ရန်သူမှကြင်ယာတော်သို့ { Compl...

De nayyihlawin

22.9K 2.7K 545

အချစ်ကြီး၍အမျက်ကြီးခဲ့သူနှင့် နှလုံးသားနှင့်ရင်းကာချစ်ခဲ့ပြီးအသက်ဖြင့်ရင်းကာမုန်းတီးခဲ့သူ Mais

1(uni+Zg)
2(uni+Zg)
3(uni+Zg)
4(uni+Zg)
5(uni+Zg)
6(uni+Zg)
7(uni+Zg)
8(uni+Zg)
9(uni+Zg)
10(uni+Zg)
11(uni+Zg)
12(uni+Zg)
13(uni+Zg)
14(uni+Zg)
16(uni+Zg)
17(uni+Zg)
18(uni+Zg)
Final - 19(uni+Zg)

15(uni+Zg)

926 123 22
De nayyihlawin

'စိတ်ပင်ပန်းလွန်ပြီး အိပ်ပျော်သွားတာပါ......သွေးခုန်နှုန်းကနှေးနေပါတယ်........အစားများများစားပြီးအိပ်ရေးဝဝအိပ်လိုက်မယ်ဆိုရင် အဆင်ပြေသွားမှာပါ သခင်လေး.......'

သမားတော်ပြောသွားသည့်စကားများကြောင့် စိတ်ရှုပ်စွာသက်ပြင်းချမိသည်။ အိပ်ယာခင်းပေါ်တွင် နှစ်ခြိုက်စွာအိပ်မောကျနေသူ၏ဘေးတွင် အတွေးပေါင်းများစွာဖြင့် ထိုင်နေမိသည်မှာမနက်အရုဏ်တက်ချိန်အထိပင်ဖြစ်သည်။

မနက်နိုးလာသည့်အချိန်တိုင်း ရင်ခွင်ထဲကလေးတစ်ယောက်ကဲ့သို့တိုးဝင်အိပ်နေတတ်သော သူ မရှိခဲ့သည်မှာရက်ပေါင်းမနည်းဖြစ်နေလေပြီ။ အိပ်ယာဘေးတွင်အသင့်ရောက်နေပြီဖြစ်သော မနက်စာစားပွဲဝိုင်းကိုလျစ်လျူရှု၍ ဦးရီးတော်စေခိုင်းထားသည့်ကိစ္စကို အကောင်အထည်ဖော်ရန်အိမ်အတွင်းမှထွက်လာခဲ့သည်။

ခြံဝိုင်းထဲသို့ရောက်သည်နှင့် အကြည့်ပေါင်းစုံကသူ့ထံသို့ရောက်လာတော့သည်။ မအောင်မြင်လိုက်သောကိစ္စရပ်အား ပြန်လည်လုပ်ဆောင်ရန်အတွက်သူ၏ရန်သူဖြစ်သော Jeon သခင်ကြီး၏ အိမ်တော်အနီးတစ်ဝိုက်အားအကဲခတ်ရန်ထွက်လာခဲ့သည်။

"အစကတည်းကမဖြစ်သင့်တယ့်ကိစ္စပဲလေ ယောကျာ်းအချင်းချင်းလက်ဆတ်ပြီးတော့ဘာလုပ်လို့ရလို့လဲ အခုအဲ့ဒါကြောင့်သခင်ကြီးကမျိုးဆက်အတွက်စိတ်ပူနေရတာပေါ့........."

စားဖိုဆောင်ဘေးမှဖြတ်သွားချိန်တွင် အဆောင်အတွင်းမှပြောဆိုနေကြသောစကားသံတို့ကြောင့် မရည်ရွယ်ပဲ နားထောင်မိသွားသည်။

"ကြင်ယာတော်သာမိန်းကလေးဆိုရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲ.......လှလည်းလှတယ် မျက်နှာလေးကအေးချမ်းနေရော"

"အမလေး အချိန်ပြည့်ဆူပုပ်နေတယ့်ရုပ်ကိုများ.........မျက်နှာထားက သခင်လေးနဲ့အပြိုင် အချိန်ပြည့်မျက်မှောင်ကျုံ့ထားတယ်"

"လှပါတယ် အဒေါ်ကြီးကလည်း......."

စားဖိုဆောင်အတွင်းငြင်းခုန်နေသည့်စကားများကိုဆက်၍နားမထောင်တော့ပဲ ဆက်လျှောက်လာခဲ့သည်။ Jeon သခင်ကြီး၏ အိမ်တော်သို့ရောက်ခါနီးတွင် အိမ်တော်၏ ခပ်လှမ်းလှမ်းတွင်ရှိသော ရေတွင်းမှရေသယ်နေသော Mi Jar ကြောင့် လက်သီးနှစ်ဖက်အလိုအ​ေလျာက်ဆုပ်မိလျက်ဖြစ်သွားသည်။ မမြင်ချင်ယောင်ဆောင်ကာ ရှေ့ဆက်သွားရန်ခြေလှမ်းပြင်လိုက်သော်လည်း အရှေ့တွင်ပိတ်ရပ်လာသော ထိုမိန်းကလေး........

"ဘယ်သွားမလို့ပါလဲ ကြင်ယာတော်......"

"ဒီလိုပါပဲ......လမ်းလျှောက်ထွက်မလို့ပါ"

"အာ......လမ်းလျှောက်ထွက်တာလား.....အဲ့ဒါဆိုရင်တော့ဆက်လျှောက်ပါ Mi Jar က သခင်လေးကိုလိုက်ရှာနေတယ်ထင်လို့......လိုက်ရှာနေတာဆိုရင်တော့ Mi Jar ရဲ့ အိပ်ဆောင်မှာရှိပါတယ်သခင်လေးလိုက်တွေ့ချင်"

"မလိုဘူး!"

အရင်စကားစပြောလာသောသူမကြောင့် မကောင်းတတ်သဖြင့် လိုသလောက်ပဲပြောသော် လည်းနောက်ဆက်တွဲစကားတွေမှာ ရင်က်ိုပူလောင်လာစေသည်။

"ကျွန်ုပ်သူ့ကိုရှာစရာအကြောင်းမရှိပါဘူး........သူ့ဘာသာ အသင့်အိပ်ဆောင်ကိုပဲရောက်ရောက်ဘယ်ကိုပဲရောက်ရောက် နောက်ဆုံး ဆောင်ကြာမြိုင်ကိုရောက်နေရင်တောင်ကျွန်ုပ်နဲ့မဆိုင်ဘူး ဒီလောက်နဲ့ပဲခွင့်ပြုပါဦး မိန်းကလေး"

Jiminသည် သူ့အား လှောင်ရယ်ဟန်ဖြင့်ပြောချင်နေသောMi Jar ကြောင့် ယောက်ျားတစ်ယောက်ဖြစ်ပါလျက် တခြားယောကျာ်းတစ်ယောက်အတွက်ပြိုလဲနေမည့်သူမဟုတ်သည့်အကြောင်းကို စကားအဖြစ်ပြောခဲ့လိုက်ပါသော်လည်း မဲမှောင်နေသည့်မျက်နှာထားဖြင့် သူ့အားစူးစိုက်ကြည့်နေသောသူရှိနေသည်ကို သိခဲ့ပါလျှင်ထိုသို့ပြောထွက်ခဲ့မည်လော........။

=======================

သခင်ကြီးJeon၏အိမ်တော်အခြေအနေ အစောင့်တပ်သားအနေအထားကိုအကဲခတ်ပြီးနောက်တွင် အစောင့်တပ်သားသိပ်မရှိသော်လည်း အကင်းပါးလွန်းသောသခင်ကြီးJeon​ကြောင့် သူကိုယ်တိုင်ဆောင်ရွက်ရန်မဖြစ်နိုင်သဖြင့် ကြားခံဆောင်ရွက်ပေးမည့်သူလိုအပ်သည်ဟုတွေးမိသည်။ တစ်ယောက်တည်းသာနေသောသခင်ကြီးJeonအားလုပ်ကြံရန်လွယ်ကူသော်လည်း သူ့လက်ဖြင့်မစီမံချင်သဖြင့် မည်သို့ဆက်လုပ်ရမည်ကိုတွေးတောနေစဥ် အိမ်တော်ဘက်သို့လျှောက်လာသော စားဖိုဆောင်မှအ​စေခံအမျိုးသမီးသုံးဦး။ လက်ထဲတွင်လည်းစားပွဲဝိုင်းငယ်များကိုကိုယ်စီကိုင်ထားကြသေးသည်။ အရှေ့ဆုံးမှအမျိုးသမီးသည် Jiminအား ခေါင်းညွတ်ကာအရိုအသေပေးသည်။

"ဒါက အကြီးအကဲJeonအတွက်လား"

Jiminသည် အမျိုးသမီးတို့လက်ထဲမှစားပွဲဝိုင်းငယ်တို့ကိုမေးဆတ်ပြ၍မေးလိုက်သည်။ အရှေ့ဆုံးမှ အမျိုးသမီးက ခေါင်းညိတ်ပြ၍

"ဟုတ်ပါတယ်......ကြင်ယာတော့်အတွက်က အခုလေးတင်ပဲပို့ခိုင်းနေကြကောင်လေးကိုခိုင်းထားပါတယ်......."

"တခြားသူတွေအတွက်ကရော.......ထမင်းစားရင်မျိုးနွယ်တွေကစုပြီးစားကြတာမဟုတ်ဘူးလား"

"မနက်စာနဲ့ညစာကိုပဲစုပြီးစားကြတာပါ.......နေ့လည်စာကြတော့လူမစုံတော့ သီးသန့်ပဲသုံးဆောင်ကြပါတယ် ကြင်ယာတော်.......ပြီးတော့နေ့လည်စာကို သခင်ကြီးရယ်၊သခင်လေးရယ် ၊ ကြင်ယာတော်ရယ် အစေခံတွေရယ် ဧည့်သည်မမလေးMi Jar ရယ်ပဲ သုံးဆောင်ကြတာပါ ကျန်တယ့်မျိုးနွယ်တွေကလုပ်ငန်းခွင်မှာပဲ"

"ဒါဆို ဒီလူတွေအားလုံးအတွက်အသင်တို့ကပဲပို့ဆောင်ပေးရတာပေါ့ ဟုတ်လား"

Jiminသည် အစေခံအမျိုးသမီး၏စကားကိုဖြတ်၍မေးလိုက်သည့်အခါ ထိုအမျိုးသမီးက Jiminအား သေချာကြည့်၍

"ဟုတ်ကဲ့......ဘာဖြစ်လို့ပါလဲကြင်ယာတော်"

Jiminသည် အစေခံအမျိုးသမီးသယ်ဆောင်ထားသော စားပွဲဝိုင်းငယ်အပေါ်မှ ကြေးပန်းကန်လုံးတို့ကို ကြည့်၍

"ဘာမှမဖြစ်ပါဘူး......ကျွန်ုပ်သွားလိုက်ပါဦးမယ်"

"""ဟုတ်ကဲ့ပါ ကြင်ယာတော်"""

မျိုးနွယ်စုတွေ၏ထမင်းစားဝိုင်းသို့နှစ်ကြိမ်ရောက်ဖူးသည်။ ထိုနှစ်ကြိမ်လုံးတွင် စားပွဲပေါ်ရှိထမင်းပန်းကန်လုံးတို့မှာ သံပန်းကန်လုံးများသာဖြစ်ပြီး သခင်ကြီးJeonတစ်ယောက်တည်းသာ ကြေးပန်းကန်လုံးနှင့်ကြေးတူကို အသုံးပြုခြင်းဖြစ်သည်။

မျက်စိအရှေ့မြင်နေရသောစားဖိုဆောင်ကိုကြည့်ပြီးနောက် Jimin ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

စားဖိုဆောင်လူမရှိတယ့်အချိန်ကိုစောင့်ကြည့်ရမယ်.......အသင့်ကိုဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူး အကြီးအကဲJeon!။

လက်သီးဆုတ်ထဲကိုင်ထားသော ငါးပူတင်းအဆိပ်ပုလင်းလေးအားကျစ်နေအောင်ဆုတ်ကိုင်လျက် သူ၏အိမ်ဘက်သို့ပြန်ထွက်လာခဲ့သည်။

=======================

"သခင်လေး........လက်ဖက်ကြမ်းရည် ရပါပြီ"

ဖယောင်းတိုင်မီးသာအမှီပြုထားသော အခန်းထဲသို့ မှန်ဇာအပါးဖြင့်ချုပ်လုပ်ထားသောညအိပ်ဝတ်ရုံကိုဝတ်ဆင်ထားသော Mi Jar က လက်ဖက်ရည်ကြမ်းကို ပန်းကန်လုံးထဲသို့ငှဲ့ထည့်ပေးရင်း

"နေ့လည်​ကတောင် ရေခပ်ရင်းကြင်ယာတော်နဲ့တွေ့ခဲ့သေးတယ်........."

"............"

Jungkookသည် ရှင်နော်နှင့်တွေ့ပြီးအပြန် သခင်ကြီးJeonထံသို့ပြန်လာစဥ် Mi Jarနှင့်စကားပြောနေသောသူ၏ကြင်ယာတော်အား မလှမ်းမကန်းမှမြင်လိုက်ရသည်။

"ဒါနဲ့ကြင်ယာတော်က Han Mo နဲ့တော်တော်လေးကိုရင်းနှီးတယ်ထင်တယ်နော်.......နေ့လည်ကHan Mo ကိုလိုက်ရှာနေတယ်လို့ပြောတယ်........တစ်ယောက်ထဲပျင်းနေလို့ထင်ပါရဲ့.....အဟင်းး"

အတူတူရှိနေတိုင်း သူ၏ကြင်ယာတော်ကိုမျက်တောင်မခတ်ကြည့်နေတတ်သည့် Han Mo ကိုမြင်ယောင်လာသည်။

"သခင်လေး.......Mi Jar တို့ ဘယ်တော့စကြမလဲဟင် သခင်လေးကသာကြင်ယာတော်ကိုအားနာနေပင်မယ့် ကြင်ယာတော်ကတော့သူ့အစေခံနဲ့ရော Han Moနဲ့ပါအဆင်ပြေနေတယ့်ပုံပဲ........အခုလည်းသူ့အစေခံနဲ့အိမ်ထဲအတူတူဝင်သွားတယ်လို့ပြော အားး!!!!"

Mi Jar သည် သူမ၏မျက်နှာပေါ်မှပူလောင်မှုကိုခံစားလိုက်ရပြီး ထိုင်နေရာမှ ချက်ချင်း ထရပ်လိုက်ရာ ဝတ်ရုံအစကိုနင်းမိ၍ နောက်ပြန်လဲကျသွားကာ သူမ၏မျက်နှာကိုလက်ဖြင့် သုတ်၍ Jungkookအား ကြောက်ရွံစွာကြည့်နေသည်။ Jungkookသည် လက်ထဲက ပန်းကန်လုံးအားစားပွဲပေါ်ဆောင့်ချ၍ လက်ဖက်ရည်ကြမ်းအိုးကိုကိုင်ကာ Mi Jar ထံသို့တစ်လှမ်းချင်းလျှောက်လာသည်။

"ကျုပ်ဘာပြောထားလဲ! ကျုပ်ကြင်ယာကိုစော်ကားရင် အသေပဲလို့မပြောထားဘူးလား...."

"မှား...မှားသွား ​ပါ တယ်.....သခင်လေး....."

Jungkookသည် Mi Jar၏ အရှေ့တွင်ဒူးတစ်ဖက်ထောက်ကာထိုင်လိုက်ပြီး လက်တစ်ဖက်ဖြင့် Mi Jar ၏ ပါးစောင်ကိုညှစ်ကာပါးစပ်ပွင့်စေပြီး ကျန်လက်တစ်ဖက်ဖြင့်ကိုင်ထားသော လက်ဖက်ရည်ကြမ်းအိုးအား Mi Jar၏ ပါးစပ်အတွင်းသို့လောင်းထည့်သည်။ လည်ချောင်းနှင့်မျက်နှာတဝိုက် ပူလောင်စပ်ဖျင်းသောခံစားချက်ကြောင့် Mi Jar တကိုယ်လုံးလူးလွန့်နေပြီး ဗလုံးဗထွေးစကားသံတို့လည်းထွက်ပေါ်လာသည်။

"နောက်တစ်ခါ ထပ်စော်ကားရင် လျှာဖြတ်ပစ်မယ် နားလည်လား!!!"

လက်ဖက်ရည်ကြမ်းအိုးအား ကြမ်းပြင်ပေါ်သို့ပစ်ပေါက်ခွဲ၍ သူ၏လက်စွဲတော် ဓားအိမ်ကိုယူကာ Mi Jar ၏ အိပ်ဆောင်အတွင်းမှထွက်လာခဲ့ပြီး သူ၏ အိမ်ဘက်သို့လျှောက်လာသည်။

========================

တစ်ယောက်ထဲရှိသောအိမ်အတွင်းသို့ တစ်ဦးတည်းသောရင်းနှီးသူဖြစ်သည့် Ae Suuကိုသာ စိတ်သက်သာစေရန်အနားသို့ခေါ်ထားရသည်။ စားမဝင်သော်ညစာအား ဟိုတတို့ဒီတတို့စားနေချိန် Ae Suu က စကားစလာသည်။

"အကြီးအကဲPark စေခိုင်းတာကိုလုပ်ဆောင်မှာပါလား သခင်လေး........"

"ဦးရီး​တော်ကမစေခိုင်းရင်တောင် ကျွန်ုပ်သဘောနဲ့ကျွန်ုပ် ပြန်ပြီးကလဲ့စားချေမှာ......ဒါပင်မယ့်........"

"သခင်လေးJeonကြောင့်လား...."

မှိုင်ကျသွားသော သခင်ဖြစ်သူကိုကြည့်၍Ae Suu က စကားဆက်ပြောသည်။

"သခင်လေးက သခင်လေးJeonကိုသဘောကျနေပြီလား........"

"မကျဘူး"

Ae Suu ၏ မေးခွန်းအားချက်ချင်းပင်အဖြေပြန်ပေးလိုက်သော်လည်း သူ၏စိတ်ထဲဘဝင်မကျသည့်ခံစားချက်ကဝင်ရောက်လာသည်။

"ဘာလဲAe Suu.....ကျွန်ုပ်ကိုပြောစရာရှိနေလား....ပြောပါ"

တစ်ခုခုအားပြောရန်ခက်ခဲနေသည့်ပုံပေါက်နေသော Ae Suu ကြောင့် Jiminက စကားထောက်ပေးလိုက်သည်။ Ae Suu သည် သက်ပြင်းအကြိမ်ကြိမ်ချပြီးသည့်နောက်

"အကြီးအကဲ Park ခိုင်းတယ့်အတိုင်းလုပ်လိုက်ရင် နှစ်ဖက်တင်းမာမှုတွေဖြစ်လာနိုင်တယ်မဟုတ်လား သခင်လေး......."

Ae Suu ၏ မေးခွန်းအားJiminက လေးပင်စွာခေါင်းညိတ်ပြ၍

"ဒါပေါ့......အနောက်ဒေသရဲ့အကြီးအကဲသေဆုံးမှုကို သူတို့ကလက်လွတ်စပယ်ထားထားပါ့မလား........စစ်ပွဲပြန်ဖြစ်နိုင်တယ် "

"ဒါဆို သခင်လေးဘယ်လိုလုပ်မှာလဲ......."

"ကျွန်ုပ်ကတော့ ကျွန်ုပ်မိဘတွေအတွက်လက်တုံ့ပြန်ရမှာပဲ........ပြည်သူတွေကိုအလေးမထားတာမျိုးမဟုတ်ပင်မယ့် နောက်ဆက်တွဲအကျိုးဆက်အတွက် ဦးရီးတော်ကအဆင်သင့်ပြင်ထားမှာပဲ.......အဲ့ဒါကစစ်ပွဲအတွက်လည်းဖြစ်နိုင်တယ်........အဲ့ဒါထားပါ......ကျွန်ုပ်စုံစမ်းခိုင်းတာရော"

မျက်နှာပျက်စွာ ခေါင်းလွှဲသွားသောAe Suu ကြောင့် Jiminကမျက်မှောင်ကျုံ့သွားကာ ပို၍သိလိုစိတ်ပြင်းပြလာသည်။

"Ae Suu.......ကျွန်ုပ်အမိန့်ကိုလွန်ဆန်မလို့လား...အခုပြော!"

"အဲ့ဒါက........"

ပြောရန်အခက်တွေ့နေသည့်Ae Suu ကြောင့် Jiminလက်ဖျားတွေပင်အေးစက်လာပြီး စိတ်လှုပ်ရှားလာကာ အသံတွေပင်တုန်ချင်လာသည်။

"ရတယ်ပြောပါ.......ဘယ်လိုအကြောင်းအရာမဆို ကျွန်ုပ်နားထောင်နိုင်ပါတယ် "

"သခင်လေးJeonက Mi Jar ဆိုတယ့်မိန်းကလေးနဲ့ကလေးယူဖို့ပြင်ဆင်နေကြပါတယ်တဲ့ သခင်ကြီးJeonရဲ့အမိန့်နဲ့ မျိုးဆက်ယူဖို့အတွက်........"

Ae Suu သည် အေးစက်သွားသောမျက်နှာထားဖြင့် Jiminအားကြည့်ကာ စကားပင်ဆက်မပြောရဲတော့ပေ။

"သူကရော.......သူကလည်းစိတ်ပါတယ်လား......"

"အဲ့ဒါတော့ကျွန်ုပ်လည်းသေချာမသိပင်မယ့်.......Han Mo ပြောတာတော့ သခင်လေးJeonက အရမ်းကိုစိတ်အားထက်သန်နေပြီးနတ်ကွန်းက ရှင်နော်နဲ့ခနခနသွားတွေ့နေပါတယ်တဲ့"

"ဘာ!"

Ae Suu ၏ စကားနှင့်အတူ သူ့အားချစ်ရေးဆိုခဲ့သောစကားတို့ကိုရောယောင်ကာ ပြန်၍ကြားယောင်လာသည်။ ဒေါသစိတ်၊ခံပြင်းစိတ်တို့ကြောင့် အသားတွေပင်တုန်ရီလာသည်။ဝေ့တက်လာသော မျက်ရည်စတို့ကိုစီးမကျလာအောင်တင်းခံသည့်အနေဖြင့် အောက်နှုတ်ခမ်းအားဖိကိုက်ထားလိုက်သည်။

"သခင်လေး အဆင်ပြေရဲ့လား......"

Ae Suu သည် သူ့အားအကိုရင်းသဖွယ်ဆက်ဆံပေးသော Jimin ကြောင့် ယခုအခါသူကိုယ်တိုင်လည်းခံပြင်းမှုနှင့်စိတ်မကောင်းမှုတို့ဖြစ်လာရပြီး ဝတ်ရုံအောက်မှတုန်ရီနေသောလက်နှစ်ဖက်အားဆုပ်ကိုင်၍

"အကြီးအကဲPark ဆီကို ပြန်လိုက်ပါတော့သခင်လေး.......ဒီကကိစ္စတွေကို ကျွန်ုပ်ဆက်လုပ်လိုက်ပါမယ်.....သခင်လေးဒီမှာဆက်ပြီးစိတ်ပင်ပန်းမခံပါနဲ့တော့......."

Jimin က ခေါင်းကိုဆက်တိုက်ခါ၍

"သတ်ပစ်မှာ.......ကျွန်ုပ်လက်နဲ့ကိုယ်တိုင်သတ်ပစ်မှာ......."

မျက်ရည်တို့ဝေ့သိီကာ အံကြိတ်ထားသော Jiminကို Ae Suu က ခပ်ဖွဖွပွေ့ဖက်၍နှစ်သိမ့်ပေးသည်။

"ချစ်တင်းနှောမယ်ဆိုလည်း တံခါးပိတ်မီးမှိတ်ထားလေ အခုတော့မီးတောင်မမှိတ်န်ိုင်အောင်အလျင်လိုနေကြပါလား......"

ခပ်ရွဲ့ရွဲ့လေသံနှင့်အတူ အပေါက်ဝတွင်တံခါးဘောင်ကိုမှီကာ ပြောလာသောJungkookကြောင့် Jiminနှင့် Ae Suu သည် မတ်တပ်ရပ်လိုက်ပြီး Ae Suu က Jungkookအား ဦးညွတ်ကာ

"အထင်လွဲနေပါပြီသခင်လေး...."

"အသင့်ပါးစပ်ကိုပိတ်ထား!!!!!!"

ညအလယ်တွင် Jungkook၏အသံနက်နက်က ကြောက်ခမန်းလိလိထွက်ပေါ်လာသည်။

"ဘာလို့အသံကောင်းလာဟစ်နေတာလဲ!!!!"

Jiminသည် သူ့အားAe Suu နှင့် သမှုတ်နေသောသူကို ပြန်၍အော်လိုက်သည်။ ထိုအခါ Jungkookက Jiminအနားသို့လျှောက်လာပြီး Jimin ၏ ပခုံးကိုတွန်းကာ

"အသင်ကရော ဘာလို့ဒေါသထွက်နေရတာလဲ! ဘာလဲ!ကျုပ်ကြောင့် အရာမရောက်လိုက်လို့လား.......ဆက်လုပ်လေ ကျုပ်ထွက်သွားပေးမယ် ဆက်လုပ်နေ!!!"

ဖြောင်း!!!

"အသင့်ပါးစပ်ကိုစည်းစောင့်လိုက်တော့!!!"

Jungkookသည် သူ၏ ဘယ်ဘက်ပါးပြင်မှစပ်ဖျင်းဖျင်းနေရာကိုလက်ဖြင့်တို့ထိကာ

"အခုကျုပ်ကိုရိုက်လိုက်တာပေါ့.......အစေခံကောင်ကိုထိလို့ ကျုပ်ကိုရိုက်တာလား Jimin!!!!"

ဖြောင်း!!!!

"ရိုက်တယ်!!! အသင့်ကိုရွံလွန်းလို့သတ်ပါသတ်ပစ်နိုင်တယ်!!!!"

"ရိုက်လေ! ထပ်ရိုက်! ပြီးရင်တော့အသင့်အလှည့်ပဲ! ကျုပ်ကချစ်ပင်မယ့်အလိုမလိုက်ဘူးJimin ကျုပ်အသားတစ်ခါနာရင်အသင့်အသားနှစ်ခါပြန်နာစေရမယ်!!!!"

"Ae Suu ထွက်သွားတော့....."

Jiminသည် အခန်းထောင့်တွင်ကပ်ကာတုန်လှုပ်နေသော အကြောက်လွန်တတ်သည့်Ae Suu ကို အိမ်ထဲမှထွက်သွားရန်အမိန့်ပေးလိုက်သည်။ ထိုအခါ Ae Suu သည် Jiminအား မျက်ရည်တို့ဖြင့်ကြည့်ကာ အိမ်ထဲမှပြေးထွက်သွားသည်။
ထိုအခါမှ Jiminသည် သူ့အားစူးရဲစွာစိုက်ကြည့်နေသောJungkookအား

"Ae Suu က ကျွန်ုပ်ရဲ့ညီတစ်ယောက်လိုပဲ!ကျွန်ုပ်တို့ကရိုးသားတယ် အသင့်လိုအောက်တန်းကျတယ့်စိတ်နဲ့ကျွန်ုပ်ကိုမနှိုင်းနဲ့!!!!"

"ညီတစ်ယောက်လိုလူနဲ့ ခင်ပွန်းမရှိတယ့်အိမ်ထဲမှာ နှစ်ယောက်သားဖက်နေကြတာ ရိုးသားတယ်လား!!!!"

Jiminသည် သူ့သိက္ခာအားမလေးမစားပြောနေသောJungkookကြောင့် ဒေါသစိတ်တို့တဟုန်ထိုးထွက်လာရတော့သည်။

"အသင်တောင် တခြားမိန်းမနဲ့ဖောက်ပြန်နေတာပဲ!!! ဘာတွေများသာနေလို့ ကျွန်ုပ်က်ိုလာစော်ကားနေတာလဲ! အောက်တန်းစားအသင်ကအဆင့်မရှိတယ့်မိန်းမနဲ့ပဲ အိပ်ဆောင်ဝင်နေလိုက် ကျွန်ုပ်ဆီပြန်မလာနဲ့!!!!"

Jimin၏ စကားအဆုံးတုန်လှုပ်သွားသောJungkookကြောင့် Jiminက ခပ်ဟဟရီကာ

"ဘာလဲ ကျွန်ုပ်မသိဘူးထင်နေတာလား........Mi Jarဆိုတယ့်မိန်းကလေးနဲ့အသင်နဲ့ဖောက်ပြန်နေတာကိုကျွန်ုပ်မသိဘူးထင်နေတာလား......အရမ်းတွေကလေးလိုချင်နေရင်လည်းအစကတည်းက မိန်းမပဲယူပါလား.......မေတ္တာရှိတယ်......​ွေးစကားတွေ......."

"ဘယ်သူပြောတာလဲ....အဲ့ဒီအစေခံကောင်ကပြောတာလား!!!"

"Ae Suu မဟုတ်ဘူး သူ့ကိုမထိနဲ့!!!"

Jungkookသည် Jiminမျက်လုံးအားတည့်တည့်စိုက်ကြည့်ပြီးနောက် ခေါင်းတစ်ဆက်ဆက်ညိတ်ကာ အိမ်တံခါးကိုအပြင်ဘက်မှပိတ်၍ အိမ်အတွင်းမှထွက်လာခဲ့သည်။ အိမ်ထဲတွင်အပိတ်ခံလိုက်ရသောJiminသည် တံခါးအားထုရိုက်ကာအော်ဟစ်နေသော်လည်း ခြေလှမ်းအကျယ်ကြီးတို့ဖြင့် ထွက်လာခဲ့သည်ကAe Suu ရှိရာအိမ်တန်းလျားဆီသို့ဖြစ်သည်။

Ae Suu နေရာအိမ်တန်းလျားဘက်သို့ထွက်သွားသည့်အခါ မှ အိမ်၏အမှောင်ရိပ်ထဲမှထွက်လာသည့် Han Mo.......။ တံခါးအားထုရိုက်သံဖြင့်ဆူညံနေသောအိမ်အပေါ်ကိုမော့ကြည့်၍ ပြုံးလိုက်သည်။

စိတ်မကောင်းပါဘူး သခင်လေး........သခင်လေးရဲ့အနားမှာအလုပ်ကျွေးပြုလာတယ့်တစ်လျှောက်လုံးသခင်လေးရဲ့စိတ်နေသဘောထားဘယ်လိုဆိုတာကို သိလာခဲ့တယ်.......သခင်လေးကသွေးဆူလွယ်ပြီး ဒေါသထွက်လွယ်တယ် အဲ့လိုအချိန်တွေဆိုရင်အမှားတွေလည်းလုပ်တတ်တယ်......အဲ့ဒါကသခင်လေးရဲ့အားနည်းချက်ပဲ......အဲ့ဒီအားနည်းချက်ကိုကျုပ်ကအသုံးချပြီး ကြင်ယာတော်ကိုအပိုင်သိမ်းတော့မှာ........စိတ်မကောင်းပါဘူး.......။

===================================

'စိတ္ပင္ပန္းလြန္ၿပီး အိပ္ေပ်ာ္သြားတာပါ......ေသြးခုန္ႏႈန္းကေႏွးေနပါတယ္........အစားမ်ားမ်ားစားၿပီးအိပ္ေရးဝဝအိပ္လိုက္မယ္ဆိုရင္ အဆင္ေျပသြားမွာပါ သခင္ေလး.......'

သမားေတာ္ေျပာသြားသည့္စကားမ်ားေၾကာင့္ စိတ္ရႈပ္စြာသက္ျပင္းခ်မိသည္။ အိပ္ယာခင္းေပၚတြင္ ႏွစ္ၿခိဳက္စြာအိပ္ေမာက်ေနသူ၏ေဘးတြင္ အေတြးေပါင္းမ်ားစြာျဖင့္ ထိုင္ေနမိသည္မွာမနက္အ႐ုဏ္တက္ခ်ိန္အထိပင္ျဖစ္သည္။

မနက္ႏိုးလာသည့္အခ်ိန္တိုင္း ရင္ခြင္ထဲကေလးတစ္ေယာက္ကဲ့သို႔တိုးဝင္အိပ္ေနတတ္ေသာ သူ မရွိခဲ့သည္မွာရက္ေပါင္းမနည္းျဖစ္ေနေလၿပီ။ အိပ္ယာေဘးတြင္အသင့္ေရာက္ေနၿပီျဖစ္ေသာ မနက္စာစားပြဲဝိုင္းကိုလ်စ္လ်ဴရႈ၍ ဦးရီးေတာ္ေစခိုင္းထားသည့္ကိစၥကို အေကာင္အထည္ေဖာ္ရန္အိမ္အတြင္းမွထြက္လာခဲ့သည္။

ၿခံဝိုင္းထဲသို႔ေရာက္သည္ႏွင့္ အၾကည့္ေပါင္းစုံကသူ႔ထံသို႔ေရာက္လာေတာ့သည္။ မေအာင္ျမင္လိုက္ေသာကိစၥရပ္အား ျပန္လည္လုပ္ေဆာင္ရန္အတြက္သူ၏ရန္သူျဖစ္ေသာ Jeon သခင္ႀကီး၏ အိမ္ေတာ္အနီးတစ္ဝိုက္အားအကဲခတ္ရန္ထြက္လာခဲ့သည္။

"အစကတည္းကမျဖစ္သင့္တယ့္ကိစၥပဲေလ ေယာက်ာ္းအခ်င္းခ်င္းလက္ဆတ္ၿပီးေတာ့ဘာလုပ္လို႔ရလို႔လဲ အခုအဲ့ဒါေၾကာင့္သခင္ႀကီးကမ်ိဳးဆက္အတြက္စိတ္ပူေနရတာေပါ့........."

စားဖိုေဆာင္ေဘးမွျဖတ္သြားခ်ိန္တြင္ အေဆာင္အတြင္းမွေျပာဆိုေနၾကေသာစကားသံတို႔ေၾကာင့္ မရည္႐ြယ္ပဲ နားေထာင္မိသြားသည္။

"ၾကင္ယာေတာ္သာမိန္းကေလးဆိုရင္ဘယ္ေလာက္ေတာင္ေကာင္းလိုက္မလဲ.......လွလည္းလွတယ္ မ်က္ႏွာေလးကေအးခ်မ္းေနေရာ"

"အမေလး အခ်ိန္ျပည့္ဆူပုပ္ေနတယ့္႐ုပ္ကိုမ်ား.........မ်က္ႏွာထားက သခင္ေလးနဲ႔အၿပိဳင္ အခ်ိန္ျပည့္မ်က္ေမွာင္က်ဳံ႕ထားတယ္"

"လွပါတယ္ အေဒၚႀကီးကလည္း......."

စားဖိုေဆာင္အတြင္းျငင္းခုန္ေနသည့္စကားမ်ားကိုဆက္၍နားမေထာင္ေတာ့ပဲ ဆက္ေလွ်ာက္လာခဲ့သည္။ Jeon သခင္ႀကီး၏ အိမ္ေတာ္သို႔ေရာက္ခါနီးတြင္ အိမ္ေတာ္၏ ခပ္လွမ္းလွမ္းတြင္ရွိေသာ ေရတြင္းမွေရသယ္ေနေသာ Mi Jar ေၾကာင့္ လက္သီးႏွစ္ဖက္အလိုအ​ေလ်ာက္ဆုပ္မိလ်က္ျဖစ္သြားသည္။ မျမင္ခ်င္ေယာင္ေဆာင္ကာ ေရွ႕ဆက္သြားရန္ေျခလွမ္းျပင္လိုက္ေသာ္လည္း အေရွ႕တြင္ပိတ္ရပ္လာေသာ ထိုမိန္းကေလး........

"ဘယ္သြားမလို႔ပါလဲ ၾကင္ယာေတာ္......"

"ဒီလိုပါပဲ......လမ္းေလွ်ာက္ထြက္မလို႔ပါ"

"အာ......လမ္းေလွ်ာက္ထြက္တာလား.....အဲ့ဒါဆိုရင္ေတာ့ဆက္ေလွ်ာက္ပါ Mi Jar က သခင္ေလးကိုလိုက္ရွာေနတယ္ထင္လို႔......လိုက္ရွာေနတာဆိုရင္ေတာ့ Mi Jar ရဲ႕ အိပ္ေဆာင္မွာရွိပါတယ္သခင္ေလးလိုက္ေတြ႕ခ်င္"

"မလိုဘူး!"

အရင္စကားစေျပာလာေသာသူမေၾကာင့္ မေကာင္းတတ္သျဖင့္ လိုသေလာက္ပဲေျပာေသာ္ လည္းေနာက္ဆက္တြဲစကားေတြမွာ ရင္က္ိုပူေလာင္လာေစသည္။

"ကြၽႏ္ုပ္သူ႔ကိုရွာစရာအေၾကာင္းမရွိပါဘူး........သူ႔ဘာသာ အသင့္အိပ္ေဆာင္ကိုပဲေရာက္ေရာက္ဘယ္ကိုပဲေရာက္ေရာက္ ေနာက္ဆုံး ေဆာင္ၾကာၿမိဳင္ကိုေရာက္ေနရင္ေတာင္ကြၽႏ္ုပ္နဲ႔မဆိုင္ဘူး ဒီေလာက္နဲ႔ပဲခြင့္ျပဳပါဦး မိန္းကေလး"

Jiminသည္ သူ႔အား ေလွာင္ရယ္ဟန္ျဖင့္ေျပာခ်င္ေနေသာMi Jar ေၾကာင့္ ေယာက္်ားတစ္ေယာက္ျဖစ္ပါလ်က္ တျခားေယာက်ာ္းတစ္ေယာက္အတြက္ၿပိဳလဲေနမည့္သူမဟုတ္သည့္အေၾကာင္းကို စကားအျဖစ္ေျပာခဲ့လိုက္ပါေသာ္လည္း မဲေမွာင္ေနသည့္မ်က္ႏွာထားျဖင့္ သူ႔အားစူးစိုက္ၾကည့္ေနေသာသူရွိေနသည္ကို သိခဲ့ပါလွ်င္ထိုသို႔ေျပာထြက္ခဲ့မည္ေလာ........။

=======================

သခင္ႀကီးJeon၏အိမ္ေတာ္အေျခအေန အေစာင့္တပ္သားအေနအထားကိုအကဲခတ္ၿပီးေနာက္တြင္ အေစာင့္တပ္သားသိပ္မရွိေသာ္လည္း အကင္းပါးလြန္းေသာသခင္ႀကီးJeon​ေၾကာင့္ သူကိုယ္တိုင္ေဆာင္႐ြက္ရန္မျဖစ္ႏိုင္သျဖင့္ ၾကားခံေဆာင္႐ြက္ေပးမည့္သူလိုအပ္သည္ဟုေတြးမိသည္။ တစ္ေယာက္တည္းသာေနေသာသခင္ႀကီးJeonအားလုပ္ႀကံရန္လြယ္ကူေသာ္လည္း သူ႔လက္ျဖင့္မစီမံခ်င္သျဖင့္ မည္သို႔ဆက္လုပ္ရမည္ကိုေတြးေတာေနစဥ္ အိမ္ေတာ္ဘက္သို႔ေလွ်ာက္လာေသာ စားဖိုေဆာင္မွအ​ေစခံအမ်ိဳးသမီးသုံးဦး။ လက္ထဲတြင္လည္းစားပြဲဝိုင္းငယ္မ်ားကိုကိုယ္စီကိုင္ထားၾကေသးသည္။ အေရွ႕ဆုံးမွအမ်ိဳးသမီးသည္ Jiminအား ေခါင္းၫြတ္ကာအ႐ိုအေသေပးသည္။

"ဒါက အႀကီးအကဲJeonအတြက္လား"

Jiminသည္ အမ်ိဳးသမီးတို႔လက္ထဲမွစားပြဲဝိုင္းငယ္တို႔ကိုေမးဆတ္ျပ၍ေမးလိုက္သည္။ အေရွ႕ဆုံးမွ အမ်ိဳးသမီးက ေခါင္းညိတ္ျပ၍

"ဟုတ္ပါတယ္......ၾကင္ယာေတာ့္အတြက္က အခုေလးတင္ပဲပို႔ခိုင္းေနၾကေကာင္ေလးကိုခိုင္းထားပါတယ္......."

"တျခားသူေတြအတြက္ကေရာ.......ထမင္းစားရင္မ်ိဳးႏြယ္ေတြကစုၿပီးစားၾကတာမဟုတ္ဘူးလား"

"မနက္စာနဲ႔ညစာကိုပဲစုၿပီးစားၾကတာပါ.......ေန႔လည္စာၾကေတာ့လူမစုံေတာ့ သီးသန္႔ပဲသုံးေဆာင္ၾကပါတယ္ ၾကင္ယာေတာ္.......ၿပီးေတာ့ေန႔လည္စာကို သခင္ႀကီးရယ္၊သခင္ေလးရယ္ ၊ ၾကင္ယာေတာ္ရယ္ အေစခံေတြရယ္ ဧည့္သည္မမေလးMi Jar ရယ္ပဲ သုံးေဆာင္ၾကတာပါ က်န္တယ့္မ်ိဳးႏြယ္ေတြကလုပ္ငန္းခြင္မွာပဲ"

"ဒါဆို ဒီလူေတြအားလုံးအတြက္အသင္တို႔ကပဲပို႔ေဆာင္ေပးရတာေပါ့ ဟုတ္လား"

Jiminသည္ အေစခံအမ်ိဳးသမီး၏စကားကိုျဖတ္၍ေမးလိုက္သည့္အခါ ထိုအမ်ိဳးသမီးက Jiminအား ေသခ်ာၾကည့္၍

"ဟုတ္ကဲ့......ဘာျဖစ္လို႔ပါလဲၾကင္ယာေတာ္"

Jiminသည္ အေစခံအမ်ိဳးသမီးသယ္ေဆာင္ထားေသာ စားပြဲဝိုင္းငယ္အေပၚမွ ေၾကးပန္းကန္လုံးတို႔ကို ၾကည့္၍

"ဘာမွမျဖစ္ပါဘူး......ကြၽႏ္ုပ္သြားလိုက္ပါဦးမယ္"

"""ဟုတ္ကဲ့ပါ ၾကင္ယာေတာ္"""

မ်ိဳးႏြယ္စုေတြ၏ထမင္းစားဝိုင္းသို႔ႏွစ္ႀကိမ္ေရာက္ဖူးသည္။ ထိုႏွစ္ႀကိမ္လုံးတြင္ စားပြဲေပၚရွိထမင္းပန္းကန္လုံးတို႔မွာ သံပန္းကန္လုံးမ်ားသာျဖစ္ၿပီး သခင္ႀကီးJeonတစ္ေယာက္တည္းသာ ေၾကးပန္းကန္လုံးႏွင့္ေၾကးတူကို အသုံးျပဳျခင္းျဖစ္သည္။

မ်က္စိအေရွ႕ျမင္ေနရေသာစားဖိုေဆာင္ကိုၾကည့္ၿပီးေနာက္ Jimin ဆုံးျဖတ္ခ်က္တစ္ခုခ်လိုက္သည္။

စားဖိုေဆာင္လူမရွိတယ့္အခ်ိန္ကိုေစာင့္ၾကည့္ရမယ္.......အသင့္ကိုဘယ္ေတာ့မွခြင့္လႊတ္မွာမဟုတ္ဘူး အႀကီးအကဲJeon!။

လက္သီးဆုတ္ထဲကိုင္ထားေသာ ငါးပူတင္းအဆိပ္ပုလင္းေလးအားက်စ္ေနေအာင္ဆုတ္ကိုင္လ်က္ သူ၏အိမ္ဘက္သို႔ျပန္ထြက္လာခဲ့သည္။

=======================

"သခင္ေလး........လက္ဖက္ၾကမ္းရည္ ရပါၿပီ"

ဖေယာင္းတိုင္မီးသာအမွီျပဳထားေသာ အခန္းထဲသို႔ မွန္ဇာအပါးျဖင့္ခ်ဳပ္လုပ္ထားေသာညအိပ္ဝတ္႐ုံကိုဝတ္ဆင္ထားေသာ Mi Jar က လက္ဖက္ရည္ၾကမ္းကို ပန္းကန္လုံးထဲသို႔ငွဲ႔ထည့္ေပးရင္း

"ေန႔လည္​ကေတာင္ ေရခပ္ရင္းၾကင္ယာေတာ္နဲ႔ေတြ႕ခဲ့ေသးတယ္........."

"............"

Jungkookသည္ ရွင္ေနာ္ႏွင့္ေတြ႕ၿပီးအျပန္ သခင္ႀကီးJeonထံသို႔ျပန္လာစဥ္ Mi Jarႏွင့္စကားေျပာေနေသာသူ၏ၾကင္ယာေတာ္အား မလွမ္းမကန္းမွျမင္လိုက္ရသည္။

"ဒါနဲ႔ၾကင္ယာေတာ္က Han Mo နဲ႔ေတာ္ေတာ္ေလးကိုရင္းႏွီးတယ္ထင္တယ္ေနာ္.......ေန႔လည္ကHan Mo ကိုလိုက္ရွာေနတယ္လို႔ေျပာတယ္........တစ္ေယာက္ထဲပ်င္းေနလို႔ထင္ပါရဲ႕.....အဟင္းး"

အတူတူရွိေနတိုင္း သူ၏ၾကင္ယာေတာ္ကိုမ်က္ေတာင္မခတ္ၾကည့္ေနတတ္သည့္ Han Mo ကိုျမင္ေယာင္လာသည္။

"သခင္ေလး.......Mi Jar တို႔ ဘယ္ေတာ့စၾကမလဲဟင္ သခင္ေလးကသာၾကင္ယာေတာ္ကိုအားနာေနပင္မယ့္ ၾကင္ယာေတာ္ကေတာ့သူ႔အေစခံနဲ႔ေရာ Han Moနဲ႔ပါအဆင္ေျပေနတယ့္ပုံပဲ........အခုလည္းသူ႔အေစခံနဲ႔အိမ္ထဲအတူတူဝင္သြားတယ္လို႔ေျပာ အားး!!!!"

Mi Jar သည္ သူမ၏မ်က္ႏွာေပၚမွပူေလာင္မႈကိုခံစားလိုက္ရၿပီး ထိုင္ေနရာမွ ခ်က္ခ်င္း ထရပ္လိုက္ရာ ဝတ္႐ုံအစကိုနင္းမိ၍ ေနာက္ျပန္လဲက်သြားကာ သူမ၏မ်က္ႏွာကိုလက္ျဖင့္ သုတ္၍ Jungkookအား ေၾကာက္႐ြံစြာၾကည့္ေနသည္။ Jungkookသည္ လက္ထဲက ပန္းကန္လုံးအားစားပြဲေပၚေဆာင့္ခ်၍ လက္ဖက္ရည္ၾကမ္းအိုးကိုကိုင္ကာ Mi Jar ထံသို႔တစ္လွမ္းခ်င္းေလွ်ာက္လာသည္။

"က်ဳပ္ဘာေျပာထားလဲ! က်ဳပ္ၾကင္ယာကိုေစာ္ကားရင္ အေသပဲလို႔မေျပာထားဘူးလား...."

"မွား...မွားသြား ​ပါ တယ္.....သခင္ေလး....."

Jungkookသည္ Mi Jar၏ အေရွ႕တြင္ဒူးတစ္ဖက္ေထာက္ကာထိုင္လိုက္ၿပီး လက္တစ္ဖက္ျဖင့္ Mi Jar ၏ ပါးေစာင္ကိုညႇစ္ကာပါးစပ္ပြင့္ေစၿပီး က်န္လက္တစ္ဖက္ျဖင့္ကိုင္ထားေသာ လက္ဖက္ရည္ၾကမ္းအိုးအား Mi Jar၏ ပါးစပ္အတြင္းသို႔ေလာင္းထည့္သည္။ လည္ေခ်ာင္းႏွင့္မ်က္ႏွာတဝိုက္ ပူေလာင္စပ္ဖ်င္းေသာခံစားခ်က္ေၾကာင့္ Mi Jar တကိုယ္လုံးလူးလြန္႔ေနၿပီး ဗလုံးဗေထြးစကားသံတို႔လည္းထြက္ေပၚလာသည္။

"ေနာက္တစ္ခါ ထပ္ေစာ္ကားရင္ လွ်ာျဖတ္ပစ္မယ္ နားလည္လား!!!"

လက္ဖက္ရည္ၾကမ္းအိုးအား ၾကမ္းျပင္ေပၚသို႔ပစ္ေပါက္ခြဲ၍ သူ၏လက္စြဲေတာ္ ဓားအိမ္ကိုယူကာ Mi Jar ၏ အိပ္ေဆာင္အတြင္းမွထြက္လာခဲ့ၿပီး သူ၏ အိမ္ဘက္သို႔ေလွ်ာက္လာသည္။

========================

တစ္ေယာက္ထဲရွိေသာအိမ္အတြင္းသို႔ တစ္ဦးတည္းေသာရင္းႏွီးသူျဖစ္သည့္ Ae Suuကိုသာ စိတ္သက္သာေစရန္အနားသို႔ေခၚထားရသည္။ စားမဝင္ေသာ္ညစာအား ဟိုတတို႔ဒီတတို႔စားေနခ်ိန္ Ae Suu က စကားစလာသည္။

"အႀကီးအကဲPark ေစခိုင္းတာကိုလုပ္ေဆာင္မွာပါလား သခင္ေလး........"

"ဦးရီး​ေတာ္ကမေစခိုင္းရင္ေတာင္ ကြၽႏ္ုပ္သေဘာနဲ႔ကြၽႏ္ုပ္ ျပန္ၿပီးကလဲ့စားေခ်မွာ......ဒါပင္မယ့္........"

"သခင္ေလးJeonေၾကာင့္လား...."

မႈိင္က်သြားေသာ သခင္ျဖစ္သူကိုၾကည့္၍Ae Suu က စကားဆက္ေျပာသည္။

"သခင္ေလးက သခင္ေလးJeonကိုသေဘာက်ေနၿပီလား........"

"မက်ဘူး"

Ae Suu ၏ ေမးခြန္းအားခ်က္ခ်င္းပင္အေျဖျပန္ေပးလိုက္ေသာ္လည္း သူ၏စိတ္ထဲဘဝင္မက်သည့္ခံစားခ်က္ကဝင္ေရာက္လာသည္။

"ဘာလဲAe Suu.....ကြၽႏ္ုပ္ကိုေျပာစရာရွိေနလား....ေျပာပါ"

တစ္ခုခုအားေျပာရန္ခက္ခဲေနသည့္ပုံေပါက္ေနေသာ Ae Suu ေၾကာင့္ Jiminက စကားေထာက္ေပးလိုက္သည္။ Ae Suu သည္ သက္ျပင္းအႀကိမ္ႀကိမ္ခ်ၿပီးသည့္ေနာက္

"အႀကီးအကဲ Park ခိုင္းတယ့္အတိုင္းလုပ္လိုက္ရင္ ႏွစ္ဖက္တင္းမာမႈေတြျဖစ္လာႏိုင္တယ္မဟုတ္လား သခင္ေလး......."

Ae Suu ၏ ေမးခြန္းအားJiminက ေလးပင္စြာေခါင္းညိတ္ျပ၍

"ဒါေပါ့......အေနာက္ေဒသရဲ႕အႀကီးအကဲေသဆုံးမႈကို သူတို႔ကလက္လြတ္စပယ္ထားထားပါ့မလား........စစ္ပြဲျပန္ျဖစ္ႏိုင္တယ္ "

"ဒါဆို သခင္ေလးဘယ္လိုလုပ္မွာလဲ......."

"ကြၽႏ္ုပ္ကေတာ့ ကြၽႏ္ုပ္မိဘေတြအတြက္လက္တုံ႔ျပန္ရမွာပဲ........ျပည္သူေတြကိုအေလးမထားတာမ်ိဳးမဟုတ္ပင္မယ့္ ေနာက္ဆက္တြဲအက်ိဳးဆက္အတြက္ ဦးရီးေတာ္ကအဆင္သင့္ျပင္ထားမွာပဲ.......အဲ့ဒါကစစ္ပြဲအတြက္လည္းျဖစ္ႏိုင္တယ္........အဲ့ဒါထားပါ......ကြၽႏ္ုပ္စုံစမ္းခိုင္းတာေရာ"

မ်က္ႏွာပ်က္စြာ ေခါင္းလႊဲသြားေသာAe Suu ေၾကာင့္ Jiminကမ်က္ေမွာင္က်ဳံ႕သြားကာ ပို၍သိလိုစိတ္ျပင္းျပလာသည္။

"Ae Suu.......ကြၽႏ္ုပ္အမိန္႔ကိုလြန္ဆန္မလို႔လား...အခုေျပာ!"

"အဲ့ဒါက........"

ေျပာရန္အခက္ေတြ႕ေနသည့္Ae Suu ေၾကာင့္ Jiminလက္ဖ်ားေတြပင္ေအးစက္လာၿပီး စိတ္လႈပ္ရွားလာကာ အသံေတြပင္တုန္ခ်င္လာသည္။

"ရတယ္ေျပာပါ.......ဘယ္လိုအေၾကာင္းအရာမဆို ကြၽႏ္ုပ္နားေထာင္ႏိုင္ပါတယ္ "

"သခင္ေလးJeonက Mi Jar ဆိုတယ့္မိန္းကေလးနဲ႔ကေလးယူဖို႔ျပင္ဆင္ေနၾကပါတယ္တဲ့ သခင္ႀကီးJeonရဲ႕အမိန္႔နဲ႔ မ်ိဳးဆက္ယူဖို႔အတြက္........"

Ae Suu သည္ ေအးစက္သြားေသာမ်က္ႏွာထားျဖင့္ Jiminအားၾကည့္ကာ စကားပင္ဆက္မေျပာရဲေတာ့ေပ။

"သူကေရာ.......သူကလည္းစိတ္ပါတယ္လား......"

"အဲ့ဒါေတာ့ကြၽႏ္ုပ္လည္းေသခ်ာမသိပင္မယ့္.......Han Mo ေျပာတာေတာ့ သခင္ေလးJeonက အရမ္းကိုစိတ္အားထက္သန္ေနၿပီးနတ္ကြန္းက ရွင္ေနာ္နဲ႔ခနခနသြားေတြ႕ေနပါတယ္တဲ့"

"ဘာ!"

Ae Suu ၏ စကားႏွင့္အတူ သူ႔အားခ်စ္ေရးဆိုခဲ့ေသာစကားတို႔ကိုေရာေယာင္ကာ ျပန္၍ၾကားေယာင္လာသည္။ ေဒါသစိတ္၊ခံျပင္းစိတ္တို႔ေၾကာင့္ အသားေတြပင္တုန္ရီလာသည္။ေဝ့တက္လာေသာ မ်က္ရည္စတို႔ကိုစီးမက်လာေအာင္တင္းခံသည့္အေနျဖင့္ ေအာက္ႏႈတ္ခမ္းအားဖိကိုက္ထားလိုက္သည္။

"သခင္ေလး အဆင္ေျပရဲ႕လား......"

Ae Suu သည္ သူ႔အားအကိုရင္းသဖြယ္ဆက္ဆံေပးေသာ Jimin ေၾကာင့္ ယခုအခါသူကိုယ္တိုင္လည္းခံျပင္းမႈႏွင့္စိတ္မေကာင္းမႈတို႔ျဖစ္လာရၿပီး ဝတ္႐ုံေအာက္မွတုန္ရီေနေသာလက္ႏွစ္ဖက္အားဆုပ္ကိုင္၍

"အႀကီးအကဲPark ဆီကို ျပန္လိုက္ပါေတာ့သခင္ေလး.......ဒီကကိစၥေတြကို ကြၽႏ္ုပ္ဆက္လုပ္လိုက္ပါမယ္.....သခင္ေလးဒီမွာဆက္ၿပီးစိတ္ပင္ပန္းမခံပါနဲ႔ေတာ့......."

Jimin က ေခါင္းကိုဆက္တိုက္ခါ၍

"သတ္ပစ္မွာ.......ကြၽႏ္ုပ္လက္နဲ႔ကိုယ္တိုင္သတ္ပစ္မွာ......."

မ်က္ရည္တို႔ေဝ့သိီကာ အံႀကိတ္ထားေသာ Jiminကို Ae Suu က ခပ္ဖြဖြေပြ႕ဖက္၍ႏွစ္သိမ့္ေပးသည္။

"ခ်စ္တင္းေႏွာမယ္ဆိုလည္း တံခါးပိတ္မီးမွိတ္ထားေလ အခုေတာ့မီးေတာင္မမွိတ္န္ိုင္ေအာင္အလ်င္လိုေနၾကပါလား......"

ခပ္႐ြဲ႕႐ြဲ႕ေလသံႏွင့္အတူ အေပါက္ဝတြင္တံခါးေဘာင္ကိုမွီကာ ေျပာလာေသာJungkookေၾကာင့္ Jiminႏွင့္ Ae Suu သည္ မတ္တပ္ရပ္လိုက္ၿပီး Ae Suu က Jungkookအား ဦးၫြတ္ကာ

"အထင္လြဲေနပါၿပီသခင္ေလး...."

"အသင့္ပါးစပ္ကိုပိတ္ထား!!!!!!"

ညအလယ္တြင္ Jungkook၏အသံနက္နက္က ေၾကာက္ခမန္းလိလိထြက္ေပၚလာသည္။

"ဘာလို႔အသံေကာင္းလာဟစ္ေနတာလဲ!!!!"

Jiminသည္ သူ႔အားAe Suu ႏွင့္ သမႈတ္ေနေသာသူကို ျပန္၍ေအာ္လိုက္သည္။ ထိုအခါ Jungkookက Jiminအနားသို႔ေလွ်ာက္လာၿပီး Jimin ၏ ပခုံးကိုတြန္းကာ

"အသင္ကေရာ ဘာလို႔ေဒါသထြက္ေနရတာလဲ! ဘာလဲ!က်ဳပ္ေၾကာင့္ အရာမေရာက္လိုက္လို႔လား.......ဆက္လုပ္ေလ က်ဳပ္ထြက္သြားေပးမယ္ ဆက္လုပ္ေန!!!"

ေျဖာင္း!!!

"အသင့္ပါးစပ္ကိုစည္းေစာင့္လိုက္ေတာ့!!!"

Jungkookသည္ သူ၏ ဘယ္ဘက္ပါးျပင္မွစပ္ဖ်င္းဖ်င္းေနရာကိုလက္ျဖင့္တို႔ထိကာ

"အခုက်ဳပ္ကို႐ိုက္လိုက္တာေပါ့.......အေစခံေကာင္ကိုထိလို႔ က်ဳပ္ကို႐ိုက္တာလား Jimin!!!!"

ေျဖာင္း!!!!

"႐ိုက္တယ္!!! အသင့္ကို႐ြံလြန္းလို႔သတ္ပါသတ္ပစ္ႏိုင္တယ္!!!!"

"႐ိုက္ေလ! ထပ္႐ိုက္! ၿပီးရင္ေတာ့အသင့္အလွည့္ပဲ! က်ဳပ္ကခ်စ္ပင္မယ့္အလိုမလိုက္ဘူးJimin က်ဳပ္အသားတစ္ခါနာရင္အသင့္အသားႏွစ္ခါျပန္နာေစရမယ္!!!!"

"Ae Suu ထြက္သြားေတာ့....."

Jiminသည္ အခန္းေထာင့္တြင္ကပ္ကာတုန္လႈပ္ေနေသာ အေၾကာက္လြန္တတ္သည့္Ae Suu ကို အိမ္ထဲမွထြက္သြားရန္အမိန္႔ေပးလိုက္သည္။ ထိုအခါ Ae Suu သည္ Jiminအား မ်က္ရည္တို႔ျဖင့္ၾကည့္ကာ အိမ္ထဲမွေျပးထြက္သြားသည္။
ထိုအခါမွ Jiminသည္ သူ႔အားစူးရဲစြာစိုက္ၾကည့္ေနေသာJungkookအား

"Ae Suu က ကြၽႏ္ုပ္ရဲ႕ညီတစ္ေယာက္လိုပဲ!ကြၽႏ္ုပ္တို႔က႐ိုးသားတယ္ အသင့္လိုေအာက္တန္းက်တယ့္စိတ္နဲ႔ကြၽႏ္ုပ္ကိုမႏႈိင္းနဲ႔!!!!"

"ညီတစ္ေယာက္လိုလူနဲ႔ ခင္ပြန္းမရွိတယ့္အိမ္ထဲမွာ ႏွစ္ေယာက္သားဖက္ေနၾကတာ ႐ိုးသားတယ္လား!!!!"

Jiminသည္ သူ႔သိကၡာအားမေလးမစားေျပာေနေသာJungkookေၾကာင့္ ေဒါသစိတ္တို႔တဟုန္ထိုးထြက္လာရေတာ့သည္။

"အသင္ေတာင္ တျခားမိန္းမနဲ႔ေဖာက္ျပန္ေနတာပဲ!!! ဘာေတြမ်ားသာေနလို႔ ကြၽႏ္ုပ္က္ိုလာေစာ္ကားေနတာလဲ! ေအာက္တန္းစားအသင္ကအဆင့္မရွိတယ့္မိန္းမနဲ႔ပဲ အိပ္ေဆာင္ဝင္ေနလိုက္ ကြၽႏ္ုပ္ဆီျပန္မလာနဲ႔!!!!"

Jimin၏ စကားအဆုံးတုန္လႈပ္သြားေသာJungkookေၾကာင့္ Jiminက ခပ္ဟဟရီကာ

"ဘာလဲ ကြၽႏ္ုပ္မသိဘူးထင္ေနတာလား........Mi Jarဆိုတယ့္မိန္းကေလးနဲ႔အသင္နဲ႔ေဖာက္ျပန္ေနတာကိုကြၽႏ္ုပ္မသိဘူးထင္ေနတာလား......အရမ္းေတြကေလးလိုခ်င္ေနရင္လည္းအစကတည္းက မိန္းမပဲယူပါလား.......ေမတၱာရွိတယ္......​ြေးစကားေတြ......."

"ဘယ္သူေျပာတာလဲ....အဲ့ဒီအေစခံေကာင္ကေျပာတာလား!!!"

"Ae Suu မဟုတ္ဘူး သူ႔ကိုမထိနဲ႔!!!"

Jungkookသည္ Jiminမ်က္လုံးအားတည့္တည့္စိုက္ၾကည့္ၿပီးေနာက္ ေခါင္းတစ္ဆက္ဆက္ညိတ္ကာ အိမ္တံခါးကိုအျပင္ဘက္မွပိတ္၍ အိမ္အတြင္းမွထြက္လာခဲ့သည္။ အိမ္ထဲတြင္အပိတ္ခံလိုက္ရေသာJiminသည္ တံခါးအားထု႐ိုက္ကာေအာ္ဟစ္ေနေသာ္လည္း ေျခလွမ္းအက်ယ္ႀကီးတို႔ျဖင့္ ထြက္လာခဲ့သည္ကAe Suu ရွိရာအိမ္တန္းလ်ားဆီသို႔ျဖစ္သည္။

Ae Suu ေနရာအိမ္တန္းလ်ားဘက္သို႔ထြက္သြားသည့္အခါ မွ အိမ္၏အေမွာင္ရိပ္ထဲမွထြက္လာသည့္ Han Mo.......။ တံခါးအားထု႐ိုက္သံျဖင့္ဆူညံေနေသာအိမ္အေပၚကိုေမာ့ၾကည့္၍ ၿပဳံးလိုက္သည္။

စိတ္မေကာင္းပါဘူး သခင္ေလး........သခင္ေလးရဲ႕အနားမွာအလုပ္ေကြၽးျပဳလာတယ့္တစ္ေလွ်ာက္လုံးသခင္ေလးရဲ႕စိတ္ေနသေဘာထားဘယ္လိုဆိုတာကို သိလာခဲ့တယ္.......သခင္ေလးကေသြးဆူလြယ္ၿပီး ေဒါသထြက္လြယ္တယ္ အဲ့လိုအခ်ိန္ေတြဆိုရင္အမွားေတြလည္းလုပ္တတ္တယ္......အဲ့ဒါကသခင္ေလးရဲ႕အားနည္းခ်က္ပဲ......အဲ့ဒီအားနည္းခ်က္ကိုက်ဳပ္ကအသုံးခ်ၿပီး ၾကင္ယာေတာ္ကိုအပိုင္သိမ္းေတာ့မွာ........စိတ္မေကာင္းပါဘူး.......။

===================================


Continue lendo

Você também vai gostar

93.2K 2.4K 34
A little AU where Lucifer and Alastor secretly loves eachother and doesn't tell anyone about it, and also Alastor has a secret identity no one else k...
59.7K 1.1K 95
Continuation of Modesto story who happens to intercourse with friends,mature,classmates,strangers and even family...
38.6K 841 15
Jake, Sunoo and Jungwon went to a bar they had never been to before, And while they were there in that bar, they didn't know that there were four men...