ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(C...

Par yoonshweyeethoon

93.4K 6.2K 279

ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့... Plus

အပိုင်း(1)
အပိုင်း(2)
please
အပိုင်း(3)
အပိုင်း(4)
အပိုင်း(5)
တောင်းပန်ခြင်း
အပိုင်း(6)
အပိုင်း(7)
အပိုင်း(9)
အပိုင်း(10)
အပိုင်း(11)
Hey....
အပိုင်း(12)
အပိုင်း(13)
အပိုင်း(14)
အပိုင်း(15)
အပိုင်း(16)
ဖြေရှင်းချက်
အပိုင်း(17)
အပိုင်း(18)
အပိုင်း (19)
အပိုင်း(20)
အပိုင်း(21)
အပိုင်း(22)
အပိုင်း(23)
ဖတ်ပေးကြပါ pls
အပိုင်း(24)
အပိုင်း(25)
အပိုင်း(26)
အပိုင်း(27)
အပိုင်း(28)
အပိုင်း(29)
အပိုင်း(30)
အပိုင်း(31)
အပိုင်း(32)
အပိုင်း(33)
အပိုင်း(34)
******
အပိုင်း(35)
အပိုင်း(36)
အပိုင်း(37)
အပိုင်း(38)
အပိုင်း(39)
အပိုင်း(40)
အပိုင်း(41)
အပိုင်း(42)
အပိုင်း(43)
အပိုင်း(44)
အပိုင်း(45)Final
ကျေးဇူးတင်လွှာ

အပိုင်း(8)

2.1K 134 1
Par yoonshweyeethoon

" သခင်မ... ဘာလုပ်ရမလဲဟင်''

"ဘာလုပ် ရမှာလဲ သခင်ကြီး ပြောသလို ကြိုပြင်ဆင်ထားရမှာပေါ့နင့က ဘာလုပ်ချင်သေးလို့လဲ''

"မလုပ်ချင်ပါဘူး...အခုပဲ သွားဆောင်ရွက်လိုက်ပါ့မယ်''

အစေခံ လေးထွက်သွားမှ နာရာ.ဒေါသ ပိုပေါက်ကွဲမိသည်။.သူမ နာမည်က နာရာပင် 'ချန်' မျိုးနွယ် က စစ်သူကြီးရဲ့သမီးတစ်ယောက်ဖြစ်သည်။ပြီးတော့ အခု မျိူးနွယ်စုရဲ့ခေါင်းဆောင် ဖြစ်တဲ့ ခါရူး အမျိူးသမီးလဲ ဖြစ်သည်။ သူရဲ့ဖခင်နဲ့ နာရာရဲ့ ဖခင်က သူငယ်ချင်းအရင်းကြီးတွေလဲ ဖြစ်သည်။ မျိုးနွယ်စု တိုက်ပွဲတွေဖြစ်တော့ ခါရူးရဲ့ဖခင် ကို ကယ်တင်ရင်းနဲ့ နာရာရဲ့ဖခင်က သေဆုံးသွားခဲ့ရသည်။.ဖခင်ဆုံးသွားထဲက နာရာနဲ့အမေနဲ့ကို အရင်သခင်ကြီးက ခေါ်ယူ စောင့်ရှောက်ပေးထားတာဖြစ်သည်။.ငယ်ငယ်ထဲကခါရူးနဲ့ နာရာ့ကို သဘောတူထားတာဖြစ်သည်။. နာရာ့ရဲ့အမေဆုံးသွားတော့ သခင်ကြီး ကခါရူးနဲ့လက်ဆက်ပေးပြီး ခါရူးကိုလဲ မျိူးနွယ်စုခေါင်းဆောင်အဖြစ် လွှဲပြောင်းပေးလိုက်တာဖြစ်သည်။ အာ့အချိန်ထဲက ခါရူးမှာ အမျိုးသမီးက နာရာ တစ်ယောက်ထဲ သာပင်။ ခါရူးက နာရာ့ကို ညီမလေး တစ်ယောက်လိုသာသဘောထားခဲ့တာဖြစ်သည်။ မိဘတွေရဲဆန္ဒကြောင့်သာ လက်ဆက်ခဲ့ပေမဲ့ နာရာ့ကို ဇနီးမယားအဖြစ်မသက်မှတ်သလို နာရာနဲ့လဲ အိပ်ခန်း မဝင်ပေ။ ဒါပေမဲ့ နာရာ့ကို အကုန်လိုလေ့သေးမရှိနဲ့ပြည့်စုံစွာထားခဲ့သည်။ အခုတော့ နောက်တစ်ယောက်က ရောက်လာရင် နာရာအတွက်အဆင်မပြေဖြစ်တော့မည်။

နောက်တစ်ယောက်ရှိလာရင် မျိူးနွယ်စုရဲ့ဆက်ခံသူကိုပထမဆုံးမွေးပေးတဲ့သူကသာမျိုးနွယ်ရဲ့သခင်မရာထူးကိုရမှာပင်။.နာရာ က မွေးရာပါ.သားအိမ် အားနည်းသည်။အာ့ကိစ္စကို နာရာ နဲ့အမေက လွဲရင်ဘယ်သူမှ မသိပေ။ ဆက်ခံသူ ယူဖို့အကြီးအကဲတွေကပြောပေမဲ့ ခါရူးက အမြဲ ငြင်းပယ်နေတာကြောင့် နာရာ့ကိစ္စကို ဘယ်သူမှမသိပေ။အခုချိန်ထိ နာရာ တစ်ယောက်ထဲကသာ ခါရူးရဲ့ တရားဝင်ဇနီးမယားတစ်ယောက်အဖြစ်ရှိလာခဲ့တာ နှစ်ချီနေပြီဖြစ်သလို အရာရာ နာရာ့သဘော စိတ်တိုင်းကျဖြစ်ခဲ့သည်။ဆက်ခံသူရဖို့အတွက်လဲ ဆေးတွေ​ေသာက်နေတာ မို့သားအိမ်ကအနည်းငယ်သက်သာလာပြီ အခုတော့ တခြားတစ်ယောက်က​ေရာက်လာပြီး ဆက်ခံသူကိုသာအရင်မွေးပေးလိုက်ရင် နာရာ့ရဲ့နေရာက ပျောက်တော့မှာ အသေအချာပင်။နာရာ ဘာလုပ် လို့ လုပ်ရမှန်းမသိတော့တဲ့အထိ ဒေါသထွက်နေရသည်။

မိုရာတို့ 'ချန်' မျိုးနွယ်စုကိုသွားနေတာ ခရီးတောင် အတော်ရောက်နေပြီဖြစ်သည်။ မြင်းက နှစ်ကောင်ပဲရှိတာဆိုတော့ ခါရူးက လှည်းနှစ်စီး ဝယ်ပြီး လှည်းနဲ့ပဲ ပြန်လာခဲ့ကြသည်။ မိုရာနဲခါရူးက တစ်စီး ဖြစ်ပြီး ဘီဘီကတော့ ကိုယ်ရံတော် ချန် နဲ့နှစ်ယောက်အတူ စီးရသည်။ လှည်းစီးနေရင်း မိုရာ့ရဲ့အတွေးတွေက 'ချန်' မျိုးနွယ်စုကို ရောက်ရင်သခင်လေး အန်ဒရူးကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာပင်။ သခင်လေးက မိုရာ့ရဲ့မျက်နှာကိုမြင်ဖူးတဲ့အတွက် အခုလိုသာ ပြန်ပါလာရင် ကျိန်းသေပေါက်ဒေါသထွက်မှာဖြစ်သည်။.သူ့ရဲ့ဇနီးနေရာမှာဟန်ဆောင်ထားတဲ့အပြင် ထွက်လဲ ပြေးသေးသည်။.အခုလဲ သူ့ညီငယ်ရဲ့ဇနီးမယားအနေနဲ့ ပြန်ပါလာတာသာသိရင်ဘယ်လို ဖြစ်ဦးမည်မသိ။.ဒါပေမဲ့ မိုရာက သူ့ဇနီးအဖြစ်သာ.ဟန်ဆောင်လိုက်ခဲ့ပေမဲ့ လက်ဆက်ခဲ့တာတော့မိုရာနဲ့  မဟုတ်သလိုအီရန်နဲ့လဲ မဖြစ်နိူင် ဘယ်သူ့ကို အစားထိုးထားလဲ ပြောမရ။.ပထမတော့ အီရန် လို့ပဲထင်နေတာ ဒါပေမဲ့အိီရန်က သူ့ချစ်သူ မက်သရူးနဲ့ယူလိုက်တဲ့အတွက်အီရန်တော့ မဟုတ်နိုင်။.သူ့ဘာသာ ဘယ်သူနဲ့ပဲလက်ဆက်ခဲ့ပါစေ မိုရာနဲ့မဆိုင် အခု မိုရာနဲ့သက်ဆိုင်တာက ခါရူးရဲ့မျိုးနွယ်ကို ရောက်ရင် ဘယ်လိုဖြစ်မယ်ဆိုတာပင်။သူ့ရဲ့ အရင်ယူထားတဲ့ဇနီးကရော မိုရာနဲ့အဆင်ပြေပါ့မလားမသိ။.မိုရာတွေးရင်းသက်ပြင်းသာချမိသည်။

ခါရူးတို့အပြန်ကျလှည်းနဲ့သာပြန်လာခဲ့သည်။ မြင်းစီးပြီး ပြန်ရင် မြန်တာမှန်ပေမဲ့ မိုရာနဲ့ဘီဘီ က ဒဏ်ခံနိုင်မှာမဟုတ်ပေ။.သူတို့တွေကြောင့်ပဲ မြင်းလှည်းနှစ်စီးဝယ်ပြီး ပြန်လာဖို့စဥ်းစားလိုက်တာဖြစ်၏။ အခုဆို မျိူးနွယ်စုကို ပြန်ရောက်ဖို့သိပ်မလိုတော့ပေ။.​ ဘေးမှာထိုင်နေတဲ့တစ်ယောက်ကိုကြည့်တော့ လဲ မလှုပ်မယှက်ထိုင်တေ၏။ လမ်းမှာ ခနနားတုန်းကရယ် ထမင်းစားတုန်းက ရယ်သာ ထိုင်ရာကနေထတာဖြစ်သည်။.အခုကြည့်လိုက်တော့သူ့ဘာသာ မျက်မှောင်လေးကြုံ့သွားလိုက် ခေါင်းခါလိုက် နှုတ်ခမ်းစူလာလိုက်နဲ့ဘာတွေတွေးပြီး ဘာတွေ အလိုမကျနေမှန်းမသိ။ ဒီကြားထဲ သက်ပြင်းက ချရသေးသည်။ခါရူးလဲ မနေနိုင်လို်ထုတ်မေးဖို့ပဲတွေးလိုက်သည်။

"မိုရာ..... မိုရာ.''

"ဟင်..ဘာပြောလိုက်တာလဲ''

"ဘာတွေတွေးနေတာလဲ လို့မေးလိုက်တာ ''

"တောင်းပန်ပါတယ် မိုရာ အတွေးလွန်သွားလို့''

တကယ်တော့ မိုရာ မျိုးနွယ်စုရောက်ရင် ဘယ်လို အာ့က လူတွေနဲ့ဘယ်လိုဆက်ဆံရမလဲဆိုတာတွေးနေတာပင်။ အာ့အချိန်မှာသူ ကခေါ်နေတာဖြစ်လောက်မည်။.နောက်ဆုံး မိုရာ့နာမည်ကို ကျယ်ကျယ်ခေါ်လိုက်မှပဲ မိုရာ အသိဝင်တော့သည်။

"အင်း..အာ့အတွေးလွန်နေတာ ဘာအကြောင်းမို့လို့လဲ''

"ဟိုလေ မျိုးနွယ် ကိုရောက်ရင် ခါရူးရဲ့အကိုနဲ့ဘယ်လို ရင်ဆိုင်ရမလဲတွေးပူနေတာပါ ခါရူးလဲသိတဲ့အတိုင်းပဲလေ မိုရာက သူ့အပေါ်အမှားလုပ်ထားတဲအအပြင်အခုသူ့ညီနဲ့ပါ.ယူဦးမှာဆိုတော့ မိုရာ တွေးမရဘူး ဖြစ်နေတာ''

"ဘာမှ မဖြစ်ပါဘူးကိုယ်တစ်ယောက်လုံးပါတယ် အကိုကြီး က မင်းကို ဘာမှ မလုပ်စေရဘူး စိတ်ချ ပြီးတော့မိုရာပဲ ပြောထားတယ်လေ လက်ဆက်ပွဲမှာ မိုရာ မဟုဘူး ဆိူ မျိူးနွယ်ဆီပြန်ခါနီးကျမှ လူချင်းလဲ ပြီး လှည်းပေါ်တင်ပေးလိုက်တာဆို မဟုဘူးလားအာ့လို''

"ဟုပါတယ် မိုရာက လှည်းပေါ်တက်ခါနီးကျမှ လူချင်းလဲ ပြီးလိုက်လာရတာ''

"အင်း လေအာ့တာဆို ဘာမှမစိူးရိမ်နဲ့နော် ဘာပဲ ဖြစ်ဖြစ် မိုရာနဲ့သူက ဘာမှမပက်သက်ဘူး လေ ဟုတ်ပြီလား ကိုယ့်ကိုယုံတယ်မလား''

ခါရူးကပြောပြီး မိုရာ့ရဲ့လက်ကို ဆုပ်ကိုင်လာသည်။သူ့လက်နဲ့ဆုပ်ကိုင်လိူက်တော့မိုရာရဲ့စိတ်ပူပန်မှူတွေကချက်ချင်းပျောက်သွားပြီးလုံခြုံမှုကိုခံစားလ်ိုက်ရသည်။.သူပြောသလို သူ့ကိုအပြည့်အဝယုံကြည်ပေးဖို့မိုရာဆုံးဖြတ်လိုက်သည်။ခါရူးရဲ့ စကားတွေကြောင့် မိုရာ စိတ်ချသွားရသည်။

ခါရူးက လှည်းမောင်းပြီး မိုရာကဘေးက ထိုင်လိုက်ရင်းရှုခင်းတွေကိုသာလိုက်ကြည့် နေလိုက်သည်။ အိပ်ချင်ရင်အထဲဝင်အိပ်လို့ပြောပေမဲ့ ခါရူးက တောက်လျှောက် လှည်းမောင်းနေရပြီး မိုရာကအဆင်သင့်အိပ်လိုက်နေလို့မသင့်တော်ပေ။.အာ့တာကြောင့် ခါရူးဘေးနားမှာ နေပြီး.သူမပျင်းရလေအောင် စကားပြောပေးနေပေမဲ့တဖြည်းဖြည်းနဲ့မိုရာ အိပ်ငိုက်လာသည်။

မိုရာက ခါရူး ဘေးမှာ စကားတွေပြောလိုက် လမ်းတစ်လျှောက်က ရှုခင်းတွေကိုလိုက်ကြည့်ပြီး ထူးဆန်းတာ တစ်ခုခုကို မြင်ရင် ပြောပြနေသည်။ ဝင်အိပ်ပါဆိုလဲ ပြောမရ။.လှည်းက အထဲက လူအိပ်လို့ရတဲ့အဆင့်လေး ပါသည်။ အာ့တာကို မအိပ်ချင်ပူးပြောပြီး အနားမှာလာထိုင်နေသည်။.ပထမတော့အိပ်ချင်စ်ိတ်ကိုထိန်းပြီးစကားတွေမမောနိုင်မပန်းနိုင်အောင်ပြောနေပေမဲ့ ကြာလာတော့ ငိုက်လာသည်။ ခါရူးလဲ ပြုတ်ကျမှာစိူးလို့ လှည်းကို ခနရပ်ပြီး မိုရာ့ကို အထဲကို ရွှေ့ပေးလိုက်ပြီး စျေးတန်းထဲက ဝယ်လာတဲ့ခြုံထည်ပါးလေးကိုလွှာခြုံပေးလိုက်သည်။ ခါရူးတို့လှည်းကရှေ့ကသွားတာဆိူတော့ လှည်းရပ်လိုက်တာနဲ့ ချန် ကပါ.သူ့ရဲ့လှည်းကိုရပ်လိုက်ရသည်။ပြီးတော့ခါရူးဆီကိုလျှောက်လာသည်။

"သခင်ကြီး... ဒီတညတော့ ဒီနားမှာ နားရမယ်ထင်တယ်မှောင်လာပြီဆိုတော့ ဆက်သွားလို့ အဆင်မပြေလောက်ဘူး ''

"အင်း ​တည်းခိုလို့ရမဲ့အ ဆောင်ကိုအရင်ရှာလိုက်မယ် အာ့ရောက်မှ တည်း့ ကြတာပေါ့။''

"ဒီနေရာ ကနယ်စပ်ကြားဆိုတော့ ရွာမရှိဘူး သခင်ကြီး မှောင်လဲမှောင်လာတော့ လှည်းဆက်သွားရင်အဆင်မပြေလောက်ဘူး အာ့တာကြောင့် ဒီနေရာမှာ နားမှဖြစ်မှာ ''

ချန် ပြောတာလဲ ဟုတော့ဟုသည်။.မှောင်လာရင်လှည်းကဆက်မောင်းလို့အဆင်မပြေ အနီးအနားကြည့်တော့လဲ ရွာဆိုတာမမြင်ရတော့ ဒီနေရာပဲ နားမှ ဖြစ်လိမ့်မည် ။

"အာ့တာဆို ပတ်ဝန်းကျင်တစ်ဝိုက်ကို လျှောက်ကြည့်လိုက်ဦး လုံခြုံမှုရှိမရှိကို''

"ဟုကဲ့ သခင်ကြီး ''

ခါရူးလဲ လှည်းပေါ်က ဆင်းပြီး အနီးအနားကို ပတ်ကြည့်လိုက်သည်။ အနားမှာ သစ်ပင်ကလွဲရင်ကျန်တဲ့အန္တာရယ်အရိပ်အယောင်ဘာမှ မမြင်ရပေ။.ခနနေတော့ချန်ကပြန်ရောက်လာသည်။

"သခင်ကြီး ဒီနေရာက စိတ်ချရပါတယ် သခင်ကြီး အနားယူလိုက်ပါ ကျွန်တော်စောင့်ပါ့မယ်''

"မင်းလဲ နားလိုက်ပါ တနေကုန်လှည်းမောင်းလာရတာပင်ပန်းမှာပေါ့ ''

"ဒါပေမဲ့....''

"ချန် ငါ့ရဲ့အမိန့်ကိုလွန်ဆန်နေတာလား''

"မဟုတ်ရပါဘူး သခင်ကြီး ကျွန်တော် အခုပဲနားလိုက်ပါ့မယ်''

"အင်းတစ်ခုခုထူးရင် ငါ့ကိုလာခေါ်လှည့်''

"ဟုတ်ကဲ့''

ချန်လဲ သခင်ကြီး ကနားလို့ပြောတော့လှည်းပေါ်ပဲ ပြန်လာခဲ့လိုက်သည်။အထဲဝင်ဖို့ကတော့မသင့်တော်ပါ ။သူက ဒွိလိင်ဖြစ်တဲ့အပြင် ပိုင်ရှင်မရှိသေးတဲ့လူပျိုပင် အတူတူနေဖို့မသင့်တော်ပေ။အာ့တော့ လှည်းအပြင်မှာပဲ ထိုင်နေလိုက်သည်။

"ဟို....''

ချန် ထိုင်နေရင်း အသံကြားလို့လှည့်ကြည့်မိတော့ ဘီဘီ ဖြစ်နေသည်။.သူ့ပုံစံက တစ်ခူခုကိုပြောဖို့တွန့်ဆုတ်နေသလိုပင်။

"ဘာပြောမလို့လဲ ဘီဘီ''

"လှည်းထဲမှာလာနေပါ့လား အပြင်မှာဆိုအေးတယ်လေ''

"ရပါတယ် အဆင်ပြေပါတယ် မင်းသာအထဲမှာပဲနေပါ''

"ဟိုလေ..ကျွန်တော့်ကို အားမနာပါနဲ့ ကျွန်တော်တို့မျိူးနွယ်မှာဆိုလဲ ဒီလိုပဲစုအိပ်ကြရတာ.ကျွန်တော်အဆင်ပြေပါတယ်''

သြော်ဒီကောင်လေးကတော့သူတို့မျိူးနွယ်မှာအတူတူစုအိပ်ကြတာ ဒွီတွေကြီးပဲလေ အခုက ကိုယ်ကယောကျာ်းတစ်ယောက်ဆိုတော့ အဆင်မပြေတာသူနားလည်အောင် ဘယ်လို ရှင်းပြရမလဲကိုမသိတာ။

"ဟူးးး မင်းက ဒွိလိင် လေ ငါနဲ့အတူတူ နေဖို့မသင့်တော်ဘူး''

"ရပါတယ် အထဲမှာ ကျယ်ပါတယ် နေရာက ကျွန်တော် လဲ အဆင်ပြေပါတယ် ''

"အင်း ပြီးရောလေ''

ချန်က ငြင်းနေပေမဲ့သူကအဆင်ပြေတယ်ဆိုတော့လဲ အထဲကိုသာဝင်ပြီးအတူတူနေလိုက်သည်။.လှည်းကလဲသူ​ပြောသလို ကျယ်တော့ နေရတာမကျည်းကျပ်ပေ။ချန်လဲ တနေကုန်ပင်ပန်းပြီးညောင်းချိနေတာဆိုတော့ အိပ်လိုက်သည်။

မိုရာ ရင်တုန်နေသည်။အခုဆိူ မျိူးနွယ်ကိုရောက်ပြီဖြစ်သည်။ ခါရူးက မကြောက်ဖို့ပြောပေမဲ့မိုရာက မကြောက်ပဲ မနေနိုင်။သူအနားမှာရှိနေတော့ နည်းနည်း အဆင်ပြေသည်။

"မိုရာ...လာကို့လက်ကိုတွဲ ဘာမှ မစိုးရိမ်နဲ့ ကိုယ်ရှိတယ် ''

မိုရာလဲ ခါရူးလက်ကိုဆွဲပြီးလှည်းထဲကနေထွက်လိုက်သည်။အခုက အစောကြီး ရှိသေးတော့ ဘယ်သူမှထွက်ကြိုနေတာမတွေ့ရပေ။.မိုရာတို့က စောတာလဲပါမည်။ခါရူးက သူ့အဆောင်လို့ ထင်ရတဲ့နေရာကို ခေါ်သွားပေးသည်။

"မိုရာ အိပ်ချင်ရင် အိပ်လိုက် အစောကြီး ရှိသေးတယ်''

"ဟင် ခါရူးကရော ဘယ်ကိုလဲ''

"ကိုယ်က ဟိုဘက် အဆောင်မှာသွားအိပ်မယ်လေ မိုရာနဲ့ကိုယ်က ခုထိလက်မဆက်ရသေးတော့အတူတူအိပ်ဖို့မသင့်တော်ဘူး''

ဟုတ်သားပဲ မိုရာ က သူတနေရာကိုသွားနေတုန်းတစ်ယောက်ယောက်ရောက်လာမှာကို စိတ်ပူနေတာနဲ့စကားက လောသွားသည်။သူပြောလိုက်မှ အသိဝင်ပြီး ရှက်တောင်လာသည်။

"ကဲ ကိုယ်သွားမယ် စိတ်ချလက်ချအိပ် ဟုတ်ပြီလား''

ခါရူးကပြောပြီးထွက်သွားတော့ မိုရာလဲအိပ်ဖို့ပြင်လိုက်သည်။ ဘယ်လောက်ပဲလှည်းပေါ်မှာအိပ်လာတယ်ပြောပါစေ။အိပ်ရာလောက်တော့အဆင်မပြေပေ။အခုတော့အိပ်ရေးဝအောင်အိပ်ပြီး အားမွေးထားရမည်။ မနက်ခင်းလင်းရင် ဘယ်လိုတွေဖြစ်လာဦးမယ်ဆိူတာမသိတဲ့အတွက် ရင်ဆိုင်နိုင်ဖိူ့ အားရှိရန်လိုသည်။.ဘီဘီ့ကိုတော့ ချန်က ခေါ်သွားပေးမယ်ဆိုလို့ မိုရာလဲ စိတ်ချလက်ချ ထည့်ပေးလိုက်သည်။.မိုရာနဲ့ ခါရူးနဲ့လက်ဆက်ပြီးရင်တော့ မိုရာနဲ့ပဲအတူတူ ပြန်ခေါ်ထားမည်။'ချန်' မျိိူးနွယ်က ကျယ်ပြန့်သည်။.အိပ်ဆောင်တွေကလဲ တခြားမျိုးနွယ်နဲ့မတူပဲ ကြီးလွန်းသည်။.အစေခံတွေအိပ်ဖို့အခန်းပါ သီးသန့် ထည့်ဆောက်ထားကြသည်။.ကိုယ့်အိပ်ဆောင်ထဲမှာပဲ မီးဖိုဆောင်ရော ရေချိူးဆောင်ပါရှိတော့အဆင်​ပြေသည်။ 'အီ' မျိုးနွယ် မှာတုန်းက စားဖိုဆောင်ကသက်သက်ဆိုတော့ မိုရာတို့ အတွက်အစားအစာသွားယူရင် ဘယ်တော့မှ အသာတကြည်မပေးပေ။ပေးပြန်ရင်လဲမကောင်းတဲ့အစားအစာတွေနဲ့သူများရဲ့အကြွင်းအကျန်ကိုသာရသည်။.အခုလို.သက်သက်ပါတော့ အရင်လို အငတ်ခံရမည်ကို.မစိုးရိမ်ရတော့ပေ။.ကိုယ့်အဆောင်မှာပဲ အကုန်လုပ်လို့ရတော့ ခါရူးရဲ့ အရင်ဇနီးနဲ့လဲ ပြသနာတက်စရာအကြောင်းမရှိတော့ပေ။ မိုရာလဲ အတွေးစကို ဖြတ်ပြီး အိပ်ဖို့ပဲ တွေးပြီး အခန်းထဲကိုဝင်ခဲ့လိုက် တော့သည်။

....................................

Yoon

Continuer la Lecture

Vous Aimerez Aussi

134K 15.7K 96
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
4.8K 497 5
ChanBaek (For 614 day)
40.4K 2.9K 4
ခင်ဗျားဟာ အရာအားလုံးနဲ့ လဲပစ်လိုက်ဖို့ ထိုက်တန်ပြီးသား.......
2.3K 114 7
ဖတ်ရတာ ရှုပ်မှာစိုးတဲ့အတွက် Zawgyi နဲ့ Unicode ကို တစ်အုပ်စီ ခွဲထားပါတယ်နော် Writer - Xiao Lian Mo (Original screenplay by Zhou Mo) Episode - 163 En...