္ကိုထၾကည့္လိုက္ေတာ့ အျပင္မွ ေကာင္ေလးအသံကို ထပ္ၿပီး ၾကားရေလေတာ့သည္ ။

"ေမန်ူ..ဒီေန့ေတာ့ ဆတ္သားရတယ္တဲ့..အဲ့ဒါ က်ဳပ္ တစ္တြဲ ေတာင္းခဲ့တယ္.."

"ဟုတ္ၿပီ..ေနာက္ေဖးမွာ သြားခ်ိတ္ထားလိုက္..ခနေန ေမန်ူခ်က္လိုက္မယ္.."

"ဟုတ္ ေမန်ူ.."

"ကဲ ၿပီးေတာ့..မင္းကိုႀကီးကို မင္းအေပၚေခၚသြားေပးလိုက္ၪီး.. "

"ဟုတ္..ဒါနဲ႔..ေမန်ူ..ဒီကအစ္ကိုႀကီးကို ဘယ္မွာထားမွာလဲ.."

"နင့္အခန္းမွာ ထားမွာေပါ့..တစ္အိမ္လံုးမွာ အိပ္ခန္းဆိုလို႔ ၂ခန္းပဲရိွတာ..ငါတို႔အခန္းက ငါတို႔လင္မယား၂ေယာက္နဲ႔တင္ ျပည့္ေနၿပီ..ၿပီးေတာ့ လာ..မိတ္ဆက္ေပးရၪီးမယ္.."

ေမန်ူက ဖို႔ခ်က္လက္ကို ဆြဲကာ အိမ္ထဲ ေခၚလာၿပီး -

"ကဲ..မွတ္ထားေနာ္..ဒါက မင္းရဲ့အစ္ကိုႀကီး..ေမန်ူရဲ့ သားပဲ..နာမည္က ဟန္ထြဋ္ေသာ္ တဲ့..မွတ္ထားေနာ္.."

"ဟုတ္..က်ဳပ္မွတ္ထားပါ့မယ္..ၿပီးေတာ့ အစ္ကိုႀကီးကိုလည္း ခုနက ကိစၥအတြက္ ေတာင္းပန္ပါတယ္ေနာ္.."

"ဘာကိုလဲ.."

ဟန္ထြဋ္က သေဘာမေပါက္သျဖင့္ ျပန္ေမးလိုက္ေတာ့ -

"ဟို..အလာတုန္းက လမ္းမွာ ခဲခြၽန္ေၾကာင့္ ဆိုင္ကယ္ေျမာက္သြားတာေလ..အဲ့ဒါအက်မွာ အစ္ကိုႀကီး ေတာ္ေတာ္နာသြားမယ္ထင္တယ္..က်ဳပ္ေတာင္ အခုထိ ေအာင့္ေနတုန္းပဲမို႔လို႔.."

"ဪ..ရပါတယ္..ဘာမွမျဖစ္ပါဘူး.."

"သားလည္းမွတ္ထားေနာ္..သူ႔နာမည္က ဖို႔ခ်က္တဲ့.."

ဟန္ထြဋ္က ေခါင္းသာ တစ္ခ်က္ညိတ္ျပၿပီး -

"ဒါဆို..သားအေပၚ တက္နားေတာ့မယ္ ေမေမ.."

"ေအး ေအး..ဖို႔ခ်က္..မင္းအစ္ကိုႀကီးကို အထုတ္ဝိုင္းသယ္ေပးလိုက္ၪီး.."

"ဟုတ္ကဲ့.."

ေကာင္ေလးက ဟန္ထြဋ္ေသာ္ဆီသို႔ အလ်င္အျမန္ေလ်ွာက္လာၿပီး သူ႔luggageကို ရြာအဝင္ဝမွာတုန္းကလိုပင္ ေစြ့ခနဲမ,လိုက္ၿပီး ပုခံုးေပၚ ထမ္းသြားကာ အေရ႔ွမွ သြားမည္အျပဳ -

"ေဟ့ ေနၪီး.."

"ဗ်ာ.."

"အထုတ္ကိုျပန္ခ်လိုက္.."

လက္ၫွိုးကို ေအာက္ျပန္ခ်ရန္ သေကၤတျပလိုက္ျပၿပီး ေျပာေတာ့ ဖို႔ခ်က္တစ္ေယာက္ ေၾကာင္ေတာင္ေတာင္ျဖစ္သြားၿပီး အထုတ္ကို ျပန္ခ်လိုက္ကာ -

"ဘာျဖစ္လို႔လဲ..ပ်က္တတ္လို႔လား.."

ဖို႔ခ်က္ေမးေသာ္လည္း ဟန္ထြဋ္က ဘာမျွပန္မေျပာဘဲ luggage နားသို႔ ေလ်ွာက္သြားကာ luggage ဆြဲသည့္အတံႀကီးကို ဆြဲထုတ္ေပးလိုက္ၿပီး -

"ဒီကေနကိုင္ၿပီး ဆြဲသြားလို႔ရတယ္..အိတ္ေအာက္မွာလည္း ဘီးပါတယ္..ထမ္းစရာမလိုဘူး..အိတ္က ေလးတယ္.."

"ဪ..ဟုတ္ကဲ့.."

ဖို႔ခ်က္လည္း သူေျပာသည့္အတိုင္း ထိုအတံႀကီးကိုကိုင္ကာ ဆြဲလာခဲ့ၿပီး အိမ္ေပၚေလွကားကိုတက္ေတာ့လည္း ထိုအတိုင္းသာ ဆြဲၿပီးတက္သြားသျဖင့္ ထိုတစ္ခနေတာ့ ေလွကားႏွင့္ အိတ္တို႔ ျခစ္သည့္အသံ ၊ ဘီးနဲ႔ရိုက္သံတို႔က တစ္ေဒါက္ေဒါက္ႏွင့္ ဆူညံသြားခဲ့ေလသည္ ။

ငါ့အိတ္ေတာ့ သြားပါၿပီ..။ ခုနကနည္းကို မေျပာျပခဲ့သင့္ဘူး..။

ဟန္ထြဋ္ေသာ္လည္း သက္ျပင္းသာ ခ်ႏိုင္ခဲ့ၿပီး အိမ္ေပၚသို႔ ဖို႔ခ်က္အေနာက္မွ လိုက္တက္လာခဲ့သည္ ။ 

အိမ္အေပၚထပ္မွာကလည္း အေရ႔ွမွာ ဧည့္သည္ဧည့္ခံသည့္ ႀကိမ္စားပြဲ ၊ ႀကိမ္ခံုတို႔ကို ထားထားၿပီး ေခါင္းရင္းနံရံမွာလည္း လက္ဝါးကပ္တိုင္တခ်ိဳ႕ႏွင့္ ေယရႈပံုေတာ္တခ်ိဳ႕ကို ကပ္ထားေလသည္ ။ ၾကမ္းခင္းကေတာ့ သစ္သားၾကမ္းခင္းကိုမွ ၾကမ္းတိုက္ထားသျဖင့္ ေျပာင္လက္ေနသည္ ။

အိမ္အေနာက္ဘက္မွာေတာ့ အခန္းႏွစ္ခုက မ်က္ႏွာခ်င္း ဆိုင္ရိွၿပီး ဖို႔ခ်က္က ေခါင္းရင္းအခန္းထဲသို႔ ဝင္သြားေလသျဖင့္ သူတို႔ႏွစ္ေယာက္ ထိုအခန္းမွာ ေနရမွာပါလားဟု ေတြးမိေလသည္ ။

အိမ္ႀကီး၏ အေငြ့အသက္တို႔က စိမ္းသက္သက္ႏွင့္ ရင္း ႏွီးမႈမရိွေခ် ။ ၇ႏွစ္သားအထိ ေနခဲ့ဖူးသည္ဆိုေသာ္လည္း ဒီအိမ္ပံုစံကို ေဝေဝဝါးဝါးေတာင္ မမွတ္မိေပ ။

ဟန္ထြဋ္ေသာ္လည္း ေခါင္းရင္းအခန္းဆီသို႔ ေလ်ွာက္လာခဲ့ၿပီး အခန္းထဲဝင္လာေတာ့ ဖို႔ခ်က္က ခင္းလက္စျဖသ္ေနေသာ တစ္ေယာက္အိပ္ အိပ္ရာကို သိမ္းဆည္းေနေလသည္ ။

"က်ဳပ္ပစၥည္းေတြနဲ႔က ရႈပ္ေနမလားမသိ..ခနေလးေနာ္.. က်ဳပ္လည္း အစ္ကိုႀကီးလာမယ္မွန္းမသိလို႔ မသိမ္း ဆည္းထားမိဘူးဗ်.."

အခန္းပတ္ပတ္လည္ကို မ်က္စိတစ္ေဝ့ၾကည့္လိုက္ေတာ့ ေျခရင္းဘက္နံရံမွာ လိမ္းေဆးဘူးတခ်ိဳ႕ႏွင့္ ခ်င္းရိုးရာရုပ္ထုတခ်ိဳ႕သာရိွသည္ ။ အခန္း၏ ေဘးတစ္ဖက္မွာေတာ့ မ်က္ႏွာသုတ္ပုဝါတစ္ထည္ႏွင့္ ပုဆိုးတစ္ထည္ကို ႀကိဳးတန္းတစ္ခုႏွင့္ တန္းကာ လႊားထားေလသည္ ။ ထိုေအာက္မွာေတာ့ သံေသတၲာတစ္လံုးႏွင့္ ေဘးမွာေတာ့ စားပြဲခံုတစ္ခုသာရိွသည္ ။

ဒီေလာက္ပါပဲ ၊ အခန္းပရိေဘာဂက မ်ားမ်ားစားစားမရိွဘဲ ဒီအတိုင္း ဟိုတစ္စု ဒီတစ္စုျဖစ္ေနသည္ ။ ဟန္ထြဋ္က အခန္းကို ေစ့ေစ့စပ္စပ္ၾကည့္ေနစဥ္ ဖို႔ခ်က္က သူ႔အိပ္ရာလိပ္ႀကီးကို အခန္းအျပင္ဘက္သို႔ သယ္ထုတ္သြားဟန္ျပင္ေနသျဖင့္ -

"ဒါက ဘယ္သယ္သြားမလို႔လဲ.."

"ဗ်ာ..ဪ..ဒီအခန္းကို အစ္ကိုႀကီး သံုးေလ..က်ဳပ္က အျပင္မွာေနလည္း အဆင္ေျပတယ္.."

"မလိုပါဘူးကြာ..ေယာက္်ားသားအခ်င္းခ်င္း တစ္ခန္းတည္းမ်ွသံုးလို႔ အဆင္ေျပပါတယ္..မထုတ္နဲ႔ ထားထား.."

"ဟုတ္ကဲ့.."

ဖို႔ခ်က္က အိပ္ရာလိပ္ကို ျပန္ခ်လိုက္ၿပီး အစ္ကိုႀကီးကို ၾကည့္ကာ -

"အစ္ကိုႀကီးက ဘယ္ေထာင့္မွာေနခ်င္လဲ..က်ဳပ္ပစၥည္းေတြ ေရႊ့ေပးလို႔ရေအာင္.."

"ရတယ္.."

ဟန္ထြဋ္လည္း လက္ကာျပလိုက္ၿပီး -

"အစ္ကို႔ေၾကာင့္နဲ႔ ဘာမွေရႊ့မေနနဲ႔..ဒီအတိုင္းအဆင္ေျပသလို ေနလို႔ရတယ္..အဓိကက ေက်ာတစ္ခင္းရရင္ ရၿပီ.."

"ဟုတ္ကဲ့..ဒါဆိုလည္း..က်ဳပ္သြားေတာ့မယ္ေနာ္..အစ္ကိုၿပီး ေအးေဆးနားပါ.."

"အင္း အင္း.."

ဖို႔ခ်က္လည္း ေျပာေျပာဆိုဆိုႏွင့္ ေဘးနားမွ ျဖတ္သြားကာ အခန္းအျပင္ဘက္သို႔ ထြက္သြားသျဖင့္ ဟန္ထြဋ္လည္း တံခါးကို အနည္းငယ္ ေစ့ရံုေစ့ထားလိုက္သည္ ။ ထို႔ ေနာက္ ဖို႔ခ်က္ရဲ့ အိပ္ရာလိပ္ႀကီးကို ျဖန္႔ခ်လိုက္ေတာ့ ေခါင္းအံုးတစ္လံုးႏွင့္ ေစာင္ထူႏွစ္ထည္က ဗလံုးဗေထြးႏွင့္ လိမ့္သြားေလသည္ ။ ထို႔ေနာက္ ေခါင္းအံုးကို ခပ္ေစ့ေစ့စိုက္ၾကည့္ၿပီး အကဲခတ္ၾကည့္ေတာ့ ေခါင္းအံုးက ညစ္ပတ္ျခင္းမ်ိဳး ၊ သြားရည္အကြက္ထျခင္းမ်ိဳး ရိွမေနဘဲ အျဖဴထည္ျဖစ္ေနသည္ ။

ထို႔ေၾကာင့္ ဟန္ထြဋ္တစ္ေယာက္ ဟက္ခနဲတစ္ခ်က္ၿပံဳးကာ -

"အေနေတာ့သန္႔သားပဲ.."

ထို႔ေနာက္ ဟန္ထြဋ္လည္း စိတ္သန္႔သန္႔ႏွင့္ပင္ လွဲခ်လိုက္ၿပီး မ်က္လံုးကို မိွတ္ၾကည့္လိုက္ေတာ့ ပင္ပန္းမႈေၾကာင့္ မ်က္လံုးက အနည္းငယ္ က်ိန္းစပ္ေနခဲ့သည္ ။ တျဖည္း ျဖည္းႏွင့္ မ်က္ခြံတို႔က ေလးလံလာၿပီး အသိစိတ္တို႔လြတ္သြားကာ အိပ္ေပ်ာ္သြားခဲ့ေလေတာ့သည္ ။

သိပ္မၾကာလိုက္ေခ် ၊ စိတ္ထဲမွာ ႏိုးတစ္ဝက္အိပ္မက္လိုလို ဖို႔ခ်က္က အိပ္ခန္းထဲ ဝင္လာခဲ့သလိုပင္ ။ ၿပီးေတာ့ ျပန္ထြက္သြားေလသည္ ။

ေနာက္အခ်ိန္တစ္ခနၾကာေတာ့ အသိစိတ္တို႔ ျပန္ကပ္လာခဲ့ၿပီး မ်က္လံုးတို႔ ပြင့္လာခဲ့သည္ ။

အင္း..

​အိျႏာဆံုးၿပီးေနာက္မွာ အိပ္မက္ဆိုးမမက္ဘဲ ေကာင္း ေကာင္းအိပ္ေပ်ာ္ခဲ့တဲ့ အိပ္ျခင္းပဲ ။ ဘာအိပ္မက္မွ မမက္ဘဲ အိပ္ေပ်ာ္သြားခဲ့ေလသည္ ။ စိတ္ထဲ တစ္ခုခုျပည့္ဝသြားသလို ခံစားခ်က္မ်ိဳး ခံစားလိုက္ရၿပီး တစ္ၿပိဳင္နက္ ေျခရင္းဘက္၌ လူရိပ္တခ်ိဳ႕ ေတြ့မိလိုက္သျဖင့္ မ်က္လံုးဖြင့္ၾကည့္လိုက္ေတာ့ ဖို႔ခ်က္က အေပၚပိုင္းကို သဘတ္ၿခံဳထားကာ ေအာက္က ပုဆိုးႏွင့္ ။ ေရခ်ိဳးၿပီးခါစျဖစ္မည္ထင္သည္ ။

"အင္း..မင္းေတာင္ ေရခ်ိဳးၿပီးၿပီလား.."

ဟန္ထြဋ္ေသာ္အသံေၾကာင့္ ဖို႔ခ်က္တစ္ေယာက္ ဆတ္ခနဲ လွည့္ၾကည့္လာကာ -

"ဪ..အစ္ကိုႀကီး ႏိုးလာၿပီလား.."

"အင္း.."

"ဗိုက္ဆာေနၿပီလားဗ်..ေမန်ူကေတာ့ ဟင္းက်က္ၿပီ ေျပာတယ္.."

"ရပါတယ္..သိပ္လည္းမဆာေသးပါဘူး.."

ဟန္ထြဋ္တစ္ေယာက္ အိပ္ရာမွ ကုန္းထထိုင္လိုက္ၿပီးမွ ဖို႔ခ်က္အိပ္ရာေပၚ အိပ္မိသြားတာ သတိရၿပီး -

"အာ..sorry..မင္းအိပ္ရာေပၚ ခြင့္မေတာင္းဘဲ အိပ္မိသြားတယ္.."

"မလိုပါဘူးဗ်ာ..ရပါတယ္..က်ဳပ္ကသာ အစ္ကိုႀကီး စိတ္မသန္႔ျဖစ္ေနမွာကို စိုးရိမ္ေနတာ.."

ဟန္ထြဋ္လည္း ေရခ်ိဳးၿပီးခါစ ဖို႔ခ်က္ကို တစ္ခ်က္ၾကည့္လိုက္ေတာ့ ေရအနည္းငယ္စိုထားသည့္ ဆံပင္က ေန့လည္ကေတြ့သလို စုတ္ဖြာဖြာျဖစ္မေနဘဲ မသိမသာၾကည့္ေကာင္းေနသည္ ။ ေဘာင္းဘီအထူပြပြႏွင့္ အေပၚက အေနြးထည္ႏွစ္ထပ္ေလာက္ ထပ္ဝတ္လိုက္ၿပီးေတာ့မွ ဟန္ထြဋ္ဘက္သို႔ လွည့္လာကာ -

"ေအာက္ဆင္းေတာ့မလား.."

"ရတယ္..မဆာေသးဘူး.."

"အစ္ကိုႀကီး ေရခ်ိဳးၪီးမလား..က်ဳပ္ေရႏြေးစပ္ေပးမယ္.."

ေရခ်ိဳးမလားေမးေတာ့မွ ဘယ္အခ်ိန္ေတာင္ရိွၿပီလဲဆိုၿပီး ဖုန္းကို ဖြင့္ၾကည့္မိသည္ ။ ၇နာရီေတာင္ ခြဲေတာ့မွာပဲ..။

"ေတာ္ပါၿပီ..ေအးရေအးနဲ႔..မနက္က်မွပဲ ခ်ိဳးေတာ့မယ္..အဆင္ေျပတယ္မဟုတ္လား.."

"က်ဳပ္ကေျပပါတယ္ဗ်.."

"တျခားေတာ့ မဟုတ္ပါဘူး..ေခြၽးနံ႔မခံႏိုင္မွာစိုးလို႔.."

"ဟာ..မဟုတ္တာဗ်ာ..အစ္ကိုႀကီးေခြၽးနံ႔က က်ဳပ္ေရခ်ိဳးၿပီးရတဲ့အနံ႔ထက္ေတာင္ ပိုေမႊးေနပါေသးတယ္.."

"ဒါဆိုလည္း ၿပီးတာပဲ..မ်က္ႏွာပဲ သြားသစ္လိုက္မယ္..ဘယ္မွာသစ္ရမလဲ.."

"အာ..က်ဳပ္လိုက္ျပေပးမယ္.."

ဖို႔ခ်က္က အေရ႔ွက ေလ်ွာက္သြားၿပီး သူေခၚရာေနာက္သို႔ ဟန္ထြဋ္ေသာ္လည္း လိုက္ခဲ့လိုက္သည္ ။ အေနာက္ဘက္ အိမ္ေအာက္ကို ျပန္ဆင္းၿပီး နည္းနည္းအေနာက္ကို ဆက္ေလ်ွာက္သြားေတာ့မွ အဝီစိတြင္းကို ဝိုက္ကာကြန္ကရစ္ေလာင္းထားသည့္ ေရခ်ိဳးသည့္ေနရာကို ေရာက္၏ ။ ထိုေနရာက မီးသီးမရိွသည့္အတြက္ ေမွာင္ရိပ္သန္းေနၿပီး ဖုန္းမီးထိုးဖို႔အတြက္ ဖုန္းကလည္း အိမ္ေပၚမွာ က်န္ခဲ့သည္။

ဖို႔ခ်က္က လိုက္ျပေပးၿပီးေနာက္ လွည့္ျပန္မည္အျပဳ -

"ဖို႔ခ်က္.."

"ဗ်ာ.."

ဖို႔ခ်က္က ျပန္လွည့္လာေတာ့မွ -

"အစ္ကို႔ကို ခနေလာက္..ေစာင့္ေနေပးမလား.."

ႀကီးေကာင္ႀကီးမားႀကီးနဲ႔ သရဲေၾကာက္ေနေသးတာလားလို႔ သူထင္ေကာင္းထင္ေနႏိုင္သည္ ။ သို႔ေသာ္လည္း မတတ္ႏိုင္ ၊ သရဲေၾကာက္တာမ်ိဳးမဟုတ္ဘဲ ကိုယ္မလာဖူးတဲ့ ေဒသအသစ္ျဖစ္သည့္အတြက္ ေႁမြကင္းပါးတို႔ မရိွဘူးဟု တပ္အပ္မေျပာႏိုင္ေခ် ။ ထို႔ေၾကာင့္ အကူအညီေတာင္းရျခင္းျဖစ္၏ ။

"ဟုတ္..က်ဳပ္ေစာင့္ေနေပးပါ့မယ္.."

ေလသံခပ္ေအးေအးႏွင့္ ျပန္ေျပာလာသျဖင့္ ဟန္ထြဋ္လည္း စိတ္ခ်လက္ခ်ႏွင့္ ေရခြက္ကို လွမ္းကိုင္ႏိုင္ေတာ့သည္ ။

#Muser_Ven

Continue Reading

You'll Also Like

1.7M 70.8K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
255K 11.7K 83
Uni လူတွေအပေါ်အားနာတက်တဲ့ မိဘအလိုကျ ညည်းထွားမှုမရှိ အကုန်လုပ်ပေးတဲ့မာမားboy လေးတဖြစ် ငယ်စဉ်ကတည်းက ပရဟိတစာသင်သည့်အလုပ်ကို ဝါသနာပါပြီး ပရဟိတအရင်းခံ စေတ...
46.3M 1.2M 37
Zoe is a rogue who is forced to attend a school for werewolves for a year thanks to a new law. There she meets her mate, a certain Alpha who holds a...
1.1M 59.5K 49
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...