"အေးအေးဆေးဆေးနေတတ်ပြီးဘယ်အရာကိုမဆိုကြောက်တတ်တဲ့ကျွန်တော်က အဲ့လူနဲ့တွေ့ဆုံတဲ့အချိန်မှာမြူမှုန်စလိုပျောက်ပျက်သွားခဲ့ပြီး သူနဲ့တွေ့ပြီးနောက်ပိုင်း အချိန်တိုအတွင်းကျွန်တော်ဆိုတဲ့ယန်းဂျောင်ဝန်းကပြောင်းလဲသွားခဲ့တယ်"
.....
*သာယာတဲ့မနက်ခင်းလေးမှာ ယန်းဂျောင်ဝန်းဆိုတဲ့ကောင်လေးတစ်ယောက် နိုးထလာခဲ့ကာ လိုက်ကာကိုဖွင့်လိုက်ပြီး*
"လှပလိုက်တဲ့မနက်ခင်းလေးပါလား?"
*ရှုခင်းကိုကြည့်နေရင်း သဘောကျနှစ်သက်ကာ*
"သားရေ သား"
*အခန်းတံခါးကိုခေါက်နေလေတယ်*
*အမေ့ခေါ်သံကြောင့် လန့်သွားပြီးလှည့်ကြည့်ကာ*
"ဗျာ?"
"သားနိုးပြီလား?မေမေဝင်ခဲ့မယ်နော်"
"ဟုတ်ကဲ့ပါဗျ"
*သူ့သားခွင့်ပြုချက်ရမှ အခန်းတံခါးကိုဖွင့်လိုက်ကာ*
"ငါ့သားလေးကိုနှောင့်ယှက်မိသလိုဖြစ်သွားသေးလား?"
*သူ့အမေတစ်ခုခုပြောချင်နေတယ်ဆိုတာကိုစိတ်ထဲကြိုသိနေခဲ့ပြီး*
"မဖြစ်ပါဘူးဗျ ပြောပါခင်ဗျ"
"သားနဲ့မိတ်ဆက်ပေးမယ်ဆိုတဲ့တစ်ယောက်လေ"
"အမေ့သူငယ်ချင်းရဲ့သားဆိုတာလားဗျ?"
"အေးဟုတ်တယ်ကွဲ့ ခနနေရင်သူတို့မိသားစုလိုက်ရောက်လာလိမ့်မယ် အဆင်သင့်ပြင်ထားလိုက်ဦးသားတို့ကျောင်းလည်းအတူတူသွားရမှာဆိုတော့"
"ဟုတ်ကဲ့ပါဗျ"
"ဒါဆိုမေမေသွားပြီနော်"
*အခန်းထဲကထွက်သွား၍*
သဘက်ယူကာရေချိုးခန်းထဲဝင်သွားလေတယ်။ခနကြာတော့အိမ်ကိုဂျောင်ဝန်းအမေရဲ့သူငယ်ချင်းရောက်လာခဲ့လေရဲ့။
"အမလေး လွမ်းနေတာ"
*သူ့သူငယ်ချင်းကိုပခုံးကိုပုတ်ကာ*
"ဟုတ်ပါ့ဟယ် ထိုင်ထိုင်"
"ဒါနဲ့သားနဲ့ယောက်ျားကော?"
"လာလိမ့်မယ် နင်တို့စားဖို့သစ်သီးတွေသွားဝယ်နေလို့"
*အိမ်ကိုလျှောက်ပတ်ကြည့်နေရင်း*
"အမလေးဟယ် မလိုပါဘူးသူငယ်ချင်းတွေပဲကို"
"အမလေးမဟုတ်တာ ဒါနဲ့ဂျောင်ဝန်းလေးကော?"
"သူအပေါ်မှာ"
"အမလေးတွေ့ချင်လှပြီနော် နင်နဲ့တူတော့အများကြီးချောမှာပဲ"
"ဒါပေါ့ဒါပေါ့ နင်ဘာသောက်ဦးမလဲ?"
"တော်ပါပြီဟယ် ဧည့်သည်တွေလိုလုပ်မနေစမ်းနဲ့"
*ဆိုဖာပေါ်အတူတူထိုင်ကြကာ*
*တစ်ခုခုကိုစဉ်းစားမိသွားပြီး*
"ဟဲ့ ငါလည်းအခုမှစဥ်းစားမိ ငါတို့တွေအချင်းချင်းသာတွေ့ဖြစ်နေကြတာ သားသမီးတွေကျတစ်ခါမှလည်းမတွေ့ဖူးကြဘူးနော် အခုမှမိတ်ဆက်ရတော့တယ်"
"အေးဟုတ်ပါ့ ငါတို့သားတွေယောက်ျားတွေကလည်းမအားဆိုတော့ ကျောင်းတူသွားတာကိုတောင်ကျေးဇူးတင်ရမလို"
*သားနဲ့ယောက်ျားကအိမ်ထဲဝင်လာခဲ့ကြကာ*
"ပြောရင်းဆိုရင်းလာပြီ"
*လှည့်ကြည့်ပြီး ထလိုက်ကာ*
"အများကြီးချောတာပဲသားလေးက"
"ငါနဲ့တူလို့လေ"
*ယောက်ျားကိုလှမ်းကြည့်ပြီး*
"ယောက်ျားပေးလိုက်ဦးသစ်သီးတွေ"
*သစ်သီးတွေပေးလိုက်ပြီး*
"ဟယ် အများကြီးပဲနင်ဟာလေ လက်ဖွာတာကတော့"
"ငါ့သားလေးပိုက်ဆံနဲ့ပါဟယ်"
"အမယ့် သားလိမ္မာလေးပိုင်ဆိုင်ထားရတယ်ပေါ့ညည်းက"
*သတိထားမိသွားကာ*
"စကားများနေတာနဲ့ ထိုင်ကြပါဦးဘာသောက်ကြဦးမလဲ?"
*သားနဲ့ယောက်ျားကဆိုဖာပေါ်ထိုင်လိုက်ပြီး*
"ရပါတယ်"
"နေစမ်းပါနင့်ဘာသာနင် သူတို့ကစားပြီးသောက်ပြီးလာပြီ"
ထိုအချိန်ပဲဂျောင်ဝန်းလည်းအခန်းထဲကထွက်လာပြီးအောက်ကိုဆင်းလာခဲ့သည်။
"ဟယ်အဲ့ဒါနင့်သားလား?"
"သားနှုတ်ဆက်လိုက်ဦး ဒါမေမေ့သူငယ်ချင်းလေ"
*ခေါင်းညွတ်နှုတ်ဆက်ကာ*
"ထိုင်လေသား"
ခေါင်းလေးငုတ်ကာဆိုဖာပေါ်ထိုင်လိုက်တာပေါ့။
"အဲ့ဒါငါ့သားယန်းဂျောင်ဝန်းလေ"
"သားလေးကပဲ ညီလေးကိုစောင့်ရှောက်ပေးပါနော် သူကအေးအေးဆေးဆေးသမားဆိုတော့လေ
"ကြောက်လည်းအရမ်းကြောက်တတ်တာမို့"
"ဟုတ်ကဲ့"
*ဂျောင်ဝန်းပေါင်လေးကိုတို့လိုက်ကာ*
"သားလေး ဒါကကျအန်တီ့သားပတ်ဂျုံဆောင်းတဲ့သားထက်တော့နှစ်နှစ်ကြီးမယ် အကိုပေါ့နော်"
ဂျုံဆောင်းကိုလှမ်းကြည့်လိုက်ပြီး စိတ်ထဲဖိုသိုဖတ်သပ်ဖြစ်သွားလေသည်။
*ဂျုံဆောင်းကိုလက်ညိုးထိုးပြကာ*
"သူကအရိုင်းအစိုင်းတုံးလေးမို့ သားကပဲသူ့ကိုနားလည်ပေးပါနော်"
"ဘာကိုအရိုင်းအစိုင်းတုံးတုန်း?ကိုယ့်သားကို"
"နင်မသိလို့ပါဟယ် ကျောင်းမှာဆိုရန်ဖြစ်နေကျ ငါတစ်ခါကပြောဖူးပါရောလား?ကျောင်းသားဥက္ကဌလုပ်နေတာလေ အဲ့ဒါ
စလုပ်တော့မှအခုတလောနည်းနည်းငြိမ်နေတာသူ"
"အမယ့် သားလေးကဇိုးလေးပေါ့ညီလေးကိုစောင့်ရှောက်ပေးလို့ရတာပေါ့"
"ဂျောင်ဝန်းလေးကတော့လိမ္မာတဲ့ပုံပဲ"
"သူကအရင်ကတည်းကအေးအေးဆေးဆေးနေတတ်တဲ့ကလေးပဲဆိုတော့လည်း"
*နာရီကိုလှမ်းကြည့်လိုက်ကာ*
"အိုမို စကားတွေများနေမိတယ်"
*သူ့သားကိုတို့ကာ*
"သားတို့ကျောင်းသွားရတော့မှာမလား?"
"အင်း"
"အဲ့ဆိုလည်းသွားကြတော့လေ"
"ယောက်ျားရှင်လိုက်ပို့ပေးလိုက် ကျွန်မတို့စကားပြောပြီးကျန်ခဲ့မယ်"
*ပခုံးကိုတို့လိုက်ကာ*
"သွားမယ်သား ညီလေးကိုလည်းခေါ်ခဲ့ဦး"
အိမ်ထဲကထွက်သွားပြီး ကားဆီသွားလေတယ်။
*ဂျောင်ဝန်းနားကိုသွားကာ မျက်နှာနားကြီးကပ်လာပြီး ဂျောင်ဝန်းဘေးနားကလွယ်အိတ်ကိုယူလိုက်ကာ*
*လန့်သွားတဲ့မျက်ဝန်းငယ်လေးဖြင့်ပြန်ကြည့်ပြီး*
လွယ်အိတ်ကိုလွယ်ပြီးသူ့အဖေအနောက်ကလိုက်သွားလေတယ်။
"သွားလိုက်ပါဦးမယ်မေမေနဲ့အန်တီခင်ဗျ"
*သေချာနှုတ်ဆက်ပြီးမှအိမ်ထဲကထွက်သွားတဲ့လိမ္မာတဲ့ဂျောင်ဝန်းလေး*
"တယ်လိမ္မာတဲ့သားပါလား?ငါတောင်လိုချင်လာပြီနော် ငါ့သားကတော့မြင်တဲ့အတိုင်းပဲနှုတ်တောင်ဆက်ဖော်မရ"
*စိတ်ပျက်တဲ့အသံဖြင့်*
"လိမ္မာပါတယ်ဟယ်"
"ဘယ်ကသာ?ထင်ရလို့ပါ"
သူငယ်ချင်းနှစ်ယောက်စကားပြောရင်းကျန်ရစ်ခဲ့ချိန်တစ်ဖက်မှာတော့ဂျုံဆောင်းတို့သုံးယောက်ကတော့ကျောင်းကိုခရီးနှင်နေကြလေသည်။
*ခပ်တည်တည်မျက်နှာဖြင့်မျက်မှန်တပ်ထားပြီးချောမောတဲ့ ထိုအမျိုးသားကိုဂျောင်ဝန်းတစ်ယောက်မျက်လုံးမလွှဲနိုင်ပဲခိုးခိုးကြည့်နေတဲ့ဂျောင်ဝန်းလေး*
*သတိထားမိသွားကာ မျက်နှာနားကိုတိုးလာပြီး*
ကြောက်သွား၍ မျက်နှာကိုလွှဲလိုက်တော့
ဂျုံဆောင်းလည်းသူ့နေရာသူပြန်ထိုင်ပြီး ပြတင်းပေါက်မှာလေညှင်းပြန်ခံလေရဲ့။
*ဘာလို့မှန်းမသိသူ့ဆီပဲအာရုံရောက်နေမိတဲ့ဂျောင်ဝန်း*
*ကျောင်းကိုရောက်သွားပြီး*
"ကျောင်းရောက်ပြီသား ညီလေးကိုသေချာစောင့်ရှောက်ပေးလိုက်ဦးနော်"
"ဟုတ်ကဲ့"
*ကားပေါ်ကဆင်းလိုက်ပြီး*
"ကျေးဇူးအများကြီးတင်ပါတယ် ဦးလေး" လို့သေချာနှုတ်ဆက်ပြီးမှသာကားပေါ်ကဆင်းလိုက်တာပေါ့။
"အေးအေးသား"
*ဂျုံဆောင်းအဖေလည်းထွက်သွားပြီး*
*လွယ်အိတ်ကိုပေးလိုက်ကာ*
"ကျေးဇူးပါဗျ"
"လိုအပ်တာရှိရင်ပြော"
"ဟုတ်ကဲ့ပါဗျ" လို့ပြောပြီးကျောင်းထဲကိုအတူတူဝင်ကြလေသည်။ဒီလိုနဲ့တစ်နေ့တာရဲ့ကျောင်းတက်ချိန်ပြီးသွားခဲ့လေတယ်။
*ဂျောင်ဝန်းဆီရုတ်တရက်ဖုန်းဝင်လာတဲ့အသံကြောင့်လန့်သွားပြီး*
"လန့်တာ"
ဖုန်းကိုကြည့်လိုက်ပြီး သူ့အမေဖုန်းဆိုတော့မြန်မြန်ကောက်ကိုင်လိုက်တာပေါ့။
"ဟုတ်ကဲ့မေမေ?"
"ကျောင်းဆင်းပြီလားသား?"
*ဖုန်းကိုနားကြားထဲညှပ်လိုက်ပြီး ပစ္စည်းတွေကိုလွယ်အိတ်ထဲထည့်ကာ*
"ဟုတ်ကဲ့ဗျ အခုပဲ"
"အော် ဟုတ်ပြီသားဂျုံဆောင်းနဲ့အတူတူပြန်လာလိုက်နော်"
"ဗျာ?"
"ဂျုံဆောင်းနဲ့အတူတူအိမ်ပြန်လာလိုက်လို့ပြောတာသား သူ့အဖေကလာမကြိုနိုင်တော့လို့တဲ့ အဖော်ရအောင်တူတူပြန်လာကြလေ ဘတ်စ်ကားစီးပြီးဖြစ်ဖြစ် နော့်"
"ဟုတ်ကဲ့ပါဗျ"
"အိမ်ရှေ့ရောက်တာနဲ့မေမေ့ကိုဖုန်းဆက်လိုက် အဲ့ဆိုဒါပဲနော်"
"ဟုတ်ကဲ့ပါဗျ"
*ဖုန်းချသွားတော့ ဖုန်းကိုစားပွဲပေါ်တင်လိုက်ပြီး လွယ်အိတ်ကိုလွယ်မလို့လုပ်ချိန်ပဲ*
*အခန်းထဲရောက်လာတဲ့ဂျုံဆောင်း လွယ်အိတ်ကိုဆွဲယူလိုက်ကာ*
"သွားမယ်"
"ရပါတယ်ဗျ ကျွန်တော့်ဘာသာကျွန်တော်"
*ပြောနေတုန်း*
*ပါးစပ်ကိုလက်ညိုးနဲ့ပိတ်လိုက်ကာ*
"သွားမယ်" လို့ပြောပြီးကျောင်းထဲကနေအတူတူထွက်လာကြလေသည်။
*ဘတ်စ်ကားဆီသွားတဲ့လမ်းတစ်လျှောက်လုံးတိတ်ဆိတ်နေကြပြီး အစချီလာတဲ့ဂျောင်ဝန်းရဲ့စကားသံ*
"အကိုလို့ခေါ်လို့ရလားဗျ?"
"ခေါ်ချင်သလိုခေါ်ရတယ်"
"အာ ဟုတ်"
"ဒါနဲ့?"
"ဗျာ?"
"မနက်ကတည်းကဘာလို့ကြည့်နေတာ?"
*အရမ်းကြောက်တတ်တဲ့ဂျောင်ဝန်းတစ်ယောက် ရုတ်တရက်ပွင့်လင်းလာကာ*
"ချောလို့ပါဗျ"
*ထိုစကားကိုမသိချင်ယောင်ဆောင်လိုက်တဲ့ဂျုံဆောင်း အရှေ့ကနေကော့တော့ကော့တော့နဲ့သွားကာ*
*အနောက်မှာကျန်ရစ်ခဲ့တဲ့ဂျောင်ဝန်းတစ်ယောက်အသိစိတ်ဝင်လာပြီး*
"ငါဘာတွေပြောလိုက်မိပါလိမ့်?ရူးချင်တာပဲ"
*ဂျုံဆောင်းနောက်ကအမြန်ပြေးလိုက်ကာ*
မှတ်တိုင်ကိုရောက်သွားပြီး ခုံမှာအတူတူထိုင်လိုက်ကြလေသည်။
*စတိုင်မိုက်မိုက်နဲ့ထိုင်နေပြီး ကျကျနေတဲ့မျက်မှန်ကိုဆွဲဆောင်မှုရှိရှိတင်နေတဲ့ ထိုလူကြီးဆီအာရုံစိုက်မှုကခနခနရောက်နေပြန် လေတွေကလည်းတိုက်လာပြီး နက်မှောက်နေတဲ့ဆံပင်ကဝဲနေကာ ချောမောလွန်းတဲ့ထိုလူသားတကယ့်ကိုပဲဘာဆေးတွေစားထားလို့ချောနေပါလိမ့်ဟုတွေးနေရင်း*
ထိုအချိန်ပဲဘတ်စ်ကားကရောက်လာပြီး ဂျုံဆောင်းကဂျောင်ဝန်းကိုအရင်တက်ခိုင်းကာ အပေါ်ရောက်တော့အနောက်ဆုံးခုံမှာနေရာတစ်နေရာပဲရှိတာမို့ ထပ်ပြီးဂျောင်ဝန်းကိုဦးစားပေးပြန်တာပေါ့။
*သဘောပိုပိုကျလာပြီးအခုန်မြန်လာတဲ့ရင်ခုန်သံနှင့်အတူအချစ်တွေနဲ့ပြည့်နှက်လာတဲ့မျက်ဝန်းငယ် ဒီလူကြီးကိုတကယ်ပဲသဘောကျမိသွားပြီလားဆိုတာကိုတွေးနေချိန်*
*ကားဘရိတ်ထအုပ်လိုက်တာကြောင့် ဂျောင်ဝန်းတစ်ယောက်ရှေ့ကိုပြေးဆောင့်ပြီး ဂျုံဆောင်းကအရှေ့မှာရပ်နေတာမို့ ဗိုက်ကြွက်သားတောင့်တောင့်ထဲကို မျက်နှာသေးသေးလေးကနစ်ဝင်သွားကာ*
*လူတိုင်းရဲ့မျက်လုံးကသူတို့ဆီရောက်သွားကြပြီး ဂျောင်ဝန်းရဲ့နှလုံးခုန်သံကလည်း
အတော့်ကိုမြန်လာခဲ့...*