Devil Venerable Also Wants To...

By m_velvetblue

63.3K 7.7K 644

Mary-Sue ဝတ္ထုတစ်ပုဒ်၌ ဇာတ်လိုက်မကိုအလွန်သစ္စာရှိပြီးချစ်သည့် ဒုတိယဇာတ်လိုက်နတ်ဆိုးအရှင်သခင်အား ဝတ္ထုဖတ်သူအကု... More

မိတ်ဆက်ခြင်း
အပိုင်း၁။ ကောင်းကင်ဘုံက စာအုပ်
အပိုင်း၂။ ချွမ်းယွမ်ဂိုဏ်း၏ ဖြားယောင်းသူ
အပိုင်း၃။ ဒီလိုကြောင့်ကိုး
အပိုင်း၄။ ကျောက်တုံးတစ်တုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်ခြင်း
အပိုင်း၅။ အကြံကောင်းပါပဲ အရှင်
အပိုင်း၆။မိုင်ထောင်ချီရေခဲလွင်ပြင်
အပိုင်း၇။လေလွင့်မသေမျိုးနှင့် တိုက်ခိုက်ခြင်း
အပိုင်း၈ ။ ခရမ်းရင့်ရောင်ဝိဉာဥ်စံအိမ်ဝောာ်သခင်မ
အပိုင်း၉။ပိုလစ်ကြယ်နှင့် အယ်ကိတ်ကြယ်
အပိုင်း၁၀။ခံစားချက်ကင်းမဲ့သည့်မဟာတာအို
အပိုင်း၁၁။သေချင်ယောင်ဆောင်၍ လွတ်မြောက်ခြင်း
အပိုင်း ၁၂။ အရှိန်အဟုန်ပြင်းပြင်းလာ‌နေသည့်မုန်တိုင်း
အပိုင်း ၁၃။ အယ်ကိတ်ကြယ် ဖောက်ပေးသည့်လမ်း
အပိုင်း၁၄။ဂိုဏ်းပေါင်းစုံစစ်ပွဲအဆုံးသတ်
အပိုင်း၁၅။သွေးဖြိုခွဲ၍ ဝိဉာဉ်တံဆိပ်ထွင်းထုခြင်း
အပိုင်း၁၆။ လက်ခုပ်ထဲက လ
အပိုင်း၁၇။နယ်စပ်မြို့ငယ်လေး
အပိုင်း၁၈။အကြီးအကဲ ချင့်ရွှယ်
အပိုင်း၁၉။‌ဉာဏ်ကွန့်မြူးလှသည့် လက်အောက်ငယ်သား
အပိုင်း၂၀။သွေးနတ်ဆိုးအကြီးအကဲ
အပိုင်း၂၁။သစ်သားပန်းပု လေ့ကျင့်ထုဆစ်ခြင်း
အပိုင်း၂၂။ဝိဉာဉ်လောက
အပိုင်း၂၃။ချွမ်းယွမ်ဂိုဏ်း တိုကင်
အပိုင်း၂၄။ဘေးချင်းယှဉ်လျက်
အပိုင်း၂၅။အမိန့်မနာခံခြင်း။
အပိုင်း၂၆။အရှုပ်အထွေးများကို ရှင်းလင်းခြင်း
အပိုင်း ၂၇။စာပေဆွေးနွေးပွဲ၌ အိပ်ပျော်သွားခြင်း
အပိုင်း ၂၈။အမှိုက်တွေချည်းပဲ
အပိုင်း ၂၉။အဆိပ်ပြင်းသော မိန်းမလှ
အပိုင်း၃၀။လက်ခုပ်ထဲကရေဖြစ်သွားမည်။
အပိုင်း ၃၁။ ဆွတ်ပျံ့ကြည်နူးဖွယ် မင်္ဂလာပွဲ
အပိုင်း ၃၂။ရှီထုံရှင်း၏ နတ်ဘုရား
အပိုင်း ၃၃။အစီအစဉ် လွဲချော်သွားခြင်း
အပိုင်း ၃၅။အမှန်တရား ပေါ်လာခြင်း
အပိုင်း၃၆။ တံခါးပိတ်ကျင့်ကြံခြင်း

အပိုင်း ၃၄။စိတ်ခံစားချက် မြင့်တက်သွားရခြင်း

556 78 5
By m_velvetblue

"အရှင်" ဟုခေါ်ရင်း
ယင်ဟန်ကျန်းဟာ ဝမ်ရန်အယ်ထံသို့
တိုကင် ဆက်သလိုက်သည်။

ဝမ်ရန်အယ် : ...

တိုကင်အား ပိုင်လီချင်းမြောင်ကို
ပြိုကွဲတောင်ဥက္ကာခဲအစား
ပေးထားခဲ့ခြင်းပင်။
ကံကြမ္မာအရကော
ဝမ်ရန်အယ်၏ စရိုက်အရကော
ထိုတိုကင်ကို ဒီအတိုင်းပြန်ယူမှာမဟုတ်ပေ။
ကံကြမ္မာကကော ခွင့်ပြုမှာမဟုတ်။
ပိုင်လီချင်းမြောင် စထုတ်လိုက်စဉ်က
အနည်းငယ်စိတ်လှုပ်ရှားသွားရသော်ငြား
ပိုင်လီချင်းမြောင်သာ တကယ်
အသုံးပြုမည်ဆိုပါက သူဝင်ပါရမှာပင်။

ထိုနှစ်ယောက်ကို ငရဲမီးလျှံခန်းမဆောင်က
လွတ်အောင် ကူညီပေးပါက
အပြင်ရောက်သွားသည်နှင့်
ထိုနှစ်ယောက်ဟာ ကိုယ့်လမ်းကိုယ်
လျှောက်မှာပင်။သူစီစဉ်ထားသမျှ
အကုန်လွဲချော်သွားလိမ့်မည်။

ဤသည်ဟာ ဝမ်ရန်အယ်၏အမိန့်မပါဘဲ
ယင်ဟန်ကျန်း သူ့သဘောနှင့်သူ
ပထမဆုံးလုပ်ခြင်းပင်။ဝမ်ရန်အယ်၏ စိတ်ရှုပ်နေသည့်အမူအယာကို
တွေ့သည်နှင့် ချက်ချင်း
ဝမ်ရန်အယ်စိတ်သက်သာသွားအောင်
တိုကင်ကိုသွားယူလိုက်တော့သည်။

မျက်နှာဖုံးတပ်လိုက်သည်နှင့်
ယင်ဟန်ကျန်းဟာ ချက်ချင်း
မတူညီသည့် လူတစ်ယောက်
အဖြစ်သို့ ပြောင်းလဲသွားသည်။
ပိုင်လီချင်းမြောင်နှင့် ကျုန်းလီချန်း
မဆိုထားနှင့် သူကိုယ်တိုင်တောင်မှ
မှတ်မိဖို့ ခက်ခဲသည်။ဇာတ်ကောင်တွေကော
စာဖတ်သူတွေပါ မခန့်မှန်းနိုင်ခဲ့တာ
အံ့ဩစရာတော့မဟုတ်ချေ။
သူ့အိတ်ထဲ တစ္ဆေမျက်နှာဖုံးကို
ပိုင်လီချင်းမြောင်မြင်ကာမှ
တစ္ဆေမျက်နှာဖုံးပိုင်ရှင်ဟာ သစ္စာရှိသော
လေးစားမှုအပြည့်ရှိသော ယင်ဟန်ကျန်း
ဖြစ်မှန်း သိရှိသွားကြခြင်းပင်။

ထိုတစ္ဆေမျက်နှာဖုံးကို ပိုင်လီချင်းမြောင်
မြင်သွားအောင် ယင်ဟန်ကျန်း
တမင်လုပ်သည်ဟု ဝမ်ရန်အယ်ထင်သည်။
ပိုင်လီချင်းမြောင်ကို မျှော်လင့်ချက်မဲ့ပြီး
ရှင်သန်ချင်စိတ်ကုန်ခန်းသွားစေလိုခြင်းပေ။
ကံမကောင်းစွာ အလုပ်မဖြစ်ခဲ့ပေ။

"ဒီအရှင်ပေးထားခဲ့တဲ့ တိုကင်ကို
ပြန်ယူလို့မရဘူးလေ။"
"မင်းသိမ်းထားလိုက် ငါနောက်ကျ
သူ့ကို သတင်းပေးပို့အဆောင်ပဲ
ပေးထားလိုက်မယ်။

ယင်ဟန်ကျန်းမျက်နှာထက်
အပြုံးရေးရေးပေါ်လာသည်။
တိုကင်ကို နှလုံးသားနှင့်အနီးကပ်ဆုံး
နေရာမှာ သိမ်းထားလိုက်သည်။
ဝမ်ရန်အယ်သာ မတားဆီးပါက
ရင်ဘတ်ထဲထိ ထိုးသွင်းလိမ့်မည်ဟု
ခံစားရ၏။

သတ္တမသတ်ဖြတ်ခြင်းလှံရှည်
သွန်းလုပ်စဉ်က ပစ္စည်းလက်ကျန်ဖြင့်
ပြုလုပ်ထားသော တိုကင်တစ်ခုသာ
ဖြစ်ချေသည်။အသုံးသိပ်မဝင်ချေ။
တစ်ယောက်ယောက်က တိုကင်ထဲ
ဝိဉာဉ်စွမ်းအင်များ ထည့်သွင်းလိုက်လျှင်
ဝမ်ရန်အယ် သိရှိနိုင်သည်ဟူသည့်
အသုံးဝင်မှု တစ်ခုသာ ရှိ၏။

ကောင်း၏။ယင်ဟန်ကျန်း
ကြိုက်သည်ဆိုမှတော့ သူ့ပဲ
ယူထားခိုင်းလိုက်တော့မည်။

ယင်ဟန်ကျန်း၏ အပြုအမူများကြောင့်
ဝမ်ရန်အယ် စဉ်းစားရခက်သွား၏။
စစ်တပ်ချေမှုန်းရေးဓားသွန်းလုပ်ပြီးစဉ်ကတည်းက ယင်ဟန်ကျန်း၏
စိတ်အဖုအထစ်များ ရှင်းလင်းသွားကာ
သူ့ကိုယ်သူထိန်းချုပ်ထားတွေလည်း
ပျောက်ကွယ်သွားသင့်၏။
အဘယ့်ကြောင့် သူ့ကိုယ်သူ
ပိတ်လှောင်ထားဆဲဖြစ်နေရသေးတာလဲ။

တစ္ဆေမျက်နှာဖုံးကြောင့်များလား။

"ငါ့ကိုတစ္ဆေမျက်နှာဖုံးပြ။"ဟု
ဝမ်ရန်အယ်ပြောရင်း လှမ်းယူလိုက်၏။

ယင်ဟန်ကျန်း မပေးပေ။ပေးရမည့်အစား
လက်ထဲ၌ ပို၍တင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်မိသွား၏။ဝမ်ရန်အယ်
လှမ်းယူလိုက်သောအခါပါမလာချေ။
အားထည့်ပြီး ဒုတိယအကြိမ်ဆွဲယူလိုက်သောအခါမှ ယင်ဟန်ကျန်း
လက်လွှတ်ပေး၏။

ဝမ်ရန်အယ် သေသေချာချာ
စစ်ဆေးကြည့်ရှုလိုက်သောအခါ
မျက်နှာဖုံးဟာ လူကမ္ဘာမှ
သာမန်ပစ္စည်းများကိုသာသုံးပြီး
ပြုလုပ်ထားသော သာမန်မျက်နှာဖုံး
တစ်ခုသာဖြစ်၏။ယင်ဟန်ကျန်းဟာ
နယ်စပ်မြို့ငယ်လေးက ဆိုင်တစ်ဆိုင်မှ
စိတ်ကူးပေါက်ချိန် ယူလာခဲ့တာ
ဖြစ်လောက်သည်။လူတစ်ယောက်၏
စိတ်ကို လွှမ်းမိုးနိုင်စွမ်းထိုမျက်နှာဖုံး၌
မရှိချေ။ဘာ့ကြောင့် ယင်ဟန်ကျန်းဟာ
သူ့ကိုအလွယ်တကူ မပေးချင်ရတာပါလိမ့်။

ဝမ်ရန်အယ် သူ့မျက်နှာပေါ်တပ်လိုက်၏။
မျက်နှာဖုံးရှိ မျက်လုံးပေါက်ကနေတစ်ဆင့်
ယင်ဟန်းကျန်း၏ အနည်းငယ်
အနီရောင်သမ်းနေသည့်မျက်နှာပေါ်၌
သူတစ်ခါမှ မမြင်ဖူးသော
အမူအယာကိုတွေ့ရ၏။မျက်နှာဖုံးကို အလျင်အမြန်ချွတ်လိုက်သော်ငြား
ယင်ဟန်ကျန်း၏မျက်နှာအမူအယာဟာ
ပုံမှန်အတိုင်း ရေသေလို
ငြိမ်သက်သွားလေပြီ ဖြစ်၏။

မဟုတ်တာတွေများ လျှောက်မြင်
နေမိတာလားဟု ဝမ်ရန်အယ်တွေး‌လိုက်မိကာမျက်နှာဖုံးကို တပ်လိုက် ချွတ်လိုက်
ပြန်လုပ်ကြည့်သော်ငြား ဘာမှ
မထူးခြားသွားပေ။

"မင်းရဲ့ လက်ကိုပေး။"ဟု
ဝမ်ရန်အယ်အမိန့်ပေးလိုက်၏။

ယင်ဟန်ကျန်း ဆန့်တန်းပေးသောလက်ကို
ဝမ်ရန်အယ် သွေးခုန်နှုန်း
စမ်းကြည့်ပြီး ယင်ဟန်ကျန်းထံသို့
ဝိဉာဉ်စွမ်းအင်များပေးပို့လိုက်၏။
သွေးကြောများထဲ အတားအဆီး
ရှိမနေဘဲ ကျင့်ကြံမှုကလည်း
ဘာပြဿနာမှရှိမနေချေ။ချီဖောက်ပြန်မှု
ဖြစ်နိုင်ချေများလည်း မတွေ့ချေ။

ယင်ဟန်ကျန်းအားစစ်ဆေးပြီးသောအခါ
ဝမ်ရန်အယ် သူ့လက်သူရုပ်သိမ်းလိုက်ပြီး
မျက်နှာဖုံးပေါ်တင်ထားလိုက်၏။
သူစဉ်းစားရခက်သွားသည်။ပထမဆုံး
ဝတ္ထုစာအုပ်ကိုရထဲက သူ့စိတ်ထဲ
မေးခွန်းများစွာ ပေါ်ထွက်လာခဲ့၏။
မေးခွန်းတစ်ခုအဖြေရသောအခါ
နောက်မေးခွန်းအသစ် ပေါ်လာပြန်သည်။
ကံကြမ္မာ၏ အလိုအရပင်ဖြစ်လိမ့်မည်။
သူအရာအားလုံးကို နားလည်နိုင်မည်
မဟုတ်ပေ။

"အရှင် မျက်နှာဖုံးကိုသဘောကျလို့လား။"
ဝမ်ရန်အယ်ဟာလက်ထဲ အကြာကြီး
ကိုင်ထားသောကြောင့် ယင်ဟန်ကျန်း
မေးလိုက်၏။

"မကျပါဘူး။"ဝမ်ရန်အယ်
ယင်ဟန်ကျန်းထံသို့ ပြန်ပေးလိုက်သောအခါ
ယင်ဟန်ကျန်းဟာ မျက်နှာဖုံးကို
သိုလှောင်အိတ်ထဲသို့ အမူအယာကင်းမဲ့စွာ
ပြန်ထည့်လိုက်တာကို ဝမ်ရန်အယ်တွေ့ရ၏။

တစ်ခုခုက မဟုတ်နေပေ။
သို့သော်ထိုတစ်ခုခုကို သူရှာမတွေ့ပေ။

ယင်ဟန်ကျန်းဟာ သူ့ကိုလိမ်မှာ
မဟုတ်သလို တစ်ခုခုကိုဖုံးကွယ်ထားတာမျိုးလည်း မရှိဟု ဝမ်ရန်အယ်ယုံ၏။
တစ်ယောက်ကိုတစ်ယောက် ကိစ္စရပ်များ
ဖွင့်ပြောထားပြီးပြီဖြစ်သလို
အမြဲပွင့်ပွင်းလင်းလင်း‌ဆက်ဆံကြမည်ဟုလည်း သဘောတူထား၏။ဘာ့ကြောင့်
ယင်ဟန်ကျန်း မျက်နှာဖုံးတပ်လိုက်တာနှင့်
သူယင်ဟန်ကျန်းကို နားမလည်
နိုင်တော့တာလဲ။

"အခုကစပြီး မင်းနဲ့ငါနှစ်ယောက်ပဲ
ရှိတယ်ဆိုရင် မျက်နှာဖုံးကိုမတပ်နဲ့။
ပြီးတော့ လိုအပ်မှသာတပ်။"

"နားလည်ပါပြီ။"ယင်ဟန်ကျန်း‌
ပေါ့ပေါ့ပါးပါးသာပြန်ဖြေလိုက်၏။
ယခင်ကလို ပြတ်ပြတ်သားသားနာခံသည့်
ပုံစံမျိုးမဟုတ်တော့ချေ။

မျက်နှာဖုံးနှင့် ပတ်သက်၍
ဆက်ပြီး စစ်ဆေးချင်သေးသော်ငြား
ပိုင်လီချင်းမြောင်နှင့် ကျုန်းလီချန်းတို့
နှစ်ယောက်ဟာ တစ်ယောက်လက်
တစ်ယောက် တွဲထားကြပြီပင်။
သူတို့နှစ်ယောက်ဆီသို့
အာရုံပြန်စိုက်ရန် လိုလာချေပြီ။

လက်ဘာ့ကြောင့်တွဲထားရတာလဲဆိုတော့
ကျုန်းလီချန်းဟာ ခလုတ်တိုက်ပြီး
လဲကျလုနီးပါးဖြစ်သွားသောကြောင့်ပင်။
ထို့ကြောင့် ပိုင်လီချင်းမြောင်က
လှမ်းဆွဲထားလိုက်တာပင်။
"ကျုန်းလီသခင်လေးက ဘာမှမမြင်ရဘူး
ဆိုတော့ တစ်ယောက်နဲ့တစ်ယောက်
ကူညီပေးရအောင်။"ဟုပိုင်လီချင်းမြောင်
ပြောလိုက်၏။

ကျုန်းလီချန်းခေါင်းခါလိုက်၏။
"ထူးဆန်းသလိုပဲ မျက်လုံးမမြင်ရရင်
တောင်မှ စွမ်းအင်အာရုံအရ
ဘေးပတ်ဝန်းကျင်ကို အာရုံခံနိုင်ရမှာ။
ဘာလို့ ခလုတ်တိုက်မိတဲ့အရာကို
သတိမထားမိရတာလဲ။မိန်းကလေး ပိုင်လီ
ကျွန်တော်ခလုတ်တိုက်မိတဲ့အရာက
ဘာလဲဆိုတာ ကြည့်ပေးလို့ရမလား။"

ပိုင်လီချင်းမြောင် လှည့်ကြည့်လိုက်၏။
"ပေါင်ရိုးတစ်ချောင်းပါ သူ့ဘာသာသူ
လိမ့်နေပြီး မင်းကိုချော်လဲအောင်လုပ်တာ။"

ကျုန်းလီချန်း ပိုင်လီချင်းမြောင်လက်ကို
လွှတ်လိုက်၏။"မိန်းကလေး ပိုင်လီ
မင်းရဲ့ပိုးချည်မျှင်ကိုသုံးပြီး
လက်တစ်ဖက်စီကို
ချည်နှောင်လိုက်ပါ့လား။
မိန်းကလေးနဲ့ ယောကျာ်းလေးတွေက
တစ်ယောက်နဲ့တစ်ယောက် လွယ်လွယ်ကူကူ
ထိမနေသင့်ဘူး။ကျွန်‌တော် မိန်းက‌လေးနဲ့
မသင့်လျော်တာတွေ မလုပ်ချင်ပါဘူး။"

ပုံမှန်ဆို သူကထိုမျှတင်းကြပ်သူ
မဟုတ်ပေ။သို့သော် ယခုသူ့မျက်လုံးဟာ
ထိုမိန်းကလေးတစ်ယောက်တည်းကိုသာ
မြင်နေရအောင် ကျိန်စာတိုက်ခံထားရ၏။
ပိုင်လီချင်းမြောင်ဟာ အမှန်တရားကျင့်ကြံသူဂိုဏ်းသားဖြစ်ပြီး စရိုက်ကောင်းသူဖြစ်၍
သူ့ကိုထိခိုက်အောင်မလုပ်ဘူးဟု
ယုံကြည်သော်ငြား ထိုကဲ့သို့
မိန်းကလေးမျိုးဟာ အလွယ်တကူ
ထိန်းချုပ်ခံရနိုင်၏။ထို့ကြောင့်
တင်းတင်းကြပ်ကြပ်နေတာက
အန္တရာယ်ပိုကင်း၏။

ပိုင်လီချင်းမြောင်အတွက် ကိစ္စမရှိပေ။
ထိုအကြံက ပိုကောင်းသည်ဟုသူထင်၏။
ဤသို့ဖြင့် ကျုန်းလီချန်းသာလဲကျတော့မည်
သို့မဟုတ် တစ်ခုခုဖြင့် အပစ်ခံရသည်
ဆိုပါက သူပါအတူရောပါမသွားအောင်တင်းတင်းချည်ထားသော
ပိုးချည်မျှင်ကို လျော့လိုက်မည်။
ဟန်ချက်ထိန်းနိုင်သွားပါက
ပိုးချည်မျှင်သုံးပြီး ကျန်းလီချန်းကို
ပြန်ဆွဲထားလို့ရသည်။

ထိုသို့ဖြင့် လက်တွဲထားရာကနေ
သူတို့နှစ်ယောက်ကြား ပိုးချည်မျှင်
ရောက်သွား၏။ပိုင်လီချင်းမြောင်ဟာ
မျက်စိမမြင်ရသူအတွက် လမ်းပြပေးသူ
တစ်ယောက်နှင့်တူသွား၏။

ဝမ်ရန်အယ် : ...

သူမျှော်လင့်ထားတာ ထိုသို့မဟုတ်ပေ။
"လူကြားထဲ ထိုသူတစ်ယောက်ထဲကိုသာ
ကွက်ကွက်ကွင်းကွင်းမြင်ရမည်"
"ခံစားချက်တွေ တူတူဝေမျှမည်"
ဟူသည့်ရည်ရွယ်ချက်ပြည့်မြောက်
သွားသော်ငြား ထိုနှစ်ယောက်ဟာ
ဘာ့ကြောင့် သက်သောင့်သက်သာမဖြစ်ဘဲတောင့်တောင့်ကြီးဖြစ်နေကြပြီး
တစ်ယောက်ကိုတစ်ယောက်
ယဉ်ယဉ်ကျေးကျေးဆက်ဆံနေရတာလဲ။
မျက်လုံးတွေကို ပိတ်စဖြင့်အုပ်ထားကြမည်ဟုလည်းသူမထင်ထားခဲ့ပေ။

တကယ်ပဲ နောက်ဆုံးစာကြောင်း
"အချစ်ဆိုတာဟာ မင်းသတိမထားမိခင်ကတည်းကရှိနေနှင့်ပြီးသားဖြစ်ပြီး
မင်းမသိခင်မှာပဲထိုအရာ၏
လက်ခုပ်ထဲ ကျရောက်သွားလိမ့်မည်။"
ဆိုတာကို သူနားမလည်လို့များလား။
တကယ်ပဲ ထိုစာကြောင်းက
တိတိကျကျ ဘာကိုရည်ညွှန်းချင်ရတာလဲ။

" 'အချစ်ဆိုတာဟာ မင်းသတိမထားမိခင်ကတည်းကရှိနေနှင့်ပြီးသားဖြစ်ပြီး
မင်းမသိခင်မှာပဲထိုအရာ၏
လက်ခုပ်ထဲ ကျရောက်သွားလိမ့်မည်။'
ဆိုတာက ဘာကိုများပြောချင်ရတာလဲ။"
ဟုဝမ်ရန်အယ်မေးလိုက်၏။

"အဲ့အဓိပ္ပာယ်ကို နားလည်သွားချိန်
လွတ်မြောက်ဖို့ကြိုးစားဖို့
အရမ်းနောက်ကျသွားပြီ။"ဟုသူ့နောက်က
ယင်ဟန်ကျန်းက ပြန်ဖြေ၏။
အသံဟာ အနည်းငယ်တုန်ခါနေ၏။
ထိုစာကြောင်းဟာ ရူးကြောင်ကြောင်နိုင်သည်ဟုသူလည်း ထင်နေတာဖြစ်မည်။

"ငါစာ‌ကြောင်းကိုနားလည်တယ်။ဒါပေမဲ့
အဲ့လိုဖြစ်အောင်ဘယ်လိုလုပ်ရမှာလဲ။"
ကျင့်ကြံသူ‌တွေဟာ ၎င်းတို့၏
စိတ်ကိုပါကျင့်ကြံကြ၏။
ရုန်းမထွက်နိုင်အောင် နစ်ဝင်သွားချိန်မှပဲ
ထိုအရာကိုသတိထားမိရအောင်
ထိုကျင့်ကြံသူက သတိကင်းမဲ့လွန်း၏။
ထိုသို့သတိမဲ့နေလျှင် မည်သို့များ
ကျင့်ကြံကြမည်လဲ။
တာအိုကို မည်သို့များ
ဉာဏ်အလင်းပွင့်သွားကြမည်လဲ။
ဉာဏ်အလင်းပွင့်သွားရန်
အချိန်ခဏလေးသာယူရ၏။
ဉာဏ်အလင်းပွင့်သွားချိန်မှသာ
ပေါ်ထွန်းလာတာဖြစ်၏။"

"ဘယ်သူသိမှာလဲ။"ယင်ဟန်ကျန်းအသံဟာ
အနည်းငယ်အေးစက်စက်နိုင်နေ၏။
"လက်ခုပ်ထဲ ကျရောက်သွားတဲ့သူတွေမှပဲ
နားလည်နိုင်တာဖြစ်မှာပေါ့။"

ထိုသို့ဆိုလျှင် သူမည်သို့
ဆက်လုပ်ရတော့မည်လဲ။
ဟယ့်ဝမ်းချောင်ကို ပိုင်လီချင်းမြောင်
လွယ်လွယ်မမေ့နိုင်တာကို
ဝမ်ရန်အယ်သိသည်။ပိုင်လီချင်းမြောင်ကို
သူထိန်းချုပ်မှာလည်းမဟုတ်ပေ။
သို့ပေမဲ့ ကျုန်းလီချန်းဟာ
ပိုင်လီချင်းမြောင်ကို ချစ်သွားရမှာက
သဘာဝပဲ မဟုတ်ပေဘူးလား။
ဘာ့ကြောင့် သူ့ပုံစံကချစ်မိသွားပုံ
မ‌ပေါ်ရတာလဲ။

အချစ်နှင့်ပတ်သက်၍ နတ်ဆိုးအရှင်
နားလည်ထားမှုဟာ အလွန်နည်းပါး၏။

မူလဝတ္ထုကို ကိုးကားဖို့သာ
ဆုံးဖြတ်လိုက်၏။
နာကျင်ရသောအချစ်ဝတ္ထုစာအုပ်ကို
ဖွင့်လိုက်ပြီး ပိုင်လီချင်းမြောင်နှင့်
ကျုန်းလီချန်းတို့ကြားက စကား
တစ်လုံးချင်းစီ အပြုအမူတစ်ခုချင်းစီကိုသာ
စေ့စေ့စပ်စပ်ပြန်လေ့လာလိုက်၏။
သို့သော် စာအုပ်ထဲကစာလုံးတွေဟာ
အရူးအမူးပြောင်းလဲနေ၏။
မတူညီသောစာလုံးတွေ ပြောင်းမသွားခင်
မူလစာကြောင်းတွေအား ဝမ်ရန်အယ်
တစ်ခါထဲသာ ဖတ်လိုက်နိုင်၏။

ပိုင်လီချင်းမြောင်နှင့် ကျုန်းလီချန်းတို့ဟာ
တစ်ယောက်ကိုတစ်ယောက် ဖေးမရင်း
မျက်လုံးတစ်လုံးတည်းသာ အသုံးပြု၍
ငရဲမီးခန်းမဆောင်မှ ထွက်ပြေးရန်
ကြိုးပမ်းနေကြ၏။နေဝင်သွားချေပြီ။
ပိုင်လီချင်းမြောင်ဟာ အနီရောင်ဝတ်စုံဝတ်ယောကျာ်းလိုမျိုး တစ်စုံတစ်ယောက်ကို
ထပ်ကြုံတွေ့ရမည်ကို စိုးရိမ်သောကြောင့်
ကျုန်းလီချန်းကို စကားစပြောတော့သည်။
"ဘယ်သူက ကျွန်မကို ဖမ်းထားတာလဲ
မသိဘူး။ကျွန်မဆရာက အရမ်းကို
စွမ်းအားကြီးတဲ့ လေလွင့်မသေမျိုး
ကျွန်မတို့တူတူ လမ်းလျှောက်နေတုန်း
အဖမ်းခံရတာ။ကျွန်မအမြင်အာရုံ ရုတ်တရက်အမှောင်ဖုံးသွားပြီး
အသိမဲ့သွားတာ။သတိပြန်ရချိန်မှာ
ဆရာမရှိတော့ဘဲ ကျွန်မတစ်ယောက်ထဲ
ဒီမှာအဖမ်းခံထားရတော့တာပဲ။
နေမကောင်းပုံပေါ်တဲ့ ရုပ်ချောချော
ယောကျာ်းတစ်ယောက်က
ကျွန်မဘယ်ဘက်မျက်လုံးထဲ
သွေးတစ်စက်ခပ်ပြီး ကျွန်မဆီက
သွေးစက်တွေလည်း ယူသွားတယ်။
ခဏကြာတော့ လှပြီးသိမ်မွေ့တဲ့
မျက်နှာနဲ့ယောကျာ်းတစ်ယောက်က
ရင်ဘတ်ထဲ ခဏကြာနာကျင်စေတဲ့
အရာတစ်ခုစားခိုင်းပြန်ကော။
သူတို့ကျွန်မကို ဘာတွေလုပ်ကြတာလဲဆိုတာ
ကျွန်မတော့ နားမလည်ပါဘူး။"

ထိုစကားများကြားပြီး ကျုန်းလီချန်း
မေးလိုက်၏။
"ဘာလို့ ဘယ်ဘက်မျက်လုံးပဲလဲ။"

"မသိဘူးလေ။အစကတော့ နှစ်ဖက်စလုံး
လုပ်မလို့ပါပဲ။ဒါပေမဲ့ ညာဖက်မျက်လုံးထဲ
သွေးစက်လည်း ခပ်ကော အဲ့လူက
ရုတ်တရက်ချောင်းထဆိုးပြီး
မခပ်နိုင်တော့တာ။နေမကောင်း
ထဖြစ်သွားလို့နေမှာပေါ့။"

"အဲ့ယောကျာ်းက ချွမ်းယွမ်ဂိုဏ်းရဲ့
ငရဲမီးလျှံခန်းမဆောင်သခင်ရှီထုံရှင်းပဲ။
သူကလူသားတွေခံစားရတဲ့
‌ဝေဒနာခုနှစ်မျိုးကိုကျင့်ကြံတာ။
အခြားသူတွေ‌ဝေဒနာခံစားရအောင်လုပ်ဖို့
သူကိုယ်တိုင်အရင်ဆုံး အဲ့ဝေဒနာတွေ
ခံစားရတာ။သူကအမြဲနေမကောင်း
ဖြစ်နေတာ။ရုတ်တရက်ထ နေမကောင်း
ဖြစ်တာမျိုးမဟုတ်ဘူး။သူက
လမ်းလျှောက်နေတဲ့ ဝေဒနာကြီးပဲ။"

ပိုင်လီချင်းမြောင် ရုတ်တရက်
ခေါင်းလှည့်လိုက်ပြီး ကျုန်းလီချန်းကို
သူ့ညာဖက်မျက်လုံးဖြင့် နီးနီးကပ်ကပ်
ကြည့်လိုက်၏။နည်းနည်းစောင်းလိုက်ပြီး
သူ့ရင်ဘတ်သူ ပွတ်သပ်လိုက်၏။
"ထူးဆန်းလိုက်တာ။ဘာလို့ မင်းအပေါ်ရုတ်တရက်ကြီးသံသယဝင်လာရတာလဲ။"

ကျုန်းလီချန်း : ...

သူက ပိုင်လီချင်းမြောင်အပေါ်
သံသယဝင်နေသောကြောင့်ဖြစ်မည်။
နှလုံးပေါင်းဖက်ဂူကြောင့်
ပိုင်လီချင်းမြောင်အပေါ်ပါ ထိုခံစားချက်
သက်ရောက်သွားတာပင်။

ကျုန်းလီချန်းဟာ သူတို့မျက်လုံးတွေသာ တစ်ယောက်နှင့်တစ်ယောက်အပေါ်
ဂါထာသက်ရောက်ပြီး နှလုံးပေါင်းဖက်ဂူကတော့ အခြားတစ်ယောက်နှင့်ဖြစ်ပါစေဟု
မျှော်လင့်ထားခဲ့တာပင်။ယခုတော့
သူ့ခံစားချက်ကိုပါ ပိုင်လီချင်းမြောင်
ခံစားနေရသည်ဆိုတော့ သူ့မျှော်လင့်ချက်ပျက်သုဥ်းသွား၏။

နှလုံးပေါင်းဖက်ဂူကြောင့် တစ်ယောက်
ခံစားချက် တစ်ယောက်မဖုံးကွယ်နိုင်ပေ။
သူနှင့် ပိုင်လီချင်းမြောင်ပူးပေါင်းရန်လို၏။
မဟုတ်ပါက ငရဲမီးလျှံခန်းမဆောင်မှ
လွတ်မြောက်နိုင်တော့မှာ မဟုတ်ပေ။
အစက ကျုန်းလီချန်းဟာ ခုခံဖို့
မစဉ်းစားထားပေ။သို့ပေမဲ့ ဝမ်ရန်အယ်၏
လုပ်ဆောင်မှုတွေဟာ သူ့ကိုစိုးရိမ်စေ၏။
သူဟာ ကျုန်းလီကလန်၏ဆက်ခံသူဖြစ်သည်။အကယ်၍ သူသာ
နှလုံးပေါင်းဖက်ဂူ၏ လွှမ်းမိုးမှုကြောင့်
မလျော်ကန်သည့် တစ်ခုခုပြုလုပ်မိမည့်
ဖြစ်နိုင်ချေရှိနေပါက သူ့နေရာကို
ယခုပဲစွန့်လွှတ်ပစ်ပြီး လေလွင့်ကျင့်ကြံသူလုပ်တာက ပိုကောင်း၏။

"မိန်းကလေး ပိုင်လီ ကျွန်တော့်ကို
ပိုးချည်မျှင်ကိုဖြုတ်ပြီး
တစ်နေရာမှာ ပုန်းကွယ်ခွင့်ပြုပါ။
ပြီးရင် မင်းရဲ့ဘယ်ဘက်မျက်လုံးကို
အုပ်ထားတဲ့ပိတ်စကိုဖြုတ်ပြီး ကျွန်တော့်ကို
ရှာကြည့်ပါ။ဂါထာက ဘယ်လောက်အစွမ်းထက်လဲ စမ်းသပ်ချင်လို့ပါ။"
ဟုကျုန်းလီချန်းပြောလိုက်၏။

အချက်အလက်အပြည့်အစုံရမှ
နောက်ခြေလှမ်းတွေကို ဆုံးဖြတ်နိုင်မှာပင်။

ပိုင်လီချင်းမြောင် သဘောတူလိုက်၏။
သူ့မျက်လုံးဘယ်လောက်ထိ ဆိုးနေလဲ
သူလည်း သိချင်မိသည်။ကျုန်းလီချန်း
ပုန်းပြီးနောက် ပိုင်လီချင်းမြောင်ဟာ
ပိတ်စကိုဖယ်ရှားလိုက်၏။
ဘယ်ဘက်မျက်လုံးကနေ ကြိုးပါးပါး
တစ်ချောင်းကိုတွေ့ရ၏။
ထိုကြိုးနောက်လိုက်ပြီး
ကြည့်လိုက်သောအခါ ကျုန်းလီချန်းကို
တံခါးကို ဖြတ်ပြီးတွေ့ရ၏။
သူ့အမြင်ဟာ အစိုင်အခဲမျက်နှာပြင်
ကိုတောင် ထိုးဖောက်မြင်ရ၏။

"ကျွန်မ မင်းကိုမြင်ရတယ်
ကျုန်းလီသခင်လေး"

တံခါးဖွင့်ပြီး ကျုန်းလီချန်းထွက်လာ၏။
ပိုင်လီချင်းမြောင်အမြင်တစ်ခုလုံး
ကျုန်းလီချန်းမျက်နှာဖြင့်သာ
ပြည့်နှက်သွား၏။မျက်လုံးကို အမြန်
ဖုံးအုပ်လိုက်ပြီး သူမြင်ရသမျှကို
ပြန်ပြောလိုက်၏။

"ဒီကျိန်စာဂါထာက တကယ်
အစွမ်းထက်တာပဲ။"ဟုကျုန်းလီချန်းသက်ပြင်းချရင်းပြောလိုက်၏။
"ကမ္ဘာ့အဆုံးထိပြေးရင်တောင်
အခြားတစ်ယောက်ရဲ့ အမြင်ကနေ
လွတ်မှာမဟုတ်ဘူး။အကွာအဝေးက
အရေးမပါဘူးပဲ။"

"ကျွန်မမျက်လုံးထဲ ခပ်တဲ့သွေးစက်က
ကျုန်းလီသခင်လေးရဲ့သွေးပေါ့။
အဲ့တာဆို ကျွန်မရဲ့သွေးစက်တွေကကော။"

"ငါ့ဆီမှာ"ဟုပိုင်လီချင်းမြောင်ကို
မဖုံးကွယ်ထားဘဲ ပြောလိုက်၏။
"ကျွန်တော်က မျက်လုံးနှစ်လုံးစလုံးကို
ကာထားဖို့လိုတယ်။အမြင်အာရုံထဲ မိန်းကလေးပိုင်လီ မျက်နှာတစ်ခုပဲ
မြင်နေရလို့။မျက်လုံးတွေရှိရှိ
မရှိရှိသိပ်တော့ မကွာပါဘူး။"

ပိုင်လီချင်းမြောင် ခံစားချက်ကို
နားလည်သဖြင့် သနားမိသွားသည်။
သူကအနည်းဆုံးတော့ မျက်လုံးတစ်လုံးကအလုပ်လုပ်နေသေး၏။ကျုန်းလီချန်းကတော့ နှစ်ဖက်စလုံးအသုံးမပြုနိုင်ပေ။

ကျုန်းလီချန်း ပိုင်လီချင်းမြောင်၏
စာနာသနားမှုကို ခံစားရ၏။
သက်ပြင်းချလိုက်ပြီး
"မိန်းကလေး ပိုင်လီ ကျွန်တော်တို့
စမ်းသပ်စရာတစ်ခုကျန်ပါသေးတယ်။
မင်းကို ခံစားချက်ပြင်းထန်စေတဲ့
တစ်ခုခုအကြောင်း စဉ်းစားကြည့်ပါ။"

ပိုင်လီချင်းမြောင်၏ အတွေးဟာ
ဟယ့်ဝမ်းချောင်ဆီချက်ချင်းရောက်သွား၏။
သူ့နှလုံးသားနာကျင်သွားသည်။ယနေ့
သူ့ဂိုဏ်းတူအစ်ကိုနှင့် လုချင်းယဲ့
လက်ထပ်မှာဖြစ်ကြောင်း သတိရသွားသည်။
ယခုအချိန်လောက်ဆို အိပ်ယာထဲ
ရောက်နေလောက်၏။နာကျင်ရလိုက်တာ...
ဟမ် သူဘာလို့ဝမ်းမနည်းနေရတာလဲ။

ပိုင်လီချင်းမြောင် သူ့ရင်ဘတ်သူ
ပုတ်လိုက်၏။သူ့နှလုံးသားထဲ
ဓားနှင့်အထိုးခံရပြီး မွှေနှောက်ခံရသလို
ခဏခံစားရပြီး ခဏနေတော့
ပျောက်သွား၏။

"ပျော်ရွှင်စရာတစ်ခုခုကို တွေးကြည့်ပါဦး။"

ပိုင်လီချင်းမြောင်ဟာ သူ့ဂိုဏ်းတူအစ်ကိုနှင့်
အတူတူကြီးပြင်းလာရခြင်းကို
တွေးလိုက်၏။ဂိုဏ်းတူအစ်ကိုဟာ သူ့ကို
ကောင်းကောင်းဆက်ဆံပေး၏။
သူအလွန်အမင်း ပျော်ရွှင်မိ...
ဟမ် သူလုံးဝကိုပျော်မနေဘူး။
သူ့နှလုံးသားက ရေသေလိုတည်ငြိမ်နေ၏။

"မိန်းကလေး ပိုင်လီ မင်းအခုတွေးလိုက်တာတွေက မင်းကိုဝမ်းနည်းစေတာနဲ့
ပျော်ရွှင်စေတာတွေမလား။"

"ဟုတ်တယ်" ပိုင်လီချင်းမြောင်
တိတိကျကျပြန်ဖြေလိုက်၏။
"ကျွန်မ ဂိုဏ်းတူအစ်ကိုကိုချစ်တယ်။
သူက ကျွန်မခံစားချက်တွေကို
ဗြောင်းဆန်အောင်လုပ်နိုင်တဲ့သူပဲ။"

"တော်ပါသေးရဲ့။"
ဟုကျုန်းလီချန်း ပြောလိုက်၏။
"ငါတို့မြိုချရတာက နှလုံးပေါင်းဖက်ဂူပဲ။
တစ်ယောက်ခံစားချက်တစ်ယောက်
ခံစားနိုင်ပြီး အခြားတစ်ယောက်ဆီကထိန်းချုပ်ခံရနိုင်တယ်။
စိတ်ခိုင်တဲ့သူက ထိန်းချုပ်သူဖြစ်မှာ။"

"အဲ့တော့ ခုနကကျွန်မခံစားချက်တွေကို
မင်းဖိနှိပ်လိုက်တာလား။"

"ဟုတ်တယ်။"ကျုန်းလီချန်း
စိတ်သက်သာရာရပြီး ပြုံးလိုက်မိ၏။
"မင်းရဲ့ဝမ်းနည်းမှုတွေခံစားရတော့
နှလုံးသားကို တည်ငြိမ်အောင်လုပ်ပြီး
ဖိနှိပ်နိုင်လိုက်တယ်။မင်းရဲ့ပျော်နေတဲ့
ခံစားချက်တွေလည်း
ငါဖိနှိပ်နိုင်လိုက်တယ်။အခုတော့ ဒါတွေက
အသစ်ကြုံတွေ့ရတာဆိုပေမဲ့
နည်းနည်းလေ့ကျင့်ပြီးရင်တော့
ခံစားချက်တွေကို လွယ်လွယ်ကူကူပဲ
တည်ငြိမ်သွားအောင် လုပ်နိုင်မှာပါ။"

ပိုင်လီချင်းမြောင် : ...

အဲ့တော့ ပိုင်လီချင်းမြောင်ဆိုတဲ့သူကထိန်းချုပ်ခံရမဲ့သူဖြစ်သွားတာပေါ့။

ကျုန်းလီသခင်လေးကတော့ စိတ်သက်သာရာရသွားမှာပေါ့။ဒါပေမဲ့ သူကျတော့ကော။
ပိုင်လီချင်းမြောင် ထိုကိစ္စနှင့်ပတ်သက်၍ ဘယ်လိုခံစားရမယ်မှန်းကို
မသိတော့ချေ။

"မင်းစိုးရိမ်ဖို့မလိုပါဘူး။"
ကျုန်းလီချန်းပြောလိုက်၏။
"နှစ်ယောက်လုံးဆီက ကျိန်စာနဲ့ဂူကို
ဖယ်ရှားဖို့ အကောင်းဆုံးကြိုးစားမှာပါ။
စမ်းသပ်ကြည့်တာက လက်ရှိ
ကျွန်တော်တို့ကို ဘယ်လောက်တောင်သက်ရောက်မှုရှိနေသလဲဆိုတာကို
သိချင်လို့ပါ။မျက်လုံးတွေကိုတော့
လက်ရှိဖုံးထားရတာက နည်းနည်းလေးပဲ အနှောင့်အယှက်ဖြစ်မှာပါ။
ခံစားချက်တွေကိုတော့
ကျွန်တော့်စိတ်ကိုတည်ငြိမ်အောင်
အကောင်းဆုံးကြိုးစားပါ့မယ်။
မင်အတွက် အဆင်မပြေဖြစ်စေမှန်းသိပေမဲ့
လက်ရှိတော့ အဲ့လောက်ပဲလုပ်နိုင်သေးလို့ပါ။
စိတ်တည်တည်ငြိမ်ငြိမ်ထားပြီး
ဆင်ခြင်တုံတရားအပြည့်ရှိရပါမယ်။
အဲ့လိုလုပ်တာကခံစားချက်တွေ
ထိန်းချုပ်ခံရတာထက်တော့
ကောင်းပါသေးတယ်။"

"မဟုတ်ဘူး အဆင်ပြေပါတယ်။"
ပိုင်လီချင်းမြောင်ဟာ စိတ်သက်သာရာ
ရသွားဟန်ဖြင့် ခေါင်းခါလိုက်၏။
ကျုန်းလီချန်းကို ပြုံးပြလိုက်၏။
"ဂိုဏ်းတူအစ်ကိုက ဒီနေ့ပဲ
လက်ထပ်သွားပြီ။"

ကျုန်းလီချန်းအမူအယာတောင့်သွား၏။
ပိုင်လီချင်းမြောင်၏သောကတွေကို
ခံစားရသောအခါ စိတ်ထဲ၌
ကဗျာအချို့ကိုရွတ်ဆိုလိုက်၏။
"ကြယ်တွေကို ကောင်းကင်ပြင်ကျယ်ကြီးထဲ
ချိတ်ဆွဲထားသည်။လဟာ မြစ်ရေထဲ
လှိုင်းထ၍ အရိပ်ထင်ဟပ်နေ၏။(၁)
ရှင်သန်ရခြင်း၏ ပျော်ရွှင်မှုကို
အပြည့်အဝခံစား၍ လက်လှမ်းမမှီနိုင်သည့်
လိုပယအင်ဆန္ဒများ၊အိမ်မက်များကို စွန့်လွှတ်လိုက်ပါ။"(၂)
ထိုစာသား‌တွေဟာ ခံစားချက်
ကောင်းလာစေ၏။

ပိုင်လီချင်းမြောင်လည်း ထိုသို့ခံစားရ၏။
မုန်းတီးမှုများဖြင့်ပြည့်နေသော
မိန်းကလေးအဖြစ်မှ ခံစားမှု
ချက်ချင်းပြောင်းသွားသည်။
"မင်းရဲ့အကူအညီနဲ့ဆို ကျွန်မဂိုဏ်းတူ
အစ်ကိုကို စွန့်လွှတ်နိုင်ပြီး သူ့ကြောင့်
နာကျင်ရတော့မှာမဟုတ်ပါဘူး။
အဆိုးထဲကအကောင်းလို့ ပြောရတော့မှာပဲ။
အခုကစပြီး ကမ္ဘာကြီးတစ်ခုလုံးကို
ခရီးထွက်နိုင်ပြီ။ကမ္ဘာမှာ
ဖြစ်ပျက်နေသမျှကိုလှည့်ပတ်ကြည့်ရှုပြီး
‌ဒီကမ္ဘာကနေ အခြားကမ္ဘာကိုအဆင့်တက်ပြီး
နတ်ဘုရားဖြစ်ဖို့ကိုပဲ အာရုံစိုက်တော့မယ်။
ဟား ဟား ဟား ဟား"

သူ၏ ရယ်မောသံဟာတက်ကြွနေပြီး အသက်ဝင်နေ၏။ကျုန်းလီချန်းလည်း သူ၏အကောင်းမြင်မှုကိုခံစားလိုက်ရသည်။

ဝမ်ရန်အယ် : ...

အခုလို အခြေအနေတိုးတက်သွားတာလည်း
ကောင်းတာပဲမလား။


အပိုင္း ၃၄။စိတ္ခံစားခ်က္ ျမင့္တက္သြားရျခင္း

"အ႐ွင္" ဟုေခၚရင္း
ယင္ဟန္က်န္းဟာ ဝမ္ရန္အယ္ထံသို႔
တိုကင္ ဆက္သလိုက္သည္။

ဝမ္ရန္အယ္ : ...

တိုကင္အား ပိုင္လီခ်င္းေျမာင္ကို
ၿပိဳကြဲေတာင္ဥကၠာခဲအစား
ေပးထားခဲ့ျခင္းပင္။
ကံၾကမၼာအရေကာ
ဝမ္ရန္အယ္၏ စ႐ိုက္အရေကာ
ထိုတိုကင္ကို ဒီအတိုင္းျပန္ယူမွာမဟုတ္ေပ။
ကံၾကမၼာကေကာ ခြင့္ျပဳမွာမဟုတ္။
ပိုင္လီခ်င္းေျမာင္ စထုတ္လိုက္စဥ္က
အနည္းငယ္စိတ္လႈပ္႐ွားသြားရေသာ္ျငား
ပိုင္လီခ်င္းေျမာင္သာ တကယ္
အသုံးျပဳမည္ဆိုပါက သူဝင္ပါရမွာပင္။

ထိုႏွစ္ေယာက္ကို ငရဲမီးလွ်ံခန္းမေဆာင္က
လြတ္ေအာင္ ကူညီေပးပါက
အျပင္ေရာက္သြားသည္ႏွင့္
ထိုႏွစ္ေယာက္ဟာ ကိုယ့္လမ္းကိုယ္
ေလွ်ာက္မွာပင္။သူစီစဥ္ထားသမွ်
အကုန္လြဲေခ်ာ္သြားလိမ့္မည္။

ဤသည္ဟာ ဝမ္ရန္အယ္၏အမိန္႔မပါဘဲ
ယင္ဟန္က်န္း သူ႕သေဘာႏွင့္သူ
ပထမဆုံးလုပ္ျခင္းပင္။ဝမ္ရန္အယ္၏ စိတ္႐ႈပ္ေနသည့္အမူအယာကို
ေတြ႕သည္ႏွင့္ ခ်က္ခ်င္း
ဝမ္ရန္အယ္စိတ္သက္သာသြားေအာင္
တိုကင္ကိုသြားယူလိုက္ေတာ့သည္။

မ်က္ႏွာဖုံးတပ္လိုက္သည္ႏွင့္
ယင္ဟန္က်န္းဟာ ခ်က္ခ်င္း
မတူညီသည့္ လူတစ္ေယာက္
အျဖစ္သို႔ ေျပာင္းလဲသြားသည္။
ပိုင္လီခ်င္းေျမာင္ႏွင့္ က်ဳန္းလီခ်န္း
မဆိုထားႏွင့္ သူကိုယ္တိုင္ေတာင္မွ
မွတ္မိဖို႔ ခက္ခဲသည္။ဇာတ္ေကာင္ေတြေကာ
စာဖတ္သူေတြပါ မခန္႔မွန္းႏိုင္ခဲ့တာ
အံ့ဩစရာေတာ့မဟုတ္ေခ်။
သူ႕အိတ္ထဲ တေစၧမ်က္ႏွာဖုံးကို
ပိုင္လီခ်င္းေျမာင္ျမင္ကာမွ
တေစၧမ်က္ႏွာဖုံးပိုင္႐ွင္ဟာ သစၥာ႐ွိေသာ
ေလးစားမႈအျပည့္႐ွိေသာ ယင္ဟန္က်န္း
ျဖစ္မွန္း သိ႐ွိသြားၾကျခင္းပင္။

ထိုတေစၧမ်က္ႏွာဖုံးကို ပိုင္လီခ်င္းေျမာင္
ျမင္သြားေအာင္ ယင္ဟန္က်န္း
တမင္လုပ္သည္ဟု ဝမ္ရန္အယ္ထင္သည္။
ပိုင္လီခ်င္းေျမာင္ကို ေမွ်ာ္လင့္ခ်က္မဲ့ၿပီး
႐ွင္သန္ခ်င္စိတ္ကုန္ခန္းသြားေစလိုျခင္းေပ။
ကံမေကာင္းစြာ အလုပ္မျဖစ္ခဲ့ေပ။

"ဒီအ႐ွင္ေပးထားခဲ့တဲ့ တိုကင္ကို
ျပန္ယူလို႔မရဘူးေလ။"
"မင္းသိမ္းထားလိုက္ ငါေနာက္က်
သူ႕ကို သတင္းေပးပို႔အေဆာင္ပဲ
ေပးထားလိုက္မယ္။

ယင္ဟန္က်န္းမ်က္ႏွာထက္
အျပဳံးေရးေရးေပၚလာသည္။
တိုကင္ကို ႏွလုံးသားႏွင့္အနီးကပ္ဆုံး
ေနရာမွာ သိမ္းထားလိုက္သည္။
ဝမ္ရန္အယ္သာ မတားဆီးပါက
ရင္ဘတ္ထဲထိ ထိုးသြင္းလိမ့္မည္ဟု
ခံစားရ၏။

သတၱမသတ္ျဖတ္ျခင္းလွံ႐ွည္
သြန္းလုပ္စဥ္က ပစၥည္းလက္က်န္ျဖင့္
ျပဳလုပ္ထားေသာ တိုကင္တစ္ခုသာ
ျဖစ္ေခ်သည္။အသုံးသိပ္မဝင္ေခ်။
တစ္ေယာက္ေယာက္က တိုကင္ထဲ
ဝိဉာဥ္စြမ္းအင္မ်ား ထည့္သြင္းလိုက္လွ်င္
ဝမ္ရန္အယ္ သိ႐ွိႏိုင္သည္ဟူသည့္
အသုံးဝင္မႈ တစ္ခုသာ ႐ွိ၏။

ေကာင္း၏။ယင္ဟန္က်န္း
ႀကိဳက္သည္ဆိုမွေတာ့ သူ႕ပဲ
ယူထားခိုင္းလိုက္ေတာ့မည္။

ယင္ဟန္က်န္း၏ အျပဳအမူမ်ားေၾကာင့္
ဝမ္ရန္အယ္ စဥ္းစားရခက္သြား၏။
စစ္တပ္ေခ်မႈန္းေရးဓားသြန္းလုပ္ၿပီးစဥ္ကတည္းက ယင္ဟန္က်န္း၏
စိတ္အဖုအထစ္မ်ား ႐ွင္းလင္းသြားကာ
သူ႕ကိုယ္သူထိန္းခ်ဳပ္ထားေတြလည္း
ေပ်ာက္ကြယ္သြားသင့္၏။
အဘယ့္ေၾကာင့္ သူ႕ကိုယ္သူ
ပိတ္ေလွာင္ထားဆဲျဖစ္ေနရေသးတာလဲ။

တေစၧမ်က္ႏွာဖုံးေၾကာင့္မ်ားလား။

"ငါ့ကိုတေစၧမ်က္ႏွာဖုံးျပ။"ဟု
ဝမ္ရန္အယ္ေျပာရင္း လွမ္းယူလိုက္၏။

ယင္ဟန္က်န္း မေပးေပ။ေပးရမည့္အစား
လက္ထဲ၌ ပို၍တင္းတင္းၾကပ္ၾကပ္
ဆုပ္ကိုင္မိသြား၏။ဝမ္ရန္အယ္
လွမ္းယူလိုက္ေသာအခါပါမလာေခ်။
အားထည့္ၿပီး ဒုတိယအႀကိမ္ဆြဲယူလိုက္ေသာအခါမွ ယင္ဟန္က်န္း
လက္လႊတ္ေပး၏။

ဝမ္ရန္အယ္ ေသေသခ်ာခ်ာ
စစ္ေဆးၾကည့္႐ႈလိုက္ေသာအခါ
မ်က္ႏွာဖုံးဟာ လူကမ႓ာမွ
သာမန္ပစၥည္းမ်ားကိုသာသုံးၿပီး
ျပဳလုပ္ထားေသာ သာမန္မ်က္ႏွာဖုံး
တစ္ခုသာျဖစ္၏။ယင္ဟန္က်န္းဟာ
နယ္စပ္ၿမိဳ႕ငယ္ေလးက ဆိုင္တစ္ဆိုင္မွ
စိတ္ကူးေပါက္ခ်ိန္ ယူလာခဲ့တာ
ျဖစ္ေလာက္သည္။လူတစ္ေယာက္၏
စိတ္ကို လႊမ္းမိုးႏိုင္စြမ္းထိုမ်က္ႏွာဖုံး၌
မ႐ွိေခ်။ဘာ့ေၾကာင့္ ယင္ဟန္က်န္းဟာ
သူ႕ကိုအလြယ္တကူ မေပးခ်င္ရတာပါလိမ့္။

ဝမ္ရန္အယ္ သူ႕မ်က္ႏွာေပၚတပ္လိုက္၏။
မ်က္ႏွာဖုံး႐ွိ မ်က္လုံးေပါက္ကေနတစ္ဆင့္
ယင္ဟန္းက်န္း၏ အနည္းငယ္
အနီေရာင္သမ္းေနသည့္မ်က္ႏွာေပၚ၌
သူတစ္ခါမွ မျမင္ဖူးေသာ
အမူအယာကိုေတြ႕ရ၏။မ်က္ႏွာဖုံးကို အလ်င္အျမန္ခြၽတ္လိုက္ေသာ္ျငား
ယင္ဟန္က်န္း၏မ်က္ႏွာအမူအယာဟာ
ပုံမွန္အတိုင္း ေရေသလို
ၿငိမ္သက္သြားေလၿပီ ျဖစ္၏။

မဟုတ္တာေတြမ်ား ေလွ်ာက္ျမင္
ေနမိတာလားဟု ဝမ္ရန္အယ္ေတြး‌လိုက္မိကာမ်က္ႏွာဖုံးကို တပ္လိုက္ ခြၽတ္လိုက္
ျပန္လုပ္ၾကည့္ေသာ္ျငား ဘာမွ
မထူးျခားသြားေပ။

"မင္းရဲ႕ လက္ကိုေပး။"ဟု
ဝမ္ရန္အယ္အမိန္႔ေပးလိုက္၏။

ယင္ဟန္က်န္း ဆန္႔တန္းေပးေသာလက္ကို
ဝမ္ရန္အယ္ ေသြးခုန္ႏႈန္း
စမ္းၾကည့္ၿပီး ယင္ဟန္က်န္းထံသို႔
ဝိဉာဥ္စြမ္းအင္မ်ားေပးပို႔လိုက္၏။
ေသြးေၾကာမ်ားထဲ အတားအဆီး
႐ွိမေနဘဲ က်င့္ၾကံမႈကလည္း
ဘာျပႆနာမွ႐ွိမေနေခ်။ခ်ီေဖာက္ျပန္မႈ
ျဖစ္ႏိုင္ေခ်မ်ားလည္း မေတြ႕ေခ်။

ယင္ဟန္က်န္းအားစစ္ေဆးၿပီးေသာအခါ
ဝမ္ရန္အယ္ သူ႕လက္သူ႐ုပ္သိမ္းလိုက္ၿပီး
မ်က္ႏွာဖုံးေပၚတင္ထားလိုက္၏။
သူစဥ္းစားရခက္သြားသည္။ပထမဆုံး
ဝတၳဳစာအုပ္ကိုရထဲက သူ႕စိတ္ထဲ
ေမးခြန္းမ်ားစြာ ေပၚထြက္လာခဲ့၏။
ေမးခြန္းတစ္ခုအေျဖရေသာအခါ
ေနာက္ေမးခြန္းအသစ္ ေပၚလာျပန္သည္။
ကံၾကမၼာ၏ အလိုအရပင္ျဖစ္လိမ့္မည္။
သူအရာအားလုံးကို နားလည္ႏိုင္မည္
မဟုတ္ေပ။

"အ႐ွင္ မ်က္ႏွာဖုံးကိုသေဘာက်လို႔လား။"
ဝမ္ရန္အယ္ဟာလက္ထဲ အၾကာႀကီး
ကိုင္ထားေသာေၾကာင့္ ယင္ဟန္က်န္း
ေမးလိုက္၏။

"မက်ပါဘူး။"ဝမ္ရန္အယ္
ယင္ဟန္က်န္းထံသို႔ ျပန္ေပးလိုက္ေသာအခါ
ယင္ဟန္က်န္းဟာ မ်က္ႏွာဖုံးကို
သိုေလွာင္အိတ္ထဲသို႔ အမူအယာကင္းမဲ့စြာ
ျပန္ထည့္လိုက္တာကို ဝမ္ရန္အယ္ေတြ႕ရ၏။

တစ္ခုခုက မဟုတ္ေနေပ။
သို႔ေသာ္ထိုတစ္ခုခုကို သူ႐ွာမေတြ႕ေပ။

ယင္ဟန္က်န္းဟာ သူ႕ကိုလိမ္မွာ
မဟုတ္သလို တစ္ခုခုကိုဖုံးကြယ္ထားတာမ်ိဳးလည္း မ႐ွိဟု ဝမ္ရန္အယ္ယုံ၏။
တစ္ေယာက္ကိုတစ္ေယာက္ ကိစၥရပ္မ်ား
ဖြင့္ေျပာထားၿပီးၿပီျဖစ္သလို
အၿမဲပြင့္ပြင္းလင္းလင္း‌ဆက္ဆံၾကမည္ဟုလည္း သေဘာတူထား၏။ဘာ့ေၾကာင့္
ယင္ဟန္က်န္း မ်က္ႏွာဖုံးတပ္လိုက္တာႏွင့္
သူယင္ဟန္က်န္းကို နားမလည္
ႏိုင္ေတာ့တာလဲ။

"အခုကစၿပီး မင္းနဲ႔ငါႏွစ္ေယာက္ပဲ
႐ွိတယ္ဆိုရင္ မ်က္ႏွာဖုံးကိုမတပ္နဲ႔။
ၿပီးေတာ့ လိုအပ္မွသာတပ္။"

"နားလည္ပါၿပီ။"ယင္ဟန္က်န္း‌
ေပါ့ေပါ့ပါးပါးသာျပန္ေျဖလိုက္၏။
ယခင္ကလို ျပတ္ျပတ္သားသားနာခံသည့္
ပုံစံမ်ိဳးမဟုတ္ေတာ့ေခ်။

မ်က္ႏွာဖုံးႏွင့္ ပတ္သက္၍
ဆက္ၿပီး စစ္ေဆးခ်င္ေသးေသာ္ျငား
ပိုင္လီခ်င္းေျမာင္ႏွင့္ က်ဳန္းလီခ်န္းတို႔
ႏွစ္ေယာက္ဟာ တစ္ေယာက္လက္
တစ္ေယာက္ တြဲထားၾကၿပီပင္။
သူတို႔ႏွစ္ေယာက္ဆီသို႔
အာ႐ုံျပန္စိုက္ရန္ လိုလာေခ်ၿပီ။

လက္ဘာ့ေၾကာင့္တြဲထားရတာလဲဆိုေတာ့
က်ဳန္းလီခ်န္းဟာ ခလုတ္တိုက္ၿပီး
လဲက်လုနီးပါးျဖစ္သြားေသာေၾကာင့္ပင္။
ထို႔ေၾကာင့္ ပိုင္လီခ်င္းေျမာင္က
လွမ္းဆြဲထားလိုက္တာပင္။
"က်ဳန္းလီသခင္ေလးက ဘာမွမျမင္ရဘူး
ဆိုေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္
ကူညီေပးရေအာင္။"ဟုပိုင္လီခ်င္းေျမာင္
ေျပာလိုက္၏။

က်ဳန္းလီခ်န္းေခါင္းခါလိုက္၏။
"ထူးဆန္းသလိုပဲ မ်က္လုံးမျမင္ရရင္
ေတာင္မွ စြမ္းအင္အာ႐ုံအရ
ေဘးပတ္ဝန္းက်င္ကို အာ႐ုံခံႏိုင္ရမွာ။
ဘာလို႔ ခလုတ္တိုက္မိတဲ့အရာကို
သတိမထားမိရတာလဲ။မိန္းကေလး ပိုင္လီ
ကြၽန္ေတာ္ခလုတ္တိုက္မိတဲ့အရာက
ဘာလဲဆိုတာ ၾကည့္ေပးလို႔ရမလား။"

ပိုင္လီခ်င္းေျမာင္ လွည့္ၾကည့္လိုက္၏။
"ေပါင္႐ိုးတစ္ေခ်ာင္းပါ သူ႕ဘာသာသူ
လိမ့္ေနၿပီး မင္းကိုေခ်ာ္လဲေအာင္လုပ္တာ။"

က်ဳန္းလီခ်န္း ပိုင္လီခ်င္းေျမာင္လက္ကို
လႊတ္လိုက္၏။"မိန္းကေလး ပိုင္လီ
မင္းရဲ႕ပိုးခ်ည္မွ်င္ကိုသုံးၿပီး
လက္တစ္ဖက္စီကို
ခ်ည္ေႏွာင္လိုက္ပါ့လား။
မိန္းကေလးနဲ႔ ေယာက်ာ္းေလးေတြက
တစ္ေယာက္နဲ႔တစ္ေယာက္ လြယ္လြယ္ကူကူ
ထိမေနသင့္ဘူး။ကြၽန္‌ေတာ္ မိန္းက‌ေလးနဲ႔
မသင့္ေလ်ာ္တာေတြ မလုပ္ခ်င္ပါဘူး။"

ပုံမွန္ဆို သူကထိုမွ်တင္းၾကပ္သူ
မဟုတ္ေပ။သို႔ေသာ္ ယခုသူ႕မ်က္လုံးဟာ
ထိုမိန္းကေလးတစ္ေယာက္တည္းကိုသာ
ျမင္ေနရေအာင္ က်ိန္စာတိုက္ခံထားရ၏။
ပိုင္လီခ်င္းေျမာင္ဟာ အမွန္တရားက်င့္ၾကံသူဂိုဏ္းသားျဖစ္ၿပီး စ႐ိုက္ေကာင္းသူျဖစ္၍
သူ႕ကိုထိခိုက္ေအာင္မလုပ္ဘူးဟု
ယုံၾကည္ေသာ္ျငား ထိုကဲ့သို႔
မိန္းကေလးမ်ိဳးဟာ အလြယ္တကူ
ထိန္းခ်ဳပ္ခံရႏိုင္၏။ထို႔ေၾကာင့္
တင္းတင္းၾကပ္ၾကပ္ေနတာက
အႏၲရာယ္ပိုကင္း၏။

ပိုင္လီခ်င္းေျမာင္အတြက္ ကိစၥမ႐ွိေပ။
ထိုအၾကံက ပိုေကာင္းသည္ဟုသူထင္၏။
ဤသို႔ျဖင့္ က်ဳန္းလီခ်န္းသာလဲက်ေတာ့မည္
သို႔မဟုတ္ တစ္ခုခုျဖင့္ အပစ္ခံရသည္
ဆိုပါက သူပါအတူေရာပါမသြားေအာင္တင္းတင္းခ်ည္ထားေသာ
ပိုးခ်ည္မွ်င္ကို ေလ်ာ့လိုက္မည္။
ဟန္ခ်က္ထိန္းႏိုင္သြားပါက
ပိုးခ်ည္မွ်င္သုံးၿပီး က်န္းလီခ်န္းကို
ျပန္ဆြဲထားလို႔ရသည္။

ထိုသို႔ျဖင့္ လက္တြဲထားရာကေန
သူတို႔ႏွစ္ေယာက္ၾကား ပိုးခ်ည္မွ်င္
ေရာက္သြား၏။ပိုင္လီခ်င္းေျမာင္ဟာ
မ်က္စိမျမင္ရသူအတြက္ လမ္းျပေပးသူ
တစ္ေယာက္ႏွင့္တူသြား၏။

ဝမ္ရန္အယ္ : ...

သူေမွ်ာ္လင့္ထားတာ ထိုသို႔မဟုတ္ေပ။
"လူၾကားထဲ ထိုသူတစ္ေယာက္ထဲကိုသာ
ကြက္ကြက္ကြင္းကြင္းျမင္ရမည္"
"ခံစားခ်က္ေတြ တူတူေဝမွ်မည္"
ဟူသည့္ရည္႐ြယ္ခ်က္ျပည့္ေျမာက္
သြားေသာ္ျငား ထိုႏွစ္ေယာက္ဟာ
ဘာ့ေၾကာင့္ သက္ေသာင့္သက္သာမျဖစ္ဘဲေတာင့္ေတာင့္ႀကီးျဖစ္ေနၾကၿပီး
တစ္ေယာက္ကိုတစ္ေယာက္
ယဥ္ယဥ္ေက်းေက်းဆက္ဆံေနရတာလဲ။
မ်က္လုံးေတြကို ပိတ္စျဖင့္အုပ္ထားၾကမည္ဟုလည္းသူမထင္ထားခဲ့ေပ။

တကယ္ပဲ ေနာက္ဆုံးစာေၾကာင္း
"အခ်စ္ဆိုတာဟာ မင္းသတိမထားမိခင္ကတည္းက႐ွိေနႏွင့္ၿပီးသားျဖစ္ၿပီး
မင္းမသိခင္မွာပဲထိုအရာ၏
လက္ခုပ္ထဲ က်ေရာက္သြားလိမ့္မည္။"
ဆိုတာကို သူနားမလည္လို႔မ်ားလား။
တကယ္ပဲ ထိုစာေၾကာင္းက
တိတိက်က် ဘာကိုရည္ၫႊန္းခ်င္ရတာလဲ။

" 'အခ်စ္ဆိုတာဟာ မင္းသတိမထားမိခင္ကတည္းက႐ွိေနႏွင့္ၿပီးသားျဖစ္ၿပီး
မင္းမသိခင္မွာပဲထိုအရာ၏
လက္ခုပ္ထဲ က်ေရာက္သြားလိမ့္မည္။'
ဆိုတာက ဘာကိုမ်ားေျပာခ်င္ရတာလဲ။"
ဟုဝမ္ရန္အယ္ေမးလိုက္၏။

"အဲ့အဓိပၸာယ္ကို နားလည္သြားခ်ိန္
လြတ္ေျမာက္ဖို႔ႀကိဳးစားဖို႔
အရမ္းေနာက္က်သြားၿပီ။"ဟုသူ႕ေနာက္က
ယင္ဟန္က်န္းက ျပန္ေျဖ၏။
အသံဟာ အနည္းငယ္တုန္ခါေန၏။
ထိုစာေၾကာင္းဟာ ႐ူးေၾကာင္ေၾကာင္ႏိုင္သည္ဟုသူလည္း ထင္ေနတာျဖစ္မည္။

"ငါစာ‌ေၾကာင္းကိုနားလည္တယ္။ဒါေပမဲ့
အဲ့လိုျဖစ္ေအာင္ဘယ္လိုလုပ္ရမွာလဲ။"
က်င့္ၾကံသူ‌ေတြဟာ ၎တို႔၏
စိတ္ကိုပါက်င့္ၾကံၾက၏။
႐ုန္းမထြက္ႏိုင္ေအာင္ နစ္ဝင္သြားခ်ိန္မွပဲ
ထိုအရာကိုသတိထားမိရေအာင္
ထိုက်င့္ၾကံသူက သတိကင္းမဲ့လြန္း၏။
ထိုသို႔သတိမဲ့ေနလွ်င္ မည္သို႔မ်ား
က်င့္ၾကံၾကမည္လဲ။
တာအိုကို မည္သို႔မ်ား
ဉာဏ္အလင္းပြင့္သြားၾကမည္လဲ။
ဉာဏ္အလင္းပြင့္သြားရန္
အခ်ိန္ခဏေလးသာယူရ၏။
ဉာဏ္အလင္းပြင့္သြားခ်ိန္မွသာ
ေပၚထြန္းလာတာျဖစ္၏။"

"ဘယ္သူသိမွာလဲ။"ယင္ဟန္က်န္းအသံဟာ
အနည္းငယ္ေအးစက္စက္ႏိုင္ေန၏။
"လက္ခုပ္ထဲ က်ေရာက္သြားတဲ့သူေတြမွပဲ
နားလည္ႏိုင္တာျဖစ္မွာေပါ့။"

ထိုသို႔ဆိုလွ်င္ သူမည္သို႔
ဆက္လုပ္ရေတာ့မည္လဲ။
ဟယ့္ဝမ္းေခ်ာင္ကို ပိုင္လီခ်င္းေျမာင္
လြယ္လြယ္မေမ့ႏိုင္တာကို
ဝမ္ရန္အယ္သိသည္။ပိုင္လီခ်င္းေျမာင္ကို
သူထိန္းခ်ဳပ္မွာလည္းမဟုတ္ေပ။
သို႔ေပမဲ့ က်ဳန္းလီခ်န္းဟာ
ပိုင္လီခ်င္းေျမာင္ကို ခ်စ္သြားရမွာက
သဘာဝပဲ မဟုတ္ေပဘူးလား။
ဘာ့ေၾကာင့္ သူ႕ပုံစံကခ်စ္မိသြားပုံ
မ‌ေပၚရတာလဲ။

အခ်စ္ႏွင့္ပတ္သက္၍ နတ္ဆိုးအ႐ွင္
နားလည္ထားမႈဟာ အလြန္နည္းပါး၏။

မူလဝတၳဳကို ကိုးကားဖို႔သာ
ဆုံးျဖတ္လိုက္၏။
နာက်င္ရေသာအခ်စ္ဝတၳဳစာအုပ္ကို
ဖြင့္လိုက္ၿပီး ပိုင္လီခ်င္းေျမာင္ႏွင့္
က်ဳန္းလီခ်န္းတို႔ၾကားက စကား
တစ္လုံးခ်င္းစီ အျပဳအမူတစ္ခုခ်င္းစီကိုသာ
ေစ့ေစ့စပ္စပ္ျပန္ေလ့လာလိုက္၏။
သို႔ေသာ္ စာအုပ္ထဲကစာလုံးေတြဟာ
အ႐ူးအမူးေျပာင္းလဲေန၏။
မတူညီေသာစာလုံးေတြ ေျပာင္းမသြားခင္
မူလစာေၾကာင္းေတြအား ဝမ္ရန္အယ္
တစ္ခါထဲသာ ဖတ္လိုက္ႏိုင္၏။

ပိုင္လီခ်င္းေျမာင္ႏွင့္ က်ဳန္းလီခ်န္းတို႔ဟာ
တစ္ေယာက္ကိုတစ္ေယာက္ ေဖးမရင္း
မ်က္လုံးတစ္လုံးတည္းသာ အသုံးျပဳ၍
ငရဲမီးခန္းမေဆာင္မွ ထြက္ေျပးရန္
ႀကိဳးပမ္းေနၾက၏။ေနဝင္သြားေခ်ၿပီ။
ပိုင္လီခ်င္းေျမာင္ဟာ အနီေရာင္ဝတ္စုံဝတ္ေယာက်ာ္းလိုမ်ိဳး တစ္စုံတစ္ေယာက္ကို
ထပ္ၾကဳံေတြ႕ရမည္ကို စိုးရိမ္ေသာေၾကာင့္
က်ဳန္းလီခ်န္းကို စကားစေျပာေတာ့သည္။
"ဘယ္သူက ကြၽန္မကို ဖမ္းထားတာလဲ
မသိဘူး။ကြၽန္မဆရာက အရမ္းကို
စြမ္းအားႀကီးတဲ့ ေလလြင့္မေသမ်ိဳး
ကြၽန္မတို႔တူတူ လမ္းေလွ်ာက္ေနတုန္း
အဖမ္းခံရတာ။ကြၽန္မအျမင္အာ႐ုံ ႐ုတ္တရက္အေမွာင္ဖုံးသြားၿပီး
အသိမဲ့သြားတာ။သတိျပန္ရခ်ိန္မွာ
ဆရာမ႐ွိေတာ့ဘဲ ကြၽန္မတစ္ေယာက္ထဲ
ဒီမွာအဖမ္းခံထားရေတာ့တာပဲ။
ေနမေကာင္းပုံေပၚတဲ့ ႐ုပ္ေခ်ာေခ်ာ
ေယာက်ာ္းတစ္ေယာက္က
ကြၽန္မဘယ္ဘက္မ်က္လုံးထဲ
ေသြးတစ္စက္ခပ္ၿပီး ကြၽန္မဆီက
ေသြးစက္ေတြလည္း ယူသြားတယ္။
ခဏၾကာေတာ့ လွၿပီးသိမ္ေမြ႕တဲ့
မ်က္ႏွာနဲ႔ေယာက်ာ္းတစ္ေယာက္က
ရင္ဘတ္ထဲ ခဏၾကာနာက်င္ေစတဲ့
အရာတစ္ခုစားခိုင္းျပန္ေကာ။
သူတို႔ကြၽန္မကို ဘာေတြလုပ္ၾကတာလဲဆိုတာ
ကြၽန္မေတာ့ နားမလည္ပါဘူး။"

ထိုစကားမ်ားၾကားၿပီး က်ဳန္းလီခ်န္း
ေမးလိုက္၏။
"ဘာလို႔ ဘယ္ဘက္မ်က္လုံးပဲလဲ။"

"မသိဘူးေလ။အစကေတာ့ ႏွစ္ဖက္စလုံး
လုပ္မလို႔ပါပဲ။ဒါေပမဲ့ ညာဖက္မ်က္လုံးထဲ
ေသြးစက္လည္း ခပ္ေကာ အဲ့လူက
႐ုတ္တရက္ေခ်ာင္းထဆိုးၿပီး
မခပ္ႏိုင္ေတာ့တာ။ေနမေကာင္း
ထျဖစ္သြားလို႔ေနမွာေပါ့။"

"အဲ့ေယာက်ာ္းက ခြၽမ္းယြမ္ဂိုဏ္းရဲ႕
ငရဲမီးလွ်ံခန္းမေဆာင္သခင္႐ွီထုံ႐ွင္းပဲ။
သူကလူသားေတြခံစားရတဲ့
‌ေဝဒနာခုႏွစ္မ်ိဳးကိုက်င့္ၾကံတာ။
အျခားသူေတြ‌ေဝဒနာခံစားရေအာင္လုပ္ဖို႔
သူကိုယ္တိုင္အရင္ဆုံး အဲ့ေဝဒနာေတြ
ခံစားရတာ။သူကအၿမဲေနမေကာင္း
ျဖစ္ေနတာ။႐ုတ္တရက္ထ ေနမေကာင္း
ျဖစ္တာမ်ိဳးမဟုတ္ဘူး။သူက
လမ္းေလွ်ာက္ေနတဲ့ ေဝဒနာႀကီးပဲ။"

ပိုင္လီခ်င္းေျမာင္ ႐ုတ္တရက္
ေခါင္းလွည့္လိုက္ၿပီး က်ဳန္းလီခ်န္းကို
သူ႕ညာဖက္မ်က္လုံးျဖင့္ နီးနီးကပ္ကပ္
ၾကည့္လိုက္၏။နည္းနည္းေစာင္းလိုက္ၿပီး
သူ႕ရင္ဘတ္သူ ပြတ္သပ္လိုက္၏။
"ထူးဆန္းလိုက္တာ။ဘာလို႔ မင္းအေပၚ႐ုတ္တရက္ႀကီးသံသယဝင္လာရတာလဲ။"

က်ဳန္းလီခ်န္း : ...

သူက ပိုင္လီခ်င္းေျမာင္အေပၚ
သံသယဝင္ေနေသာေၾကာင့္ျဖစ္မည္။
ႏွလုံးေပါင္းဖက္ဂူေၾကာင့္
ပိုင္လီခ်င္းေျမာင္အေပၚပါ ထိုခံစားခ်က္
သက္ေရာက္သြားတာပင္။

က်ဳန္းလီခ်န္းဟာ သူတို႔မ်က္လုံးေတြသာ တစ္ေယာက္ႏွင့္တစ္ေယာက္အေပၚ
ဂါထာသက္ေရာက္ၿပီး ႏွလုံးေပါင္းဖက္ဂူကေတာ့ အျခားတစ္ေယာက္ႏွင့္ျဖစ္ပါေစဟု
ေမွ်ာ္လင့္ထားခဲ့တာပင္။ယခုေတာ့
သူ႕ခံစားခ်က္ကိုပါ ပိုင္လီခ်င္းေျမာင္
ခံစားေနရသည္ဆိုေတာ့ သူ႕ေမွ်ာ္လင့္ခ်က္ပ်က္သုဥ္းသြား၏။

ႏွလုံးေပါင္းဖက္ဂူေၾကာင့္ တစ္ေယာက္
ခံစားခ်က္ တစ္ေယာက္မဖုံးကြယ္ႏိုင္ေပ။
သူႏွင့္ ပိုင္လီခ်င္းေျမာင္ပူးေပါင္းရန္လို၏။
မဟုတ္ပါက ငရဲမီးလွ်ံခန္းမေဆာင္မွ
လြတ္ေျမာက္ႏိုင္ေတာ့မွာ မဟုတ္ေပ။
အစက က်ဳန္းလီခ်န္းဟာ ခုခံဖို႔
မစဥ္းစားထားေပ။သို႔ေပမဲ့ ဝမ္ရန္အယ္၏
လုပ္ေဆာင္မႈေတြဟာ သူ႕ကိုစိုးရိမ္ေစ၏။
သူဟာ က်ဳန္းလီကလန္၏ဆက္ခံသူျဖစ္သည္။အကယ္၍ သူသာ
ႏွလုံးေပါင္းဖက္ဂူ၏ လႊမ္းမိုးမႈေၾကာင့္
မေလ်ာ္ကန္သည့္ တစ္ခုခုျပဳလုပ္မိမည့္
ျဖစ္ႏိုင္ေခ်႐ွိေနပါက သူ႕ေနရာကို
ယခုပဲစြန္႔လႊတ္ပစ္ၿပီး ေလလြင့္က်င့္ၾကံသူလုပ္တာက ပိုေကာင္း၏။

"မိန္းကေလး ပိုင္လီ ကြၽန္ေတာ္႕ကို
ပိုးခ်ည္မွ်င္ကိုျဖဳတ္ၿပီး
တစ္ေနရာမွာ ပုန္းကြယ္ခြင့္ျပဳပါ။
ၿပီးရင္ မင္းရဲ႕ဘယ္ဘက္မ်က္လုံးကို
အုပ္ထားတဲ့ပိတ္စကိုျဖဳတ္ၿပီး ကြၽန္ေတာ့္ကို
႐ွာၾကည့္ပါ။ဂါထာက ဘယ္ေလာက္အစြမ္းထက္လဲ စမ္းသပ္ခ်င္လို႔ပါ။"
ဟုက်ဳန္းလီခ်န္းေျပာလိုက္၏။

အခ်က္အလက္အျပည့္အစုံရမွ
ေနာက္ေျခလွမ္းေတြကို ဆုံးျဖတ္ႏိုင္မွာပင္။

ပိုင္လီခ်င္းေျမာင္ သေဘာတူလိုက္၏။
သူ႕မ်က္လုံးဘယ္ေလာက္ထိ ဆိုးေနလဲ
သူလည္း သိခ်င္မိသည္။က်ဳန္းလီခ်န္း
ပုန္းၿပီးေနာက္ ပိုင္လီခ်င္းေျမာင္ဟာ
ပိတ္စကိုဖယ္႐ွားလိုက္၏။
ဘယ္ဘက္မ်က္လုံးကေန ႀကိဳးပါးပါး
တစ္ေခ်ာင္းကိုေတြ႕ရ၏။
ထိုႀကိဳးေနာက္လိုက္ၿပီး
ၾကည့္လိုက္ေသာအခါ က်ဳန္းလီခ်န္းကို
တံခါးကို ျဖတ္ၿပီးေတြ႕ရ၏။
သူ႕အျမင္ဟာ အစိုင္အခဲမ်က္ႏွာျပင္
ကိုေတာင္ ထိုးေဖာက္ျမင္ရ၏။

"ကြၽန္မ မင္းကိုျမင္ရတယ္
က်ဳန္းလီသခင္ေလး"

တံခါးဖြင့္ၿပီး က်ဳန္းလီခ်န္းထြက္လာ၏။
ပိုင္လီခ်င္းေျမာင္အျမင္တစ္ခုလုံး
က်ဳန္းလီခ်န္းမ်က္ႏွာျဖင့္သာ
ျပည့္ႏွက္သြား၏။မ်က္လုံးကို အျမန္
ဖုံးအုပ္လိုက္ၿပီး သူျမင္ရသမွ်ကို
ျပန္ေျပာလိုက္၏။

"ဒီက်ိန္စာဂါထာက တကယ္
အစြမ္းထက္တာပဲ။"ဟုက်ဳန္းလီခ်န္းသက္ျပင္းခ်ရင္းေျပာလိုက္၏။
"ကမ႓ာ့အဆုံးထိေျပးရင္ေတာင္
အျခားတစ္ေယာက္ရဲ႕ အျမင္ကေန
လြတ္မွာမဟုတ္ဘူး။အကြာအေဝးက
အေရးမပါဘူးပဲ။"

"ကြၽန္မမ်က္လုံးထဲ ခပ္တဲ့ေသြးစက္က
က်ဳန္းလီသခင္ေလးရဲ႕ေသြးေပါ့။
အဲ့တာဆို ကြၽန္မရဲ႕ေသြးစက္ေတြကေကာ။"

"ငါ့ဆီမွာ"ဟုပိုင္လီခ်င္းေျမာင္ကို
မဖုံးကြယ္ထားဘဲ ေျပာလိုက္၏။
"ကြၽန္ေတာ္က မ်က္လုံးႏွစ္လုံးစလုံးကို
ကာထားဖို႔လိုတယ္။အျမင္အာ႐ုံထဲ မိန္းကေလးပိုင္လီ မ်က္ႏွာတစ္ခုပဲ
ျမင္ေနရလို႔။မ်က္လုံးေတြ႐ွိ႐ွိ
မ႐ွိ႐ွိသိပ္ေတာ့ မကြာပါဘူး။"

ပိုင္လီခ်င္းေျမာင္ ခံစားခ်က္ကို
နားလည္သျဖင့္ သနားမိသြားသည္။
သူကအနည္းဆုံးေတာ့ မ်က္လုံးတစ္လုံးကအလုပ္လုပ္ေနေသး၏။က်ဳန္းလီခ်န္းကေတာ့ ႏွစ္ဖက္စလုံးအသုံးမျပဳႏိုင္ေပ။

က်ဳန္းလီခ်န္း ပိုင္လီခ်င္းေျမာင္၏
စာနာသနားမႈကို ခံစားရ၏။
သက္ျပင္းခ်လိုက္ၿပီး
"မိန္းကေလး ပိုင္လီ ကြၽန္ေတာ္တို႔
စမ္းသပ္စရာတစ္ခုက်န္ပါေသးတယ္။
မင္းကို ခံစားခ်က္ျပင္းထန္ေစတဲ့
တစ္ခုခုအေၾကာင္း စဥ္းစားၾကည့္ပါ။"

ပိုင္လီခ်င္းေျမာင္၏ အေတြးဟာ
ဟယ့္ဝမ္းေခ်ာင္ဆီခ်က္ခ်င္းေရာက္သြား၏။
သူ႕ႏွလုံးသားနာက်င္သြားသည္။ယေန႔
သူ႕ဂိုဏ္းတူအစ္ကိုႏွင့္ လုခ်င္းယဲ့
လက္ထပ္မွာျဖစ္ေၾကာင္း သတိရသြားသည္။
ယခုအခ်ိန္ေလာက္ဆို အိပ္ယာထဲ
ေရာက္ေနေလာက္၏။နာက်င္ရလိုက္တာ...
ဟမ္ သူဘာလို႔ဝမ္းမနည္းေနရတာလဲ။

ပိုင္လီခ်င္းေျမာင္ သူ႕ရင္ဘတ္သူ
ပုတ္လိုက္၏။သူ႕ႏွလုံးသားထဲ
ဓားႏွင့္အထိုးခံရၿပီး ေမႊေႏွာက္ခံရသလို
ခဏခံစားရၿပီး ခဏေနေတာ့
ေပ်ာက္သြား၏။

"ေပ်ာ္႐ႊင္စရာတစ္ခုခုကို ေတြးၾကည့္ပါဦး။"

ပိုင္လီခ်င္းေျမာင္ဟာ သူ႕ဂိုဏ္းတူအစ္ကိုႏွင့္
အတူတူႀကီးျပင္းလာရျခင္းကို
ေတြးလိုက္၏။ဂိုဏ္းတူအစ္ကိုဟာ သူ႕ကို
ေကာင္းေကာင္းဆက္ဆံေပး၏။
သူအလြန္အမင္း ေပ်ာ္႐ႊင္မိ...
ဟမ္ သူလုံးဝကိုေပ်ာ္မေနဘူး။
သူ႕ႏွလုံးသားက ေရေသလိုတည္ၿငိမ္ေန၏။

"မိန္းကေလး ပိုင္လီ မင္းအခုေတြးလိုက္တာေတြက မင္းကိုဝမ္းနည္းေစတာနဲ႔
ေပ်ာ္႐ႊင္ေစတာေတြမလား။"

"ဟုတ္တယ္" ပိုင္လီခ်င္းေျမာင္
တိတိက်က်ျပန္ေျဖလိုက္၏။
"ကြၽန္မ ဂိုဏ္းတူအစ္ကိုကိုခ်စ္တယ္။
သူက ကြၽန္မခံစားခ်က္ေတြကို
ေျဗာင္းဆန္ေအာင္လုပ္ႏိုင္တဲ့သူပဲ။"

"ေတာ္ပါေသးရဲ႕။"
ဟုက်ဳန္းလီခ်န္း ေျပာလိုက္၏။
"ငါတို႔ၿမိဳခ်ရတာက ႏွလုံးေပါင္းဖက္ဂူပဲ။
တစ္ေယာက္ခံစားခ်က္တစ္ေယာက္
ခံစားႏိုင္ၿပီး အျခားတစ္ေယာက္ဆီကထိန္းခ်ဳပ္ခံရႏိုင္တယ္။
စိတ္ခိုင္တဲ့သူက ထိန္းခ်ဳပ္သူျဖစ္မွာ။"

"အဲ့ေတာ့ ခုနကကြၽန္မခံစားခ်က္ေတြကို
မင္းဖိႏွိပ္လိုက္တာလား။"

"ဟုတ္တယ္။"က်ဳန္းလီခ်န္း
စိတ္သက္သာရာရၿပီး ျပဳံးလိုက္မိ၏။
"မင္းရဲ႕ဝမ္းနည္းမႈေတြခံစားရေတာ့
ႏွလုံးသားကို တည္ၿငိမ္ေအာင္လုပ္ၿပီး
ဖိႏွိပ္ႏိုင္လိုက္တယ္။မင္းရဲ႕ေပ်ာ္ေနတဲ့
ခံစားခ်က္ေတြလည္း
ငါဖိႏွိပ္ႏိုင္လိုက္တယ္။အခုေတာ့ ဒါေတြက
အသစ္ၾကဳံေတြ႕ရတာဆိုေပမဲ့
နည္းနည္းေလ့က်င့္ၿပီးရင္ေတာ့
ခံစားခ်က္ေတြကို လြယ္လြယ္ကူကူပဲ
တည္ၿငိမ္သြားေအာင္ လုပ္ႏိုင္မွာပါ။"

ပိုင္လီခ်င္းေျမာင္ : ...

အဲ့ေတာ့ ပိုင္လီခ်င္းေျမာင္ဆိုတဲ့သူကထိန္းခ်ဳပ္ခံရမဲ့သူျဖစ္သြားတာေပါ့။

က်ဳန္းလီသခင္ေလးကေတာ့ စိတ္သက္သာရာရသြားမွာေပါ့။ဒါေပမဲ့ သူက်ေတာ့ေကာ။
ပိုင္လီခ်င္းေျမာင္ ထိုကိစၥႏွင့္ပတ္သက္၍ ဘယ္လိုခံစားရမယ္မွန္းကို
မသိေတာ့ေခ်။

"မင္းစိုးရိမ္ဖို႔မလိုပါဘူး။"
က်ဳန္းလီခ်န္းေျပာလိုက္၏။
"ႏွစ္ေယာက္လုံးဆီက က်ိန္စာနဲ႔ဂူကို
ဖယ္႐ွားဖို႔ အေကာင္းဆုံးႀကိဳးစားမွာပါ။
စမ္းသပ္ၾကည့္တာက လက္႐ွိ
ကြၽန္ေတာ္တို႔ကို ဘယ္ေလာက္ေတာင္သက္ေရာက္မႈ႐ွိေနသလဲဆိုတာကို
သိခ်င္လို႔ပါ။မ်က္လုံးေတြကိုေတာ့
လက္႐ွိဖုံးထားရတာက နည္းနည္းေလးပဲ အေႏွာင့္အယွက္ျဖစ္မွာပါ။
ခံစားခ်က္ေတြကိုေတာ့
ကြၽန္ေတာ့္စိတ္ကိုတည္ၿငိမ္ေအာင္
အေကာင္းဆုံးႀကိဳးစားပါ့မယ္။
မင္အတြက္ အဆင္မေျပျဖစ္ေစမွန္းသိေပမဲ့
လက္႐ွိေတာ့ အဲ့ေလာက္ပဲလုပ္ႏိုင္ေသးလို႔ပါ။
စိတ္တည္တည္ၿငိမ္ၿငိမ္ထားၿပီး
ဆင္ျခင္တုံတရားအျပည့္႐ွိရပါမယ္။
အဲ့လိုလုပ္တာကခံစားခ်က္ေတြ
ထိန္းခ်ဳပ္ခံရတာထက္ေတာ့
ေကာင္းပါေသးတယ္။"

"မဟုတ္ဘူး အဆင္ေျပပါတယ္။"
ပိုင္လီခ်င္းေျမာင္ဟာ စိတ္သက္သာရာ
ရသြားဟန္ျဖင့္ ေခါင္းခါလိုက္၏။
က်ဳန္းလီခ်န္းကို ျပဳံးျပလိုက္၏။
"ဂိုဏ္းတူအစ္ကိုက ဒီေန႔ပဲ
လက္ထပ္သြားၿပီ။"

က်ဳန္းလီခ်န္းအမူအယာေတာင့္သြား၏။
ပိုင္လီခ်င္းေျမာင္၏ေသာကေတြကို
ခံစားရေသာအခါ စိတ္ထဲ၌
ကဗ်ာအခ်ိဳ႕ကို႐ြတ္ဆိုလိုက္၏။
"ၾကယ္ေတြကို ေကာင္းကင္ျပင္က်ယ္ႀကီးထဲ
ခ်ိတ္ဆြဲထားသည္။လဟာ ျမစ္ေရထဲ
လိႈင္းထ၍ အရိပ္ထင္ဟပ္ေန၏။(၁)
႐ွင္သန္ရျခင္း၏ ေပ်ာ္႐ႊင္မႈကို
အျပည့္အဝခံစား၍ လက္လွမ္းမမွီႏိုင္သည့္
လိုပယအင္ဆႏၵမ်ား၊အိမ္မက္မ်ားကို စြန္႔လႊတ္လိုက္ပါ။"(၂)
ထိုစာသား‌ေတြဟာ ခံစားခ်က္
ေကာင္းလာေစ၏။

ပိုင္လီခ်င္းေျမာင္လည္း ထိုသို႔ခံစားရ၏။
မုန္းတီးမႈမ်ားျဖင့္ျပည့္ေနေသာ
မိန္းကေလးအျဖစ္မွ ခံစားမႈ
ခ်က္ခ်င္းေျပာင္းသြားသည္။
"မင္းရဲ႕အကူအညီနဲ႔ဆို ကြၽန္မဂိုဏ္းတူ
အစ္ကိုကို စြန္႔လႊတ္ႏိုင္ၿပီး သူ႕ေၾကာင့္
နာက်င္ရေတာ့မွာမဟုတ္ပါဘူး။
အဆိုးထဲကအေကာင္းလို႔ ေျပာရေတာ့မွာပဲ။
အခုကစၿပီး ကမ႓ာႀကီးတစ္ခုလုံးကို
ခရီးထြက္ႏိုင္ၿပီ။ကမ႓ာမွာ
ျဖစ္ပ်က္ေနသမွ်ကိုလွည့္ပတ္ၾကည့္႐ႈၿပီး
‌ဒီကမ႓ာကေန အျခားကမ႓ာကိုအဆင့္တက္ၿပီး
နတ္ဘုရားျဖစ္ဖို႔ကိုပဲ အာ႐ုံစိုက္ေတာ့မယ္။
ဟား ဟား ဟား ဟား"

သူ၏ ရယ္ေမာသံဟာ
တက္ႂကြေနၿပီး အသက္ဝင္ေန၏။
က်ဳန္းလီခ်န္းလည္း သူ၏အေကာင္းျမင္မႈကိုခံစားလိုက္ရသည္။

ဝမ္ရန္အယ္ : ...

အခုလို အေျခအေနတိုးတက္သြားတာလည္း
ေကာင္းတာပဲမလား။

Continue Reading

You'll Also Like

135K 3.2K 40
(Choose your host style.) (Y/N) (L/N) is an old friend of Tamaki's who moves to Japan. She's quite odd, but the Host club comes to love her. She eve...
421K 17.5K 123
SYPNOSIS Reading Purifying Love made Rachelle D'magiba feel very insulted. The ending that the author had written didn't go well with her expectation...
93K 3.3K 23
"𝗬𝗼𝘂 𝗮𝗿𝗲 𝗺𝗶𝗻𝗲." 𝗦𝗵𝗲 𝗶𝘀 𝘁𝗵𝗲 𝘀𝗰𝗵𝗼𝗼𝗹'𝘀 𝗺𝗼𝗱𝗲𝗹 𝘀𝘁𝗮𝗹𝗸𝗲𝗿 𝗛𝗲 𝗻𝗲𝘃𝗲𝗿 𝘀𝗮𝘄 𝗵𝗲𝗿 '𝘁𝗵𝗮𝘁 𝘄𝗮𝘆' 𝗳𝗿𝗼𝗺 𝘁𝗵�...
13.9K 627 17
∆You don't seem the lying kind∆ TW gang violence ---- STORYLINE WONT COMPLETELY FOLLOW THE STORYLONE OF TOKYO REVENGRRS. ALSO THIS IS VERY INSPIRED...