Uni,
You Are My Happiness (Part 28)
မှောင်မဲသွားသည့်ပတ်၀န်းကျင်တွင် ခဏအကြာ၌ ဖယောင်းတိုင်မီးရောင်လေးနဲ့အတူ ထိန်ယံလင်းမျက်နှာလေးမှာ ပေါ်ထွက်လာခဲ့သည်။ ဖယောင်းတိုင်း
မီးရောင်လေးတွေကတော့ သူ့လက်ထဲတွင်ကိုင်ထားသည့် ကိတ်မုန့်လေးပေါ်က
ဖြစ်လေသည်။
ကိတ်မုန့်လေးကလက်ရာသိပ်မလှပပဲ cream အဖြူလေးတွေကအနည်းငယ်ဖရိုဖရဲဖြစ်နေကာ အပေါ်တွင် စတော်ဘယ်ရီသီးလေးတွေကိုစီတန်းထားလေသည်။
"ဇိုင်း Happy Birthday ပါ။ "
ခဏကစိုးရိမ်နေသည့် ဇိုင်းမြတ်မဟာမောင်မှာ ယခုတော့အံ့သြသွားပြီး
ထိန်ယံလင်းကိုကြည့်နေသည်။
" ယံယံ ကျွန်တော့်မွေးနေ့ကိုသိနေတာလား။ "
" ဒါပေါ့ မင်းရဲ့မွေးနေ့မှာပထမဆုံးsupriseလုပ်ပေးတဲ့သူကကိုယ်ဖြစ်ချင်လို့ ဘာမှမပြောပဲ တိတ်တိတ်လေးလုပ်နေတာလေ။"
" ကျွန်တော်ကယံယံ့ကိုမတွေ့တော့ စိတ်ပူသွားတာဗျာ။"
" မင်းအတွက် ကိုယ်ကိုယ်တိုင် ကိတ်မုန့်လေးလုပ်ပေးချင်လို့လေ။
အခု မြန်မြန်လေးဆုတောင်းပြီး ဖယောင်းတိုင်မီးမှုတ်လိုက်တော့။"
ဇိုင်းကပြုံးလျက် ချက်ချင်းဆုတောင်းသည်။
" နှစ်တိုင်းကျွန်တော့်မွေးနေ့မှာ ယံယံနဲ့အတူ အတူရှိပါစေ။"
ရိုးရှင်းသော ဆုတောင်းလေးအပြီး မှုတ်ထုတ်လိုက်သည့်လေတွေကြောင့် ပတ်၀န်းကျင်မှာ တဖန်မှောင်မဲသွားပြန်သည်။
ထိန်ယံလင်းက ကိတ်မုန့်ကိုစားပွဲပေါ်ချလိုက်ပြီး မီးခလုတ်ကိုပြန်သွားဖွင့်လိုက်သည်။
မီးဖွင့်ပြီးပြန်လှည့်မယ်အလုပ် အနောက်ကနေသိုင်းဖက်လာသည့် ဇိုင်း။
"ကြက်ဥတောင်မကြော်တက်တဲ့သူက ကိတ်မုန့်ကိုဘယ်တုန်းက ဖုတ်တက်သွားတာလဲဟင်။ "
" အဲ့ဒါကတော့ မင်းကိုယ်တိုင်စားကြည့်ပြီးမှပြော။ အမှန်အတိုင်းပြောရရင်
ကောင်းမယ်မထင်ဘူး။ အရင်ရက်က YouTube ကနေကိတ်မုန့်လုပ်နည်းvdတွေကြိုကြည့်ထားတာ ဒီနေ့ဘေးကနေလည်း စာဖိုးမှူးကသေချာပြပေးပေမဲ့ ကိုယ်လက်ရာက မင်းမြင်တဲ့အတိုင်းပဲ။
တစ်ခြားလုပ်ပြီးသားပဲယူခဲ့ဖို့တောင်စဥ်းစားလိုက်သေးတယ်။အဲ့လိုဆိုရင် ကိုယ်လုပ်ပေးတာဘာမှမရှိပဲ အမှတ်တရမဖြစ်တော့မှာစိုးတာ။ ဒီနှစ်ကအစမို့ အခြေအနေသိပ်မကောင်းပေမဲ့ နောက်နှစ်တွေကျရင်ပိုကောင်းအောင်လုပ်ပေးမှာပါ။"
ထိန်ယံလင်းရဲ့စကားအဆုံးတွင် ဇိုင်းကဂုတ်ပိုးလေးတွေကိုနူးညံ့စွာလိုက်နမ်းပစ်သည်။
" ယံယံ ကျေးဇူးအများကြီးတင်ပါတယ်။"
" လာခဲ့ နောက်တစ်ခုရှိသေးတယ်။"
ဆိုကာ ဆိုဖာဘက်ဆွဲခေါ်သွားပြီးထိုင်စေသည်။
ပြီးနောက် ဘောင်းဘီအိတ်ကပ်ထဲကလက်စွပ်ဘူးကိုထုတ်ယူလိုက်ပြီးဖွင့်ပြသည်။
ဘူးအထဲတွင်တော့ မေပယ်ရွက်ပုံများဖြင့် ထွင်းထားသည့် လက်စွပ်လေးနှစ်ကွင်းရှိနေသည်။
[AN- ဇိုင်းအတွက်မွေးနေ့လက်ဆောင်ဘာလုပ်ရမလဲအသေစဥ်းစားလိုက်ရတယ်။နောက်တော့ မေပယ်လေးတွေသတိရပြီး မေပယ်လက်စွပ်ရှိမရှိသွားပြေးရှာလိုက်တာ💙]
" CN Towerမှာ ညစာသွားစားမှပေးမလို့ပြင်ထားပေမဲ့ အခုကြိုပေးလိုက်တာပိုအဓိပ္ပါယ်ရှိတယ်ထင်လို့။ကိုယ်နဲ့ဆင်တူလေးလေ မင်းသဘောကျရဲ့လား။ "
" ယံယံနဲ့ပတ်သတ်တာအကုန်သဘောကျတယ်။"
" လက်စွပ်ရဲ့ အတွင်းမှာ ကိုယ်တို့နှစ်ယောက်ရဲ့ နာမည်တစ်လုံးစီထွင်းထားတယ်။ကိုယ်တို့အတွက်သီးသန့်လေးပေါ့။"
ထိန်ယံလင်းက ပြောရင်း ဇိုင်းလက်ညိုးမှာစွပ်ပေးလိုက်သည်။
ဇိုင်းကလက်စွပ်လေးကိုသဘောကျစွာကြည့်ပြီးပြန်ပြောသည်။
" လက်ထပ်ခွင့်တောင်းတဲ့လက်စွပ်ကိုတော့ ကျွန်တော့်ဘက်ကပဲစီစဥ်မယ်
ယံယံ။ ကျိန်းသေပေါက် ကျွန်တော့်ကိုယုံပြီးစောင့်နေပေးနော်။ကျွန်တော် ခင်ဗျားတစ်ယောက်ထဲကိုပဲလက်ထပ်မှာ။"
ထိန်ယံလင်းကလည်း ဇိုင်းမျက်လုံးတွေကိုနူးညံ့စွာစိုက်ကြည့်ပြီးပြန်ပြောသည်။
" Happy Birthday ပါမောင်။အမြဲတမ်းကိုယ့်ကိုချစ်ပေးပါ။"
ဇိုင်းမြတ်မဟာမောင်မှာ အသည်းယားစွာဖြင့် ထိန်ယံလင်းမျက်နှာအနှံ့လိုက်နမ်းတော့သည်။
" ယံယံ ခင်ဗျားဒီညကျွန်တော့်ကိုရူးအောင်လုပ်ဖို့စီစဥ်ထားတာလားဗျာ။
ထပ်ခေါ်ပါအုံး မောင်လို့။ အဲ့တစ်လုံးနဲ့တင်ကျွန်တော့်မွေးနေ့ကအရမ်းပြည့်စုံသွားပြီ။"
" ၂၁နှစ်ပြည့်ထားတဲ့ကောင်လေးက မောင်လို့အရမ်းအခေါ်ခံချင်နေတယ်ပေါ့လေ။"
ဇိုင်းက ထိန်ယံလင်းနှုတ်ခမ်းအား ဖြတ်ခနဲတစ်ချက်ထပ်နမ်းပြီးပြောသည်။
" ယံယံ့နှုတ်ဖျားလေးကနေ ယံယံတစ်ယောက်ထဲခေါ်တာကိုပဲခံချင်တာ။"
" မောင်..."
ထိန်ယံလင်းက မောင်ဟုခေါ်လိုက်တိုင်း ဇိုင်းမြတ်မဟာမောင်မှာ တဘောတကျကျဖြစ်နေလေတော့သည်။
" မောင့်ကို ကိတ်ခွံ့ကျွေး..."
ထိန်ယံလင်းလည်း ဇိုင်းကိုတစ်လုပ်အရင်ခွံ့ကျွေးပြီး သူ့ဘာသာလည်းမြည်းကြည့်လိုက်သည်။
" အား ချိုရဲနေတာပဲ သကြားထည့်တာများသွားပြီထင်တယ်။"
ထိန်ယံလင်းလိုအချိုကြိုက်တဲ့သူတောင်မကြိုက် ဘေးက၀ိုင်ခွက်ယူပြီးအမြန်မော့သောက်လိုက်သည်။
" ကောင်းပါတယ်။"
ဇိုင်းကပြောရင်း တစ်လုပ်ထပ်ယူစားသည်။
" တော်ပြီ တော်ပြီမစားနဲ့တော့ ဆီးချိုဖြစ်မှာတောင်ကြောက်ရတယ်။
ကြိုလေ့ကျင့်ပြီး နောက်နှစ်မှအရမ်းအရမ်းအရသာရှိတာလေးလုပ်ကျွေးမယ်။"ထိန်ယံလင်းကပြောရင်း ကိတ်ကိုဘေးပို့သည်။
" ယံယံပထမဆုံးလုပ်ကျွေးတာလေးဆိုတော့ ထပ်စားချင်သေးတယ်
ပေးပါ။"
" မောင်ကအချိုအရမ်းမကြိုက်ဘူးလေ ကိုယ်မသိတာလည်းမဟုတ်။
အတင်းမစားပါနဲ့။"
ဇိုင်းကမုန့်လုခံလိုက်ရသည့် ကလေးလေးလိုလုပ်ပြရင်း
" အဲ့ဒါဆို အဲ့ထပ်ချိုတာစားမယ်ရလားဟင်။"
" ဟင် ဘာကိုလဲ။"
" ဒီကိတ်မုန့်ထပ်ချိုတဲ့ ယံယံ့ကိုစားမယ်လို့ပြောတာ။"
ထိန်ယံလင်းက ဇိုင်းနှာခေါင်းလေးကိုဖွဖွဆွဲရင်း
"အခုတော့ မပြောရဲတာမရှိတော့ဘူးပေါ့လေ။"
" မလုပ်ရဲတာလည်း မရှိဘူးနော်။"
ဇိုင်းကပြောရင်း မြေခွေးကြီးတစ်ကောင်လိုပြုံးကာ ထိန်ယံလင်းပေါ်တက်ခွရင်း အတင်းလိုက်နမ်းလေတော့သည်။
မလှပသည့် ကိတ်မုန့်လေးကတော့ ဘေးကနေ ချစ်သူနှစ်ယောက်အား ပြုံးရယ်ကာငေးကြည့်နေရုံမှတစ်ပါးမရှိ။
.....
ကာထားသည့် မှန်မှတစ်ဆင့် အဝေးကမီးလင်းထိန်နေသည့်ခေတ်သစ်မြို့ပြရဲ့ အံ့ဖွယ်လက်ရာ CN Towerကြီးကိုထိန်ယံလင်းကရပ်ကြည့်နေပြီး ဇိုင်းကလည်းအနောက်ကနေသူ့ကို သိုင်းဖက်ထားသည်။
အပြင်ဘက်တွင် နှင်းမှုန်လေးတွေကလည်းတဖွဲဖွဲကျဆင်းနေပြီး ခရစ်စမတ်ရဲ့ပြယုတ်လေးအဖြစ်ကိုပိုမိုအသက်၀င်အောင်ဆောင်ရွက်ပေးနေသည်။
မှန်ပေါ်တွင် ထိန်ယံလင်းကလက်တင်တော့ ဇိုင်းကလည်းလိုက်လုပ်သည်။
နှစ်ယောက်လုံး၏လက်ညှိုးပေါ်၌လည်း လက်စွပ်လေးတွေကလိုက်ဖက်စွာတည်ရှိနေသေးသည်။
" တစ်ယောက်ယောက်နဲ့ ဒီလို လက်စွပ်ဆင်တူဝတ်ဖူးတာ ေမာင်ကပထမဆုံးပဲ။"
" ကျွန်တော်ရောပဲ အရင်ကဒီလိုအရာတွေကစိတ်ရှုပ်စရာကောင်းမယ်ထင်ခဲ့ပေမဲ့ အခုတော့အရမ်းပျော်နေတယ်။"
" ဥတ္တရအလင်းတန်းတွေသိလား။တကယ်လို့ကြည့်ချင်ရင် ကိုယ်တို့သွားကြမလား။ကနေဒါရဲ့ မြောက်ပိုင်းမှာရှိတယ်။"
" နောက်အချိန်ရှိမှ သွားကြမယ်လေ ဝေးတယ်မလား။ကျွန်တော်တို့ကသဘက်ခါပြန်ရမှာလေ။ "
" အခွင့်ကြုံဖို့ကခက်တာကို အဲ့အလင်းတန်းတွေက အောက်တိုဘာလကနေ မတ်လအတွင်းပဲကြည့်လို့ရတာ။"
" ဒီနှစ်မဟုတ်လည်း နောက်နှစ်တွေပေါ့ ကျွန်တော်လိုက်ပို့ပေးမယ်။
အခုတော့နောက်ကျနေပြီ အိပ်ကြမလား။"
ပြောရင်း ဇိုင်းကထိန်ယံလင်းလည်ပင်းကိုမထိတထိနမ်းရင်း အသံခပ်အုပ်အုပ်ဖြင့်ပြောသည်။
" မအိပ်သေးပဲကျွန်တော့်ကိုချိုတာလေးကျွေးချင်သေးလည်းရတယ်နော် အခုအချိုအရမ်းကြိုက်နေပြီ။"
ထိန်ယံလင်းက ဇိုင်းကိုလှည့်ကြည့်ကာ မျက်ခုံးမြင့်ရင်း
" ကြည့်ရတာ ဒီမွေးနေ့ရှင်မြေခွေးကြီးကကိုယ့်ကိုယ်ပဲစားချင်နေပုံရတယ်။"
" ကျွန်တော်ကကိတ်ကိုပြောတာပါနော်။"
" အဲ့ဒါဆိုလည်း သဘောကိတ်ပဲစားနေလိုက်တော့။"
ထိန်ယံလင်းကပြောရင်း အိပ်ခန်းထဲ၀င်သွားတာကြောင့် ဇိုင်းကနောက်ကလိုက်ရသည်။
" ယံယံကလည်းစတာကိုဗျာ ကိတ်မစားချင်ဘူး ယံယံ့ကိုပဲစားချင်တာ။"
" နောက်ကျသွားပြီ ကောင်လေး လစ်တော့။"
ပြောပြီး အခန်းတံခါးကိုဆွဲပိတ်လိုက်သည်။
ထိန်ယံလင်းကစိတ်ဆိုးချင်ဟန်ဆောင်လိုက်သော်လည်း
ဇိုင်းကတံခါးတောင်မခေါက်လာပဲ အသံတိတ်သွားသည်။
နည်းနည်းကြာတော့ ထိန်ယံလင်းမနေနိုင်ပဲတံခါးကိုအသာလေးဟကြည့်ချိန် ဇိုင်းကအတင်းတိုးဝင်လာလေတော့သည်။
" ပင်ကွင်းလေးထောင်ချောက်မိသွားပါပြီ ဒီညတော့မလွတ်တော့ဘူး။"
ထိန်ယံလင်းမှာ ဇိုင်းမြတ်မဟာမောင်အပြုအမူကြောင့်ရယ်မောလိုက်ရသေးသည်။ ခဏအကြာတွင်တော့ မွေးနေ့ရှင်မြေခွေးလေးထံမှာ အစားခံလိုက်ရတော့လေသည်။
......
နောက်မနက်ခင်းတွင် ဆူညံနေသော ဖုန်းသံကြောင့်နှစ်ယောက်လုံးနိုးလာခဲ့သည်။ အောင်ဇေရဲခေါ်တာဖြစ်ပြီး သာယာနေတဲ့အချိန်လေးပျက်သွားတာကြောင့် ထိန်ယံလင်းမကြည်မသာဖြင့် ဖုန်းကိုင်လိုက်သည်။
" အင်း ဘာအရေးကြီးလို့လဲပြော။"
"....."
အောင်ဇေရဲပြောလာသည်များကိုနားထောင်ပြီးချိန်တွင်တော့ ထိန်ယံလင်းတစ်ယောက် စိတ်ညစ်သွားရတော့သည်။
"အင်း သိပြီ ဒါပဲ။"
ဖုန်းချပြီးသည်နှင့် ဇိုင်းကမေးလာသည်။
"ယံယံဘာဖြစ်လို့လဲ အလုပ်ကိစ္စလား။"
" အင်း ကိုယ်တို့ဒီနေ့လျှောက်လည်လို့မရတော့ဘူး။"
" ရပါတယ် အလုပ်ကိစ္စပဲဟာ ကျွန်တော်တို့ပြန်ကြမယ်လေ။"
ထိန်ယံလင်းက တံတွေးမြိုချပြီးခေါင်းခါသည်။
" ကိုယ်မပြန်ရသေးဘူး မင်းပြန်ရမှာဇိုင်း။ ကိုယ် အလုပ်ကိစ္စကြောင့် နှစ်ကုန်ထိဒီမှာပဲနေဖြစ်လောက်မယ်။မင်းကပြန်လိုက်ပါ ဒီမှာကိုယ်နဲ့နေတာထက် ဟိုမှာကမင်းအလုပ်တွေ စာတွေ သေချာပိုလုပ်လို့ရတယ်။ကိုယ်လည်းအလုပ်ပြီးတာနဲ့ လိုက်လာပါ့မယ်။ "
ဇိုင်းကလည်း ထိန်ယံလင်းအလုပ်ထဲလိုက်ရှုပ်မိသလိုဖြစ်မှာစိုးတာကြောင့် ခေါင်းငြိမ့်သည်။
" ဟုတ်ပြီ ကျွန်တော်အရင်ပြန်လိုက်ပါ့မယ်။ ကျန်းမာရေးဂရုစိုက်ပြီး အစားပုံမှန်စားနော် ။"
ထိန်ယံလင်း ဇိုင်းမြတ်မဟာမောင်ကိုလေဆိပ်လိုက်ပို့ရင်း စိတ်ထဲကနေတောင်းပန်စကားဆိုလိုက်သည်။
" ကိုယ်မင်းကိုလိမ်မိတဲ့အတွက် တောင်းပန်ပါတယ်ဇိုင်း။"
ဘာမှမသိသော ကောင်လေးကတော့ သူ့အားမှာတမ်းခြွေပြီး နဖူးကိုနမ်းကာထွက်သွားလေတော့သည်။
ညရောက်တော့ ဇိုင်းနဲ့အတူdinner dateရန်လုပ်ထားသည့် CN TOWERတွင် ဇိုင်းအစား သူနဲ့စေ့စပ်ထားသည့် မိန်းကလေး ရွှေဝင့်ဝါနဲ့အတူထိုင်နေရသည်။
သူ့အဖေကမရောက်ရောက်အောင် အတင်းအရောက်ပို့သွားတာဖြစ်သည်။
" ကိုလင်းကိုလည်း အခုမှပဲဖမ်းမိတော့တယ်။ ရွှေတို့နှစ်ယောက်မတွေ့ဖြစ်တာ ၁နှစ်ပြည့်တော့မယ်နော်။"
" ဟုတ်တယ် ကိုယ်လည်းအလုပ်တွေများနေတာနဲ့ မင်းကိုအချိန်မပေးနိုင်ဘူးဖြစ်သွားတယ်။ ကိုယ့်ဘက်ကပျက်ကွက်မှုတွေအတွက် တောင်းပန်ပါတယ်။"
" ရပါတယ် ကိုလင်း ရွှေ့အတွက် Steakလှီးပေးတာနဲ့ ကျေပေးလိုက်မယ်။"
ထိန်ယံလင်းကသူ့အတွက်သူလှီးထားတာဖြစ်သော်လည်း ရွှေဝင့်ဝါစကားကြောင့် သူ့ပန်းကန်ကိုလဲပေးလိုက်ရသည်။
ရွှေဝင့်ဝါက ထိန်ယံလင်းလက်ညှိုးကလက်စွပ်ကိုတွေ့သွားပြီး ချက်ချင်းမေးတော့သည်။
" ကိုလင်း လက်ကလက်စွပ်လေးကမိုက်တယ်နော်။ဒါပေမဲ့ ကိုလင်းကပုံမှန်ဆို
လက်စွပ်၀တ်ရတာမကြိုက်ဘူးမလား ရွှေတို့နှစ်ယောက်ရဲ့ စေ့စပ်လက်စွပ်တောင် စေ့စပ်ပွဲနေ့တစ်နေ့ထဲဝတ်တာလေ။"
ထိုစကားကြောင့် ထိန်ယံလင်းမှာ သူ့လက်သူအမြန်ပြန်ရုတ်သိမ်းလိုက်သည်။
" ဝတ်ထားတာမကြာသေးပါဘူး ကိုယ်ချွတ်ဖို့မေ့ခဲ့တာ။"
" ထားပါ စေ့စပ်လက်စွပ်မ၀တ်တာဘာအရေးလဲ မကြာခင်ပဲလက်ထပ်ရတော့မှာကို။ လက်ထပ်လက်စွပ်ကတော့ လုံး၀မချွတ်ရဘူးနော်။မဟုတ်ရင် ရွှေစိတ်ကောက်မှာ။"
ကောင်မလေးကချစ်စရာအမူအရာလေးဖြင့်ပြောလာသော်လည်း ထိန်ယံလင်းအတွက်တော့ စိုးထိတ်မှုတွေသာရှိသည်။သူလုံး၀လက်မထပ်ချင်သေးပေ။
ဘာမှမပြောေသာ ထိန်ယံလင်းကြောင့် ရွှေဝင့်ဝါကထပ်ပြောသည်။
" ကိုလင်း ဘာတွေစဥ်းစားနေတာလဲ။ ရွှေပြောတာကြားရဲ့လား။"
" ဪ အင်း..ကြားပါတယ်။"
" ကိုလင်းလည်း၃၀ပြည့်တော့မယ် ရွှေလည်း၂၉နှစ်ပြည့်တော့မယ်။ ရွှေ့မိဘတွေရော ကိုလင်းမိဘတွေရောက ရွှေတို့နှစ်ယောက်ကို နောက်နှစ်ထဲလက်ထပ်စေချင်နေကြပြီ ။ ကိုလင်းအဖေက ဒီရက်ပိုင်း ရွှေတို့၂ယောက် Canadaမှာအတူလျှောက်လည်ရင်း သေချာဆွေးနွေးတိုင်ပင်ခဲ့ကြတော့တဲ့။"
ထိန်ယံလင်းက မျက်နှာမပျက်အောင် သေချာထိန်းရင်ပြန်ပြောသည်။
" ရွှေကရော လက်ထပ်သင့်ပြီထင်လား။နောက်၂နှစ် ၃နှစ်လောက် လွတ်လွတ်လပ်လပ်နေကြတာပိုမကောင်းလောက်ဘူးလားလို့လေ။ကိုယ်လည်း နောက်နှစ်လုပ်ငန်းလေးတွေနည်းနည်းပိုတိုးချင်နေတာ တော်ကြာယူလိုက်ပြီးမှ ရွှေ့ကိုအချိန်မပေးနိုင်မှာစိုးလို့ "
" အဲ့လိုလည်းရပေမဲ့ ကလေးယူဖို့နောက်ကျသွားမှာစိုးနေကြတာ။
ရွှေ့အမေတို့ဆိုလည်း မြန်မြန်လက်ထပ်ပြီး မြေးလေးမွေးပေးစေချင်နေကြပြီ။
ကိုလင်းအဖေကလည်း တိုက်တွန်းနေပြီပဲဟာ။"
ထိန်ယံလင်းမှာ ဘာပြန်ပြောရမလဲမစဥ်းစားတက်တော့တာကြောင့် အောင့်သက်သက်ဖြင့်သာပြုံးပြလိုက်ရတော့သည်။
Chit Khoon Cho Thar or JuliiaJune
(17.2.2024)
ခွန်းဒီတလောကျန်းမာရေးလေးသိပ်မကောင်းလို့updateမမှန်နိုင်လောက်ဘူးရယ်။ မနေ့ကဆို ဘေးကလူသာမပါရင် မေ့လဲလောက်ပြီ။ဖုန်းအကြာကြီးကြည့်ရင်လည်း ခေါင်းတွေအရမ်းမူးနေတာဆိုတော့ screen timeလေးလျော့မလို့ရယ်။
၂ရက်ခြားမဟုတ်ပဲ ၃ရက်ခြား ၄ရက်ခြားလောက်ဖြစ်မယ်နော်ခ။
မုန်တိုင်းလေးတွေကတော့ စတော့မှာပါအခုကအဖျားလေးပဲရှိသေး။
အချိုတုန်းကလည်း အားရပါးရစားကြသလို အလောင်လေးလည်းစားပေးကြပါ😁💙။
Zaw,
You Are My Happiness (Part 28)
ေမွာင္မဲသြားသည့္ပတ္၀န္းက်င္တြင္ ခဏအၾကာ၌ ဖေယာင္းတိုင္မီးေရာင္ေလးနဲ႔အတူ ထိန္ယံလင္းမ်က္ႏွာေလးမွာ ေပၚထြက္လာခဲ့သည္။ ဖေယာင္းတိုင္း
မီးေရာင္ေလးေတြကေတာ့ သူ႔လက္ထဲတြင္ကိုင္ထားသည့္ ကိတ္မုန္႔ေလးေပၚက
ျဖစ္ေလသည္။
ကိတ္မုန္႔ေလးကလက္ရာသိပ္မလွပပဲ cream အျဖဴေလးေတြကအနည္းငယ္ဖ႐ိုဖရဲျဖစ္ေနကာ အေပၚတြင္ စေတာ္ဘယ္ရီသီးေလးေတြကိုစီတန္းထားေလသည္။
"ဇိုင္း Happy Birthday ပါ။ "
ခဏကစိုးရိမ္ေနသည့္ ဇိုင္းျမတ္မဟာေမာင္မွာ ယခုေတာ့အံ့ၾသသြားၿပီး
ထိန္ယံလင္းကိုၾကည့္ေနသည္။
" ယံယံ ကြၽန္ေတာ့္ေမြးေန႔ကိုသိေနတာလား။ "
" ဒါေပါ့ မင္းရဲ႕ေမြးေန႔မွာပထမဆုံးsupriseလုပ္ေပးတဲ့သူကကိုယ္ျဖစ္ခ်င္လို႔ ဘာမွမေျပာပဲ တိတ္တိတ္ေလးလုပ္ေနတာေလ။"
" ကြၽန္ေတာ္ကယံယံ့ကိုမေတြ႕ေတာ့ စိတ္ပူသြားတာဗ်ာ။"
" မင္းအတြက္ ကိုယ္ကိုယ္တိုင္ ကိတ္မုန္႔ေလးလုပ္ေပးခ်င္လို႔ေလ။
အခု ျမန္ျမန္ေလးဆုေတာင္းၿပီး ဖေယာင္းတိုင္မီးမႈတ္လိုက္ေတာ့။"
ဇိုင္းကၿပဳံးလ်က္ ခ်က္ခ်င္းဆုေတာင္းသည္။
" ႏွစ္တိုင္းကြၽန္ေတာ့္ေမြးေန႔မွာ ယံယံနဲ႔အတူ အတူရွိပါေစ။"
႐ိုးရွင္းေသာ ဆုေတာင္းေလးအၿပီး မႈတ္ထုတ္လိုက္သည့္ေလေတြေၾကာင့္ ပတ္၀န္းက်င္မွာ တဖန္ေမွာင္မဲသြားျပန္သည္။
ထိန္ယံလင္းက ကိတ္မုန္႔ကိုစားပြဲေပၚခ်လိုက္ၿပီး မီးခလုတ္ကိုျပန္သြားဖြင့္လိုက္သည္။
မီးဖြင့္ၿပီးျပန္လွည့္မယ္အလုပ္ အေနာက္ကေနသိုင္းဖက္လာသည့္ ဇိုင္း။
"ၾကက္ဥေတာင္မေၾကာ္တက္တဲ့သူက ကိတ္မုန္႔ကိုဘယ္တုန္းက ဖုတ္တက္သြားတာလဲဟင္။ "
" အဲ့ဒါကေတာ့ မင္းကိုယ္တိုင္စားၾကည့္ၿပီးမွေျပာ။ အမွန္အတိုင္းေျပာရရင္
ေကာင္းမယ္မထင္ဘူး။ အရင္ရက္က YouTube ကေနကိတ္မုန္႔လုပ္နည္းvdေတြႀကိဳၾကည့္ထားတာ ဒီေန႔ေဘးကေနလည္း စာဖိုးမႉးကေသခ်ာျပေပးေပမဲ့ ကိုယ္လက္ရာက မင္းျမင္တဲ့အတိုင္းပဲ။
တစ္ျခားလုပ္ၿပီးသားပဲယူခဲ့ဖို႔ေတာင္စဥ္းစားလိုက္ေသးတယ္။အဲ့လိုဆိုရင္ ကိုယ္လုပ္ေပးတာဘာမွမရွိပဲ အမွတ္တရမျဖစ္ေတာ့မွာစိုးတာ။ ဒီႏွစ္ကအစမို႔ အေျခအေနသိပ္မေကာင္းေပမဲ့ ေနာက္ႏွစ္ေတြက်ရင္ပိုေကာင္းေအာင္လုပ္ေပးမွာပါ။"
ထိန္ယံလင္းရဲ႕စကားအဆုံးတြင္ ဇိုင္းကဂုတ္ပိုးေလးေတြကိုႏူးညံ့စြာလိုက္နမ္းပစ္သည္။
" ယံယံ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။"
" လာခဲ့ ေနာက္တစ္ခုရွိေသးတယ္။"
ဆိုကာ ဆိုဖာဘက္ဆြဲေခၚသြားၿပီးထိုင္ေစသည္။
ၿပီးေနာက္ ေဘာင္းဘီအိတ္ကပ္ထဲကလက္စြပ္ဘူးကိုထုတ္ယူလိုက္ၿပီးဖြင့္ျပသည္။
ဘူးအထဲတြင္ေတာ့ ေမပယ္႐ြက္ပုံမ်ားျဖင့္ ထြင္းထားသည့္ လက္စြပ္ေလးႏွစ္ကြင္းရွိေနသည္။
[AN- ဇိုင္းအတြက္ေမြးေန႔လက္ေဆာင္ဘာလုပ္ရမလဲအေသစဥ္းစားလိုက္ရတယ္။ေနာက္ေတာ့ ေမပယ္ေလးေတြသတိရၿပီး ေမပယ္လက္စြပ္ရွိမရွိသြားေျပးရွာလိုက္တာ💙]
" CN Towerမွာ ညစာသြားစားမွေပးမလို႔ျပင္ထားေပမဲ့ အခုႀကိဳေပးလိုက္တာပိုအဓိပၸါယ္ရွိတယ္ထင္လို႔။ကိုယ္နဲ႔ဆင္တူေလးေလ မင္းသေဘာက်ရဲ႕လား။ "
" ယံယံနဲ႔ပတ္သတ္တာအကုန္သေဘာက်တယ္။"
" လက္စြပ္ရဲ႕ အတြင္းမွာ ကိုယ္တို႔ႏွစ္ေယာက္ရဲ႕ နာမည္တစ္လုံးစီထြင္းထားတယ္။ကိုယ္တို႔အတြက္သီးသန္႔ေလးေပါ့။"
ထိန္ယံလင္းက ေျပာရင္း ဇိုင္းလက္ညိဳးမွာစြပ္ေပးလိုက္သည္။
ဇိုင္းကလက္စြပ္ေလးကိုသေဘာက်စြာၾကည့္ၿပီးျပန္ေျပာသည္။
" လက္ထပ္ခြင့္ေတာင္းတဲ့လက္စြပ္ကိုေတာ့ ကြၽန္ေတာ့္ဘက္ကပဲစီစဥ္မယ္
ယံယံ။ က်ိန္းေသေပါက္ ကြၽန္ေတာ့္ကိုယုံၿပီးေစာင့္ေနေပးေနာ္။ကြၽန္ေတာ္ ခင္ဗ်ားတစ္ေယာက္ထဲကိုပဲလက္ထပ္မွာ။"
ထိန္ယံလင္းကလည္း ဇိုင္းမ်က္လုံးေတြကိုႏူးညံ့စြာစိုက္ၾကည့္ၿပီးျပန္ေျပာသည္။
" Happy Birthday ပါေမာင္။အၿမဲတမ္းကိုယ့္ကိုခ်စ္ေပးပါ။"
ဇိုင္းျမတ္မဟာေမာင္မွာ အသည္းယားစြာျဖင့္ ထိန္ယံလင္းမ်က္ႏွာအႏွံ႔လိုက္နမ္းေတာ့သည္။
" ယံယံ ခင္ဗ်ားဒီညကြၽန္ေတာ့္ကို႐ူးေအာင္လုပ္ဖို႔စီစဥ္ထားတာလားဗ်ာ။
ထပ္ေခၚပါအုံး ေမာင္လို႔။ အဲ့တစ္လုံးနဲ႔တင္ကြၽန္ေတာ့္ေမြးေန႔ကအရမ္းျပည့္စုံသြားၿပီ။"
" ၂၁ႏွစ္ျပည့္ထားတဲ့ေကာင္ေလးက ေမာင္လို႔အရမ္းအေခၚခံခ်င္ေနတယ္ေပါ့ေလ။"
ဇိုင္းက ထိန္ယံလင္းႏႈတ္ခမ္းအား ျဖတ္ခနဲတစ္ခ်က္ထပ္နမ္းၿပီးေျပာသည္။
" ယံယံ့ႏႈတ္ဖ်ားေလးကေန ယံယံတစ္ေယာက္ထဲေခၚတာကိုပဲခံခ်င္တာ။"
" ေမာင္..."
ထိန္ယံလင္းက ေမာင္ဟုေခၚလိုက္တိုင္း ဇိုင္းျမတ္မဟာေမာင္မွာ တေဘာတက်က်ျဖစ္ေနေလေတာ့သည္။
" ေမာင့္ကို ကိတ္ခြံ႕ေကြၽး..."
ထိန္ယံလင္းလည္း ဇိုင္းကိုတစ္လုပ္အရင္ခြံ႕ေကြၽးၿပီး သူ႔ဘာသာလည္းျမည္းၾကည့္လိုက္သည္။
" အား ခ်ိဳရဲေနတာပဲ သၾကားထည့္တာမ်ားသြားၿပီထင္တယ္။"
ထိန္ယံလင္းလိုအခ်ိဳႀကိဳက္တဲ့သူေတာင္မႀကိဳက္ ေဘးက၀ိုင္ခြက္ယူၿပီးအျမန္ေမာ့ေသာက္လိုက္သည္။
" ေကာင္းပါတယ္။"
ဇိုင္းကေျပာရင္း တစ္လုပ္ထပ္ယူစားသည္။
" ေတာ္ၿပီ ေတာ္ၿပီမစားနဲ႔ေတာ့ ဆီးခ်ိဳျဖစ္မွာေတာင္ေၾကာက္ရတယ္။
ႀကိဳေလ့က်င့္ၿပီး ေနာက္ႏွစ္မွအရမ္းအရမ္းအရသာရွိတာေလးလုပ္ေကြၽးမယ္။"ထိန္ယံလင္းကေျပာရင္း ကိတ္ကိုေဘးပို႔သည္။
" ယံယံပထမဆုံးလုပ္ေကြၽးတာေလးဆိုေတာ့ ထပ္စားခ်င္ေသးတယ္
ေပးပါ။"
" ေမာင္ကအခ်ိဳအရမ္းမႀကိဳက္ဘူးေလ ကိုယ္မသိတာလည္းမဟုတ္။
အတင္းမစားပါနဲ႔။"
ဇိုင္းကမုန္႔လုခံလိုက္ရသည့္ ကေလးေလးလိုလုပ္ျပရင္း
" အဲ့ဒါဆို အဲ့ထပ္ခ်ိဳတာစားမယ္ရလားဟင္။"
" ဟင္ ဘာကိုလဲ။"
" ဒီကိတ္မုန္႔ထပ္ခ်ိဳတဲ့ ယံယံ့ကိုစားမယ္လို႔ေျပာတာ။"
ထိန္ယံလင္းက ဇိုင္းႏွာေခါင္းေလးကိုဖြဖြဆြဲရင္း
"အခုေတာ့ မေျပာရဲတာမရွိေတာ့ဘူးေပါ့ေလ။"
" မလုပ္ရဲတာလည္း မရွိဘူးေနာ္။"
ဇိုင္းကေျပာရင္း ေျမေခြးႀကီးတစ္ေကာင္လိုၿပဳံးကာ ထိန္ယံလင္းေပၚတက္ခြရင္း အတင္းလိုက္နမ္းေလေတာ့သည္။
မလွပသည့္ ကိတ္မုန္႔ေလးကေတာ့ ေဘးကေန ခ်စ္သူႏွစ္ေယာက္အား ၿပဳံးရယ္ကာေငးၾကည့္ေန႐ုံမွတစ္ပါးမရွိ။
.....
ကာထားသည့္ မွန္မွတစ္ဆင့္ အေဝးကမီးလင္းထိန္ေနသည့္ေခတ္သစ္ၿမိဳ႕ျပရဲ႕ အံ့ဖြယ္လက္ရာ CN Towerႀကီးကိုထိန္ယံလင္းကရပ္ၾကည့္ေနၿပီး ဇိုင္းကလည္းအေနာက္ကေနသူ႔ကို သိုင္းဖက္ထားသည္။
အျပင္ဘက္တြင္ ႏွင္းမႈန္ေလးေတြကလည္းတဖြဲဖြဲက်ဆင္းေနၿပီး ခရစ္စမတ္ရဲ႕ျပယုတ္ေလးအျဖစ္ကိုပိုမိုအသက္၀င္ေအာင္ေဆာင္႐ြက္ေပးေနသည္။
မွန္ေပၚတြင္ ထိန္ယံလင္းကလက္တင္ေတာ့ ဇိုင္းကလည္းလိုက္လုပ္သည္။
ႏွစ္ေယာက္လုံး၏လက္ညႇိဳးေပၚ၌လည္း လက္စြပ္ေလးေတြကလိုက္ဖက္စြာတည္ရွိေနေသးသည္။
" တစ္ေယာက္ေယာက္နဲ႔ ဒီလို လက္စြပ္ဆင္တူဝတ္ဖူးတာ ေမာင္ကပထမဆုံးပဲ။"
" ကြၽန္ေတာ္ေရာပဲ အရင္ကဒီလိုအရာေတြကစိတ္ရႈပ္စရာေကာင္းမယ္ထင္ခဲ့ေပမဲ့ အခုေတာ့အရမ္းေပ်ာ္ေနတယ္။"
" ဥတၱရအလင္းတန္းေတြသိလား။တကယ္လို႔ၾကည့္ခ်င္ရင္ ကိုယ္တို႔သြားၾကမလား။ကေနဒါရဲ႕ ေျမာက္ပိုင္းမွာရွိတယ္။"
" ေနာက္အခ်ိန္ရွိမွ သြားၾကမယ္ေလ ေဝးတယ္မလား။ကြၽန္ေတာ္တို႔ကသဘက္ခါျပန္ရမွာေလ။ "
" အခြင့္ႀကဳံဖို႔ကခက္တာကို အဲ့အလင္းတန္းေတြက ေအာက္တိုဘာလကေန မတ္လအတြင္းပဲၾကည့္လို႔ရတာ။"
" ဒီႏွစ္မဟုတ္လည္း ေနာက္ႏွစ္ေတြေပါ့ ကြၽန္ေတာ္လိုက္ပို႔ေပးမယ္။
အခုေတာ့ေနာက္က်ေနၿပီ အိပ္ၾကမလား။"
ေျပာရင္း ဇိုင္းကထိန္ယံလင္းလည္ပင္းကိုမထိတထိနမ္းရင္း အသံခပ္အုပ္အုပ္ျဖင့္ေျပာသည္။
" မအိပ္ေသးပဲကြၽန္ေတာ့္ကိုခ်ိဳတာေလးေကြၽးခ်င္ေသးလည္းရတယ္ေနာ္ အခုအခ်ိဳအရမ္းႀကိဳက္ေနၿပီ။"
ထိန္ယံလင္းက ဇိုင္းကိုလွည့္ၾကည့္ကာ မ်က္ခုံးျမင့္ရင္း
" ၾကည့္ရတာ ဒီေမြးေန႔ရွင္ေျမေခြးႀကီးကကိုယ့္ကိုယ္ပဲစားခ်င္ေနပုံရတယ္။"
" ကြၽန္ေတာ္ကကိတ္ကိုေျပာတာပါေနာ္။"
" အဲ့ဒါဆိုလည္း သေဘာကိတ္ပဲစားေနလိုက္ေတာ့။"
ထိန္ယံလင္းကေျပာရင္း အိပ္ခန္းထဲ၀င္သြားတာေၾကာင့္ ဇိုင္းကေနာက္ကလိုက္ရသည္။
" ယံယံကလည္းစတာကိုဗ်ာ ကိတ္မစားခ်င္ဘူး ယံယံ့ကိုပဲစားခ်င္တာ။"
" ေနာက္က်သြားၿပီ ေကာင္ေလး လစ္ေတာ့။"
ေျပာၿပီး အခန္းတံခါးကိုဆြဲပိတ္လိုက္သည္။
ထိန္ယံလင္းကစိတ္ဆိုးခ်င္ဟန္ေဆာင္လိုက္ေသာ္လည္း
ဇိုင္းကတံခါးေတာင္မေခါက္လာပဲ အသံတိတ္သြားသည္။
နည္းနည္းၾကာေတာ့ ထိန္ယံလင္းမေနႏိုင္ပဲတံခါးကိုအသာေလးဟၾကည့္ခ်ိန္ ဇိုင္းကအတင္းတိုးဝင္လာေလေတာ့သည္။
" ပင္ကြင္းေလးေထာင္ေခ်ာက္မိသြားပါၿပီ ဒီညေတာ့မလြတ္ေတာ့ဘူး။"
ထိန္ယံလင္းမွာ ဇိုင္းျမတ္မဟာေမာင္အျပဳအမူေၾကာင့္ရယ္ေမာလိုက္ရေသးသည္။ ခဏအၾကာတြင္ေတာ့ ေမြးေန႔ရွင္ေျမေခြးေလးထံမွာ အစားခံလိုက္ရေတာ့ေလသည္။
......
ေနာက္မနက္ခင္းတြင္ ဆူညံေနေသာ ဖုန္းသံေၾကာင့္ႏွစ္ေယာက္လုံးႏိုးလာခဲ့သည္။ ေအာင္ေဇရဲေခၚတာျဖစ္ၿပီး သာယာေနတဲ့အခ်ိန္ေလးပ်က္သြားတာေၾကာင့္ ထိန္ယံလင္းမၾကည္မသာျဖင့္ ဖုန္းကိုင္လိုက္သည္။
" အင္း ဘာအေရးႀကီးလို႔လဲေျပာ။"
"....."
ေအာင္ေဇရဲေျပာလာသည္မ်ားကိုနားေထာင္ၿပီးခ်ိန္တြင္ေတာ့ ထိန္ယံလင္းတစ္ေယာက္ စိတ္ညစ္သြားရေတာ့သည္။
"အင္း သိၿပီ ဒါပဲ။"
ဖုန္းခ်ၿပီးသည္ႏွင့္ ဇိုင္းကေမးလာသည္။
"ယံယံဘာျဖစ္လို႔လဲ အလုပ္ကိစၥလား။"
" အင္း ကိုယ္တို႔ဒီေန႔ေလွ်ာက္လည္လို႔မရေတာ့ဘူး။"
" ရပါတယ္ အလုပ္ကိစၥပဲဟာ ကြၽန္ေတာ္တို႔ျပန္ၾကမယ္ေလ။"
ထိန္ယံလင္းက တံေတြးၿမိဳခ်ၿပီးေခါင္းခါသည္။
" ကိုယ္မျပန္ရေသးဘူး မင္းျပန္ရမွာဇိုင္း။ ကိုယ္ အလုပ္ကိစၥေၾကာင့္ ႏွစ္ကုန္ထိဒီမွာပဲေနျဖစ္ေလာက္မယ္။မင္းကျပန္လိုက္ပါ ဒီမွာကိုယ္နဲ႔ေနတာထက္ ဟိုမွာကမင္းအလုပ္ေတြ စာေတြ ေသခ်ာပိုလုပ္လို႔ရတယ္။ကိုယ္လည္းအလုပ္ၿပီးတာနဲ႔ လိုက္လာပါ့မယ္။ "
ဇိုင္းကလည္း ထိန္ယံလင္းအလုပ္ထဲလိုက္ရႈပ္မိသလိုျဖစ္မွာစိုးတာေၾကာင့္ ေခါင္းၿငိမ့္သည္။
" ဟုတ္ၿပီ ကြၽန္ေတာ္အရင္ျပန္လိုက္ပါ့မယ္။ က်န္းမာေရးဂ႐ုစိုက္ၿပီး အစားပုံမွန္စားေနာ္ ။"
ထိန္ယံလင္း ဇိုင္းျမတ္မဟာေမာင္ကိုေလဆိပ္လိုက္ပို႔ရင္း စိတ္ထဲကေနေတာင္းပန္စကားဆိုလိုက္သည္။
" ကိုယ္မင္းကိုလိမ္မိတဲ့အတြက္ ေတာင္းပန္ပါတယ္ဇိုင္း။"
ဘာမွမသိေသာ ေကာင္ေလးကေတာ့ သူ႔အားမွာတမ္းေႁခြၿပီး နဖူးကိုနမ္းကာထြက္သြားေလေတာ့သည္။
ညေရာက္ေတာ့ ဇိုင္းနဲ႔အတူdinner dateရန္လုပ္ထားသည့္ CN TOWERတြင္ ဇိုင္းအစား သူနဲ႔ေစ့စပ္ထားသည့္ မိန္းကေလး ေ႐ႊဝင့္ဝါနဲ႔အတူထိုင္ေနရသည္။
သူ႔အေဖကမေရာက္ေရာက္ေအာင္ အတင္းအေရာက္ပို႔သြားတာျဖစ္သည္။
" ကိုလင္းကိုလည္း အခုမွပဲဖမ္းမိေတာ့တယ္။ ေ႐ႊတို႔ႏွစ္ေယာက္မေတြ႕ျဖစ္တာ ၁ႏွစ္ျပည့္ေတာ့မယ္ေနာ္။"
" ဟုတ္တယ္ ကိုယ္လည္းအလုပ္ေတြမ်ားေနတာနဲ႔ မင္းကိုအခ်ိန္မေပးႏိုင္ဘူးျဖစ္သြားတယ္။ ကိုယ့္ဘက္ကပ်က္ကြက္မႈေတြအတြက္ ေတာင္းပန္ပါတယ္။"
" ရပါတယ္ ကိုလင္း ေ႐ႊ႕အတြက္ Steakလွီးေပးတာနဲ႔ ေက်ေပးလိုက္မယ္။"
ထိန္ယံလင္းကသူ႔အတြက္သူလွီးထားတာျဖစ္ေသာ္လည္း ေ႐ႊဝင့္ဝါစကားေၾကာင့္ သူ႔ပန္းကန္ကိုလဲေပးလိုက္ရသည္။
ေ႐ႊဝင့္ဝါက ထိန္ယံလင္းလက္ညႇိဳးကလက္စြပ္ကိုေတြ႕သြားၿပီး ခ်က္ခ်င္းေမးေတာ့သည္။
" ကိုလင္း လက္ကလက္စြပ္ေလးကမိုက္တယ္ေနာ္။ဒါေပမဲ့ ကိုလင္းကပုံမွန္ဆို
လက္စြပ္၀တ္ရတာမႀကိဳက္ဘူးမလား ေ႐ႊတို႔ႏွစ္ေယာက္ရဲ႕ ေစ့စပ္လက္စြပ္ေတာင္ ေစ့စပ္ပြဲေန႔တစ္ေန႔ထဲဝတ္တာေလ။"
ထိုစကားေၾကာင့္ ထိန္ယံလင္းမွာ သူ႔လက္သူအျမန္ျပန္႐ုတ္သိမ္းလိုက္သည္။
" ဝတ္ထားတာမၾကာေသးပါဘူး ကိုယ္ခြၽတ္ဖို႔ေမ့ခဲ့တာ။"
" ထားပါ ေစ့စပ္လက္စြပ္မ၀တ္တာဘာအေရးလဲ မၾကာခင္ပဲလက္ထပ္ရေတာ့မွာကို။ လက္ထပ္လက္စြပ္ကေတာ့ လုံး၀မခြၽတ္ရဘူးေနာ္။မဟုတ္ရင္ ေ႐ႊစိတ္ေကာက္မွာ။"
ေကာင္မေလးကခ်စ္စရာအမူအရာေလးျဖင့္ေျပာလာေသာ္လည္း ထိန္ယံလင္းအတြက္ေတာ့ စိုးထိတ္မႈေတြသာရွိသည္။သူလုံး၀လက္မထပ္ခ်င္ေသးေပ။
ဘာမွမေျပာေသာ ထိန္ယံလင္းေၾကာင့္ ေ႐ႊဝင့္ဝါကထပ္ေျပာသည္။
" ကိုလင္း ဘာေတြစဥ္းစားေနတာလဲ။ ေ႐ႊေျပာတာၾကားရဲ႕လား။"
" ဪ အင္း..ၾကားပါတယ္။"
" ကိုလင္းလည္း၃၀ျပည့္ေတာ့မယ္ ေ႐ႊလည္း၂၉ႏွစ္ျပည့္ေတာ့မယ္။ ေ႐ႊ႕မိဘေတြေရာ ကိုလင္းမိဘေတြေရာက ေ႐ႊတို႔ႏွစ္ေယာက္ကို ေနာက္ႏွစ္ထဲလက္ထပ္ေစခ်င္ေနၾကၿပီ ။ ကိုလင္းအေဖက ဒီရက္ပိုင္း ေ႐ႊတို႔၂ေယာက္ Canadaမွာအတူေလွ်ာက္လည္ရင္း ေသခ်ာေဆြးေႏြးတိုင္ပင္ခဲ့ၾကေတာ့တဲ့။"
ထိန္ယံလင္းက မ်က္ႏွာမပ်က္ေအာင္ ေသခ်ာထိန္းရင္ျပန္ေျပာသည္။
" ေ႐ႊကေရာ လက္ထပ္သင့္ၿပီထင္လား။ေနာက္၂ႏွစ္ ၃ႏွစ္ေလာက္ လြတ္လြတ္လပ္လပ္ေနၾကတာပိုမေကာင္းေလာက္ဘူးလားလို႔ေလ။ကိုယ္လည္း ေနာက္ႏွစ္လုပ္ငန္းေလးေတြနည္းနည္းပိုတိုးခ်င္ေနတာ ေတာ္ၾကာယူလိုက္ၿပီးမွ ေ႐ႊ႕ကိုအခ်ိန္မေပးႏိုင္မွာစိုးလို႔ "
" အဲ့လိုလည္းရေပမဲ့ ကေလးယူဖို႔ေနာက္က်သြားမွာစိုးေနၾကတာ။
ေ႐ႊ႕အေမတို႔ဆိုလည္း ျမန္ျမန္လက္ထပ္ၿပီး ေျမးေလးေမြးေပးေစခ်င္ေနၾကၿပီ။
ကိုလင္းအေဖကလည္း တိုက္တြန္းေနၿပီပဲဟာ။"
ထိန္ယံလင္းမွာ ဘာျပန္ေျပာရမလဲမစဥ္းစားတက္ေတာ့တာေၾကာင့္ ေအာင့္သက္သက္ျဖင့္သာၿပဳံးျပလိုက္ရေတာ့သည္။
Chit Khoon Cho Thar or JuliiaJune
(17.2.2024)
ခြန္းဒီတေလာက်န္းမာေရးေလးသိပ္မေကာင္းလို႔updateမမွန္ႏိုင္ေလာက္ဘူးရယ္။ မေန႔ကဆို ေဘးကလူသာမပါရင္ ေမ့လဲေလာက္ၿပီ။ဖုန္းအၾကာႀကီးၾကည့္ရင္လည္း ေခါင္းေတြအရမ္းမူးေနတာဆိုေတာ့ screen timeေလးေလ်ာ့မလို႔ရယ္။
၂ရက္ျခားမဟုတ္ပဲ ၃ရက္ျခား ၄ရက္ျခားေလာက္ျဖစ္မယ္ေနာ္ခ။
မုန္တိုင္းေလးေတြကေတာ့ စေတာ့မွာပါအခုကအဖ်ားေလးပဲရွိေသး။
အခ်ိဳတုန္းကလည္း အားရပါးရစားၾကသလို အေလာင္ေလးလည္းစားေပးၾကပါ😁💙။