မို့ရွှမ်မင်သည် အချိန်တိုလေးအတွင်း ရောက်လာပြီး သူမ၏မျက်နှာက ဖြူဖျော့နေကာ ရိုးရိုးအဝတ်အစားကို ၀တ်ဆင်ထားသောကြောင့် သူမသည် ပိုသနားစရာကောင်းပြီး သိမ်မွေ့သွားစေသည်။ စကားလုံးများ မပြောမီတွင် သူမသည် မို့ဟွာဝမ်၏ စာရေးစားပွဲရှေ့တွင် ဒူးထောက်ကာ မြေပြင်ပေါ်တွင် ငိုကြွေး၍ မျက်နှာကို အင်္ကျီလက်များဖြင့် အုပ်ထားလိုက်သည်။
မို့ရွှမ်မင်သည် အလွန်အပြစ်ကင်းပုံပေါက်ပြီး နာကျင်စွာ ငိုကြွေးခဲ့သည်။
" ဖေဖေ ၊ သမီး...သမီး ဘာတွေဖြစ်ခဲ့လဲဆိုတာ တကယ်မသိဘူး ။ သမီး နှင်းဆီမုန့်တွေဝယ်ဖို့ စျေးသွားချင်ခဲ့တယ်။ အဖေသူတို့ကို ကြိုက်မှန်း သမီသိပြီး သမီးက အဖေ့ရဲ့ စားပွဲပေါ်မှာ လာတင်ပေးပြီး မနက်ခင်းမှာ အဖေ့ကို ပျော်ရွှင်စေချင်လို့ပါ ၊ ဒါပေမယ့် သမီး ရထားပေါ်မှာ ရုတ်တရက် သတိမေ့သွားခဲ့တယ် ။ သမီး ပြန်နိုးတဲ့အချိန်မှာ သခင်လေးစီမာက တစ်ကိုယ်လုံး သွေးများဖြင့် လဲလျောင်းနေသည်ကို တွေ့လိုက်ရတယ် "
ဒီလမ်းမှာ မို့ရွှမ်မင်က အလုံးစုံကို တွေးနေခဲ့ပါတယ်။ နောက်ဖေးဝင်ပေါက်မှာ နို့ထိန်းဆရာမက အဒေါ်ဖန်ရဲ့ လူယုံဖြစ်ပေမဲ့ အဒေါ်ဖန်က အာဏာဆုံးရှုံးသွားတဲ့အတွက် နို့ထိန်းက လျှို့ဝှက်ထားမှာမဟုတ်သလို မို့ရွှမ်မင်ကလည်း ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး။ ထို့ကြောင့် မို့ဟွာဝမ်သည် အခြားသူထံမှ သိရှိခြင်းမပြုမီ သူမ အမှန်အတိုင်း ပြောပြခဲ့သည်။
နောက်ဆုံးတော့ သူ့အဖေက သူ့အရမ်းဂုဏ်ယူရတဲ့သမီးက တစ်ခြားသူရဲ့ ကြံစည်ခြင်းကိုခံရခြင်းသာဖြစ်သည်ဟု ထင်မြင်စေပြီး သူမမှာ အပြစ်မရှိဘူးလို့ ယုံကြည်အောင်လုပ်ရမယ်။ သူမသည် ဤကိစ္စအတွက် သူမဖခင်က သူမအား ခွင့်လွှတ်လိမ့်မည်ဟု မျှော်လင့်ခဲ့ပြီး ဤကိစ္စတွင် စီမာလင်းရန်ကို သဘာဝအတိုင်း ပျောက်ကွယ်သွားစေခဲ့သည်။
မင်မြို့စား၏အိမ်တော်သည် ရက်အနည်းငယ်အတွင်း ပွဲကို ကျင်းပမည်ဖြစ်ပြီး ထိုအချိန်တွင် သူမသည် ယုရန်ချန်ကို ဆွဲဆောင်နိုင်ကာ သူ့ကိုလက်ထပ်ရန် အခွင့်ကောင်းတစ်ခု ရှိလာမည်ဖြစ်သည်။ သူမသည် ရာထူးမရှိသော ချန်မြို့စား၏အိမ်ထက် စစ်မှန်သောအာဏာရှိသော ချမ်းသာသောမိသားစုနှင့် လက်ထပ်ချင်သည်။ သူမ သူ့အဖေရဲ့ အထောက်အပံ့ကို ရအောင်ယူရမယ်။
သူမရဲ့ အတွေ့အကြုံအရ သနားစရာကောင်းပြီး ပျော့ညံဟန်ဆောင်တာက သူ့အဖေကို လှည့်စားဖို့ အတော်လေး အသုံးဝင်တဲ့ နည်းဗျူဟာပါပဲ။
"မို့ရွှမ်မင် ၊ မင်း မနေ့ညက မင်းညီမက ချင်းယုဥယျာဥ်မှာ မင်းနဲ့တွေ့ဖို့ချိန်းဆိုခဲ့တယ်လို့ ပြောခဲ့တယ် ။ ဒါပေမဲ့ မင်းရဲ့ညီမလေးက တော်ဝင်မင်းသမီးဆီ ရောက်နေခဲ့တာ ။ မင်းပြောကြည့်ပါဦး.. တော်ဝင်မင်းသမီးက လိမ်နေတာဖြစ်နိုင်မလား " မို့ဟွာဝမ်သည် မျက်ရည်အစွန်းအထင်းများဖြင့် ဖုံးလွှမ်းနေသော မို့ရွှမ်မင်၏ဖြူဖျော့သောမျက်နှာကို လျစ်လျူရှုကာ မည်းမှောင်သောအမူအရာဖြင့် ပြောလိုက်သည်။
"ဖေဖေ၊ သမီးနန်းတော်မှာရှိစဉ်တုန်းက အိမ်အကူတစ်ယောက်က သမီးကို စာတစ်စောင်ပို့ပြီး တတိယညီမကသမီးကို ချင်းယုဥယျာဥ်ကို ခေါ်ခိုင်းတယ်လို့ ပြောပါတယ် ။ သူ့မှာပြောစရာရှိမယ်ထင်လို့ သမီးအမြန်သွားလိုက်တယ်။ သမီးအဲဒီမှာရှိစဉ်တုန်းက ချင်းယုဥယျာဥ်မှာ ကောင်မလေးတစ်ယောက်နောက်ကိုလိုက်နေတဲ့ အိမ်အကူတစ်ယောက်ကိုတွေ့ခဲ့ပြီး ထိုကောင်မလေးကို တတိယညီအစ်မလို့ထင်ခဲ့တာ။နန်းတော်ထဲမှာ အရမ်းရှုပ်ပွနေပြီး သမီး အဲ့ဒီသခင်လေးနဲ့ မလျော်ကန်တဲ့ ဆက်ဆံရေးရှိတယ်လို့ စွပ်စွဲခံရမှာကို ကြောက်လို့ သက်သေပြဖို့ ညီမကို တောင်းဆိုချင်တာပါ။ ဒါပေမယ့် တစ်ယောက်ယောက်က သမီးတို့နှစ်ယောက်ကို တစ်ပြိုင်နက်တည်း ကြံစည်ဖို့ ကြိုးစားလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားမိဘူး။ ဒါကြောင့် နောက်ဆုံးမှာ သမီးက တတိယညီမကို သံသယဖြစ်ခဲ့တယ်၊ အဲ့ဒါက သမီးအမှားပါ။ "
မို့ရွှမ်မင်က မျက်ရည်များကို သုတ်လိုက်သည်။ သူတို့သည် အခြားသူများကို မစော်ကားနိုင်သော မိန်းကလေးများသာဖြစ်သည်။ တစ်စုံတစ်ယောက်က သူတို့ကို ကြံစည်ချင်ရင်တော့ မို့ဟွာဝမ်ရဲ့ နိုင်ငံရေးရန်သူတွေသာ ဖြစ်နိုင်တယ်။
ထိုညက သူမ ပြတ်ပြတ်သားသား မြင်လိုက်ရသည်။ မို့ရွှီတုန်းကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည့် ဆွဲဆောင်မှုရှိသော ထိုအမျိုးသားသည် သူ့မျက်လုံးများကို မော့ကြည့်လိုက်ပြီးနောက် သူမအား အေးစက်စွာကြည့်နေခဲ့သည် ။ ထိုအမျိုးသားမျက်လုံးများတွင်မူ မိုရွှမ်မင်၏နှလုံးသားထဲတွင် အဆုံးမရှိသောထိတ်လန့်မှုကို ချန်ထားခဲ့သော အအေးဓာတ်ကို သူမမြင်လိုက်ရသည်။ထိုနောက် သွေးတွေ ဖုံးလွှမ်းနေတဲ့ လူသားတစ်ယောက်ရဲ့ ဦးခေါင်းက တုန်ယင်နေတဲ့ နှုတ်ခမ်းတွေနဲ့အတူ သူ့မရှေ့မှာ ပြုတ်ကျသွားခဲ့တယ်။
ဒါပေမယ့် သူမက ဒါကို မို့ဟွာဝမ်အား ဘယ်တော့မှ ပြောပြမှာ မဟုတ်ဘူး ။
သူမသည် မင်းသားရှောင်အကြောင်းကို တစ်ခုခုပြောခဲ့မယ်ဆိုရင် မနက်ဖြန် နေထွက်တာကို မြင်ရမှာမဟုတ်ဘူးလို့ သူမ ခံစားနေရတယ်။
ဒီလိုလူကို သူမ မစော်ကားရဲဘူး !
ခါတိုင်းနေ့တွေလိုပဲ သူမကိုယ်သူ ရှင်းပြဖို့ နှိမ့်ချတဲ့လေသံကိုသုံးခဲ့ကာ မိုဟွာဝမ်က ခဏကြာအောင်အထိ ဘာမှ မပြောခဲ့ဘူး ။ ဖိနှိပ်သောလေထုကို မို့ရွှမ်မင် ခံစားလိုက်ရသောအခါတွင် သူမ အသက်မရှူနိုင်တော့ပေ ။
မို့ဟွာဝမ်က ပြောလိုက်သည် ။ "မင်းတို့နှစ်ယောက်လုံး ကြံစည်ခံရတယ်လို့ ဆိုလိုတာလား "
"ဖေဖေ ၊ သမီး ဒီလိုပဲ ထင်ခဲ့တာ ၊ ဒါပေမယ့် သမီးမှာ ဗဟုသုတ များများစားစားမရှိလို့ မှန်သလား ဆိုတာကို မပြောနိုင်ပါဘူး ၊ သမီးနဲ့သူက လမ်းပျောက်ပြီး နန်းတော်ထဲမှာ တစ်နည်းနည်းနဲ့ ရှုပ်ထွေးမှုတွေဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ " မို့ရွှမ်မင်သည် သူ့အဖေကို သိပြီး မို့ဟွာဝမ်၏ အသံတွင် မသက်မသာမှုကို ခံစားရနိုင်သည်။ ထိုကြောင့် သူမသည် အကြောင်းအရာကို အမြန်ပြောင်းလိုက်ပြီး မျက်ရည်များကို သုတ်ရန် လက်ကိုင်ပုဝါကို ယူလိုက်သည်။
သူမဆယ်နှစ်သားတုန်းက မို့ရွှီတုန်းဟာ မို့ရွှမ်မင်ရဲ့လက်ချက်ဖြင့် မြစ်ထဲကို မတော်တဆ တွန်းချခံရပြီး မို့ရွှီတုန်းဟာ သေဆုံးလုနီးပါး ဖြစ်ခဲ့ပါတယ်။ ထို့နောက် သူမသည် နှုတ်ထွက်ရန် ဂရုတစိုက်စကားလုံးအနည်းငယ်ကို အသုံးပြုခဲ့ရသည်။ ထိုအချိန်က မို့ရွီတုန်း၏မိခင် လုရှသည် အသက်ရှင်လျက်ရှိနေသေးပြီး သမီးဖြစ်သူမှာ သတိမေ့မြောသွားသည်ကိုမြင်သောအခါ သူမသေဆုံးသွားလုနီးပါးဖြစ်ခဲ့သည်။
ထို့ကြောင့် မို့ဟွာဝမ်သည် မို့ရွှမ်မင်ကို အပြစ်ပေးခဲ့သော်လည်း သူမကို ခွင့်လွှတ်ခဲ့သေးသည်။ သမီးငယ်လေးက ဆူညံလွန်းတာကြောင့် မတော်တဆဖြစ်တာလို့ ပြောပြီး ဘယ်သူမှ မရည်ရွယ်ခဲ့ပါဘူးဟုဆိုခဲ့သည် ။
ဒီလိုမျိုး အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ပြီး မို့ရွှမ်မင်ဟာ အဖြစ်အပျက်တွေကို ကိုင်တွယ်ရာမှာ အလွန်ကျွမ်းကျင်လာခဲ့တယ်။
မို့ဟွာဝမ်သည် လက်ကိုင်ပုဝါဖြင့် ကိုင်ကာ ငိုကြွေးနေသော သူ့သမီးကို ကြည့်နေသည်။ မျက်ရည်အစစ်အမှန်မရှိဘဲ သူမ၏လက်ကိုင်ပုဝါနောက်ကွယ်မှ သူမသည် သူ၏တုံ့ပြန်မှုကို သူမစောင့်ကြည့်နေသည်ကို သူမြင်လိုက်ရသည် ။
သူသည် ဒီချစ်သမီးလေးကို အရမ်းယုံကြည်တဲ့အတွက် ဒီအရာတွေကို သူအရင်က သတိမထားမိခဲ့ပါဘူး ။ ယခု သူ မို့ရွှမ်မင်၏ တုံ့ပြန်မှုများကို အကြည့်များဖြင့် ကြည့်ရင်း မျက်နှာသုတ်နေသည်ကို မြင်လိုက်ရသဖြင့် သူမသည် တလျှောက်လုံး သူ့ကို လှည့်စားနေမှန်း သူ သဘောပေါက်သွားသည်။
သူ၏မိုက်မဲခြင်းကြောင့် သူသည် မြို့တော်အရာရှိဖြစ်မလာခဲ့ပါ။ သူသည် အခြားသူများ၏ အပြုအမူကို စောင့်ကြည့်ရန် စိတ်အားထက်သန်သော မျက်လုံးရှိသော်လည်း ဤလေ့လာချက်ကို အိမ်တွင်တစ်ခါမျှ မသုံးခဲ့ဖူးပေ ။ ထို့ကြောင့် သူက မို့ရွှမ်မင်နှင့် အဒေါ်ဖန်တို့၏ မူမမှန်မှုကို လျစ်လျူရှုခဲ့သည်။ သူ့အိမ်မှာ နွေးထွေးမှုရှိပြီး သဟဇာတဖြစ်မည်ဟုသာ သူထင်ခဲ့သည်။ ယခုတော့ သူသည် အချိန်တိုင်း လှည့်စားခံရပြီး အမှန်တရားကို မမြင်နိုင်တော့ကြောင်း သူသဘောပေါက်သွားခဲ့သည်။
သူသည် သူ့မျက်လုံးတွေကို ခါးခါးသီးသီးမှိတ်လိုက်သည် ။ထို့နောက် သူသည် ၎င်းတို့အား ဖြည်းညှင်းစွာဖွင့်ကာ တည်ငြိမ်မှုပြန်လည်ရရှိသွားခဲ့ပြီး ညင်သာစွာပြောလိုက်သည် ။ "မနေ့ညက ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုအပြီးမှာ မင်းက ချန်မြို့စားရဲ့ အိမ်ကြီးမှာ ကိုယ်လုပ်တော်ဖြစ်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူး။ စီမာလင်းရန်ကို ငယ်ငယ်လေးကတည်းက သိခဲ့တာ ကောင်းပါတယ်၊ ဒါကြောင့် မင်းသူ့ကို လက်ထပ်ပြီးရင် မင်းကို ထိခိုက်စေမှာ မဟုတ်ဘူး။ "
သူသည် သူ့သမီးကို အရမ်းစိတ်ပျက်သွားပြီး နန်းတော်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာတောင် မမေးတော့ဘူး ။ မည်သို့ပင်ဆိုစေကာမူ သူမ၏ ပါးစပ်သည် မုသားစကားများ ပြည့်နှက်နေပြီး မှန်ကန်သော စကားမရှိပေ။ သူက သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည် ။ "ငါ့သမီးကို ဖုချင်ဥယျာဥ်ကိုပြန်ခေါ်သွားပါ ။ မြို့စားရဲ့အိမ်က တစ်ယောက်ယောက်က သူ့မကို လာမခေါ်မချင်း သူမ အဲဒီမှာပဲ နေရမယ်"
"ဟုတ်ကဲ ၊ သခင် "
သူမ မသိတဲ့ အစောင့်နှစ်ယောက်ဝင်လာတာကိုမြင်တော့ မို့ရွှမ်မင်က ရုတ်တရက် အမူအရာပြောင်းသွားပြီး သူ့အဖေက ဒီကိစ္စကို အလေးအနက်ထားတယ်ဆိုတာ သိလိုက်ရတယ်။ သူမသည် ဖခင်၏ ဦးတည်ရာဆီသို့ ဒူးထောက်ကာ ဖခင်၏ခြေထောက်ကို ကိုင်၍ ဝမ်းနည်းစွာ ငိုခဲ့သည်။
"အဖေ ဖေဖေ ၊ သမီး စီမာလင်းရန်ကို လက်မထပ်ချင်ဘူး ၊ သူ့လို ဆိုးသွမ်းတဲ့လူကို လက်ထပ်ရင် သမီးဘဝတစ်ခုလုံးကို ပျက်စီးစေလိမ့်မယ် ။ ဒီလို ကြောက်စရာကောင်းတဲ့ အခြေအနေထဲကို ရောက်သွားတာကို အဖေ စောင့်ကြည့်နေလို့မရဘူး။ သမီးကိုကယ်ပါ ။ စီမာလင်းရန်က သမီးကို မုဒိမ်းကျင့်ချင်ပြီး သမီးက သူ့ကို တိုက်ခဲ့တယ်။ ဒါက သမီးရဲ့ကျော်ကြားမှုကို အရှက်ရစေခဲ့ပါတယ် ။ ဒါပေမယ့် သမီးရဲ့အပျိုစင်ဘဝကို ထိန်းသိမ်းခဲ့ပါတယ်။ သူများတွေ ဘာတွေကြားခဲ့သလဲမသိပေမယ့် သမီးက ဘာမှမမှားခဲ့ပါဘူး "
မိုစုသည် မို့ရွှမ်မင်၏နောက်တွင် ဒူးထောက်ထိုင်ကာ မို့ဟွာဝမ်ဆီသို့ လျှောက်လာစဉ် ငိုယိုကာ တောင်းပန်ခဲ့သည်။ "သခင် ၊ သခင် ၊ ဒါ ကျုပ်တို့ရဲ့ သခင်မလေးအမှား မဟုတ်ပါဘူး ။ ကျုပ်တို့ရဲ့သခင်မလေးကို ဘယ်သူက ကြံစည်ဖို့ ကြိုးစားနေမှန်း မသိပါဘူး ။ သူမက ဝတ်ကြီးစားငယ်ဖြစ်ပြီး သခင်အကြိုက်ဆုံး နှင်းဆီချိုချဥ်ကို သွားဝယ်ချင်တာပါ။ သူမ ဘာအမှားမှ မလုပ်ခဲ့ပါဘူး ။ ဒီလိုအဖြစ်မျိုး ဖြစ်လာမယ်လို့ ဘယ်သူမှ မမျှော်လင့်ထားပါဘူး။ လွန်ခဲ့သည့်နှစ်အနည်းငယ်က နှစ်သစ်ကူးနေ့တိုင်းတွင် ကျွန်ုပ်တို့သခင်မလေးက မုန့်များကို သခင့်အား ကမ်းလှမ်းခဲ့ပါတယ်။ လွန်ခဲ့သည့်နှစ်များအတွင်း သူမမည်မျှ သစ္စာရှိခဲ့သည်ကို သခင် မမြင်နိုင်တော့ဘူးလား ။ နှစ်သစ်ကူးအကြိုနေ့ မတိုင်ခင်က ကျုပ်တို့ရဲ့သခင်မလေးက ရထားပေါ်က ပြုတ်ကျခဲ့တဲ့ နှစ်တွေကို မှတ်မိလား။ ထို့နောက် သူမရဲ့လက်က ကျိုးသွားကာ အချိန်အတော်ကြာအောင် ပြန်ကောင်းမလာတော့ဘူး "
ဟို့အရင်ကနှစ်သစ်ကူးအကြိုတစ်ခုတွင် မို့ရွှမ်မင်သည် မို့ဟွာဝမ်အတွက် နှင်းဆီမုန့်များဝယ်ရန် ထွက်သွားသော်လည်း တစ်နည်းနည်းဖြင့် သူမမြင်းပြုတ်ကျပြီး ရထားသည် လမ်းဘေးရှိ သစ်ပင်တစ်ပင်နဲ့ တိုက်မီသွားခဲ့သည်။ သူမ၏လက်သည် လုံးဝကျိုးသွားခဲ့ကာ မို့ဟွာဝမ်အား အသည်းကွဲသွားစေခဲ့သည် ။ သူသည် သူ့သမီးအတွက် သမားတော်နှင့် သူနာပြုတစ်ဦးကို ရှာတွေ့ခဲ့ပြီး နန်းတော်မှ ပြန်လာပြီးနောက် နေ့တိုင်း ပထမဆုံးလုပ်သည့်အရာမှာ ဒဏ်ရာရနေသော သမီးတော်အား သွားရောက်ကြည့်ရှုခြင်းဖြစ်သည်။
သူသည် အရသာရှိတဲ့အရာ ဒါမှမဟုတ် စိတ်ဝင်စားစရာတစ်ခုခုကို ရတဲ့အခါတိုင်း ဒီချစ်စရာကောင်းတဲ့ နူးညံ့သိမ်မွေ့တဲ့ သမီးလေးအကြောင်း အရင်စဉ်းစားခဲ့တယ်။
မိုစု၏စကားများအပြီးတွင် မို့ဟွာဝမ်သည် အရာအားလုံးကို ပြန်လည်သတိရလာပြီး ခြေထောက်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည့် မို့ရွှမ်မင်၏လက်များကို စိုက်ကြည့်လိုက်သည် ။ သူသည် သူမကို ကန်ဖို့ ခြေထောက်ကို ပြန်ဆွဲထုတ်ခဲ့ပေမယ့် သူမရဲ့ လက်မောင်းဟာ ပြင်းထန်တဲ့ ခွန်အားကို မခံနိုင်တော့ဘဲ ဒဏ်ရာပြန်ရခဲ့မယ်ဆိုရင် သူမရဲ့ လက်မောင်းကို ပြန်ကောင်းလာဖို့ ခက်ခဲလိမ့်မယ်လို့ သမားတော် ဆိုခဲ့တာကို သူပြန်သတိရလိုက်တယ် ။
မည်သို့ပင်ဖြစ်စေ သူမသည် သူ့သမီးဖြစ်နေဆဲဖြစ်ပြီး သူမကို ကန်ဖို့ သူ့ကိုယ်သူ မလုပ်နိုင်ခဲ့ပေ ။
ချီတုံချတုံဖြစ်နေသော သူ့အမူအရာကိုမြင်လိုက်ရသောအခါတွင် မိုဟွာဝမ်နောက်လိုက်နေသော အစောင့်နှစ်ယောက်သည် မိုဟွာဝမ်၏သဘောထားပြောင်းလဲသွားသည်ကို အသိအမှတ်ပြုလိုက်သည်။ သူတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ငြိမ်သက်စွာ သက်ပြင်းချကြသည်။ သူတို့ မိုဟွာဝမ်ကို ဦးညွှတ်ပြီး ထွက်ခွာသွားကြသည်။
"ဖေဖေ၊ သမီးနဲ့ စီမာလင်းရန် ကြားမှာ တကယ်ကို ချစ်ခြင်းမေတ္တာ မရှိပါဘူး။သမီး သူ့ဆီ ပြေးသွားပြီး သူနဲ့ ခဏ စကားစမြည်ပြောဖြစ်တယ်။ ဒါပေမယ့် သူ့ကို ဒီလောက်အထိ ရန်လိုမယ်လို့ မမျှော်လင့်ထားခဲ့ဘူး... သမီး ရုန်းကန်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူး၊ ဒါကြောင့် မြင်းကို ထိန်းမနိုင်သိမ်းမနိုင်ဖြစ်သွားတယ်။ ဒီလို ယုတ်မာပြီး ကြောက်စရာကောင်းတဲ့လူကို သမီးလက်ထပ်ရရင် သမီးအတွက် သေခြင်းမှတပါး ရွေးချယ်စရာမရှိတော့ဘူး။ "
မို့ရွှမ်မင်သည် သူမ၏မျက်နှာကို ဝတ်ရုံလက်စွပ်များဖြင့် အုပ်ထားသော်လည်း မို့ဟွာဝမ်၏ တုံ့ပြန်မှုများကို သူမ၏ မျက်လုံးများက စိုက်ကြည့်နေသည်။ သူမသည် သူ၏မျက်နှာအမူအရာ ပျော့ပြောင်းသွားသည်ကို မြင်လိုက်ရပြီး သူ့မျက်လုံးများက သူ့မလက်နှစ်ဖက်ပေါ်သို့ ကျရောက်လာသည်။ ထိုအခွင့်အရေးကိုမြင်တော့ သူမပို၍ပင် ငိုကြွေးကာ ခေါင်းကို မြေကြီးပေါ်သို့ ခေါက်လိုက်သည်။ သူမ ဘယ်ဘက်လက်က စားပွဲခြေထောက်ပေါ် ပြုတ်ကျသွားတယ်။ သူမ ညည်းတွားရင်း မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည် ။ အေးစက်သော ချွေးများ စီးကျလာသည်နှင့်အမျှ သူမတစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
"သခင်မလေး ၊ သခင်မလေး ၊ ဘာဖြစ်နေတာလဲ ၊ မင်းလက်ကို ထိခိုက်မိလို့လား " မိုစုက အော်ဟစ်ပြီး တုံ့ပြန်ဖို့ နာကျင်လွန်းတဲ့ မို့ရွှမ်မင်ကို ကိုင်ဖို့ ရှေ့ကို ဒူးထောက်လိုက်ပါတယ်။
မိုစုက မျက်ရည်တွေအပြည့်နဲ့ မို့ဟွာဝမ်ကို လှည့်ကြည့်ပြီး ပြောလိုက်သည် ။ "သခင် ၊ သခင်မလေးရဲ့ လက်မောင်းက နာကျင်နေပြန်ပြီ ။ သူမ ပြန်လာချိန်မှာတော့ သူ့မလက်တွေ ရောင်ရမ်းနေတာကို တွေ့လိုက်ရပါတယ်။ ဒါပေမယ့် သခင့်စိုးရိမ်မှာစိုးလို့ သူမက သခင့်ကိုမပြောပြခဲ့ဘူး။ သူ့ကို စစ်ဆေးဖို့ သမားတော်ဆီ ပို့ပေးပါ ။ သခင်မလေးရဲ့ လက်မောင်းက ဒဏ်ရာဒဏ်ချက်တွေကို မခံနိုင်တော့ဘူး။ "
သူမစကားများပြီးသောအခါ စာကြည့်ဆောင်တွင် လုံးဝရှုပ်ထွေးသွားခဲ့သည်။
အခန်းတစ်ဖက်မှာ ရပ်နေတဲ့ မို့ရွှီတုန်းက နှုတ်ခမ်းကို မော့ပြီး ပြုံးလိုက်တယ်။ မို့ရွှမ်မင်ဟာ သူလုပ်ခဲ့တဲ့ "ကောင်းမှု" တွေကို ဘယ်တော့မှ မမေ့စေပါဘူး။ သူ့လှည့်ကွက်ကြောင့် သူမဖေဖေက လဲကျသွားမှာ သေချာသည် ။
သို့သော်လည်း မို့ရွှမ်မင်သည် လှည့်ကွက်ကို အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့ဖူးပြီး ဆက်လက်လုပ်ဆောင်နိုင်မလားဟု မို့ရွှီတုန်းတွေးမိခဲ့သည်.....