ကူးပြောင်းလာတိုင်း အမျိုးသားဇ...

By Swae_Nyoe

123K 13.4K 137

ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့... More

Description
Part 1
Part 2
Part 3
Part 4
Part 5.1
Part 5.2
Part 6
Part 7
Part 8
Part 9.1
Part 9.2
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18.1
တယ်လီဂရုရရှိပါကြောင်း..
Part 18.2
Part 18.3
Part 19.1
Part 19.2
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26.1
Part 26.2
Part 27
Part 28
Part 29
Part 30
Part 31
Part 32
ပေးဂရု ပြီးဆုံးကြောင်း ကြေညာချက်..
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48.1
Part 48.2
Part 48.3
Part 49.1
Part 49.2
Part 49.3
Part 50.1
Part 50.2
Part 50.3
Part 51.1
Part 51.2
Part 52
Part 53.1
Part 53.2
Part 53.3
Part 54
Part 55.1
Part 55.2
Part 55.3
Part 56
Part 57.1
Part 57.2
Part 57.3
Part 58
Part 59.1
Part 59.2
Part 60.1
Part 60.2
Part 60.3
Part 61
Part 62
Part 63
Part 64
Part 65
Part 66.1
Part 66.2
Part 67
Part 68
Part 69.1
Part 69.2
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Telegram ကို လာခဲ့နော်
Part 109
Part 110
Completed in Telegram
Part 111

Part 83

546 55 2
By Swae_Nyoe

အပိုင်း ၈၃ မင်္ဂလာဝတ်စုံ

ထိုနေရာဝန်းကျင်အတွင်း လေထုအခြေအနေက ရုတ်တရက် တင်းကျပ်လာသည်။ နင်မုန့်၏ နှလုံးခုန်နှုန်းက အလွန်မြန်ဆန်လာသည်။ သူမက ယခုလေးတင် အနမ်းခံရပြီးခါစ ဖြစ်သောကြောင့်လော။ သို့မဟုတ် ရှီချီက တစ်စုံတစ်ရာကို သတိထားမိ သောကြောင့်လော။ မသေချာသော်လည်း သူမက အံ့ဩလွန်းသဖြင့် စကားမပြောနိုင်တော့ချေ။

စနစ်က နှစ်သိမ့်ပေးလိုက်သည်။

"မစိုးရိမ်ပါနဲ့ သူက ငါ့ကို မမြင်နိုင်ပါဘူး"

ထိုစကားကို ကြားသောအခါ နင်မုန့်က ချက်ချင်းလိုလို စိတ်အေးသွားရသည်။

သူမက ရှီချီကို ခိုးကြည့်လိုက်သည်။ သူက လက်ရှိအခြေအနေတွင် စိတ်အခြေအနေ ဆိုးရွားနေကြောင်းကိုလည်း နားလည်နေသည်။ သူက အလွန်အမင်း အေးစက်သော ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားသည်။ သူမကသာ ကောင်းမွန်သော စကားများကို ချက်ချင်း ထုတ်မပြောလျှင် သူမက ချက်ချင်း ပိတ်လောင်ထား ခံရနိုင်သေးသည်။

နင်မုန့်၏ အသက်ရှူသံက ပေါ့ပါးသွားသည်။ သို့သော် မျက်နှာပေါ်ရှိ အပူချိန်ကမူ ယခုလေးတင် နမ်းရှိုက်ပြီးခါစ ဖြစ်သောကြောင့် မျက်တောင်တစ်ခက် အချိန်အတွင်း နီရဲနေပြန်သည်။

သူမက နှုတ်ခမ်းပါးကို လျှာတစ်ချက် သပ်လိုက်ပြီးနောက် သွေးကြောများကို တင်းကျပ်လိုက်ကာ ပြောလိုက်သည်။

"ဘယ်သူကမှ ငါ့ကို မကူညီခဲ့ဘူး။ ငါတောင်းပန်ပါတယ်။ ငါလည်း ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ပါဘူး"

သူမက ထိုစကားကိုသာ ပြောလိုက်နိုင်သည်။ မဟုတ်လျှင်လည်း အခြားဖြေရှင်းချက် ပေးစရာမရှိချေ။

ဒီတစ်ကြိမ် ၇နှစ်ပင် ကုန်လွန်သွားမည်ဟု သူမကလည်း မမျှော်လင့်ထားခဲ့ချေ။ ဒီအချိန်အတောအတွင်း သူက ခံစားနေရမည့် စိတ်ပျက်အားငယ်မှုကိုလည်း ရှီချီ၏ တုံ့ပြန်မှုက အပြည့်အဝ ရှင်းပြပေးနိုင်သည်။ ဒါက သူမကို အပြစ်မကင်းသလို ခံစားရစေသည်။

"စိတ်မကောင်းဘူးလား"

ရှီချီက ခပ်တိုးတိုး ရည်ရွက်သည်။

သူ၏ အသံက သူမ၏ ခေါင်းပေါ်မှ ထွက်လာပြီးသည်နှင့် နင်မုန့်၏ ကိုယ်ပေါ် ဖိအား ပိုရောက်လာတော့သည်။

ထို့နောက် ရှီချီက နင်မုန့်ကို နံရံနား အတင်းတွန်းကပ်လိုက်ပြီး သူတို့နှစ်ယောက်ကြားတွင် အလွန်ကျဉ်းမြောင်းသော နေရာလပ်ကြားကိုသာ ချန်ထားရစ်ခဲ့သည်။ တစ်ယောက်က လှုပ်လိုက်သည်နှင့် သူမ အနေဖြင့် သူ၏ ရင်ဘတ်ကို ထိတွေ့မိပေလိမ့်မည်။

နင်မုန့်ကလည်း လက်ကို မည်သည့်နေရာသို့ ချရမှန်းပင် မသိတော့ချေ။ ထို့ကြောင့် သူမ၏လက်ကို နံရံအနောက်ဘက်သို့ ပြန်ကပ်ထားလိုက်ပြီး အနည်းငယ်ပင် ရှေ့သို့ မတိုးရဲတော့ချေ။

ရုတ်တရက် အိပ်ရာပေါ်ရှိ ဖုန်းက မြည်လာသည်။ သူမက ချက်ချင်းလိုလို စိတ်အေးသွားရသည်။ သို့သော် မမျှော်လင့်ထားသည်မှာ ရှီချီက နေရာတွင် ဆက်ရပ်နေသေးပြီး ဖုန်းကိုလည်း သွားရောက် မဖြေချေ။ သူက သူမ၏ ရှေ့တွင် မျက်နှာသေဖြင့် ဆက်ရပ်နေသည်။ နင်မုန့်က မနေနိုင်တော့ပဲ သူ့ကို တွန်းလိုက်သည်။

"နင့်ရဲ့ဖုန်း"

ရှီချီက မထူးခြားနားသလို ပြန်ဖြေသည်။

"မြည်ပါစေ"

နင်မုန့် "..."

ငါ ဘာဆက်ပြောရမှာလဲ။

သူက စကားပြောသည့်အခါ သူ၏ ရင်ဘတ်မှ တုန်ခါသံကိုပင် ခံစားနိုင်သည်။ သူမအနေဖြင့် သူ၏ရပ်နေသော ချက်အောက်မှ ခန္ဓာကိုယ်သွင်ပြင်ကိုပင် မြင်နိုင်လေသည်။ ထိုအခြေအနေက မနေနိုင်ဘဲ ယခုလေးတင် သူတို့ နမ်းရှိုက်ခဲ့သည့် အခြေအနေကို ပြန်တွေးမိသွားစေသည်။

နင်မုန့်က နှုတ်ခမ်းကို ကိုက်သည်။ သူမက ယခင်ကတည်းက ထူးဆန်းသည်ဟု ခံစားရခဲ့ဘူးသည့် တိုင်အောင် ရှည်ရှည်ဝေးဝေး မတွေးခဲ့ဘူးချေ။ သို့သော် ယခု ဖြစ်ပျက်သွားသမျှ အရာအားလုံးက သူမကို ဆွံ့အစေလေသည်။

ရှီချီက သူမထံ ထိုသို့သော ခံစားချက်မျိုး ရှိနေခဲ့သည်။

သူမက အတွေး များလွန်းသောကြောင့်လည်း ဖြစ်နိုင်သည်။ သူမ အနေဖြင့် အရှေ့မှလူက သူမ ထွက်ပြေးသွားမည်ကို ထိန်းချုပ်မှု လွန်ကဲလုနီးပါး ဖြစ်သွားခဲ့ခြင်းကို အာရုံမခံ မိခဲ့ချေ။ ရှီချီက သူမကို မျက်နှာသေဖြင့်သာ စိုက်ကြည့်နေသည်။

ဖုန်းက တစ်ဖန်မြည်လာပြန်သည်။ ဒီတစ်ကြိမ်တွင်မူ သူက တုံ့ဆိုင်းမနေဘဲ ဖုန်းကို သွားယူကာ ပိတ်လိုက်သည်။

နှစ်ယောက်က စကားမဆိုဘဲ အချင်းချင်း စိုက်ကြည့် နေကြသည်။ အချိန်တစ်ခုကြာပြီးနောက် တစ်ခန်းလုံးက တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ တိတ်ဆိတ်လွန်းသဖြင့် အပ်ကျသံကိုပင် ကြားရလောက်သည်။ အချိန်တစ်ခု ကြာပြီးနောက် ရှီချီက ရုတ်တရက် သုန်မှုန်စွာ ပြောလိုက်သည်။

"ဒီညတော့ ဒီမှာပဲ အိပ်လိုက်၊ ထပ်ထွက်သွားဖို့ တွေးမနေနဲ့ ကိုယ်မင်းကို မျက်စိတောက်ထောက် ကြည့်နေမှာ"

သူ၏ အသံက အနည်းငယ် အေးစက်နေသေးပြီး သူမကိုလည်း နောက်နေသည်ဟူသော ခံစားချက်မျိုးကို မရစေခဲ့ချေ။ သူမကသာ သူ ယခင်က ပြဖူးသော အပြုအမူများနှင့် ဆက်စပ်ကြည့်မည် ဆိုလျှင် နင်မုန့်အနေဖြင့် သူက ပြောသည့်အတိုင်း လုပ်မည့်လူမျိုးမှန်း ပို၍သေချာသွားရသည်။

သူမက ရင်ထဲတွင် မျက်လုံးလှန်ပြနေသည့် တိုင်အောင် အပေါ်ယံတွင်မူ လိမ်မာနာခံ နေရသည်။

သူမ အိပ်နေချိန်တွင်လည်း ရှီချီက သေချာပေါက် စောင့်ကြည့်နေမည်ဟု ထင်ထားသည်။ သို့သော် မမျှော်လင့်ထားသည်မှာ ထိုသို့ မဟုတ်ခဲ့ချေ။ အကြောင်းမူက သူမက သန့်ရှင်းဆေးကြောပြီး ကတည်းက အိပ်ရာပေါ်တွင် လဲလိုက်သောအခါ ရှီချီက ဘေးဘက်တွင် သူ့ကိစ္စသူသာ ဆက်လုပ်နေလေသည်။

ယခုလေးတင် ဖုန်းခေါ်လာသောသူက ရှီချီ ညွှန်ကြားချက်ဖြင့် ရှီအိမ်တော်ကို နောက်တစ်ရက်တွင် သွားရမည် ဖြစ်သည်။

နင်မုန့်ကလည်း ရှီချီကို အချိန်အတန်ကြာ စိုက်ကြည့်နေပြီးမှသာ ငိုက်မျဉ်းမှုက သူမကို လွှမ်းခြုံသွားသည်။ သူမက မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားပြီး တစ်ညလုံး မအိပ်ဘဲ နေမည်ဆိုသော မူလပန်းတိုင်ကိုပင် မေ့သွားတော့သည်။

ရှီချီက အလုပ်ပြီးသွားသော အချိန်တွင် သူ၏ ဘေးဘက်ရှိလူထံ အကြည့်ရောက်သွားသည်။

နောက်တစ်နေ့ မိုးသောက်ခါစ အချိန်တွင် ရှီချီ၏ပွေ့ချီမှုဖြင့် နင်မုန့်က ရှီစံအိမ်တော်သို့ ရောက်သွားသည်။

အချိန်အတန်ကြာမှ ရှီစံအိမ်တော်သို့ ပြန်ရောက်လာသောအခါ နင်မုန့်က အနည်းငယ် ခံစားချက်များ ရှုပ်ထွေးနေသေးသည်။

သူမက သည်စံအိမ်သို့ ပြန်လာရမည်ဆိုလျှင် လီချွမ်နှင့် လီရှားတို့ကို မြင်နိုင်မည်လောဟု တွေးမိသွားသည်။

သူမက ထိုသို့ အတွေးနက်နေချိန်တွင် ခန်းမထဲသို့ ခေါ်သွားခံရနှင့်ပြီ ဖြစ်သည်။ အစေခံများ အားလုံးကလည်း ချက်ချင်းလိုလို နောက်ဆုတ်သွားကြပြီး ဆိုဖာပေါ်တွင် လူတစ်ယောက်ထဲကသာ ကျန်နေရစ်တော့သည်။ ထိုလူက မနေ့ညက သူတို့ကို ဖုန်းခေါ်ခဲ့သော လူလည်း ဖြစ်လောက်သည်။

နင်မုန့်ကလည်း နောက်မှ လိုက်သွားပြီးနောက် တစ်ဖက်မှ ထိုင်နေသော လူကို စိုးရိမ်တကြီး ကြည့်လိုက်ပြီး သူက မည်သို့သော အရေးကြီးကိစ္စများ ရှိနေသောကြောင့် ဖုန်းခေါ်ရုံတင် မဟုတ်ဘဲ အိမ်သို့ပင် ရောက်လာကြောင်း သိချင်သွားသည်။

"သခင်လေးရှီ ကျွန်တော့်ရဲ့နာမည်က ချင်ဟွိုင်ဝမ်ပါ။ ကျွန်တော်က မနေ့ညက ဖုန်းခေါ်ခဲ့တဲ့လူပါပဲ"

ချင်ဟွိုင်ဝမ်က အနည်းငယ် ရှက်နေသည်။ သူက မနေ့ညက ဖုန်းခေါ်ခဲ့ပြီး ဖုန်းပင် အကိုင်မခံရသေးခင် အချခံခဲ့ရသည်။ သူက အကူအညီ ထပ်ရတော့မည် မဟုတ်ဟု ထင်ခဲ့ပြီး သေးငယ်သော မျှော်လင့်ချက်ပင် မရှိခဲ့တော့ချေ။ သို့သော် ဒီနေ့ ရှီအိမ်တော်သို့ လာရန် ဖိတ်ခေါ်ခံရသည်။

သူ၏ နောက်ခံဖြင့်ဆိုလျှင် ဒီနေရာသို့ လာရန် မဖြစ်နိုင်လောက်ချေ။

သို့သော် ...

ချင်ဟွိုင်ဝမ်က ရှီချီ၏အနားမှ အမျိုးသမီးကို ကြည့်လိုက်ပြီးနောက် မယုံသင်္ကာဖြစ်သော မျက်နှာထားမျိုး ဖြစ်လာသည်။

သူ့အနေဖြင့် ရှီမိသားစုနှင့် ပတ်သက်သော အချို့သောကိစ္စများကိုပင် လက်လှမ်းမီရန် ခက်ခဲသည့် တိုင်အောင် ရှီမိသားစုမှ ကျော်ကြားသော သခင်လေးချီက ဆန့်ကျင်လိင်များနှင့် ထိတွေ့ပတ်သက်ခြင်း မရှိကြောင်းကိုလည်း လူတိုင်းက သိထားခြင်း ဖြစ်သည်။ ပို၍ဆိုးသည်မှာ သူ၏ တက္ကသိုလ်တွင် ဖြစ်ပျက်ခဲ့သော မတော်တဆမှု အကြောင်းကိုလည်း သူက ကြားသိထားသေးသည်။

အမျိုးသမီး တစ်ယောက်ကို ထိုသို့ ရက်စက်သော အပြုအမူများ လုပ်ပြခဲ့ကတည်းက သူက ထိုအမျိုးသမီးကို မည်မျှမုန်းကြောင်း သိသာခဲ့သည်။ သူကိုယ်တိုင်ကလည်း အမျိုးသားတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူကိုယ်တိုင်ကပင် ကြောက်လန့်မိလျှင် အခြားသူများဆိုလျှင် ပို၍ဆိုးသည်။

သို့တိုင်အောင် သူ့ထံတွယ်ကပ်ချင်သည့် အမျိုးသမီးများစွာ ရှိကြောင်းကိုလည်း ကြားသိခဲ့ရဖူးပြန်သည်။ သို့သော် ထိုလူများက ငြင်းဆန်ခံရပြီး စိတ်ဓာတ်ကျသွားကြကာ တစ်နာရီပင် ကြာအောင် သူ့နား မကပ်နိုင်ခဲ့ကြပေ။

သူသည်လည်း ဘာကြောင့်ရယ် မသိသော်လည်း သတင်း ကြားရပါများသောအခါ တည်ငြိမ်သွားရသည်။

ချင်ဟွိုင်ဝမ်တွင် အတွေးများ ပြည့်နှက်နေသည်။ သို့သော် သူက အသိပြန်ဝင်သောအခါ ရှီချီက မျက်နှာသေဖြင့် သူ့ကို စိုက်ကြည့်နေကြောင်း သိလိုက်ရသည်။ သူ၏ နှလုံးသားကပင် ဆုပ်ကိုင်ခံရသလို ဖြစ်သွားပြီး ချက်ချင်းလိုလို ပြောလိုက်သည်။

"သခင်လေးချီ ကျွန်တော် အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော် တကယ်ကိုပဲ သွားစရာနေရာ မရှိတော့လို့ပါ"

သူက လိုက်လံမေးမြန်းပြီး နောက်ဆုံးမှသာ ဖုန်းနံပါတ်ကို ရခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူ၏ နောက်ခံနှင့် ဆိုလျှင် နှစ်ပေါင်းများစွာ ကုန်လွန်သွားသည့် တိုင်အောင် အဆက်အသွယ် ရလိမ့်မည် မဟုတ်ချေ။ ထိုအချိန်တွင် သူက သေကောင်း သေသွားလောက်လေသည်။

နင်မုန့်က သူ၏ စကားကို နားထောင်နေရင်းမှ ရုတ်တရက် မကောင်းသော ကိစ္စတစ်ခုခု ပါလာတော့မည်ဟု သိလိုက်သည်။

သူမက ဆက်ပြီး မတွေးတောနိုင်ခင် အချိန်တွင်ပင် ရှီချီ၏ ကျောပြင်တွင် ဝင်ဆောင့်မိသွားသည်။ သူမ၏ နှာခေါင်းထိပ်က သူ၏ ကျောပြင်တွင် နာသွားသည်။

နင်မုန့်က ချက်ချင်း အတွန့်တက်လိုက်သည်။

"ဘာလို့ နင်က ရပ်သွားတာလဲ"

ရှီချီက နောက်လှည့်လာပြီးနောက် သူမ၏နှာခေါင်း ထိပ်လေးကို လက်ဆန့်ကာ အသာလေး ပွတ်ပေးသည်။ ထို့နောက် လေသံတိုးတိုးဖြင့် ပြောသည်။

"မင်းရဲ့စိတ်က တခြားရောက်နေတာ ဒါက ကိုယ့်အမှား မဟုတ်ဘူး"

"အာ"

နင်မုန့်က သက်ပြင်းချသည်။

လူနှစ်ယောက်က လေသံတိုးတိုးဖြင့် ပြောနေသည့်တိုင်အောင် ဘေးဘက်တွင်ရှိသော ချင်ဟွိုင်ဝမ်အနေဖြင့် အားလုံးကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ မျက်လုံးကျွတ်ထွက်မတတ် ဖြစ်သွားသည်။

မူလက ထိုအမျိုးသမီးက ရှီချီက ငှားထားသော ကစားစရာ သစ်သားဟုသာ ထင်ခဲ့သည်။ မမျှော်လင့်ထားစွာပင် သူတို့၏ ဆက်ဆံရေးက ထိုထက်ပိုနေခဲ့သည်။ ထိုအချက်ကပင် သူက သူမကို ရန်စ၍ မရကြောင်း သေချာသွားခဲ့သည်။

နင်မုန့်ကလည်း နီရဲသော နှာခေါင်းဖြင့် ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။

သူမ၏ မျက်နှာက အေးစက်လာသည်။

ရှီချီက သူမကို စိုက်ကြည့်နေပြီးမှသာ မျက်နှာလှည့်လာပြီး ပြောသည်။

"နောက်မကျသေးပါဘူး"

ချင်ဟွိုင်ဝမ်ကလည်း သူ၏ စကားကို နားလည်ကာ သူ၏ လုပ်နိုင်စွမ်းရည်ကို ပို၍ပင် လေးစားသွားရသည်။ သူက မူလကတည်းက အယုံလွယ်သူ ဖြစ်ပြီး ဒီနယ်မှ ဗဟုသုတ အများအပြား မရှိထားသူ တစ်ယောက်သာ ဆိုလျှင် သူ၏ ယုံကြည်မှုကို အလွယ်လေး ရရှိပေလိမ့်မည်။

နင်မုန့်ကမူ သူ့ကို ဂရုတစိုက် ကြည့်နေမိသည်။ နောက်ဆုံးတွင် သူ၏ မျက်ခုံးကြားထဲမှ အနက်ရောင် အစက်လေးကို မြင်လိုက်သည်။ သူမက ဝင်လာကတည်းက ထိုအမှတ်ကို မြင်လိုက်ခြင်း ဖြစ်သည်။ ဒါကမူ သူ၏ အလှမှဲ့များထဲမှ တစ်ခုဟုသာ ထင်ခဲ့ပြီး စိတ်ထဲမထားခဲ့ချေ။ သို့သော် ကြည့်ရသည်မှာ ဒါက အနက်ရောင်လေထု ဖြစ်နေသည်။

"သခင်လေးချီ..."

ချင်ဟွိုင်ဝမ်က ပြောသည်။

"ကျွန်တော်လည်း ဒီတစ်ကြိမ် ရွေးချယ်စရာ မရှိတော့လို့ပါ။ ဒါကြောင့် သခင်လေးရဲ့ အကူအညီကို တောင်းခံရတာပါ။ အပြန်အလှန်အနေနဲ့ သခင်လေးတောင်းဆိုမျှ ဘာမဆို လုပ်ပေးပါ့မယ်"

ရှီချီက မျက်မှောင်ကြုတ်သည်။

"မလိုပါဘူး"

ခဏခန့်ကြာပြီးနောက် သူ့က တစ်စုံတစ်ရာကို ထပ်တွေးမိပြန်ကာ မျက်မှောင်က ပြန်ပြေသွားပြီး သူ၏ မျက်နှာအသွင်အပြင်က နူးညံ့သွားသည်။

"ပြော"

ချင်ဟွိုင်ဝမ်က သူက ထိုသို့ ပြောလာမည့်အရေးကို စောင့်နေခဲ့ခြင်းဖြစ်သည်။ သူက ချက်ချင်းလိုလို သူ၏ ပုံပြင်ကို ဇာတ်ကြောင်းကုန်စင် ပြန်ပြောပြတော့သည်။

သူက ရန်ကျင်းတွင် အမျိုးသမီး အဝတ်အထည် ရောင်းသည့် ဘရန်းတစ်ဆိုင် ဖွင့်ထားခဲ့ခြင်း ဖြစ်သည်။ စီးပွားရေးက အလွန်ကျော်ကြားခြင်း မရှိသည့်တိုင်အောင် ရောင်းကောင်းနေသေးသည်။ ထို့အပြင် သူတို့က အဆင့်အတန်းမြင့် စတိုင်များ ဖြစ်သောကြောင့် လူချမ်းသာအမျိုးသမီးများ ကြားတွင် လူသိများလေသည်။

ထပ်ပေါင်းဆိုရသော် သူက လောကအသိအမှတ်ပြု အရည်အသွေးမြင့် ရတနာ အရောင်းဆိုင် တစ်ဆိုင်ကိုလည်း ပိုင်ထားသေးလေရာ ကျော်ကြားမှု၏ အဓိက အရင်းအမြစ် ဖြစ်လာသည်။

သို့ရာတွင် သူက ထိုစီးပွားရေးများကို စတင်ပြီးကတည်းက အချိန်ကာလတို တစ်ခုသာ ကြာခဲ့ခြင်း ဖြစ်ပြီး သူက ရန်ကျင်း၏ အထက်တန်းလွှာ အသိုင်းအဝိုင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။ သို့သော် သူက ယခုအနေအထားမျိုးနှင့် လက်လှမ်းမမီနိုင်သော အတိုင်းအဝိုင်း၏ ဗဟိုနေရာမျိုးအထိ ရောက်နိုင်မည်ဟုပင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိခဲ့သည်။ ထို့အတွက်ကြောင့် သူက မိတ်ဆွေတစ်ယောက်ထံမှ အကူအညီ တောင်းခံခဲ့သည်။

"ဒီကိစ္စက လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က စတာပဲ။ အဲဒီအချိန်က ကျွန်တော့်ရဲ့ ဇနီးဟောင်းက ကွယ်လွန်သွားခါစပါ။ သူမနှင့်ကျွန်တော်က ငယ်ချစ်ဦးတွေပေါ့။ ကျွန်တော်တို့မှာ နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိခဲ့တယ်။ ကျွန်တော်တို့က တစ်နှစ်လောက် အကြာကအထိ လက်ထပ်ဖို့တောင် မဆုံးဖြတ်ခဲ့ကြဘူး"

နင်မုန့်က နားထောင်နေရင်း နှုတ်ခမ်းကို မဲ့လိုက်သည်။

အမျိုးသားများက သူတို့၏ သူတို့၏ စကားများကို မည်သို့ကောင်းကောင်း ပြောရမည် ဖြစ်ကြောင်းကို အမြဲတစေ သိထားသည်။ ချင်ဟွိုင်ဝမ်က အခြားမိန်းမတစ်ယောက်နှင့် ထပ်မံပြီး ချစ်ကြိုက်သွားခဲ့ခြင်း ဖြစ်မည်ဟု သေချာပေါက် ခန့်မှန်းလိုက်နိုင်သည်။

သူမက မနေ့ညက ဟိုတယ်တွင်ဖြစ်ပျက်ခဲ့သော အကြောင်းအရာကို တွေးမိပြီး ရှီချီကို ကြည့်လိုက်သည်။ ထိုအခါ သူမ၏ပါးပြင်မှ အပူချိန်က ချက်ချင်းလိုလို မြင့်တက်လာကာ ပန်းရောင်သန်းသွားသည်။ ရှီချီကလည်း ရုတ်တရက် ခေါင်းလှည့်ပြီး သူမကို ပြုံးပြလိုက်သည်။

နင်မုန့်က မနေ့ညက ကတည်းက ရှီချီ၏ ခံစားချက် အပြောင်းလဲကို အမြဲတစေ ဖမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရှီချီ၏ အမူအရာကို မြင်သောအခါ နားမလည်သလို ခံစားလိုက်ရသည်။ သူမက မျက်နှာကို တစ်ချက်ကုပ်လိုက်ပြီးနောက် မျက်နှာသေဖြင့်သာ ချင်ဟွိုင်ဝမ်၏ စကားကို ဆက်လက်ပြီး နားထောင်နေလိုက်သည်။

ချင်ဟွိုင်ဝမ်က သူတို့ကို သတိမထားမိဘဲ ဆက်ပြောနေသည်။

"အာ.. လွန်ခဲ့တဲ့တစ်နှစ် တစ်ရက်မှာပေါ့ ကျွန်တော်က ဆိုင်မှာ လက်ရှိ ချစ်သူကောင်မလေးနဲ့ တွေ့ဆုံခဲ့တယ်။ သူမ၏ နာမည်က ဟွမ်ဖေးဖေးတဲ့ လအနည်းငယ်လောက် ဒိတ်လုပ်ပြီးနောက် ကျွန်တော်တို့တွေ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီတော့ မင်္ဂလာပွဲအတွက် ကိစ္စတွေကိုလည်း ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်"

ကိစ္စက မင်္ဂလာပွဲနေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သူက ခေါင်းကို ကုပ်ပြီးပြောသည်။

"ဖေးဖေးနှင့် ကျွန်တော်က ရိုးရာယှဉ်ကျေးမှုအတိုင်း မင်္ဂလာဆောင်ချင်ကြတယ်။ ဒါကြောင့် တရုတ်စတိုင် မင်္ဂလာပွဲကို ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်တော်တို့က မင်္ဂလာဝတ်စုံတွေကို ပြင်ဆင်ဖို့ လူတွေကို အထူးတလည် ဖိတ်ခေါ်ခဲ့ပြီး ဖီးနစ်သရဖူနဲ့ အဆင့်အတန်းမြင့် ဝတ်စုံတွေကိုတောင် ဖန်တီးခိုင်းခဲ့တယ်။ ကျွန်တော်တို့ ငှားထားတဲ့ မာစတာက သူရဲ့ပြောင်မြောက်တဲ့ ချုပ်ရိုးချုပ်သား လက်ရာတွေကြောင့် အရမ်းကို ကျော်ကြားပြီး ဒီအပတ်ထဲမှာပဲ ဝတ်စုံတွေကို ရခဲ့ကြတာ"

သူ၏ မျက်နှာထားက ချက်ချင်းပြောင်းလဲသွားပြီး မျက်နှာတွင်လည်း တုံ့ဆိုင်းဟန်က အထင်းသားပေါ်လာသည်။

ရှီချီက ပြောသည်။

"ခင်ဗျား ဆက်မပြောရင် ထွက်သွားလိုက်တော့"

ချင်ဟွိုင်ဝမ်က အလျင်အမြန် ဆက်ပြောသည်။

"ကျွန်တော် အခုချက်ချင်း ပြောပြပါ့မယ်။ ကျွန်တော်တို့ မင်္ဂလာဝတ်စုံတွေကို ရပြီးတော့ ဖေးဖေးဘက်မှာပဲ ထားခဲ့လိုက်တယ်။ ဖေးဖေးကလည်း စမ်းဝတ်ချင်တယ်လေ။ ဒါကြောင့် ကျွန်တော်က သဘောတူခဲ့တာ ဘာပဲဖြစ်ဖြစ် ဖေးဖေးက သတို့သမီးပဲ။ သဘာဝအလျောက် ဝတ်စုံကို အပြောင်းအလဲ လုပ်ချင်တာမျိုးတွေလဲ ရှိမှာပေါ့။ ဒါကြောင့် သူမကို ပေးဝတ်ဖို့ ထားခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ပြဿနာက ပေါ်လာတယ်"

သူနှင့် ဟွမ်ဖေးဖေးက လက်ထပ်ရန် မစောင့်နိုင်ခဲ့ကြချေ။ ထို့ကြောင့် သူတို့က ထိုမာစတာကို ဝတ်စုံကို အလျင်အမြန် ချုပ်ခိုင်းခဲ့သည်။ သို့သော် ဝတ်စုံချုပ်လုပ်ရသော ဖြစ်စဉ်ကလည်း လွယ်ကူမြန်ဆန်ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် ဝတ်စုံ မပြီးမြောက်ခင် လအနည်းငယ် လိုအပ်ခဲ့သည်။

"ဖေးဖေးက စမ်းဝတ်ကြည့်ပြီး ဒီမင်္ဂလာဝတ်စုံကို အရမ်းသဘောကျသွားတာ။ ချွတ်တောင် မချွတ်ချင်တော့ဘူး။ ဒါပေမဲ့ ကျွန်တော်ကလည်း တောက်လျှောက်ကြီး ဝတ်ထားတာမျိုးကို မြင်တွေ့ချင်စိတ် မရှိတော့လို့ ချွတ်ခိုင်းလိုက်ရတယ်။ ဒါပေမဲ့ အဲဒီညမှာ ဖေးဖေးရဲ့ စိတ်အခြေအနေက မကောင်းတော့ဘူး။ ကျွန်တော် အများကြီးတော့ ဂရုမစိုက်ခဲ့ဘူး။ ဒါပေမဲ့ နောက်တော့ ကျွန်တော်က စီးပွားရေး ခရီးတိုတစ်ခု ထွက်စရာရှိလို့ နောက်တစ်ရက်မှာ ထွက်သွားခဲ့တယ်။ ကျွန်တော်ပြန်လာတဲ့ အချိန်မှာ တစ်စုံတစ်ရာက မဟုတ်တော့တာကို ခံစားလိုက်ရတယ်။ ဖေးဖေးက ထူးဆန်းလာတယ်"

သူက ဆက်မပြောချင်တော့လည်း ရပ်တန့်လိုက်ပြန်သည်။

နင်မုန့်က မနေနိုင်တော့ဘဲ မေးသည်။

"ဘယ်လို ထူးဆန်းတာလဲ"

ဟွမ်ဖေးဖေးက မင်္ဂလာဝတ်စုံကို ကြိုက်လွန်းလို့ ချွတ်တောင် မချွတ်ချင်တော့လို့လား။ ဒါမှမဟုတ် မင်္ဂလာဝတ်စုံက တစ်ခုခု ထူးဆန်းနေလို့လား။

ချင်ဟွိုင်ဝမ်၏ ဦးခေါင်းခွံကပင် ထုံထိုင်းသွားသည်ဟု ခံစားရပြီး မနည်းအားတင်းကာ ပြောရသည်။

"ဖေးဖေးက နေ့တိုင်း မင်္ဂလာဝတ်စုံကို ဝတ်ထားတာ။ ဖေးဖေး ကျွန်တော့်ကို ကြည့်တဲ့ အချိန်တိုင်း သူမ မျက်လုံးတွေက အရမ်းကြောက်စရာ ကောင်းလှတယ်။ ဒါ့အပြင် အရာအားလုံးကတော့ ပုံမှန်ပဲ ဖေးဖေးနဲ့ ကျွန်တော်က အတူနေကြတာ။ ဒါပေမဲ့ စကားပြောတဲ့ အချိန်တိုင်း ကျွန်တော့် အနားကို အရမ်းတွယ်ကပ်လာတယ်။ နောက်ပြီး ကျွန်တော် ဘာပြောပြော အမြဲတစေ အလိုက်အထိုက် လိုက်ပြောပေးတယ်"

ဟွမ်ဖေးဖေးက ပုံမှန်အားဖြင့် သူနှင့် အနည်းနှင့်အများ စကားများနေခါစ ဖြစ်သည်။ သူမကလည်း ငယ်စဉ်ကတည်းက မိဘများ အလိုလိုက်ခံထားရခြင်း ဖြစ်လေရာ သူမ၏ စရိုက်က အတန်ငယ် ဆိုးသည်။ ထို့ကြောင့် သူက ဘာပြောပြော သူမက အလိုက်အထိုက် လိုက်ပြော ပေးသောအခါ တစ်စုံတစ်ရာက မှားယွင်းနေကြောင်းကို သတိထားမိလာခြင်း ဖြစ်သည်။

အစကပိုင်းတွင် ချင်ဟွိုင်ဝမ်ကလည်း ဟွမ်ဖေးဖေးက တစ်စုံတစ်ရာ လုပ်ချင်နေခြင်း သို့မဟုတ် သူ့ကို စနောက်ချင်နေခြင်း ဟုသာ ထင်ခဲ့သည်။ ထို့ကြောင့် သူက စိတ်ထဲမထားခဲ့ချေ။ သို့သော် လွန်ခဲ့သော အပတ်က တစ်ညနေတွင် သူ ရေအများကြီး သောက်လိုက်မိသဖြင့် ရေချိုးခန်း ထသွားလိုက်ချိန်တွင် ထူးဆန်းသောအချက်ကို သတိထားလိုက်မိခြင်း ဖြစ်သည်။ သူ အိပ်ခန်းမှ အောက်သို့ ဆင်းလိုက်သည့်အခါ ဟွမ်ဖေးဖေးက မှန်တင်ခုန်ရှေ့တွင် မျက်နှာသေဖြင့် ထိုင်နေခြင်းကို မြင်လိုက်ရသည်။ သူမ ဘာတွေးနေမှန်း သူ မသိနိုင်ချေ။

သူက မီးဖွင့်လိုက်သောအခါ ဟွမ်ဖေးဖေးက နီရဲနေသော မင်္ဂလာဝတ်စုံကို ဝတ်ထားပြီး မျက်တောင်မခတ်ဘဲ မှန်ကို စိုက်ကြည့်နေကြောင်း မြင်လိုက်ရသည်။ သူမက ရုပ်သေးအလှလို့ ထင်ရသည်။

ချင်ဟွိုင်ဝမ်ကလည်း တစ်စုံတစ်ရာက မှားယွင်းနေသည်ဟု ချက်ချင်း ခံစားလိုက်ရပြီး ထူးဆန်းသော အကြောင်းအရာများကို သတိထားလိုက်ရသည်။ ထို့ပြင် ယခုလို ထူးဆန်းသော အခြေအနေကိုလည်း ကြုံတွေ့နေရလေရာ သူ၏ နှလုံးသားက ရင်ဘတ်မှ ခုန်ထွက်မတက် ဖြစ်သွားသည်။

"ဒါက အစပဲ ရှိနေသေးတယ်"

ထိုစကားများကို ပြောပြီးနောက် လေထုက အေးခဲသလို ဖြစ်သွားသည်။

နင်မုန့်က သတိလက်လွတ် ရှီချီ၏ အနားသို့ တိတ်တဆိတ် ကပ်သွားလိုက်ပြီး သူ့ကို မှီကပ်တော့မည့် အချိန်တွင် သူမ လုပ်မည့်အရာကို သိနေသလိုမျိုး သူက အပေါ်မှ ငုံ့ကိုင်းကာ ကြည့်လာသဖြင့် ရပ်တန့်လိုက်ရသည်။

သူမ ယဉ်ကျေးမှုရှိရှိ နေသင့်ကြောင်းကို သတိရသွားသည်။

ချင်ဟွိုင်ဝမ်ကလည်း သူတို့က လုပ်နေသော သေးငယ်သည့် လှုပ်ရှားမှုများကို သတိမထားမိဘဲ တံတွေးကို မြိုချကာ ဆက်ပြောသည်။

"ကျွန်တော် အဲဒီအချိန်က စိတ်ထဲတော့ သိပ်မထားလိုက်ဘူး။ ဒါပေမဲ့ နောက်တစ်ရက် ညလယ်ခေါင် အိပ်ရာနိုးလာတော့ ဖေးဖေးက ကုတင်ဘေးနားမှာ ရပ်ပြီး ကျွန်တော့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ သူမက ဆံပင်တွေက ဖရိုဖရဲ ဖြစ်နေပြီး တူညီတဲ့ မင်္ဂလာဝတ်စုံကို ဝတ်ထားတုန်းပဲ။ နောက်ပြီး ရိုးရိုးသားသား ပြောရရင် တောင်တော်လေးကို ကြောက်ဖို့ကောင်းတယ်"

မည်သူမဆို ရုတ်တရက် နိုးထလာသည့်အခါ ကုတင်ဘေးတွင် တစ်စုံတစ်ယောက်က မတ်တပ်ရပ်ပြီး စိုက်ကြည့်နေခြင်းကို မြင်ရလျှင် အလွန် ထိတ်လန့်သွားကြပေလိမ့်မည်။

"အဲဒီအချိန်က ကျွန်တော် အရမ်းလန့်သွားခဲ့ပြီး ဖေးဖေးကို မေးတော့ ဘာမှ ပြန်ဖြေမလာခဲ့ဘဲ မျက်လုံးဖွင့်လျက်သား အိပ်ရာထဲ ဝင်အိပ်လာတယ်။ အာရုံတက်ချိန်လောက်မှပဲ သူမက အိပ်ပျော်သွားခဲ့တာ။ အဲဒီအချိန် ကျွန်တော်က လျှို့ဝှက်စွာနဲ့ ဖေးဖေးရဲ့ မင်္ဂလာဝတ်စုံကို ချွတ်ပြီး အပြင်ကို ယူသွားတယ်။ နောက်တော့ အမှိုက်ပုံးထဲကို လွှင့်ပစ်လိုက်တယ်"

ချင်ဟွိုင်ဝမ်ကလည်း သူ့ကိုယ်သူ ထူးဆန်းသည်ဟု ခံစားခဲ့ရသည်။

"ဒါပေမဲ့ တူညီတဲ့ညမှာပဲ ကျွန်တော် ပြန်နိုးလာတော့ ဖေးဖေးက အဲဒီမင်္ဂလာဝတ်စုံကို ဝတ်ထားတာကို တွေ့လိုက်ရပြန်တယ်။ ကျွန်တော် လွှင့်ပစ်ခဲ့တဲ့ ဝတ်စုံနဲ့ တစ်ထေရာတည်းပဲ။ ဒါပေမဲ့ ကျွန်တော်တို့ မင်္ဂလာဝတ်စုံ ရလာတော့ တစ်ထည်တည်းပဲ ရလာခဲ့တာ သေချာနေတယ်"

သူက ပုံပြင်ကို အဆုံးသတ်ပြီးနောက် လက်မောင်းကို ပွတ်သပ်လိုက်ကာ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် မနည်းထိန်းသည်။

သူ ကဲ့သို့ သူဌေးကြီး တစ်ယောက်ကပင် ထိုအခြေအနေထိ ကြောက်လန့်နေခဲ့သည်ဟုသာ သိသွားကြမည်ဆိုလျှင် သတင်းများ ထွက်လာနိုင်ပြီး ရက်ပေါင်းများစွာ ကြာအောင် ရှာဖွေမှုအများဆုံး ခေါင်းစီးပိုင်းတွင် ရှိနေလောက်သည်။

တုန်ယင်သော လက်များဖြင့် သူက ဆက်မေးသည်။

"သခင်လေးချီ ကျွန်တော် ကျွန်တော်သေတော့မှာလား။ ဖေးဖေးကို သရဲမက ဝင်ပူးနေတာ မဟုတ်လား"

သူက ရက်အနည်းငယ် ကြာသည်အထိ အိမ်သို့ မပြန်ရဲခဲ့ချေ။ ထို့အပြင် ဒီအခြေအနေကို မည်သို့ ဖြေရှင်းရမည် ဖြစ်ကြောင်းကိုလည်း မသိခဲ့ချေ။ သူ အလွန်အမင်း ကြောက်လန့်ကာ စိုးရိမ်နေခဲ့ရသည်။

နင်မုန့်က စနစ်ကို မေးသည်။

"သူ ဘာဖြစ်တာလဲ နင်သိလား"

စနစ်က ပြန်ဖြေသည်။

"ငါ မသိဘူး။ အနာဂတ်က ပြောင်းသွားပြီ။ ငါ ကိုယ်တိုင်မြင်ရတာ မဟုတ်ရင် ခန့်မှန်းနိုင်တာမျိုး မရှိတော့ဘူး။ ဒါပေမဲ့ ဒီအခြေအနေ ကြည့်ရတာ မင်္ဂလာဝတ်စုံနဲ့ ပတ်သက်နေလောက်တယ်"

နင်မုန့်ကလည်း တွေးတော ကြည့်လိုက်သည်။ ထိုမင်္ဂလာဝတ်စုံက ဟွမ်ဖေးဖေးကို ပြောင်းလဲစေခဲ့ခြင်း ဖြစ်လောက်သည်။ ဖြစ်နိုင်သည်မှာ သူမကို သရဲမက ဝင်ပူးထားလောက်လေပြီ။

ထိုသို့ တွေးမိသည့် အခါ ကြောက်စရာ မကောင်းတော့ချေ။ သတိလက်လွှတ် သူမ၏ နှုတ်ခမ်းထောင့်များကပင် ကော့တက်သွားသေးပြီး သတ္တိနည်းနည်း ရလိုက်သည်ဟုပင် ခံစားရသည်။

သူမက ကိုယ့်ကိုယ်ကို တော်သည်ဟု မချီးကျူးနိုင်ခင် ရှီချီက အနားကပ်လာပြီး ခပ်တိုးတိုး မေးလာခြင်းကို ကြားလိုက်ရသည်။

"မင်းက လက်ထပ်ချင်လို့လား"

...

ငါကျေနပ်တယ်။

ရှီချီရဲ့ လျှို့ဝှက်ဒိုင်ယာရီ။

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Continue Reading

You'll Also Like

886K 108K 200
English Name: Back to the Sixties: Farm, Get Wealthy & Raise the Cubs Associated Names:重回六零:种田发家养崽崽 Chinese Author: NanFangLiZhi Southern Lychee 南方荔枝...
56.8K 4.7K 200
နတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ...
123K 13.4K 140
ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့ ချိုချို ကြောက်ကြောက်.. ချိုကြောက်၊ ကြေ...
8K 696 83
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်