တီချယ် ဆိုတဲ့ ပန်းလေးတစ်ပွင့်

By Silas3110

4.7K 207 13

ဝေးသွားဖို့ တွေးမထားခဲ့သူမို့ ရပ်စောင့်နေမိခဲ့ပါသည်။ More

Part-1(U+Z)
Part-2(U+Z)
Part-4(U+Z)
Part-5(Final)

Part-3(U+Z)

708 32 1
By Silas3110

"မင်း နေကောင်းပြီလား"

"ကောင်းပါပြီ တီချယ် ဒီတခါ တနင်္လာ ကျောင်းတက်လို့ရပြီ"

"တစ်ခုခုဆို တို့ကို လာပြောစမ်းပါကွယ် မင်းကိုယ်တိုင် မရှင်းစမ်းနဲ့ မင်းသူ‌များကြောင့် နာကျင်ရရင် ငါလည်းသည်းမခံနိုင်ဘူး"

"ကျွ‌န်တော် နားလည်ပါပြီ ကျွန်တော့်ကိုတော့ ခွဲပြီး တစ်ယောက်တည်း သွားမနေပါနဲ့နော်"

"အင်း... အခု မင်းကြိုက်တဲ့ နန်းကြီးသုပ် ဝယ်ထားပေးတယ် မျက်နှာသစ်ပြီး ဆင်းခဲ့"

"ဟုတ်ကဲ့"
ရတယ် ကျွန်တော် ဘယ်လောက် နာကျင်ရပါစေ တီချယ်သာအနားမှာ ရှိနေပေးဖို့ပဲလိုတာပါ တီချယ်ရယ်....
"ရော့ မင်း ကားသော့ ဆီလည်း အဖြည့်ဖြည့်ထားပေးတယ်"

"ဟင်! တကယ်လား"

"အင်း ကျောင်းကိုလည်း ကိုယ့်ဘာသာ သွားတော့"

"ဟင့်အင်း မယူတော့ဘူး အဲ့ကား တီချယ်နဲ့ပဲ လိုက်မယ်"

"ယူပါ အစည်းအဝေး ဘာညာရှိတဲ့ရက်ကျ ကျောင်းမှာမင်း တစ်ယောက်တည်း အကြာကြီး စောင့်နေရတယ် မဟုတ်လား"

"ရတယ် စောင့်နိုင်တယ် တီချယ်ပြန်လာမယ့် ဘယ်ခရီးမှာမဆို ကျွန်နော် စောင့်နိုင်တယ်"

"သိပ်ပလီတာပဲ"

"တီချယ့်ကိုမို့ပါ"

"ကဲပါ စားစရာရှိတာ စားတော့ နေကောင်းသွားပြီဆိုလည်း မင်းတီလေးဆီ သွားလိုက်ဦး တော်ကြာ ငါ့ကို အမုန်းမေတ္တာတွေ ပို့နေမယ်"

"တီချယ်ပါ လိုက်ခဲ့လေ "

"နှစ်ယောက်လုံးအိမ်ထဲမဝင်ရဘဲနေမယ်"

"ရပါတယ် တီလေးက ကျွန်တော့်ကို ချစ်ပြီးသားဆိုတော့ ကျွန်တော် ချစ်တဲ့သူကိုလည်း လိုက်ချစ်ပေးနိုင်မှာပါ"

"အလို မင်းစကားက ဘာစကားကြီးတုန်း"

ဟားဟား.....
"စတာပါဗျာ"
ဒီလိုနဲ့ သူ့တီလေးအိမ် သွားလည်ဖြစ်ခဲ့ကြသည်။ ဟိုနေ့က ကျွန်မကိုကြည့်တဲ့ အကြည့်စိမ်းစိမ်းတွေက သူ့ကလေးလည်း နေကောင်းသွားရော ချိုသွေးနေလိုက်တာ ပုရွတ်‌ဆိတ်တက်မှာတောင်စိုးရိမ်ရတယ်..
"လာထိုင် ညီမ ဘာသောက်မလဲ"

"ရတယ်အစ်မ မသောက်တော့ဘူး သူ့ကိုလိုက်ပို့တာ"

"ဒါဆို ထမင်းစားပြီးမှ ပြန်ကျ အစ်မလက်ရာ စားသွား"

"ရပါတယ်အစ်..."
"ဟုတ် တီလေး တီလေး လက်ရာလွမ်းနေတာ"

"မင်းကို တို့ချက်ကျွေးပါတယ်နော်"

"ဟုတ်ပါတယ် ဒါပေမယ့် တီလေး လက်ရာလေးလည်း စားချင်လို့ပါ"

"အဲ့လိုပဲ သူက အချွဲသပ်သပ်"
တီလေးချက်ပြုတ်ကျွေးသမျှ သုံးယောက်အတူ စားဖြစ်ပြီး အိမ်ပြန်ခဲ့ကြသည်။
----------

"မင်း သင်ပြီးသားစာတွေ ဘေးနားကလူကို မေးပြီး မှတ်ခဲ့နော် အိမ်ရောက်ရင် ပြန်ရှင်းပြမယ်"

"ဟုတ်ကဲ့ တီချယ်"

"သူငယ်ချင်းလေး ဘာလေးထားဖို့အစီအစဉ်မရှိဘူးလား"

"မထားချင်ဘူး အဲ့တာတော့ ပြုံးပြနေရတာ မောလို့"

"အလို အရေးရယ်အကြောင်းရယ်ဆို တိုင်ပင်‌ဖော်ရတာပေါ့ တစ်ယောက်လောက် ရှာခဲ့စမ်းပါ"

"သူငယ်ချင်းတော့ မရှာတတ်ဘူး ရှာဖြစ်ရင်တော့.."

"ဆက်ပြောလေ"

"တော်ပြီ ထားလိုက်တော့ အတန်းထဲသွားပြီနော်"

"စာသေချာလိုက်လုပ်"

"ဟုတ်ကဲ့"
တစ်လောကလုံးမှာ တစ်ယောက်တည်းလို့ ခံစားနေရတဲ့ ဘဝကို သူရှိနေခဲ့ပါကြောင်း တီချယ်က မီးမောင်းထိုးပြပေးခဲ့ပါသည်။

ဒုတိယနှစ်စာမေးပွဲဖြေပြီးတော့ ဖေဖေတို့ အိမ်မှာပဲ ပြန်လာနေကြသည်။ပြန်လာတယ်ဆိုပေမယ့် ဖေဖေကအရင်လို အလုပ်ကိစ္စနဲ့ ခရီးတွေ ခဏခဏ သွားပြီး အန်တီကတော့ ကျွန်တော်တို့ နှစ်ယောက်အတွက် အိမ်မှာနေပေးဖြစ်ခဲ့သည်။
"ကလေး...မင်း မမ ခရီးသွားမလို့ဆို မင်းရောမလိုက်သွားဘူးလား စိတ်ပြေလက်ပျောက် သွားပါ့လားကွယ်"

"မလိုက်တော့ဘူး အန်တီ တီချယ့်သူငယ်ချင်းတွေနဲ့ သွားမှာဆိုတော့ ကျွန်နော် လိုက်ရှုပ်သလိုဖြစ်နေမှာစိုးလို့ ပြီးတော့ လူများရင်လည်း မ‌နေတတ်ဘူးလေ"

"ဒါဆို အန်တီက မင်းစားချင်တာတွေ တရက်တမျိုးချက်ကျွေးရမှာပေါ့နော်"

"အန်တီ မပင်ပန်းရင်ချက်ပေးပေါ့ဗျာ"

"အန်တီအလုပ်ပဲကွယ် ချက်ကျွေးနိုင်ပါတယ် မင်းစားချင်တာ စာရင်းလုပ်ထား"

"မေမေ ကျွန်မကိုကျ စားချင်တာရှိရင် ဝယ်စားဆို
ကျွန်မနဲ့ နှစ်ယောက်တည်းနေတုန်းက မေမေက ပိုက်ဆံဘဲရှာနေခဲ့ပြီးတော့"

"အဲ့ပိုက်ဆံတွေကလည်း ညည်းအတွက်ပဲလေ အားတိုင်းတော့ အချိန်ပေးခဲ့ပါတယ်ဟယ်"

"ဟုတ်တော့ဟုတ်ပါတယ် ဒါပေမယ့်"

"တော်တော် ကလေးကိုလိုက်ပြီး တုမနေနဲ့ ညည်းခရီးမလိုက်ဘဲ ကျုပ်တို့နဲ့ မုန့်လုပ်စားလည်း ရသားပဲ"

"ရတယ် မေမေ ကျွန်မ မေမေချက်ကျွေးတာ အားလုံးစားဖူးတယ်"
ကျောင်းဆရာမတစ်ယောက်မှာ ပိတ်ရက်ရဖို့က လွယ်တာမှမဟုတ်ဘဲ ကျွန်မတော့ အကျိုးရှိရှိအသုံးချချင်တယ်လေ ဒါနဲ့ပဲ သူငယ်ချင်းတွေနဲ့ ခရီးထွက်မယ့်လမ်းကို ရွေးမိသည်။
"ဟယ်လို သမီးလေးလား"

"ဟုတ်ကဲ့အန်ကယ်လ်"

"အန်ကယ်လ် သမီး account ထဲ မုန့်ဖိုးလွှဲထားတယ်နော် ခရီးထွက်မလို့ဆို အန်ကယ်လ် ဘာစီစဉ်ပေးရဦးမလဲ"

"ရပါတယ်အန်ကယ်လ် တကယ်ဆို မုန့်ဖိုးပေးစရာတောင်မလိုပါဘူး ကျေးဇူးတင်ပါတယ်အန်ကယ်လ်"

"ရပါတယ်ကွယ် ဒါဆို ဂရုစိုက်သွားနော်"

"ဟုတ်ကဲ့အန်ကယ်လ်"
မေမေနဲ့ အန်ကယ်လ် ကအချစ်ဦးဖြစ်ခဲ့ကြတာတဲ့လေ ဝေးပြီးတဲ့နောက် ပြန်ဆုံကြတဲ့ ချစ်သူနှစ်ဦးကို ကျွန်မ မတားရက်တာနဲ့ မေမေနောက်အိမ်ထောင် ပြုတာကိုလက်ခံပေးဖြစ်ခဲ့တာပါ။ ဖေဖေဆုံးသွားကတည်းက မေမေက ကျွန်မအတွက် လိုလေသေးမရှိ ဖြည့်စည်းပေးခဲ့တာဆိုတော့ မေမေ့ ပျော်ရွှင်ဖွယ်ရပ်ဝန်းအသစ်မှာ ကျွန်မ အလိုက်အလျားသင့်နေပေးခဲ့ပါသည်။ အန်ကယ်လ်ကလည်း သူ့သမီးနဲ့တန်းတူ ကျွန်မကို ချစ်ခင်ပေးပါသည်။
--------
"တို့ခေါ်တယ်နော် မင်းမလိုက်တာ"

"ဟုတ်ပါတယ် ကျွန်တော်မလိုက်တာပါ လူများရင်မနေတတ်ဘူးလေ သူငယ်ချင်းတွေနဲ့ အေးဆေးပျော်ခဲ့"

"အင်း ပျော်ဖို့ သွားတာပဲ ပျော်ခဲ့မှာပေါ့"

"ကျွန်တော်တော့ လွမ်းနေရတော့မှာပဲ"

"ရိုက်ခံရတာကိုလည်း"

"အန်တီရှိတယ်လေ ထိရဲလို့လား"

"မင်း! မှတ်ထားတယ်နော် နောက်မှအတိုးနဲ့"

~ဟားဟား
"စတာ စတာ သွားတော့ နောက်ကျနေပြီ"

"အင်း bye bye"
နှုတ်မဆက်ချင်ဘူး တီချယ် ဘယ်လိုအ‌ခြေအနေမျိုးနဲ့မှ တီချယ့်ကို နှုတ်မဆက်ချင်ဘူး လက်ပြန်မပြဖြစ်တာ ခွင့်လွတ်ပါ။
အခုလို အဝေးပြေးလမ်းပေါ်က လေနုအေးတွေနဲ့ ထိတွေ့ခွင့်မရတာ ကြာတော့ တော်တော်လေး သဘောခွေ့နေမိသည်။ သူငယ်ချင်းတွေ အိပ်မောကျနေပေမယ့် ကျွန်မကတော့ လမ်းတစ်ဖက်စီမှာ ကျန်ရစ်ခဲ့တဲ့ သစ်ပင်လေးတွေကို ငေးမောနေမိသည်။

"ကလေး...အန်တီချက်ထားတာတွေ မကြိုက်လို့လားကွဲ့"

"မဟုတ်ပါဘူး အန်တီ ကျွန်တော် ခံတွင်းပျက်နေလို့ပါ အန်တီလက်ရာက တီချယ့်လက်ရာထက်ပိုကောင်းပါတယ်"

"အန်တီသမီးက မင်းကိုမို့ ထမင်းဟင်း ချက်ကျွေးဖူးတာ အရင်ကဆို အန်တီ မချက်ရင် အဲ့နေ့က ဝယ်စားရတဲ့နေ့ပဲ"

"ဒါဆို ကျွန်တော်ကံကောင်းတာပေါ့နော်"

"ဒါပေါ့ သိပ်နေမကောင်းချင်ရင် ထမင်းမစားနဲ့တော့လေ အန်တီ စွပ်ပြုတ်ဖြစ်ဖြစ်ပြုတ်ပေးမယ်"

"ရတယ် အန်တီ နေပါစေ ဗိုက်ပြည့်နေလို့ပါ"
"သွားနားတော့မယ်နော်"

"ဟုတ်ကဲ့ပါရှင်"
ခွဲရတာမှ အချိန်ပိုင်းပဲ ရှိသေးတာကို လွမ်းနေမိတယ်။
မဖြစ်နိုင်တဲ့ ကြိုးတွေကို ဆက်မိတဲ့အခါ ဘယ်လို ကံတရားမျိုးနဲ့ဆို ရေရှည်လက်တွဲထားလို့ရနိုင်မလဲဟင်.....
တီချယ်ဆိုတဲ့ ပန်းလေးတစ်ပွင့်ကို ကျွန်တော်မြတ်နိုးမိသွားသည်။ကိုယ့်ကို အရက်စက်ဆုံးနည်းနဲ့ ဆုံးမခဲ့တဲ့ လူကိုမှ ဘယ်လိုချစ်မိသွားရတာလဲ ကိုယ်တိုင်လည်း မသိတော့ပါ။
----------
ပျော်ဖို့ စိတ်ကြည်လင်ဖို့ ဒီခရီးကို လိုက်လာပြီးကာမှ အရာရာပြည့်စုံနေရက်နဲ့ စိတ်အလိုမကျမှုတွေသာဖြစ်နေခဲ့သည်။
"ငါတို့ ပြည်ချစ်ဘုရား အရင်သွားကြမယ်နော် ပြီးမှ December Garden ဝင်ကြမယ်"

"အိုကေ"
"Let's go"
ယေ့"
သူငယ်ချင်းတွေ တစ်ယောက်တစ်ပေါက် အော်ဟစ်ပျော်ပါးနေကြသည်။
"သွန်း...နေမကောင်းဘူးလားဟင်"

"ကောင်းပါတယ် ကျော်သွင်"

"မျက်နှာညိုးနေသလားလို့လေ"

"ထင်လို့ပါ"

"ဟဲ့ ရတီ နင်တို့ပြန်တွဲကြပါလားဟင် အရမ်းလိုက်တယ်နင်တို့ နှစ်ယောက်"
သူငယ်ချင်းမက နားနားကပ်ပြောနေသည်။
"ငြိမ်း! ငါပြီးခဲ့တဲ့ ဇာတ်လမ်းကို အတိတ်မှာပဲ ထားခဲ့တာကြာပါပြီ အဲ့အကြောင်းထပ်မပြောပါနဲ့တော့"

"စတာပါဟ နင်မကြိုက်ရင်လည်း မပြောတော့ပါဘူး အဲ့မျက်နှာကြီးတော့ ဆူပုတ်မနေပါနဲ့ဟယ်"
သူငယ်ချင်းတွေ တော်တော်များများက ရတီလို့ ခေါ်ကြပေမယ့် သူကတော့ အခုထိ သွန်း လို့ပဲ ခေါ်နေတတ်သေးသည်။ ကျွန်မကတော့ လမ်းခွဲပြီးနောက် ကို ဆိုတဲ့ နာမ်စားကနေ ကျော်သွင် ဆိုတဲ့ သူ့နာမည် အတိအကျကို ပြန်ခေါ်ဖြစ်ခဲ့သည်။
ဒီဇင်ဘာခြံရောက်တော့ ဟိုအရက်သမားလေးကို သတိရမိတာနဲ့ သု့အတွက် စပျစ်ဝိုင်လေး တစ်လုံးဝယ်လာဖြစ်သည်။
"ငါတို့မနက်ဖြန် နောင်ချိုဘက် ခရီးဆက်ကြမယ်နော်"

"ဒါပေါ့ ဒါပေါ့ ဒီက သဘာဝလေ အေးအေးလေးကို ငါတို့ မြို့ကိုပါဆယ် သယ်သွားလို့ရရင် ကောင်းမှာနော်"

"မိငြိမ်း နင်အရမ်းစိတ်ကူးယဉ်မနေစမ်းနဲ့"

"သွယ်ရယ် ဒါစိတ်ကူးယဉ်တယ်မခေါ်ဘူး မျှော်လင့်တယ်ခေါ်တာ အခုထိ ဗမာစကားကို သေချာမပြောတတ်ဘူး"

"ဟဲ့ ငါ ဗမာစစ်စစ်ဟဲ့"

"တော်ကြပါတော့ နင်တို့နှစ်ယောက်ကလည်း ငါအိပ်ချင်ပြီ အခန်းပြန်တော့မယ်"

"ဒါဆို နက်ဖြန်မှတွေ့ကြမယ် ငါတို့ လူစုခွဲရအောင်"
လူစုခွဲပြီး ကိုယ့်အခန်းကို ပြန်ဖြစ်ကြသည်။
သွန်းတို့ မိန်းကလေး ၃ယောက်ကတော့ တခန်းထဲမှာဘဲ တူတူတည်းဖြစ်ကြပေမယ့် သွန်းက တစ်ယောက်အိပ် ကုတင်မှာနေပြီး ဟို ကြောင်နဲ့ကြွက်ကတော့ နှစ်ယောက်အိပ် ကုတင်မှာ နေဖြစ်ကြသည်။

ညဘက်ရောက်တော့ တီချယ့်ကို ဖုန်းခေါ်ဖို့ ကြိုးစားမိသေးသည်။ သူငယ်ချင်းတွေနဲ့ ပျော်နေချိန် ဘာပြောစရာရှိလည်း မေးရင် ကိုယ့်မှာ ဖြေစရာစကားလုံးရှိ‌မနေခဲ့သည့် အတွက် contact ထဲက တီချယ့် ဓာတ်ပုံလေးသာအလွမ်းပြေ ထုတ်ကြည့်မိသည်။မိသွားမှာ ကြောက်လို့ ပုံလေးတောင် ခိုးမရိုက်ခဲ့မိတာကို ပထမဆုံးအကြိမ် နောင်တရပါသည်။
"ဖြိုးလေး...နက်ဖြန် တီလေးအိမ်လာခဲ့ပါဦး"

"ဟုတ် လာခဲ့မယ်လေ တီလေး ဘာကျွေးမှာလဲ"

"စားချင်တာ ရစေရမယ်"

"ကြိုက်ပြီလေ အဲ့အပြောတွေကို"

"😂😂😂"

Messenger ထဲက တီချယ့် account မီးစိမ်းစိမ်းလေးကို ထိုင်ကြည့်ရင်း တီလေး စာကို reply ပြန်ပေးနေသည်။ ခဏမကြည့်လိုက်တဲ့ကာလမှာ တီချယ် လိုင်းပေါ်က ဆင်းသွားတာနဲ့ ကျွန်တော်လည်း မျက်စိတွေအတင်းဇွတ်မှိတ်ပြီး အိပ်စက်လိုက်ရတော့သည်။
----------
နောင်ချိုခရီးစဉ်က ဘယ်လိုအရသာလည်း ကျွန်မ သတိမထားမိခဲ့ပါ။သူငယ်ချင်းတွေ ဦးဆောင်ရာနောက် လိုက်လာပြီး သူတို့ပျော်တဲ့နေရာ ကျွန်မအထိုက်သင့်ပါလာခဲ့သည်။
"ရတီ နင့်ရုပ်ကြီးကလည်း ဘယ်ပုံထဲမှာမှ ပြုံးနေတယ်လို့မရှိဘူးရော်"

"ဟဲ့ ဘယ်လိုနေနေ ငါက ချောပြီးသားပဲလေ"

"ချောပါတယ် ဒါပေမယ့် နင့်ဟာက အပျော်ခရီးလိုက်လာတာနဲ့မတူဘဲ ပြန်ပေးဆွဲလို့ ပါလာရသလိုပဲ ဟုတ်တယ်မလားငြိမ်း"

"ငါပြောချင်တာလည်း အဲ့လိုပဲ ဒီတစ်ခါတော့ သွယ်မှန်တယ်"

"နင်တို့နှစ်ယောက်က သူများကို ဖဲ့ဖို့ဆို တည့်တယ်နော်"

"ဒါပေါ့ သူက ငါ့အချစ်နဲ့ ငါနဲ့က peace ဟုတ်တယ်မလား သွယ်"

"🫰"
ဖြစ်ပျက်နေလိုက်ကြတာ ကြောင်နဲ့ကြွက်လို အမြဲသတ်နေကြတဲ့ နှစ်ယောက်က အပြန်ခရီးကျမှ ဇွတ်ချစ်ပြနေတာ အမြင်ကပ်စရာကောင်းလှပါသည်။
--------
"ငါ နင်တို့နှစ်ယောက်ကို အရင်လိုက်ပို့ပြီးမှ သွန်းကို ပို့လိုက်မယ်နော်"

"အေး မဟုတ်လည်း သူတို့အိမ်က အရင်ရောက်တာမလား"

"ဟုတ်တယ်"

"အဆင်ပြေသလို လုပ်လေ"

"Ok"
အိမ်ပြန်ရောက်တော့မယ်ဆိုတဲ့အသိက စိတ်ကိုရွှင်လန်းနေသည်။ကျွန်မကို တစ်ယောက်တစ်ယောက်များ မျှော်နေမလားဆိုတဲ့ အတွေးက အိမ်နားလေးရောက်ခါနီးလေ ပိုရင်ခုန်လေဖြစ်ရသည်။
"ငါတို့ သွားပြီနော် ရတီ ပုံတင်ရင် tag တွဲလိုက်မယ်"

"Ok bye bye နောက်အားရက်မှ ဆုံကြတာပေါ့"

"ရတီရေ...ပြန်ပြီနော်"

"ဟုတ်ပြီ"
ကြောင်နဲ့ကြွက် ကားပေါ်က ဆင်းသွားတော့ ကျော်သွင်နဲ့ ကျွန်မ နှစ်ယောက်တည်း အိမ်ကို ခရီးနှင်လာခဲ့သည်။
"အိမ်ထဲဝင်ထိုင်ဦးလေ"
အားနာနာနဲ့မေးလိုက်ရသည်ကို သကောင့်သားက ပြုံးဖြီးပြီး အိမ်ထဲလိုက်လာသည်။
"အန်တီ နေကောင်းတယ်နော်"

"ဟောတော့ မောင်သွင် ဟုတ်ရဲ့"

"ဟုတ်ပါတယ် အန်တီ"

"အမလေး ဘယ်ချိန်ကြည့်ကြည့် ခန့်ချောနေတာပဲကွယ် သားက"

"ဟာ... ကျွန်တော် လက်ဗလာနဲ့လာမိတာ မှားပြီထင်တယ်"

"အို မဟုတ်တာ ဘာသောက်မလဲ အန်တီတိုက်ပါမယ်ကွယ်"

"ရတယ်အန်တီ အခုမှ ပြန်ရောက်တာဆိုတော့ မေမေတို့လည်း မျှော်နေပါမို့ ပြန်လိုက်ပါဦးမယ်"

"အေးကွယ် ဖြေးဖြေးနော်"
"ကျော်သွင် ကျေးဇူးပဲနော် ဖြေးဖြေးပြန်ဦး"

"အင်း...ကို သွားပြီနော် သွန်း"
အမလေး ခေါ်တာကိုက သွန်းတဲ့ သူ့ကိုသူ သုံးတာကလည်း ကို တဲ့ဘာတွေလဲ တီချယ်။
သူငယ်ချင်းနဲ့သွားတာဆို သူကရော ဘယ်သူလဲ ဘာလို့ ယောင်္ကျားလေးသူငယ်ချင်းနဲ့ အိမ်အတူပြန်လာရတာလဲဟင်...အန်တီကလည်း ဖော်ဖော်ရွေရွေ ဆက်ဆံနေလိုက်တာ မမြင်ချင်တော့တဲ့ မြင်ကွင်းတွေမို့ တီချယ်ကိုလည်း မနှုတ်ဆက်တော့ဘဲ အခန်းတံခါးပဲ လော့ချပြီး ဝင်လာခဲ့လိုက်သည်။
"မေမေ ကလေးဘယ်သွားတာလဲ"

"ခဏကထိ မေမေ့ဘေးမှာ ရှိပါတယ် ဘယ်ပျောက်သွားပါလိမ့်"

"သူ့အခန်းမှာထင်တယ် ရတယ် သမီး သူ့ဆီသွားလိုက်မယ်"

"အေအေ"

~ဒေါက်ဒေါက်
"တံခါးဖွင့်ပေးဦးလေ"
ကျွန်တော် ပြန်မဖြေမိ အိပ်ချင်ယောင်ဆောင်ကာ စောင်ခေါင်းမူးခြုံပြီး အိပ်နေလိုက်သည်။
"အိပ်နေတာလား ဒါဆို ခဏနေမှ တွေ့တော့မယ်နော်"
မအိပ်နေမှန်းတော့ သိပါသည် ကျွန်မလည်း ခရီးပန်းလာတာမို့ ပြီးမှပဲ အေးဆေးစကားပြောကြမယ်လို့ ဆုံးဖြတ်လိုက်သည်။

ကြည့် သူ့မှာ တံခါးသော့ရှိ‌တာပဲ ပိတ်ထားရင်လည်း ဖွင့်ဝင်ခဲ့ပါလား အခုကျ စိတ်တောင် မရှည်ချင်တော့ဘူး။
"အန်တီ ကျွန်တော်ဗိုက်ဆာပြီ"

"အစောကြီး စားတော့မှာလား ကလေး"

"ဟုတ်"
အန်တီ ခူးကျွေးတဲ့ ထမင်းကို အနည်းငယ် ဝင်သလောက်စားပြီး တီချယ်အောက်ထပ် ဆင်းမလာခင် မြန်မြန် အခန်းထဲ ပြန်ဝင်နေလိုက်သည်။ပျင်းတာနဲ့ လိုင်းဖွင့်လိုက်တော့ ‌တီချယ်တို့ ခရီးသွားတဲ့ပုံတွေ သူ့သူငယ်ချင်းက တင်ထားတာတွေ့လိုက်သည်။အဲ့ပုံတွေထဲမှာလည်း ဟိုအစ်ကိုကြီးက ပါနေပြန်သည်။ တော်ပြီကွာ မကြည့်တော့ဘူးဆိုပြီး ဆေးလိပ်ဗူးယူကာ ဝရံတာထွက်ထိုင်လိုက်သည်။

ကျွန်မ ခဏနားပြီး ပြန်ထွက်လာတဲ့ အချိန်ထိ အဲ့ကလေးက အခန်းထဲမှာပဲ ရှိနေတယ်ဆိုတော့ ကျွန်ကို ရှောင်နေတာ သေချာနေပြီမို့ သူ့အခန်း သော့ယူကာ ဖွင့်ဝင်လိုက်သည်။ ဟော..အခန်းထဲမှာ မရှိဘူးလား အရိပ်တွေ့တာနဲ့ လိုက်ကာလေး လှပ်ကြည့်တော့ ဝရံတာမှာ ငေးနေသည်တဲ့လေ....
"မင်း နေမကောင်းဘူးလား"

"ကောင်းပါတယ်...တီချယ်တောင်ပြန်ရောက်ပြီပဲ"

"ပိန်သွားသလိုပဲ မင်းလက်ထဲကဘာလဲ"

"ဟမ်...ဟို...အဲ့တာက..."

"ဆေးလိပ်သောက်နေပြန်တာလား"

"မဟုတ်ပါဘူး ဒီတိုင်း ကိုင်ထားမိတာပါ"

"ပေး ငါပစ်လိုက်မယ်"
"ရော့ ဒါကမင်းအတွက် ဝယ်လာပေးတာ"

"ဟုတ် ကျေးဇူးပါ"
ဘာလို့ မင်းမျက်ဝန်းတွေမှာ ပျော်ရွှင်မှုကို ဖမ်းလို့မရတော့တာလဲ...
တို့ထင်တာ မင်းတို့ကို မျှော်နေမယ်လို့တောင် ထင်နေတာ အခုတော့ မင်းရဲ့အေးစက်စက် တုံ့ပြန်မှုတွေပဲ လက်ခံရတယ် ဘာတွေ လွဲသွားခဲ့တာလဲကွယ်။
-----------
"သမီးနဲ့ ကလေး ရန်ဖြစ်ထားကြတာလား"

"မဟုတ်ပါဘူးမေမေရဲ့ သမီးအရွယ်က ကလေးတစ်ယောက်နဲ့ ဖက်ပြီးရန်ဖြစ်ရမယ့်အရွယ်မှ မဟုတ်တာ"

"ကလေးက အရင်လို သမီးနားလည်း မကပ်တော့သလိုပဲ"

"ဒါတော့ သမီးလည်း နားမလည်ဘူးမေမေ ခရီးကပြန်လာကတည်းက သမီးနဲ့ ဆုံမှာစိုးလို့ ရှောင်နေတာသူက"

"သမီးနဲ့ ပြသနာမဖြစ်ဘူးဆို ပြီးတာပါပဲ အကိုလည်း ပြန်လာတော့မယ်ပြော‌တယ် "

"ကောင်းပါတယ်မေမေ"
အိမ်ပေါ်က ဆင်းလာတော့ တီချယ်နဲ့ အန်တီ အတူထိုင်နေကြသည်မို့ ကွက်တိဖြစ်သွားရသည်။
"အန်တီ...ကျွန်တော် တီလေးအိမ် ခဏသွားနေမလို့"

"သွားလို့ရပါတယ်ကွယ် ဒါပေမယ့် မင်းနေကောင်းရဲ့လား"

"ကောင်းပါတယ်အန်တီ"
ကျွန်မကိုကျ ရှိတယ်လို့တောင် မသတ်မှတ်ဘဲ မေမေ့ကိုသာ နှုတ်ဆက်နေသည်မို့ မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
"မင်း ဘယ်နှရက် ကြာမှာလဲ"

"ကျောင်းမဖွင့်ခင် ပြန်လာပါ့မယ်"

"ကောင်းပြီလေ... မင်းစိတ်ကြည်သွားတဲ့နေ့ ပြန်လာခဲ့ပါ"
တီချယ့်ကို နှုတ်မဆက်ချင်ဘူး အဲ့တာသိရဲ့လား ဘယ်နည်းနဲ့မှ လည်းမခွဲချင်ဘူး ဒါပေမယ့် ဘဝမှာ မဖြစ်နိုင်တဲ့ အရာတွေ မဖြစ်သင့်တဲ့အရာတွေကလည်း အများသားမဟုတ်လား။
"ဖြိုးလေး...ပြောဘာဖြစ်လာတာလဲ"

"အင်း အခုတလော သိပ်နေမကောင်းချင်သလိုလို စိတ်မကြည်တာလိုလို ဖြစ်နေလို့"

"မင်းမွေးနေ့ နီးလို့ အဲ့လိုဖြစ်တာနေမှာပါ"

"မေမေမရှိတော့ကတည်းက မွေးနေ့ဆိုတာကို အလေးမထားခဲ့တာပါ တီလေးရယ်"

"တို့သိတယ်လေ အဲ့တာကြောင့်ပြောတာပေါ့ လောကမှာ လိုအပ်တဲ့အရာတွေ ‌ဆုံးရှုံးတတ်သလို မလိုအပ်တဲ့အရာတွေလည်း ရနေတတ်တယ် ဒါကို ငါအလှည့်ကျမှ ဖြစ်ရလေခြင်းဆိုပြီး ပူဆွေးမနေစေချင်တာပါကွယ်"

"အင်းပါ တီလေးရာ"
တီလေးအိမ်မှာ တပတ်လောက် နေဖြစ်တော့ တီလေးရဲ့ ဆုံးမစကားတွေကြောင့် စိတ်သက်သာရာရခဲ့သည်။
မင်းမရှိတဲ့ ဒီအိမ်ကြီးမှာ မပြည့်စုံခြင်းတွေဘဲ လွှမ်းမိုးနေတယ်ဆိုတာ မင်းမသိဘူးလား ကလေးငယ်.....
----------
"သမီး... ကျောင်းမှာ အခုတလော ပင်ပန်းလို့လား"

"မဟုတ်ပါဘူးမေမေ ကလေးကိုလည်း ကျောင်းအပ်ပြီးပါပြီ"

"အင်းပါ သူလည်း ပြန်လာတော့မှာပါ"

"ထင်တာပဲ မေမေရယ် အန်ကယ်လ် ညနေရောက်မှာဟုတ်လား"

"အင်း ဟုတ်တယ် မေမေဟင်းချက်လိုက်ဦးမယ်"

"ကူပေးရမလား မေမေ"

"မလိုပါဘူးကွယ် ကိုယ့်ဘာသာ နားနားနေနေ နေပါ"

"ဟုတ်ကဲ့"
ဖေဖေပြန်ရောက်နေပြီဆိုပြီး ဖုန်းဆက်တော့ တီလေးနဲ့ ကျွန်တော်လည်း အိမ်ပြန်လာခဲ့ကြသည်။
"မနက်ဖြန် တီလေးနဲ့ တစ်နေရာရာ သွားမလား"

"တီလေး လာခေါ်လေ လိုက်ခဲ့မယ်"

"Ok"

"ဘာတိုင်ပင်နေကြတာလဲ တူအရီးတွေ"

"အကြောင်းလေးတွေ ရှိလို့ပါ အစ်ကိုကြီး လုပ်ငန်းတွေ အဆင်ပြေတယ်မဟုတ်လား"

"ပြေပါတယ် ညီမကလည်း မကူ သမီးကလည်း ငယ်သေးတော့ မပြေပြေအောင် လုပ်ရတာပေါ့"

"အစကတည်းက အဲ့လုပ်ငန်း စိတ်မဝင်စားဘူးလို့ အပြတ်ပြောခဲ့ပြီးသားပဲ"

"အေးပါအေ...အသက်သာကြီးလာတာ မရင့်ကျက်သေးဘူး ငါ့သမီးက နင်နဲ့ဘာလို့ အကျင့်တူနေမှန်းမသိဘူး"

"တူအရီးတွေလေ တူပါစေပေါ့"

"ဖေဖေတို့ စကားပြောကြတော့ ကျွန်တော် နားချင်ပြီ အခန်းထဲသွားတော့မယ်"

"သွားပါရှင်"
ကျွန်မ လာတာနဲ့ စကားစဖြတ်ပြီး တန်းထွက်သွားသည်။မင်းစိတ်မှာ ဘာတွေဖြစ်နေသလဲကွယ် ဝင်ကြည့်လို့ရရင် မင်းစိတ်ရဲ့ ဟိုးအ‌နက်ရှိုင်းဆုံး နေရာထိ တို့ဝင်ကြည့်ချင်တယ်။
"ဆုနန္ဒာ မင်းတူမက ဘာဖြစ်လို့ ထမင်းနည်းနည်းပဲစားတာလဲ"

"ဒီချိန်ဆို သူစိတ်က ဒီလိုပဲ ဆိုတာ အစ်ကိုကြီး မေ့နေပြန်တာလား"

"မမေ့ပါဘူး ဒါပေမယ့် ပြောင်းလဲလာပြီထင်နေတာ"
"ငါတို့ မနက်ဖြန် မိသားစုလိုက် ဘုရားသွားကြမလား"

"တော်ပြီ သူရိပ်မိသွားလိမ့်မယ် အစ်ကိုတို့ လင်မယားသီးသန့်သွားလိုက် ကျွန်မ ညီမလေး သွန်းကိုခေါ်ပြီး သူနဲ့ သုံးယောက်သွားလိုက်မယ်"

"ဟိုလေ... ကြားဖြတ်ပြောတယ်လို့တော့ မထင်ပါနဲ့ မနက်ဖြန် ဘာနေ့မို့လို့လဲဟင်"

"သူ့မွေးနေ့ပါ သူမေမေ မရှိတော့ကတည်းက သူဂရုမစိုက်တော့တဲ့ သူ့‌၂၂နှစ်ပြည့်မွေးနေ့ပေါ့"

"ဪ..."
မွေးနေ့ရှင်‌တွေတော်တော်များများက မွေးနေ့နီးရင် ရင်ခုန်ပြီး ပျော်နေတတ်ကြပေမယ့် သူကတော့ စိတ်နဲ့ကိုယ်နဲ့ မကပ်သလို ဖြစ်နေသည်။
မင်းရင်ထဲက အစိုင်အခဲတွေကို တို့ခြေဖျက်ပေးချင်မိတယ် ကလေးငယ်....
"မနက်မှ အစ်မစောစောလာခေါ်မယ် ညီ‌မလည်း ပြင်ထားလိုက်နော်"

"ဟုတ်ကဲ့"

ဒီလိုညတွေရောက်ရင် မေမေ့ကို ပိုသတိရတယ်။
ဟိုး အလင်းလက်ဆုံးကြယ်လေးက မေမေများဖြစ်နေမလား ဒါမှမဟုတ် ရောဂါအနာတရတရတွေကင်းတဲ့ ဘုံဘဝအသစ်မှာ မေမေပျော်နေပြီလား။

မိဘတွေ ပေးစားလို့ယူခဲ့ကြပေမယ့် မင်းကို ကိုယ်သိပ်ချစ်ခဲ့ပါတယ်။အဲ့လိုပဲ မင်းကလည်း ကိုယ့်ကို သိပ်ချစ်ခဲ့မယ်ထင်ပါတယ်။ကံတရားရဲ့ အံစာအလှည့်မှာ မင်းထွက်သွားရတော့ ကိုယ့်မှာ မဖြေသိပ်နိုင်ဖြစ်ခဲ့ရတယ်။ဒါပေမယ့် မင်းကို ကျေးဇူးတင်ပါတယ် မင်းနဲ့တူတဲ့ သမီးလေး ကိုယ့်အတွက် ချန်ထားပေးခဲ့လို့ မင်းလည်း အိုခြင်း နာခြင်းကို မခံလိုက်ရတော့ ကံကောင်းပါတယ် သက်ထားရယ်။ ကံသောတွေ့ဆုံခြင်းတွေမှာလည်း အခုလို ခွဲရတာမျိုးအတွက် သမီးလေးကိုစောင့်ရှောက်ဖို့ အားတင်းရင်း ကိုယ်အဆင်ပြေအောင် ရပ်တည်နေပါတယ်။
ကိုယ် နောက်‌အိမ်ထောင်ပြုလိုက်တာ မင်းစိတ်ဆိုးမဆိုးဘူးမဟုတ်လား။ သမီးလေးရဲ့ လဲပြိုနေတဲ့ စိတ်ကို ကိုယ်ထူမတ်ပေးချင်လို့ သူ့အတွက် မိသားစုတစ်ခု ကိုယ်ဖန်တီးပေးမိတယ်။ ကိုယ့်မှာ အစွမ်းရှိသလောက် သမီးကို ကာကွယ်ပေးမှာမို့ မင်းအေးချမ်းရာဘုံမှာ ပျော်မွေ့နိုင်ပါစေကွာ...

ထိန်ထိန်သာနေတဲ့ လမင်းကြီးကို ငေးရင်း သားအဖနှစ်ယောက်ရဲ့ လွမ်း‌ဆွတ်ခြင်းတွေကို ကြယ်လေးတွေထံ ရင်ဖွင့်နေမိကြသည်။
------------
~ဒေါက် ဒေါက်
"မင်းတီလေး ရောက်နေပြီ"

"ဟုတ်ကဲ့ အခုလာပြီနော်"
မိုးလင်းခါနီးမှ အိပ်ပျော်သွားတော့ တီချယ်တံခါးလာခေါက်မှပဲ နိုးတော့သည်။ အခုလာပြီလို့ ပြောလိုက်ပေမယ့် ရေမချိုးရသေးတာမို့ ခပ်မြန်မြန် ရေးချိုး အဝတ်စားလဲလိုက်သည်။
"အ‌မလေး...အခုလာပြီပြောပြီး ၁နာရီလောက် ရှိတော့မယ်"

"အိပ်ရာထ နောက်ကျသွားလို့ပါ သွားကြမယ်လေ မနက်စာ အပြင်မှာပဲ စားမယ်မဟုတ်လား"

"ဒါပေါ့ ကျုပ်တို့ကို ဘယ်သူက ချက်ကျွေးလို့ အိမ်မှာစားရမှာလဲ"

"ဟင်! ဖေဖေနဲ့ အန်တီကရော"

"မေမေတို့က သွားစရာရှိလို့တဲ့ အစောကြီးထွက်သွားကြပြီ"

"ဖေဖေ အလုပ်များတော့ဒီနေ့ကို မေ့သွားပြီ ထင်ပါရဲ့"

"ကဲပါ...စဉ်းစားခန်း ဖွင့်မနေနဲ့ နေမမြင့်ခင် သွားရအောင် လာညီမလေး အစ်မတို့ သွားကြစို့"

"ဟမ်! တီချယ်ရောလား"

"မခေါ်ချင်ဘူးလား"

"အဲ့လိုမဟုတ်ပါဘူး"
ဘုရားရောက်တော့ အင်္ဂါနံထောင့်မှာ သွားပြီး ဘုရားရှိခိုးလိုက်သည်။ တီလေးနဲ့ တီချယ်ကတော့ သူတို့နေ့နံ အသီးသီး သွားပြီး ဘုရားကန်တော့နေကြသည်။
"မင်းက အခုလို ပုဆိုးနဲ့ ကျတော့လည်း သန့်သားပဲနော်"

"အဲ့လို မပြောလည်း ဒီနေ့ ကျွန်တော်က ဒကာခံမှာပါနော်"

"ပြီးမှ နောင်တရမယ်နော်"

"လုံးဝဘဲ"

"ညီမရေ... တို့တွေ ဈေးအကြီးဆုံး အစားအစာ သွားစားကြမယ်"

"ဟုတ်တယ်ဟုတ်တယ် ဒါမှ သူငိုပြီး အိမ်ပြန်‌ရအောင်လို့"
~ဟားဟား
အခုမှပဲ မင်းအပြုံးလေးတွေ ပြန်မြင်ရတော့တယ်။ ပြုံးစမ်းပါ ကလေးငယ် အားပါးတရ ရယ်လိုက်စမ်းပါ မင်းရယ်သံလွင်လွင်ကြောင့် တချို့ ကမ္ဘာမှာ ပန်းတွေပွင့်သွားနိုင်တယ်ဆိုတာ မင်းသိဖို့ကောင်းပါရဲ့။

မနက်စာ စားကြပြီး ကျွန်နော်တို့ သုံးယောက် လျှောက်လည်ဖြစ်ကြသည်။ တီချယ်က ကလေးလိုလိုနဲ့ ရိုလာကိုစတာ စီးချင်တယ် ပူဆာလို့ သုံးယောက်သားစီးပြီး အော်လိုက်ရတာ အသံတောင် ဝင်ချင်နေသည်။ အော်ဟစ်လိုက်ပြီးကာမှ စိတ်ထဲ ပေါ့သွားသလို ခံစားရ‌လို့ တီချယ့်ကို ကျေးဇူးတင်မိသည်။တနေကုန် လည်လို့အားရမှ အိမ်ပြန်ဖြစ်ကြသည်။ တီလေးကလည်း အိမ်မှာ လာအိပ်မယ်ဆိုလို့ ပြန်တာတောင် နည်းနည်း မိုးချုပ်သွားသည်။
"Happy Birthday 🎂
Happy Birthday"

"မေမေရေ...!"
"လန့်လိုက်တာ ဖေဖေရာ ‌ဖြည်းဖြည်းသက်သာအော်ပါတော့ နားကို အူသွားတာပဲ"

"အေးလေ အစ်ကိုကြီးကလည်း surprise ဆိုလည်း ကြိုပြောပေါ့ ဒါမှ သူတစ်ယောက်တည်း လန့်ရမှာ အခုတော့ ရင်တောင် တုန်တယ် သံကုန် ဟစ်နေတော့"

"ငါမှားတာပါအေ"

"ကဲပါ မောင်နှမတွေ ရန်ဖြစ်မနေနဲ့ ကလေးငယ် လုပ် ဆုတောင်းပြီးရင် ဖယောင်းတိုင် မီးမှုတ်လိုက်တော့"

~ဖူး....
ဆုလည်းမတောင်းပါလား ဒီကလေးက ဘယ်လိုသတ္တဝါလေးပါလိမ့် ကျွန်မ စိတ်ထဲကသာ ပြောလိုက်မိသည်။
ကိတ်ခွဲပြီး အိမ်ရှိလူစုံ ခွံကျွေးလိုက်သည်။
"ဖေဖေ မေ့နေပြီထင်နေတာ"

"ဖေဖေ့အသည်းနဲ့ ပတ်သတ်သမျှ ဖေဖေဘာတစ်ခုမှ မေ့သွားတယ်ဆိုတာ ရှိမှာမဟုတ်ဘူး"

"ကျေးဇူးပါ ကျွန်တော် စိတ်တွေ တဖန်ရှင်သန်လာအောင် ပျိုးထောင်ပေးကြလို့"
တီလေးကတော့ မျက်ရည်လေးအဝဲသားနဲ့ လက်ဖက်နေလေသည်။အားလုံး သန့်ရှင်းရေးလုပ်ပြီးသွားတော့ ကိုယ်စီ အခန်းပြန်ပြီး တစ်ညတာ အနားယူကြပေမယ့် ကျွန်တော်အိပ်မပျော်တာနဲ့ ဝရံတာ ထွက်ထိုင်လိုက်သည်။
"မင်းမအိပ်သေးဘူးလား"

"တီချယ်ကရော"

"အင်း မင်းနဲ့စကားပြောချင်လို့ မအိပ်သေးဘဲ စောင့်နေတာ"

"ပြောလေ ကျွန်တော်နားထောင်နေပါတယ်"

"တို့နှစ်ယောက် ဝိုင်သောက်ကြမလား"
ကျွန်တော်ပဲ ထပြီး သူသောက်လို့ရအောင် ခွက်တွေဘာတွေပြင်ပေးလိုက်သည်။
"ရော့...ဆေးလိပ် တစ်လိပ်လောက်တော့ ပေးသောက်မယ်"

"ဘာလို့လို့ မေးလို့ရမလား"

"မင်းရင်ထဲက စကားတွေနားထောင်ချင်လို့ ဝိုင်လည်းသောက်ပါ အေးဆေးပြောကြတာပေါ့"
ဝိုင်လည်း နည်းနည်းဝင်တော့ သတ္တိက ရှိလာတယ် တီချယ်ပေးတဲ့ စီးကရက်ကို မီးငြိပြီး တစ်ရှိုက်ဖွာလိုက်တယ်။
"ကျွန်တော် အခုလို ပျော်နေဖို့ ထိုက်တန်ရဲ့လား မသိဘူးနော် မေမေကတော့ နေမကောင်းဖြစ်ခဲ့ရှာတာ"

"မင်းနားလည်မှုလွဲနေပြီထင်တယ် ဘယ်မိဘမဆို သူတို့သားသမီး ပျော်နေတာပဲ မြင်ချင်ကြတာလေ အဲ့အတွက်လည်း သူတို့အစွမ်းရှိသမျှ ကြိုးစားပေးကြတာပဲမဟုတ်လား မင်းမေမေလည်း ဒီလိုမျိုး မင်းကို ဘယ်ခွဲသွားချင်ပါ့မလဲ တစ်ခါတလေ ငါတို့ကိုယ်တိုင် ရေးလို့မရတဲ့ ကံတရားတွေရှိကြတာပဲလေ"
"မင်းမေမေက မင်းကို သေချာပေါက် ပျော်နေစေချင်တာမို့ မင်းစိတ်ကို အဲ့အတွေးတွေနဲ့ မနှိက်စက်ဘဲ နေစမ်းပါကွယ်"

"တကယ်အဲ့လို ထင်လား"

"အင်း...လာ တို့မင်းကို ဝှက်ထားပေးမယ် မင်းစိတ်ကို လွှတ်ချလိုက်တော့ ငိုချင်လည်း ငိုချလိုက် အော်ရယ်ပစ်ချင်လည်း ရယ်လိုက် မနက်ဖြန်ရောက်ရင်တော့ စိတ်အသစ်နဲ့ ဖြတ်သန်းပါတော့"
ကျွန်တော် သူ့ရင်ခွင်ထဲ တိုးဝင်မိတယ် နောက်ပြီး ငိုမိလားတောင် မသိပါဘူး အဲ့အတိုင်းလေး အကြာကြီး သူ့နားမှာရှိနေမိတယ်။
ကျွန်မရင်ဘတ်နားက အင်္ကျီတွေ စိုစွတ်လာသလို ခံစားရတယ် ဒီကလေး ငိုနေတာပဲ ရပါတယ် မင်းအပြည့်အဝ ခိုလှုံခွင့်ရှိတာမို့ ငိုချင်လည်း တို့ရင်ခွင်ထဲ လာငိုပါ ဒါပြီးရင်တော့ ပြန်ရှင်သန်ပါတော့ ကလေးငယ်....

*********
Zawgyi

"မင္း ေနေကာင္းၿပီလား"

"ေကာင္းပါၿပီ တီခ်ယ္ ဒီတခါ တနလၤာ ေက်ာင္းတက္လို႔ရၿပီ"

"တစ္ခုခုဆို တို႔ကို လာေျပာစမ္းပါကြယ္ မင္းကိုယ္တိုင္ မရွင္းစမ္းနဲ႔ မင္းသူ‌မ်ားေၾကာင့္ နာက်င္ရရင္ ငါလည္းသည္းမခံႏိုင္ဘူး"

"ကြၽ‌န္ေတာ္ နားလည္ပါၿပီ ကြၽန္ေတာ့္ကိုေတာ့ ခြဲၿပီး တစ္ေယာက္တည္း သြားမေနပါနဲ႔ေနာ္"

"အင္း... အခု မင္းႀကိဳက္တဲ့ နန္းႀကီးသုပ္ ဝယ္ထားေပးတယ္ မ်က္ႏွာသစ္ၿပီး ဆင္းခဲ့"

"ဟုတ္ကဲ့"
ရတယ္ ကြၽန္ေတာ္ ဘယ္ေလာက္ နာက်င္ရပါေစ တီခ်ယ္သာအနားမွာ ရိွေနေပးဖို႔ပဲလိုတာပါ တီခ်ယ္ရယ္....
"ေရာ့ မင္း ကားေသာ့ ဆီလည္း အျဖၫ့္ျဖၫ့္ထားေပးတယ္"

"ဟင္! တကယ္လား"

"အင္း ေက်ာင္းကိုလည္း ကိုယ့္ဘာသာ သြားေတာ့"

"ဟင့္အင္း မယူေတာ့ဘူး အဲ့ကား တီခ်ယ္နဲ႔ပဲ လိုက္မယ္"

"ယူပါ အစည္းအေဝး ဘာညာရိွတဲ့ရက္က် ေက်ာင္းမွာမင္း တစ္ေယာက္တည္း အၾကာႀကီး ေစာင့္ေနရတယ္ မဟုတ္လား"

"ရတယ္ ေစာင့္ႏိုင္တယ္ တီခ်ယ္ျပန္လာမယ့္ ဘယ္ခရီးမွာမဆို ကြၽန္ေနာ္ ေစာင့္ႏိုင္တယ္"

"သိပ္ပလီတာပဲ"

"တီခ်ယ့္ကိုမို႔ပါ"

"ကဲပါ စားစရာရိွတာ စားေတာ့ ေနေကာင္းသြားၿပီဆိုလည္း မင္းတီေလးဆီ သြားလိုက္ဦး ေတာ္ၾကာ ငါ့ကို အမုန္းေမတၲာေတြ ပို႔ေနမယ္"

"တီခ်ယ္ပါ လိုက္ခဲ့ေလ "

"ႏွစ္ေယာက္လံုးအိမ္ထဲမဝင္ရဘဲေနမယ္"

"ရပါတယ္ တီေလးက ကြၽန္ေတာ့္ကို ခ်စ္ၿပီးသားဆိုေတာ့ ကြၽန္ေတာ္ ခ်စ္တဲ့သူကိုလည္း လိုက္ခ်စ္ေပးႏိုင္မွာပါ"

"အလို မင္းစကားက ဘာစကားႀကီးတုန္း"

ဟားဟား.....
"စတာပါဗ်ာ"
ဒီလိုနဲ႔ သူ႔တီေလးအိမ္ သြားလည္ျဖစ္ခဲ့ၾကသည္။ ဟိုေန့က ကြၽန္မကိုၾကၫ့္တဲ့ အၾကၫ့္စိမ္းစိမ္းေတြက သူ႔ကေလးလည္း ေနေကာင္းသြားေရာ ခ်ိဳေသြးေနလိုက္တာ ပုရြတ္‌ဆိတ္တက္မွာေတာင္စိုးရိမ္ရတယ္..
"လာထိုင္ ညီမ ဘာေသာက္မလဲ"

"ရတယ္အစ္မ မေသာက္ေတာ့ဘူး သူ႔ကိုလိုက္ပို႔တာ"

"ဒါဆို ထမင္းစားၿပီးမွ ျပန္က် အစ္မလက္ရာ စားသြား"

"ရပါတယ္အစ္..."
"ဟုတ္ တီေလး တီေလး လက္ရာလြမ္းေနတာ"

"မင္းကို တို႔ခ်က္ေကြၽးပါတယ္ေနာ္"

"ဟုတ္ပါတယ္ ဒါေပမယ့္ တီေလး လက္ရာေလးလည္း စားခ်င္လို႔ပါ"

"အဲ့လိုပဲ သူက အခြၽဲသပ္သပ္"
တီေလးခ်က္ျပဳတ္ေကြၽးသမ်ွ သံုးေယာက္အတူ စားျဖစ္ၿပီး အိမ္ျပန္ခဲ့ၾကသည္။
----------

"မင္း သင္ၿပီးသားစာေတြ ေဘးနားကလူကို ေမးၿပီး မွတ္ခဲ့ေနာ္ အိမ္ေရာက္ရင္ ျပန္ရွင္းျပမယ္"

"ဟုတ္ကဲ့ တီခ်ယ္"

"သူငယ္ခ်င္းေလး ဘာေလးထားဖို႔အစီအစဉ္မရိွဘူးလား"

"မထားခ်င္ဘူး အဲ့တာေတာ့ ၿပံဳးျပေနရတာ ေမာလို႔"

"အလို အေရးရယ္အေၾကာင္းရယ္ဆို တိုင္ပင္‌ေဖာ္ရတာေပါ့ တစ္ေယာက္ေလာက္ ရွာခဲ့စမ္းပါ"

"သူငယ္ခ်င္းေတာ့ မရွာတတ္ဘူး ရွာျဖစ္ရင္ေတာ့.."

"ဆက္ေျပာေလ"

"ေတာ္ၿပီ ထားလိုက္ေတာ့ အတန္းထဲသြားၿပီေနာ္"

"စာေသခ်ာလိုက္လုပ္"

"ဟုတ္ကဲ့"
တစ္ေလာကလံုးမွာ တစ္ေယာက္တည္းလို႔ ခံစားေနရတဲ့ ဘဝကို သူရိွေနခဲ့ပါေၾကာင္း တီခ်ယ္က မီးေမာင္းထိုးျပေပးခဲ့ပါသည္။

ဒုတိယႏွစ္စာေမးပြဲေျဖၿပီးေတာ့ ေဖေဖတို႔ အိမ္မွာပဲ ျပန္လာေနၾကသည္။ျပန္လာတယ္ဆိုေပမယ့္ ေဖေဖကအရင္လို အလုပ္ကိစၥနဲ႔ ခရီးေတြ ခဏခဏ သြားၿပီး အန္တီကေတာ့ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္အတြက္ အိမ္မွာေနေပးျဖစ္ခဲ့သည္။
"ကေလး...မင္း မမ ခရီးသြားမလို႔ဆို မင္းေရာမလိုက္သြားဘူးလား စိတ္ေျပလက္ေပ်ာက္ သြားပါ့လားကြယ္"

"မလိုက္ေတာ့ဘူး အန္တီ တီခ်ယ့္သူငယ္ခ်င္းေတြနဲ႔ သြားမွာဆိုေတာ့ ကြၽန္ေနာ္ လိုက္ရႈပ္သလိုျဖစ္ေနမွာစိုးလို႔ ၿပီးေတာ့ လူမ်ားရင္လည္း မ‌ေနတတ္ဘူးေလ"

"ဒါဆို အန္တီက မင္းစားခ်င္တာေတြ တရက္တမ်ိဳးခ်က္ေကြၽးရမွာေပါ့ေနာ္"

"အန္တီ မပင္ပန္းရင္ခ်က္ေပးေပါ့ဗ်ာ"

"အန္တီအလုပ္ပဲကြယ္ ခ်က္ေကြၽးႏိုင္ပါတယ္ မင္းစားခ်င္တာ စာရင္းလုပ္ထား"

"ေမေမ ကြၽန္မကိုက် စားခ်င္တာရိွရင္ ဝယ္စားဆို
ကြၽန္မနဲ႔ ႏွစ္ေယာက္တည္းေနတုန္းက ေမေမက ပိုက္ဆံဘဲရွာေနခဲ့ၿပီးေတာ့"

"အဲ့ပိုက္ဆံေတြကလည္း ညည္းအတြက္ပဲေလ အားတိုင္းေတာ့ အခ်ိန္ေပးခဲ့ပါတယ္ဟယ္"

"ဟုတ္ေတာ့ဟုတ္ပါတယ္ ဒါေပမယ့္"

"ေတာ္ေတာ္ ကေလးကိုလိုက္ၿပီး တုမေနနဲ႔ ညည္းခရီးမလိုက္ဘဲ က်ဳပ္တို႔နဲ႔ မုန႔္လုပ္စားလည္း ရသားပဲ"

"ရတယ္ ေမေမ ကြၽန္မ ေမေမခ်က္ေကြၽးတာ အားလံုးစားဖူးတယ္"
ေက်ာင္းဆရာမတစ္ေယာက္မွာ ပိတ္ရက္ရဖို႔က လြယ္တာမွမဟုတ္ဘဲ ကြၽန္မေတာ့ အက်ိဳးရိွရိွအသံုးခ်ခ်င္တယ္ေလ ဒါနဲ႔ပဲ သူငယ္ခ်င္းေတြနဲ႔ ခရီးထြက္မယ့္လမ္းကို ေရြးမိသည္။
"ဟယ္လို သမီးေလးလား"

"ဟုတ္ကဲ့အန္ကယ္လ္"

"အန္ကယ္လ္ သမီး account ထဲ မုန႔္ဖိုးလႊဲထားတယ္ေနာ္ ခရီးထြက္မလို႔ဆို အန္ကယ္လ္ ဘာစီစဉ္ေပးရဦးမလဲ"

"ရပါတယ္အန္ကယ္လ္ တကယ္ဆို မုန႔္ဖိုးေပးစရာေတာင္မလိုပါဘူး ေက်းဇူးတင္ပါတယ္အန္ကယ္လ္"

"ရပါတယ္ကြယ္ ဒါဆို ဂရုစိုက္သြားေနာ္"

"ဟုတ္ကဲ့အန္ကယ္လ္"
ေမေမနဲ႔ အန္ကယ္လ္ ကအခ်စ္ဦးျဖစ္ခဲ့ၾကတာတဲ့ေလ ေဝးၿပီးတဲ့ေနာက္ ျပန္ဆံုၾကတဲ့ ခ်စ္သူႏွစ္ဦးကို ကြၽန္မ မတားရက္တာနဲ႔ ေမေမေနာက္အိမ္ေထာင္ ျပဳတာကိုလက္ခံေပးျဖစ္ခဲ့တာပါ။ ေဖေဖဆံုးသြားကတည္းက ေမေမက ကြၽန္မအတြက္ လိုေလေသးမရိွ ျဖၫ့္စည္းေပးခဲ့တာဆိုေတာ့ ေမေမ့ ေပ်ာ္ရႊင္ဖြယ္ရပ္ဝန္းအသစ္မွာ ကြၽန္မ အလိုက္အလ်ားသင့္ေနေပးခဲ့ပါသည္။ အန္ကယ္လ္ကလည္း သူ႔သမီးနဲ႔တန္းတူ ကြၽန္မကို ခ်စ္ခင္ေပးပါသည္။
--------
"တို႔ေခၚတယ္ေနာ္ မင္းမလိုက္တာ"

"ဟုတ္ပါတယ္ ကြၽန္ေတာ္မလိုက္တာပါ လူမ်ားရင္မေနတတ္ဘူးေလ သူငယ္ခ်င္းေတြနဲ႔ ေအးေဆးေပ်ာ္ခဲ့"

"အင္း ေပ်ာ္ဖို႔ သြားတာပဲ ေပ်ာ္ခဲ့မွာေပါ့"

"ကြၽန္ေတာ္ေတာ့ လြမ္းေနရေတာ့မွာပဲ"

"ရိုက္ခံရတာကိုလည္း"

"အန္တီရိွတယ္ေလ ထိရဲလို႔လား"

"မင္း! မွတ္ထားတယ္ေနာ္ ေနာက္မွအတိုးနဲ႔"

~ဟားဟား
"စတာ စတာ သြားေတာ့ ေနာက္က်ေနၿပီ"

"အင္း bye bye"
ႏႈတ္မဆက္ခ်င္ဘူး တီခ်ယ္ ဘယ္လိုအ‌ေျခအေနမ်ိဳးနဲ႔မွ တီခ်ယ့္ကို ႏႈတ္မဆက္ခ်င္ဘူး လက္ျပန္မျပျဖစ္တာ ခြင့္လြတ္ပါ။
အခုလို အေဝးေျပးလမ္းေပၚက ေလႏုေအးေတြနဲ႔ ထိေတြ့ခြင့္မရတာ ၾကာေတာ့ ေတာ္ေတာ္ေလး သေဘာေခြ့ေနမိသည္။ သူငယ္ခ်င္းေတြ အိပ္ေမာက်ေနေပမယ့္ ကြၽန္မကေတာ့ လမ္းတစ္ဖက္စီမွာ က်န္ရစ္ခဲ့တဲ့ သစ္ပင္ေလးေတြကို ေငးေမာေနမိသည္။

"ကေလး...အန္တီခ်က္ထားတာေတြ မႀကိဳက္လို႔လားကြဲ႔"

"မဟုတ္ပါဘူး အန္တီ ကြၽန္ေတာ္ ခံတြင္းပ်က္ေနလို႔ပါ အန္တီလက္ရာက တီခ်ယ့္လက္ရာထက္ပိုေကာင္းပါတယ္"

"အန္တီသမီးက မင္းကိုမို႔ ထမင္းဟင္း ခ်က္ေကြၽးဖူးတာ အရင္ကဆို အန္တီ မခ်က္ရင္ အဲ့ေန့က ဝယ္စားရတဲ့ေန့ပဲ"

"ဒါဆို ကြၽန္ေတာ္ကံေကာင္းတာေပါ့ေနာ္"

"ဒါေပါ့ သိပ္ေနမေကာင္းခ်င္ရင္ ထမင္းမစားနဲ႔ေတာ့ေလ အန္တီ စြပ္ျပဳတ္ျဖစ္ျဖစ္ျပဳတ္ေပးမယ္"

"ရတယ္ အန္တီ ေနပါေစ ဗိုက္ျပၫ့္ေနလို႔ပါ"
"သြားနားေတာ့မယ္ေနာ္"

"ဟုတ္ကဲ့ပါရွင္"
ခြဲရတာမွ အခ်ိန္ပိုင္းပဲ ရိွေသးတာကို လြမ္းေနမိတယ္။
မျဖစ္ႏိုင္တဲ့ ႀကိဳးေတြကို ဆက္မိတဲ့အခါ ဘယ္လို ကံတရားမ်ိဳးနဲ႔ဆို ေရရွည္လက္တြဲထားလို႔ရႏိုင္မလဲဟင္.....
တီခ်ယ္ဆိုတဲ့ ပန္းေလးတစ္ပြင့္ကို ကြၽန္ေတာ္ျမတ္ႏိုးမိသြားသည္။ကိုယ့္ကို အရက္စက္ဆံုးနည္းနဲ႔ ဆံုးမခဲ့တဲ့ လူကိုမွ ဘယ္လိုခ်စ္မိသြားရတာလဲ ကိုယ္တိုင္လည္း မသိေတာ့ပါ။
----------
ေပ်ာ္ဖို႔ စိတ္ၾကည္လင္ဖို႔ ဒီခရီးကို လိုက္လာၿပီးကာမွ အရာရာျပၫ့္စံုေနရက္နဲ႔ စိတ္အလိုမက်မႈေတြသာျဖစ္ေနခဲ့သည္။
"ငါတို႔ ျပည္ခ်စ္ဘုရား အရင္သြားၾကမယ္ေနာ္ ၿပီးမွ December Garden ဝင္ၾကမယ္"

"အိုေက"
"Let's go"
ေယ့"
သူငယ္ခ်င္းေတြ တစ္ေယာက္တစ္ေပါက္ ေအာ္ဟစ္ေပ်ာ္ပါးေနၾကသည္။
"သြန္း...ေနမေကာင္းဘူးလားဟင္"

"ေကာင္းပါတယ္ ေက်ာ္သြင္"

"မ်က္ႏွာညိုးေနသလားလို႔ေလ"

"ထင္လို႔ပါ"

"ဟဲ့ ရတီ နင္တို႔ျပန္တြဲၾကပါလားဟင္ အရမ္းလိုက္တယ္နင္တို႔ ႏွစ္ေယာက္"
သူငယ္ခ်င္းမက နားနားကပ္ေျပာေနသည္။
"ၿငိမ္း! ငါၿပီးခဲ့တဲ့ ဇာတ္လမ္းကို အတိတ္မွာပဲ ထားခဲ့တာၾကာပါၿပီ အဲ့အေၾကာင္းထပ္မေျပာပါနဲ႔ေတာ့"

"စတာပါဟ နင္မႀကိဳက္ရင္လည္း မေျပာေတာ့ပါဘူး အဲ့မ်က္ႏွာႀကီးေတာ့ ဆူပုတ္မေနပါနဲ႔ဟယ္"
သူငယ္ခ်င္းေတြ ေတာ္ေတာ္မ်ားမ်ားက ရတီလို႔ ေခၚၾကေပမယ့္ သူကေတာ့ အခုထိ သြန္း လို႔ပဲ ေခၚေနတတ္ေသးသည္။ ကြၽန္မကေတာ့ လမ္းခြဲၿပီးေနာက္ ကို ဆိုတဲ့ နာမ္စားကေန ေက်ာ္သြင္ ဆိုတဲ့ သူ႔နာမည္ အတိအက်ကို ျပန္ေခၚျဖစ္ခဲ့သည္။
ဒီဇင္ဘာၿခံေရာက္ေတာ့ ဟိုအရက္သမားေလးကို သတိရမိတာနဲ႔ သု႔အတြက္ စပ်စ္ဝိုင္ေလး တစ္လံုးဝယ္လာျဖစ္သည္။
"ငါတို႔မနက္ျဖန္ ေနာင္ခ်ိဳဘက္ ခရီးဆက္ၾကမယ္ေနာ္"

"ဒါေပါ့ ဒါေပါ့ ဒီက သဘာဝေလ ေအးေအးေလးကို ငါတို႔ ၿမိဳ႔ကိုပါဆယ္ သယ္သြားလို႔ရရင္ ေကာင္းမွာေနာ္"

"မိၿငိမ္း နင္အရမ္းစိတ္ကူးယဉ္မေနစမ္းနဲ႔"

"သြယ္ရယ္ ဒါစိတ္ကူးယဉ္တယ္မေခၚဘူး ေမ်ွာ္လင့္တယ္ေခၚတာ အခုထိ ဗမာစကားကို ေသခ်ာမေျပာတတ္ဘူး"

"ဟဲ့ ငါ ဗမာစစ္စစ္ဟဲ့"

"ေတာ္ၾကပါေတာ့ နင္တို႔ႏွစ္ေယာက္ကလည္း ငါအိပ္ခ်င္ၿပီ အခန္းျပန္ေတာ့မယ္"

"ဒါဆို နက္ျဖန္မွေတြ့ၾကမယ္ ငါတို႔ လူစုခြဲရေအာင္"
လူစုခြဲၿပီး ကိုယ့္အခန္းကို ျပန္ျဖစ္ၾကသည္။
သြန္းတို႔ မိန္းကေလး ၃ေယာက္ကေတာ့ တခန္းထဲမွာဘဲ တူတူတည္းျဖစ္ၾကေပမယ့္ သြန္းက တစ္ေယာက္အိပ္ ကုတင္မွာေနၿပီး ဟို ေၾကာင္နဲ႔ႂကြက္ကေတာ့ ႏွစ္ေယာက္အိပ္ ကုတင္မွာ ေနျဖစ္ၾကသည္။

ညဘက္ေရာက္ေတာ့ တီခ်ယ့္ကို ဖုန္းေခၚဖို႔ ႀကိဳးစားမိေသးသည္။ သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ေနခ်ိန္ ဘာေျပာစရာရိွလည္း ေမးရင္ ကိုယ့္မွာ ေျဖစရာစကားလံုးရိွ‌မေနခဲ့သၫ့္ အတြက္ contact ထဲက တီခ်ယ့္ ဓာတ္ပံုေလးသာအလြမ္းေျပ ထုတ္ၾကၫ့္မိသည္။မိသြားမွာ ေၾကာက္လို႔ ပံုေလးေတာင္ ခိုးမရိုက္ခဲ့မိတာကို ပထမဆံုးအႀကိမ္ ေနာင္တရပါသည္။
"ၿဖိဳးေလး...နက္ျဖန္ တီေလးအိမ္လာခဲ့ပါဦး"

"ဟုတ္ လာခဲ့မယ္ေလ တီေလး ဘာေကြၽးမွာလဲ"

"စားခ်င္တာ ရေစရမယ္"

"ႀကိဳက္ၿပီေလ အဲ့အေျပာေတြကို"

"😂😂😂"

Messenger ထဲက တီခ်ယ့္ account မီးစိမ္းစိမ္းေလးကို ထိုင္ၾကၫ့္ရင္း တီေလး စာကို reply ျပန္ေပးေနသည္။ ခဏမၾကၫ့္လိုက္တဲ့ကာလမွာ တီခ်ယ္ လိုင္းေပၚက ဆင္းသြားတာနဲ႔ ကြၽန္ေတာ္လည္း မ်က္စိေတြအတင္းဇြတ္မိွတ္ၿပီး အိပ္စက္လိုက္ရေတာ့သည္။
----------
ေနာင္ခ်ိဳခရီးစဉ္က ဘယ္လိုအရသာလည္း ကြၽန္မ သတိမထားမိခဲ့ပါ။သူငယ္ခ်င္းေတြ ဦးေဆာင္ရာေနာက္ လိုက္လာၿပီး သူတို႔ေပ်ာ္တဲ့ေနရာ ကြၽန္မအထိုက္သင့္ပါလာခဲ့သည္။
"ရတီ နင့္ရုပ္ႀကီးကလည္း ဘယ္ပံုထဲမွာမွ ၿပံဳးေနတယ္လို႔မရိွဘူးေရာ္"

"ဟဲ့ ဘယ္လိုေနေန ငါက ေခ်ာၿပီးသားပဲေလ"

"ေခ်ာပါတယ္ ဒါေပမယ့္ နင့္ဟာက အေပ်ာ္ခရီးလိုက္လာတာနဲ႔မတူဘဲ ျပန္ေပးဆြဲလို႔ ပါလာရသလိုပဲ ဟုတ္တယ္မလားၿငိမ္း"

"ငါေျပာခ်င္တာလည္း အဲ့လိုပဲ ဒီတစ္ခါေတာ့ သြယ္မွန္တယ္"

"နင္တို႔ႏွစ္ေယာက္က သူမ်ားကို ဖဲ့ဖို႔ဆို တၫ့္တယ္ေနာ္"

"ဒါေပါ့ သူက ငါ့အခ်စ္နဲ႔ ငါနဲ႔က peace ဟုတ္တယ္မလား သြယ္"

"🫰"
ျဖစ္ပ်က္ေနလိုက္ၾကတာ ေၾကာင္နဲ႔ႂကြက္လို အၿမဲသတ္ေနၾကတဲ့ ႏွစ္ေယာက္က အျပန္ခရီးက်မွ ဇြတ္ခ်စ္ျပေနတာ အျမင္ကပ္စရာေကာင္းလွပါသည္။
--------
"ငါ နင္တို႔ႏွစ္ေယာက္ကို အရင္လိုက္ပို႔ၿပီးမွ သြန္းကို ပို႔လိုက္မယ္ေနာ္"

"ေအး မဟုတ္လည္း သူတို႔အိမ္က အရင္ေရာက္တာမလား"

"ဟုတ္တယ္"

"အဆင္ေျပသလို လုပ္ေလ"

"Ok"
အိမ္ျပန္ေရာက္ေတာ့မယ္ဆိုတဲ့အသိက စိတ္ကိုရႊင္လန္းေနသည္။ကြၽန္မကို တစ္ေယာက္တစ္ေယာက္မ်ား ေမ်ွာ္ေနမလားဆိုတဲ့ အေတြးက အိမ္နားေလးေရာက္ခါနီးေလ ပိုရင္ခုန္ေလျဖစ္ရသည္။
"ငါတို႔ သြားၿပီေနာ္ ရတီ ပံုတင္ရင္ tag တြဲလိုက္မယ္"

"Ok bye bye ေနာက္အားရက္မွ ဆံုၾကတာေပါ့"

"ရတီေရ...ျပန္ၿပီေနာ္"

"ဟုတ္ၿပီ"
ေၾကာင္နဲ႔ႂကြက္ ကားေပၚက ဆင္းသြားေတာ့ ေက်ာ္သြင္နဲ႔ ကြၽန္မ ႏွစ္ေယာက္တည္း အိမ္ကို ခရီးႏွင္လာခဲ့သည္။
"အိမ္ထဲဝင္ထိုင္ဦးေလ"
အားနာနာနဲ႔ေမးလိုက္ရသည္ကို သေကာင့္သားက ၿပံဳးၿဖီးၿပီး အိမ္ထဲလိုက္လာသည္။
"အန္တီ ေနေကာင္းတယ္ေနာ္"

"ေဟာေတာ့ ေမာင္သြင္ ဟုတ္ရဲ့"

"ဟုတ္ပါတယ္ အန္တီ"

"အမေလး ဘယ္ခ်ိန္ၾကၫ့္ၾကၫ့္ ခန႔္ေခ်ာေနတာပဲကြယ္ သားက"

"ဟာ... ကြၽန္ေတာ္ လက္ဗလာနဲ႔လာမိတာ မွားၿပီထင္တယ္"

"အို မဟုတ္တာ ဘာေသာက္မလဲ အန္တီတိုက္ပါမယ္ကြယ္"

"ရတယ္အန္တီ အခုမွ ျပန္ေရာက္တာဆိုေတာ့ ေမေမတို႔လည္း ေမ်ွာ္ေနပါမို႔ ျပန္လိုက္ပါဦးမယ္"

"ေအးကြယ္ ေျဖးေျဖးေနာ္"
"ေက်ာ္သြင္ ေက်းဇူးပဲေနာ္ ေျဖးေျဖးျပန္ဦး"

"အင္း...ကို သြားၿပီေနာ္ သြန္း"
အမေလး ေခၚတာကိုက သြန္းတဲ့ သူ႔ကိုသူ သံုးတာကလည္း ကို တဲ့ဘာေတြလဲ တီခ်ယ္။
သူငယ္ခ်င္းနဲ႔သြားတာဆို သူကေရာ ဘယ္သူလဲ ဘာလို႔ ေယာက်ၤားေလးသူငယ္ခ်င္းနဲ႔ အိမ္အတူျပန္လာရတာလဲဟင္...အန္တီကလည္း ေဖာ္ေဖာ္ေရြေရြ ဆက္ဆံေနလိုက္တာ မျမင္ခ်င္ေတာ့တဲ့ ျမင္ကြင္းေတြမို႔ တီခ်ယ္ကိုလည္း မႏႈတ္ဆက္ေတာ့ဘဲ အခန္းတံခါးပဲ ေလာ့ခ်ၿပီး ဝင္လာခဲ့လိုက္သည္။
"ေမေမ ကေလးဘယ္သြားတာလဲ"

"ခဏကထိ ေမေမ့ေဘးမွာ ရိွပါတယ္ ဘယ္ေပ်ာက္သြားပါလိမ့္"

"သူ႔အခန္းမွာထင္တယ္ ရတယ္ သမီး သူ႔ဆီသြားလိုက္မယ္"

"ေအေအ"

~ေဒါက္ေဒါက္
"တံခါးဖြင့္ေပးဦးေလ"
ကြၽန္ေတာ္ ျပန္မေျဖမိ အိပ္ခ်င္ေယာင္ေဆာင္ကာ ေစာင္ေခါင္းမူးၿခံဳၿပီး အိပ္ေနလိုက္သည္။
"အိပ္ေနတာလား ဒါဆို ခဏေနမွ ေတြ့ေတာ့မယ္ေနာ္"
မအိပ္ေနမွန္းေတာ့ သိပါသည္ ကြၽန္မလည္း ခရီးပန္းလာတာမို႔ ၿပီးမွပဲ ေအးေဆးစကားေျပာၾကမယ္လို႔ ဆံုးျဖတ္လိုက္သည္။

ၾကၫ့္ သူ႔မွာ တံခါးေသာ့ရိွ‌တာပဲ ပိတ္ထားရင္လည္း ဖြင့္ဝင္ခဲ့ပါလား အခုက် စိတ္ေတာင္ မရွည္ခ်င္ေတာ့ဘူး။
"အန္တီ ကြၽန္ေတာ္ဗိုက္ဆာၿပီ"

"အေစာႀကီး စားေတာ့မွာလား ကေလး"

"ဟုတ္"
အန္တီ ခူးေကြၽးတဲ့ ထမင္းကို အနည္းငယ္ ဝင္သေလာက္စားၿပီး တီခ်ယ္ေအာက္ထပ္ ဆင္းမလာခင္ ျမန္ျမန္ အခန္းထဲ ျပန္ဝင္ေနလိုက္သည္။ပ်င္းတာနဲ႔ လိုင္းဖြင့္လိုက္ေတာ့ ‌တီခ်ယ္တို႔ ခရီးသြားတဲ့ပံုေတြ သူ႔သူငယ္ခ်င္းက တင္ထားတာေတြ့လိုက္သည္။အဲ့ပံုေတြထဲမွာလည္း ဟိုအစ္ကိုႀကီးက ပါေနျပန္သည္။ ေတာ္ၿပီကြာ မၾကၫ့္ေတာ့ဘူးဆိုၿပီး ေဆးလိပ္ဗူးယူကာ ဝရံတာထြက္ထိုင္လိုက္သည္။

ကြၽန္မ ခဏနားၿပီး ျပန္ထြက္လာတဲ့ အခ်ိန္ထိ အဲ့ကေလးက အခန္းထဲမွာပဲ ရိွေနတယ္ဆိုေတာ့ ကြၽန္ကို ေရွာင္ေနတာ ေသခ်ာေနၿပီမို႔ သူ႔အခန္း ေသာ့ယူကာ ဖြင့္ဝင္လိုက္သည္။ ေဟာ..အခန္းထဲမွာ မရိွဘူးလား အရိပ္ေတြ့တာနဲ႔ လိုက္ကာေလး လွပ္ၾကၫ့္ေတာ့ ဝရံတာမွာ ေငးေနသည္တဲ့ေလ....
"မင္း ေနမေကာင္းဘူးလား"

"ေကာင္းပါတယ္...တီခ်ယ္ေတာင္ျပန္ေရာက္ၿပီပဲ"

"ပိန္သြားသလိုပဲ မင္းလက္ထဲကဘာလဲ"

"ဟမ္...ဟို...အဲ့တာက..."

"ေဆးလိပ္ေသာက္ေနျပန္တာလား"

"မဟုတ္ပါဘူး ဒီတိုင္း ကိုင္ထားမိတာပါ"

"ေပး ငါပစ္လိုက္မယ္"
"ေရာ့ ဒါကမင္းအတြက္ ဝယ္လာေပးတာ"

"ဟုတ္ ေက်းဇူးပါ"
ဘာလို႔ မင္းမ်က္ဝန္းေတြမွာ ေပ်ာ္ရႊင္မႈကို ဖမ္းလို႔မရေတာ့တာလဲ...
တို႔ထင္တာ မင္းတို႔ကို ေမ်ွာ္ေနမယ္လို႔ေတာင္ ထင္ေနတာ အခုေတာ့ မင္းရဲ့ေအးစက္စက္ တံု႔ျပန္မႈေတြပဲ လက္ခံရတယ္ ဘာေတြ လြဲသြားခဲ့တာလဲကြယ္။
-----------
"သမီးနဲ႔ ကေလး ရန္ျဖစ္ထားၾကတာလား"

"မဟုတ္ပါဘူးေမေမရဲ့ သမီးအရြယ္က ကေလးတစ္ေယာက္နဲ႔ ဖက္ၿပီးရန္ျဖစ္ရမယ့္အရြယ္မွ မဟုတ္တာ"

"ကေလးက အရင္လို သမီးနားလည္း မကပ္ေတာ့သလိုပဲ"

"ဒါေတာ့ သမီးလည္း နားမလည္ဘူးေမေမ ခရီးကျပန္လာကတည္းက သမီးနဲ႔ ဆံုမွာစိုးလို႔ ေရွာင္ေနတာသူက"

"သမီးနဲ႔ ျပသနာမျဖစ္ဘူးဆို ၿပီးတာပါပဲ အကိုလည္း ျပန္လာေတာ့မယ္ေျပာ‌တယ္ "

"ေကာင္းပါတယ္ေမေမ"
အိမ္ေပၚက ဆင္းလာေတာ့ တီခ်ယ္နဲ႔ အန္တီ အတူထိုင္ေနၾကသည္မို႔ ကြက္တိျဖစ္သြားရသည္။
"အန္တီ...ကြၽန္ေတာ္ တီေလးအိမ္ ခဏသြားေနမလို႔"

"သြားလို႔ရပါတယ္ကြယ္ ဒါေပမယ့္ မင္းေနေကာင္းရဲ့လား"

"ေကာင္းပါတယ္အန္တီ"
ကြၽန္မကိုက် ရိွတယ္လို႔ေတာင္ မသတ္မွတ္ဘဲ ေမေမ့ကိုသာ ႏႈတ္ဆက္ေနသည္မို႔ မေနႏိုင္ဘဲ ဝင္ေျပာလိုက္သည္။
"မင္း ဘယ္ႏွရက္ ၾကာမွာလဲ"

"ေက်ာင္းမဖြင့္ခင္ ျပန္လာပါ့မယ္"

"ေကာင္းၿပီေလ... မင္းစိတ္ၾကည္သြားတဲ့ေန့ ျပန္လာခဲ့ပါ"
တီခ်ယ့္ကို ႏႈတ္မဆက္ခ်င္ဘူး အဲ့တာသိရဲ့လား ဘယ္နည္းနဲ႔မွ လည္းမခြဲခ်င္ဘူး ဒါေပမယ့္ ဘဝမွာ မျဖစ္ႏိုင္တဲ့ အရာေတြ မျဖစ္သင့္တဲ့အရာေတြကလည္း အမ်ားသားမဟုတ္လား။
"ၿဖိဳးေလး...ေျပာဘာျဖစ္လာတာလဲ"

"အင္း အခုတေလာ သိပ္ေနမေကာင္းခ်င္သလိုလို စိတ္မၾကည္တာလိုလို ျဖစ္ေနလို႔"

"မင္းေမြးေန့ နီးလို႔ အဲ့လိုျဖစ္တာေနမွာပါ"

"ေမေမမရိွေတာ့ကတည္းက ေမြးေန့ဆိုတာကို အေလးမထားခဲ့တာပါ တီေလးရယ္"

"တို႔သိတယ္ေလ အဲ့တာေၾကာင့္ေျပာတာေပါ့ ေလာကမွာ လိုအပ္တဲ့အရာေတြ ‌ဆံုးရႈံးတတ္သလို မလိုအပ္တဲ့အရာေတြလည္း ရေနတတ္တယ္ ဒါကို ငါအလွၫ့္က်မွ ျဖစ္ရေလျခင္းဆိုၿပီး ပူေဆြးမေနေစခ်င္တာပါကြယ္"

"အင္းပါ တီေလးရာ"
တီေလးအိမ္မွာ တပတ္ေလာက္ ေနျဖစ္ေတာ့ တီေလးရဲ့ ဆံုးမစကားေတြေၾကာင့္ စိတ္သက္သာရာရခဲ့သည္။
မင္းမရိွတဲ့ ဒီအိမ္ႀကီးမွာ မျပၫ့္စံုျခင္းေတြဘဲ လႊမ္းမိုးေနတယ္ဆိုတာ မင္းမသိဘူးလား ကေလးငယ္.....
----------
"သမီး... ေက်ာင္းမွာ အခုတေလာ ပင္ပန္းလို႔လား"

"မဟုတ္ပါဘူးေမေမ ကေလးကိုလည္း ေက်ာင္းအပ္ၿပီးပါၿပီ"

"အင္းပါ သူလည္း ျပန္လာေတာ့မွာပါ"

"ထင္တာပဲ ေမေမရယ္ အန္ကယ္လ္ ညေနေရာက္မွာဟုတ္လား"

"အင္း ဟုတ္တယ္ ေမေမဟင္းခ်က္လိုက္ဦးမယ္"

"ကူေပးရမလား ေမေမ"

"မလိုပါဘူးကြယ္ ကိုယ့္ဘာသာ နားနားေနေန ေနပါ"

"ဟုတ္ကဲ့"
ေဖေဖျပန္ေရာက္ေနၿပီဆိုၿပီး ဖုန္းဆက္ေတာ့ တီေလးနဲ႔ ကြၽန္ေတာ္လည္း အိမ္ျပန္လာခဲ့ၾကသည္။
"မနက္ျဖန္ တီေလးနဲ႔ တစ္ေနရာရာ သြားမလား"

"တီေလး လာေခၚေလ လိုက္ခဲ့မယ္"

"Ok"

"ဘာတိုင္ပင္ေနၾကတာလဲ တူအရီးေတြ"

"အေၾကာင္းေလးေတြ ရိွလို႔ပါ အစ္ကိုႀကီး လုပ္ငန္းေတြ အဆင္ေျပတယ္မဟုတ္လား"

"ေျပပါတယ္ ညီမကလည္း မကူ သမီးကလည္း ငယ္ေသးေတာ့ မေျပျပေအာင္ လုပ္ရတာေပါ့"

"အစကတည္းက အဲ့လုပ္ငန္း စိတ္မဝင္စားဘူးလို႔ အျပတ္ေျပာခဲ့ၿပီးသားပဲ"

"ေအးပါေအ...အသက္သာႀကီးလာတာ မရင့္က်က္ေသးဘူး ငါ့သမီးက နင္နဲ႔ဘာလို႔ အက်င့္တူေနမွန္းမသိဘူး"

"တူအရီးေတြေလ တူပါေစေပါ့"

"ေဖေဖတို႔ စကားေျပာၾကေတာ့ ကြၽန္ေတာ္ နားခ်င္ၿပီ အခန္းထဲသြားေတာ့မယ္"

"သြားပါရွင္"
ကြၽန္မ လာတာနဲ႔ စကားစျဖတ္ၿပီး တန္းထြက္သြားသည္။မင္းစိတ္မွာ ဘာေတျြဖစ္ေနသလဲကြယ္ ဝင္ၾကၫ့္လို႔ရရင္ မင္းစိတ္ရဲ့ ဟိုးအ‌နက္ရိႈင္းဆံုး ေနရာထိ တို႔ဝင္ၾကၫ့္ခ်င္တယ္။
"ဆုနႏၵာ မင္းတူမက ဘာျဖစ္လို႔ ထမင္းနည္းနည္းပဲစားတာလဲ"

"ဒီခ်ိန္ဆို သူစိတ္က ဒီလိုပဲ ဆိုတာ အစ္ကိုႀကီး ေမ့ေနျပန္တာလား"

"မေမ့ပါဘူး ဒါေပမယ့္ ေျပာင္းလဲလာၿပီထင္ေနတာ"
"ငါတို႔ မနက္ျဖန္ မိသားစုလိုက္ ဘုရားသြားၾကမလား"

"ေတာ္ၿပီ သူရိပ္မိသြားလိမ့္မယ္ အစ္ကိုတို႔ လင္မယားသီးသန႔္သြားလိုက္ ကြၽန္မ ညီမေလး သြန္းကိုေခၚၿပီး သူနဲ႔ သံုးေယာက္သြားလိုက္မယ္"

"ဟိုေလ... ၾကားျဖတ္ေျပာတယ္လို႔ေတာ့ မထင္ပါနဲ႔ မနက္ျဖန္ ဘာေန့မို႔လို႔လဲဟင္"

"သူ႔ေမြးေန့ပါ သူေမေမ မရိွေတာ့ကတည္းက သူဂရုမစိုက္ေတာ့တဲ့ သူ႔‌၂၂ႏွစ္ျပၫ့္ေမြးေန့ေပါ့"

"ဪ..."
ေမြးေန့ရွင္‌ေတြေတာ္ေတာ္မ်ားမ်ားက ေမြးေန့နီးရင္ ရင္ခုန္ၿပီး ေပ်ာ္ေနတတ္ၾကေပမယ့္ သူကေတာ့ စိတ္နဲ႔ကိုယ္နဲ႔ မကပ္သလို ျဖစ္ေနသည္။
မင္းရင္ထဲက အစိုင္အခဲေတြကို တို႔ေျခဖ်က္ေပးခ်င္မိတယ္ ကေလးငယ္....
"မနက္မွ အစ္မေစာေစာလာေခၚမယ္ ညီ‌မလည္း ျပင္ထားလိုက္ေနာ္"

"ဟုတ္ကဲ့"

ဒီလိုညေတြေရာက္ရင္ ေမေမ့ကို ပိုသတိရတယ္။
ဟိုး အလင္းလက္ဆံုးၾကယ္ေလးက ေမေမမ်ားျဖစ္ေနမလား ဒါမွမဟုတ္ ေရာဂါအနာတရတရေတြကင္းတဲ့ ဘံုဘဝအသစ္မွာ ေမေမေပ်ာ္ေနၿပီလား။

မိဘေတြ ေပးစားလို႔ယူခဲ့ၾကေပမယ့္ မင္းကို ကိုယ္သိပ္ခ်စ္ခဲ့ပါတယ္။အဲ့လိုပဲ မင္းကလည္း ကိုယ့္ကို သိပ္ခ်စ္ခဲ့မယ္ထင္ပါတယ္။ကံတရားရဲ့ အံစာအလွၫ့္မွာ မင္းထြက္သြားရေတာ့ ကိုယ့္မွာ မေျဖသိပ္ႏိုင္ျဖစ္ခဲ့ရတယ္။ဒါေပမယ့္ မင္းကို ေက်းဇူးတင္ပါတယ္ မင္းနဲ႔တူတဲ့ သမီးေလး ကိုယ့္အတြက္ ခ်န္ထားေပးခဲ့လို႔ မင္းလည္း အိုျခင္း နာျခင္းကို မခံလိုက္ရေတာ့ ကံေကာင္းပါတယ္ သက္ထားရယ္။ ကံေသာေတြ့ဆံုျခင္းေတြမွာလည္း အခုလို ခြဲရတာမ်ိဳးအတြက္ သမီးေလးကိုေစာင့္ေရွာက္ဖို႔ အားတင္းရင္း ကိုယ္အဆင္ေျပေအာင္ ရပ္တည္ေနပါတယ္။
ကိုယ္ ေနာက္‌အိမ္ေထာင္ျပဳလိုက္တာ မင္းစိတ္ဆိုးမဆိုးဘူးမဟုတ္လား။ သမီးေလးရဲ့ လဲၿပိဳေနတဲ့ စိတ္ကို ကိုယ္ထူမတ္ေပးခ်င္လို႔ သူ႔အတြက္ မိသားစုတစ္ခု ကိုယ္ဖန္တီးေပးမိတယ္။ ကိုယ့္မွာ အစြမ္းရိွသေလာက္ သမီးကို ကာကြယ္ေပးမွာမို႔ မင္းေအးခ်မ္းရာဘံုမွာ ေပ်ာ္ေမြ့ႏိုင္ပါေစကြာ...

ထိန္ထိန္သာေနတဲ့ လမင္းႀကီးကို ေငးရင္း သားအဖႏွစ္ေယာက္ရဲ့ လြမ္း‌ဆြတ္ျခင္းေတြကို ၾကယ္ေလးေတြထံ ရင္ဖြင့္ေနမိၾကသည္။
------------
~ေဒါက္ ေဒါက္
"မင္းတီေလး ေရာက္ေနၿပီ"

"ဟုတ္ကဲ့ အခုလာၿပီေနာ္"
မိုးလင္းခါနီးမွ အိပ္ေပ်ာ္သြားေတာ့ တီခ်ယ္တံခါးလာေခါက္မွပဲ ႏိုးေတာ့သည္။ အခုလာၿပီလို႔ ေျပာလိုက္ေပမယ့္ ေရမခ်ိဳးရေသးတာမို႔ ခပ္ျမန္ျမန္ ေရးခ်ိဳး အဝတ္စားလဲလိုက္သည္။
"အ‌မေလး...အခုလာၿပီေျပာၿပီး ၁နာရီေလာက္ ရိွေတာ့မယ္"

"အိပ္ရာထ ေနာက္က်သြားလို႔ပါ သြားၾကမယ္ေလ မနက္စာ အျပင္မွာပဲ စားမယ္မဟုတ္လား"

"ဒါေပါ့ က်ဳပ္တို႔ကို ဘယ္သူက ခ်က္ေကြၽးလို႔ အိမ္မွာစားရမွာလဲ"

"ဟင္! ေဖေဖနဲ႔ အန္တီကေရာ"

"ေမေမတို႔က သြားစရာရိွလို႔တဲ့ အေစာႀကီးထြက္သြားၾကၿပီ"

"ေဖေဖ အလုပ္မ်ားေတာ့ဒီေန့ကို ေမ့သြားၿပီ ထင္ပါရဲ့"

"ကဲပါ...စဉ္းစားခန္း ဖြင့္မေနနဲ႔ ေနမျမင့္ခင္ သြားရေအာင္ လာညီမေလး အစ္မတို႔ သြားၾကစို႔"

"ဟမ္! တီခ်ယ္ေရာလား"

"မေခၚခ်င္ဘူးလား"

"အဲ့လိုမဟုတ္ပါဘူး"
ဘုရားေရာက္ေတာ့ အဂၤါနံေထာင့္မွာ သြားၿပီး ဘုရားရိွခိုးလိုက္သည္။ တီေလးနဲ႔ တီခ်ယ္ကေတာ့ သူတို႔ေန့နံ အသီးသီး သြားၿပီး ဘုရားကန္ေတာ့ေနၾကသည္။
"မင္းက အခုလို ပုဆိုးနဲ႔ က်ေတာ့လည္း သန႔္သားပဲေနာ္"

"အဲ့လို မေျပာလည္း ဒီေန့ ကြၽန္ေတာ္က ဒကာခံမွာပါေနာ္"

"ၿပီးမွ ေနာင္တရမယ္ေနာ္"

"လံုးဝဘဲ"

"ညီမေရ... တို႔ေတြ ေဈးအႀကီးဆံုး အစားအစာ သြားစားၾကမယ္"

"ဟုတ္တယ္ဟုတ္တယ္ ဒါမွ သူငိုၿပီး အိမ္ျပန္‌ရေအာင္လို႔"
~ဟားဟား
အခုမွပဲ မင္းအၿပံဳးေလးေတြ ျပန္ျမင္ရေတာ့တယ္။ ၿပံဳးစမ္းပါ ကေလးငယ္ အားပါးတရ ရယ္လိုက္စမ္းပါ မင္းရယ္သံလြင္လြင္ေၾကာင့္ တခ်ိဳ႕ ကမ႓ာမွာ ပန္းေတြပြင့္သြားႏိုင္တယ္ဆိုတာ မင္းသိဖို႔ေကာင္းပါရဲ့။

မနက္စာ စားၾကၿပီး ကြၽန္ေနာ္တို႔ သံုးေယာက္ ေလ်ွာက္လည္ျဖစ္ၾကသည္။ တီခ်ယ္က ကေလးလိုလိုနဲ႔ ရိုလာကိုစတာ စီးခ်င္တယ္ ပူဆာလို႔ သံုးေယာက္သားစီးၿပီး ေအာ္လိုက္ရတာ အသံေတာင္ ဝင္ခ်င္ေနသည္။ ေအာ္ဟစ္လိုက္ၿပီးကာမွ စိတ္ထဲ ေပါ့သြားသလို ခံစားရ‌လို႔ တီခ်ယ့္ကို ေက်းဇူးတင္မိသည္။တေနကုန္ လည္လို႔အားရမွ အိမ္ျပန္ျဖစ္ၾကသည္။ တီေလးကလည္း အိမ္မွာ လာအိပ္မယ္ဆိုလို႔ ျပန္တာေတာင္ နည္းနည္း မိုးခ်ဳပ္သြားသည္။
"Happy Birthday 🎂
Happy Birthday"

"ေမေမေရ...!"
"လန႔္လိုက္တာ ေဖေဖရာ ‌ျဖည္းျဖည္းသက္သာေအာ္ပါေတာ့ နားကို အူသြားတာပဲ"

"ေအးေလ အစ္ကိုႀကီးကလည္း surprise ဆိုလည္း ႀကိဳေျပာေပါ့ ဒါမွ သူတစ္ေယာက္တည္း လန႔္ရမွာ အခုေတာ့ ရင္ေတာင္ တုန္တယ္ သံကုန္ ဟစ္ေနေတာ့"

"ငါမွားတာပါေအ"

"ကဲပါ ေမာင္ႏွမေတြ ရန္ျဖစ္မေနနဲ႔ ကေလးငယ္ လုပ္ ဆုေတာင္းၿပီးရင္ ဖေယာင္းတိုင္ မီးမႈတ္လိုက္ေတာ့"

~ဖူး....
ဆုလည္းမေတာင္းပါလား ဒီကေလးက ဘယ္လိုသတၲဝါေလးပါလိမ့္ ကြၽန္မ စိတ္ထဲကသာ ေျပာလိုက္မိသည္။
ကိတ္ခြဲၿပီး အိမ္ရိွလူစံု ခြံေကြၽးလိုက္သည္။
"ေဖေဖ ေမ့ေနၿပီထင္ေနတာ"

"ေဖေဖ့အသည္းနဲ႔ ပတ္သတ္သမ်ွ ေဖေဖဘာတစ္ခုမွ ေမ့သြားတယ္ဆိုတာ ရိွမွာမဟုတ္ဘူး"

"ေက်းဇူးပါ ကြၽန္ေတာ္ စိတ္ေတြ တဖန္ရွင္သန္လာေအာင္ ပ်ိဳးေထာင္ေပးၾကလို႔"
တီေလးကေတာ့ မ်က္ရည္ေလးအဝဲသားနဲ႔ လက္ဖက္ေနေလသည္။အားလံုး သန႔္ရွင္းေရးလုပ္ၿပီးသြားေတာ့ ကိုယ္စီ အခန္းျပန္ၿပီး တစ္ညတာ အနားယူၾကေပမယ့္ ကြၽန္ေတာ္အိပ္မေပ်ာ္တာနဲ႔ ဝရံတာ ထြက္ထိုင္လိုက္သည္။
"မင္းမအိပ္ေသးဘူးလား"

"တီခ်ယ္ကေရာ"

"အင္း မင္းနဲ႔စကားေျပာခ်င္လို႔ မအိပ္ေသးဘဲ ေစာင့္ေနတာ"

"ေျပာေလ ကြၽန္ေတာ္နားေထာင္ေနပါတယ္"

"တို႔ႏွစ္ေယာက္ ဝိုင္ေသာက္ၾကမလား"
ကြၽန္ေတာ္ပဲ ထၿပီး သူေသာက္လို႔ရေအာင္ ခြက္ေတြဘာေတျြပင္ေပးလိုက္သည္။
"ေရာ့...ေဆးလိပ္ တစ္လိပ္ေလာက္ေတာ့ ေပးေသာက္မယ္"

"ဘာလို႔လို႔ ေမးလို႔ရမလား"

"မင္းရင္ထဲက စကားေတြနားေထာင္ခ်င္လို႔ ဝိုင္လည္းေသာက္ပါ ေအးေဆးေျပာၾကတာေပါ့"
ဝိုင္လည္း နည္းနည္းဝင္ေတာ့ သတၲိက ရိွလာတယ္ တီခ်ယ္ေပးတဲ့ စီးကရက္ကို မီးၿငိျပီး တစ္ရိႈက္ဖြာလိုက္တယ္။
"ကြၽန္ေတာ္ အခုလို ေပ်ာ္ေနဖို႔ ထိုက္တန္ရဲ့လား မသိဘူးေနာ္ ေမေမကေတာ့ ေနမေကာင္းျဖစ္ခဲ့ရွာတာ"

"မင္းနားလည္မႈလြဲေနၿပီထင္တယ္ ဘယ္မိဘမဆို သူတို႔သားသမီး ေပ်ာ္ေနတာပဲ ျမင္ခ်င္ၾကတာေလ အဲ့အတြက္လည္း သူတို႔အစြမ္းရိွသမ်ွ ႀကိဳးစားေပးၾကတာပဲမဟုတ္လား မင္းေမေမလည္း ဒီလိုမ်ိဳး မင္းကို ဘယ္ခြဲသြားခ်င္ပါ့မလဲ တစ္ခါတေလ ငါတို႔ကိုယ္တိုင္ ေရးလို႔မရတဲ့ ကံတရားေတြရိွၾကတာပဲေလ"
"မင္းေမေမက မင္းကို ေသခ်ာေပါက္ ေပ်ာ္ေနေစခ်င္တာမို႔ မင္းစိတ္ကို အဲ့အေတြးေတြနဲ႔ မႏိွက္စက္ဘဲ ေနစမ္းပါကြယ္"

"တကယ္အဲ့လို ထင္လား"

"အင္း...လာ တို႔မင္းကို ဝွက္ထားေပးမယ္ မင္းစိတ္ကို လႊတ္ခ်လိုက္ေတာ့ ငိုခ်င္လည္း ငိုခ်လိုက္ ေအာ္ရယ္ပစ္ခ်င္လည္း ရယ္လိုက္ မနက္ျဖန္ေရာက္ရင္ေတာ့ စိတ္အသစ္နဲ႔ ျဖတ္သန္းပါေတာ့"
ကြၽန္ေတာ္ သူ႔ရင္ခြင္ထဲ တိုးဝင္မိတယ္ ေနာက္ၿပီး ငိုမိလားေတာင္ မသိပါဘူး အဲ့အတိုင္းေလး အၾကာႀကီး သူ႔နားမွာရိွေနမိတယ္။
ကြၽန္မရင္ဘတ္နားက အက်ႌေတြ စိုစြတ္လာသလို ခံစားရတယ္ ဒီကေလး ငိုေနတာပဲ ရပါတယ္ မင္းအျပၫ့္အဝ ခိုလႈံခြင့္ရိွတာမို႔ ငိုခ်င္လည္း တို႔ရင္ခြင္ထဲ လာငိုပါ ဒါၿပီးရင္ေတာ့ ျပန္ရွင္သန္ပါေတာ့ ကေလးငယ္....

*********

Continue Reading

You'll Also Like

7.4K 317 22
အစ်မဆိုသော လူသားတစ်ယောက်ကို ချစ်မိခဲ့ပေမယ့် သူ့ကိုထုတ်ပြောလို့မရတဲ့ စကားလေးတွေ သူမသိအောင် ဒီမှာလာပြောတာပါ... not fictionပါနော်
132K 5.5K 49
A fire incident at his(Kim Jae-soo) husband's home while he (Baek Ji-Hu )was away made Kim Jae-soo return to his third year of university (he was reb...
2.6K 266 5
တယောသံတွေဟာ လရောင်ရှိတဲ့ ညတွေမှာ ပေါ်ပေါ်လာတတ်ပြီး ကျွန်းသာရွာကနေ လွမ်းမောဖွယ် ကြားနေရကာ ဘယ်ကနေလာမှန်း ဘယ်သူမှမပြောနိုင်ပေမဲ့ အဝေးက ပျံလွှင့်လာတဲ့ တေ...
4.1K 223 43
(Complete) (အသက်ပြည့်မှဖတ်ရှုရန်) ----------------------------- ကောင်းကင်တမန်တစ်ပါးက Vampireမိန်းကလေးတစ်ယောက်ကိုချစ်မိလို့ အပြစ်ပေးခံရပြီး ကောင်းကင်ဘ...