"ဘာဖြစ်တာလဲ ..."
"ဖယ် လွှတ်....လူတွေရှေ့မှာ အဲ့လိုတွေမလုပ်နဲ့လို့ပြောထားတယ်လေ"
ရတု အိမ်ရောက်တော့ အိပ်ခန်းထဲပဲ တန်းဝင်လာလိုက်သည်။ သူစကားလဲမပြောချင်တော့။
"မောင်...မင်း ငါ့ကိုတကယ်ချစ်တာရောဟုတ်ရဲ့လား နမ်းတာဘာဖြစ်လို့လဲ"
မော်ကွန်း အသံခပ်မာမာပြောလိုက်တော့ ရတု ပို၍ပင်ဒေါသထွက်လာေတာ့သည်။
"ကျွန်တော်မကြိုက်ဘူးလေ ..."
"ဘာလဲ ရှက်နေတာလား....ဟမ် ....ပြောစမ်းပါဦး တခြားနှစ်ကောင်ပါလို့ မလား..ဟမ်"
ရတုလက်တို့ကိုကိုင်လှုပ်ကာပြောလာတော့အကို့မျက်နှာမှာတော့ ပေါက်ကွဲမှုများအပြည့်။
ရတု အတော်လေးအံ့ဩသွားရသည်။ မကြိုက်တာကိုလည်းလုပ်သေးတယ် သူ့ကိုပိုပြီးဒေါသထွက်ပြနေသည်မှာ အမြင်ကက်စရာပင်ကောင်းလှသည်။
ရတုမျက်ရည်စတို့အနည်းငယ်ဝဲတက်လာတော့သည်။
"ဘာဆိုင်လို့လဲ ..."
"ဆိုင်ဆိုင်မဆိုင်ဆိုင်ကွာ ငါချစ်လို့ယူထားတျဲ့ယာကျာ်းကို ငါကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန်မှာ ငါလုပ်ချင်တာလုပ်မယ်..."
အကို့ပုံစံက အရင်ကနှင့်လားလားမတူတော့ပါ ရံဖန်ရံခါ နူးညံ့ညင်သာနေပေမယ့် တခါတလေ သူ့စိတ်အလိုကျပဲ နေရတာများသည်။
"တော်ပြီ အကို မပြောချင်တော့ဘူး...ဖယ်တော့ အိပ်တော့မယ်"
ရတု လက်တို့ကိုကိုင်ဆုပ်ထားဆဲပင်။
"မရဘူး မအိပ်ရဘူး... ချွတ်"
"ဘာကိုလဲ"
"ဒီည မင်းကိုအပြစ်ပေးရမယ်...."
"တော်ပြီ ဒီညကျွန်တော် စိတ်မပါဘူး"
ရတု ဒေါသထွက်ေနသည့်အပြင် အကို့ကိုပါအလိုမကျဖြစ်နေတာကြောင့် စိတ်မပါပါ။ သူငယ်ချင်းတွေကိုလည်း ကောင်းကောင်းမနှုတ်ဆက်ခဲ့ရတာကြောင့် စိတ်ရှုပ်နေသည်မှာ အမှန်ပင်။
"တွေ့လား .....မင်းချစ်တယ်ဆို ငါ့ကို"
"အ!!"
အကြမ်းအရမ်းတွန်းချလိုက်တာကြောင့် ရတု ကိုယ်လေး အိပ်ရာပေါ်မှာ ဘုတ်ခနဲကျသွားသည်။
ထို့နောက် အတင်းကိုယ်လုံးနဲ့ဖိကပ်ထားပြီး ရတုလက်နှစ်ဖက်လုံးကို တိုင်မှာ ကပ်ထားစေ၍ ခါးပတ်နှင့်ဆွဲချည်ခံလိုက်ရတော့သည်။ ရတုမကြိုက်ပါ။ ယခုလို ဆက်ဆံခံရတာကို မနှစ်မြို့တာကြောင့် သူရပ်တန့်ချင်သည်။
"ယောကျာ်းလုပ်တာ မခံချင်ဘူးဆိုတော့ ဘယ်ကောင်လုပ်တာခံချင်နေတာလဲ ဟမ်..."
အကို့စကားများက သံရေပူနဲ့လောင်းချသလိုပင်။ ရင်ခွင်ကိုပူလောင်စေသည်။
"အကို ကျွန်တော် ဒီနေ့တော့နားပါရစေ"
"နားလေ... အခုအဲ့တိုင်းလေးပဲ ငြိမ်ငြိမ်နေ... ကြည့်လိုဝမှ လက်ကဟာတွေချွတ်ပေးမယ်....."
"....."
ထို့နောက် အကိုသည် စားပွဲပေါ်ရှိ ဘီယာဗူးတစ်ဗူးကို ဖေါက်ပြီးမော့ချလိုက်လေသည်။ တစ်ခါမျှပင် အကိုအရက်သောက်တာမတွေ့ဖူးချေ။ ဘယ်အချိန်တည်းက အကိုသောက်တတ်သွားမှန်းလည်းမသိပါ။
"ပြွတ်စ်"
ခါးသက်သက် အရသာက အကို့နှုတ်ခမ်းများကတစ်ဆင့်တိုးဝင်လာတော့သည်။
ရတု မျက်နှာကိုလွှဲလိုက်မိတော့ နမ်းလက်စရပ်တန့်သွားတော့သည်။
"မနက်ဖန် အိမ်ပြန်မယ်"
"မပြန်ရပါဘူး"
"အကို!!!!!!!"
"မပြန်စေချင်လို့ အိမ်ခေါ်ထားတာ ပြီးတော့ မင်းအမဆီကိုပြန်စရာအကြောင်းကိုမရှိဘူး"
"ဘာဖြစ်လို့လဲ...."
"မင်းအမလိုမိန်းမနဲ့သာနေရင် သူ့လိုစိတ်တွေ မင်းဆီရောက်သွားမှာစိုးလို့"
ရတု ကြောင်အစွာပင်ငေးကြည့်နေမိသည်။ အကိုပြောနေတဲ့အကြောင်းအရာတွေကို သူသေချာနားမလည်ပါ။
"မင်းအမ ပိုင်းလုံးဆိုတာ မင်းသိလား အဲ့ဒါကြောင့် ငါမင်းကို မရရအောင်ဆွဲထုတ်ထားတာ "
"တော်...တော်တော့ အကိုမူးနေပြီ"
ရတု အသံများပင်တုန်ယင်စွာနှင့် စို့နင်လာတော့သည်။ မဖြစ်နိုင်ဘူး မမကအဲ့လိုလူမျိုးမဟုတ်ဘူး။
"ဟက်.... နောက်လည်းသိရမှာနဲ့တူတူ မင်းအမအကြောင်းစောစောသိသွားတော့ကောင်းတာပေါ့...အဲ့တော့ အပိုစကားတွေမပြောနဲ့ငါနဲ့ပဲနေရမယ် မင်းဘယ်မှ မသွားရဘူး"
"မဖြစ်နိုင်ဘူး.....မမကအဲ့လိုလုပ်မှာမဟုတ်ဘူး"
"ဟက်..."
ထို့နောက် မော်ကွန်း အံဆွဲထဲက ဖိုင်တစ်ခုထုတ်လိုက်ပြီး
"ကြည့်လိုက်မင်းအမ အဲ့ဒီ့လူက ငါ့အဖေသူငယ်ချင်း ကလေးရောမိန်းမရောရှိတယ်"
ရတု မျက်ရည်စတို့စိုရွှဲလျက်။
"မင်းငါ့ကိုပဲချစ်ရမယ် ငါနဲ့ပဲနေရမယ် ငါ့စိတ်တိုင်းကျမင်းနေရမယ် ငါ့ဘဝတစ်ခုလုံးမင်းကိုပေးထားလို့ မင်းဘဝတစ်ခုလုံးလည်း ငါအပိုင်လိုချင်တယ် ငါမကောင်းဘူးပြောရင်တကယ်မကောင်းလို့ ငါလိုချင်ရင်မင်းပေးရမယ် အချိန်တိုင်း ငါလုပ်ချင်တာမှန်သမျှ ဖြည့်ဆည်းပေးရမယ် ...ကြာလား "
ထို့နောက် အခန်းထဲက ထွက်ခွာသွားသူမှာ ရတုမျက်ဝန်းထဲက မျက်ရည်တွေကိုတော့ သတိမထားမိခဲ့ဘူးထင်ပါရဲ့။