စွဲမက်ဖွယ်ကောင်းသော မိန်းမပျိ...

By PyaeNway

19.4K 2.9K 57

( Zawgyi Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တ... More

Description
1. မီးထဲတွင် ပြန်လည်မွေးဖွားခြင်း
2. စိတ်ထားယုတ်ညံတဲ့ အဒေါ်
3. ပထမဆုံးအကြိမ် တွေ့ဆုံခြင်း
4. အိမ်ဟောင်းရှိ လျှိုဝှက်ချက်များ
5. ဇီတန်ဥယျာဉ်မှ သူခိုး
6. ယုတ်ညံသောအစေခံကို အပြစ်ပေးခြင်း
7. သစ်ခွလက်ဆောင်ပေးဖို့ အစီအစဉ်ဆွဲခြင်း
8. မြို့တော်သို့ မောင်းနှင်လာခြင်း
9. မြို့တော်တံခါးတွင် ခိုက်ရန်ဖြစ်ပွားခြင်း
10. ကြောင်သူတော်ယောင်ဆောင်သော အမကို အနိုင်ယူခြင်း
11. မို့ဟွာဝမ်အား နှုတ်ဆက်ဂါရဝပြုခြင်း
12. အဒေါ်ဖန်၏အကြောင်းကို ဖော်ထုတ်ခြင်း
13. လိဟွာဥယျာဉ်​တွင် အဒေါ်ဖန်၏ ကာကွယ်ပြောဆိုခြင်း
14. ရန်သူများ ထပ်မံတွေ့ဆုံခြင်း
15. မိုရွှမ်မင် ငြင်းပယ်ခံရသည်
16. ချင်ဝေ့ဥယျာဉ်၌ ညီနှမများကြား တိုက်ပွဲ
17. ဗိုလ်ချုပ်အိမ်တော်တွင် ဝမ်းကွဲများ တွေ့ဆုံကြခြင်း
18 . ပိုင်ရီဟောက်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း
19 . တွေ့ဆုံသည်
20. အပေးအယူ
21. ညီအစ်မတွေ ရန်ဖြစ်ရင်း အပြစ်ပေးခံရတယ်
22. အဒေါ်ဖန်က လှည့်ကွက်တွေ ထပ်သုံးပြန်တယ်
23. စာအုပ်ဟောင်းရှိ မှတ်စုများ
24. ထူးဆန်းသော ပြန်လည်ပေးဆပ်ခြင်း ဘုရားကျောင်း
25. ဗုဒ္ဓခန်းမတွင် မိတ်ဟောင်း ဆွေဟောင်းနဲ့ တွေ့ဆုံခြင်း
26 . ဗိမာန်တော်ရှိ လူယုတ်မာ ဇာတ်ကွက်များ
27. သူမ၏ဖျားနာမှုကိုအသုံးချ၍ ကြံစည်ခြင်း
28. အကြီးဆုံးအမ၏ အကြံအစည်ကျဆုံးခြင်း (1)
29. အကြီးဆုံးအမ၏ အကြံအစည်ကျဆုံးခြင်း (2)
30. မို့ရွှီတုန်းက ဝင်ရောက်နှောက်ယှက်သည် ။
31. အဒေါ်ကိုအပြစ်တင်သည်
32. မိသားစုဓလေ့ထုံးစံများ (1)
33. မိသားစုဓလေ့ထုံးစံများ (2)
34 . ဖခင်၏အမွေကို စီစဉ်ကူညီပေးခြင်း။
35. တော်ဝင်မင်းသမီး မင်ဇူး
36. မို့ရွှမ်မင် ဖျားနာဟန်ဆောင်သည်
37. မို့ရွှမ်မင်၏ကြံစည်မှုကို ဖျက်ဆီးခြင်း
38. နောက်ကွယ်က လှည့်ကွက်
39. အကြံအစည်ကို ပြောင်းပြန်လှန်ခြင်း
40 . အမေနဲ့သမီနှစ်ယောက်က ဖုချင်ဥယျာဉ်တွင် ထပ်ကြံစည်ပြန်သည်
41. ပန်းလေးမြတ်ပွဲ
42. သခင်မလေး လင်းမင်ရန်
43 . တရားဝင်သမီး
44. နတ်ဆိုးဆန်ပြီး လတစ်စင်းကဲသို့ လှပသောအမျိုးသားနှစ်ဦး
45 . ယုရန်ချန်၏ အမျက်ဒေါ်သ
46. ပြိုင်ပွဲ
47 . ပန်းလေးမြတ်ပွဲ၌ ဧကရီ
48 .တော်ဝင်မင်းသမီးသည် အတိတ်ကို ပြန်အမှတ်ရသောအခါ ဒေါသကြီးလာသည်
49. ဒါအားလုံးဟာ ဥပဒေတစ်ခုပါပဲ
50 . မို့ရွှမ်မင်၏ သရုပ်မှန်
51. နန်းတော်၌ တစ်ညတာ ကုန်ဆုံးခြင်း
52. မို့ရွှမ်မင်၏ မြင့်မြတ်သောအိပ်မက်များအဆုံးသတ်ခြင်း
53. မို့ရွှမ်မင်၏ စုတ်ပြဲနေသော ဂုဏ်သိက္ခာကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာခဲ့သည်
54. သခင်မရွှီ
55. နန်းတော်မှ တစ်စုံတစ်ယောက်၏ မထင်မှတ်ထားသော အသွင်အပြင်
56. လျှို့ဝှက်ဆန်းကြယ်ပြီး လူဆိတ်ညံနေသော ခြံဝင်း
57. ဧကရီသည် မင်းသားရှောင်ထံ အလှတရားများ ပေးပို့သည်
58. ဧကရီ၏ အစီအစဥြ
59. ထိုအဝတ်အစားများနှင့် ပြဿနာ
60. အောင်သွယ်တော် မို့ရွှီတုန်း
61. သခင်ယု
62. ယုမိသားစု၏ အကြံ
63. ရန်သူများ တွေ့ဆုံခြင်း
64 . အတိတ်၏မုန်းတီးမှုနှင့် ယနေ့မုန်းတီးမှု
65. တန်ပြန်တိုက်ခိုက်မှု
66. စိတ်အနှောက်အယှက်ဖြစ်စေသော မင်းသာရှောင်
67. ရန်ယင်းကုက သူမကို ရင်းနှီးဖို့ကြိုးစားတယ်
68. အဖေနှင့်ဒုတိယဦးလေးကြား သဘောတူညီချက်
69. ပိုင်ရီဟောက်၏ အစီအစဉ်
70. မိုဟယ်၏ စိတ်ခံစားချက်များကို အသုံးချခြင်း
71. ချင်းကို လေ့လာရန် ဖိအားပေးသည်
72. သခင်မအိုကြီးမို ပြန်ရောက်လာပြီ
73. ဘက်လိုက်သော သခင်မကြီး
74. ယုစီလုံက မို့အိမ်တော်ကို လာရောက်သည်
75. ယုတ္တိမရှိသော ယုစီလုံ ကို နှင်ထုတ်ခြင်း
76. မင်းသားရှောင်သည် သူ့ချစ်သူနှင့် ညအချိန်တွင် တွေ့ဆုံသည်
77. ကိုယ်လုပ်တော်သမီးများက ဒုက္ခဖြစ်စေသည်
78. မို့ရွှမ်ချောင် ထိမှန်သွားသည်
79. အခြားအစီအစဉ်ဖြင့် သွားခြင်း
80. ဇီးပွင့်သစ်တောတွင် မင်းသားရှောင် နှင့် ထပ်မံတွေ့ဆုံသည်
81. မင်းသားရှောင်က အကြွေးပြန်ဆပ်ဖို့ တောင်းဆိုတယ်
82. မို့ရွှမ်မင်၏ အရန်အစီအစဉ်
83. မို့အိမ်တော်၏ အတွင်းရင်ပြင်တွင် ပြဿနာတက်ခြင်း
84. မို့ရွှမ်မင်က သနားဟန်ဆောင်သည်
85. မို့ရွှမ်မင်၏ အဆိပ်ကို ဖော်ထုတ်ခြင်း
86. မို့ရွှီတုန်းကို ပြစ်ဒဏ်ပေးခြင်း
87. မနာလိုသော ဝမ်းကွဲ ရန်ယင်းကု
88. စာကြည့်ဆောင်အတွင်း မနာလိုသောအမျိုးသမီးနှစ်ဦး
89. ငါ မင်းကို တက်ဖို့ ကူညီပေးမယ်
90. မို့အိမ်တော်ကို မီးရှို့သည်
91. မင်းသားရှောင်က မီးလောင်ကျွမ်းမှုကို စောင့်ကြည့်သည်
92. မို့ဟွာဝမ်ကို ရာထူးတိုးမြှင့်ပေးခြင်း
93. အဒေါ်ဖန်က သူမ၏ကိုယ်ဝန်ကို ကြေငြာလိုက်တယ်
94. မို့ရွှီတုန်း မူးမေ့လဲခြင်း
95. မို့ရွှီတုန်းသည် အသက်ရှင်လိုသောဆန္ဒကို ဆုံးရှုံးသည်
96. ပိုင်ရီဟောက် ရောက်ရှိလာခြင်း
97. မင်းသားချူးက မင်းသားရှောင် အိမ်တော်သို့ အလည်ပတ်ရောက်လာသည်
98. ဆယ်မိုင်ကြာပန်းများနှင့် မယုံနိုင်စရာမြင်ကွင်း
99. မို့ရွှီတုန်းရဲ့ နှလုံးသားထဲကကြိုးထုံး
100. ည၌ သီးသန့် စကားဝိုင်း
101. လိဟွာဥယျာဉ်ရှိ မိခင်နှင့်သမီးကြားရှိ အစီအစဉ်
102. အစီအစဉ် ပေါ်လာသည်
103. ပြန်လမ်းမရှိသော မိုဟယ်
104. ချင်းလျံ ဘုရားကျောင်းသို့ခရီးစဉ်
105. ဘုရားကျောင်းထဲမှာ မို့ရွှီတုန်းက ​​အစီအစဉ်တစ်ခုနဲ့ ပိတ်မိသွားတယ်
106. ယုစီလုံ၏ ရှုံးနိမ့်မှုအတွက် အပြစ်တင်ခံရခြင်း
107. မိုက်မဲသော အစီအစဉ်
108. ယုစီလုံ၏ မကောင်းတဲ့ဆန္ဒ
109. သူမကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေမည့် နေရာကောင်း
110. ယုစီလုံ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့သည်
111. တော်ဝင်မင်းသမီး ရုတ်တရက် ပေါ်လာပြီး ကူညီပေးသည်
112. ချင်းလျံဘုရားကျောင်းမှ ဇီးပွင့်များ၏ ရနံ့
113. မို့ရွီတုန်းကို တဖန် ဆန့်ကျင်ရန် ကြံစည်သော ခေါင်းမာသည့် သခင်မယု
114 . အခြားသူများကို အပုပ်ချရန် ကြိုးစားသောသူများ၏ ကံတရား
115. ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှု
116. လျှို့ဝှက်ဆန်းကြယ်သော မို့ရွှီတုန်း၏ ပန်းထိုးဆိုင်
117. အဒေါ်ရဲ့ ချစ်စဖွယ်လုပ်ထားတဲ့ အိတ်နဲ့ ကျောက်စိမ်း
118. မို့ရွှမ်မင်၏ နောက်ထပ် ဆိုးရွားသော ဇာတ်ကွက်
119. နောက်ထပ်ဖြစ်ရပ်တစ်ခု
120. နောက်ထပ်ဖြစ်ရပ်တစ်ခု(2)
121. ချင်ဝေ့ဥယျာဉ်တွင် အဒေါ်ဖန်၏ ကလေးဆုံးရှုံးခြင်း
122.ပန်းကြာပန်းကို ခေါင်းအုံးအောက်တွင် တွေ့ရှိခဲ့တယ်
123. ဆိုးညစ်သောသားအမိသုံးယောက်က မို့ရွှီတုန်းကိုနှင်ထုတ်သည်
124.အမျိုးသမီးများ၏နှလုံးသားများက အရက်စက်ဆုံးဖြစ်သည်
125. အဒေါ်ဖန်သည် သူမ၏ မကောင်းမှုများအတွက် ပေးဆပ်ခဲ့ပြီး သူမ၏အဆင့်အတန်းကို ဆုံးရှုံး
126. အေးစက်ပြီး မှောင်မိုက်နေသော မိုအိမ်တော်၏ နှက်သစ်ကူးအကြို
127. နှင်းကျသော နှစ်သက်ကူးညတွင် လျှောက်လည်ခြင်း (1)
128. နှင်းကျသော နှစ်သက်ကူးညတွင် လျှောက်လည်ခြင်း (2)
129. တင်အိမ်တော်၏ အလှလေး
130. အမျိုးသမီးဂျင်၏ ဓားသွား ဆံညှပ်
131. တစ်ဦးစီသည် ၎င်းတို့၏ ကိုယ်ပိုင် စိတ်ကူးများ ရှိသည်
132 . နှစ်သစ်ကူးအကြိုညတွင် မင်းသားရှောင် လုပ်ကြံခံရမှု
133. သီးသန့် တွေ့ဆုံပြီး အကြံစည်များချမှတ်ခြင်း
134. မို့ရွှမ်မင်သည် သူ့ညီမကို ကြံစည်ရန် သနားဟန်ဆောင်သည်
135. ရှန်းမင် မျှော်စင်တွင် အားလုံးစုဝေကြခြင်း
136. ကစားပွဲကောင်းများ တစ်ခုပြီးတစ်ခု
137 . မို့ရွီတုန်းသည် အမှောင်ထဲတွင် ခိုးကြောင်ခိုးဝှက်ကြည့်သည်
138. ဖန်ယုလန် ဒဏ်ရာရပြီး ကုသမူခံယူခဲ့ရသည်
139 စစ်ဝန်ကြီးအိမ်က မိုရွှမ်မင်ကို လက်ထပ်ဖို့ တောင်းရမ်းသည်
140. အဖေနဲ့သမီးကြားက အချိုးအကွေ့
141. စာကြည့်ဆောင်တွင် လှပသောမြွေက အသနားခံခြင်း
142.အားကိုးမရသော ကောလဟာလ
143. စီမာလင်းရန်၏အခြားအမျိုးသမီး
144. ဒေါ်သထွက်ဖို့ကောင်းသော သခင်လေးလိယွီမို
145. မို့ရွှမ်မင် အရိုက်ခံရသည်
146. ယုရန်ချန်ရဲ့ ကံဆိုးမှု
147. စီမာလင်းရန် မြို့တော်သို့ ​အမြန်ပြန်လာရခြင်း
148 . ကြီးမြတ်သောအိမ်တော်ကြီး လေးခု၏ ဒုက္ခ
149. လန်ချိလု မို့အိမ်တော်သို့ဝင်ရောက်လာခြင်း
150. အသရေပျက်ခြင်း
151. သူမ၏အဒေါ် ဘယ်လိုမှမဖြစ်လာနိုင်ဘူး
152. နန်းတော်တွင် တိုက်မိခြင်း
153. ထူးခြားသောနည်းလမ်းများဖြင့် မို့ရွှမ်မင် နန်းတော်ထဲသို့ ၀င်ရောက်ခြင်း
154.ဘယ်သူက အိမ်ရှေ့စံ ဖြစ်လာနိုင်သလဲ
155. စိတ်အနှောက်အယှက်ဖြစ်စေသော သူ
156. ယုရန်ချန်သည် မို့ရွှီတုန်းကို ခြိမ်းခြောက်သော်လည်း သူသာလျှင် အရှက်ကွဲခဲ့သည်
157 . ဧကရာဇ်ကိုယ်လုပ်တော်များကြား ပြိုင်ဆိုင်မှု
158. ခမ်းနားထည်ဝါသော ၀တ်စုံပေါ်ရှိ လိပ်ပြာနှစ်ကောင်
159. ဧည့်ခံပွဲ၌ အချစ်ကဗျာ
160. နန်းတော်ရှိ အိမ်အကူ၏ လျှို့ဝှက်သတင်းစကား
161. အချစ်ကဗျာကို ဘယ်သူရေးခဲ့သလဲ နှင့် နောက်ကွယ်က လျှို့ဝှက်ဆက်ဆံရေးကို ရှာဖွေခြ
162 . ပွဲအပြီးတွင် ဒုက္ခတွင်းပိတ်မိနေခြင်း
163 . အမှောင်ထဲရှိ သိမ်မွေ့သောထောင်ချောက်
164. ဇာတ်လမ်းကြည့်ရန် နေရာကောင်းတစ်ခု
165. ချင်းဖန်ဥယျာဉ်ရှိ စိတ်ဝင်စားစရာဇာတ်ပွဲ
166. ယုမင်ရုံ၏ အဖုအထစ်များ
167. ချင်းဖန်ဥယျာဉ်ရှိ စိတ်ဝင်စားစရာဇာတ်ပွဲ
168. အမှုကို ဦးဆောင်နေသောသူသည် မည်သူနည်း
169. စိတ်ဝင်စားစရာကောင်းသော ပွဲ
170. မင်ဇူးနန်းတော်တွင် တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်နေခဲ့သည်
171. တော်ဝင်ညီအစ်ကိုများ
172. နောက်ကလိုက်လာတဲ့ အလှလေး
173.နာကြည်းမှု
174. နန်းတော်အပြင်ဘက်တွင် ပြန်ပေးဆွဲခြင်း
175. ရထားပြေးခြင်းနှင့် ဘဝ၏သေခြင်းရှင်ကြား ရုန်းကန်ခြင်း
176. အမှိုက်စုံတွဲ
177. ပိုမိုနက်ရှိုင်းသောခံစားချက်နှင့် ရှုပ်ယှက်ခတ်မှု
178. ထိုပရမ်းပတာသည် မည်သူအတွက် အကျိုးရှိသနည်း
180. မြို့စားကတော်သည် အိမ်သို့ ရှက်စိတ်ဖြင့် ပြန်သွားရသည်
သတင်းကောင်း
181.ဆိုးညစ်သော အလှတရားက သူ့ကိုယ်သူ ဒဏ်ရာအနာတရဖြစ်စေခြင်းဖြင့် ပြောင်မြောက်သောလှည
182 . ချင်ဝေ့ ဥယျာဉ်ရှိ နောက်ထပ် မြှောက်ပင့်ပွဲ
183.လက်ဝတ်ရတနာတွေ အများကြီးရှိခဲ့တယ်
184. သူတို့၏ ကိုယ်ပိုင် အစီအစဉ်
185. အချစ်၏သင်္ကေတ
186. စီမာလင်းရန် အဖမ်းခံရသည်။

179. ချန်မြို့စားကတော်သည် တိုက်ပွဲစတင်ရန် ရောက်ရှိလာခဲ့သည်

18 7 0
By PyaeNway

တရုတ်နှစ်သစ်ကူးအကြိုနေ့သည် ဒုက္ခများသောနေ့ဖြစ်ရန် ရည်ရွယ်ထားသည်။

ထို့အပြင် နှစ်သစ်၏ ပထမဆုံးနေ့သည် ယခင်ကလောက် ဆိတ်ငြိမ်ပြီး ရိုးရိုးရှင်းရှင်းမဟုတ်ခဲ့ပေ။

နှစ်သစ်ကူးအကြိုနေ့တွင် ချန်မြို့စားကြီး၏အိမ်တော်က သခင်လေးသည် နန်းတော်၌ အရက်အလွန်အကျွံသောက်ခဲ့သဖြင့် နန်းတော်မှ နှင်ထုတ်ခံခဲ့ရကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့သည်။  ထို့အပြင် ထိုသခင်လေးသည် ပထမသခင်မလေးမို့နှင့် မလျော်ကန်သော ဆက်ဆံရေးရှိခဲ့ပြီး သူမအား မုဒိမ်းကျင့်ရန်ပင် ကြိုးပမ်းခဲ့ကြောင်းလည်း သိရသည်။  ဒါပေမယ့် ပထမသခင်မလေးမို့က သဘောမတူတာကြောင့် ရထားက ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ပြီး အချင်းချင်းရန်ဖြစ်ချိန်မှာ သစ်ပင်နဲ့တိုက်မီပြီး ပြုတ်ကျသွားခဲ့သည် ။

ရထားပေါ်မှ ပြုတ်ကျသောအခါ ပထမသခင်မလေးမို့က သူမ၏ လက်ဘေးတွင်ရှိသော ကြွေချပ်ပြားတစ်ချပ်ကို ကောက်ကိုင်လိုက်ပြီး သခင်လေးကို ပြင်းပြင်းထန်ထန် ထိုးလိုက်သည်။ ထိုကြောင့် သခင်လေးစီမာ၏မျက်နှာ ပျက်စီးသွားပြီး သတိမေ့မြောသွားခဲ့တယ်။  အကယ်၍ သူအား ခရီးသည်တစ်ဦးမှ မကယ်တင်ခဲ့ပါက၊ ဤပြင်းထန်သော ပထမသခင်မလေးမို့၏ ဓားဖြင့်ထိုးသတ်ခံရဖွယ်ရှိသည်

တကယ်တော့ ထိုကိစ္စသည် မို့ရွှမ်မင်ရဲ့အမှားမဟုတ်ဟု လူတိုင်းက သိကြသော်လည်း သူမသည် ထိုသခင်လေးကို သတိမေ့မြောအောင်ပြုလုပ်ပြီး သူ့၏အသက်အန္တရာယ်ကိုပါ ရန်ရှာနိုင်တဲ့အထိ ပြင်းထန်စွာ ထိုးနှက်ခဲ့သောကြောင့် အားလုံးက အံသြသင့်သွားကာ သူမအား အပြစ်တင်ကြသည် ။ စီမာလင်းရန်ကတော့ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရသောကြောင် လူအများ၏စာနာမှုကို နှိုးဆွပေးပြီး လူအများ၏ ဆဲဆိုခြင်းမှ လွတ်မြောက်စေခဲ့သည်။

တစ်ဖက်တွင်၊ ၎င်းတို့နှစ်ဦး၏ဆက်ဆံရေးသည် ချစ်သူ၏လျှို့ဝှက်ချိန်းတွေ့မှုကဲ့သို့ ထင်မြင်စေသည့်အရာတစ်ခု အင်ပါယာနန်းတော်၌ ဖြစ်ပျက်ခဲ့သည်။ တစ်ဖက်တွင်မူ မို့ရွှမ်မင်သည် အမြဲတမ်း သဘောထားကြီးပြီး ကြင်နာဟန်ဆောင်နေသောကြောင့် တစ်စုံတစ်ဦးအား ချွန်ထက်သောကြွေချပ်ပြားကို အသုံးပြု၍ ဓားထိုးခဲ့သည်ကို လူအများက စိတ်ကူးမယဉ်နိုင်ပေ။ သူတို့မှာ မလျော်ကန်တဲ့ ဆက်ဆံရေးရှိပြီး ဤမျှသစ္စာရှိဖို့ ဟန်ဆောင်စရာမလိုဘူးလို့ လူအများက မထီမဲ့မြင်ပြုလာကြပါတယ်။

ထို့အပြင် ၎င်းတို့သည် မတော်မတရား ပွေ့ဖက်ခြင်းခံရပြီးနောက် မို့ရွှမ်မင်သည် သီလရှင်မဖြစ်ချင်ပါက စီမာလင်းရန်နှင့် လက်ထပ်ရမည်ဖြစ်သည်။  ပဒေသရာဇ်ကျင့်ဝတ်စည်းမျဉ်းသည် အမျိုးသားများထက် အမျိုးသမီးများအတွက် ပိုမိုတင်းကျပ်ပြီး ကြီးမြတ်သောချင်းနိုင်ငံသည် ပဒေသရာဇ်ကျင့်ဝတ်ဆိုင်ရာ ကျင့်ဝတ်ကို လေးစားသောကြောင့် လူသိများခဲ့သည် ။ ရလဒ်အနေနဲ့ကတော့ ဒီအဖြစ်အပျက်မှာ ဘယ်သူကမှားခဲ့ပါစေ၊ ဤမျှကြီးမားသော ရောယှက်မှုတစ်ခုပြီးနောက်၊ ယောက်ျားတစ်ယောက်အတွက် အချစ်ရေးကိစ္စဖြစ်နိုင်ပေမယ့် မိန်းမတစ်ယောက်အတွက် တစ်သက်လုံး ကြီးမားတဲ့ဖြစ်ရပ်တစ်ခုပါ။

၎င်းတို့ကိုတွေ့ရှိသူသည် မြို့စား၏အိမ်သို့ခေါ်သွားခဲ့ပြီး မို့ရွှမ်မင်သည် မြို့စား၏အိမ်၌ နေခဲ့ရကာ သူမသည် စီမာလင်းရန်၏ ဒဏ်ရာကို ဂရုစိုက်ပေးခဲ့ရသည် ။ နှစ်သစ်ကူးနေ့အစောပိုင်းတွင် ချန်မြို့စားကတော်သည် မို့ရွှမ်မင်အား ဒေါသတကြီးဖြင့် မို့အိမ်တော်တံခါးဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

" ကလန်ဒယ် ၊ ကလန်ဒန် !" တံခါးခေါက်သံမှ ထွက်ပေါ်လာသော ပြင်းထန်သော အသံတစ်ခုသည် မနေ့ညက ပြဇာတ်ကြောင့်ဖြစ်နိုင်ပြီး အိပ်ပျော်နေသော အစောင့်သည် ရုတ်တရက် လန့်နှိုးလာခဲ့သည် ။

"ခဏစောင့်ပါဦး ၊ မင်းဘာတွေ ဒီလောက်အမြန်လို နေရတာလဲ ၊ လူဝင်စားဖို့ အပြေးအလွှားလုပ်နေသလား " အစောင့်သည် အိပ်ငိုက်နေသော မျက်လုံးများကို ပွတ်သပ်ကာ တံခါးဖွင့်ရန် ငြီးတွား၍ သဘောထား ကင်းမဲ့စွာ ပြောလိုက်သည်။  နှစ်သစ်ကူးနေ့မှာ ဘယ်သူမှ စောစောထချင်ကြမှာ မဟုတ်ပါဘူး။

"မင်းတို့ရဲ့ သခင်မကြီး ဒီမှာရှိလား ၊ မြို့စားကတော်က ဒီမှာရောက်နေပြီ ၊ ကျုပ်တို့ မင်းတို့သခင်မကြီးရဲ့ ကြိုဆိုမှုကို လိုအပ်တယ် "

ကျယ်လောင်သောအသံသည် အစောင့်ကို အလွန်တုန်လှုပ်စေကာ အစောင့်သည် ပြုတ်ကျလုနီးပါးဖြစ်သွားခဲ့သည်။ သူသည် အံ့သြစွာနဲ့ မျက်လုံးကို မော့ကြည့်လိုက်တော့ အိပ်ငိုက်ခြင်း လုံးဝ ပျောက်ကွယ်သွားသည် ။  တံခါးဝနားမှာ သန်မာတဲ့လူတစ်ယောက် ရပ်နေပြီး သူ့ကို ဝိုင်းစက်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေတယ်။  ထိုသူက သူတို့နှစ်ယောက်ကို ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းဖို့ လာနေပုံမပေါ်ပါဘူး။

"ကျုပ်ကိုခွင့်လွတ်ပါ ၊ မင်းတို့က ဘယ်ကလာတာလဲ ၊ ဘာလို့ဒီကို ရောက်လာတာလဲ " သူတို့၏တင်းတင်းမာမာ ဖြစ်နေတာကို မြင်တော့ အစောင့်ရဲ့ အသံက ပျော့ပြောင်းသွားပြီး ဂရုတစိုက် မေးဖို့ ငုံ့ကြည့်လိုက်တယ်။  သူသည် အစောပိုင်းက အိပ်ငိုက်နေသဖြင့် ရှင်းရှင်းလင်းလင်း မကြားလိုက်ရပေ။ သူသည် တစ်စုံတစ်ယောက် လာနေတယ် ဆိုတာကို ကြားလိုက်ရပြီး သူတို့က သခင်မကြီးကို လာနှုတ်ဆက်စေဖို့ ပြောနေသည် ။

"ကျွန်ုပ်တို့ရဲ့ သခင်မက ချန်မြို့စားရဲ့အဓိကဇနီးဖြစ်ပြီး သူမက သခင်မကြီးကိုနှစ်သစ်မှာ ပျော်ရွှင်ပါစေကြောင်းဆုတောင်းရန်လာခဲ့ပါတယ် ။ ကျုပ်တို့ဒီကိုလာတာ မင်းရဲ့သခင်မကြီးကို အမြန်သတင်းပို့သင့်တယ် ။ ကျွန်ုပ်တို့၏ သခင်မက အလုပ်များနေပြီး မင်းသမီး ရှန်းဂျင်ကို ခဏတာ နှုတ်ဆက်ရဦးမည်ဖြစ်တယ် ။ မင်း သခင်မအိုကြီးကို ချက်ခြင်း သတင်းပို့ပေးရမယ်။ ဒါမှမဟုတ် မင်းက ငါတို့ သခင်မရဲ့ အစီအစဉ်ကို အလျှော်အစားပေးနိုင်မှာ မဟုတ်ဘူး ။" 

မြို့စားအိမ်ရဲ့လူတွေက ဒီကိုလာပြီး မောက်မားစွာ ပြောဆိုကြသည် ။မြို့စားကြီးရဲ့ အိမ်တော်မှာ သခင်လေးစီမာက အိပ်ရာထဲ လဲကျသွားတဲ့အတွက် မြို့စားကတော်က အလွန်ဒေါသထွက်ကာ သူတို့ကို ဒုက္ခပေးစေရန် ဤနေရာသို့ လာခဲ့သည်။  သို့သော် ကျွန်တစ်ယောက်အနေဖြင့် သူသည် မို့အိမ်တော်ကို မစော်ကားဝံ့ဘဲ မို့အိမ်တော်မှာရှိတဲ့ အစောင့်တွေကိုသာ ပဲ့တင်ထပ်ပြီး ကြိမ်းမောင်းခံရသည် ။

မြို့စားရဲ့အိမ်ကလူတွေက မို့အိမ်တော်ကို လာရောက်နှုတ်ဆက်သင့်ပေမယ့် သူတို့က ဂိတ်ပေါက်ကနေ သခင်မအိုကြီးက သူတို့ကို လူကိုယ်တိုင်လာကြိုဆိုဖို့ တောင်းဆိုနေသည် ။

အစောင့်က အတော်လေး ထက်မြက်ပြီး အဲဒီစကားတွေရဲ့ အဓိပ္ပါယ်ကို သိတယ်။  သူသည် ခြေဖျားထောက်ကာ ဂိတ်အပြင်ဘက်တွင် ရထားရပ်သည့် နေရာကြီးကို တွေ့လိုက်ရသည်။  ရထားတစ်ဖက်တွင် မြို့စားကြီး၏ အိမ်တော် ဆိုင်းဘုတ် ပေါ်လာပြီး ကုလားကာများကို ရုတ်သိမ်းလိုက်သည်။  အထဲမှာ နက်မှောင်တဲ့ မျက်နှာနဲ့ မြို့စားကတော်က ထိုင်နေခဲ့သည် ။  သူမသည် ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကို လိုချင်သည်ထက် မို့အိမ်တော်ကို အကြွေးဆပ်ရန် တောင်းဆိုနေသည့်ပုံစံပေါက်ကာ အေးစက်စွာ ကြည့်နေသည်။

အစောင့်က ကြောက်လန့်ပြီး လည်ပင်းကို ပြန်ဆွဲလိုက်တယ်။  သူသည် နောက်ရထားပေါ်က လူတစ်ယောက် ဆင်းလာနေတာကိုတွေ့တော့ သခင်ကြီးကိုပြောပြဖို့ အသေးစိတ်မေးတော့သည် ။ ထိုနောက် သူသည် လုံးဝ ထိတ်လန့်သွားပြီး စကားတစ်ခွန်းမှ မပြောဘဲ ညည်းတွားလိုက်သည်။  သူသည် လည်ပင်းကို ဆန့်တန်းပြီး တံတွေးကို မျိုချလိုက်သည်။

သူအရမ်းကြောက်နေခဲ့တာ အံ့သြစရာမရှိပါဘူး။ နောက်ရထားပေါ်မှာ လူကိုမြင်ရတာ အံ့သြစရာကောင်းတယ်။

မြို့စားကတော်၏ လှည်းကြီးနောက်တွင် ရထားငယ်တစ်စင်း ထပ်ရှိသည်၊ ထိုရထားသည် တော်တော်ကို မထင်ရှားဖြစ်နေသည် ။ သို့သော်လည်း အစောင့်သည် ရထား၏ ကန့်လန့်ကာမှတစ်ဆင့် မိုအိမ်တော်၏ သေးငယ်သော လူတစ်ယောက်ကို သတိပြုမိသည်။ ထိုလူသည် မို့အိမ်တော်၏ အသေးအမွှားကိစ္စများကို ကိုင်တွယ်ရန် စေလွှတ်ခံရသူများထဲမှ တစ်ဦးဖြစ်သည်။  အစောင့်က တော်တော်များများ မြင်ဖူးတာမို့ အလွယ်တကူ သိနိုင်ပါတယ်။

ထိုနောက် သူသည် ကုလားကာတွေနောက်မှာ ဖြူဖျော့ဖျော့နဲ့ ပွပွအဝတ်အစားတွေဝတ်ထားတဲ့ နူးညံ့ပြေပြစ်တဲ့ ပထမဆုံးသောသခင်မလေးမို့ကို တွေ့လိုက်ရတဲ့အတွက် အလွန်ကို အံ့သြမိသွားခဲ့သည် ။

ခမ်းနားထည်ဝါသောအဝတ်အစားများကို ၀တ်ဆင်တတ်သော ပထမဆုံးသောသခင်မလေးသည် ယခုအခါ မှားယွင်းစွာ ၀တ်ဆင်လာခဲ့သည်။  သူမသည် အိမ်ဖော်၏ အဝတ်အစားနှင့်တူသော သာမန်အ၀တ်အစားများကို ၀တ်ဆင်ထားသည်။  ထို့အပြင် မသပ်ရပ်ရုံသာမက သွေးများဖြင့် စွန်းထင်းနေခဲ့သည်။  အင်္ကျီပေါ်မှာ အပေါက်ပေါင်းများစွာတောင် ရှိနေတော့ ကိုင်ထားဖို့တောင် ခက်ပါတယ် ။  သူမကို မှတ်မိရန် သူမှတ်ဉာဏ်များ မစုဆောင်းနိုင်လောက်အောင် ဖြစ်ခဲ့သည်။

အစောင့်က တုန်လှုပ်သွားပြီး ဘာမှ ထပ်မပြောရဲတော့ဘူး။ သူသည် သတင်းပို့ရန်သာ အမြန်ဝင်လိုက်သည်။

ကြည့်ရတာ ကြီးကြီးမားမား ဒုက္ခရောက်တော့မယ့်ပုံပေါက်တယ်။

ထိုအချိန်တွင် မိုဟွာဝမ် နိုးနေပြီဖြစ်သည်။ သူသည် မနေ့ညက နန်းတော်ပွဲမှာ တော်တော်မူးပြီး စောစောပြန်လာခဲ့ခြင်းဖြစ်သည် ။ နောက်ပိုင်း နန်းတော်မှာ ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး သူ ဘာမှမသိခဲ့ပါဘူး။ သူပြန်လာပြီးသိပ်မကြာခင်မှာ သူ့သမီးအကြီးဆုံး ပြန်လာတာကိုပဲ သူသိခဲ့တယ်။  အငယ်ဆုံးသမီးလေးကို ညနက်တဲ့အထိ နန်းတော်မှာထားခဲ့ပြီး စိတ်မသက်မသာခံစားရခဲ့သော်လည်း သူ ပြန်သွားမခေါ်ဖြစ်ခဲ့ပါဘူး ။

မနက်မိုးလင်းတော့ မို့ရွှီတုန်းက မနေ့ညက နေမကောင်းဖြစ်နေကြောင်းကို သူကြားလိုက်တာကြောင့် မို့ဟွာဝမ်က သူမကိုတွေ့ဖို့ စောစောထခဲ့ပါတယ်။  မနေ့ညသန်းခေါင်မှာ မို့ရွှမ်မင်က အိမ်နောက်ဖေးတံခါးကနေ ထွက်သွားတာကို သူမသိခဲ့ဘူး ။

ထိုအခိုက်အတန့်တွင် အစောင့်သည် အလျင်အမြန် ပြေးဝင်လာခဲ့သည်။

“သခင်ကြီး၊ ကြောက်စရာကောင်းတဲ့ အရာတစ်ခု ဖြစ်ပျက်သွားခဲ့တယ် ။ ပထမဆုံးသခင်မလေးက မြို့စားကတော်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ရိုက်နှက်ခြင်းခံခဲ့ရပုံရတယ်။ သခင် ချက်ချင်းသွားကြည့်သင့်တယ်!  "

"မြို့စားကတော်က မင်အာကို ဖမ်းပြီး ရိုက်နှက်တယ် " မို့ဟွာဝမ်သည် ခဏမျှ တုံ့ဆိုင်းနေပြီး နားရွက်ကို ပွတ်သပ်ကာ မယုံနိုင်စွာ မေးလိုက်သည်။

"ဟုတ်ပါတယ် သခင်ကြီး၊ ပထမသခင်မလေးရဲ့အဝတ်အစားတွေပေါ်မှာ သွေးတွေထွက်နေပြီး သူမကို မြို့စားကတော်က ဖမ်းပြီး တံခါးကို အတင်းဆွဲခေါ်လာခဲ့တယ်။ ထို့အပြင် မြို့စားကတော်က သခင်မအိုကြီးကို အား လူကိုယ်တိုင် လာနှုတ်ဆက်ခိုင်းတယ်"

လွဲမှားစွာ ထင်မြင်မိခြင်းသည် အစောင့်၏အပြစ်မဟုတ်ပါဘူး ။  တကယ်တော့ မို့ရွှမ်မင် ရဲ့အဝတ်တွေပေါ်မှာ သွေးတွေထွက်နေပြီး အချို့က ခြောက်နေပြီဖြစ်သည် ။  ထို့ကြောင့် သူမအဝတ်အစားများပေါ်တွင် ကြောက်စရာကောင်းနေပုံရသည်။  ထို့ကြောင့် မြို့စားကတော်၏ ဒေါသထွက်နေသော အမူအရာဖြင့် အစောင့်သည် ၎င်းကို လွဲမှားစွာ ဖတ်မိသည်မှာ ပုံမှန်ပင်ဖြစ်သည်။

"ဘန်း" မို့ဟွာဝမ်က ဒေါသတကြီး ထလိုက်ပြီး ပြင်းပြင်းထန်ထန် ထရပ်လိုက်သည်။ သူ ဒေါသတကြီးနဲ့ အံကြိတ်ပြီး ပြောလိုက်တယ်။ "သွားပြီးတော့ မြို့စားကတော်ကို အထဲကိုဖိတ်လိုက်ပါ ၊ ငါ သူ့ကို လူချင်း နှုတ်ဆက်မယ်လို့ ပြောလိုက် "

မြို့စားကတော်၏အဆင့်အတန်းသည် ကိုယ်လုပ်တော်သခင်မအိုကြီးထက်များစွာမြင့်မားသော်လည်း မြို့စား ၏အိမ်သည် အမှန်တကယ်အာဏာအများကြီးမရှိပေ။  ထို့အပြင် ချောင်အာ နှင့် စီမာလင်းရန်တို့၏ အိမ်ထောင်ရေးသည် အတော်လေး စိတ်ချရသောကြောင့် သခင်မအိုကြီးကို မြို့စားကတော်၏ အကြီးအကဲအဖြစ် မြင်နိုင်သည်။  သို့သော် မြို့စားကတော်သည် ၎င်းတို့၏ ခံစားချက်များကိုပင် ဂရုမစိုက်ဘဲ နှစ်သစ်ကူးနေ့တွင် ဤကဲ့သို့ ပြုမူခဲ့ခြင်းကြောင့် သူတို့၏ဆက်ဆံရေးကို ဆက်ထိန်းထားရန် မလိုလားတော့ကြောင်း ရှင်းရှင်းလင်းလင်း အဓိပ္ပာယ်ရသည်။

"နောက်ဖေးတံခါးကနေ ပထမသခင်မလေးက ဘယ်လိုထွက်သွားတာလဲဆိုတာ သွားကြည့်စမ်း။" မိုဟွာဝမ်က သူ့နောက်က အစေခံကို ပြောပြီး တံခါးဝကို အမြန်ပြေးသွားတယ်။ သခင်မကြီးမို့သည် ကိုယ်လုပ်တော်တစ်ယောက်ဖြစ်ပေမယ့် အခွံသာရှိသော မြို့စားကတော်ကို နှုတ်ဆက်စရာမလိုပါဘူး ။ သူဆိုတဲ့ သခင်ကြီးက ဧည့်သည်တွေကို ပိုတောင် နှုတ်ဆက်ဖို့ မလိုဘူး။

သူ၏လုပ်ရပ်သည် အမျိုးသမီး ဧည့်သည်တွေကို မလေးစားရုံမက ရိုင်းစိုင်းပြီး မယဉ်ကျေးတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။

ခါတိုင်းနေ့များတွင် မိုဟွာဝမ်သည် ကျိုးနွံသော လူကြီးလူကောင်းဖြစ်သည်။  သို့သော် ယခုတော့ သူ ဒေါသအရမ်းထွက်ပြီး မျက်နှာကို ခွာချင်လာသဖြင့် ဂုဏ်သိက္ခာနှင့် ကျော်ကြားမှုကို ဂရုမစိုက်နိုင်တော့ပါ။ ချောင်အာသည် ငယ်သေးသည် ၊ ထို အဖြစ်အပျက် သည် အချစ်ရေးနှင့် မသက်ဆိုင်ပါ။ ချောင်အာနှင့် ထိုလူသည် အတူတူ ပွေ့ဖက်ဖူးသော်လည်း မီးကြီး၏အဖြစ်အပျက်ကြောင့် သူ့သမီးအပေါ်စိတ်မကောင်းဖြစ်ကာ သူမအား ခွင့်လွှတ်နိုင်ခဲ့သည်။  သူသည် ထိုအဖြစ်အပျက်ကို မေ့ပျောက်ပြီး နှစ်နှစ်အကြာတွင် ချောင်အာအတွက် အခြားအိမ်ထောင်တစ်ခုကို ရွေးချယ်ပေးမည် ဖြစ်သည် ။ သူတို့သည် ချောင်အာ၏အိမ်ထောင်ရေးအပေါ် မြို့စား၏အိမ်တွင်မှီခိုနေစရာမလိုပါ။

မို့ဟွာဝမ်က ဒေါသတကြီး ဖြစ်နေတာကို မသိဘဲ မြို့စားကတော်သည် မှောင်မဲတဲ့ မျက်နှာနဲ့ ရထားပေါ်မှာ ထိုင်နေသည် ယ

သူမလည်း တကယ်ကို ဒေါသထွက်ခဲ့ပါတယ်။ သူမသည် သူ့ကလေးနှစ်ယောက်အကြောင်း ကြားသိခဲ့ရပြီး အစပိုင်းမှာတော့ သူ့သမီးလေး အရှက်ကွဲခဲ့ပြီး အခန်းထဲမှာ လှောင်ပိတ်ငိုနေခဲ့တယ်။  သူ့အစ်ကိုကြီးကလည်း သူ့ညီမလေးကို မကူညီဘဲ တခြားမိန်းကလေးအတွက် နာကျင်အောင် လုပ်ခဲ့တယ်လို့ သူ့သမီးက ပြောခဲ့ပါတယ်။  အကြာကြီးပြောပြီးတဲ့နောက်မှာတော့ မြို့စားက​တော်က ဒီကိစ္စကို သိသွားခဲ့တယ်။

သူမသည် ဝမ်းနည်းနေတဲ့ သမီးလေးကို နှစ်သိမ့်ပေးနေသောအချိန်တွင် သားဖြစ်သူက ဒီမိန်းကလေးအတွက် အသတ်ခံရလုနီးပါး ဖြစ်နေကြောင်း အံ့သြစွာ ကြားလိုက်ရပါတယ်။  သွေးများဖြင့် ဖုံးလွှမ်းနေသော စီမာလင်းရန်ကို သူမမြင်လိုက်ရသောအခါ သူမသည် သွေးအန်လုနီးပါးဖြစ်ပြီး မို့ရွှမ်မင်ကို အလွန်မုန်းတီးခဲ့သည်။  ထို့ကြောင့် သူမသည် မို့ရွှမ်မင်ကို ခွင့်မလွတ်ဘဲ စုတ်ပြတ်သပ်စွာဝတ်ထားသော မို့ရွှမ်မင်ကို စီမာလင်းရန်၏အခန်းထဲသို့ ပို့လိုက်ပြီး စီမာလင်းရန်၏ ရောဂါကို စစ်ဆေးရန် ရောက်လာသော ဆရာဝန်အားလုံးကို သူမအား တွေ့ခွင့်ပေးလိုက်သည်။

သူ့သားက ကြွေသားချွန်ထက်နဲ့ ထိုးခံရတယ်လို့ တွေးပြီး မြို့စားကတော်က မို့ရွမ်မင်ကို အရှင်လတ်လတ် စားချင်နေခဲ့တယ်။  ထို့ကြောင့် သူမသည် မို့ရွှမ်မင် မည်သို့ ၀တ်စားထားသည်ကို ဂရုမစိုက်ပေ။  သူမသည် မို့ရွှမ်မင်၏ အပြစ်ကင်းစင်မှုကို ဖျက်ဆီးလိုပြီး မို့ရွှမ်မင်သည် စီမာလင်းရန်၏အခန်းတွင် တစ်ညလုံးရှိနေကြောင်း လူတိုင်းသိစေခဲ့သည်။

သူ့သားက မို့ရွှမ်မင်ကို အရမ်းဂရုစိုက်တဲ့အတွက် မို့ရွှမ်မင်ကလည်း သူ့သားအတွက် ဂရုစိုက်ပေးရမည် ။ မို့အိမ်တော်က ဒါကို သဘောမတူဘူးဆိုရင်တောင်မှ မို့ဟွာဝမ် က ဒီသမီးကို မလိုချင်တော့ဘူးဆိုရင် ဒီအိမ်ထောင်ကို ပြီးသွားမှာပဲလေ။ ထိုအကြောင်းကို တွေးတောရင်း မြို့စားကတော်သည် အေးစက်စွာ ပြုံးကာ ငုံ့ကြည့်လိုက်သည်။ သူမသည် ပိန်ပိန်ပါးပါး မို့ရွှမ်မင်ကိုတွေ့လိုက်ရသောအခါ သူမ မျက်မှောင်မကြုတ်ဘဲ မနေနိုင်ပေ ။

မြို့စားက​တော်သည် မို့ရွှမ်မင်၏ အလှကို မမြင်နိုင်ဘဲ သူ့တူမလောက် မလှဘူးလို့သာ ထင်ခဲ့သည် ။ သူမပြန်ရောက်သောအခါ ရန်အာကို ယင်းကုနဲ့ အချိန်တစ်ခုထိ ရှင်းရှင်းလင်းလင်း နေခိုင်းရမည် ။ အခု သူတို့နှစ်ယောက် အတူတူနေခဲ့ကြရင်း နာမည်မဖော်နိုင်တဲ့ကလေးရှိလာရင် အရှုပ်အရှင်းတွေ ဖြစ်လာလိမ့်မယ် ။ ဟုတ်ပါတယ်၊ ချမ်းသာပြီး ကျော်ကြားတဲ့ မိသားစုမှာ ဒီလိုမျိုး ဖြစ်မလာပါဘူး။  ပင်မဇနီးသည်၏ကလေးမမွေးမိတွင် မယားငယ်က ဦးစွာကလေးယူခြင်းသည် အလွန်ရှက်ဖွယ်ကောင်းပေလိမ့်မည်။

ကံကောင်းထောက်မစွာ မြို့စားကတော်ကအဲဒါကိုဂရုမစိုက်ခဲ့ပါဘူး။ မို့အိမ်တော်၏သမီးနှစ်ယောက်သည် စီမာလင်းရန် ၏ကိုယ်လုပ်တော်ဖြစ်လာသောအခါ၊ မည်သူသည် အဓိကမယားဖြစ်လာမည်မှာ အရေးမကြီးတော့ပါ။  တတိယတန်းစားအရာရှိတစ်ဦးသည် ထိုအခွင့်အရေးကို လက်လွတ်မခံနိုင်ဘဲ မြို့စား၏အိမ်တွင် လက်ထပ်စေမည်ဖြစ်သည်။  ထို့ကြောင့် သူမသည် ယင်းကုကို အကြီးမားဆုံး သြဇာအာဏာကိုပေးကာ သူမကိုအဓိကဇနီးအဖြစ် ခန့်အပ်မည်ဖြစ်သည် ။ သူ့တူမကို သူယုံနိုင်တယ်။

မို့ဟွာဝမ်၏သမီးနှစ်ယောက်သည် စီမာလင်းရန်ကို လက်ထပ်ပြီးနောက် စီမာလင်းရန်၏ အသက်မွေးဝမ်းကြောင်းနှင့် အနာဂတ်အတွက် မို့ဟွာဝမ်သည် ဘာမှလုပ်နိုင်တော့မှာ မဟုတ်ဘူး ။

ပြီးပြည့်စုံတဲ့အကြံအစည်ကို စိတ်ထဲမှာ တွေးမိတဲ့အခါ မြို့စားကတော်ရဲ့ဒေါသဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တယ်။  သူမ တံခါးဖွင့်သံကြားတော့ သခင်မအိုကြီးသည် သူ့အစေခံ၏အကူအညီဖြင့် ထွက်လာပြီး သူမအား လာရောက်နှုတ်ဆက်သည်ဟု သူမထင်ခဲ့သည် ။ သူမအဝတ်အစားတွေကို သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားပြီး သူမသည် ယဉ်ကျေးသောသူတစ်​ယောက်အဖြစ် ပုံဖော်လိုက်သည် ။ အခု အိမ်ထောင်ရေးက သေချာသွားပြီဆိုတော့ သူမဟာ ရက်ရောဟန်ဆောင်နေတော့ မို့ဟွာဝမ်ဟာ  မကျေနပ်စရာဘာမှ ပြောနိုင်တော့မှာ မဟုတ်ဘူး ။

သူမ မျက်နှာကိုအနည်းငယ်မော့ကာ တံခါး၏ ဦးတည်ရာဆီသို့ မောက်မာစွာ ကြည့်လိုက်သည်။ သူမသည် ကျေးလက်က အဘွားအိုနဲ့ မဆက်ဆံနိုင်ဘူးလို့ သူမ မယုံပါဘူး။  ထို့အပြင် ဤအဘွားအိုသည် မို့ရွှမ်မင်၏ သွေးရင်းအဖွားမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းသိသည်။  ထို့ကြောင့် သခင်မအိုကြီးသည် သူမကို ကြောက်လန့်ပြီး မို့ရွှမ်မင်ကို သူ့သားနဲ့ လက်ထပ်ခွင့်ပေးလိမ့်မည် ။ မို့ရွှမ်မင်က အိမ်ထောင်မပြုချင်ဘူးဆိုရင်တောင် သူမက ရန်အာကို နိမ့်ကျခွင့် မပြုနိုင်ပါဘူး။

စီမာလင်းရန် နှင့် မို့ရွှမ်မင် တို့စိတ်ထဲတွင် အစီအစဉ်တစ်ခုရှိကြောင်း မြို့စားကတော်က မသိခဲ့ဘဲ သူမသည် မို့ရွှီတုန်းနဲ့ မို့ရွှမ်မင်ကို လဲလှည့်ပစ်ကာ စီမာလင်းရန်၏ စိတ်ကူးကို လွဲမှားခဲ့သည်။ မို့ရွှမ်မင်သည် စိမာလင်းရန်၏အသက်ကို သတ်လုနီးပါးဖြစ်နေပြီဟု ထင်ကာ သူမသည် စီမာလင်းရန်၏ဘဝထဲက မို့ရွှမ်မင်ကို ခွဲထုတ်ပစ်ချင်ခဲ့သည်။ တံခါးဝမှ အသံကြားတော့ သူမမျက်နှာမှာ အေးစက်သွားသည်၊ ထိုနောက် သူမ၏ လေးထောင့်မျက်နှာပေါ်တွင် တင်းကျပ်သော အမူအရာကို မီးမောင်းထိုးပြလိုက်သည်။

Continue Reading

You'll Also Like

293K 31.2K 160
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
132K 12.7K 199
book 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်
292K 39.4K 105
»This is not my own work »Translated from mtl and faneditedmtl »For offline purpose »Cover photo from pinterest