⚠I Became The 4th Male Lead⚠(...

By Htaw_Patt_Thee

518K 50.1K 2K

started date -11.2.2023 end date -31.7.2023 ⚠WARNING:3some,4some,adult,smut. all Possessive seme manly uke/ta... More

Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
သတိပြုရန်!သတိျပဳရန္!
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter- 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25.5
Chapter - 26
Chapter - 27
Chapter - 28
!Hello!
Chapter - 29.5
Chapter - 30.5
Chapter - 31.5
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42.5
Chapter - 43.5
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51.5
Chapter - 52.5
Chapter - 53.5
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60.5
Chapter - 61.5
✨ Chibi Art ✨
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70.5
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80.5
Chapter - 81.5
Chapter - 82
Chapter - 83
Chapter - 84
Chapter - 85
Chapter - 86
Chapter - 87
Chapter - 88
Chapter - 89
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93.5
Chapter - 94.5
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99.5
Chapter - 100.5
Chapter - 101.5
Chapter - 102
Chapter - 103
Chapter - 104(Finale)
!Attention Please!
[ E X T R A - 1 ]
[ E X T R A - 3 || ရှောင်ကုန်း × ချီဟွား ]
[ E X T R A - 3.1 ]+mature+
[ E X T R A - 3.2 ] +mature+(ရှောင်ကုန်းxချီဟွား-TheEnd)
[ E X T R A - 4 || ရှောင်ကျိုး x ချီဟွား ]
[ E X T R A - 4.1 ]
[ E X T R A - 4.2 ]+mature+
[ E X T R A - 4.3 ]+mature+(ရှောင်ကျိုးxချီဟွား-The End)
[ E X T R A - 5 || ရှောင်ဝမ် x ချီဟွား ]
[ E X T R A - 5.1 ]+mature+
[ E X T R A - 5.2 ]+mature+(ရှောင်ဝမ်xချီဟွား-The End)

[ E X T R A - 2 ]

2.3K 251 42
By Htaw_Patt_Thee

Unicode

"ဟေး မင်းတကယ်ကြီးသူတို့ကိုထိန်းမလို့လား?"

နတ်ဆိုးဘုရင်ဟာ သူ့ရဲ့ဇနီးလေးတစ်ယောက် ကလေးသုံးယောက်မွေးစားလိုက်သည်ဆိုသောသတင်းကိုကြားသည်နှင့် နတ်ဆိုးတိုင်းပြည်မှအသောနှင်ကာ ကောင်းကင်ဘုံသို့ချီတက်လာခဲ့သည်။

အခုလည်း ဇနီးလေးရဲ့အဆောင်တော်၏ခြံဝန်းထဲရှိ ကျောက်စိမ်းစားပွဲတွင်ထိုင်ရင်း သူ့အရှေ့ရှိဇနီးလေးကိုမေးလိုက်ခြင်းဖြစ်သည်။ ဇနီးလေးမွေးစားလိုက်သော ကလေးသုံးကောင်ကတော့ ဇနီးလေး၏ဘေးနားကခုံများ၌တန်းစီကာထိုင်နေကြသည်။

-တဆိတ်လောက် ဒီစောက်ကလေးတွေကသူ့ကိုမလိုလားတဲ့အကြည့်တွေပေးနေသလိုပဲ၊ မလိုလားတဲ့အကြည့်ပေးရမှာ ငါပါကွ!

အရှင့်သားတစ်ဖြစ်လည်း တနည်းအားဖြင့် ဇာမဏီတို့၏အရှင်သခင်ဖြစ်သော ဇာမဏီနတ်ဘုရား ချီဟွားဟာ ပန်းဝတ်ရည်ရေနွေးကြမ်းကိုခွက်လေးခွက်ထဲသို့ငဲ့ပေးလိုက်ပြီး နတ်ဆိုးဘုရင်ရှေ့၌တစ်ခွက်၊ ကလေးသုံးယောက်၏ရှေ့၌တစ်ခွက်ဆီချပေးလိုက်သည်။ ကာလာစုံသရေစာမုန့်ကိုလည်း ကလေးတွေရှေ့မှာပဲချထားပေးလိုက်သည်။

"မိခင်သစ်ပင်ကြီးဆီကနေမွေးဖွားလာတဲ့ကလေးတွေက အရွယ်ရောက်လာတဲ့အခါ အရမ်းသန်မာပြီးစွမ်းအားမြင့်ကြတယ်တဲ့၊ သူတို့ကိုပျိုးထောင်ပေးတဲ့လူက အကျိုးအမြတ်ကောင်းတွေရရှိနိုင်တယ်။ ဒီကလေးတွေကကျွန်တော့်ကိုရွေးချယ်လိုက်မှတော့ ဘာကြောင့်အရွယ်ရောက်တဲ့အထိမပျိုးထောင်ပေးနိုင်ရမှာလဲ"

"အခြားလူဆိုရင်တော့ ကိုယ်လွယ်လွယ်နဲ့လက်ခံနိုင်တယ်။ဒါမဲ့ မင်းလေ!မင်းကကလေးရောချစ်ရဲ့လား?ကလေးထိန်းတဲ့အတွေ့အကြုံရောရှိခဲ့ဖူးလို့လား?မင်းလေးလိုလူမျိုးက ဒီကောင်စုတ်လေးသုံးကောင်ကိုပျိုးထောင်ပေးမယ်ဆိုတာက တကယ်ကိုမယုံကြည်နိုင်စရာပဲ"

ချီဟွားဟာသူ့ကိုအထင်လာသေးသော နတ်ဆိုးဘုရင်ကြီးကြောင့် ဒေါသထွက်စွာမျက်ခုံးတို့ကိုတွန့်ချိုးလိုက်လျက်..

"ခင်ဗျားကကျွန်တော့်ကိုအရမ်းအထင်သေးလွန်းတာပဲ။ ဘယ်ယောကျာ်းကကိုယ့်ဇနီးအပေါ်အထင်သေးတာမျိုးရှိလဲ..ကျွန်တော်ကတော့ကိုယ့်ယောကျာ်းဆီကအထင်မြင်သေးတာခံနေရတယ်၊ ယောကျာ်းရကံဆိုးချက်ပဲ!"

"ကလေး ကိုယ်မင်းကိုအထင်သေးတာမဟုတ်ပါဘူး။မင်းကတကယ်ပဲကလေးမထိန်းဖူးဘူးလေကွာ၊ဒီကလေးတွေကြောင့် မင်းစိတ်ရှုပ်မှာစိုးလို့ပါ။ ကိုယ်ပြောမယ် ကလေးတွေဆိုတာကလေ မျောက်တွေပဲ!အရမ်းဆိုးသွမ်းတဲ့မျောက်တွေ!"

"...."ကလေးသုံးယောက်ကိုရှေ့ထားပြီး အဲလိုကြီးပြောနေတာက နည်းနည်းတရားမလွန်ဘူးလား

"မျောက်ဆိုတဲ့အမျိုးကလေ ကောင်းကျိုးကိုမပေး-"

"ဟင့် ဟစ်"

ရုတ်တရက်ငိုသံထွက်ပေါ်လာခြင်းကြောင့် နတ်ဆိုးဘုရင်ကြီးစကားပြောနေရင်းရပ်တန့်သွားရသလို ချီဟွားလည်းကြောင်အမ်းသွားကာ သူ့ဘေးကိုငုံ့ကြည့်လိုက်မိသည်။ ထိုအခါ အညိုဖျော့ဖျော့အရောင်ဆံနွယ်လေးများကိုပိုင်ဆိုင်ထားသော ချီဟွားရဲ့ဘေးရှိခုံတွင်ထိုင်နေသည့်ကလေးဆီမှဖြစ်နေလေသည်။ ထိုကလေးကချီဟွားကိုမော့ကြည့်လာတဲ့အခါ မျက်ဝန်းဝိုင်းလေးတစ်စုံ၌ ကြီးမားသောမျက်ရည်လုံးကြီးမှာတင်လို့နေလေသည်။

"ဟင့် ကျွန်တော့်ကိုမစွန့်ပစ်ပါနဲ့နော် ကောကော!ကျွန်တော်လိမ်မာတဲ့ကလေးပါ ကောကောကိုလည်းဂရုစိုက်ပေးပါမယ် ဟင့် ဒါကြောင့် အဲလူအိုကြီးရဲ့စကားကိုနားထောင်ပြီး ကျွန်တော့်ကိုမစွန့်ပစ်လိုက်ပါနဲ့..ဟင့်ဟင့်!!"

ထိုကလေးကချီဟွား၏ဝတ်ရုံကိုလက်ကလေးများဖြင့်တင်းတင်းကျပ်ကျပ်ဆုတ်ထွေးထားလျက် လုံးဝမလွှတ်ပေးတော့ချေ။ ကျန်တဲ့ကလေးနှစ်ယောက်ကလည်း မျက်ဝန်းဝိုင်းလေးများဖြင့် ငိုယိုနေသောထိုကလေးကိုကြည့်နေပြီးနောက် ရုတ်တရက် ရွှေအိုရောင်ဆံနွယ်များပိုင်ဆိုင်ထားသည့်ကလေးလေးက အော်ဟစ်ကာ ငိုယိုလာတော့သည်။ ဒါပေမဲ့ ထိုကလေး၏မျက်ဝန်းတစ်စုံ၌မည်သည်မျက်ရည်မှရှိမနေချေ။

"အူးးဝါးးးး ကျွန်တော်လည်းလမ်းဘေးမနေချင်ဘူး ရှောင်ကောကော!!ကျွန်တော့်ကိုလည်း ဒီရုပ်ဆိုးတဲ့လူအိုကြီးစကားကိုနားထောင်ပြီး စွန့်ပစ်ဖို့မလုပ်ပါနဲ့..ဟစ် ဟစ်!!"

ထိုကလေးကထိုင်ခုံမှဆင်းလာလျက် ချီဟွားရဲ့အနောက်မှာဝင်ရပ်ကာ ချီဟွား၏ဝတ်ရုံကိုတင်းကျပ်စွာဆုတ်ကိုင်လာတော့သည်။ အနီရောင်ဆံနွယ်လေးများပိုင်ဆိုင်ထားသော တတိယမြှောက်ကလေးကတော့ အရှေ့ကနှစ်ယောက်လိုမျိုး ငိုယိုဖို့ပြင်လိုက်ပေမဲ့ ဘာမျက်ရည်မှထွက်ကျမလာတာကြောင့် သူကချီဟွား၏လက်ဝတ်စုံစလေးကိုသာ လက်ကလေးနှစ်ဖက်ဖြင့်ဆုတ်ကိုင်လိုက်ပြီး ချီဟွားကိုမော့ကြည့်ကာ သနားစဖွယ်လေသံလေးဖြင့်ပြောသည်။

"ကော..ကော ကျွန်တော့်ကိုလည်း...မစွန့်ပစ်ပါနဲ့နော် ကျွန်တော်လိမ်မာပါမယ်..ဒီမကောင်းတဲ့လူအိုကြီးစကားကိုနားမထောင်ပါနဲ့နော်.."

ကလေးသုံးယောက်က ချီဟွားအနားကိုတိုးကပ်နေကြလျက် သူတို့ကိုမစွန့်ပစ်ဖို့အတွက် တစ်ယောက်တမျိုးဆီဖြင့် သနားစဖွယ်တောင်းဆိုနေကြတော့သည်။ ချီဟွားမှာသနားကြင်နာစိတ်တို့ဖြစ်တည်လာသော်လည်း ကလေးတစ်ယောက်ချင်းဆီမှ နတ်ဆိုးဘုရင်ကြီးအပေါ်"လူအိုကြီး၊ရုပ်ဆိုးတဲ့လူအိုကြီး၊မကောင်းတဲ့လူအိုကြီး"စသဖြင့် သုံးနှုန်းထားသည်ကိုကြားတဲ့အခါ ရယ်ချင်စိတ်တို့ကိုမအောင့်နိုင်ပဲ ရယ်သံခပ်သဲ့သဲ့ထွက်သွားရသည်။

"ခွီး..အဟမ်း"မဖြစ်ဘူး ကလေးတွေကသနားစရာကောင်းအောင်ငိုနေတာလေ၊ငါကရယ်နေလို့ဘယ်ဖြစ်မလဲ

နတ်ဆိုးဘုရင်ကြီးကလည်း သူ့ကိုလူအိုကြီးဟုပြောသွားကြသော ကလေးသုံးကောင်အပေါ် ပထမကထက်ပင် အမြင်မကြည်တော့ချေ။

ချီဟွားကကလေးသုံးယောက်၏ခေါင်းလုံးလုံးလေးတွေကိုခပ်ဖွဖွပုတ်ပေးလိုက်ပြီး...

"ငါကဒီလူအိုကြီးစကားကိုနားထောင်စရာလား..ဟွန်း"

"ကလေးနော်!"

"ဘာလဲ?အမှန်ပဲလေ ခင်ဗျားတကယ်အိုနေပြီ..၊ဒီကလေးတွေနဲ့ယှဥ်ရင် ပိုပြီးတောင်အိုမင်းနေပြီ"

"...."ကိုယ့်ယောကျာ်းကိုအဲလိုပြောစရာလား၊ကိုယ်ကအိုမင်းနေတယ်ဆိုရင်တောင် အိပ်ရာထဲမှာတော့ လူငယ်လေးတစ်ယောက်လိုသန်မာနေတုန်းပဲ

ချီဟွားကထိုင်ရာမှထလိုက်ပြီး ကလေးသုံးယောက်ကိုသူ့ရှေ့တွင်ညီညီညာညာလေးရပ်ခိုင်းလိုက်သည်။ ထိုနောက် သူဟာလက်ကိုင်ပဝါကိုထုတ်လိုက်ပြီး ကိုယ်ကိုငုံ့ကိုင်းလိုက်ကာ ကလေးသုံးယောက်၏မျက်ရည်တို့ကိုသုတ်ပေးလိုက်သည်။ မျက်ရည်မထွက်နေသောကလေးကိုတော့ ရှေ့ဆံပင်လေးကိုသာသပ်ပေးလိုက်သည်။ ထိုနောက် ငုတ်တုတ်ထိုင်ချလိုက်ပြီး ကလေးသုံးယောက်ကိုပြုံးပြလိုက်သည်။ ကလေးသုံးယောက်ဟာလည်း ချက်ချင်းအငိုတိတ်သွားကြတော့၏။

"ငါမင်းတို့ကိုမစွန့်ပစ်ပါဘူး။မင်းတို့ကငါ့ကိုရွေးချယ်လိုက်မှတော့ မင်းတို့ကိုပျိုးထောင်ပေးဖို့ငါ့မှာတာဝန်ရှိသွားပြီ"

-မင်းတို့ကိုပျိုးထောင်ရင်ငါလည်းအကျိုးအမြတ်တွေရမှာပဲလေ၊ ခမည်းတော်ကလည်း ပျော်နေတာပဲကို၊ပြီးတော့ တချို့နတ်ဘုရားတွေဆီကနေမနာလိုအားကျတာကိုခံနေရတာ ဘယ်လောက်ထိကောင်းလိုက်သလဲ!

"ဒါကြောင့် စိတ်မပူကြနဲ့ မင်းတို့ကောင်းကောင်းမွန်မွန်ကြီးပြင်းလာတဲ့အထိ ငါကိုယ်တိုင်ပျိုးထောင်ပေးမယ်။ တစ်ခုပဲ အရွယ်ရောက်လာလို့အတောင်စုံရင်တော့ ငါ့ကျေးဇူးကိုမမေ့ကြနဲ့ပေါ့.."

-တောင်ပင်လယ်ဘက်ကနဂါးမင်းရဲ့ ပုလဲဆွဲကြိုးကိုငါသောက်ရမ်းလိုချင်နေတာ၊အဲဒါ သွားခိုးပေးကြပေါ့ကွာ၊

-ငရဲမင်းရဲ့ပလ္လင်ကိုလည်းလိုချင်တယ်၊

-ရေသူမတွေရဲ့မျက်ရည်စက်လဲလိုချင်တယ်။

"ဟုတ်ပြီလား၊ လိမ်လိမ်မာမာနဲ့ငါ့လက်အောက်မှာသန်မာပြီးအင်အားကြီးတဲ့ နတ်ဘုရားတွေအဖြစ်ကြီးပြင်းလာရမယ်နော်.."

-ငါလိုချင်တဲ့အဲရတနာတွေနဲ့ ကျေးဇူးပြန်ဆပ်ကြပေါ့ကွာ

"ကြားကြလား?"

"ဟုတ်ကဲ့ ကြားပါတယ်!"x3

"ဆိုတော့ ငါကဇာမဏီနတ်ဘုရား ဒီကောင်းကင်ဘုံကိုအစိုးရတဲ့လူအိုကြီးတဲ့သားတော်၊ မင်းတို့ငါ့ကိုအရှင့်သားလို့ခေါ်ကြ!"

"ဟုတ်ကဲ့!"x3

နတ်ဆိုးဘုရင်ကြီးကတော့ စားပွဲမှာလက်ထောက်လျက်သား သူ့ဇနီးလေးထိုကလေးသုံးကောင်ကိုလက်ခံလိုက်သည်ကို စိတ်ပျက်လက်ပျက်ဖြင့်ထိုင်ကြည့်နေတော့သည်။ သူကစိတ်ပျက်လက်ပျက်ဖြင့် ရေနွေးကြမ်းမော့သောက်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် သရေစာမုန့်ကိုစားလိုက်သည်၊သရေစာမုန့်ကချိုအီလွန်းနေတဲ့အခါ စိတ်ပျက်လက်ပျက်ဖြင့်နှာရှုံ့လိုက်မိသည်။

"မင်းတို့ကိုဘယ်လိုခေါ်ရမလဲ?နာမည်ပေးရမှာလား?ဒါမှမဟုတ် မင်းတို့နာမည်ရှိကြလား?သဘောကျတဲ့နာမည်ရှိလား?"

"ကျွန်တော်..ကျွန်တော်ကရှောင်ကျိုးပါ..အရှင့်သား!"

"ကျွန်တော်ကရှောင်ကုန်း!"

"...ရှောင်ဝမ်ပါ"

ဖူးးး!!

"ဘာ ရှောင်ကျိုး၊ရှောင်ကုန်း၊ရှောင်ဝမ်!?မင်းတို့နာမည်တွေကလဲ...ဟားဟား!"

နတ်ဆိုးဘုရင်မှာထိုမျောက်သုံးကောင်ရဲ့နာမည်ကိုကြားပြီးနောက် ရေနွေးပင်သီးသွားလျက် သူ့ပါးစပ်ကိုသုတ်ရင်း ထိုမျောက်သုံးကောင်ရဲ့နာမည်ကိုလှောင်ပြောင်လိုက်သည်။

မျောက်သုံးကောင်ကသူ့ကိုမကျေမနပ်ဖြင့်လှမ်းပြီးစိုက်ကြည့်လာကြ၏။ နတ်ဆိုးဘုရင်မှာထိုအကြည့်တွေကိုရင်းနှီးတယ်ဟုခံစားရသည်။

-နေပါဦး ၊ရှောင်ကျိုး ရှောင်ကုန်း ရှောင်ဝမ် ဒီနာမည်တွေကိုလည်းကြားဖူးသလိုပဲ

ချီဟွားဟာနတ်ဆိုးဘုရင်ကြီးကိုကြည့်ပြီး ခေါင်းယမ်းလိုက်သည်။ နတ်ဆိုးဘုရင်ကြီးကတော့ ကလေးတွေကိုတောင်လှောင်ပြောင်ရယ်မောလိုက်သေးသည်။ ထိုနောက် ကလေးသုံးယောက်ကိုပြောလိုက်သည်။

"ရှောင်ကျိုး ရှောင်ကုန်း ရှောင်ဝမ်..ဒါဆို မင်းတို့ကိုငါအဲလိုပဲခေါ်တော့မယ်နော်၊ လာ အထဲကိုသွားကြရအောင်"

နတ်ဆိုးဘုရင်ကိုအမြင်ကပ်စွာစိုက်ကြည့်နေကြတဲ့ ကလေးသုံးယောက်က ချီဟွားရဲ့စကားကိုကြားတဲ့အခါ ပြုံးပျော်လာကြပြီး ချီဟွားရဲ့အနောက်မှနေကြက်ပေါက်ကလေးတွေလိုတန်းစီလျက် လိုက်သွားကြတော့သည်။

!

"ကိုယ်သိပြီ။ ဒါဟိုမအေဘေးသုံးကောင်ရဲ့မျိုးရိုးနာမည်တွေပဲ!အာ ချီဟွားး!"

သူ့ဘေးမှာဘယ်သူမှမရှိတော့တာကိုမြင်တဲ့အခါ နတ်ဆိုးဘုရင်တစ်ယောက်ပြာယာခတ်သွားလျက် နောက်တော့ အထဲမှအသံတချို့ကြားပြီး အထဲကိုခြေလှမ်းကျဲတို့ဖြင့်ဝင်သွားလိုက်တော့သည်။

* * *

ကလေးသုံးယောက်၏နတ်ဘုရားဂုဏ်ပုဒ်အမည်နာမဟာ အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ဟူ၍ဖြစ်သည်။

ဒီကလေးသုံးယောက်က အရှင့်သား၏ပျိုးထောင်မှုအောက်မှာတဖြည်းဖြည်းကြီးပြင်းလာသည်မှာ ဆယ်ကျော်သက်အရွယ်ပင်ရောက်နေကြပြီဖြစ်သည်။ သူတို့ကြီးပြင်းလာလေ ကလေးသုံးယောက်၏ရုပ်ရည်သွင်ပြင်က ထိုလူသုံးယောက်နှင့်တူညီလာလေဖြစ်သည်။ အကျင့်စရိုက်တွေကအစတူညီသည်။

ရှောင်ကျိုး၊အတိတ်နတ်ဘုရား။

ဖြောင့်ဆင်းနေသော အညိုဖျော့ဆံနွယ်ရှည်များနှင့် အညိုရင့်ရောင်မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားလျက် ချောမောခန့်ညားသောရုပ်ရည်သွင်ပြင်ရှိကာ အရောင်ဖျော့ဖျော့ဝတ်ရုံများကိုသာဝတ်ဆင်လေ့ရှိသည်။

တည်ငြိမ်ရင့်ကျက်ကာ နွေးထွေးကြင်နာတတ်သည်။ စာဖတ်ရတာကိုဝါသနာပါပြီး အကောင်းအဆိုးခွဲခြားတတ်ပေမဲ့ ချီဟွားနှင့်ပတ်သတ်လာရင်တော့ အတွေးတိမ်သွားတတ်သည်။ ချီဟွားရှေ့ရောက်ရင် နူးညံ့ပျော့ပျောင်းသွားကာ လိုချင်တာကိုချွဲနွဲ့၍သော်လည်းကောင်း ၊ မျက်ရည်လေးများကျဆင်းကာ ငိုယိုပြလျက်လည်းကောင်း အရယူတတ်သည်။

စကားအရမ်းနားထောင်ပြီး လိမ်မာနာခံတတ်သောကြောင့် ချီဟွား၏အချစ်ဆုံးကလေးတစ်ယောက်ဖြစ်သည်။

.....

ရှောင်ကုန်း၊ပစ္စုပ္ပန်နတ်ဘုရား။

ရွှေအိုရောင်ဆံနွယ်များကိုအမြင့်မြှောက်စီးထားလေ့ရှိပြီး လှပသောရွှေအိုရောင်မျက်ဝန်းတစ်စုံကိုပိုင်ဆိုင်ထားလေသည်။ ခန့်ညားကြည့်ကောင်းပြီး ရှည်လျားတဲ့အရပ်အမောင်းရှိကာ အရောင်တောက်တောက်အဝတ်အစားတွေကိုသာဝတ်ဆင်လေ့ရှိသည်။

ဖော်ရွေသည်၊လှည့်စားတတ်သည်၊ အပျော်အပါးမက်သောကြောင့် အမြဲတမ်းဘေးမှာနတ်သမီးလေးများဝိုင်းဝိုင်းလည်နေတတ်သည်။ ဒါပေမဲ့ ချီဟွားနှင့်ယှဥ်ရင် ဒါတွေကအသေးအမွှားကိစ္စလေးများသာဖြစ်သည်။ ရရင်ရသလို ချီဟွားကိုကလူကာ အသားယူတတ်သည်။ လိုချင်တာမရရင်လည်း မတရားခံသလိုပြောဆိုပြုမူတတ်သည်။ ဟန်ဆောင်အလွန်ကောင်းသည့် နတ်ဘုရားဖြစ်သည်။

ကလိမ်ကကျစ်အရမ်းကျလွန်းကာ အလိုက်မသိတတ်လွန်းသောကြောင့် ချီဟွား၏ကန်ထုတ်ခြင်းကိုခဏခဏခံရသည်။

.....

ရှောင်ဝမ်၊အနာဂတ်နတ်ဘုရား။

အနီရင့်ရောင်ဆံနွယ်ကောက်ကောက်လေးများရှိပြီး ခါးထိရှည်လျားကာ အနီရောင်မျက်ဝန်းတစ်စုံကိုပိုင်ဆိုင်ထားသည်။ ယောကျာ်းပီဘသောအသွင်အပြင်နှင့်ကြည့်ကောင်းသောခန္ဓာကိုယ်ရှိပြီး အနက်နှင့်အနီရောင်ပါသော အဝတ်အစားများကိုသာဝတ်ဆင်လေ့ရှိသည်။

အေးဆေးသည်၊မလိုအပ်ရင်လေကုန်ခံစကားမပြောပေ၊ လူများသည်ကိုမနှစ်သက်သလို အပျော်အပါးမမက်မောပေမဲ့ သားရဲတွေဖမ်းဆီးပြီး ချီဟွားကိုလက်ဆောင်ပေးရတာကိုသဘောကျသည်။ မိခင်သစ်ပင်ကြီးအောက်မှာ ချီဟွားနှင့်အတူ အိပ်စက်အနားယူရတာကိုသဘောကျသည်။ ချီဟွားနှင့်အတူ လနတ်သမီး၏ယုန်များကိုစနောက်ရတာကိုသဘောကျသည်။ ချီဟွားသာဘေးမှာရှိနေပါက ဘာပဲလုပ်ရလုပ်ရသဘောကျသူဖြစ်သည်။

ဒါကြောင့် ချီဟွား၏သူငယ်ချင်းကောင်းတစ်ယောက်လည်းဖြစ်သည်။

-အဗို-

စာရေးသူပြောစရာရှိ!

စာရေးသူ: ငါ့သားတွေကြီးပြင်းလာပြီပဲ။

နတ်ဆိုးဘုရင်: ကြီးပြင်းလာပြီဆိုတော့ သူတို့ဘာသာတစ်ကိုယ်တည်းရပ်တည်နိုင်ပြီမလား၊ ချီဟွား ဒင်းတို့ကိုကန်ထုတ်လိုက်တော့!

ချီဟွား:ဘယ်ဖြစ်မလဲ၊ဒင်းတို့ကျေးဇူးမဆပ်ရသေးဘူးလေ။ (ငါ့ရတနာတွေ)

ရှောင်ကျိုး:ဟင့် အရှင့်သား ကျိုးကျိုးကိုမကန်ထုတ်ပါနဲ့နော်။

ရှောင်ကုန်း: ဒီလူအိုကြီးကတော့ လာစမ်းပါ!!တစ်ပွဲတလမ်းလောက်တိုက်ခိုက်ကြရအောင်!အဲအချိန်ကျရင် ဘယ်သူကန်ထုတ်ခံရမလဲကြည့်ကြသေးတာပေါ့!။

ရှောင်ဝမ်:......။(အသံတိတ်ငိုနေသည်)

Zawgyi

"ေဟး မင္းတကယ္ႀကီးသူတို႔ကိုထိန္းမလို႔လား?"

နတ္ဆိုးဘုရင္ဟာ သူ႕ရဲ႕ဇနီးေလးတစ္ေယာက္ ကေလးသုံးေယာက္ေမြးစားလိုက္သည္ဆိုေသာသတင္းကိုၾကားသည္ႏွင့္ နတ္ဆိုးတိုင္းျပည္မွအေသာႏွင္ကာ ေကာင္းကင္ဘုံသို႔ခ်ီတက္လာခဲ့သည္။

အခုလည္း ဇနီးေလးရဲ႕အေဆာင္ေတာ္၏ၿခံဝမ္းခဲရွိ ေက်ာက္စိမ္းစားပြဲတြင္ထိုင္ရင္း သူ႕အေရွ႕ရွိဇနီးေလးကိုေမးလိုက္ျခင္းျဖစ္သည္။ ဇနီးေလးေမြးစားလိုက္ေသာ ကေလးသုံးေကာင္ကေတာ့ ဇနီးေလး၏ေဘးနားကခုံမ်ား၌တန္းစီကာထိုင္ေနၾကသည္။

-တဆိတ္ေလာက္ ဒီေစာက္ကေလးေတြကသူ႕ကိုမလိုလားတဲ့အၾကည့္ေတြေပးေနသလိုပဲ၊ မလိုလားတဲ့အၾကည့္ေပးရမွာ ငါပါကြ!

အရွင့္သားတစ္ျဖစ္လည္း တနည္းအားျဖင့္ ဇာမဏီတို႔၏အရွင္သခင္ျဖစ္ေသာ ဇာမဏီနတ္ဘုရား ခ်ီဟြားဟာ ပန္းဝတ္ရည္ေရႏြေးၾကမ္းကိုခြက္ေလးခြက္ထဲသို႔ငဲ့ေပးလိုက္ၿပီး နတ္ဆိုးဘုရင္ေရွ႕၌တစ္ခြက္၊ ကေလးသုံးေယာက္၏ေရွ႕၌တစ္ခြက္ဆီခ်ေပးလိုက္သည္။ ကာလာစုံသေရစာမုန့္ကိုလည္း ကေလးေတြေရွ႕မွာပဲခ်ထားေပးလိုက္သည္။

"မိခင္သစ္ပင္ႀကီးဆီကေနေမြးဖြားလာတဲ့ကေလးေတြက အ႐ြယ္ေရာက္လာတဲ့အခါ အရမ္းသန္မာၿပီးစြမ္းအားျမင့္ၾကတယ္တဲ့၊ သူတို႔ကိုပ်ိဳးေထာင္ေပးတဲ့လူက အက်ိဳးအျမတ္ေကာင္းေတြရရွိနိုင္တယ္။ ဒီကေလးေတြကကြၽန္ေတာ့္ကိုေ႐ြးခ်ယ္လိုက္မွေတာ့ ဘာေၾကာင့္အ႐ြယ္ေရာက္တဲ့အထိမပ်ိဳးေထာင္ေပးနိုင္ရမွာလဲ"

"အျခားလူဆိုရင္ေတာ့ ကိုယ္လြယ္လြယ္နဲ႕လက္ခံနိုင္တယ္။ဒါမဲ့ မင္းေလ!မင္းကကေလးေရာခ်စ္ရဲ႕လား?ကေလးထိန္းတဲ့အေတြ႕အႀကဳံေရာရွိခဲ့ဖူးလို႔လား?မင္းေလးလိုလူမ်ိဳးက ဒီေကာင္စုတ္ေလးသုံးေကာင္ကိုပ်ိဳးေထာင္ေပးမယ္ဆိုတာက တကယ္ကိုမယုံၾကည္နိုင္စရာပဲ"

ခ်ီဟြားဟာသူ႕ကိုအထင္လာေသးေသာ နတ္ဆိုးဘုရင္ႀကီးေၾကာင့္ ေဒါသထြက္စြာမ်က္ခုံးတို႔ကိုတြန့္ခ်ိဳးလိုက္လ်က္..

"ခင္ဗ်ားကကြၽန္ေတာ့္ကိုအရမ္းအထင္ေသးလြန္းတာပဲ။ ဘယ္ေယာက်ာ္းကကိုယ့္ဇနီးအေပၚအထင္ေသးတာမ်ိဳးရွိလဲ..ကြၽန္ေတာ္ကေတာ့ကိုယ့္ေယာက်ာ္းဆီကအထင္ျမင္ေသးတာခံေနရတယ္၊ ေယာက်ာ္းရကံဆိုးခ်က္ပဲ!"

"ကေလး ကိုယ္မင္းကိုအထင္ေသးတာမဟုတ္ပါဘူး။မင္းကတကယ္ပဲကေလးမထိန္းဖူးဘူးေလကြာ၊ဒီကေလးေတြေၾကာင့္ မင္းစိတ္ရႈပ္မွာစိုးလို႔ပါ။ ကိုယ္ေျပာမယ္ ကေလးေတြဆိုတာကေလ ေမ်ာက္ေတြပဲ!အရမ္းဆိုးသြမ္းတဲ့ေမ်ာက္ေတြ!"

"...."ကေလးသုံးေယာက္ကိုေရွ႕ထားၿပီး အဲလိုႀကီးေျပာေနတာက နည္းနည္းတရားမလြန္ဘူးလား

"ေမ်ာက္ဆိုတဲ့အမ်ိဳးကေလ ေကာင္းက်ိဳးကိုမေပး-"

"ဟင့္ ဟစ္"

႐ုတ္တရက္ငိုသံထြက္ေပၚလာျခင္းေၾကာင့္ နတ္ဆိုးဘုရင္ႀကီးစကားေျပာေနရင္းရပ္တန့္သြားရသလို ခ်ီဟြားလည္းေၾကာင္အမ္းသြားကာ သူ႕ေဘးကိုငုံ႕ၾကည့္လိုက္မိသည္။ ထိုအခါ အညိုေဖ်ာ့ေဖ်ာ့အေရာင္ဆံႏြယ္ေလးမ်ားကိုပိုင္ဆိုင္ထားေသာ ခ်ီဟြားရဲ႕ေဘးရွိခုံတြင္ထိုင္ေနသည့္ကေလးဆီမွျဖစ္ေနေလသည္။ ထိုကေလးကခ်ီဟြားကိုေမာ့ၾကည့္လာတဲ့အခါ မ်က္ဝန္းဝိုင္းေလးတစ္စုံ၌ ႀကီးမားေသာမ်က္ရည္လုံးႀကီးမွာတင္လို႔ေနေလသည္။

"ဟင့္ ကြၽန္ေတာ့္ကိုမစြန့္ပစ္ပါနဲ႕ေနာ္ ေကာေကာ!ကြၽန္ေတာ္လိမ္မာတဲ့ကေလးပါ ေကာေကာကိုလည္းဂ႐ုစိုက္ေပးပါမယ္ ဟင့္ ဒါေၾကာင့္ အဲလူအိုႀကီးရဲ႕စကားကိုနားေထာင္ၿပီး ကြၽန္ေတာ့္ကိုမစြန့္ပစ္လိုက္ပါနဲ႕..ဟင့္ဟင့္!!"

ထိုကေလးကခ်ီဟြား၏ဝတ္႐ုံကိုလက္ကေလးမ်ားျဖင့္တင္းတင္းက်ပ္က်ပ္ဆုတ္ေထြးထားလ်က္ လုံးဝမလႊတ္ေပးေတာ့ေခ်။ က်န္တဲ့ကေလးႏွစ္ေယာက္ကလည္း မ်က္ဝန္းဝိုင္းေလးမ်ားျဖင့္ ငိုယိုေနေသာထိုကေလးကိုၾကည့္ေနၿပီးေနာက္ ႐ုတ္တရက္ ေ႐ႊအိုေရာင္ဆံႏြယ္မ်ားပိုင္ဆိုင္ထားသည့္ကေလးေလးက ေအာ္ဟစ္ကာ ငိုယိုလာေတာ့သည္။ ဒါေပမဲ့ ထိုကေလး၏မ်က္ဝန္းတစ္စုံ၌မည္သည္မ်က္ရည္မွရွိမေနေခ်။

"အူးးဝါးးးး ကြၽန္ေတာ္လည္းလမ္းေဘးမေနခ်င္ဘူး ေရွာင္ေကာေကာ!!ကြၽန္ေတာ့္ကိုလည္း ဒီ႐ုပ္ဆိုးတဲ့လူအိုႀကီးစကားကိုနားေထာင္ၿပီး စြန့္ပစ္ဖို႔မလုပ္ပါနဲ႕..ဟစ္ ဟစ္!!"

ထိုကေလးကထိုင္ခုံမွဆင္းလာလ်က္ ခ်ီဟြားရဲ႕အေနာက္မွာဝင္ရပ္ကာ ခ်ီဟြား၏ဝတ္႐ုံကိုတင္းက်ပ္စြာဆုတ္ကိုင္လာေတာ့သည္။ အနီေရာင္ဆံႏြယ္ေလးမ်ားပိုင္ဆိုင္ထားေသာ တတိယျမႇောက္ကေလးကေတာ့ အေရွ႕ကႏွစ္ေယာက္လိုမ်ိဳး ငိုယိုဖို႔ျပင္လိုက္ေပမဲ့ ဘာမ်က္ရည္မွထြက္က်မလာတာေၾကာင့္ သူကခ်ီဟြား၏လက္ဝတ္စုံစေလးကိုသာ လက္ကေလးႏွစ္ဖက္ျဖင့္ဆုတ္ကိုင္လိုက္ၿပီး ခ်ီဟြားကိုေမာ့ၾကည့္ကာ သနားစဖြယ္ေလသံေလးျဖင့္ေျပာသည္။

"ေကာ..ေကာ ကြၽန္ေတာ့္ကိုလည္း...မစြန့္ပစ္ပါနဲ႕ေနာ္ ကြၽန္ေတာ္လိမ္မာပါမယ္..ဒီမေကာင္းတဲ့လူအိုႀကီးစကားကိုနားမေထာင္ပါနဲ႕ေနာ္.."

ကေလးသုံးေယာက္က ခ်ီဟြားအနားကိုတိုးကပ္ေနၾကလ်က္ သူတို႔ကိုမစြန့္ပစ္ဖို႔အတြက္ တစ္ေယာက္တမ်ိဳးဆီျဖင့္ သနားစဖြယ္ေတာင္းဆိုေနၾကေတာ့သည္။ ခ်ီဟြားမွာသနားၾကင္နာစိတ္တို႔ျဖစ္တည္လာေသာ္လည္း ကေလးတစ္ေယာက္ခ်င္းဆီမွ နတ္ဆိုးဘုရင္ႀကီးအေပၚ"လူအိုႀကီး၊႐ုပ္ဆိုးတဲ့လူအိုႀကီး၊မေကာင္းတဲ့လူအိုႀကီး"စသျဖင့္ သုံးႏႈန္းထားသည္ကိုၾကားတဲ့အခါ ရယ္ခ်င္စိတ္တို႔ကိုမေအာင့္နိုင္ပဲ ရယ္သံခပ္သဲ့သဲ့ထြက္သြားရသည္။

"ခြီး..အဟမ္း"မျဖစ္ဘူး ကေလးေတြကသနားစရာေကာင္းေအာင္ငိုေနတာေလ၊ငါကရယ္ေနလို႔ဘယ္ျဖစ္မလဲ

နတ္ဆိုးဘုရင္ႀကီးကလည္း သူ႕ကိုလူအိုႀကီးဟုေျပာသြားၾကေသာ ကေလးသုံးေကာင္အေပၚ ပထမကထက္ပင္ အျမင္မၾကည္ေတာ့ေခ်။

ခ်ီဟြားကကေလးသုံးေယာက္၏ေခါင္းလုံးလုံးေလးေတြကိုခပ္ဖြဖြပုတ္ေပးလိုက္ၿပီး...

"ငါကဒီလူအိုႀကီးစကားကိုနားေထာင္စရာလား..ဟြန္း"

"ကေလးေနာ္!"

"ဘာလဲ?အမွန္ပဲေလ ခင္ဗ်ားတကယ္အိုေနၿပီ..၊ဒီကေလးေတြနဲ႕ယွဥ္ရင္ ပိုၿပီးေတာင္အိုမင္းေနၿပီ"

"...."ကိုယ့္ေယာက်ာ္းကိုအဲလိုေျပာစရာလား၊ကိုယ္ကအိုမင္းေနတယ္ဆိုရင္ေတာင္ အိပ္ရာထဲမွာေတာ့ လူငယ္ေလးတစ္ေယာက္လိုသန္မာေနတုန္းပဲ

ခ်ီဟြားကထိုင္ရာမွထလိုက္ၿပီး ကေလးသုံးေယာက္ကိုသူ႕ေရွ႕တြင္ညီညီညာညာေလးရပ္ခိုင္းလိုက္သည္။ ထိုေနာက္ သူဟာလက္ကိုင္ပဝါကိုထုတ္လိုက္ၿပီး ကိုယ္ကိုငုံ႕ကိုင္းလိုက္ကာ ကေလးသုံးေယာက္၏မ်က္ရည္တို႔ကိုသုတ္ေပးလိုက္သည္။ မ်က္ရည္မထြက္ေနေသာကေလးကိုေတာ့ ေရွ႕ဆံပင္ေလးကိုသာသပ္ေပးလိုက္သည္။ ထိုေနာက္ ငုတ္တုတ္ထိုင္ခ်လိဳက္ၿပီး ကေလးသုံးေယာက္ကိုၿပဳံးျပလိုက္သည္။ ကေလးသုံးေယာက္ဟာလည္း ခ်က္ခ်င္းအငိုတိတ္သြားၾကေတာ့၏။

"ငါမင္းတို႔ကိုမစြန့္ပစ္ပါဘူး။မင္းတို႔ကငါ့ကိုေ႐ြးခ်ယ္လိုက္မွေတာ့ မင္းတို႔ကိုပ်ိဳးေထာင္ေပးဖို႔ငါ့မွာတာဝန္ရွိသြားၿပီ"

-မင္းတို႔ကိုပ်ိဳးေထာင္ရင္ငါလည္းအက်ိဳးအျမတ္ေတြရမွာပဲေလ၊ ခမည္းေတာ္ကလည္း ေပ်ာ္ေနတာပဲကို၊ၿပီးေတာ့ တခ်ိဳ႕နတ္ဘုရားေတြဆီကေနမနာလိုအားက်တာကိုခံေနရတာ ဘယ္ေလာက္ထိေကာင္းလိုက္သလဲ!

"ဒါေၾကာင့္ စိတ္မပူၾကနဲ႕ မင္းတို႔ေကာင္းေကာင္းမြန္မြန္ႀကီးျပင္းလာတဲ့အထိ ငါကိုယ္တိုင္ပ်ိဳးေထာင္ေပးမယ္။ တစ္ခုပဲ အ႐ြယ္ေရာက္လာလို႔အေတာင္စုံရင္ေတာ့ ငါ့ေက်းဇူးကိုမေမ့ၾကနဲ႕ေပါ့.."

-ေတာင္ပင္လယ္ဘက္ကနဂါးမင္းရဲ႕ ပုလဲဆြဲႀကိဳးကိုငါေသာက္ရမ္းလိုခ်င္ေနတာ၊အဲဒါ သြားခိုးေပးၾကေပါ့ကြာ၊

-ငရဲမင္းရဲ႕ပလႅင္ကိုလည္းလိုခ်င္တယ္၊

-ေရသူမေတြရဲ႕မ်က္ရည္စက္လဲလိုခ်င္တယ္။

"ဟုတ္ၿပီလား၊ လိမ္လိမ္မာမာနဲ႕ငါ့လက္ေအာက္မွာသန္မာၿပီးအင္အားႀကီးတဲ့ နတ္ဘုရားေတြအျဖစ္ႀကီးျပင္းလာရမယ္ေနာ္.."

-ငါလိုခ်င္တဲ့အဲရတနာေတြနဲ႕ ေက်းဇူးျပန္ဆပ္ၾကေပါ့ကြာ

"ၾကားၾကလား?"

"ဟုတ္ကဲ့ ၾကားပါတယ္!"x3

"ဆိုေတာ့ ငါကဇာမဏီနတ္ဘုရား ဒီေကာင္းကင္ဘုံကိုအစိုးရတဲ့လူအိုႀကီးတဲ့သားေတာ္၊ မင္းတို႔ငါ့ကိုအရွင့္သားလို႔ေခၚၾက!"

"ဟုတ္ကဲ့!"x3

နတ္ဆိုးဘုရင္ႀကီးကေတာ့ စားပြဲမွာလက္ေထာက္လ်က္သား သူ႕ဇနီးေလးထိုကေလးသုံးေကာင္ကိုလက္ခံလိုက္သည္ကို စိတ္ပ်က္လက္ပ်က္ျဖင့္ထိုင္ၾကည့္ေနေတာ့သည္။ သူကစိတ္ပ်က္လက္ပ်က္ျဖင့္ ေရႏြေးၾကမ္းေမာ့ေသာက္လိုက္ၿပီး စိတ္ပ်က္လက္ပ်က္ျဖင့္ သေရစာမုန့္ကိုစားလိုက္သည္၊သေရစာမုန့္ကခ်ိဳအီလြန္းေနတဲ့အခါ စိတ္ပ်က္လက္ပ်က္ျဖင့္ႏွာရႈံ႕လိုက္မိသည္။

"မင္းတို႔ကိုဘယ္လိုေခၚရမလဲ?နာမည္ေပးရမွာလား?ဒါမွမဟုတ္ မင္းတို႔နာမည္ရွိၾကလား?သေဘာက်တဲ့နာမည္ရွိလား?"

"ကြၽန္ေတာ္..ကြၽန္ေတာ္ကေရွာင္က်ိဳးပါ..အရွင့္သား!"

"ကြၽန္ေတာ္ကေရွာင္ကုန္း!"

"...ေရွာင္ဝမ္ပါ"

ဖူးးး!!

"ဘာ ေရွာင္က်ိဳး၊ေရွာင္ကုန္း၊ေရွာင္ဝမ္!?မင္းတို႔နာမည္ေတြကလဲ...ဟားဟား!"

နတ္ဆိုးဘုရင္မွာထိုေမ်ာက္သုံးေကာင္ရဲ႕နာမည္ကိုၾကားၿပီးေနာက္ ေရႏြေးပင္သီးသြားလ်က္ သူ႕ပါးစပ္ကိုသုတ္ရင္း ထိုေမ်ာက္သုံးေကာင္ရဲ႕နာမည္ကိုေလွာင္ေျပာင္လိုက္သည္။

ေမ်ာက္သုံးေကာင္ကသူ႕ကိုမေက်မနပ္ျဖင့္လွမ္းၿပီးစိုက္ၾကည့္လာၾက၏။ နတ္ဆိုးဘုရင္မွာထိုအၾကည့္ေတြကိုရင္းႏွီးတယ္ဟုခံစားရသည္။

-ေနပါဦး ၊ေရွာင္က်ိဳး ေရွာင္ကုန္း ေရွာင္ဝမ္ ဒီနာမည္ေတြကိုလည္းၾကားဖူးသလိုပဲ

ခ်ီဟြားဟာနတ္ဆိုးဘုရင္ႀကီးကိုၾကည့္ၿပီး ေခါင္းယမ္းလိုက္သည္။ နတ္ဆိုးဘုရင္ႀကီးကေတာ့ ကေလးေတြကိုေတာင္ေလွာင္ေျပာင္ရယ္ေမာလိုက္ေသးသည္။ ထိုေနာက္ ကေလးသုံးေယာက္ကိုေျပာလိုက္သည္။

"ေရွာင္က်ိဳး ေရွာင္ကုန္း ေရွာင္ဝမ္..ဒါဆို မင္းတို႔ကိုငါအဲလိုပဲေခၚေတာ့မယ္ေနာ္၊ လာ အထဲကိုသြားၾကရေအာင္"

နတ္ဆိုးဘုရင္ကိုအျမင္ကပ္စြာစိုက္ၾကည့္ေနၾကတဲ့ ကေလးသုံးေယာက္က ခ်ီဟြားရဲ႕စကားကိုၾကားတဲ့အခါ ၿပဳံးေပ်ာ္လာၾကၿပီး ခ်ီဟြားရဲ႕အေနာက္မွေနၾကက္ေပါက္ကေလးေတြလိုတန္းစီလ်က္ လိုက္သြားၾကေတာ့သည္။

!

"ကိုယ္သိၿပီ။ ဒါဟိုမေအေဘးသုံးေကာင္ရဲ႕မ်ိဳးရိုးနာမည္ေတြပဲ!အာ ခ်ီဟြားး!"

သူ႕ေဘးမွာဘယ္သူမွမရွိေတာ့တာကိုျမင္တဲ့အခါ နတ္ဆိုးဘုရင္တစ္ေယာက္ျပာယာခတ္သြားလ်က္ ေနာက္ေတာ့ အထဲမွအသံတခ်ိဳ႕ၾကားၿပီး အထဲကိုေျခလွမ္းက်ဲတို႔ျဖင့္ဝင္သြားလိုက္ေတာ့သည္။

* * *

ကေလးသုံးေယာက္၏နတ္ဘုရားဂုဏ္ပုဒ္အမည္နာမဟာ အတိတ္၊ပစၥဳပၸန္၊အနာဂတ္ဟူ၍ျဖစ္သည္။

ဒီကေလးသုံးေယာက္က အရွင့္သား၏ပ်ိဳးေထာင္မႈေအာက္မွာတျဖည္းျဖည္းႀကီးျပင္းလာသည္မွာ ဆယ္ေက်ာ္သက္အ႐ြယ္ပင္ေရာက္ေနၾကၿပီျဖစ္သည္။ သူတို႔ႀကီးျပင္းလာေလ ကေလးသုံးေယာက္၏႐ုပ္ရည္သြင္ျပင္က ထိုလူသုံးေယာက္ႏွင့္တူညီလာေလျဖစ္သည္။ အက်င့္စရိုက္ေတြကအစတူညီသည္။

ေရွာင္က်ိဳး၊အတိတ္နတ္ဘုရား။

ေျဖာင့္ဆင္းေနေသာ အညိုေဖ်ာ့ဆံႏြယ္ရွည္မ်ားႏွင့္ အညိုရင့္ေရာင္မ်က္ဝန္းတစ္စုံကို ပိုင္ဆိုင္ထားလ်က္ ေခ်ာေမာခန့္ညားေသာ႐ုပ္ရည္သြင္ျပင္ရွိကာ အေရာင္ေဖ်ာ့ေဖ်ာ့ဝတ္႐ုံမ်ားကိုသာဝတ္ဆင္ေလ့ရွိသည္။

တည္ၿငိမ္ရင့္က်က္ကာ ႏြေးေထြးၾကင္နာတတ္သည္။ စာဖတ္ရတာကိုဝါသနာပါၿပီး အေကာင္းအဆိုးခြဲျခားတတ္ေပမဲ့ ခ်ီဟြားႏွင့္ပတ္သတ္လာရင္ေတာ့ အေတြးတိမ္သြားတတ္သည္။ ခ်ီဟြားေရွ႕ေရာက္ရင္ ႏူးညံ့ေပ်ာ့ေပ်ာင္းသြားကာ လိုခ်င္တာကိုခြၽဲႏြဲ႕၍ေသာ္လည္းေကာင္း ၊ မ်က္ရည္ေလးမ်ားက်ဆင္းကာ ငိုယိုျပလ်က္လည္းေကာင္း အရယူတတ္သည္။

စကားအရမ္းနားေထာင္ၿပီး လိမ္မာနာခံတတ္ေသာေၾကာင့္ ခ်ီဟြား၏အခ်စ္ဆုံးကေလးတစ္ေယာက္ျဖစ္သည္။

.....

ေရွာင္ကုန္း၊ပစၥဳပၸန္နတ္ဘုရား။

ေ႐ႊအိုေရာင္ဆံႏြယ္မ်ားကိုအျမင့္ျမႇောက္စီးထားေလ့ရွိၿပီး လွပေသာေ႐ႊအိုေရာင္မ်က္ဝန္းတစ္စုံကိုပိုင္ဆိုင္ထားေလသည္။ ခန့္ညားၾကည့္ေကာင္းၿပီး ရွည္လ်ားတဲ့အရပ္အေမာင္းရွိကာ အေရာင္ေတာက္ေတာက္အဝတ္အစားေတြကိုသာဝတ္ဆင္ေလ့ရွိသည္။

ေဖာ္ေ႐ြသည္၊လွည့္စားတတ္သည္၊ အေပ်ာ္အပါးမက္ေသာေၾကာင့္ အၿမဲတမ္းေဘးမွာနတ္သမီးေလးမ်ားဝိုင္းဝိုင္းလည္ေနတတ္သည္။ ဒါေပမဲ့ ခ်ီဟြားႏွင့္ယွဥ္ရင္ ဒါေတြကအေသးအမႊားကိစၥေလးမ်ားသာျဖစ္သည္။ ရရင္ရသလို ခ်ီဟြားကိုကလူကာ အသားယူတတ္သည္။ လိုခ်င္တာမရရင္လည္း မတရားခံသလိုေျပာဆိုျပဳမူတတ္သည္။ ဟန္ေဆာင္အလြန္ေကာင္းသည့္ နတ္ဘုရားျဖစ္သည္။

ကလိမ္ကက်စ္အရမ္းက်လြန္းကာ အလိုက္မသိတတ္လြန္းေသာေၾကာင့္ ခ်ီဟြား၏ကန္ထုတ္ျခင္းကိုခဏခဏခံရသည္။

.....

ေရွာင္ဝမ္၊အနာဂတ္နတ္ဘုရား။

အနီရင့္ေရာင္ဆံႏြယ္ေကာက္ေကာက္ေလးမ်ားရွိၿပီး ခါးထိရွည္လ်ားကာ အနီေရာင္မ်က္ဝန္းတစ္စုံကိုပိုင္ဆိုင္ထားသည္။ ေယာက်ာ္းပီဘေသာအသြင္အျပင္ႏွင့္ၾကည့္ေကာင္းေသာခႏၶာကိုယ္ရွိၿပီး အနက္ႏွင့္အနီေရာင္ပါေသာ အဝတ္အစားမ်ားကိုသာဝတ္ဆင္ေလ့ရွိသည္။

ေအးေဆးသည္၊မလိုအပ္ရင္ေလကုန္ခံစကားမေျပာေပ၊ လူမ်ားသည္ကိုမႏွစ္သက္သလို အေပ်ာ္အပါးမမက္ေမာေပမဲ့ သားရဲေတြဖမ္းဆီးၿပီး ခ်ီဟြားကိုလက္ေဆာင္ေပးရတာကိုသေဘာက်သည္။ မိခင္သစ္ပင္ႀကီးေအာက္မွာ ခ်ီဟြားႏွင့္အတူ အိပ္စက္အနားယူရတာကိုသေဘာက်သည္။ ခ်ီဟြားႏွင့္အတူ လနတ္သမီး၏ယုန္မ်ားကိုစေနာက္ရတာကိုသေဘာက်သည္။ ခ်ီဟြားသာေဘးမွာရွိေနပါက ဘာပဲလုပ္ရလုပ္ရသေဘာက်သဴျဖစ္သည္။

ဒါေၾကာင့္ ခ်ီဟြား၏သူငယ္ခ်င္းေကာင္းတစ္ေယာက္လည္းျဖစ္သည္။

-အဗို-

စာေရးသူေျပာစရာရွိ!

စာေရးသူ: ငါ့သားေတြႀကီးျပင္းလာၿပီပဲ။

နတ္ဆိုးဘုရင္: ႀကီးျပင္းလာၿပီဆိုေတာ့ သူတို႔ဘာသာတစ္ကိုယ္တည္းရပ္တည္နိုင္ၿပီမလား၊ ခ်ီဟြား ဒင္းတို႔ကိုကန္ထုတ္လိုက္ေတာ့!

ခ်ီဟြား:ဘယ္ျဖစ္မလဲ၊ဒင္းတို႔ေက်းဇူးမဆပ္ရေသးဘူးေလ။ (ငါ့ရတနာေတြ)

ေရွာင္က်ိဳး:ဟင့္ အရွင့္သား က်ိဳးက်ိဳးကိုမကန္ထုတ္ပါနဲ႕ေနာ္။

ေရွာင္ကုန္း: ဒီလူအိုႀကီးကေတာ့ လာစမ္းပါ!!တစ္ပြဲတလမ္းေလာက္တိုက္ခိုက္ၾကရေအာင္!အဲအခ်ိန္က်ရင္ ဘယ္သူကန္ထုတ္ခံရမလဲၾကည့္ၾကေသးတာေပါ့!။

ေရွာင္ဝမ္:......။(အသံတိတ္ငိုေနသည္)











Continue Reading

You'll Also Like

2.7K 119 22
[ 𝐛𝐚𝐝 𝐛𝐮𝐝𝐝𝐲 𝐬𝐡𝐨𝐫𝐭 𝐟𝐢𝐜𝐬 ] [ 𝐩𝐚𝐭𝐩𝐫𝐚𝐧 | 𝐢𝐧𝐤𝐩𝐚𝐚 | 𝐰𝐚𝐢𝐤𝐨𝐫𝐧 ] © squishychey (wattpad) | © ohmnonsquish (ao3, twitter)
200K 12.3K 41
in which mark is a human and donghyuck a cat hybrid and yet, they found themselves being separated by force from dozens of 'cat fights'... nct markhy...
64.4K 1.8K 19
Elias appear in a world that he doesn't know and doesn't understand. He has to learn to live with this new situation fast without having much control...
734K 60.7K 33
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...