ကျွန်မက ရေတစ်စက်လေးမှမကူးတတ်တဲ့အပြင် လုပ်ကြံသမားက အားပြင်းပြင်းနဲ့ကိုပစ်ချလိုက်တာကြောင့် ရေနက်နက်ထဲထိကို နစ်သွားခဲ့တယ်။ ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ အေးစက်နေတဲ့ရေတွေချည်း ၊ ဦးခေါင်းအထက်မှာ ပြာလဲ့လဲ့ရေတွေ ၊ ကျွန်မလေ ခေါင်းအထက်က အလင်းရောင်သဲ့သဲ့လေးကိုပဲ မြင်ရတော့တာ။ ဒီအချိန်မှာ ကျွန်မ ပါးစပ်ထဲကို ရေတွေတစ်လုံးတစ်ထွေးဝင်လာတော့ အရင်တစ်ခါ ရေနစ်တုန်းက ကျွန်မကိုကယ်တင်ပေးဖူးတဲ့သူကို ပြေးသတိရလိုက်မိတယ်။ အဲ့ဒီချိန်တုန်းက အားတုက ကျွန်မကို ရေထဲကနေကယ်ထုတ်ပေးပြီး နှစ်ယောက်သား တရားရုံးခွင်ကိုတောင် ရောက်ခဲ့ကြသေးတယ်။ အဲ့ဒီအချိန်တုန်းက ဖေကျောက်ဆိုတာလည်း ပေါ့ပေါ့ပါးပါးဝတ်ရုံ ခါးစည်းကြိုးနဲ့ အရမ်းကိုနှစ်လိုဖွယ်ကောင်းနေခဲ့တာ။
ဒီလိုအချိန်မျိုးမှာ ဖေကျောက်ကို ပြေးသတိရမိတော့ ကိုယ့်ကိုကိုယ်လည်း အံ့သြမိသား ၊ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ လီချန်းရင်အကြောင်း တွေးလိုက်မိပြန်သေးတယ်။ လက်စသတ်တော့ ကျွန်မနဲ့လီချန်းရင်ကြားမှာ နောက်ထပ်တွေ့ဆုံရဦးမယ့်ကံကြမ္မာမျိုး မရှိတော့ဘူးပဲ....ကျွန်မဘက်က သူ့ကို သဘောကျနေမိပြီး သူ့ဘက်ကလည်း ကျွန်မကို သဘောကျလာတဲ့အချိန်ကျမှတဲ့လေ။ အကယ်၍ သူသာ ကျွန်မကို သဘောမကျဘူးဆိုရင် အားလုံးရဲ့အရှေ့မှာ လုပ်ကြံသမားကို ကျိန်ဆိုပြီးစကားပြောပါ့မလား။
သူနဲ့ကျွန်မကြားမှာ ကံကြမ္မာမရှိတော့ရုံတင်ပါ ၊ ကံကောင်းချင်တော့ ကျောက်လျန်တိရှိနေပါသေးရဲ့။ ဒီလိုဆိုမှတော့ ကျွန်မ သေသွားခဲ့ရင် လီချန်းရင်က အကြာကြီးဝမ်းနည်းနေတော့မှာမဟုတ်ဘူး ၊ တဖြည်းဖြည်းနဲ့ ကျွန်မကို မေ့ပျောက်ပြီး ကောင်းကောင်းမွန်မွန်ရှင်သန်သွားကောင်းပါရဲ့လေ။
ရေတွေက ကျွန်မရဲ့နှာခေါင်းထဲရော ပါးစပ်ထဲပါတိုးဝင်လာတော့ ကျွန်မ ချောင်းဆိုးရေမွှန်းမိတာ ဘယ်ကြိမ်မှန်းမသိ ၊ တဖြည်းဖြည်းနဲ့ အသက်ရှူကြပ်လာပြီး ကျွန်မ ခေါင်းပေါ်က အလင်းရောင်စလေးကလည်း ဝေးသထက်ဝေးရင်း ရေအောက်ကို တစ်စစနဲ့နစ်မြှုပ်သွားခဲ့တာများ။
မျက်ဝန်းတစ်စုံရှေ့မှာ အရာအားလုံးက မည်းမှောင်သွားခဲ့ပြီးတော့ နားစည်နံဘေးမှာ လေတိုးသံသဲ့သဲ့လေးတွေ ကြားလာရသလိုလိုနဲ့။ အဲ့ဒီလူက ကျွန်မကို ပွေ့ဖက်ထားပေးရင်း ဖြည်းဖြည်းချင်း လိမ့်ဆင်းပြုတ်ကျလာခဲ့ကြတာ....သူက ကျွန်မကို ကယ်တင်ပေးတဲ့သူ....ကျွန်မကို ပွေ့ဖက်ထားရင်းနဲ့ လေထုလွင်ပြင်ကြီးထဲမှာ တစ်ပတ်ပြီးတစ်ပတ်....တစ်လှည့်ပြီးတစ်လှည့်....ဖြည်းဖြည်းချင်း ဝေ့ပတ်နေခဲ့တာ ၊ ကောင်းကင်ကြီးအပြည့် အလှဆွဲထားတဲ့ကြယ်လေးတွေကလည်း မိုးပေါက်လေးတွေလို ကျလာတော့မလား....မိုးကောင်းကင်တစ်ခွင် မြေပြင်တစ်ဆုံးမှာလည်း ကျွန်မကိုသာ ငေးကြည့်နေတဲ့သူ့မျက်ဝန်းတွေကလွဲ ဘာမှမရှိ....အဲ့ဒီမျက်ဝန်းတွေထဲမှာ ကျွန်မတစ်ယောက်တည်း....ကျွန်မ မူးလာပြီ....ကျွန်မ မူးသွားတော့မယ် ၊ သူ့ရင်ခွင်ထဲမှာ ဒီလိုမျိုးပွေ့ဖက်ခံထားရင်းပေါ့ ၊ ဟုတ်တယ်....အဲ့ဒီလူပဲ....ကျွန်မ နှစ်နှစ်ကာကာကိုချစ်မြတ်နိုးရတဲ့သူ ၊ သူကလည်း ကျွန်မကို နှစ်နှစ်ကာကာချစ်မြတ်နိုးမှန်း ကျွန်မသိတယ် ၊ သူသာရှိနေရင် ကျွန်မရဲ့စိတ်နှလုံးတွေ လုံခြုံနေရတယ်လေ။
အိပ်မက်တစ်ခုတည်းကို တစ်ကြိမ်ပြီးတစ်ကြိမ် မက်ခဲ့ပေမယ့် တကယ်တမ်း မတွေးမိတာကတော့ ကျွန်မ ရေနစ်ပြီးသေခါနီးမှာ ဘယ်သူမှ ကျွန်မကို လာမကယ်တင်နိုင်တာပါပဲ။
ကျွန်မ အိပ်မက်ထဲကသူရဲကောင်းလား....ကျွန်မကို လာမကယ်နိုင်ပါဘူး....
လီချန်းရင်လား....သူလည်း ကျွန်မကို လာမကယ်နိုင်ပါဘူး....
ကျွန်မက အလေးတုံးကြီးတစ်ခုလိုမျိုး ဟိုယိမ်းဒီယိမ်းနဲ့ တောက်လျှောက်ကိုနစ်သွားခဲ့တာ....ဘယ်လောက်တောင် ကြာသွားခဲ့မှန်းမသိ။ နှစ်တွေအကြာကြီး ကြာသွားခဲ့တာနဲ့လည်းတူလွန်းလှသလို အခုလေးတင်မှ အိပ်မက်ကနိုးလာတာနဲ့လည်း တူနေပြန်ရော။ ရင်ဘတ်ထဲမှာတင်းဆို့နေတဲ့ခံစားချက်ကြီးကို မခံနိုင်တော့ဘဲအဆုံးမှာ ပါးစပ်ကိုဖွင့်ဟပြီး ရေတွေအန်ထုတ်ပစ်မိလိုက်တော့တာပဲ။
ကျွန်မ ရေတွေ ဘယ်လောက်တောင်မှမျိုချမိထားတာလဲ....အန်ထုတ်ရလွန်းလို့ ရင်ဘတ်တွေတောင်နာတယ်။
အစာအိမ်ထဲရှိသမျှရေတွေအားလုံး အန်ထုတ်ပြီးတဲ့အခါမှာတော့ ကျွန်မ အဲ့ဒီနေရာမှာပဲ မိန်းပြီးလှဲနေလိုက်တယ်။ တဖျက်ဖျက်တောက်ပနေတဲ့နေမင်းကြီးက အလင်းရောင်းစူးလွန်းလို့ မျက်လုံးတောင်မဖွင့်နိုင် ၊ အကြည့်လွှဲဖို့ကြိုးစားရင်း ဘေးဘီဝဲရာကိုကြည့်မိတော့ ကျွန်မဘေးမှာက ကျောက်သားမြေပုံကြီးတွေ။
လုပ်ကြံသမားရဲ့ဝတ်ရုံစွန်းကလည်း မလှမ်းမကမ်းမှာ။ အို့....လက်စသတ်တော့ ကျွန်မ ရေနစ်သွားပေမယ့် မသေသေးဘဲရှိနေတာကိုး ၊ အဲ့ဒီလုပ်ကြံသမားရဲ့လက်ထဲမှာ ဓါးစာခံအဖြစ်ရှိနေသေးတုန်း။
ကျွန်မမှာ ခွန်အားတစိုးတစိလေးမှကိုမကျန်တော့တဲ့အပြင် စကားပြောဖို့ရွယ်လိုက်တိုင်း ပါးစပ်ထဲကနေ ရေတွေချည်းထွက်လာတာ ၊ ဒါပေမယ့် အဲ့ဒီကြားကနေပဲ အားတင်းပြီးဖျော့တော့တော့လေး စကားဆိုလိုက်တယ် ;
"သတ်မှာဆိုရင်လည်း သတ်လိုက်တော့"
လုပ်ကြံသမားက စကားတစ်ခွန်းမှမပြောလာဘဲ ဓါးအိမ်နဲ့ကျွန်မကိုခေါင်းကို ဘေးစောင်းပေးလာတယ်။ ခေါင်းစောင်းသွားတာနဲ့တပြိုင်နက် ကျွန်မ အဆက်မပြတ်ကို ရေတွေအန်တော့တာ....အန်ထုတ်ရင်း အန်ထုတ်ရင်းနဲ့ နောက်ဆုံး လေတွေပဲထွက်လာတော့တဲ့အခါကျမှပဲ မျက်လုံးတွေမှိတ်ချလိုက်နိုင်တော့တယ်။
တစ်မှိတ်တွင်းချင်း အိပ်ပျော်သွားခဲ့တော့တာပေါ့။
အိပ်မက်ထဲမှာ အရှေ့နန်းဆောင်ကို ရောက်နေတာထင်တယ်။ ကျွန်မနဲ့လီချန်းရင်က စကားများရန်ဖြစ်နေကြတာ ၊ လီချန်းရင် သူ့ရဲ့ကျောက်လျန်တိကိုကာကွယ်ပေးရင်း ကျွန်မကလည်း ခက်ခက်ထန်ထန်နဲ့ကိုရန်တွေ့နေတာ။
လီချန်းရင် ;
"မင်းစိတ်ထဲမှာ ဖခမည်းတော် ကယ်ပေးလိုက်တာနဲ့ပဲ ငါက မင်းကို ကျေးဇူးတင်နေမယ်ထင်သလား ၊ ငါ့ဘက်က မင်းအပေါ်ကို ကျေးဇူးကြွေးတင်သွားပြီလို့လည်း မှတ်မနေနဲ့!"
ကျွန်မ ဒေါသထွက်လွန်းလို့ သွေးအန်လုမတတ်ပဲ။ ကျွန်မဘက်ကလည်း ရှင် ကျွန်မအပေါ် အကြွေးတင်နေတာမျိုးကို မလိုချင်ပါဘူးလို့....အရင်တစ်ခေါက် ရှင် ကျွန်မကို လုပ်ကြံသမားလက်ထဲကနေ ကာကွယ်ပေးခဲ့တဲ့ ဓါးတစ်ချက်စာအတွက် ဓါးတစ်ချက်စာချင်း ပြန်ပေးချေရုံသက်သက်ပဲလို့ ပြောလိုက်တာပေါ့။ ပါးစပ်က ဒီလိုစကားဆိုပေမယ့် စိတ်ထဲမှာတော့ ဝမ်းနည်းလွန်းလို့ မျက်ရည်တောင်ကျမိတယ်။ ကျွန်မ မျက်ရည်ကျနေတာမျိုး သူ့ကိုမမြင်မတွေ့စေချင်လို့ဆိုပြီး အမွှေးနံ့သာအိုးကြီးပေါ်ကို မှောက်ချပစ်လိုက်တော့တယ်။ အမွှေးနံ့သာအိုးကြီးက သိပ်ပူတာ ၊ တစ်ခဏလေး မှောက်ထားရုံနဲ့တင်ကို ကျွန်မ အသားတွေ မီးတိုက်သလိုပူလောင်ပြီး အရိုးတွေထဲကကို နေရခက်လာခဲ့တယ်။
မျက်လုံးတွေပင့်ကြည့်လိုက်တော့ မျက်ခွံတွေက မို့အစ်ထားသလိုလို ၊ ကျွန်မရဲ့မျက်နှာက တကယ်ကိုပူလောင်နေပေမယ့် ခန္ဓာကိုယ်ကတော့ တစိမ့်စိမ့်နဲ့အေးနေခဲ့တာ ၊ အေးလွန်းလို့ သွားတွေတောင် တဆစ်ဆစ်တုန်လို့။ အပြင်မှာ နှင်းကျနေလို့လား။ ကျွန်မက အားတုကိုမေးတော့ အားတုက ကျွန်မရဲ့မြင်းနီလေးကို ဆွဲခေါ်လာဖို့ပြင်ပါရော ၊ ခမည်းတော် မရှိတဲ့အချိန်မျိုးဆို ကျွန်မတို့က တိတ်တိတ်လေး မြင်းစီးထွက်ကြတာလေ။ နှင်းဖွဲဖွဲတွေထဲမှာ မြင်းစီးရတာက ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်သလဲ။ နှာခေါင်းထိပ်လေး ခပ်နီနီ ၊ သဲသောင်ပြင်ကြီးဟာလည်း နှင်းတွေဖုံးလို့ ၊ မြက်ပင်ရဲ့အမြစ်ဖျားတွေဆိုတာ မည်းမည်းကွေးကွေးနဲ့ ခမည်းတော်ရဲ့မှုတ်ဆိတ်မွှေးကြီးအတိုင်းပဲ။ ကျွန်မ နှင်းထဲမှာ လျှောက်ပြေးနေတာကိုများမြင်ရင် ခမည်းတော်က သေချာပေါက် ဆူတော့မှာ။
လီချန်းရင်က ကျွန်မရဲ့မြင်းနီလေးကို မမြင်ဖူးတော့ ဘယ်လောက်အပြေးမြန်မှန်းလည်း သူ သိမှာမဟုတ် ၊ နေပါဦး....လီချန်းရင်ကဖြင့် ကျွန်မအပေါ်လည်းမကောင်းဘဲနဲ့ ဘာဖြစ်လို့ သူ့ကိုပဲ အမြဲသတိရနေမိတာလဲ ၊ စိတ်ထဲမှာ ချဥ်စူးစူးဖြစ်လာရင်းနဲ့....မဟုတ်ဘူး သူက ကျွန်မအပေါ် မကောင်းတာမျိုးမဟုတ်ဘူး....ကျွန်မကသာ သူ့မျက်လုံးထဲမှာရှိနေမယ့်တစ်ယောက်တည်းသောသူကို ကျွန်မ ဖြစ်နေစေချင်ခဲ့တာ....သူ့မှာ ကျောက်လျန်တိ ရှိနေပါရက်နဲ့ပေါ့။
လီချန်းရင် မြားတံကိုချိုးပြီး ကျွန်မရဲ့နာမည် "ရှောင်ဖုန်း..."ကို နင့်နင့်နဲနဲ ခေါ်ခဲ့ဖူးတာပဲလေ။ အကယ်၍ ကျွန်မသာ အသက်ရှင်လျက်ပြန်မသွားနိုင်ရင် သူ သေချာပေါက်ဝမ်းနည်းနေတော့မှာ ၊ ဘယ်လောက်ကြာကြာ ဝမ်းနည်းနေလိမ့်မလဲတော့ မသိဘူးပေါ့။
ကျွန်မ အားယူပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့ မြစ်ကမ်းဘေးက မြက်ခင်းပုံပေါ်မှာမဟုတ်တော့မှန်း မြင်လိုက်ရပြီး အဲ့ဒီအစား အပြင်ဘက်ကနေ လရောင်ခြည်လင်းထိန်တိုးဝေ့နေတဲ့ အခန်းငယ်လေးတစ်ခုထဲ ရောက်နေလေတယ်။ လရောင်ခြည်ထိန်ထိန်လင်းနေတော့ အခန်းထဲမှာ သိပ်မမှောင်လှဘူး။ ဒီနေ့ချိန်ခါက 'ရှန့်ယွမ်'ပွဲတော်နေ့မလား....'ဆယ်'မိုင်လုံးလုံး မီးပုံးတွေ ၊ မျှော်စင်ကြီး'ကိုး'ခုလုံးလုံး ထိန်ထိန်လင်း ၊ 'ရှစ်'မျက်နှာတစ်ခွင် မီးရှူးမီးပန်းတွေ ၊ 'ခုနှစ်'စင်ကြယ်ကျောင်းတော်ကြီးအောက် ၊ အလုပ်ရုံ'ခြောက်'ဆိုရင်ဖြင့် တိုးမပေါက်ပေါ့ ၊ ဘုရားကျောင်းတော်ကြီး 'ငါး'ကျောင်းရဲ့ခေါင်းလောင်းသံညံညံ ၊ လေးဖက်လေးလံ မြို့ရိုးတံခါးကြီး 'လေး'ချပ်ဆိုတာ ဟင်းလင်းဖွင့်လို့ ၊ တောင်ကြီး 'သုံး'စင်းလုံး အပျော်တွေကူးစက်ကြတဲ့အပြင် ၊ 'နှစ်'ဦးနှစ်ဖက် သွားအတူလာအတူ ၊ 'တစ်'လောကလုံး အေးချမ်းလို့ပေါ့.... ; ဒါက 'ရှန့်ကျင်း'မြို့တော်က 'ရှန့်ယွမ်'ပွဲတော်အကြောင်း ဖွဲ့နွဲ့ထားတာလေ....အခုချိန်မှာတော့ ပွဲတော်ကြီးကပေးမယ့် စိတ်လှုပ်ရှားမှုတွေကို မဖမ်းဆုတ်နိုင်တော့ပေါ့....
ကျွန်မတစ်ကိုယ်လုံး အေးစိမ့်ပြီးတသိမ့်သိမ့်တုန်လာတော့မှ ခန္ဓာကိုယ်ပေါ်မှာ သိုးမွေးဝတ်ရုံချပ်ကြီးကို သတိထားမိတယ်။ သာမန်သိုးမွေးဝတ်ရုံဆိုပေမယ့် သားရေချပ်ကနူးညံ့နေတော့ တော်တော်လေးကိုနွေးတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် အဖျားရှိနေမှန်းခံစားမိလိုက်တဲ့နောက်မှာတော့ သိုးမွေးဝတ်ရုံထည်ကြီးခြုံထားရတာတောင်မှ တသိမ့်သိမ့်တုန်ယင်နေတော့တာပါပဲ။
မျက်လုံးတွေ အမှောင်နဲ့အသားကျလာတဲ့အမျှ အခန်းငယ်ထဲမှာ ပုံးတွေ ခြင်းတွေ လှောင်အိမ်တွေထားထားတာကို မြင်လာရတော့ ကြည့်ရတာ စတိုခန်းမျိုးဖြစ်မယ့်ပုံ။ လုပ်ကြံသမားက မလှမ်းမကမ်းမှာထိုင်နေပြီး ကျွန်မ ဖြေးဖြေးချင်းထလာတာကိုမြင်တော့ ကျွန်မ လက်ထဲကို ပန်းကန်လုံးတစ်လုံးထည့်ပေးလာတယ်။ ပန်းကန်လုံးက ပူနွေးနွေးလေးရှိဆဲ။
"ဂျင်းပြုတ်ရည်"
လုပ်ကြံသမားရဲ့စကားသံက တမျိုးတမည်တော့ ထူးခြားနေဆဲ။ ကျွန်မကိုယ်တိုင်မှာတော့ အင်အားချိနဲ့လွန်းလို့ ခြင်တစ်ကောင်လိုတောင် အသံမထွက်နိုင် ;
"ကျွန်မ......."
ကျွန်မ ဒီခွက်ကို မပင့်နိုင်ဘူး။
တစ်ခါက ကျွန်မ ဖျားနာတုန်းကဆိုရင် အဖျားဒဏ်ကြောင့် သေလုမျောပါးပဲ။ အခုလည်း ထပ်ပြီး နေမကောင်းဖြစ်ပြန်ပြီ။ ကျွန်မကလေ မဖြစ်ဘူးဆိုရင်လည်း မဖြစ်ဘူး....ဖျားလိုက်ပြီဆိုရင်လည်း အသည်းအသန်။ နှစ်ကြိမ်တိတိကြိုးစားကြည့်ပေမယ့် လက်ကောက်ဝတ်နှစ်ဖက်လုံးက ပန်းကန်လုံးလေးတစ်လုံး မ,ယူဖို့တောင် နာနေခဲ့တာ။
ကျွန်မ ဘာမှလည်းမတွေးမိသလို လုပ်ကြံသမားက ဘာအတွက်ကြောင့် ကျွန်မကို ဂျင်းပြုတ်ရည် လုပ်ပေးမှန်း ၊ ဘယ်နေရာကိုရောက်နေမှန်းလည်း မတွေးချင်တော့ဘူး။ အနည်းဆုံးတော့ ဒီနေရာက လေကွယ်ရာအရပ်မျိုးမလို့ မြစ်ကမ်းဘေးမှာထက်စာရင် အများကြီးနွေးထွေးတယ်လေ။
လုပ်ကြံသမားက အနားကိုလျှောက်လာပြီး ဂျင်းပြုတ်ရည်ပန်းကန်လုံးကိုယူလို့ တစ်ဖက်ကလည်း ကျွန်မကို အသာလေးပင့်ထူပေးလာတယ်။ လည်ပင်းတစ်ခုလုံးခြောက်ကပ်နေပေမယ့် ကျွန်မ ဘာကိုမှဂရုမစိုက်တော့ဘဲ ဂျင်းပြုတ်ရည်ပန်းကန်လုံးကို ပင့်ပြီး တစ်ကျိုက်တည်းမော့သောက်ပစ်လိုက်တယ်။ စွပ်ပြုတ်ရည်က အတော်လေးစပ်တဲ့အပြင် သောက်လိုက်ပြီးတဲ့နောက်မှာ ခန္ဓာကိုယ်တစ်ခုလုံးပူတက်ပြီး ရုတ်တရက်ကြီး ချောင်းဆိုးတော့တာရယ်။ ကျွန်မရဲ့မျက်နှာဆိုရင် ချောင်းဆိုးလွန်းလို့ နီရဲလာပြီး ပန်းကန်လုံးကိုလည်း သေချာမကိုင်နိုင်တော့ဘူး။ ကျွန်မရဲ့အခြေအနေကိုမြင်တော့ လုပ်ကြံသမားက ပန်းကန်လုံးကို လှမ်းယူပြီး ကျောပြင်ကိုလည်းပုတ်ပေးလာတယ်။
ဒီအနေအထားမှာ ကျွန်မ အသက်ကိုဖြည်းဖြည်းချင်းရှူရင်း ရုတ်တရက်လက်မြှောက်လို့ သူ့မျက်နှာထက်မှာစည်းထားတဲ့ မျက်နှာဖုံးစည်းကို ဆတ်ခနဲဆွဲဖြုတ်ပစ်လိုက်တော့တယ်။
အစက တွေးထားမိတာက အကယ်၍ သူ့ရဲ့အရည်အချင်းသာဆိုရင် သူ ရှောင်ဖို့ကြိုးစားလိုက်တာနဲ့ ချက်ချင်းရှောင်နိုင်သွားမှာ။ သူသာ ရှောင်လိုက်ရင် ကျွန်မရဲ့ခေါင်းက အနောက်ကပုံးတွေနဲ့ သေချာပေါက်တိုက်မိမှာပဲ။ ကျွန်မရဲ့ အတွေးအစစ်အမှန်က လုပ်ကြံသမားက သေချာပေါက်ရှောင်ထွက်မှာဖြစ်ပြီးတော့ ကျွန်မက ပန်းကန်လုံးကိုချခွဲပြီး ကြွေထည်အပိုင်းအစလေးရနိုးနိုး ယူထားလိုက်မှာဖြစ်တယ်။ မထင်မှတ်ထားတဲ့အတိုင်းပေါ့....သူက လက်လည်းမလွှတ် ရှောင်လည်းမရှောင်လိုက်တော့ သူ့မျက်နှာဖုံးစည်းစကို ဆွဲချွတ်မိလိုက်ရော။
ကျွန်မ သူ့ကိုကြောင်အမ်းပြီးကြည့်နေမိတယ်။ လရောင်ခြည်က ပြတင်းပေါက်လေးကနေ တိုးဝင်လာတယ်ပဲဆိုဆို ၊ သူ့ကိုတော့ ကျွန်မ ရင်းနှီးသေးတယ်။
ကုကျန့်!
ဘယ်လိုလုပ်ပြီး သူ ဖြစ်နေရတာလဲ။
တစ်ကိုယ်လုံးကသွေးတွေ ကျွန်မရဲ့ငယ်ထိပ်ကို ဆောင့်တက်လာတဲ့အတိုင်း ကျွန်မ မေးလိုက်မိတယ် ;
"ဘာလို့လဲ"
သူက စကားတစ်ခွန်းမှပြန်မဖြေဘဲ ပန်းကန်လုံးကိုသာ အောက်ချထားလိုက်တယ်။
ကျွန်မ ထပ်ပြီးမေးမိတယ် ;
"ဘာလို့လဲ"
ဘာလို့ သူ ဖြစ်နေရတာလဲ။ ဘာဖြစ်လို့ သူက အရှင်မင်းကြီးကို လုပ်ကြံရတာလဲ။ ဘာဖြစ်လို့ လူတွေအများကြီးသတ်ဖို့တောင် ဝန်မလေးရတာလဲ။ ဘာဖြစ်လို့ ကျွန်မကို ဓါးစာခံအဖြစ် ခေါ်လာရတာလဲ။ ဘာဖြစ်လို့လဲ။ ဒါတွေအားလုံးက ဘာကြောင့်လဲ။
ကျွန်မ တကယ်ကို ဥာဏ်တိမ်တာပဲ။ လောကကြီးထဲမှာ ကိုယ်ခံပညာထိပ်သီးအဆင့်မျိုးက ဘယ်နှယောက်ရှိနိုင်မှာမလို့လဲ။ ဘာဖြစ်လို့များ ဒီလုပ်ကြံသမားလို ထူးထူးဆန်းဆန်း ထိပ်သီးလက်ရည်သိုင်းသမားမျိုး....ဒီလိုလက်ရည်မျိုးက လောကကြီးထဲမှာ ပုံစံတူဘယ်နှယောက်ရှိမှာမလို့လဲ။
ကျွန်မကဖြင့် တုံးတုံးအအနဲ့တောင် မြားထိပ်ဖူးကိရိယာကိုလွှတ်ပြီး ကုကျန့် လာကယ်ဖို့ကို မျှော်လင့်မိနေသေးတယ်။
အားတုက သေမှန်းရှင်မှန်းမသိ ၊ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ ကုကျန့်က ကျွန်မကို လာကယ်ပေးလိမ့်မယ်လို့ တွေးထားခဲ့တာတဲ့....
ဘာလို့လဲ.....
ကုကျန့်က ခပ်ပေါ့ပေါ့ပုံစံမျိုးနဲ့ ပြန်ဖြေလာတယ် ;
"ဘာလို့မှမဟုတ်ဘူး"
"ရှင် လူတွေဒီလောက်အများကြီးသတ်ခဲ့တာလေ!"
ကျွန်မ စူးစူးရဲရဲကိုစကားဆိုပစ်လိုက်တယ် ;
"ရှင် တကယ်ပဲ ဘာလုပ်ဖို့ကြိုးစားနေတာလဲ ၊ ဘာဖြစ်လို့ အရှင်မင်းကြီးကို ဓါးစာခံအဖြစ်ခေါ်ရတာလဲ"
ကုကျန့်တစ်ယောက် ကောက်ခါငင်ခါ မတ်တပ်ထရပ်လိုက်ပေမယ့် ပြတင်းပေါက်ကနေတိုးဝင်လာတဲ့လရောင်က သူ့ပုခုံးပေါ်ဖြာကျနေဆဲပေါ့။ ဒီလူက ခပ်ပေါ့ပေါ့လေသံမျိုးနဲ့ပဲ ထပ်ပြီးစကားဆိုလာတယ် ;
"ကျွန်တော့်ဘာသာ သတ်ချင်ရင်သတ်မယ် မသတ်ချင်မသတ်ဘူး ၊ ဒီလုပ်ရပ်ကြောင့် မင်း စိတ်မကျေမနပ်ဖြစ်သွားလည်း ကျွန်တော့်မှာ ဘာမှပြောပြနေစရာစကားမရှိဘူး"
"ရှင် အားတုကိုရော ဘာလုပ်လိုက်ပြီလဲ"
ကျွန်မ သူ့ဝတ်ရုံစကို တင်းတင်းဆုတ်ဆွဲပြီးတော့ စကားဆိုလိုက်တယ် ;
"ရှင် အားတုကိုသာ ထိခိုက်အောင်လုပ်ခဲ့ရင် ကျွန်မ သေချာပေါက် သူ့အတွက်လက်စားပြန်ချေမှာ"
ကုကျန့်က ဆိုတယ် ;
"ကျွန်တော် အားတုကို မသတ်ဘူး ၊ ယုံတာမယုံတာကတော့ မင်းအပိုင်း"
ကျွန်မ သက်ပြင်းသဲ့သဲ့ချမိရင်း လေသံကိုတိုးဖျလို့ စကားဆက်ဆိုလိုက်တော့တယ် ;
"ဒါဆိုလည်း ကျွန်မကို ပြန်လွှတ်ပေးလိုက်ပါတော့ ၊ အခြားသူတွေကို ဘာမှမပြောပြဘူးလို့ အာမခံပါတယ်....ကျွန်မဘာသာလွတ်လာတဲ့ပုံစံမျိုး ဟန်ဆောင်ပေးမယ်"
ကုကျန့်က ရုတ်တရက်ပြုံးလိုက်ပြီးတော့ ကျွန်မထံ စကားဆိုလာခဲ့တယ် ;
"ရှောင်ဖုန်း....ဘာဖြစ်လို့လဲ"
ကျွန်မလည်း ကြောင်အမ်းသလိုဖြစ်ရင်းနဲ့ ;
"ဘာကို ဘာဖြစ်ရမှာလဲ"
"မင်း ဘာဖြစ်လို့ လီချန်းရင်အပေါ် အရမ်းကောင်းပေးနေရတာလဲ ၊ သူက ဘာတွေများ အဲ့လောက်ထိကောင်းမွန်နေလို့လဲ ၊ အဲ့ဒီတစ်ယောက်....အဲ့ဒီတစ်ယောက်က မင်းကို အစကတည်းက အသုံးချနေခဲ့တာ ၊ အခုဆိုရင်ပဲကြည့်လေ....မိန်းမတွေတစ်ယောက်ပြီးတစ်ယောက်ယူတယ် ၊ အဲ့ဒီမိန်းမတွေ အနိုင်ကျင့်တာကိုလည်း မင်း အမြဲတမ်းခံရတယ် ၊ သူကိုယ်တိုင်တောင်မှ မင်းကို အနိုင်ကျင့်တယ်မလား ၊ နောင်တစ်ချိန် သူ ဧကရာဇ်တစ်ပါးဖြစ်လာရင် မိန်းမတွေက ဒီထက်တောင်များလာဦးမယ် ၊ အဲ့အချိန်ကျရင် မင်းကို အနိုင်ကျင့်မယ့်လူတွေက ဒီထက်များလာဦးမှာ ၊ မင်း ဘာဖြစ်လို့များ လီချန်းရင်အပေါ် အရမ်းကောင်းပေးနေရတာလဲ ၊ 'ရှီးလျန်' ဒေသအတွက်ကြောင့် မင်း တစ်ဘဝလုံးစာ ပျော်ရွှင်မှုတွေအားလုံးကို စတေးပြီး အဲ့ဒီအေးစက်တိတ်ဆိတ်နေတဲ့နန်းတော်ထဲမှာ နေသွားတော့မှာလား"
ကျွန်မ အံ့အားသင့်သလိုဖြစ်သွားရင်း ပြန်ဖြေမိလိုက်တယ် ;
" 'ရှီးလျန်' က 'ရှီးလျန်' ဆိုပေမယ့် ကျွန်မက သူ့ကို လက်ဆက်နှင့်ပြီးသားသူပါ ၊ ထပ်ပြောရရင် သူကလည်း ကျွန်မအပေါ်ဆက်ဆံတာ အဲ့လောက်ကြီးထိ မလွန်ပါဘူး...."
"သူက မင်းအပေါ်ကို ဘယ်လိုများ မလွန်ခဲ့တာလဲ ၊ သူ အရင်တုန်းကတည်းက တစ်ချိန်လုံး မင်းကို အသုံးချနေတာ ၊ သူ ဘာတွေတွေးနေလဲဆိုတာရော မင်း သိလို့လား ၊ သူ ဘယ်လိုတွေအကွက်ချစီစဥ်နေတယ်ဆိုရင်ရော မင်း သိထားသလား ၊ ရှောင်ဖုန်း....မင်း အနိုင်မရနိုင်ဘူး....မင်း အဲ့ဒီမိန်းမတွေကို အနိုင်မယူနိုင်ဘူး....လီချန်းရင်ကို ပိုလို့တောင် အနိုင်မယူနိုင်ဘူး ၊ အခုချိန်မှာ သူတို့တွေက 'ရှီးလျန်'ဒေသနဲ့ပတ်သတ်စရာလေးတွေရှိနေသေးလို့....နောင်တစ်ချိန်ရောက်လို့ 'ရှီးလျန်'ဒေသက အလယ်ပိုင်း'ကျုံးယွမ်'အတွက် အသုံးမလိုတော့ရင် မင်း လုံးဝကို အနိုင်ယူနိုင်တော့မှာမဟုတ်ဘူး"
ကျွန်မ သက်ပြင်းချရင်း စကားဆိုလိုက်တယ် ;
"ကျွန်မမှာတော့ အဲ့လောက်ကြီးထိ တွေးထားတာမျိုးတွေမရှိဘူး ၊ ဒါပေမယ့် လီချန်းရင်က ကျွန်မရဲ့ခင်ပွန်းသည်ဖြစ်တဲ့အတွက် ကျွန်မကတော့ ခင်ပွန်းသည်ကို သစ္စာမဖောက်နိုင်ဘူး"
ကုကျန့် ခနဲ့တဲ့တဲ့ရယ်ရင်းနဲ့ ;
"ဒါဆို အကယ်၍ လီချန်းရင်က မင်းကို သစ္စာဖောက်ခဲ့တယ်ရင်ရော"
ကျွန်မ ခပ်ပြတ်ပြတ်ပဲဖြေလိုက်တယ် ;
"မဖြစ်နိုင်တာ"
ပထမဆုံးတစ်ကြိမ် လုပ်ကြံသမားနဲ့ထိပ်တိုက်ဆုံတုန်းက သူ ကျွန်မကို တွန်းထုတ်ပစ်ပေးခဲ့တယ် ၊ ဒုတိယတစ်ကြိမ် 'မင်ရယွီဖန်' မှာတုန်းကလည်း သူက ကျွန်မရဲ့ရှေ့မှာ ပိတ်ရပ်နေပေးခဲ့တယ်။ အန္တရာယ်ကြုံလာတဲ့အချိန်တိုင်းမှာ သူကိုယ်တိုင်ပဲ အန္တရာယ်ကြားထဲ တိုးဝင်ပေးခဲ့တာ ၊ လီချန်းရင်က ကျွန်မကို သစ္စာဖောက်မှာမဟုတ််ဘူး။
ကုကျန့်က ခနဲ့သလိုထပ်ရယ်ရင်း စကားဆိုလာပြန်တယ် ;
"ဒီလောကကြီးရှေ့မှောက်ထားရင်း မင်းကိုယ်မင်း ဘာလို့များ ထင်မှတ်နေတာလဲ....လူတစ်ယောက်က ဧကရာဇ်တစ်ပါးအဖြစ် နေရာယူချင်တယ်ဆိုရင် နှလုံးသားက မာကျောပြီးအေးစက်ဖို့လိုကိုလိုတယ် ၊ အခြားဟာတွေ မပြောသေးဘူး....ကျွန်တော် အခု မင်းကို ဓါးစာခံအဖြစ်ခေါ်ထားတဲ့အချိန်မှာ လီချန်းရင်က မင်းကို လာကယ်လိမ့်မယ်လို့များ မျှော်လင့်နေတာလား ၊ မင်းကို ကယ်ဖို့ အသည်းအသန်ကြိုးစားနေလိမ့်မယ်လို့များ ထင်သလား ၊ ဒီနေ့က 'ရှန့်ယွမ်'ပွဲတော် ဟုတ်တယ်နော်....မလိုမုန်းတီးတာတွေ ဖယ်ရှားပြီး သာမန်ပြည်သူတွေ မီးပုံးအလှတွေ ရှူစားကြဖို့အတွက် 'ရှန့်ကျင်း'မြို့တော်ရဲ့ ဂိတ်တံခါးကိုးခုလုံးကို လွတ်လွတ်လပ်လပ်ဖွင့်ပေးထားတဲ့အပြင် အဝင်အထွက်လုပ်နေကြတဲ့လူတွေလည်း နည်းတာမဟုတ်ဘူး ၊ မင်းက ဘာတဲ့လဲ....'မင်း' ဆိုတာက လီမိသားစုသားအဖအတွက် ဒီမီးပုံးပွဲတော်ကို လျစ်လျူရှူပေးလိုက်ဖို့တောင်မတန်တဲ့ ဖြစ်တည်မှု....သူတို့တွေအားလုံးက 'ချန်ထျန်း'ဂိတ်တံခါးပေါ်မှာ ပြည်သူတွေနဲ့အတူ ပျော်ပွဲရွှင်ပွဲနွှဲနေမှာမလို့ မင်း သေသလား ရှင်သလားတောင် ဂရုမစိုက်အားဘူး ၊ အကယ်၍ ကျွန်တော်သာ တကယ့်လုပ်ကြံသမားတစ်ယောက်ဆိုရင် မင်းကို တစ်ချက်တည်းသတ်ပစ်ပြီး တစ်ညတည်းနဲ့တင် 'ရှန့်ကျင်း'ကနေထွက်သွားလို့ရတယ် ၊ နောက်ထပ် ရှစ်ရက်ဆယ်ရက်ကြာလောက်တော့မှ 'ယွီလင်'တပ်က ဒီနေရာကိုရောက်လာပြီး မင်းရဲ့အလောင်းကိုတွေ့မယ်....လီချန်းရင်ကတော့ သုံးလေးကြိမ်လောက် ဟန်ဆောင်ငိုပြပြီးရင် သူ့ရဲ့ကျောက်လျန်တိကို အိမ်ရှေ့စံမိဖုရားနေရာ ပေးလိုက်ရုံပဲ ၊ မင်းကို ဘယ်သူက မှတ်မိနေမှာတဲ့လဲ....လီချန်းရင်က မင်းကို မှတ်မိပေးနေလိမ့်မယ်များ မျှော်လင့်ထားတာလား"
ကျွန်မ ခေါင်းငုံ့ထားမိပြီး စကားတစ်ခွန်းမှတောင်မဆိုနိုင်တော့ဘူး။
ကုကျန့်က ကျွန်မရဲ့လက်ကို ဆွဲကိုင်ပြီးတော့ ;
"သွားရအောင် ရှောင်ဖုန်း....ကျွန်တော်နဲ့ လိုက်ခဲ့ပါ ၊ ကျွန်တော်တို့ ဒီနေရာကနေထွက်သွားရအောင်....ဒီလျှို့ဝှက်ချက်တွေများလွန်းတဲ့နေရာရဲ့အဝေး....ဟိုးအပြင်ဘက်မှာ ကျွန်တော်တို့ မြင်းတွေသိုးတွေကျောင်းဖို့ အတူတူထွက်သွားရအောင်...."
ကျွန်မ သူ့လက်ကိုဖြုတ်ချပြီး စကားဆိုလိုက်တယ် ;
"လီချန်းရင် ကျွန်မအပေါ် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဒီလမ်းက ကျွန်မကိုယ်တိုင် ရွေးချယ်တဲ့လမ်းပါ ၊ ပြီးတော့ ခမည်းတော်က 'ရှီးလျန်'အတွက်ရွေးချယ်လိုက်တဲ့လမ်းဆိုလည်း မမှားဘူး ၊ ကျွန်မ လမ်းတစ်ဝက်ရောက်မှ နောက်ဆုတ်လို့မရသလို 'ရှီးလျန်'အတွက်လည်းမရဘူး...."
ကျွန်မ ကုကျန့်ကိုမော့ကြည့်ရင်းနဲ့ ;
"ရှင် ကျွန်မကို သွားခွင့်ပေးလိုက်ပါ"
ကုကျန့်က တစ်ခဏကြာအောင် ငြိမ်သက်ရင်း ကျွန်မကို စိုက်ကြည့်နေပြီးမှ ပြတ်ပြတ်သားသားစကားဆိုလာခဲ့တယ် ;
"မရဘူး"
ကျွန်မ တကယ်ကို စိတ်ပျက်အားလျော့ရသလို ပင်လည်းပင်ပန်းလွန်းနေမိတယ်။ ပြောစရာစကားတွေ အများကြီးရှိနေပေမယ့် လည်ချောင်းတစ်ခုလုံး ပူလောင်နေတာကြောင့် စကားတွေသာထပ်ပြောနေရင် ကျွန်မ ပိုပင်ပန်းပြီးဝမ်းနည်းလာရမှာ။ တစ်ကိုယ်လုံးလည်း နုံးချိပြီး အသက်ရှူတာလေးကအစ နာကျင်နေသလားတောင် အောက်မေ့ရတယ်။ ကျွန်မ လည်ချောင်းကိုအသာအယာလေးပွတ်ရင်း သေတ္တာပုံးတွေနားကို ပြန်ဆုတ်လို့ ခွေခွေလေးမှိန်းနေလိုက်တော့တယ်။
ကုကျန့်ကိုကြည့်ရတာလည်း ပြောစရာစကားတွေ ရှိနေသေးတဲ့ပုံပါပဲ။ စိတ်မရှည်တဲ့ဟန်မျိုးပေါက်နေတဲ့သူက သူ့စကားတွေကိုချုပ်တည်းပြီး အဲ့ဒီအစား ကျွန်မကို မေးမြန်းလာခဲ့တယ် ;
"မင်း တစ်ခုခုစားချင်လား "
ကျွန်မ အသာအယာပဲခေါင်းရမ်းပြလိုက်တယ်။
သူကတော့ လက်မလျော့ဘဲ ဆက်ပြီးမေးနေမြဲပေါ့ ;
" 'ဝိန်ယွဲ့လုံ'က ဘဲသားဆိုရင်ရော....မင်းစားဖို့အတွက် သွားဝယ်လာပေးမယ်လေ"
အစက ခေါင်းရမ်းဖို့တွေးထားပေမယ့် ရုတ်တရက် ကျွန်မ ခေါင်းငြိမ့်ပြလိုက်တော့တယ်။ ကုကျန့်က ကျွန်မကို ခြုံစောင်နဲ့သေချာပတ်ပေးရင်း စကားဆိုလာခဲ့တယ် ;
"ဒါဆိုရင် မင်း ခဏလောက်အရင်အိပ်နေလိုက်ဦး"
ကျွန်မ မျက်လုံးတွေမှိတ်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့တယ်။ နောက်တော့ တဆစ်ဆစ်ထိုးနေတဲ့အပူဒဏ်ကြောင့် မျက်လုံးတွေက ဆတ်ခနဲပွင့်လာတော့ ပြတင်းပေါက်က တိုးဝင်လာတဲ့လရောင်ကလွဲရင် အခန်းထဲမှာ မည်းမှောင်ပြီးတိတ်ဆိတ်နေဆဲ။ ကျွန်မ အိပ်နေရာကနေထပြီး လမင်းကြီးကိုလှမ်းကြည့်တော့ လမင်းကြီးက ငွေရောင်အလုံးကြီးလို လင်းထိန်နေတာပဲ။ ဟုတ်သားပဲ....ဒီနေ့က လပြက္ခဒိန်ရဲ့ပထမဆုံး ဆယ့်ငါးရက်မြောက်လပြည့်နေ့ ၊ မီးပုံးပွဲတော်နေ့ဆိုမှတော့ လရောင်ထိန်ထိန်ညီးတဲ့အောက်မှာ လမ်းမကြီးတွေအားလုံး စည်ကားသိုက်မြိုက်နေမှာပဲရယ်။
သိုးမွေးခြုံစောင်ကို တင်းတင်းပတ်လို့ တံခါးဝနားဆီကို လျှောက်သွားပြီး တံခါးကိုတွန်းကြည့်တော့ အပြင်ဘက်ကနေ သော့ခတ်ထားတာကြောင့် တံခါးကဖွင့်မရ။ ဘေးပတ်ဝန်းကျင်ကို သေချာကြည့်တော့လည်း ဒီနေရာဟာ ပစ္စည်းသိမ်းတဲ့စတိုခန်းဖြစ်နေတာ အသေအချာ။ နံရံရဲ့အမြင့်ပိုင်းမှာရှိတဲ့ ပြတင်းပေါက်တစ်ပေါက်သာရှိပြီး ပြတင်းပေါက်ကလည်း လေဝင်လေထွက်ကောင်းအောင်သက်သက်လုပ်ထားတာမျိုးဖြစ်တော့ ကျွန်မ လက်လှမ်းမှီဖို့ဆိုတာ မဖြစ်နိုင်ဘူး။
ဒါပေမယ့် နည်းလမ်းဆိုတာ အမြဲတမ်းရှိစမြဲမလား။ ကျွန်မ ပုံးတစ်ပုံးကိုဆွဲယူလာပြီး နောက်ထပ်ပုံးတစ်ပုံးကိုပါ အပေါ်ကထပ်ဆင့်ရင်းနဲ့ တစ်ထပ်ပြီးတစ်ထပ်,ထပ်လိုက်တဲ့အခါမှာတော့ လှေကားထစ်ကြီးကြီးတွေရလာတယ်။ ပုံးထဲမှာ ဘာတွေရှိမှန်းမသိပေမယ့် ကံကောင်းချင်တော့ သိပ်အလေးချိန်မများလှဘူး ၊ ဒါပေမယ့် ကျွန်မတစ်ကိုယ်လုံး နူံးချိနေတာကြောင့် ခွန်အားအရာမှာ အားမသာတော့ဘဲ နောက်ဆုံး ပုံးတွေထပ်ဆင့်စီပြီးသွားတဲ့နောက်မှာ ချွေးပြိုင်းပြိုင်းထ မောဟိုက်နေတော့တာပါပဲ။
ပုံးတွေပေါ် ကျွန်မ တွားသွားတက်သွားလိုက်တယ်။ ပြတင်းပေါက်ရဲ့အကာတွေက သစ်သားတွေနဲ့လုပ်ထားပြန်တော့ ကျွန်မ ဘယ်လိုပဲ ချိုးဖျက်ကြည့်ပါစေ ရွေ့တောင်မရွေ့ပြန်ဘူး။ မတတ်နိုင်....ရွေးချယ်စရာမရှိတဲ့အဆုံး ကျွန်မ အောက်ကိုတဖန်ပြန်ဆင်းပြီး သင့်တော်မယ့်ပစ္စည်းမျိုးရှာဖို့အတွက် ပုံးတွေလိုက်ဖွင့်ရတော့တယ်။ လက်စသတ်တော့ ပုံးတွေထဲမှာ ပိုးထည် ဖဲထည်တွေထည့်ထားတာပါလား။
ဘယ်ချမ်းသာတဲ့မိသားစုကများ ဒီလိုပိုးထည်အကောင်းစားတွေကို ပစ္စည်းသိုလှောင်ခန်းထဲ ထည့်ထားတာပါလိမ့် ဒါမှမဟုတ် ဒီနေရာက ပိုးထည်ဖဲထည်လုပ်ငန်းတစ်ခုခုရဲ့သိုလှောင်ခန်းလား။ ဘာမှများများစားစားမတွေးနိုင်ဘဲ သေတ္တာပုံးတွေကို စိတ်ပျက်လက်ပျက်ပိတ်ချလိုက်ချိန်မှာတော့ ဂျင်းပြုတ်ရည်ထည့်ထားတဲ့ကြွေပန်းကန်လုံးကို မြင်သွားခဲ့ရော။ ပန်းကန်လုံးကိုခွဲ ၊ ချွန်ထက်နေတဲ့အပိုင်းစတစ်ခုကိုယူပြီး ပုံးတွေပေါ်ပြန်တက်လို့ ပြတင်းပေါက်အကာတွေကို လွှစားပစ်လိုက်တယ်။
ခပ်ပါးပါးအကာမျိုးသာဆိုရတယ် ၊ လွှစားတဲ့ချိန်မှာ အရမ်းခက်တာ။ တဂျစ်ဂျစ်နဲ့ဖြတ်ရလွန်းလို့ ကျွန်မရဲ့လက်တွေတောင်ကွဲပြီး သွေးစို့လာတယ်။
ဒီအချိန်မှာ ရုတ်တရက် ထိုးထွက်လာခဲ့တာက မျှော်လင့်ချက်မဲ့ခြင်းတွေ....မဟုတ်မှလွဲ ကုကျန့် ပြန်ရောက်လာတော့မယ့်ချိန်ထိ ကျွန်မ မထွက်သွားနိုင်တော့မှာလား။ ကုကျန့်က ကျွန်မကို မသတ်ဘဲနေလောက်ပေမယ့် တစ်သက်လုံးပိတ်လှောင်ထားမှာလည်း ဖြစ်နေနိုင်တယ် ၊ အားတုကိုရော ကျွန်မ တစ်သက်လုံး မတွေ့ရတော့ဘူးလား ၊ လီချန်းရင်ကိုရော နောက်ထပ်.....
စိတ်အားလျော့သွားမိတာက တစ်ခဏလေး ၊ နောက်တော့ ချက်ချင်းပြန်ထပြီး ပြတင်းပေါက်အကာကို လွှစားဖို့ကြိုးစားတော့တယ်။
အချိန်တွေ ဘယ်လောက်ကြာသွားခဲ့မှန်းမသိ ၊ နောက်ဆုံးမှာ ချက်ခနဲမြည်သွားတဲ့အသံတစ်ခုနဲ့အတူ ပြတင်းပေါက်အကာရဲ့အောက်ပိုင်းမှာ ကွဲကြောင်းထင်သွားတာကိုလည်း တွေ့လိုက်ရတယ်။ နောက်တစ်ဖက်ကို လွှစားပစ်ဖို့ သိပ်ကိုစိတ်အားထက်သန်လာတော့တာပေါ့။ နှစ်ဖက်လုံး ဖြတ်တောက်ပြီးတာနဲ့ ပြတင်းပေါက်အကာတစ်ခုလုံးကို အားနဲ့အပေါ်ပင့်တင်ပစ်လိုက်တော့တယ်။
အပျော်ကြီးပျော်သွားပေမယ့် ပြတင်းပေါက်အနေအထားက ကျွန်မသာ ခုန်ချလိုက်ရင် ခြေထောက်ကျိုးမယ့်အခြေအနေမျိုးမှာရှိတာကြောင့် သေတ္တာပုံးတွေထဲက ပိုးလိပ်တစ်လိပ်ကိုယူလိုက်တယ်။ အစွန်းတစ်ဖက်ကို ပုံးနဲ့ဖိထားပြီး အခြားတစ်ဖက်ကို ပြတင်းပေါက်အပြင်ဘက်ကိုပစ်ချထားရင်း ပိုးလိပ်ကိုတွဲလဲခိုလို့ ဖြေးဖြေးချင်း ဆင်းလာလိုက်တယ်။
ကျွန်မရဲ့လက်နှစ်ဖက်လုံးမှာ ခွန်အားဘာမှကိုမကျန်တော့တာကြောင့် ချော်ချိချိပိုးသားစကို လက်ကောက်ဝတ်နဲ့ထိန်းပြီး ဆင်းလာရတာ ၊ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို လက်ကောက်ဝတ်က ထိန်းထားရတော့ ပိုးသားကြိုးဒဏ်ကို တော်တော်လေးခံရပေမယ့် ကျွန်မ ဂရုမစိုက်နိုင်။ တစ်ခုတည်းသောတွေးပူစရာက ကျွန်မ လက်လွတ်လိုက်တာနဲ့ ပြုတ်ကျသွားမယ်ဆိုတာပဲ။ ဆိုတော့ ဖြည်းဖြည်းချင်း လျှောဆင်းလာရင်းနဲ့ နောက်ဆုံး မြေကြီးကိုထိလိုက်ချိန်မှာတော့ တစ်ကိုယ်လုံး ထုံထိုင်းပြီးလဲကျသွားခဲ့တော့တာပါပဲ။
********************
~~Zawgyi~~
ကြၽန္မက ေရတစ္စက္ေလးမွမကူးတတ္တဲ့အျပင္ လုပ္ႀကံသမားက အားျပင္းျပင္းနဲ႕ကိုပစ္ခ်လိဳက္တာေၾကာင့္ ေရနက္နက္ထဲထိကို နစ္သြားခဲ့တယ္။ ပတ္ဝန္းက်င္တစ္ခြင္လုံးမွာ ေအးစက္ေနတဲ့ေရေတြခ်ည္း ၊ ဦးေခါင္းအထက္မွာ ျပာလဲ့လဲ့ေရေတြ ၊ ကြၽန္မေလ ေခါင္းအထက္က အလင္းေရာင္သဲ့သဲ့ေလးကိုပဲ ျမင္ရေတာ့တာ။ ဒီအခ်ိန္မွာ ကြၽန္မ ပါးစပ္ထဲကို ေရေတြတစ္လုံးတစ္ေထြးဝင္လာေတာ့ အရင္တစ္ခါ ေရနစ္တုန္းက ကြၽန္မကိုကယ္တင္ေပးဖူးတဲ့သူကို ေျပးသတိရလိုက္မိတယ္။ အဲ့ဒီခ်ိန္တုန္းက အားတုက ကြၽန္မကို ေရထဲကေနကယ္ထုတ္ေပးၿပီး ႏွစ္ေယာက္သား တရား႐ုံးခြင္ကိုေတာင္ ေရာက္ခဲ့ၾကေသးတယ္။ အဲ့ဒီအခ်ိန္တုန္းက ေဖေက်ာက္ဆိုတာလည္း ေပါ့ေပါ့ပါးပါးဝတ္႐ုံ ခါးစည္းႀကိဳးနဲ႕ အရမ္းကိုႏွစ္လိုဖြယ္ေကာင္းေနခဲ့တာ။
ဒီလိုအခ်ိန္မ်ိဳးမွာ ေဖေက်ာက္ကို ေျပးသတိရမိေတာ့ ကိုယ့္ကိုကိုယ္လည္း အံ့ၾသမိသား ၊ ဒါေပမယ့္ ခ်က္ခ်င္းဆိုသလိုပဲ လီခ်န္းရင္အေၾကာင္း ေတြးလိုက္မိျပန္ေသးတယ္။ လက္စသတ္ေတာ့ ကြၽန္မနဲ႕လီခ်န္းရင္ၾကားမွာ ေနာက္ထပ္ေတြ႕ဆုံရဦးမယ့္ကံၾကမၼာမ်ိဳး မရွိေတာ့ဘူးပဲ....ကြၽန္မဘက္က သူ႕ကို သေဘာက်ေနမိၿပီး သူ႕ဘက္ကလည္း ကြၽန္မကို သေဘာက်လာတဲ့အခ်ိန္က်မွတဲ့ေလ။ အကယ္၍ သူသာ ကြၽန္မကို သေဘာမက်ဘဴးဆိုရင္ အားလုံးရဲ႕အေရွ႕မွာ လုပ္ႀကံသမားကို က်ိန္ဆိုၿပီးစကားေျပာပါ့မလား။
သူနဲ႕ကြၽန္မၾကားမွာ ကံၾကမၼာမရွိေတာ့႐ုံတင္ပါ ၊ ကံေကာင္းခ်င္ေတာ့ ေက်ာက္လ်န္တိရွိေနပါေသးရဲ႕။ ဒီလိုဆိုမွေတာ့ ကြၽန္မ ေသသြားခဲ့ရင္ လီခ်န္းရင္က အၾကာႀကီးဝမ္းနည္းေနေတာ့မွာမဟုတ္ဘူး ၊ တျဖည္းျဖည္းနဲ႕ ကြၽန္မကို ေမ့ေပ်ာက္ၿပီး ေကာင္းေကာင္းမြန္မြန္ရွင္သန္သြားေကာင္းပါရဲ႕ေလ။
ေရေတြက ကြၽန္မရဲ႕ႏွာေခါင္းထဲေရာ ပါးစပ္ထဲပါတိုးဝင္လာေတာ့ ကြၽန္မ ေခ်ာင္းဆိုးေရမႊန္းမိတာ ဘယ္ႀကိမ္မွန္းမသိ ၊ တျဖည္းျဖည္းနဲ႕ အသက္ရႉၾကပ္လာၿပီး ကြၽန္မ ေခါင္းေပၚက အလင္းေရာင္စေလးကလည္း ေဝးသထက္ေဝးရင္း ေရေအာက္ကို တစ္စစနဲ႕နစ္ျမႇုပ္သြားခဲ့တာမ်ား။
မ်က္ဝန္းတစ္စုံေရွ႕မွာ အရာအားလုံးက မည္းေမွာင္သြားခဲ့ၿပီးေတာ့ နားစည္နံေဘးမွာ ေလတိုးသံသဲ့သဲ့ေလးေတြ ၾကားလာရသလိုလိုနဲ႕။ အဲ့ဒီလူက ကြၽန္မကို ေပြ႕ဖက္ထားေပးရင္း ျဖည္းျဖည္းခ်င္း လိမ့္ဆင္းျပဳတ္က်လာခဲ့ၾကတာ....သူက ကြၽန္မကို ကယ္တင္ေပးတဲ့သူ....ကြၽန္မကို ေပြ႕ဖက္ထားရင္းနဲ႕ ေလထုလြင္ျပင္ႀကီးထဲမွာ တစ္ပတ္ၿပီးတစ္ပတ္....တစ္လွည့္ၿပီးတစ္လွည့္....ျဖည္းျဖည္းခ်င္း ေဝ့ပတ္ေနခဲ့တာ ၊ ေကာင္းကင္ႀကီးအျပည့္ အလွဆြဲထားတဲ့ၾကယ္ေလးေတြကလည္း မိုးေပါက္ေလးေတြလို က်လာေတာ့မလား....မိုးေကာင္းကင္တစ္ခြင္ ေျမျပင္တစ္ဆုံးမွာလည္း ကြၽန္မကိုသာ ေငးၾကည့္ေနတဲ့သူ႕မ်က္ဝန္းေတြကလြဲ ဘာမွမရွိ....အဲ့ဒီမ်က္ဝန္းေတြထဲမွာ ကြၽန္မတစ္ေယာက္တည္း....ကြၽန္မ မူးလာၿပီ....ကြၽန္မ မူးသြားေတာ့မယ္ ၊ သူ႕ရင္ခြင္ထဲမွာ ဒီလိုမ်ိဳးေပြ႕ဖက္ခံထားရင္းေပါ့ ၊ ဟုတ္တယ္....အဲ့ဒီလူပဲ....ကြၽန္မ ႏွစ္ႏွစ္ကာကာကိုခ်စ္ျမတ္နိုးရတဲ့သူ ၊ သူကလည္း ကြၽန္မကို ႏွစ္ႏွစ္ကာကာခ်စ္ျမတ္နိုးမွန္း ကြၽန္မသိတယ္ ၊ သူသာရွိေနရင္ ကြၽန္မရဲ႕စိတ္ႏွလုံးေတြ လုံၿခဳံေနရတယ္ေလ။
အိပ္မက္တစ္ခုတည္းကို တစ္ႀကိမ္ၿပီးတစ္ႀကိမ္ မက္ခဲ့ေပမယ့္ တကယ္တမ္း မေတြးမိတာကေတာ့ ကြၽန္မ ေရနစ္ၿပီးေသခါနီးမွာ ဘယ္သူမွ ကြၽန္မကို လာမကယ္တင္နိုင္တာပါပဲ။
ကြၽန္မ အိပ္မက္ထဲကသူရဲေကာင္းလား....ကြၽန္မကို လာမကယ္နိုင္ပါဘူး....
လီခ်န္းရင္လား....သူလည္း ကြၽန္မကို လာမကယ္နိုင္ပါဘူး....
ကြၽန္မက အေလးတုံးႀကီးတစ္ခုလိုမ်ိဳး ဟိုယိမ္းဒီယိမ္းနဲ႕ ေတာက္ေလွ်ာက္ကိုနစ္သြားခဲ့တာ....ဘယ္ေလာက္ေတာင္ ၾကာသြားခဲ့မွန္းမသိ။ ႏွစ္ေတြအၾကာႀကီး ၾကာသြားခဲ့တာနဲ႕လည္းတူလြန္းလွသလို အခုေလးတင္မွ အိပ္မက္ကနိုးလာတာနဲ႕လည္း တူေနျပန္ေရာ။ ရင္ဘတ္ထဲမွာတင္းဆို႔ေနတဲ့ခံစားခ်က္ႀကီးကို မခံနိုင္ေတာ့ဘဲအဆုံးမွာ ပါးစပ္ကိုဖြင့္ဟၿပီး ေရေတြအန္ထုတ္ပစ္မိလိုက္ေတာ့တာပဲ။
ကြၽန္မ ေရေတြ ဘယ္ေလာက္ေတာင္မွမ်ိဳခ်မိထားတာလဲ....အန္ထုတ္ရလြန္းလို႔ ရင္ဘတ္ေတြေတာင္နာတယ္။
အစာအိမ္ထဲရွိသမွ်ေရေတြအားလုံး အန္ထုတ္ၿပီးတဲ့အခါမွာေတာ့ ကြၽန္မ အဲ့ဒီေနရာမွာပဲ မိန္းၿပီးလွဲေနလိုက္တယ္။ တဖ်က္ဖ်က္ေတာက္ပေနတဲ့ေနမင္းႀကီးက အလင္းေရာင္းစူးလြန္းလို႔ မ်က္လုံးေတာင္မဖြင့္နိုင္ ၊ အၾကည့္လႊဲဖို႔ႀကိဳးစားရင္း ေဘးဘီဝဲရာကိုၾကည့္မိေတာ့ ကြၽန္မေဘးမွာက ေက်ာက္သားေျမပုံႀကီးေတြ။
လုပ္ႀကံသမားရဲ႕ဝတ္႐ုံစြန္းကလည္း မလွမ္းမကမ္းမွာ။ အို႔....လက္စသတ္ေတာ့ ကြၽန္မ ေရနစ္သြားေပမယ့္ မေသေသးဘဲရွိေနတာကိုး ၊ အဲ့ဒီလုပ္ႀကံသမားရဲ႕လက္ထဲမွာ ဓါးစာခံအျဖစ္ရွိေနေသးတုန္း။
ကြၽန္မမွာ ခြန္အားတစိုးတစိေလးမွကိုမက်န္ေတာ့တဲ့အျပင္ စကားေျပာဖို႔႐ြယ္လိုက္တိုင္း ပါးစပ္ထဲကေန ေရေတြခ်ည္းထြက္လာတာ ၊ ဒါေပမယ့္ အဲ့ဒီၾကားကေနပဲ အားတင္းၿပီးေဖ်ာ့ေတာ့ေတာ့ေလး စကားဆိုလိုက္တယ္ ;
"သတ္မွာဆိုရင္လည္း သတ္လိုက္ေတာ့"
လုပ္ႀကံသမားက စကားတစ္ခြန္းမွမေျပာလာဘဲ ဓါးအိမ္နဲ႕ကြၽန္မကိုေခါင္းကို ေဘးေစာင္းေပးလာတယ္။ ေခါင္းေစာင္းသြားတာနဲ႕တၿပိဳင္နက္ ကြၽန္မ အဆက္မျပတ္ကို ေရေတြအန္ေတာ့တာ....အန္ထုတ္ရင္း အန္ထုတ္ရင္းနဲ႕ ေနာက္ဆုံး ေလေတြပဲထြက္လာေတာ့တဲ့အခါက်မွပဲ မ်က္လုံးေတြမွိတ္ခ်လိဳက္နိုင္ေတာ့တယ္။
တစ္မွိတ္တြင္းခ်င္း အိပ္ေပ်ာ္သြားခဲ့ေတာ့တာေပါ့။
အိပ္မက္ထဲမွာ အေရွ႕နန္းေဆာင္ကို ေရာက္ေနတာထင္တယ္။ ကြၽန္မနဲ႕လီခ်န္းရင္က စကားမ်ားရန္ျဖစ္ေနၾကတာ ၊ လီခ်န္းရင္ သူ႕ရဲ႕ေက်ာက္လ်န္တိကိုကာကြယ္ေပးရင္း ကြၽန္မကလည္း ခက္ခက္ထန္ထန္နဲ႕ကိုရန္ေတြ႕ေနတာ။
လီခ်န္းရင္ ;
"မင္းစိတ္ထဲမွာ ဖခမည္းေတာ္ ကယ္ေပးလိုက္တာနဲ႕ပဲ ငါက မင္းကို ေက်းဇူးတင္ေနမယ္ထင္သလား ၊ ငါ့ဘက္က မင္းအေပၚကို ေက်းဇူးေႂကြးတင္သြားၿပီလို႔လည္း မွတ္မေနနဲ႕!"
ကြၽန္မ ေဒါသထြက္လြန္းလို႔ ေသြးအန္လုမတတ္ပဲ။ ကြၽန္မဘက္ကလည္း ရွင္ ကြၽန္မအေပၚ အေႂကြးတင္ေနတာမ်ိဳးကို မလိုခ်င္ပါဘူးလို႔....အရင္တစ္ေခါက္ ရွင္ ကြၽန္မကို လုပ္ႀကံသမားလက္ထဲကေန ကာကြယ္ေပးခဲ့တဲ့ ဓါးတစ္ခ်က္စာအတြက္ ဓါးတစ္ခ်က္စာခ်င္း ျပန္ေပးေခ်႐ုံသက္သက္ပဲလို႔ ေျပာလိုက္တာေပါ့။ ပါးစပ္က ဒီလိုစကားဆိုေပမယ့္ စိတ္ထဲမွာေတာ့ ဝမ္းနည္းလြန္းလို႔ မ်က္ရည္ေတာင္က်မိတယ္။ ကြၽန္မ မ်က္ရည္က်ေနတာမ်ိဳး သူ႕ကိုမျမင္မေတြ႕ေစခ်င္လို႔ဆိုၿပီး အေမႊးနံ႕သာအိုးႀကီးေပၚကို ေမွာက္ခ်ပစ္လိုက္ေတာ့တယ္။ အေမႊးနံ႕သာအိုးႀကီးက သိပ္ပူတာ ၊ တစ္ခဏေလး ေမွာက္ထား႐ုံနဲ႕တင္ကို ကြၽန္မ အသားေတြ မီးတိုက္သလိုပူေလာင္ၿပီး အရိုးေတြထဲကကို ေနရခက္လာခဲ့တယ္။
မ်က္လုံးေတြပင့္ၾကည့္လိုက္ေတာ့ မ်က္ခြံေတြက မို႔အစ္ထားသလိုလို ၊ ကြၽန္မရဲ႕မ်က္ႏွာက တကယ္ကိုပူေလာင္ေနေပမယ့္ ခႏၶာကိုယ္ကေတာ့ တစိမ့္စိမ့္နဲ႕ေအးေနခဲ့တာ ၊ ေအးလြန္းလို႔ သြားေတြေတာင္ တဆစ္ဆစ္တုန္လို႔။ အျပင္မွာ ႏွင္းက်ေနလို႔လား။ ကြၽန္မက အားတုကိုေမးေတာ့ အားတုက ကြၽန္မရဲ႕ျမင္းနီေလးကို ဆြဲေခၚလာဖို႔ျပင္ပါေရာ ၊ ခမည္းေတာ္ မရွိတဲ့အခ်ိန္မ်ိဳးဆို ကြၽန္မတို႔က တိတ္တိတ္ေလး ျမင္းစီးထြက္ၾကတာေလ။ ႏွင္းဖြဲဖြဲေတြထဲမွာ ျမင္းစီးရတာက ဘယ္ေလာက္ေတာင္ ေပ်ာ္စရာေကာင္းလိုက္သလဲ။ ႏွာေခါင္းထိပ္ေလး ခပ္နီနီ ၊ သဲေသာင္ျပင္ႀကီးဟာလည္း ႏွင္းေတြဖုံးလို႔ ၊ ျမက္ပင္ရဲ႕အျမစ္ဖ်ားေတြဆိုတာ မည္းမည္းေကြးေကြးနဲ႕ ခမည္းေတာ္ရဲ႕မႈတ္ဆိတ္ေမႊးႀကီးအတိုင္းပဲ။ ကြၽန္မ ႏွင္းထဲမွာ ေလွ်ာက္ေျပးေနတာကိုမ်ားျမင္ရင္ ခမည္းေတာ္က ေသခ်ာေပါက္ ဆူေတာ့မွာ။
လီခ်န္းရင္က ကြၽန္မရဲ႕ျမင္းနီေလးကို မျမင္ဖူးေတာ့ ဘယ္ေလာက္အေျပးျမန္မွန္းလည္း သူ သိမွာမဟုတ္ ၊ ေနပါဦး....လီခ်န္းရင္ကျဖင့္ ကြၽန္မအေပၚလည္းမေကာင္းဘဲနဲ႕ ဘာျဖစ္လို႔ သူ႕ကိုပဲ အၿမဲသတိရေနမိတာလဲ ၊ စိတ္ထဲမွာ ခ်ဥ္စူးစူးျဖစ္လာရင္းနဲ႕....မဟုတ္ဘူး သူက ကြၽန္မအေပၚ မေကာင္းတာမ်ိဳးမဟုတ္ဘူး....ကြၽန္မကသာ သူ႕မ်က္လုံးထဲမွာရွိေနမယ့္တစ္ေယာက္တည္းေသာသူကို ကြၽန္မ ျဖစ္ေနေစခ်င္ခဲ့တာ....သူ႕မွာ ေက်ာက္လ်န္တိ ရွိေနပါရက္နဲ႕ေပါ့။
လီခ်န္းရင္ ျမားတံကိုခ်ိဳးၿပီး ကြၽန္မရဲ႕နာမည္ "ေရွာင္ဖုန္း..."ကို နင့္နင့္နဲနဲ ေခၚခဲ့ဖူးတာပဲေလ။ အကယ္၍ ကြၽန္မသာ အသက္ရွင္လ်က္ျပန္မသြားနိုင္ရင္ သူ ေသခ်ာေပါက္ဝမ္းနည္းေနေတာ့မွာ ၊ ဘယ္ေလာက္ၾကာၾကာ ဝမ္းနည္းေနလိမ့္မလဲေတာ့ မသိဘူးေပါ့။
ကြၽန္မ အားယူၿပီးမ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ ျမစ္ကမ္းေဘးက ျမက္ခင္းပုံေပၚမွာမဟုတ္ေတာ့မွန္း ျမင္လိုက္ရၿပီး အဲ့ဒီအစား အျပင္ဘက္ကေန လေရာင္ျခည္လင္းထိန္တိုးေဝ့ေနတဲ့ အခန္းငယ္ေလးတစ္ခုထဲ ေရာက္ေနေလတယ္။ လေရာင္ျခည္ထိန္ထိန္လင္းေနေတာ့ အခန္းထဲမွာ သိပ္မေမွာင္လွဘူး။ ဒီေန႕ခ်ိန္ခါက 'ရွန့္ယြမ္'ပြဲေတာ္ေန႕မလား....'ဆယ္'မိုင္လုံးလုံး မီးပုံးေတြ ၊ ေမွ်ာ္စင္ႀကီး'ကိုး'ခုလုံးလုံး ထိန္ထိန္လင္း ၊ 'ရွစ္'မ်က္ႏွာတစ္ခြင္ မီးရႉးမီးပန္းေတြ ၊ 'ခုႏွစ္'စင္ၾကယ္ေက်ာင္းေတာ္ႀကီးေအာက္ ၊ အလုပ္႐ုံ'ေျခာက္'ဆိုရင္ျဖင့္ တိုးမေပါက္ေပါ့ ၊ ဘုရားေက်ာင္းေတာ္ႀကီး 'ငါး'ေက်ာင္းရဲ႕ေခါင္းေလာင္းသံညံညံ ၊ ေလးဖက္ေလးလံ ၿမိဳ႕ရိုးတံခါးႀကီး 'ေလး'ခ်ပ္ဆိုတာ ဟင္းလင္းဖြင့္လို႔ ၊ ေတာင္ႀကီး 'သုံး'စင္းလုံး အေပ်ာ္ေတြကူးစက္ၾကတဲ့အျပင္ ၊ 'ႏွစ္'ဦးႏွစ္ဖက္ သြားအတူလာအတူ ၊ 'တစ္'ေလာကလုံး ေအးခ်မ္းလို႔ေပါ့.... ; ဒါက 'ရွန့္က်င္း'ၿမိဳ႕ေတာ္က 'ရွန့္ယြမ္'ပြဲေတာ္အေၾကာင္း ဖြဲ႕ႏြဲ႕ထားတာေလ....အခုခ်ိန္မွာေတာ့ ပြဲေတာ္ႀကီးကေပးမယ့္ စိတ္လႈပ္ရွားမႈေတြကို မဖမ္းဆုတ္နိုင္ေတာ့ေပါ့....
ကြၽန္မတစ္ကိုယ္လုံး ေအးစိမ့္ၿပီးတသိမ့္သိမ့္တုန္လာေတာ့မွ ခႏၶာကိုယ္ေပၚမွာ သိုးေမြးဝတ္႐ုံခ်ပ္ႀကီးကို သတိထားမိတယ္။ သာမန္သိုးေမြးဝတ္႐ုံဆိုေပမယ့္ သားေရခ်ပ္ကႏူးညံ့ေနေတာ့ ေတာ္ေတာ္ေလးကိုႏြေးတယ္။ ဒါေပမယ့္ ကိုယ္ကိုယ္တိုင္ အဖ်ားရွိေနမွန္းခံစားမိလိုက္တဲ့ေနာက္မွာေတာ့ သိုးေမြးဝတ္႐ုံထည္ႀကီးၿခဳံထားရတာေတာင္မွ တသိမ့္သိမ့္တုန္ယင္ေနေတာ့တာပါပဲ။
မ်က္လုံးေတြ အေမွာင္နဲ႕အသားက်လာတဲ့အမွ် အခန္းငယ္ထဲမွာ ပုံးေတြ ျခင္းေတြ ေလွာင္အိမ္ေတြထားထားတာကို ျမင္လာရေတာ့ ၾကည့္ရတာ စတိုခန္းမ်ိဳးျဖစ္မယ့္ပုံ။ လုပ္ႀကံသမားက မလွမ္းမကမ္းမွာထိုင္ေနၿပီး ကြၽန္မ ေျဖးေျဖးခ်င္းထလာတာကိုျမင္ေတာ့ ကြၽန္မ လက္ထဲကို ပန္းကန္လုံးတစ္လုံးထည့္ေပးလာတယ္။ ပန္းကန္လုံးက ပူႏြေးႏြေးေလးရွိဆဲ။
"ဂ်င္းျပဳတ္ရည္"
လုပ္ႀကံသမားရဲ႕စကားသံက တမ်ိဳးတမည္ေတာ့ ထူးျခားေနဆဲ။ ကြၽန္မကိုယ္တိုင္မွာေတာ့ အင္အားခ်ိနဲ႕လြန္းလို႔ ျခင္တစ္ေကာင္လိုေတာင္ အသံမထြက္နိုင္ ;
"ကြၽန္မ......."
ကြၽန္မ ဒီခြက္ကို မပင့္နိုင္ဘူး။
တစ္ခါက ကြၽန္မ ဖ်ားနာတုန္းကဆိုရင္ အဖ်ားဒဏ္ေၾကာင့္ ေသလုေမ်ာပါးပဲ။ အခုလည္း ထပ္ၿပီး ေနမေကာင္းျဖစ္ျပန္ၿပီ။ ကြၽန္မကေလ မျဖစ္ဘူးဆိုရင္လည္း မျဖစ္ဘူး....ဖ်ားလိုက္ၿပီဆိုရင္လည္း အသည္းအသန္။ ႏွစ္ႀကိမ္တိတိႀကိဳးစားၾကည့္ေပမယ့္ လက္ေကာက္ဝတ္ႏွစ္ဖက္လုံးက ပန္းကန္လုံးေလးတစ္လုံး မ,ယူဖို႔ေတာင္ နာေနခဲ့တာ။
ကြၽန္မ ဘာမွလည္းမေတြးမိသလို လုပ္ႀကံသမားက ဘာအတြက္ေၾကာင့္ ကြၽန္မကို ဂ်င္းျပဳတ္ရည္ လုပ္ေပးမွန္း ၊ ဘယ္ေနရာကိုေရာက္ေနမွန္းလည္း မေတြးခ်င္ေတာ့ဘူး။ အနည္းဆုံးေတာ့ ဒီေနရာက ေလကြယ္ရာအရပ္မ်ိဳးမလို႔ ျမစ္ကမ္းေဘးမွာထက္စာရင္ အမ်ားႀကီးႏြေးေထြးတယ္ေလ။
လုပ္ႀကံသမားက အနားကိုေလွ်ာက္လာၿပီး ဂ်င္းျပဳတ္ရည္ပန္းကန္လုံးကိုယူလို႔ တစ္ဖက္ကလည္း ကြၽန္မကို အသာေလးပင့္ထူေပးလာတယ္။ လည္ပင္းတစ္ခုလုံးေျခာက္ကပ္ေနေပမယ့္ ကြၽန္မ ဘာကိုမွဂ႐ုမစိုက္ေတာ့ဘဲ ဂ်င္းျပဳတ္ရည္ပန္းကန္လုံးကို ပင့္ၿပီး တစ္က်ိဳက္တည္းေမာ့ေသာက္ပစ္လိုက္တယ္။ စြပ္ျပဳတ္ရည္က အေတာ္ေလးစပ္တဲ့အျပင္ ေသာက္လိုက္ၿပီးတဲ့ေနာက္မွာ ခႏၶာကိုယ္တစ္ခုလုံးပူတက္ၿပီး ႐ုတ္တရက္ႀကီး ေခ်ာင္းဆိုးေတာ့တာရယ္။ ကြၽန္မရဲ႕မ်က္ႏွာဆိုရင္ ေခ်ာင္းဆိုးလြန္းလို႔ နီရဲလာၿပီး ပန္းကန္လုံးကိုလည္း ေသခ်ာမကိုင္နိုင္ေတာ့ဘူး။ ကြၽန္မရဲ႕အေျခအေနကိုျမင္ေတာ့ လုပ္ႀကံသမားက ပန္းကန္လုံးကို လွမ္းယူၿပီး ေက်ာျပင္ကိုလည္းပုတ္ေပးလာတယ္။
ဒီအေနအထားမွာ ကြၽန္မ အသက္ကိုျဖည္းျဖည္းခ်င္းရႉရင္း ႐ုတ္တရက္လက္ျမႇောက္လို႔ သူ႕မ်က္ႏွာထက္မွာစည္းထားတဲ့ မ်က္ႏွာဖုံးစည္းကို ဆတ္ခနဲဆြဲျဖဳတ္ပစ္လိုက္ေတာ့တယ္။
အစက ေတြးထားမိတာက အကယ္၍ သူ႕ရဲ႕အရည္အခ်င္းသာဆိုရင္ သူ ေရွာင္ဖို႔ႀကိဳးစားလိုက္တာနဲ႕ ခ်က္ခ်င္းေရွာင္နိုင္သြားမွာ။ သူသာ ေရွာင္လိုက္ရင္ ကြၽန္မရဲ႕ေခါင္းက အေနာက္ကပုံးေတြနဲ႕ ေသခ်ာေပါက္တိုက္မိမွာပဲ။ ကြၽန္မရဲ႕ အေတြးအစစ္အမွန္က လုပ္ႀကံသမားက ေသခ်ာေပါက္ေရွာင္ထြက္မွာျဖစ္ၿပီးေတာ့ ကြၽန္မက ပန္းကန္လုံးကိုခ်ခြဲၿပီး ေႂကြထည္အပိုင္းအစေလးရနိုးနိုး ယူထားလိုက္မွာျဖစ္တယ္။ မထင္မွတ္ထားတဲ့အတိုင္းေပါ့....သူက လက္လည္းမလႊတ္ ေရွာင္လည္းမေရွာင္လိုက္ေတာ့ သူ႕မ်က္ႏွာဖုံးစည္းစကို ဆြဲခြၽတ္မိလိုက္ေရာ။
ကြၽန္မ သူ႕ကိုေၾကာင္အမ္းၿပီးၾကည့္ေနမိတယ္။ လေရာင္ျခည္က ျပတင္းေပါက္ေလးကေန တိုးဝင္လာတယ္ပဲဆိုဆို ၊ သူ႕ကိုေတာ့ ကြၽန္မ ရင္းႏွီးေသးတယ္။
ကုက်န့္!
ဘယ္လိုလုပ္ၿပီး သူ ျဖစ္ေနရတာလဲ။
တစ္ကိုယ္လုံးကေသြးေတြ ကြၽန္မရဲ႕ငယ္ထိပ္ကို ေဆာင့္တက္လာတဲ့အတိုင္း ကြၽန္မ ေမးလိုက္မိတယ္ ;
"ဘာလို႔လဲ"
သူက စကားတစ္ခြန္းမွျပန္မေျဖဘဲ ပန္းကန္လုံးကိုသာ ေအာက္ခ်ထားလိုက္တယ္။
ကြၽန္မ ထပ္ၿပီးေမးမိတယ္ ;
"ဘာလို႔လဲ"
ဘာလို႔ သူ ျဖစ္ေနရတာလဲ။ ဘာျဖစ္လို႔ သူက အရွင္မင္းႀကီးကို လုပ္ႀကံရတာလဲ။ ဘာျဖစ္လို႔ လူေတြအမ်ားႀကီးသတ္ဖို႔ေတာင္ ဝန္မေလးရတာလဲ။ ဘာျဖစ္လို႔ ကြၽန္မကို ဓါးစာခံအျဖစ္ ေခၚလာရတာလဲ။ ဘာျဖစ္လို႔လဲ။ ဒါေတြအားလုံးက ဘာေၾကာင့္လဲ။
ကြၽန္မ တကယ္ကို ဥာဏ္တိမ္တာပဲ။ ေလာကႀကီးထဲမွာ ကိုယ္ခံပညာထိပ္သီးအဆင့္မ်ိဳးက ဘယ္ႏွေယာက္ရွိနိုင္မွာမလို႔လဲ။ ဘာျဖစ္လို႔မ်ား ဒီလုပ္ႀကံသမားလို ထူးထူးဆန္းဆန္း ထိပ္သီးလက္ရည္သိုင္းသမားမ်ိဳး....ဒီလိုလက္ရည္မ်ိဳးက ေလာကႀကီးထဲမွာ ပုံစံတူဘယ္ႏွေယာက္ရွိမွာမလို႔လဲ။
ကြၽန္မကျဖင့္ တုံးတုံးအအနဲ႕ေတာင္ ျမားထိပ္ဖူးကိရိယာကိုလႊတ္ၿပီး ကုက်န့္ လာကယ္ဖို႔ကို ေမွ်ာ္လင့္မိေနေသးတယ္။
အားတုက ေသမွန္းရွင္မွန္းမသိ ၊ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ျဖစ္တဲ့ ကုက်န့္က ကြၽန္မကို လာကယ္ေပးလိမ့္မယ္လို႔ ေတြးထားခဲ့တာတဲ့....
ဘာလို႔လဲ.....
ကုက်န့္က ခပ္ေပါ့ေပါ့ပုံစံမ်ိဳးနဲ႕ ျပန္ေျဖလာတယ္ ;
"ဘာလို႔မွမဟုတ္ဘူး"
"ရွင္ လူေတြဒီေလာက္အမ်ားႀကီးသတ္ခဲ့တာေလ!"
ကြၽန္မ စူးစူးရဲရဲကိုစကားဆိုပစ္လိုက္တယ္ ;
"ရွင္ တကယ္ပဲ ဘာလုပ္ဖို႔ႀကိဳးစားေနတာလဲ ၊ ဘာျဖစ္လို႔ အရွင္မင္းႀကီးကို ဓါးစာခံအျဖစ္ေခၚရတာလဲ"
ကုက်န့္တစ္ေယာက္ ေကာက္ခါငင္ခါ မတ္တပ္ထရပ္လိုက္ေပမယ့္ ျပတင္းေပါက္ကေနတိုးဝင္လာတဲ့လေရာင္က သူ႕ပုခုံးေပၚျဖာက်ေနဆဲေပါ့။ ဒီလူက ခပ္ေပါ့ေပါ့ေလသံမ်ိဳးနဲ႕ပဲ ထပ္ၿပီးစကားဆိုလာတယ္ ;
"ကြၽန္ေတာ့္ဘာသာ သတ္ခ်င္ရင္သတ္မယ္ မသတ္ခ်င္မသတ္ဘူး ၊ ဒီလုပ္ရပ္ေၾကာင့္ မင္း စိတ္မေက်မနပ္ျဖစ္သြားလည္း ကြၽန္ေတာ့္မွာ ဘာမွေျပာျပေနစရာစကားမရွိဘူး"
"ရွင္ အားတုကိုေရာ ဘာလုပ္လိုက္ၿပီလဲ"
ကြၽန္မ သူ႕ဝတ္႐ုံစကို တင္းတင္းဆုတ္ဆြဲၿပီးေတာ့ စကားဆိုလိုက္တယ္ ;
"ရွင္ အားတုကိုသာ ထိခိုက္ေအာင္လုပ္ခဲ့ရင္ ကြၽန္မ ေသခ်ာေပါက္ သူ႕အတြက္လက္စားျပန္ေခ်မွာ"
ကုက်န့္က ဆိုတယ္ ;
"ကြၽန္ေတာ္ အားတုကို မသတ္ဘူး ၊ ယုံတာမယုံတာကေတာ့ မင္းအပိုင္း"
ကြၽန္မ သက္ျပင္းသဲ့သဲ့ခ်မိရင္း ေလသံကိုတိုးဖ်လိဳ႕ စကားဆက္ဆိုလိုက္ေတာ့တယ္ ;
"ဒါဆိုလည္း ကြၽန္မကို ျပန္လႊတ္ေပးလိုက္ပါေတာ့ ၊ အျခားသူေတြကို ဘာမွမေျပာျပဘူးလို႔ အာမခံပါတယ္....ကြၽန္မဘာသာလြတ္လာတဲ့ပုံစံမ်ိဳး ဟန္ေဆာင္ေပးမယ္"
ကုက်န့္က ႐ုတ္တရက္ၿပဳံးလိုက္ၿပီးေတာ့ ကြၽန္မထံ စကားဆိုလာခဲ့တယ္ ;
"ေရွာင္ဖုန္း....ဘာျဖစ္လို႔လဲ"
ကြၽန္မလည္း ေၾကာင္အမ္းသလိုျဖစ္ရင္းနဲ႕ ;
"ဘာကို ဘာျဖစ္ရမွာလဲ"
"မင္း ဘာျဖစ္လို႔ လီခ်န္းရင္အေပၚ အရမ္းေကာင္းေပးေနရတာလဲ ၊ သူက ဘာေတြမ်ား အဲ့ေလာက္ထိေကာင္းမြန္ေနလို႔လဲ ၊ အဲ့ဒီတစ္ေယာက္....အဲ့ဒီတစ္ေယာက္က မင္းကို အစကတည္းက အသုံးခ်ေနခဲ့တာ ၊ အခုဆိုရင္ပဲၾကည့္ေလ....မိန္းမေတြတစ္ေယာက္ၿပီးတစ္ေယာက္ယူတယ္ ၊ အဲ့ဒီမိန္းမေတြ အနိုင္က်င့္တာကိုလည္း မင္း အၿမဲတမ္းခံရတယ္ ၊ သူကိုယ္တိုင္ေတာင္မွ မင္းကို အနိုင္က်င့္တယ္မလား ၊ ေနာင္တစ္ခ်ိန္ သူ ဧကရာဇ္တစ္ပါးျဖစ္လာရင္ မိန္းမေတြက ဒီထက္ေတာင္မ်ားလာဦးမယ္ ၊ အဲ့အခ်ိန္က်ရင္ မင္းကို အနိုင္က်င့္မယ့္လူေတြက ဒီထက္မ်ားလာဦးမွာ ၊ မင္း ဘာျဖစ္လို႔မ်ား လီခ်န္းရင္အေပၚ အရမ္းေကာင္းေပးေနရတာလဲ ၊ 'ရွီးလ်န္' ေဒသအတြက္ေၾကာင့္ မင္း တစ္ဘဝလုံးစာ ေပ်ာ္႐ႊင္မႈေတြအားလုံးကို စေတးၿပီး အဲ့ဒီေအးစက္တိတ္ဆိတ္ေနတဲ့နန္းေတာ္ထဲမွာ ေနသြားေတာ့မွာလား"
ကြၽန္မ အံ့အားသင့္သလိုျဖစ္သြားရင္း ျပန္ေျဖမိလိုက္တယ္ ;
" 'ရွီးလ်န္' က 'ရွီးလ်န္' ဆိုေပမယ့္ ကြၽန္မက သူ႕ကို လက္ဆက္ႏွင့္ၿပီးသားသူပါ ၊ ထပ္ေျပာရရင္ သူကလည္း ကြၽန္မအေပၚဆက္ဆံတာ အဲ့ေလာက္ႀကီးထိ မလြန္ပါဘူး...."
"သူက မင္းအေပၚကို ဘယ္လိုမ်ား မလြန္ခဲ့တာလဲ ၊ သူ အရင္တုန္းကတည္းက တစ္ခ်ိန္လုံး မင္းကို အသုံးခ်ေနတာ ၊ သူ ဘာေတြေတြးေနလဲဆိုတာေရာ မင္း သိလို႔လား ၊ သူ ဘယ္လိုေတြအကြက္ခ်စီစဥ္ေနတယ္ဆိုရင္ေရာ မင္း သိထားသလား ၊ ေရွာင္ဖုန္း....မင္း အနိုင္မရနိုင္ဘူး....မင္း အဲ့ဒီမိန္းမေတြကို အနိုင္မယူနိုင္ဘူး....လီခ်န္းရင္ကို ပိုလို႔ေတာင္ အနိုင္မယူနိုင္ဘူး ၊ အခုခ်ိန္မွာ သူတို႔ေတြက 'ရွီးလ်န္'ေဒသနဲ႕ပတ္သတ္စရာေလးေတြရွိေနေသးလို႔....ေနာင္တစ္ခ်ိန္ေရာက္လို႔ 'ရွီးလ်န္'ေဒသက အလယ္ပိုင္း'က်ဳံးယြမ္'အတြက္ အသုံးမလိုေတာ့ရင္ မင္း လုံးဝကို အနိုင္ယူနိုင္ေတာ့မွာမဟုတ္ဘူး"
ကြၽန္မ သက္ျပင္းခ်ရင္း စကားဆိုလိုက္တယ္ ;
"ကြၽန္မမွာေတာ့ အဲ့ေလာက္ႀကီးထိ ေတြးထားတာမ်ိဳးေတြမရွိဘူး ၊ ဒါေပမယ့္ လီခ်န္းရင္က ကြၽန္မရဲ႕ခင္ပြန္းသည္ျဖစ္တဲ့အတြက္ ကြၽန္မကေတာ့ ခင္ပြန္းသည္ကို သစၥာမေဖာက္နိုင္ဘူး"
ကုက်န့္ ခနဲ႕တဲ့တဲ့ရယ္ရင္းနဲ႕ ;
"ဒါဆို အကယ္၍ လီခ်န္းရင္က မင္းကို သစၥာေဖာက္ခဲ့တယ္ရင္ေရာ"
ကြၽန္မ ခပ္ျပတ္ျပတ္ပဲေျဖလိုက္တယ္ ;
"မျဖစ္နိုင္တာ"
ပထမဆုံးတစ္ႀကိမ္ လုပ္ႀကံသမားနဲ႕ထိပ္တိုက္ဆုံတုန္းက သူ ကြၽန္မကို တြန္းထုတ္ပစ္ေပးခဲ့တယ္ ၊ ဒုတိယတစ္ႀကိမ္ 'မင္ရယြီဖန္' မွာတုန္းကလည္း သူက ကြၽန္မရဲ႕ေရွ႕မွာ ပိတ္ရပ္ေနေပးခဲ့တယ္။ အႏၱရာယ္ႀကဳံလာတဲ့အခ်ိန္တိုင္းမွာ သူကိုယ္တိုင္ပဲ အႏၱရာယ္ၾကားထဲ တိုးဝင္ေပးခဲ့တာ ၊ လီခ်န္းရင္က ကြၽန္မကို သစၥာေဖာက္မွာမဟုတ္္ဘူး။
ကုက်န့္က ခနဲ႕သလိုထပ္ရယ္ရင္း စကားဆိုလာျပန္တယ္ ;
"ဒီေလာကႀကီးေရွ႕ေမွာက္ထားရင္း မင္းကိုယ္မင္း ဘာလို႔မ်ား ထင္မွတ္ေနတာလဲ....လူတစ္ေယာက္က ဧကရာဇ္တစ္ပါးအျဖစ္ ေနရာယူခ်င္တယ္ဆိုရင္ ႏွလုံးသားက မာေက်ာၿပီးေအးစက္ဖို႔လိုကိုလိုတယ္ ၊ အျခားဟာေတြ မေျပာေသးဘူး....ကြၽန္ေတာ္ အခု မင္းကို ဓါးစာခံအျဖစ္ေခၚထားတဲ့အခ်ိန္မွာ လီခ်န္းရင္က မင္းကို လာကယ္လိမ့္မယ္လို႔မ်ား ေမွ်ာ္လင့္ေနတာလား ၊ မင္းကို ကယ္ဖို႔ အသည္းအသန္ႀကိဳးစားေနလိမ့္မယ္လို႔မ်ား ထင္သလား ၊ ဒီေန႕က 'ရွန့္ယြမ္'ပြဲေတာ္ ဟုတ္တယ္ေနာ္....မလိုမုန္းတီးတာေတြ ဖယ္ရွားၿပီး သာမန္ျပည္သူေတြ မီးပုံးအလွေတြ ရႉစားၾကဖို႔အတြက္ 'ရွန့္က်င္း'ၿမိဳ႕ေတာ္ရဲ႕ ဂိတ္တံခါးကိုးခုလုံးကို လြတ္လြတ္လပ္လပ္ဖြင့္ေပးထားတဲ့အျပင္ အဝင္အထြက္လုပ္ေနၾကတဲ့လူေတြလည္း နည္းတာမဟုတ္ဘူး ၊ မင္းက ဘာတဲ့လဲ....'မင္း' ဆိုတာက လီမိသားစုသားအဖအတြက္ ဒီမီးပုံးပြဲေတာ္ကို လ်စ္လ်ဴရႉေပးလိုက္ဖို႔ေတာင္မတန္တဲ့ ျဖစ္တည္မႈ....သူတို႔ေတြအားလုံးက 'ခ်န္ထ်န္း'ဂိတ္တံခါးေပၚမွာ ျပည္သူေတြနဲ႕အတူ ေပ်ာ္ပြဲ႐ႊင္ပြဲႏႊဲေနမွာမလို႔ မင္း ေသသလား ရွင္သလားေတာင္ ဂ႐ုမစိုက္အားဘူး ၊ အကယ္၍ ကြၽန္ေတာ္သာ တကယ့္လုပ္ႀကံသမားတစ္ေယာက္ဆိုရင္ မင္းကို တစ္ခ်က္တည္းသတ္ပစ္ၿပီး တစ္ညတည္းနဲ႕တင္ 'ရွန့္က်င္း'ကေနထြက္သြားလို႔ရတယ္ ၊ ေနာက္ထပ္ ရွစ္ရက္ဆယ္ရက္ၾကာေလာက္ေတာ့မွ 'ယြီလင္'တပ္က ဒီေနရာကိုေရာက္လာၿပီး မင္းရဲ႕အေလာင္းကိုေတြ႕မယ္....လီခ်န္းရင္ကေတာ့ သုံးေလးႀကိမ္ေလာက္ ဟန္ေဆာင္ငိုျပၿပီးရင္ သူ႕ရဲ႕ေက်ာက္လ်န္တိကို အိမ္ေရွ႕စံမိဖုရားေနရာ ေပးလိုက္႐ုံပဲ ၊ မင္းကို ဘယ္သူက မွတ္မိေနမွာတဲ့လဲ....လီခ်န္းရင္က မင္းကို မွတ္မိေပးေနလိမ့္မယ္မ်ား ေမွ်ာ္လင့္ထားတာလား"
ကြၽန္မ ေခါင္းငုံ႕ထားမိၿပီး စကားတစ္ခြန္းမွေတာင္မဆိုနိုင္ေတာ့ဘူး။
ကုက်န့္က ကြၽန္မရဲ႕လက္ကို ဆြဲကိုင္ၿပီးေတာ့ ;
"သြားရေအာင္ ေရွာင္ဖုန္း....ကြၽန္ေတာ္နဲ႕ လိုက္ခဲ့ပါ ၊ ကြၽန္ေတာ္တို႔ ဒီေနရာကေနထြက္သြားရေအာင္....ဒီလွ်ို႔ဝွက္ခ်က္ေတြမ်ားလြန္းတဲ့ေနရာရဲ႕အေဝး....ဟိုးအျပင္ဘက္မွာ ကြၽန္ေတာ္တို႔ ျမင္းေတြသိုးေတြေက်ာင္းဖို႔ အတူတူထြက္သြားရေအာင္...."
ကြၽန္မ သူ႕လက္ကိုျဖဳတ္ခ်ၿပီး စကားဆိုလိုက္တယ္ ;
"လီခ်န္းရင္ ကြၽန္မအေပၚ ေကာင္းသည္ျဖစ္ေစ ဆိုးသည္ျဖစ္ေစ ဒီလမ္းက ကြၽန္မကိုယ္တိုင္ ေ႐ြးခ်ယ္တဲ့လမ္းပါ ၊ ၿပီးေတာ့ ခမည္းေတာ္က 'ရွီးလ်န္'အတြက္ေ႐ြးခ်ယ္လိုက္တဲ့လမ္းဆိုလည္း မမွားဘူး ၊ ကြၽန္မ လမ္းတစ္ဝက္ေရာက္မွ ေနာက္ဆုတ္လို႔မရသလို 'ရွီးလ်န္'အတြက္လည္းမရဘူး...."
ကြၽန္မ ကုက်န့္ကိုေမာ့ၾကည့္ရင္းနဲ႕ ;
"ရွင္ ကြၽန္မကို သြားခြင့္ေပးလိုက္ပါ"
ကုက်န့္က တစ္ခဏၾကာေအာင္ ၿငိမ္သက္ရင္း ကြၽန္မကို စိုက္ၾကည့္ေနၿပီးမွ ျပတ္ျပတ္သားသားစကားဆိုလာခဲ့တယ္ ;
"မရဘူး"
ကြၽန္မ တကယ္ကို စိတ္ပ်က္အားေလ်ာ့ရသလို ပင္လည္းပင္ပန္းလြန္းေနမိတယ္။ ေျပာစရာစကားေတြ အမ်ားႀကီးရွိေနေပမယ့္ လည္ေခ်ာင္းတစ္ခုလုံး ပူေလာင္ေနတာေၾကာင့္ စကားေတြသာထပ္ေျပာေနရင္ ကြၽန္မ ပိုပင္ပန္းၿပီးဝမ္းနည္းလာရမွာ။ တစ္ကိုယ္လုံးလည္း ႏုံးခ်ိၿပီး အသက္ရႉတာေလးကအစ နာက်င္ေနသလားေတာင္ ေအာက္ေမ့ရတယ္။ ကြၽန္မ လည္ေခ်ာင္းကိုအသာအယာေလးပြတ္ရင္း ေသတၱာပုံးေတြနားကို ျပန္ဆုတ္လို႔ ေခြေခြေလးမွိန္းေနလိုက္ေတာ့တယ္။
ကုက်န့္ကိုၾကည့္ရတာလည္း ေျပာစရာစကားေတြ ရွိေနေသးတဲ့ပုံပါပဲ။ စိတ္မရွည္တဲ့ဟန္မ်ိဳးေပါက္ေနတဲ့သူက သူ႕စကားေတြကိုခ်ဳပ္တည္းၿပီး အဲ့ဒီအစား ကြၽန္မကို ေမးျမန္းလာခဲ့တယ္ ;
"မင္း တစ္ခုခုစားခ်င္လား "
ကြၽန္မ အသာအယာပဲေခါင္းရမ္းျပလိုက္တယ္။
သူကေတာ့ လက္မေလ်ာ့ဘဲ ဆက္ၿပီးေမးေနၿမဲေပါ့ ;
" 'ဝိန္ယြဲ႕လုံ'က ဘဲသားဆိုရင္ေရာ....မင္းစားဖို႔အတြက္ သြားဝယ္လာေပးမယ္ေလ"
အစက ေခါင္းရမ္းဖို႔ေတြးထားေပမယ့္ ႐ုတ္တရက္ ကြၽန္မ ေခါင္းၿငိမ့္ျပလိုက္ေတာ့တယ္။ ကုက်န့္က ကြၽန္မကို ၿခဳံေစာင္နဲ႕ေသခ်ာပတ္ေပးရင္း စကားဆိုလာခဲ့တယ္ ;
"ဒါဆိုရင္ မင္း ခဏေလာက္အရင္အိပ္ေနလိုက္ဦး"
ကြၽန္မ မ်က္လုံးေတြမွိတ္ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားခဲ့တယ္။ ေနာက္ေတာ့ တဆစ္ဆစ္ထိုးေနတဲ့အပူဒဏ္ေၾကာင့္ မ်က္လုံးေတြက ဆတ္ခနဲပြင့္လာေတာ့ ျပတင္းေပါက္က တိုးဝင္လာတဲ့လေရာင္ကလြဲရင္ အခန္းထဲမွာ မည္းေမွာင္ၿပီးတိတ္ဆိတ္ေနဆဲ။ ကြၽန္မ အိပ္ေနရာကေနထၿပီး လမင္းႀကီးကိုလွမ္းၾကည့္ေတာ့ လမင္းႀကီးက ေငြေရာင္အလုံးႀကီးလို လင္းထိန္ေနတာပဲ။ ဟုတ္သားပဲ....ဒီေန႕က လျပကၡဒိန္ရဲ႕ပထမဆုံး ဆယ့္ငါးရက္ေျမာက္လျပည့္ေန႕ ၊ မီးပုံးပြဲေတာ္ေန႕ဆိုမွေတာ့ လေရာင္ထိန္ထိန္ညီးတဲ့ေအာက္မွာ လမ္းမႀကီးေတြအားလုံး စည္ကားသိုက္ၿမိဳက္ေနမွာပဲရယ္။
သိုးေမြးၿခဳံေစာင္ကို တင္းတင္းပတ္လို႔ တံခါးဝနားဆီကို ေလွ်ာက္သြားၿပီး တံခါးကိုတြန္းၾကည့္ေတာ့ အျပင္ဘက္ကေန ေသာ့ခတ္ထားတာေၾကာင့္ တံခါးကဖြင့္မရ။ ေဘးပတ္ဝန္းက်င္ကို ေသခ်ာၾကည့္ေတာ့လည္း ဒီေနရာဟာ ပစၥည္းသိမ္းတဲ့စတိုခန္းျဖစ္ေနတာ အေသအခ်ာ။ နံရံရဲ႕အျမင့္ပိုင္းမွာရွိတဲ့ ျပတင္းေပါက္တစ္ေပါက္သာရွိၿပီး ျပတင္းေပါက္ကလည္း ေလဝင္ေလထြက္ေကာင္းေအာင္သက္သက္လုပ္ထားတာမ်ိဳးျဖစ္ေတာ့ ကြၽန္မ လက္လွမ္းမွီဖို႔ဆိုတာ မျဖစ္နိုင္ဘူး။
ဒါေပမယ့္ နည္းလမ္းဆိုတာ အၿမဲတမ္းရွိစၿမဲမလား။ ကြၽန္မ ပုံးတစ္ပုံးကိုဆြဲယူလာၿပီး ေနာက္ထပ္ပုံးတစ္ပုံးကိုပါ အေပၚကထပ္ဆင့္ရင္းနဲ႕ တစ္ထပ္ၿပီးတစ္ထပ္,ထပ္လိုက္တဲ့အခါမွာေတာ့ ေလွကားထစ္ႀကီးႀကီးေတြရလာတယ္။ ပုံးထဲမွာ ဘာေတြရွိမွန္းမသိေပမယ့္ ကံေကာင္းခ်င္ေတာ့ သိပ္အေလးခ်ိန္မမ်ားလွဘူး ၊ ဒါေပမယ့္ ကြၽန္မတစ္ကိုယ္လုံး ႏူံးခ်ိေနတာေၾကာင့္ ခြန္အားအရာမွာ အားမသာေတာ့ဘဲ ေနာက္ဆုံး ပုံးေတြထပ္ဆင့္စီၿပီးသြားတဲ့ေနာက္မွာ ေခြၽးၿပိဳင္းၿပိဳင္းထ ေမာဟိုက္ေနေတာ့တာပါပဲ။
ပုံးေတြေပၚ ကြၽန္မ တြားသြားတက္သြားလိုက္တယ္။ ျပတင္းေပါက္ရဲ႕အကာေတြက သစ္သားေတြနဲ႕လုပ္ထားျပန္ေတာ့ ကြၽန္မ ဘယ္လိုပဲ ခ်ိဳးဖ်က္ၾကည့္ပါေစ ေ႐ြ႕ေတာင္မေ႐ြ႕ျပန္ဘူး။ မတတ္နိုင္....ေ႐ြးခ်ယ္စရာမရွိတဲ့အဆုံး ကြၽန္မ ေအာက္ကိုတဖန္ျပန္ဆင္းၿပီး သင့္ေတာ္မယ့္ပစၥည္းမ်ိဳးရွာဖို႔အတြက္ ပုံးေတြလိုက္ဖြင့္ရေတာ့တယ္။ လက္စသတ္ေတာ့ ပုံးေတြထဲမွာ ပိုးထည္ ဖဲထည္ေတြထည့္ထားတာပါလား။
ဘယ္ခ်မ္းသာတဲ့မိသားစုကမ်ား ဒီလိုပိုးထည္အေကာင္းစားေတြကို ပစၥည္းသိုေလွာင္ခန္းထဲ ထည့္ထားတာပါလိမ့္ ဒါမွမဟုတ္ ဒီေနရာက ပိုးထည္ဖဲထည္လုပ္ငန္းတစ္ခုခုရဲ႕သိုေလွာင္ခန္းလား။ ဘာမွမ်ားမ်ားစားစားမေတြးနိုင္ဘဲ ေသတၱာပုံးေတြကို စိတ္ပ်က္လက္ပ်က္ပိတ္ခ်လိဳက္ခ်ိန္မွာေတာ့ ဂ်င္းျပဳတ္ရည္ထည့္ထားတဲ့ေႂကြပန္းကန္လုံးကို ျမင္သြားခဲ့ေရာ။ ပန္းကန္လုံးကိုခြဲ ၊ ခြၽန္ထက္ေနတဲ့အပိုင္းစတစ္ခုကိုယူၿပီး ပုံးေတြေပၚျပန္တက္လို႔ ျပတင္းေပါက္အကာေတြကို လႊစားပစ္လိုက္တယ္။
ခပ္ပါးပါးအကာမ်ိဳးသာဆိုရတယ္ ၊ လႊစားတဲ့ခ်ိန္မွာ အရမ္းခက္တာ။ တဂ်စ္ဂ်စ္နဲ႕ျဖတ္ရလြန္းလို႔ ကြၽန္မရဲ႕လက္ေတြေတာင္ကြဲၿပီး ေသြးစို႔လာတယ္။
ဒီအခ်ိန္မွာ ႐ုတ္တရက္ ထိုးထြက္လာခဲ့တာက ေမွ်ာ္လင့္ခ်က္မဲ့ျခင္းေတြ....မဟုတ္မွလြဲ ကုက်န့္ ျပန္ေရာက္လာေတာ့မယ့္ခ်ိန္ထိ ကြၽန္မ မထြက္သြားနိုင္ေတာ့မွာလား။ ကုက်န့္က ကြၽန္မကို မသတ္ဘဲေနေလာက္ေပမယ့္ တစ္သက္လုံးပိတ္ေလွာင္ထားမွာလည္း ျဖစ္ေနနိုင္တယ္ ၊ အားတုကိုေရာ ကြၽန္မ တစ္သက္လုံး မေတြ႕ရေတာ့ဘူးလား ၊ လီခ်န္းရင္ကိုေရာ ေနာက္ထပ္.....
စိတ္အားေလ်ာ့သြားမိတာက တစ္ခဏေလး ၊ ေနာက္ေတာ့ ခ်က္ခ်င္းျပန္ထၿပီး ျပတင္းေပါက္အကာကို လႊစားဖို႔ႀကိဳးစားေတာ့တယ္။
အခ်ိန္ေတြ ဘယ္ေလာက္ၾကာသြားခဲ့မွန္းမသိ ၊ ေနာက္ဆုံးမွာ ခ်က္ခနဲျမည္သြားတဲ့အသံတစ္ခုနဲ႕အတူ ျပတင္းေပါက္အကာရဲ႕ေအာက္ပိုင္းမွာ ကြဲေၾကာင္းထင္သြားတာကိုလည္း ေတြ႕လိုက္ရတယ္။ ေနာက္တစ္ဖက္ကို လႊစားပစ္ဖို႔ သိပ္ကိုစိတ္အားထက္သန္လာေတာ့တာေပါ့။ ႏွစ္ဖက္လုံး ျဖတ္ေတာက္ၿပီးတာနဲ႕ ျပတင္းေပါက္အကာတစ္ခုလုံးကို အားနဲ႕အေပၚပင့္တင္ပစ္လိုက္ေတာ့တယ္။
အေပ်ာ္ႀကီးေပ်ာ္သြားေပမယ့္ ျပတင္းေပါက္အေနအထားက ကြၽန္မသာ ခုန္ခ်လိဳက္ရင္ ေျခေထာက္က်ိဳးမယ့္အေျခအေနမ်ိဳးမွာရွိတာေၾကာင့္ ေသတၱာပုံးေတြထဲက ပိုးလိပ္တစ္လိပ္ကိုယူလိုက္တယ္။ အစြန္းတစ္ဖက္ကို ပုံးနဲ႕ဖိထားၿပီး အျခားတစ္ဖက္ကို ျပတင္းေပါက္အျပင္ဘက္ကိုပစ္ခ်ထားရင္း ပိုးလိပ္ကိုတြဲလဲခိုလို႔ ေျဖးေျဖးခ်င္း ဆင္းလာလိုက္တယ္။
ကြၽန္မရဲ႕လက္ႏွစ္ဖက္လုံးမွာ ခြန္အားဘာမွကိုမက်န္ေတာ့တာေၾကာင့္ ေခ်ာ္ခ်ိခ်ိပိုးသားစကို လက္ေကာက္ဝတ္နဲ႕ထိန္းၿပီး ဆင္းလာရတာ ၊ ခႏၶာကိုယ္ႀကီးတစ္ခုလုံးကို လက္ေကာက္ဝတ္က ထိန္းထားရေတာ့ ပိုးသားႀကိဳးဒဏ္ကို ေတာ္ေတာ္ေလးခံရေပမယ့္ ကြၽန္မ ဂ႐ုမစိုက္နိုင္။ တစ္ခုတည္းေသာေတြးပူစရာက ကြၽန္မ လက္လြတ္လိုက္တာနဲ႕ ျပဳတ္က်သြားမယ္ဆိုတာပဲ။ ဆိုေတာ့ ျဖည္းျဖည္းခ်င္း ေလွ်ာဆင္းလာရင္းနဲ႕ ေနာက္ဆုံး ေျမႀကီးကိုထိလိုက္ခ်ိန္မွာေတာ့ တစ္ကိုယ္လုံး ထုံထိုင္းၿပီးလဲက်သြားခဲ့ေတာ့တာပါပဲ။
********************