နောက်တစ်နေ့ရောက်တော့ ငယ်ထွေး အားချင်း
မြို့တက်သွားလေသည်။
ထိုသို့အရေးတကြီးထွက်သွားရသည့်ကိစ္စကတော့
တခြားမဟုတ်။
VCD စက်သွားဝယ်ခြင်းဖြစ်သည်။
မြလေးဘွဲ့ယူသည့် ဗီဒီယို သူကြည့်ချင်၍ဖြစ်သည်။
VCD စက်ဝယ်မည်ဆို၍ မနောကြည်နေသူကတော့
သာအောင်ဖြစ်သည်။
ငယ်ထွေးကို ကာရာအိုကေဆိုဖို့ sound box နှင့်
မိုက် ဝယ်ဖို့ပြောသည်။
မောင်နှမနှစ်ဦး လိုချင်တာဝယ်လာပြီးနောက်
ငယ်ထွေးက သူ့အိမ်၌ မြလေးဘွဲ့ယူသည့် video
ခွေကို ဖွင့်ပြလေသည်။
သူကြီးအိမ်၌ ရွာသူရွာသားများ လာရောက်ကြည့်ရှု
ကာ ချီးကျူးထောမနာပြုကြသည်။
..........
"ယောက်ဖရေ....ယောက်ဖလို့..."
ရွာလမ်းမအတိုင်း အိမ်သို့ပြန်လာနေသည့် ဖိုးထောင်
နောက်ဘက်ကအော်သံကြောင့် ပုဆိုးစကိုလက်နှစ်
ဖက်ဖြင့်မထားရင်းမှ လှည့်ကြည့်လိုက်သည်။
သူ့နောက်ခပ်လှန်းလှန်းမှာ ကိုင်းခုတ်ဓားကို ပခုံး
တစ်ဖက်ပေါ်တင်၍ ခပ်သွက်သွက်လျှောက်လာနေသော ငယ်ထွေးကိုတွေ့လိုက်ရသည်။
"ယောက်ဖရေ...နေညိုချိန်ရောက်ပြီ..."
ငယ်ထွေးက သူ့နားနီးလာလေ အသံကိုအနည်း
ငယ်မြှင့်ဆိုလေပင်။
အနားရောက်တော့ လေပင်ချွန်သွားသေးသည်။
"အထွေး..."
"ဘာလဲယောက်ဖ..."
ဖိုးထောင် သူ့နားကဖြတ်သွားသည့် ငယ်ထွေးကို
ခေါ်လိုက်တော့ ငယ်ထွေးက ကျော်ဟိန်းအမူအရာ
နှင့်ဟန်ပါပါလှည့်လာကာ ပြန်ထူးသည်။
ဖိုးထောင် မျက်ခုံးနှစ်ဖက် တွန့်ချိုးသွားသည်။
"ဘာယောက်ဖလဲ..."
"ဟ...မသိဘူးလား...ဒွန်းရဲ့သီချင်းလေ...
ယောက်ဖရေ....ဆိုတဲ့သီချင်း...ခင်တဲ့သူအချင်း
ချင်း ယောက်ဖလို့ခေါ်တာ..."
"အဲ့ဒါတော့သိတယ်လေ...နင်က ယောကျ်ားမှ
မဟုတ်တာ..."
"မဟုတ်လဲ ငါခေါ်ချင်လို့ခေါ်တာ...
ဘာလဲ...ဘာပြောမလို့လဲ..."
"နင်ကားဝယ်တာ ဘယ်လောက်ပေးရလဲ"
"ဘာလုပ်မလို့လဲ...ဝယ်မလို့လား..."
"အေး...စဥ်းစားနေတာ..."
"အင်း...နင်ဝယ်မယ်ဆို ငါ့ကားပြန်ရောင်းမယ်လေ"
"ဟင်..."
"ဟားဟား...ငါကအလကားပြောနေတာ..
ငါဝယ်တုန်းက သိန်းအစိတ်ပေးရတယ်
လိုင်စင်ဘာညာကြေးကတော့ သက်သက်ထပ်
ပေးရတာပေါ့...အမည်ပေါက်တော့မဟုတ်ဘူး.."
"သြော်..."
"ဒါပဲလား...ငါလုပ်စရာရှိသေးတယ်
သွားပြီ ယောက်ဖ..."
"အေးအေး...ဟင်..."
ဖိုးထောင်အယောင်ယောင်အမှားမှားနှင့် ငယ်ထွေး
ကိုလက်ပြနှုတ်ဆက်ပြီးမှ သတိရသည်။
လေလေးတချွန်ချွန်နှင့်ထွက်သွားသည့် ငယ်ထွေး
ကိုကြည့်ကာ ခေါင်းကုတ်လိုက်ပြီး
"ထူးဆန်းတယ်... သဘောကောင်းနေပါ့လား"
ငယ်ထွေးခပ်လှန်းလှန်းရောက်တော့ ဖိုးထောင်ကို
လှည့်ကြည့်လိုက်သည်။
အိမ်ထဲ ခေါင်းကုတ်ရင်းဝင်သွားသည့် ဖိုးထောင်ကို
မြင်တော့ ကျေနပ်စွာနှင့်ပြုံးလိုက်သည်။
"ငတုံး..."
.........
"ဘာ....အ သုံးလုံးသင်ပေးရမယ်...ဟုတ်လား"
ငယ်ထွေးက မြလေးငုံ ပုခုံးကိုဖက်ထားရာမှ ဖြုတ်
ချကာ မျက်မှောင်ကြုံ့၍ မေးလိုက်သည်။
မြလေးက ခေါင်းညိတ်ပြပြီးနောက်
"ဟုတ်တယ်...အရင် အ သုံးလုံးသင်ချိန်တုန်းက
ရွာကလူတွေမသင်ဖြစ်ကြတော့ အခု သူတို့က
ငါ့ကို သင်ပေးဖို့ တောင်းဆိုလို့ဟ..."
"နေပါဦး...အဲ့အချိန်ကတောင် မသင်ချင်ကြတဲ့
သူတွေက ဘာလို့အခုမှစာတတ်ချင်နေရတာလဲ..."
"ကိုရီးယားကားကြည့်ရင် စာမဖတ်တတ်တော့
ဘာပြောလဲ နားမလည်လို့တဲ့လေ..."
"ဟင်း..."
မြလေးက ငယ်ထွေးဖြစ်သွားသည့် မျက်နှာအမူ
အရာကိုကြည့်ကာ ရယ်သည်။
ငယ်ထွေးက မကျေမနပ်နှင့် မျက်နှာကြီးစူပုတ်ကာ
"သူတို့သင်တာအကြောင်းမဟုတ်ဘူး
ငါကနင်နဲ့တွေ့ရမယ့်အချိန်တွေလျှော့ပေးရတော့
မယ်...ဒီကိစ္စက အဘကပါ သဘောတူလိုက်ပြီ
ဆိုတော့... ဟင်း..."
"ဘာလို့လျော့ရမှာလဲ...နင်တို့အိမ်မှာပဲ သင်ရမှာ
ကို..."
"ဟင်...တကယ်ပြောတာလား...စာသင်ကျောင်း
မှာမဟုတ်ဘူးလား.."
"မဟုတ်ဘူး...သူကြီးက သူ့အိမ်မှာသင်ခွင့်ပေး
ထားတယ်..."
"ဟာ..အဲ့ဒါဆို..."
ငယ်ထွေး အောက်နှုတ်ခမ်းကိုတစ်ချက်ကိုက်ကာ
မြလေးကို ပြုံး၍ ကြည့်နေတော့ မြလေးရှက်ပြီး
ဝါးကွပ်ပျစ်ပေါ်ကဆင်းလိုက်သည်။
"ငါ...ပြန်တော့မယ်...ချိုင့်ကိုညနေပြန်လာမှ အိမ်ဝင်
ပေးတော့..."
"နေပါဦး...မြလေးရ...ငါကစကားပြောလို့တောင်မဝ
သေးဘူး..."
ငယ်ထွေး မြလေးရဲ့လက်ကိုဆွဲထားရင်းက ပြော
သည်။
မြလေးက သူ့ကိုဆက်ခနဲလှည့်ကြည့်လာကာ
"နင်အလုပ်လုပ်ရဦးမှာမဟုတ်ဘူးလား...
ဟိုမှာ ငခွေး ကောက်လှိုင်းတွေကို တစ်ယောက်ထဲ
စည်းနေရတာ..သနားပါတယ်..."
"အယ်....စာရင်းငှားတွေရှိပါတယ်ဟ...သူတစ်ယောက်တည်းမဟုတ်ဘူး..."
"လွှတ်ပါ...သူများတွေမြင်ကုန်မယ်..."
"ဒါဆို... ညကျမှ....အတိုးချပြီးအာဘွားပေး..."
"နင်နော်..."
"ဟဲဟဲ...."
ရယ်ကျဲကျဲလုပ်နေသည့် ငယ်ထွေးကို တစ်ချက်
ရိုက်ကာ မြလေး မျက်စောင်းထိုးလိုက်ပြီး
လယ်တောတဲလေးထဲက ထွက်လာခဲ့သည်။
"အိမ်ကိုတန်းပြန်နော် မြလေး "
"အိမ်တန်းမပြန်လို့ ငါကဘယ်ကိုသဝေထိုးရမှာလဲ
နင့်လိုများမှတ်နေလား..."
တဲထဲကအော်ပြောသည့် ငယ်ထွေးကို မြလေး
ပြန်ရန်လုပ်လိုက်သည်။
ငခွေး ကောက်လှိုင်းစည်းနေရာမှ ထိုနှစ်ယောက်
ကိုလှမ်းကြည့်ကာ ခေါင်းခါလိုက်သည်။
"လွန်လွန်းအားကြီးတယ်..."
>>>>>>
"အား....ဆရာမလေးရယ်...ဖြည်းဖြည်းလုပ်ပါ
နာလိုက်တာ..."
"သြော်...ဒီလောက်တော့နာမှာပေါ့ရှင်...အစိမ်းချုပ်
ရတာဆိုတော့..."
စကားဖြူ အနာကိုအစိမ်းချုပ်ချုပ်နေရာမှ ပြန်
ဖြေလိုက်သည်။
ထနောင်းစုရွာမှ အရိုက်ခံရ၍ရောက်လာသည့်
လူနာတစ်ဦး နဖူးကွဲသွား၍ အစိမ်းချုပ်ပေး
နေရခြင်းဖြစ်သည်။
"တောက်....မင်းမလို့သည်းခံတာ ငလှ...ငါသာဆို
ပြန်ရိုက်မှာ..."
"အောင်မလေး စံမြရာ မသိတဲ့သူတွေလဲမဟုတ်ဘူး
မင်းလဲအရိုက်ခံရသေးတာ ငါတို့သိပါတယ်ကွ..
မင်းသူ့ကိုပြန်ပြီးချောင်းရိုက်တာလဲ မအောင်မြင်
ဘူးမဟုတ်လား...ယောကျ်ားပဲကွာ မကျေနပ်ရင်
ဒဲ့ပြန်ရှင်းပေါ့..ဘာလို့ချောင်းရိုက်သလဲ...
သူတောင် မိန်းမဖြစ်ပြီး မကျေနပ်တာကို ဒဲ့ရှင်း
သေးတာပဲ..."
"အေးလေကွာ....အခုလဲ ငလှခံလာရတယ်ဆို
တာ..ငလှမှားတာလဲပါတယ်ကွ...ဒီကောင်က
သူ့အစ်မကို သွားကြောင်တာလေ...သူလာမယ်
လို့လဲ မထင်မိလို့ပေါ့ကွာ..."
"ဒီ ယောကျ်ားမဟုတ် မိန်းမ မဟုတ်ကောင်ကို
ငါရအောင်ယူပြဦးမယ်..."
"ဟေ့ရောင်..."
ဘဦးက စံမြကို တစ်ချက်ဟန့်ကာ စကားဖြူကို
တစ်ချက်ကြည့်လိုက်သည်။
"ရှင်တို့စကားပြောမယ်ဆိုရင်
အပြင်ထွက်ပြောကြပါ "
"တောင်း...တောင်းပန်ပါတယ်ဆရာမလေး..."
"မင်းတို့ကလဲ...သွားကြ...အပြင်မှာ ထွက်နေကြ"
ငလှ နှင်ထုတ်လိုက်တော့ ဘဦးတို့တွေ ဆေးရုံအပြင်
သို့ထွက်သွားကြတော့သည်။
.....
"ဟေ့ရောင် သာဂိ...တို့ဆေးရုံမှာ
ထနောင်းစုရွာက သူကြီးသား အရိုက်ခံရလို့
ဆေးရုံတက်နေရတယ်ဆို ဟုတ်လား..."
"ဟုတ်တယ် လူပျိုကြီးရေ...ဖွန်ကြောင်မှုနဲ့
အရိုက်ခံရတာလို့ကြားတာပဲ..."
လူပျိုကြီးက သာဂိတို့ဝိုင်းကို ထန်းရည်အိုးလာချ
ပေးရင်းမေးတော့ သာဂိ ကပြန်ဖြေသည်။
"အဟေး....သူကြီးသားကိုတောင် ရိုက်လွှတ်တာ
ဆိုတော့ အာဂပဲ...ဘယ်သူတဲ့လဲ..."
"မသိပါဘူးဗျာ...ရွာဇော်လို့တော့ပြောတာပဲ"
သာဂိက မြေပဲစိတစ်စိ ကောက်ဝါးရင်း ပြန်ဖြေ
သည်။
"ဘာတွေပြောနေကြတာလဲကွ...."
"ဟာ..အတော်ပဲ...ကိုပြားကြီး...
ဒီမှာ လူပျိုကြီးက ထနောင်းစုရွာက ရိုက်မှု
အကြောင်းသိချင်နေတာ...ပြောပြစမ်းပါ..."
ပြားကြီးဆိုတာက အခုနောက်ပိုင်း ရွာတွေလှည့်ပြီး
ဆံပင်လိုက်ညှပ်ပေးနေတဲ့သူ။
မြို့ကဆံပင်ညှပ်ဆိုင်မှာ ခြောက်လလောက် အကူ
အနေနဲ့သွားလေ့လာပြီး ရွာမှာ ပြန်စီးပွားရှာတာပေါ့။
လက်ရာသေသပ်လို့ ကာလသားတွေအကြိုက်
ဆံသဆရာပေါက်စလို့ ပြောလို့ရတယ်။
ပြားကြီးက ကွတ်ပျစ်ပေါ်ထိုင်လိုက်ပြီး ထန်းရည်
တစ်ငုံသောက်လိုက်ပြီးမှ
"အဟား...အဲ့အကြောင်းကတော့ ဟိုးလေးတကြော်
ကြော်ကို ဖြစ်နေတာပဲဟေ့...
ဒီလိုကွ....အရိုက်ခံရတာက သူကြီးသား လှတူး..
ရိုက်တဲ့သူက သူဌေးသား ထင်ရာမိုက်..."
"ဟ...နာမည်က မိုက်လှချည်လား...
ခပ်ဆန်းဆန်းပဲ..."
ပြားကြီးစကားကြောင့် တခြားသူတွေ စိတ်ဝင်စား
လာကြသည်။
ပြားကြီးက ဝါးကျည်တောက်ကို ဆောင့်ချကာ
ရယ်လိုက်ပြီး
"ဆန်းဆို...နာမည်ပဲဆန်းတာမဟုတ်ဘူး...
လူကလဲ ခပ်ဆန်းဆန်းပဲကွ...တကယ်တော့
သူကယောက်ျားမဟုတ်ဘူး မိန်းမ...ယောက်ျား
လျာပေါ့ကွာ...နာမည်အရင်းက မိုက်မိုက်..
ထင်ရာမိုက်ဆိုတာက ရွာခံလူတွေပေးထားကြတာ
သူကြီးသားက မိုက်မိုက်ရဲ့အစ်မကို ရေခပ်သွားရာ
လမ်းမှာ ရည်းစားစကားပြောတယ်တဲ့...မိုက်မိုက်က
အဲ့ဒါကိုသိပြီး ရိုက်တာ...သူကြီးသားကလဲ မြာပွေ
တယ်ကွ...ဆွဲလားရမ်းလားဖြစ်တော့ ဟိုကလဲ
သူ့အစ်မထိတော့ လုပ်မှာပေါ့ကွာ...လက်စကတော့
မသေးဘူးနော်..ရှစ်ချက်ချုပ်လိုက်ရတယ်လို့
ကြားတာပဲ...ပြီးတော့ အဲ့ဒီ့မိုက်မိုက်ဆိုတဲ့တစ် ယောက်က တကယ်ယောကျ်ားရှုံးတယ်ကွ..
သာဂိလိုကောင်မျိုးဆို တစ်ကိုင်ပေါက်စာပဲရှိတယ်
သူ့အဖေတူလို့လားမသိဘူး အရပ်မြင့်မြင့် ထောင်
ထောင်မောင်းမောင်းနဲ့ ကိုယ်လုံးကိုယ်ထည်ခပ်ကျစ်
ကျစ်ကွ...သူ့အဖေက ငယ်ငယ်ကတည်းက သိုင်း
ပေါင်းစုံသင်ပေးခဲ့တာတဲ့...ဖအေက သားရူး...
သားလိုချင်တာမရလို့ သမီးကို သားတစ်ယောက်
လိုပဲ ပျိုးထောင်ခဲ့တာ...ဥပဓိရုပ်ကလဲ ဖြောင့်တယ်
နော်...ကာလသမီးတွေဆို ကာလသားတွေထက်
မိုက်မိုက်မှမိုက်မိုက်ပဲ..."
"ဟ...ကိုပြားကြီး...သိလှချည်လားဗျ..."
"အော်...သိဆို...ငါ့ဆီမှာ ဆံပင်ညှပ်နေကျလေကွာ..
ဘိုကေပဲထားတာကွ..."
"ကိုပြားကြီးပြောမှပဲ သေချာသိတော့တယ်
ထနောင်းစုကလဲ ကျုပ်တို့ရွာနဲ့ ခပ်လှန်းလှန်း
ဆိုတော့ ရွာခံတွေကိုမသိဘူးဗျ.."
"အေး..ငါတို့သာမသိတာ...တခြားရွာတွေကတော့
သိတယ်ဟေ့...ဆိုးချက်ကတော့ကွာ..."
"ဒါနဲ့မေးပါဦးမယ်....မိုက်မိုက်က ငယ်ထွေးလောက်
ဆိုးလို့လားဗျ..."
လူပျိုကြီးက ပြားကြီးပေါင်ကိုတစ်ချက်ပုတ်ကာ
သိလိုဟန်နှင့် မေးတော့ ပြားကြီးက အားပါးတရ
အော်ရယ်ကာ
"လူပျိုကြီးရာ...ငယ်ထွေးဆိုးတာဘာဟုတ်ဦး
မှာလဲဗျ...ငယ်ထွေးဆိုးပုံဆိုးနည်းကတစ်မျိုး
သူ့ကိုနိုင်တဲ့သူရှိသေးတယ်..မိုက်မိုက်ကတစ်ရွာ
လုံးအော်ကြော့လန်ဗျ..သူကြီးသားကိုတောင်
ရိုက်ရဲတာ တခြားသူဆိုပြောမနေနဲ့တော့..
ဒီကြားထဲ ဖအေလုပ်သူကပါ အားပေးအား
မြှောက်ဆိုတော့ ပိုဆိုးတာပေါ့...အဖိုးကြီးကလဲ
လူ့ဂွစာကြီးတဲ့ဗျ...သူကြီးနဲ့လဲ အစေးမကပ်ဘူး
တဲ့...အခုတောင် သူကြီးက မိုက်မိုက်ကို သူ့သား
ရိုက်မှုနဲ့ ထိပ်တုံးတစ်ပတ် ခတ်ထားတယ်.."
"အေး...ကောင်းရောပဲ..."
"အေး...ကျုပ်တော့ အဲ့ဒီ့မိုက်မိုက်ဆိုတဲ့ငနဲကို
တစ်ခါလောက်တော့ တွေ့ဖူးချင်ရဲ့..."
.........
"နင်ကဘာလာလုပ်တာလဲအစ်မ...သွား...ပြန်.."
"နင့်ကိုထမင်းလာကျွေးတာလေ...."
"ထားခဲ့...ပြန်တော့...နောက်...မလာခဲ့နဲ့...
ဝတုတ်ကိုလွှတ်လိုက်"
ယင်းမာ ထမင်းချိုင့်လေးကို မိုက်မိုက်အနား
အသာချကာ သက်ပြင်းချလိုက်သည်။
မိုက်မိုက်က မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးကာ
လက်သီးကို ခပ်တင်းတင်းဆုပ်ထားလေသည်။
"သူကြီးကိုတောင်းပန်လိုက်...."
"ဘာကိစ္စတောင်းပန်ရမှာလဲ...ငါမှားတာမှမဟုတ်
တာ...သူ့သားကနင့်ကို အရှက်သိက္ခာကျအောင်
လုပ်လို့ ငါကမှတ်လောက်အောင် ဆုံးမလိုက်တာ
ဘာမှတောင်းပန်စရာမလိုဘူး...အခုအိမ်မှာအဘ
မရှိလို့...အဘသာရှိရင် ဒီသူကြီးဆိုတဲ့အဖိုးကြီး
ကျုပ်ကို ထိပ်တုံးခတ်ရဲမယ်ထင်လား...ထွီ.."
"ဒုက္ခပဲ မိုက်မိုက်ရယ်..."
"အစ်မတို့သားအမိတွေက အကုန်အတူတူပဲ
အဲ့လိုများများလုပ် တက်စော်ကားသွားလိမ့်မယ်..
အဘပဲ ကျုပ်ဖက်မှာရှိတာ...အခုလဲ အစ်မအနေ
ထိုင်မတတ်လို့ဖြစ်တာ..."
ယင်းမာ သက်ပြင်းမောသာ ချနိုင်လေသည်။
ဒီသားအဖနှစ်ယောက်နှင့်တော့ခက်သည်။
အဘက သူ့အစ်မရဲ့သမီး မင်္ဂလာဆောင်ရှိတာ
ကြောင့် စစ်ကိုင်းဘက်သို့ ခရီးသွားနေ၍ အိမ်မှာ
မရှိချေ။
အိမ်ပြန်လာ၍ အခုကိစ္စကိုသာသိလျှင် မိုးမီးလောင်
ချေတော့မည်။
အဘပြန်မလာခင် မိုက်မိုက်ကို ထိပ်တုံးလွတ်အောင်
သူကြီးကိုတောင်းပန်ခိုင်းလဲ တွေ့တဲ့အတိုင်း သူမှန်
လျှင် တစ်စွတ်ထိုးလုပ်တတ်သည့် ညီမဖြစ်သူ
ကြောင့် ကြားက သူတို့သားအမိ အသက်တိုပေ
လိမ့်မည်။
"ခက်တယ် မိုက်မိုက်ရယ်..."
>>>>>>>>>>
ဟဲဟဲဟဲ....နောက်ထပ် ဇာတ်ကောင်သစ်တစ်ဦး
ပါလာပါပြီနော်...
21 Feb 2024