ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်...

By Pen_99

93.6K 3.2K 150

စံကားတစ်ပွင့် သက်သေတည် ဆရာလေးကို ကျွန်တော်ချစ်သည်......။💌 More

Part.1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
အသိပေးချက်
Part 24(Final)

Extra (1)

1.7K 49 4
By Pen_99

မနက်ခင်းနေရောင်ခြည်က ခန်းဆီးလိုက်ကာမှတဆင့်အခန်းတွင်းသို့ ဖြည်းညှင်းစွာတိုးဝင်လာသည်။သို့သော် သန်မာတောင့်တင်းသောလက်ဖဝါးပြင်တစ်ခုက ထိုလိုက်ကာစကိုဆွဲစိလိုက်သည်။ထိုနောက် ထိုလက်ပိုင်ရှင်သည် သူ့ရင်ခွင်ထဲအိပ်မောကျနေသည့် အမျိုးသားအား မြတ်နိုးခြင်းများစွာဖြင့် တိတ်တဆိတ်ငေးမောကြည့်နေသည်။ထို့နောက်လက်ညိုးအားမကာ ထိုအမျိုးသား၏ မျက်လုံး၊မျက်ခုံးတို့ကိုအသာလေးထိတွေ့လိုက်ပြီးနောက် နှာတံကလေးမှတဆင့်လျှောဆင်းသွားကာ နှုတ်ခမ်းပါးလေးအား ဖိပွတ်လိုက်သည်။ညှပ်ရိုး‌ဖွေးဖွေးထက်တွင် သွားရာတွေကအထင်းသား။ထိုအပေါ်ကိုမှ သူက နှုတ်ခမ်းဖြင့်အသာလေးဖိနမ်းလိုက်တော့ အိပ်ပျော်နေသောသူသည် လှုပ်ရှားလာတော့သည်။

"အင့်…မြတ်လေး တော်တော့လေ"

"အာ…နိုးလာပြီလား။ထပ်အိပ်ဦးလေ"

နွေးသက်ပိုင်၏ မျက်နှာသည်တစ်ချက်ရှုံ့မဲ့သွားပြီး လေးရုံအား လက်ဖြင့်တွန်းဖယ်လိုက်သည်။

"ဖယ်…မင်းကိုစိတ်ဆိုးတယ်"

"ဟော…ဘာကိုအလိုမကျဖြစ်ပြန်ပြီလဲနွေးရယ်"

သူတို့ သက်ညိုလေးအရွယ်ရောက်လာတော့ လေးရုံး နွေးသက်ပိုင်အား ဆရာနွေးဟုမခေါ်တော့ပါ။ယောက်ျားဟုခေါ်ခဲ့ပေမယ့် ထိုသို့ခေါ်လေတိုင်း နွေးသက်ပိုင်သည် လေးရုံအား စကားလုံးဝပြောမလာတော့ပါ။သူရှက်သည်လေ။

နွေးကလေ ကြာလေလေ ပိုပြီးတော့ ကလေးဆိုးလေးနှင့်တူလာလေလေ။စကားတစ်ခွန်းပြောလျှင် ချက်ချင်းအထအနကောက်ကာ သူ့ကိုလည်းအလွန်သဝန်တိုတတ်လာသည်။ထစ်ခနဲစိတ်ဆိုးစိတ်ကောက်တာလည်း ခဏခဏ။သွေးဆုံးချိန်မို့ပါဟုပြောရအောင်လည်း သူ့နှလုံးသားလေးက မိန်းကလေးမှမဟုတ်ပါပဲလေ။

"ဟော…ဟော…ဟော…ကြည့်စမ်း ကြည့်စမ်း မင်းအခုတော့ ကိုယ့်ကိုအဲ့လိုပြောပြီပေါ့။ "

လေးရုံသည် အနှီယုန်ပေါက်ကလေးအား ကြည့်ရင်း သဘောတကျဖြင့် တဟက်ဟက်ရယ်မောလိုက်ပြီးမှ မေးလိုက်ပြန်သည်။

"ကျွန်တော် ကပြောတာလား "

"အင်းလေ ။မင်းပြောတာလေ။ ဘာကိုအလိုမကျဖြစ်နေတာလဲလို့မပြောဘဲ ဖြစ်ပြန်ပြီလဲလို့ပြောတယ်။မသိရင် ကိုယ်ကပဲ အမြဲအလိုမကျဖြစ်နေတဲ့လူဆိုးကြီးကျနေရော"

"ဟုတ်ပါပြီ။ကျွန်တော်မျိုးက တောင်းပန်ပါတယ်ခင်ဗျ။ခင်ဗျားလေး ကျွန်တော့်ကိုဘာလုပ်ချင်လဲပြော။"

"လက်ပေး"

သူမဆိုင်းမတွပင် လက်ကိုကမ်းပေးလိုက်ပြီး မမြင်ရသည့်အမြှီးလေးအားနှံ့ကာ နွေးသက်ပိုင်အားပြုံးပြနေလေသည်။သက်ပိုင် အမြင်ကပ်ကပ်ဖြင့်ထိုလက်အား ကုန်းကိုက်ပစ်လိုက်ကာ ပါးစပ်ထဲခဲထားလိုက်သည်။

"အ…အ နွေး"

"ဟား ဟား ဟား မင်းကျတော့နာတယ်မလား။ကိုယ်က တစ်ညလုံးအကိုက်ခံထားရတာလေ။ဒီမှာကြည့် ကိုယ်ဘယ်လိုအပြင်ထွက်ရတော့မှာလဲ"

သူ့ခန္ဓာကိုယ်ပေါ်မှ အနီကွက်များအား လက်ညှိုးတထိုးထိုးဖြင့် ညွှန်ပြနေသော သက်ပိုင်အား အသည်းယားစွာဖြင့် သူကြည့်နေရင်းမှ အိပ်ယာပေါ်သို့ပြန်တွန်းလှဲလိုက်ကာ အပေါ်မှအုပ်မိုးထားလိုက်သည်။ထို့နောက် သက်ပိုင်၏ မျက်နှာတစ်ပြင်လူံအား မရပ်မနားလိုက်နမ်းရှုပ်နေတော့သည်။

"မ မလုပ်နဲ့…ယားတယ်လို့ ဟားဟား…မလုပ်…ဟားဟားဟားဟား"

"Happy birthday, Darling "

"ဟင်"

လေးရုံသည် သက်ပိုင်၏နဖူးလေးအား ခပ်ဖွဖွကလေးတောက်လိုက်ကာ ရယ်မောလိုက်သည်။

"ကိုယ့်မွေးနေ့ ကိုယ်တောင်မမှတ်မိတော့ဘူးလား။ကလေးကြီးရဲ့"

သက်ပိုင် ကြောင်အနေပြီမှ ဒီနေ့ကသူ့ရဲ့ သုံးဆယ့်ရှစ်နှစ်ပြည့်မွေးနေ့ဖြစ်ကြောင်း သတိရသွားသည်။

"သက်ညို…သက်ညိုရော"

"သားက ရီးယပ်စ်ဆီမှာလေ"

"မြတ်လေး…သားကိုအဲ့အိမ်ကို ခဏခဏမပို့ပါနဲ့လို့ကိုယ်ပြောမထားဘူးလား။အခုတောင်သားက ကိုယ်တို့ထက် ဂျိုန်နသန်ကိုပိုခင်တွယ်နေပြီ။အားအားရှိ အဲ့အိမ်သွားဖို့ပဲပြောနေတဲ့ဟာကို"

"ဟော…နွေးပဲ သားရှိနေရင်ရှက်လို့ဆို။ဒါကြောင့်ရီးယပ်စ်ဆီပို့ထားတာလေ။စိတ်မပူပါနဲ့ဗျာ ရီးယပ်စ်ကသားကိုတကယ်ဂရုစိုက်ပြီးချစ်ပါတယ်။"

သက်ပိုင်စိုးရိမ်တာလည်းမှန်ပါသည်။သူတို့ ပြင်သစ်ကိုရောက်တဲ့ညမှာပဲ ဂျိုန်နသန်က ရောက်လာသည်။ခြောက်ပေရှိသည့်အရပ်က မြတ်လေးလောက်မရှည်သော်ငြား သက်ပိုင်ထက်တော့နှစ်လက်မခန့်ပိုမြင့်နေသည်လေ။‌ပင်လယ်ပြာရောင်မျက်ဝန်းတွေနှင့် ပန်းနုရောင်ဆံပင်တွေ။မျက်နှာကအမြဲပြုံးနေသော်လည်း သူ့ကိုကြည့်လိုက်တိုင်း ဘာလို့များ သက်ပိုင်စိတ်ထဲတစ်စုံတစ်ရာကစနိုးစနောင့်ဖြစ်နေရသလဲ မသိ။နွေးသက်ညိုဆိုသည့် အကောင်လေးကလည်း သူ့ကိုဆိုအလိုလိုက်လွန်းသည့် ဂျိုန်နသန်ကို သူတို့ထက်ပင် ပိုခင်တွယ်နေသယောင်။ပြီးတော့ ဂျိုန်နသန်က နတ်သားလေးနှင့်တူသည်ဟုဆိုပြီး နာမည်မမေးဘဲ အိန်ဂျယ်ဟုတန်းခေါ်ခဲ့၍ သူတို့ကအားနာသော်လည်း ဂျိုန်ကတော့ဖြင့် ရယ်ရယ်မောမောပင် ခေါ်ခွင့်ပေးခဲ့သည်။သားက တစ်ပတ်တွင်လေးရက် ဂျိုန်နသန်ဆီသွားနေသည်။ကျောင်းကြိုကျောင်းပို့ကစ ဂျိုန်လုပ်ပေးမှကျေနပ်သည်။ဒါမယ့် သူကတော့အားနာလှသည်လေ။ ၇နှစ်သားအရွယ်ကဆိုလျှင်ပေါက်ကရ စကားများကိုပင်ပြောဆိုခဲ့သေးသည်။

"အိန်ဂျယ်…အိန်ဂျယ် ကိုယ့်ကိုမွေးစားပါလား။ ဖေဖေနဲ့ဒယ်ဒီက ကိုယ့်ကိုမလိုချင်ကြတော့ဘူး။ မွေးစားပါနော်။ကိုယ်အခုချက်ချင်း အထုပ်အပိုးပြင်ပြီးလိုက်ခဲ့တော့မယ်။"

"အိန်ဂျယ်က ကိုယ့်ကိုပဲချစ်တာ။ဒယ်ဒီ့ကိုချစ်ဘူး။"

"အိန်ဂျယ်နဲ့ပဲ တူတူနေမှာ။လာမခေါ်နဲ့"

"အိန်ဂျယ် မိန်းမယူရဘူးနော်။"

မဖြစ် မဖြစ်။ဒီလိုဆိုမဖြစ်သေး။

"နွေး ကျွန်တော်မေးတာဖြေလေ။လက်ဆောင်ဘာလိုချင်လဲလို့"

"အာ…အာ ကိုယ် မြန်မာနိုင်ငံကိုခဏပြန်ချင်တယ်။"

"အင်း ဘယ်ကိုသွားချင်တာလဲ။ရန်ကုန်လား"

"အင်း။ကိုယ်မေမေ့ကိုလွမ်းတယ်။ သူအခုထိ ကိုယ့်ကိုလက်ခံမပေးနိုင်သေးဘူး။ ကိုယ်တို့ တခြားဘက်ပဲသွားရအောင်ပါ။"

"ဒါဆို အတော်ပဲ။တပတ်က မေမေကဖုန်းဆက်သေးတယ်။ အချိန်ရရင် နွေးနဲ့အတူ ရွာကိုခဏ အလည်လာပါဆိုပြီး။"

ထို့နောက် သူတို့မိသားစုသုံးယောက်စာလေယာဉ်လက်မှတ်ဖြတ်ရသည်။သူတို့လည်း ရွာလေးကိုလွမ်းလှပြီလေ။အားလုံးအဆင်သင့်ဖြစ်မှ လေးရုံနှင့်စက်ပိာင်သည် ဂျိုန်အိမ်တွင်နှပ်နေသော ကိုယ်တော်အားပင့်ဆောင်ရန် ထွက်လာခဲ့ရပါတော့သည်။

"ရီးယပ်စ်…ရီးယပ်စ်!"

တံခါးကိုဖွင့်လာသောရီးယပ်စ်က အေပရွန်တစ်ထည်ကိုဝတ်ဆင်ထားပြီး ပါးတွင်လည်း ဂျုံမုန့်တွေနှင့်။ဆံပင်ပန်းရောင်ပေါ်တွင် စတော်ဘယ်ရီပုံကလစ်တစ်ခုကလည်းရှိနေသေးသည်။ သူတို့ကိုပြုံးရယ်ပြလာပြီးနောက်မှ သတိရသွားဟန်ဖြင့် ရှက်ရယ်ရယ်ကာ ထိုကလစ်အားဆွဲဖြုတ်လိုက်သည်။ထိုစဉ်အိမ်ထဲမှ အနည်းငယ်ဩထွက်နေသော လူပျိုဖော်ဝင်စအသံကထွက်ပေါ်လာလေသည်။၁၃နှစ်သားလေး နွေးသက်ညိုကလွဲပြီးဘယ်သူများဖြစ်နိုင်ဦးမှာလဲ။

"အိန်ဂျယ်…ဘာလို့ကြာနေတာလဲ။တံခါးဖွင့်ပြီး မြန်မြန်လာလေကွာ။ ကိတ်မုန့်တွေတူးကုန်တော့မယ်။"

ထိုစကားကိုကြားကြားချင်း ဂျိုန်သည် သူတို့ကို ရယ်ပင်မရယ်ပြနိုင်တော့ဘဲ မီးဖိုခန်းထဲသို့ ပျာပျာသလဲဖြင့်ပြေးဝင်သွားတော့သည်။

"အိန်ဂျယ် ဘာလို့ကလစ်ကိုဖြုတ်လိုက်တာလဲ"

အနည်းငယ် တွန့်ချိုးနေသော မျက်ခုံးများကို မြင်ရသောအခါ ဂျိုန်ခမျာ မျက်လုံးတွေပြာဝေသွားသကဲ့သို့ပင်။အော် မေ့လို့ သူ့မျက်လုံးကနဂိုထဲက ပြာပြီးသားပဲဟ။

"အယ်…ဒါ ဒါက"

"လာ!"

တစ်ချက်အော်ငေါက်ခံလိုက်ရကာ လက်မှဆွဲဆောင့်ခံလိုက်ရသည်။ထို့နောက် သက်ညိုသည် သူ့အိပ်ကပ်ထဲမှ နောက်ထပ်စတော်ဘယ်ရီပုံကလစ်နှစ်ခုအားထုတ်ကာ တပ်ပေးတော့သည်။

"အ…အ ဘာလုပ်တာလဲ"

"နွေးသက်ညို!! ကိုယ့်ထက်အကြီးကို ဆွဲလားရမ်းလားနဲ့ ။"

ရုတ်တရက် နားရွက်မှဆွဲလိမ်ခံလိုက်ရသောကြောင့်လှည့်ကြည့်လိုက်တော့ ပါပါးဖြစ်နေသည်။

"အား…ပါပါး။ဒယ်ဒီ ဘာလာလုပ်ကြတာလဲ"

အမလေး ဘယ်သူကဘယ်သူ့သားဆိုတာပင် မကွဲပြားချင်တော့။ အဖေတွေကိုပြောပုံက မသိလျှင် သူ့အိမ်လာသည့်ဧည့်သည်တွေကျနေရော။

"ဘွားဘွားတို့ဆီအလည်သွားမလို့။ လိုက်ချင်တယ်မလား"

"No!"

အော် တော်တော်လေးလိုက်ချင်နေရှာတာပဲ။ဟန်တောင်မဆောင်နိုင်ရှာဘူး။

"ပါပါးတို့ပဲ သွားပါ။လင်ခင်ပွန်းတွေကြားဝင်မရှုပ်ချင်ပါဘူး။ကျွန်တော်က အိန်ဂျယ့်ဆီမှာနေလို့ဖြစ်ပါတယ်။စိတ်မပူပါနဲ့"

"သယ်…ဒီဖေ"

သူတို့ပြောနေသည့် စကားများကို ဂျိုန်ကနားမလည်သောကြောင့် ဘေးနားတွင်အေးဆေးထိုင်ကာ တစ်ချက်တစ်ချက် သက်ညို၏ ပါးစပ်ထဲသို့ စတော်ဘယ်ရီကိတ်အား ခွန့် ခွန့်ကာ ကျွေးနေသေးသည်။

"မခွံ့နဲ့တော့"

သက်ညို တစ်ချက်ပြောလိုက်တော့မှ ခွန့်ကျွေးခြင်းရပ်သွားကာ သူ့ဘာသူ စားနေတော့သည်။

"အိန်ဂျယ် ကိတ်မုန့်ချည်းပဲစားမနေနဲ့။ပါပါးကိုကူပြောပေးဦး။"

"ဟင်ဘာပြောရမှာလဲ"

"သူတို့ ဟန်နီးမွန်းထွက်မှာကို ကိုယ့်ကိုလာခေါ်နေတယ်လေ။ဟင့်အင်း ကိုယ်မလိုက်ဘူး။အိန်ဂျယ်နဲ့ပဲနေမှာ။ဟုတ်တယ်မလား"

ဂျိုန် ကြောင်တောင်တောင်လေးဖြင့် သက်ပိုင်အား ထိုင်နေရာမှမော့ကြည့်လိုက်မိသည်။ သူကလည်းဘာမှန်းမသိ ထိုLay၏အမျိုးသားကို စကားအတိုက်အခံမပြောရဲချေ။သူနှစ်ပေါင်းများစွာမျှော်မှန်း၍ မရခဲ့သည့် လူသား၏အချစ်များကို အလျှံအပယ်ရထားသည့် ထိုအမျိုးသားကိုသူခွန်းတုံ့မပြောနိုင်။ပြောလည်းမပြောရဲချေ။ထိုကြောင့်သူ့ဘေးတွင်ထိုင်နေသော သက်ညိုထံသို့သာ မျက်နှာချိုသွေးအပြုံးလေး ပေးလိုက်ရတော့သည်။

"Daniel မင်းဒယ်ဒီတို့နဲ့သာလိုက်သွားလိုက်ပါ။‌မိဘတွေနဲ့တူတူခရီးမထွက်ချင်ဘူးလား"

"ဟွန်း! အိန်ဂျယ် ကိုယ့်ကိုငြင်းတယ်။ဘာလဲ အိမ်ပေါ်တင်မကျွေးထားနိုင်လို့လား။ ရပါတယ် အိန်ဂျယ့်ဆီမှာမနေရလဲအဆင်ပြေပါတယ်။လမ်းဘေးမှာပဲသေသေ ပါပါးတို့နဲ့တော့လိုက်မှာမဟုတ်ဘူး။"

"မဟုတ်ဘူးလေ ငါပြောတာက"

"နွေးသက်…!"

"နွေး…မပြောနဲ့တော့။သားကနေချင်တာကိုထားခဲ့လိုက်ပါ။ပြီးတော့ ဟျောင့် မင်းအသံဩကြီးနဲ့ချွဲမနေနဲ့။နားခါးတယ်ကွ"

လိုချင်တာရသွားပြီဖြစ်သည့် ကလေးကတော့ လေးရုံ ပြောတာကိုနားထဲပင်မထည့်တော့။ဂျိုန်ကိုကျေးဇူးတင်စကားပြောပြီးသာ သူတို့ပြန်လာခဲ့လိုက်ရတော့သည်။သကောင့်သားကတော့ ဆိုဖာပေါ်တွင် ခြေချိတ်ကာ ထိုင်နေဆဲ။သူတို့ တံခါးဝနားရောက်တော့ နှုတ်ဆက်ရှာပါသည်။

"ပြန်ရောက်ရင်လည်း မြန်မြန်လာမခေါ်နဲ့နော်။ကျွန်တော် ပြန်လာချင်တဲ့အချိန်ကျပြန်လာမယ်"

"…………"

"…………"

"…………"

လေယာဉ်ထွက်ပြီးမကြာမီပင် သက်ပိုင်တစ်ယောက်ငိုက်မျဉ်းလာတော့သည်။ညကလည်းကောင်းကောင်းမအိပ်လိုက်ရသည်လေ။

"နွေး…အိပ်ချင်ရင် အိပ်နော်။ကျွန်တော့် ပုခုံးပေါ်မှာ လာမှီထား"

သူဘာမှ ပြန်မဖြေဘဲ ခေါင်းသာတစ်ချက်ညိတ်ပြလိုက်သည်။ထိုနောက့် ချစ်ရသူ၏ ပုခုံးထက်တွင် နားခိုအိပ်စက်ရင်း သူ့နှုတ်ခမ်းထောင့်စွန်းတို့က သိသိသာသာပင်ကွေးတက်နေတော့သည်။သူယုံကြည်သည်။ဒီလူနှင့်သာဆိုလျှင် သူ့တစ်ဘဝလုံးကိုအပ်နှံပစ်ရဲသည်။ဒီလူနှင့်သာဆိုလျှင်ပေါ့။

အားလုံးပဲမတွေ့ရတာကြာပြီနော်။သက်ညိုလေးတောင်အရွယ်ရောက်လာပြီ။သတိရနေကြရဲ့လားဗျာ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။

20.2.2024
ညနေ၃နာရီ၁မိနစ်

မနက္ခင္းေနေရာင္ျခည္က ခန္းဆီးလိုက္ကာမွတဆင့္အခန္းတြင္းသို႔ ျဖည္းညႇင္းစြာတိုးဝင္လာသည္။သို႔ေသာ္ သန္မာေတာင့္တင္းေသာလက္ဖဝါးျပင္တစ္ခုက ထိုလိုက္ကာစကိုဆြဲစိလိုက္သည္။ထိုေနာက္ ထိုလက္ပိုင္ရွင္သည္ သူ႔ရင္ခြင္ထဲအိပ္ေမာက်ေနသည့္ အမ်ိဳးသားအား ျမတ္ႏိုးျခင္းမ်ားစြာျဖင့္ တိတ္တဆိတ္ေငးေမာၾကည့္ေနသည္။ထို႔ေနာက္လက္ညိဳးအားမကာ ထိုအမ်ိဳးသား၏ မ်က္လုံး၊မ်က္ခုံးတို႔ကိုအသာေလးထိေတြ႕လိုက္ၿပီးေနာက္ ႏွာတံကေလးမွတဆင့္ေလွ်ာဆင္းသြားကာ ႏႈတ္ခမ္းပါးေလးအား ဖိပြတ္လိုက္သည္။ညႇပ္႐ိုး‌ေဖြးေဖြးထက္တြင္ သြားရာေတြကအထင္းသား။ထိုအေပၚကိုမွ သူက ႏႈတ္ခမ္းျဖင့္အသာေလးဖိနမ္းလိုက္ေတာ့ အိပ္ေပ်ာ္ေနေသာသူသည္ လႈပ္ရွားလာေတာ့သည္။

"အင့္…ျမတ္ေလး ေတာ္ေတာ့ေလ"

"အာ…ႏိုးလာၿပီလား။ထပ္အိပ္ဦးေလ"

ေႏြးသက္ပိုင္၏ မ်က္ႏွာသည္တစ္ခ်က္ရႈံ႕မဲ့သြားၿပီး ေလး႐ုံအား လက္ျဖင့္တြန္းဖယ္လိုက္သည္။

"ဖယ္…မင္းကိုစိတ္ဆိုးတယ္"

"ေဟာ…ဘာကိုအလိုမက်ျဖစ္ျပန္ၿပီလဲေႏြးရယ္"

သူတို႔ သက္ညိဳေလးအ႐ြယ္ေရာက္လာေတာ့ ေလး႐ုံး ေႏြးသက္ပိုင္အား ဆရာေႏြးဟုမေခၚေတာ့ပါ။ေယာက္်ားဟုေခၚခဲ့ေပမယ့္ ထိုသို႔ေခၚေလတိုင္း ေႏြးသက္ပိုင္သည္ ေလး႐ုံအား စကားလုံးဝေျပာမလာေတာ့ပါ။သူရွက္သည္ေလ။

ေႏြးကေလ ၾကာေလေလ ပိုၿပီးေတာ့ ကေလးဆိုးေလးႏွင့္တူလာေလေလ။စကားတစ္ခြန္းေျပာလွ်င္ ခ်က္ခ်င္းအထအနေကာက္ကာ သူ႔ကိုလည္းအလြန္သဝန္တိုတတ္လာသည္။ထစ္ခနဲစိတ္ဆိုးစိတ္ေကာက္တာလည္း ခဏခဏ။ေသြးဆုံးခ်ိန္မို႔ပါဟုေျပာရေအာင္လည္း သူ႔ႏွလုံးသားေလးက မိန္းကေလးမွမဟုတ္ပါပဲေလ။

"ေဟာ…ေဟာ…ေဟာ…ၾကည့္စမ္း ၾကည့္စမ္း မင္းအခုေတာ့ ကိုယ့္ကိုအဲ့လိုေျပာၿပီေပါ့။ "

ေလး႐ုံသည္ အႏွီယုန္ေပါက္ကေလးအား ၾကည့္ရင္း သေဘာတက်ျဖင့္ တဟက္ဟက္ရယ္ေမာလိုက္ၿပီးမွ ေမးလိုက္ျပန္သည္။

"ကြၽန္ေတာ္ ကေျပာတာလား "

"အင္းေလ ။မင္းေျပာတာေလ။ ဘာကိုအလိုမက်ျဖစ္ေနတာလဲလို႔မေျပာဘဲ ျဖစ္ျပန္ၿပီလဲလို႔ေျပာတယ္။မသိရင္ ကိုယ္ကပဲ အၿမဲအလိုမက်ျဖစ္ေနတဲ့လူဆိုးႀကီးက်ေနေရာ"

"ဟုတ္ပါၿပီ။ကြၽန္ေတာ္မ်ိဳးက ေတာင္းပန္ပါတယ္ခင္ဗ်။ခင္ဗ်ားေလး ကြၽန္ေတာ့္ကိုဘာလုပ္ခ်င္လဲေျပာ။"

"လက္ေပး"

သူမဆိုင္းမတြပင္ လက္ကိုကမ္းေပးလိုက္ၿပီး မျမင္ရသည့္အျမႇီးေလးအားႏွံ႔ကာ ေႏြးသက္ပိုင္အားၿပဳံးျပေနေလသည္။သက္ပိုင္ အျမင္ကပ္ကပ္ျဖင့္ထိုလက္အား ကုန္းကိုက္ပစ္လိုက္ကာ ပါးစပ္ထဲခဲထားလိုက္သည္။

"အ…အ ေႏြး"

"ဟား ဟား ဟား မင္းက်ေတာ့နာတယ္မလား။ကိုယ္က တစ္ညလုံးအကိုက္ခံထားရတာေလ။ဒီမွာၾကည့္ ကိုယ္ဘယ္လိုအျပင္ထြက္ရေတာ့မွာလဲ"

သူ႔ခႏၶာကိုယ္ေပၚမွ အနီကြက္မ်ားအား လက္ညႇိဳးတထိုးထိုးျဖင့္ ၫႊန္ျပေနေသာ သက္ပိုင္အား အသည္းယားစြာျဖင့္ သူၾကည့္ေနရင္းမွ အိပ္ယာေပၚသို႔ျပန္တြန္းလွဲလိုက္ကာ အေပၚမွအုပ္မိုးထားလိုက္သည္။ထို႔ေနာက္ သက္ပိုင္၏ မ်က္ႏွာတစ္ျပင္လူံအား မရပ္မနားလိုက္နမ္းရႈပ္ေနေတာ့သည္။

"မ မလုပ္နဲ႔…ယားတယ္လို႔ ဟားဟား…မလုပ္…ဟားဟားဟားဟား"

"Happy birthday, Darling "

"ဟင္"

ေလး႐ုံသည္ သက္ပိုင္၏နဖူးေလးအား ခပ္ဖြဖြကေလးေတာက္လိုက္ကာ ရယ္ေမာလိုက္သည္။

"ကိုယ့္ေမြးေန႔ ကိုယ္ေတာင္မမွတ္မိေတာ့ဘူးလား။ကေလးႀကီးရဲ႕"

သက္ပိုင္ ေၾကာင္အေနၿပီမွ ဒီေန႔ကသူ႔ရဲ႕ သုံးဆယ့္ရွစ္ႏွစ္ျပည့္ေမြးေန႔ျဖစ္ေၾကာင္း သတိရသြားသည္။

"သက္ညိဳ…သက္ညိဳေရာ"

"သားက ရီးယပ္စ္ဆီမွာေလ"

"ျမတ္ေလး…သားကိုအဲ့အိမ္ကို ခဏခဏမပို႔ပါနဲ႔လို႔ကိုယ္ေျပာမထားဘူးလား။အခုေတာင္သားက ကိုယ္တို႔ထက္ ဂ်ိဳန္နသန္ကိုပိုခင္တြယ္ေနၿပီ။အားအားရွိ အဲ့အိမ္သြားဖို႔ပဲေျပာေနတဲ့ဟာကို"

"ေဟာ…ေႏြးပဲ သားရွိေနရင္ရွက္လို႔ဆို။ဒါေၾကာင့္ရီးယပ္စ္ဆီပို႔ထားတာေလ။စိတ္မပူပါနဲ႔ဗ်ာ ရီးယပ္စ္ကသားကိုတကယ္ဂ႐ုစိုက္ၿပီးခ်စ္ပါတယ္။"

သက္ပိုင္စိုးရိမ္တာလည္းမွန္ပါသည္။သူတို႔ ျပင္သစ္ကိုေရာက္တဲ့ညမွာပဲ ဂ်ိဳန္နသန္က ေရာက္လာသည္။ေျခာက္ေပရွိသည့္အရပ္က ျမတ္ေလးေလာက္မရွည္ေသာ္ျငား သက္ပိုင္ထက္ေတာ့ႏွစ္လက္မခန႔္ပိုျမင့္ေနသည္ေလ။‌ပင္လယ္ျပာေရာင္မ်က္ဝန္းေတြႏွင့္ ပန္းႏုေရာင္ဆံပင္ေတြ။မ်က္ႏွာကအၿမဲၿပဳံးေနေသာ္လည္း သူ႔ကိုၾကည့္လိုက္တိုင္း ဘာလို႔မ်ား သက္ပိုင္စိတ္ထဲတစ္စုံတစ္ရာကစႏိုးစေနာင့္ျဖစ္ေနရသလဲ မသိ။ေႏြးသက္ညိဳဆိုသည့္ အေကာင္ေလးကလည္း သူ႔ကိုဆိုအလိုလိုက္လြန္းသည့္ ဂ်ိဳန္နသန္ကို သူတို႔ထက္ပင္ ပိုခင္တြယ္ေနသေယာင္။ၿပီးေတာ့ ဂ်ိဳန္နသန္က နတ္သားေလးႏွင့္တူသည္ဟုဆိုၿပီး နာမည္မေမးဘဲ အိန္ဂ်ယ္ဟုတန္းေခၚခဲ့၍ သူတို႔ကအားနာေသာ္လည္း ဂ်ိဳန္ကေတာ့ျဖင့္ ရယ္ရယ္ေမာေမာပင္ ေခၚခြင့္ေပးခဲ့သည္။သားက တစ္ပတ္တြင္ေလးရက္ ဂ်ိဳန္နသန္ဆီသြားေနသည္။ေက်ာင္းႀကိဳေက်ာင္းပို႔ကစ ဂ်ိဳန္လုပ္ေပးမွေက်နပ္သည္။ဒါမယ့္ သူကေတာ့အားနာလွသည္ေလ။ ၇ႏွစ္သားအ႐ြယ္ကဆိုလွ်င္ေပါက္ကရ စကားမ်ားကိုပင္ေျပာဆိုခဲ့ေသးသည္။

"အိန္ဂ်ယ္…အိန္ဂ်ယ္ ကိုယ့္ကိုေမြးစားပါလား။ ေဖေဖနဲ႔ဒယ္ဒီက ကိုယ့္ကိုမလိုခ်င္ၾကေတာ့ဘူး။ ေမြးစားပါေနာ္။ကိုယ္အခုခ်က္ခ်င္း အထုပ္အပိုးျပင္ၿပီးလိုက္ခဲ့ေတာ့မယ္။"

"အိန္ဂ်ယ္က ကိုယ့္ကိုပဲခ်စ္တာ။ဒယ္ဒီ့ကိုခ်စ္ဘူး။"

"အိန္ဂ်ယ္နဲ႔ပဲ တူတူေနမွာ။လာမေခၚနဲ႔"

"အိန္ဂ်ယ္ မိန္းမယူရဘူးေနာ္။"

မျဖစ္ မျဖစ္။ဒီလိုဆိုမျဖစ္ေသး။

"ေႏြး ကြၽန္ေတာ္ေမးတာေျဖေလ။လက္ေဆာင္ဘာလိုခ်င္လဲလို႔"

"အာ…အာ ကိုယ္ ျမန္မာႏိုင္ငံကိုခဏျပန္ခ်င္တယ္။"

"အင္း ဘယ္ကိုသြားခ်င္တာလဲ။ရန္ကုန္လား"

"အင္း။ကိုယ္ေမေမ့ကိုလြမ္းတယ္။ သူအခုထိ ကိုယ့္ကိုလက္ခံမေပးႏိုင္ေသးဘူး။ ကိုယ္တို႔ တျခားဘက္ပဲသြားရေအာင္ပါ။"

"ဒါဆို အေတာ္ပဲ။တပတ္က ေမေမကဖုန္းဆက္ေသးတယ္။ အခ်ိန္ရရင္ ေႏြးနဲ႔အတူ ႐ြာကိုခဏ အလည္လာပါဆိုၿပီး။"

ထို႔ေနာက္ သူတို႔မိသားစုသုံးေယာက္စာေလယာဥ္လက္မွတ္ျဖတ္ရသည္။သူတို႔လည္း ႐ြာေလးကိုလြမ္းလွၿပီေလ။အားလုံးအဆင္သင့္ျဖစ္မွ ေလး႐ုံႏွင့္စက္ပိာင္သည္ ဂ်ိဳန္အိမ္တြင္ႏွပ္ေနေသာ ကိုယ္ေတာ္အားပင့္ေဆာင္ရန္ ထြက္လာခဲ့ရပါေတာ့သည္။

"ရီးယပ္စ္…ရီးယပ္စ္!"

တံခါးကိုဖြင့္လာေသာရီးယပ္စ္က ေအပ႐ြန္တစ္ထည္ကိုဝတ္ဆင္ထားၿပီး ပါးတြင္လည္း ဂ်ဳံမုန႔္ေတြႏွင့္။ဆံပင္ပန္းေရာင္ေပၚတြင္ စေတာ္ဘယ္ရီပုံကလစ္တစ္ခုကလည္းရွိေနေသးသည္။ သူတို႔ကိုၿပဳံးရယ္ျပလာၿပီးေနာက္မွ သတိရသြားဟန္ျဖင့္ ရွက္ရယ္ရယ္ကာ ထိုကလစ္အားဆြဲျဖဳတ္လိုက္သည္။ထိုစဥ္အိမ္ထဲမွ အနည္းငယ္ဩထြက္ေနေသာ လူပ်ိဳေဖာ္ဝင္စအသံကထြက္ေပၚလာေလသည္။၁၃ႏွစ္သားေလး ေႏြးသက္ညိဳကလြဲၿပီးဘယ္သူမ်ားျဖစ္ႏိုင္ဦးမွာလဲ။

"အိန္ဂ်ယ္…ဘာလို႔ၾကာေနတာလဲ။တံခါးဖြင့္ၿပီး ျမန္ျမန္လာေလကြာ။ ကိတ္မုန႔္ေတြတူးကုန္ေတာ့မယ္။"

ထိုစကားကိုၾကားၾကားခ်င္း ဂ်ိဳန္သည္ သူတို႔ကို ရယ္ပင္မရယ္ျပႏိုင္ေတာ့ဘဲ မီးဖိုခန္းထဲသို႔ ပ်ာပ်ာသလဲျဖင့္ေျပးဝင္သြားေတာ့သည္။

"အိန္ဂ်ယ္ ဘာလို႔ကလစ္ကိုျဖဳတ္လိုက္တာလဲ"

အနည္းငယ္ တြန႔္ခ်ိဳးေနေသာ မ်က္ခုံးမ်ားကို ျမင္ရေသာအခါ ဂ်ိဳန္ခမ်ာ မ်က္လုံးေတြျပာေဝသြားသကဲ့သို႔ပင္။ေအာ္ ေမ့လို႔ သူ႔မ်က္လုံးကနဂိုထဲက ျပာၿပီးသားပဲဟ။

"အယ္…ဒါ ဒါက"

"လာ!"

တစ္ခ်က္ေအာ္ေငါက္ခံလိုက္ရကာ လက္မွဆြဲေဆာင့္ခံလိုက္ရသည္။ထို႔ေနာက္ သက္ညိဳသည္ သူ႔အိပ္ကပ္ထဲမွ ေနာက္ထပ္စေတာ္ဘယ္ရီပုံကလစ္ႏွစ္ခုအားထုတ္ကာ တပ္ေပးေတာ့သည္။

"အ…အ ဘာလုပ္တာလဲ"

"ေႏြးသက္ညိဳ!! ကိုယ့္ထက္အႀကီးကို ဆြဲလားရမ္းလားနဲ႔ ။"

႐ုတ္တရက္ နား႐ြက္မွဆြဲလိမ္ခံလိုက္ရေသာေၾကာင့္လွည့္ၾကည့္လိုက္ေတာ့ ပါပါးျဖစ္ေနသည္။

"အား…ပါပါး။ဒယ္ဒီ ဘာလာလုပ္ၾကတာလဲ"

အမေလး ဘယ္သူကဘယ္သူ႔သားဆိုတာပင္ မကြဲျပားခ်င္ေတာ့။ အေဖေတြကိုေျပာပုံက မသိလွ်င္ သူ႔အိမ္လာသည့္ဧည့္သည္ေတြက်ေနေရာ။

"ဘြားဘြားတို႔ဆီအလည္သြားမလို႔။ လိုက္ခ်င္တယ္မလား"

"No!"

ေအာ္ ေတာ္ေတာ္ေလးလိုက္ခ်င္ေနရွာတာပဲ။ဟန္ေတာင္မေဆာင္ႏိုင္ရွာဘူး။

"ပါပါးတို႔ပဲ သြားပါ။လင္ခင္ပြန္းေတြၾကားဝင္မရႈပ္ခ်င္ပါဘူး။ကြၽန္ေတာ္က အိန္ဂ်ယ့္ဆီမွာေနလို႔ျဖစ္ပါတယ္။စိတ္မပူပါနဲ႔"

"သယ္…ဒီေဖ"

သူတို႔ေျပာေနသည့္ စကားမ်ားကို ဂ်ိဳန္ကနားမလည္ေသာေၾကာင့္ ေဘးနားတြင္ေအးေဆးထိုင္ကာ တစ္ခ်က္တစ္ခ်က္ သက္ညိဳ၏ ပါးစပ္ထဲသို႔ စေတာ္ဘယ္ရီကိတ္အား ခြန႔္ ခြန႔္ကာ ေကြၽးေနေသးသည္။

"မခြံ႕နဲ႔ေတာ့"

သက္ညိဳ တစ္ခ်က္ေျပာလိုက္ေတာ့မွ ခြန႔္ေကြၽးျခင္းရပ္သြားကာ သူ႔ဘာသူ စားေနေတာ့သည္။

"အိန္ဂ်ယ္ ကိတ္မုန႔္ခ်ည္းပဲစားမေနနဲ႔။ပါပါးကိုကူေျပာေပးဦး။"

"ဟင္ဘာေျပာရမွာလဲ"

"သူတို႔ ဟန္နီးမြန္းထြက္မွာကို ကိုယ့္ကိုလာေခၚေနတယ္ေလ။ဟင့္အင္း ကိုယ္မလိုက္ဘူး။အိန္ဂ်ယ္နဲ႔ပဲေနမွာ။ဟုတ္တယ္မလား"

ဂ်ိဳန္ ေၾကာင္ေတာင္ေတာင္ေလးျဖင့္ သက္ပိုင္အား ထိုင္ေနရာမွေမာ့ၾကည့္လိုက္မိသည္။ သူကလည္းဘာမွန္းမသိ ထိုLay၏အမ်ိဳးသားကို စကားအတိုက္အခံမေျပာရဲေခ်။သူႏွစ္ေပါင္းမ်ားစြာေမွ်ာ္မွန္း၍ မရခဲ့သည့္ လူသား၏အခ်စ္မ်ားကို အလွ်ံအပယ္ရထားသည့္ ထိုအမ်ိဳးသားကိုသူခြန္းတုံ႔မေျပာႏိုင္။ေျပာလည္းမေျပာရဲေခ်။ထိုေၾကာင့္သူ႔ေဘးတြင္ထိုင္ေနေသာ သက္ညိဳထံသို႔သာ မ်က္ႏွာခ်ိဳေသြးအၿပဳံးေလး ေပးလိုက္ရေတာ့သည္။

"Daniel မင္းဒယ္ဒီတို႔နဲ႔သာလိုက္သြားလိုက္ပါ။‌မိဘေတြနဲ႔တူတူခရီးမထြက္ခ်င္ဘူးလား"

"ဟြန္း! အိန္ဂ်ယ္ ကိုယ့္ကိုျငင္းတယ္။ဘာလဲ အိမ္ေပၚတင္မေကြၽးထားႏိုင္လို႔လား။ ရပါတယ္ အိန္ဂ်ယ့္ဆီမွာမေနရလဲအဆင္ေျပပါတယ္။လမ္းေဘးမွာပဲေသေသ ပါပါးတို႔နဲ႔ေတာ့လိုက္မွာမဟုတ္ဘူး။"

"မဟုတ္ဘူးေလ ငါေျပာတာက"

"ေႏြးသက္…!"

"ေႏြး…မေျပာနဲ႔ေတာ့။သားကေနခ်င္တာကိုထားခဲ့လိုက္ပါ။ၿပီးေတာ့ ေဟ်ာင့္ မင္းအသံဩႀကီးနဲ႔ခြၽဲမေနနဲ႔။နားခါးတယ္ကြ"

လိုခ်င္တာရသြားၿပီျဖစ္သည့္ ကေလးကေတာ့ ေလး႐ုံ ေျပာတာကိုနားထဲပင္မထည့္ေတာ့။ဂ်ိဳန္ကိုေက်းဇူးတင္စကားေျပာၿပီးသာ သူတို႔ျပန္လာခဲ့လိုက္ရေတာ့သည္။သေကာင့္သားကေတာ့ ဆိုဖာေပၚတြင္ ေျခခ်ိတ္ကာ ထိုင္ေနဆဲ။သူတို႔ တံခါးဝနားေရာက္ေတာ့ ႏႈတ္ဆက္ရွာပါသည္။

"ျပန္ေရာက္ရင္လည္း ျမန္ျမန္လာမေခၚနဲ႔ေနာ္။ကြၽန္ေတာ္ ျပန္လာခ်င္တဲ့အခ်ိန္က်ျပန္လာမယ္"

"…………"

"…………"

"…………"

ေလယာဥ္ထြက္ၿပီးမၾကာမီပင္ သက္ပိုင္တစ္ေယာက္ငိုက္မ်ဥ္းလာေတာ့သည္။ညကလည္းေကာင္းေကာင္းမအိပ္လိုက္ရသည္ေလ။

"ေႏြး…အိပ္ခ်င္ရင္ အိပ္ေနာ္။ကြၽန္ေတာ့္ ပုခုံးေပၚမွာ လာမွီထား"

သူဘာမွ ျပန္မေျဖဘဲ ေခါင္းသာတစ္ခ်က္ညိတ္ျပလိုက္သည္။ထိုေနာက့္ ခ်စ္ရသူ၏ ပုခုံးထက္တြင္ နားခိုအိပ္စက္ရင္း သူ႔ႏႈတ္ခမ္းေထာင့္စြန္းတို႔က သိသိသာသာပင္ေကြးတက္ေနေတာ့သည္။သူယုံၾကည္သည္။ဒီလူႏွင့္သာဆိုလွ်င္ သူ႔တစ္ဘဝလုံးကိုအပ္ႏွံပစ္ရဲသည္။ဒီလူႏွင့္သာဆိုလွ်င္ေပါ့။

အားလုံးပဲမေတြ႕ရတာၾကာၿပီေနာ္။သက္ညိဳေလးေတာင္အ႐ြယ္ေရာက္လာၿပီ။သတိရေနၾကရဲ႕လားဗ်။

20.2.2024
ညနေ၃နာရီ၁မိနစ်












Continue Reading

You'll Also Like

27.9K 886 11
mark tuan + jackson wang [originally posted in 2019 - revised in 2020]
163K 6.6K 73
➽Just short love stories...❤ ⇝❤️. ⇝🖤. ⇝♥️. ⇝💙. ⇝🩷. ⇝🤍. ➽💛Going on. ➽🩶Coming up [Ignore grammatical mistakes. I will improve my writing gradual...
26.1K 356 57
A WOSO Oneshot book Oneshots of favourite Women's footballers Mainly the Lionesses, Arsenal Women's team,Chelsea Women's team, Man City Women's team...
36.2K 7.2K 30
A Lawyer, Bold with a bit of anger issues, Smart, Not in good terms with his Father. A Girl, Sweet but Insecure about her weight, With Career tension...