ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ...

By jellyflower1

28.9K 3.1K 15

Male Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင... More

အညွှန်း
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အခန်း(၁၇)
Announcement
အခန်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
ပိတ်ရက်မှာ စာဖတ်ရင်း နားမယ်ဆိုရင်
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အခန်း(၃၆)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
Gpအသစ် ဖွင့်ခြင်း
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
VIP Gp3 အသစ် memberလက်ခံပေးနေပါပြီ
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အထူးလျှော့ဈေးဗျို့ လက်မလွှတ်သင့်ဘူးနော်
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
Gp 4 ဝယ်ယူနိုင်ပါပြီ
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
စာစဉ်(၁၅) အပိုင်း(၂၁၁ မှ ၂၂၅ အထိ)
အပိုင်း(၉၆)

အခန်း(၃၇)

275 36 0
By jellyflower1

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၇)

"သူဌေးယွမ် ခင်ဗျား အခုမှဆိုင်ဖွင့်တာလား။ မနက်ခင်းက ဘာလို့ ဆိုင်မဖွင့်ရတာလဲ။ ခင်ဗျား ဒီမနက်ပိုင်းကို ဆိုင်မဖွင့်ဘူးဆိုတော့ ရှောင်လုံပေါင်းကို မှာလို့ ရပါ့မလား" သူဌေးယွမ်က ဘာမှမပြောခင် များစွာသော လူအုပ်ကြီးသည် စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာသည်။ သူတို့သိလိုသော မေးခွန်းကို တစ်ပြိုင်နက်တည်း မေးမြန်းကြသည်။

"အချစ်ကလေး၊ အထဲမှာ သွားထိုင်ကြမယ်" ဝူကျိုးက သူ့ကောင်မလေးလက်ကို ဆွဲလိုက်ပြီး စားပွဲခုံအစွန်းဖက်မှာရှိသော ထိုင်ခုံ၂ခုံစီ သွားသည်။

"ဒီဆိုင်က တကယ့်ကို သေးသေးလေးပဲ။ ထိုင်ခုံ ၈ခုံပဲ ရှိတယ်" ကျွမ်းရှင်းမူက စားသောက်ဆိုင်ထဲ ဝင်ရောက်လိုက်သောအခါ စားသောက်ဆိုင်ကို အကဲခတ်လိုက်သည်။ သူမ၏စိတ်ထဲ စကားလုံး၃လုံးသာ ဖော်ပြနေသည်။ သေးငယ်သော၊ရိုးရှင်းသော၊သာမန်မျှသာဖြစ်သော စကားလုံးဖြစ်သည်။

နံရံပေါ်မှာ ရေးထိုးထားသော ဟင်းပွဲဈေးနှုန်းများကို သတိပြုမိသောအခါ သာမန်ထက်လွန်ကဲသည့် ဈေးနှုန်းသတ်မှတ်ခြင်းကို လက်သင့်မခံနိုင်ချေ။ သူဌေးက သူ့ဆိုင်သေးသေးလေးကို ကြယ်အဆင့်ရှိသောဟိုတယ်၏ စားသောက်ဆိုင်ဟု ယူဆနေသနည်း။

ကြက်ဥထမင်းကြော်တစ်ပွဲကို ၁၈၈ယွမ် နှင့် အစုံလိုက် ကြက်ဥထမင်းကြော်တစ်ပွဲက ၂၈၈ယွမ် ဖြစ်သည်။ ကျွမ်းရှင်းမူသည် လောဘကြီးလွန်းပြီး ကောက်ကျစ်စဉ်းလဲ‌သော သူဌေး၏မျက်နှာကို တံထွေးဖြင့် ထွေးချင်စိတ်ပင် ဖြစ်ပေါ်လာသည်။

သူမက အံကြိတ်လိုက်ပြီး ဝူကျိုး၏လက်မောင်းကို ခပ်နာနာလေး လိမ်ဆွဲလိုက်သည်။

"ရှင် ဒီစားသောက်ဆိုင်မှာ ခဏခဏ လာစားတာလား" သူမ၏အပြုအမူက ဝူကျိုးဖက်မှ သဘောတူလိုက်လျှင်
အကြမ်းဖက်မည့် သဘောရှိသည်။

"အချစ်ကလေး၊ အရင်ဆုံး မြည်းကြည့်ပါဦး။ ဒီအရသာကို မြည်းစမ်းကြည့်ပြီးမှ ကိုယ် ပြောတာကို မင်း နားလည်သွားလိမ့်မယ်။ ကိုယ့်ကို ယုံကြည်လိုက်ပါ"

ဝူကျိုးက သူမ နားလည်အောင် ရှင်းပြသည့်တိုင် အကျိုးအကြောင်းဆီလျော်မှုမရှိသော ဟင်းပွဲဈေးနှုန်းကြောင့် လက်သင့်မခံနိုင်မှန်း သူသိသည်။ သူမကို အရင်ဆုံး ဖျောင်းဖျကြည့်ရမည်။ သူမက ကြက်ဥထမင်းကြော်ကို တစ်ဇွန်းစားကြည့်ပင်လျှင် သူ့ပြောသည့် စကားကို သေချာပေါက်လက်ခံသွားလိမ့်မည်။

"ဟွန့် ရှင်ပြောသလောက်ရော အရသာ ကောင်းပါ့မလား" ကျွမ်းရှင်းမူက နှာခေါင်းရှုံ့လိုက်ပြီးနောက် ဝူကျိုးကို ခဏ လွှတ်ပေးလိုက်သည်။ ကျွမ်းရှင်းမူက အများရှေ့မှာ သူမ၏ချစ်သူကို ရိုသေလေးစားစွာ ဆက်ဆံတတ်သော်လည်း အိမ်ပြန်ရောက်သည့်အခါ သူ့ကို နှိပ်စက်မည်ဟု ဆုံးဖြတ်ထားသည်။ ဤစားသောက်ဆိုင်နှင့် ပတ်သက်၍ ကောင်းသောထင်မြင်ယူဆချက်မျိုး သူမ မှာ မရှိပေ။

ယွမ်ကျိုးက သူတို့မေးမြန်းသောမေးခွန်းများကို မဖြေသည့်တိုင် မေးခွန်းတစ်ခုကိုသာ ဖြေဆိုလိုက်သည်။

"မနက်က ဆိုင်မဖွင့်ရတဲ့အကြောင်းအရင်းက ငါ အိပ်ပျော်သွားလို့ပဲ"

"သူဌေးယွမ်၊ ခင်ဗျား ခုလိုမျိုး
လုပ်တာက ဖောက်သည်တွေ ဆုံးရှုံးနိုင်တယ်ဆိုတာ သိရဲ့လား။ ဒီလိုလုပ်ရပ်မျိုးက မှန်ကန်မှု မရှိဘူးဆိုတာကိုရော သိရဲ့လား။ ခင်ဗျား စီးပွားရေးလုပ်တယ်ဆိုတာ သေချာလုပ်ဖို့ လိုအပ်တယ်လေ။ မနက်စောစောထပြီးတော့ ဆိုင်ဖွင့်သင့်တာပေါ့" တချို့သော စားသုံးသူ ဖောက်သည်များက ခဏနှုတ်ဆိတ်သွားသော်လည်း တစ်ပြိုင်နက်တည်း မကျေမနပ် ပြောဆိုလာကြသည်။

"ဒီနေ့ ခင်ဗျားတို့ ဘာစားချင်လဲ" ယွမ်ကျိုးက သူတို့ပြောဆိုနေသည်ကို မကြားချင်ယောင်ဆောင်ပြီး စကားလမ်းကြောင်းလွှဲသည်။

"သူဌေးယွမ်၊ ခင်ဗျား တအားလွန်တယ်နော်။ ကျွန်တော်ရဲ့နာကျင်နေတဲ့နှလုံးသားကို ချွေးသိပ်ဖို့အတွက် ကြက်ဥထမင်းကြော်၂ပွဲ လိုချင်တယ်"

လူအများစုက ယွမ်ကျိုး ဂရုမစိုက်မှန်း သဘောပေါက်၍ တောင်းဆိုမှုများကို လုပ်ဆောင်ကြသည်။ ယခင်က လေးနက်သောအပြုအမူများသည် ကြက်ဥထမင်းကြော်အပိုရရှိရန် ဟန်ဆောင်နေရုံမျှသာ ဖြစ်သည်။

ကျွမ်းရှင်းမူက အခြေအနေတစ်ရပ်လုံးကို စောင့်ကြည့်ပြီး ယွမ်ကျိုးအပေါ်ထားရှိသောအမြင်က ပို၍ ဆိုးရွားလာသည်။ အခြားတစ်ဖက်တွင်မူ သူမ သိချင်စိတ်ရှိလာသည်။ အံ့ဩစရာကောင်းလောက်အောင် တခြားဖောက်သည်များက ကြက်ဥထမင်းကြော်နောက်တစ်ပွဲ ထပ်ပေးရန် တောင်းဆိုနေကြသည်။ ဤအပြုအမူက မယုံကြည်စရာကောင်းသည်ဟု ခံစားမိသည်။

"မရပါဘူး" ယွမ်ကျိုးက အညှာအတာကင်းမဲ့စွာ ထပ်မံ ငြင်းဆန်ပစ်သည်။

"တခြားစားသုံး‌သူတွေက အပြင်ဘက်မှာ ထိုင်ခုံရဖို့ စောင့်နေသေးတယ်" တချို့သောလူများက ယွမ်ကျိုးကို မကျေမနပ်ငေးကြည့်နေကြသည်။ သူတို့၏မျက်ဝန်းတွင် စကားတချို့ကို ဖော်ပြနေသည်။

'ခင်ဗျား ရက်စက်တယ်။ အရှက်မဲ့တယ်။ ကျိုးကြောင်းဆီလျော်မှု မရှိဘူး'

သို့တိုင် ယွမ်ကျိုး၏မျက်နှာက အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိပေ။ ယခင်အတိုင်း တည်ငြိမ်နေသည်။

"အစုံလိုက် ကြက်ဥထမင်းကြော်ပေးပါ" ဤလူအားလုံးက ယွမ်ကျိုး၏ပုံမှန်မျက်နှာထားကြောင့် အရှုံးပေးလိုက်ကျပီး သူတို့ မှာယူလိုသောအစားအသောက်များကို စတင်မှာယူကြသည်။

"သူဌေးယွမ်၊ ကျွန်တော်တို့ကို အစုံလိုက်ကြက်ဥထမင်းကြော်(၂)ပွဲပေးပါ" ယွမ်ကျိုးက ဝူကျိုးကို တချက်လှမ်းကြည့်လိုက်သောအခါ ဝူကျိုးက အော်ဒါ မှာလိုက်သည်။ ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီးတော့ ဟင်းလျာပြင်ဆင်မှုကို စတင်သည်။

"ကြက်ဥထမင်းကြော်ဆို အဆင်ပြေပြီလေ။ အစုံလိုက်ပွဲက ယွမ်၁၀၀ပိုများတယ်လေ" ကျွမ်းရှင်းမူက မကျေမနပ်ဖြင့် ပြောသည်။

"ကိစ္စမရှိဘူး။ အစုံလိုက်ကြက်ဥထမင်းကြော်မှာပါတဲ့ ဟင်းတစ်ပွဲချင်းစီတိုင်းက လက်ဖျားခါလောက်အောင် ကောင်းတယ်။ ပြီးတော့ ဟင်းချိုလဲပါတယ်လေ။ ချစ်လေးက ဟင်းချိုသောက်ရတာ ကြိုက်တယ်မဟုတ်ဘူးလား" ဝူကျိုးက သူ့ကောင်မလေး၏ လက်ကို ကိုင်လိုက်ပြီး ခဏအတွင်းမှာ ပြတ်ပြတ်သားသား ပြန်ပြောသည်။

"ကိုယ့်ရဲ့ဟင်းချို မင်းကို ပေးမယ်လေ"

"ရှင့်ပုံစံကို ကြည့်ရတာ  ဟင်းချိုတစ်ခွက်ပေးရတာကို ရှင့်ခန္ဓာကိုယ်က အသားတွေလှီးပေးလိုက်ရတဲ့ပုံစံနဲ့ တူနေတယ်နော်" ကျွမ်းရှင်းမူက သူ့လက်ကို မပျော်မရွှင် ခါထုတ်လိုက်သည်။

"အွန်း၊ ခဏနေရင် ချစ်လေး နားလည်သွားမှာပါ"

"အားလုံးပဲ သုံးဆောင်လို့ ရပါပြီ" ယွမ်ကျိုးက အစုံလိုက်ကြက်ဥထမင်းကြော်(၈)ပွဲကို
နေရာချထားပေးလိုက်သည်။ စားသုံးသူဖောက်သည်များကို စကားပြောသည်။

"ကျေးဇူးတင်ပါတယ် သူဌေးယွမ်။ ဒါက ကျွန်တော့်ကောင်မလေးပါ" ပထမဦးဆုံးရောက်ရှိလာသော ကြက်ဥထမင်းကြော်ကို သူ့ကောင်မလေးအား အရင်ဆုံး ပေးလိုက်ပြီး ယွမ်ကျိုးကို ဝင့်ကြွားစွာဖြင့် သူ့ကောင်မလေးနှင့် မိတ်ဆက်ပေးသည်။

ယွမ်ကျိုး၏တုံ့ပြန်မှုက  တည်ငြိမ်သောအမူအရာဖြင့်
ခေါင်းညိတ်ရုံသာ ဖြစ်သည်။ ကျွမ်းရှင်းမူက မျက်မှောင်ကြုတ်သော အမူအရာဖြင့် ကြက်ဥထမင်းကြော်ကို ကြည့်လိုက်ပြီး ကြက်ဥထမင်းကြော်တွင် ကြက်ဥပင် မမြင်ရပေ။

ကြက်ဥထမင်းကြော်တွင် အသုံးပြုသောထမင်းများက ရွှေရောင်သန်းနေသော်လည်း ကြက်သွန်မြိတ်၊ ဝက်ပေါင်ခြောက်ကိုပင် မမြင်တွေ့ရပေ။ ဟင်းချိုခွက်ကလည်း အရမ်းကို သေးလွန်းပြီး ရေမှော်ဖတ် ၂ဖတ်၊ ၃ဖတ်လောက်ကိုသာ မြင်တွေ့ရသည်။ မုန်လာချဉ်ကလည်း နည်းနည်းလေး ပါသည်။

ထည့်ထားသော မုန်လာချဉ်ကလည်း နည်းပါးသည့်အပြင် မုန်လာဖတ်အရေအတွက်ကိုပင် ရေတွက်နိုင်သည်။ ထမင်းတစ်မျိုးတည်းပါပြီး ကြက်ဥမပါသော နာမည်ကြီး ကြက်ဥထမင်းကြော်ကို ပထမဦးဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

"ချစ်လေး၊ ဒါက မင်းအတွက် ဟင်းပွဲလေ။ နောက်ပြီးတော့ ကိုယ့်ရဲ့ဟင်းချိုကို မင်းကိုပေးမယ်" ဝူကျိုးက သူလက်ခံရရှိသော အစုံလိုက်ကြက်ဥထမင်းကြော်ကို ရယူပြီးနောက် ရေမှော်ဟင်းချိုကို သူ့ကောင်မလေးအား ပေးလိုက်သည်။ သူမက သူ့ကောင်လေး၏ကြင်နာမှုကို ငြင်းဆန်လေ့မရှိဘဲ လက်ခံလေ့ရှိသည်။ ထို့ကြောင့် ရေမှော်ဟင်းချိုကို လက်ခံယူလိုက်သည်။

ဝူကျိုးက သူ့ကောင်မလေး ရေမှော်ဟင်းချိုကို သောက်ရန် တုံ့ဆိုင်းနေသည်ကို မြင်တွေ့ရသောအခါ စကားလှမ်းပြောသည်။

"ချစ်လေး၊ မြန်မြန် သောက်ကြည့်လေ။ တကယ့်ကို အရသာရှိတယ်"

"ကောင်းပါပြီ" ကျွမ်းရှင်းမူက
သဘောတူလိုက်ပြီး ဇွန်းအပြည့် ဟင်းချိုကို ခပ်ကာ သူ့ပါးစပ်ထဲ ထည့်လိုက်သည်။

ကြက်ဥထမင်းကြော်၏အရသာနှင့် ရေမှော်ဟင်းချို၏အရသာသည် ကျွမ်းရှင်းမူ၏ခံတွင်းထဲ ပျံ့လွင့်သွားသည်။ ကျွမ်းရှင်းမူသည် ဟင်းချက်ကောင်းသူတစ်ယောက် မဟုတ်ပေ။ သို့တိုင် အချိန်ပိုဆင်းလေ့ရှိသော သူ့ကောင်လေးအတွက် လိုအပ်သော အာဟာရဓာတ်များကို ပံ့ပိုးပေးချင်သောကြောင့် ဟင်းလျာ၏အာဟာရဓာတ်များကို လေ့လာထားသည်။ ထို့ကြောင့်လည်း ရွှေရောင်ကြက်ဥထမင်းကြော်တွင် ကြက်ဥမပါရှိခြင်းကို သတိပြုမိခြင်းဖြစ်သည်။

"အရသာရှိတယ်။ တကယ့်ကို အရသာရှိတယ်" ကျွမ်းရှင်းမူသည် သူ့ဘဝတစ်သက်တာလုံး စားသုံးခဲ့ရသော ကြက်ဥထမင်းကြော်သည် အတုအယောင်ဖြစ်သည်ဟု ခံစားမိလာသည်။ ယခု သူမ စားသုံးရသော ကြက်ဥထမင်းကြော်သည် နတ်ဘုရားအဆင့်ရှိသည်ဟု သတ်မှတ်ခဲ့သည်။

ကျွမ်းရှင်းမူ၏အမြင်သည် မှန်ကန်ခဲ့သည်။ ဤကြက်ဥထမင်းကြော်သည် တကယ်တမ်း နတ်ဘုရားအဆင့်ကြက်ဥထမင်းကြော် ဖြစ်သည်။

သူမနှစ်သက်သော ရေမှော်ဟင်းချိုလည်း ပါဝင်၍ အကြိုက်တွေ့နေသည်။ ရေမှော်ဟင်းချိုကို တစ်ငုံသောက်ပြီးနောက် သူ့ကောင်လေးက ရေမှော်ဟင်းချိုကို ပေးရန် အင်တင်တင်ဖြစ်နေရသည့် အကြောင်းအရင်းကို  နားလည်သွားသည်။ သူမကလည်း ဟင်းချိုတစ်စက်ကိုပင် အလဟဿမဖြစ်လိုပေ။ ဟင်းချိုနောက်တစ်ခွက် သောက်ရမည်ဟု တွေးမိသောအခါ ပျော်ရွှင်သောခံစားချက်များ လွှမ်းမိုးသွားသည်။ ရေမှော်ဟင်းချိုသောက်ခြင်းနှင့် ကြက်ဥထမင်းကြော်စားခြင်းကို လုပ်ဆောင်ပြီးနောက် မုန်လာချဉ်ကို မြည်းစမ်းလိုက်သည်။ မျှော်မှန်းထားသည့်အတိုင်း အရသာရှိနေသည်။

ကျွမ်းရှင်းမူက အစုံလိုက်ကြက်ဥထမင်းကြော်ကို စားပြီးနောက် သူ့ကောင်လေး၏ရေမှော်ဟင်းချိုနှင့် မုန်လာချဉ်ကို မြည်းစမ်းကြည့်သောအခါ သူ့ကောင်လေးက သူ့ကို ဂရုအစိုက်ဆုံးဟု ခံစားမိလာသည်။ အရသာရှိသောဟင်းလျာများကိုပင် သူမအား လိုလိုလားလား ပေးလိုက်သေးသည်။

"နောက်လက စပြီးတော့ ရှင့်တစ်လစာအသုံးစရိတ်အတွက် ယွမ်၄၀၀၀ယူလိုက်။ 
ဒီဆိုင်မှာ ကောင်းကောင်းဝယ်စား"

"ဒါပေမယ့် ကိုယ်တို့ မင်္ဂလာဆောင်အတွက် တိုက်ခန်းဝယ်ရအုံးမယ်လေ" ဝူကျိုးက အစပိုင်းတွင် ပျော်ရွှင်သွားသော်လည်း တခြားသော ကိစ္စရပ်ကို တွေးမိသောအခါ တုံ့ဆိုင်းစွာဖြင့် မေးမိသည်။

"ကိစ္စမရှိဘူး။ ကျွန်မတို့က ငယ်သေးတာဘဲ။ အချိန်တွေ အများကြီး ရှိသေးတယ်" ဝူကျိုးရဲ့လက်ကို ကိုင်ပြီးတော့ ချစ်ကြည်နူးစွာ ပြန်ပြောသည်။

"ကောင်းပြီလေ။ ကိုယ့်ကို စောင့်ပေးလို့ အရမ်းကို ကျေးဇူးတင်ပါတယ်" ဝူကျိုးသည် အရမ်းကို စိတ်လှုပ်ရှားသွားသောကြောင့် ကောင်မလေးကို ဖက်လိုက်သည်။

"ကိစ္စမရှိပါဘူး။ နောက်တစ်ခေါက်ဆိုရင်လည်း ကျွန်မကို ရှင့်ရဲ့ဟင်းချိုကို ပေးရမယ်နော်" ကျွမ်းရှင်းမူက မြေခွေးမလေးအမူအရာဖြင့် ပြုံးလိုက်သည်။ တခြားကောင်မလေးတစ်ယောက်ကလည်း ယွမ်ကျိုး၏ဟင်းချက်စွမ်းရည်ကို သဘောကျ နှစ်ခြိုက်သွားသည်။ တစ်နည်းဆိုသော် သာမန်ထက် လွန်ကဲသော ဟင်းချက်စွမ်းရည်ဖြင့် ကောင်မလေးကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အပိုင်း(၃၇)

ပြီးပါပြီ။

Continue Reading

You'll Also Like

594 87 21
🤎Dazai & Chuuya Fan-fiction🖤 All pictures are not my own, from pinterest and fully credits to the right owners.🤍 Starting date 31.10.21 Ending dat...
9.4K 163 10
Satoru Gojo and Y/n have been married for four years. Both of them are busy sorcerers with hectic schedules, so they rarely spend time together, go o...
5.9K 246 87
☆ - Whatever tf happens in my life. Save so you never miss an update !! ☆ - None of the art I repost are never mine , lmaoo !!
12.6K 1.2K 53
ရီပင်းဆိုတဲ့လူငယ်လေးက ဒီဘက်ခေတ်ကနေ ကျင့်ကြံခြင်းလောကထဲရောက်ခဲ့တယ်။ ဒါမဲ့အဲ့လူငယ်လေးက ကျင့်ကြံခြင်းလောကမှန်းမသိပဲ စာပေပညါ ပန်းချီပညာစတဲ့ပညာတွေကိုသာလေ့...