သေခြင်းတရားက သူမဆီ မလာခဲ့ပေ ။ လေထဲသို့ တိုးဝင်သွားသော သူမ၏ ခန္ဓာကိုယ်သည် နှေးကွေးသွားခဲ့ကာ ချောမောပြီး အပြစ်အနာအဆာကင်းသော မျက်နှာသည် မို့ရွှီတုန်ရှေ့တွင် ပေါ်လာခဲ့သည်။ သူ၏အလွန်ချောမောသော မျက်နှာပေါ်တွင် ရိုင်းစိုင်းသော အပြုံးတစ်ခု ရှိသင့်ပေမယ့် ယခုအချိန်တွင် သူ၏မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မည်းမှောင်နေသည်။ သူ၏ချောမောသောမျက်နှာသည် အေးခဲအေးစက်နေပြီး သူ့မျက်လုံးများတွင် နှင်းခဲများရှိနေပုံရသည်။ တစ်ယောက်ယောက်က သူ့ကိုကြည့်ရင်း အေးစက်သွားသလို ခံစားလိုက်ရလိမ့်မည် ။
ဒါက အဆူယာလိုလူမျိုးပင်?? ( အဆူယာဆိုတာ အိန္ဒိယဒဏ္ဍာရီက မကောင်းမှုပြုလေ့ရှိတဲ့ နတ်ဗြဟ္မာလူတန်းစား၏ အဖွဲ့ဝင်တစ်ဦးကို ဆိုလိုတယ်နော်) အဆူယာသည် ဒဏ္ဍာရီများတွင် ပြေပြစ်ပြီး အလွန်လှပသည်။ စစ်မြေပြင်မှာ အဆူယာရဲ့ သတ်ဖြတ်မှုဟာ သွေးစိမ်နေတယ်ဆိုရင်တောင်မှပေါ့်...
ထို အာဆူယာသည် အားကြီးပြီး ခြိမ်းခြောက်နိုင်ကာ သူမကို စားချင်သလို ပြင်းပြင်းထန်ထန် ကြည့်နေသည်။
သို့သော် မို့ရွှီတုန်းသည် လုံးဝကြောက်လန့်ခြင်းမရှိပေ။ သူ့ကိုမြင်လိုက်ရသောအခါ သူမသည် ယခင်ကထက် ပို၍ ပေါ့ပါးလာကာ သူမ၏ နှုတ်ခမ်းများသည် ဖြေလျော့ကာ သက်တောင့်သက်သာရှိသော အပြုံးကို ထုတ်ဖော်ခဲ့သည်။ ချွန်ထက်သော ကြွေထည်များကို သူမလက်ထဲတွင် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရမှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူမ စကားပြောချင်သော်လည်း လုံးဝမလှုပ်နိုင်တော့သည်ကို သိလိုက်ရသည်။
သူမ၏ အာရုံကြောများသည် တင်းတင်းကျပ်ကျပ် ဒဏ်ရာရပြီး အလွန်ပင် ပင်ပန်းနွမ်းနယ်နေသည့် အခြေအနေတွင် ရှိနေသည်။ ဖန်ယုလန်ချဉ်းကပ်လာသည်ကို သူမမြင်လိုက်ရပြီး အကြောင်းပြချက်တစ်ခုခုကြောင့် သူမ စိတ်ချသွားရသည်။ သူပြောတာကို သူမ မကြားနိုင်ဘဲ သူ၏ချောမောတဲ့ နှုတ်ခမ်းတွေ လှုပ်ရှားနေတာကိုပဲ မြင်နေရသည် ။ သို့သော် သူမ ဘာအသံမှ မကြားနိုင်ပေ ။
သူမသည် မသိစိတ်က သူ့၏မျက်လုံးထဲက ဒေါသတွေကို ပြေပျောက်အောင် ပြုလုပ်ပေးချင်နေသည် ။ သို့သော် သူမသည် သူ့လက်ကို ဆုပ်ကိုင်ရန်ပင် ခွန်အားမရှိပေ။ သူမခေါင်းက နောက်ပြန်ကျသွားပြီး လက်က ပြုတ်ကျသွားခဲ့တယ်။
ဖန်ယုလန်သည် သူမ၏ ခန္ဓာကိုယ် ပျော့ပျောင်းလာသည်ကို ရုတ်တရက် မြင်လိုက်ရပြီး သူ့ဘေးနားရှိ လူနှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။ သူ့မျက်ခုံးတွေက ဒေါသတွေ ဝိုင်းလာနေသည်။ သူသည် သူ့ဘေးနားရှိ အစောင့်များကို အဓိပ္ပါယ်ရှိရှိ စိုက်ကြည့်ပြီးနောက် မဝေးလှသော မြင်းရထားမှ တွားသွားနေသည့် စီမာလင်းရန်ကို ကြည့်လိုက်သည်။ စီမာလင်းရန်၏ မျက်နှာသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သစ်ပင်အနောက်မှာ ရပ်နေတဲ့ လူနှစ်ယောက်က သူတို့အနား စီမာလင်းရန်ချဉ်းကပ်လာတော့မှ အံ့သြသွားကြတယ် ။
သရုပ်ဆောင်ရန်အတွက် ၎င်းတို့နှစ်ဦးကို စီမာလင်းရန်မှ ငှားရမ်းထားခဲ့သည်။ မြင်းရထားပေါ်ကနေ ထွက်လာပြီးတာနဲ့ သူနဲ့အဝတ်အစားတွေ ဖလှယ်ကြမည်ဖြစ်သည် ။ ထိုနောက် စီမာလင်းရန်သည် အလှကို ကယ်တင်သော သူရဲကောင်း ဖြစ်လာလိမ့်မည် ။ သို့ဆိုလျှင် သူတို့၏စကားများသည် အမှန်တရားအဖြစ် ခံယူကြလိမ့်မည်။ မို့ရွှီတုန်းသည် နာမည်ပျက်ခံထားရသော မိန်းကလေးတစ်ဦးမျှသာဖြစ်ပြီး သူမ ဘာပြောနိုင်တော့မလဲ ။
သို့သော် လက်ရှိအခြေအနေကို သူတို့ မမျှော်လင့်ထားပေ။
ဤနေရာ၌ ဖြစ်ပျက်နေသော အဖြစ်အပျက်များကို လူအချို့ကြားသိခဲ့ရင် ၎င်းတို့ဆီသို့ ပြေးလာခဲ့ကြလိမ့်မည် ။ စီမာလင်းရန်က မြေပြင်ပေါ်တွင် ညည်းတွားနေသည် ။ အမျိုးသမီးတစ်ဦးသည် မြင်းလှည်းပေါ်မှ ပျံထွက်လာပြီး ထူးထူးခြားခြား ချောမောသော အမျိုးသားတစ်ဦး၏ ရင်ခွင်ထဲသို့ ဆင်းသက်လာခဲ့သည်။ ထိုချောမောသော လူက သွေးဆာနေပုံရပြီး အစွမ်းထက်သည်။ သူသည် သူတို့ကို အသက်ရှူကြပ်စေခဲ့သည်။
သူတို့နှစ်ဦးသည် စီမာလင်းရန် ငှားရမ်းထားသော လူရမ်းကားမျှသာ ဖြစ်သည်။ သူတို့သည် သာမန်လူများသာဖြစ်သော်ငြား တစ်ချက်ကြည့်လိုက်ရုံဖြင့် လူတစ်ယောက်က မည်သို့မည်ပုံဖြစ်သည်ကို သိနိုင်သည်။
ထိုလူသည် သူတို့ မစော်ကားသင့်သော သူတစ်ယောက် ဖြစ်သည် ။ ၎င်းတို့နှစ်ဦးသည် ၎င်းတို့၏အလုပ်ရှင် စီမာလင်းရန်သေဆုံးခဲ့သည် သို့မဟုတ် အသက်ရှင်ခြင်း ရှိ၊ မရှိ မသိခဲ့ကြပေ။ သူတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြေးကြသည်။ သို့သော် နောက်ကျသွားခဲ့ပြီ ဖြစ်သည် ။ လူတို့ကို ထိမှန်သော ဓားမှ အလင်းတဖျပ်ဖျပ် တောက်နေ၏။ ချွန်ထက်သောဓားသည် အမျိုးသားတစ်ဦး၏ ရင်ဘတ်ကို ဖြတ်သွားစဉ် အခြားအမျိုးသားတစ်ဦးမှာ ခေါင်းဆုံးရှုံးသွားခဲ့သည်။ ဦးခေါင်းသည် လေထဲသို့ ပျံတက်သွားပြီး ထောင့်စွန်းမှ ထွက်သွားသော မို့ရွှမ်မင်အနားသို့ ရောက်သွားသည် ။
မို့ရွှမ်မင်က တဆတ်ဆတ်တုန်နေပြီး ကြောက်စရာကောင်းတဲ့ခေါင်းက မျက်လုံးတွေပြူးထွက်လာတာကို မြင်လိုက်ရသည် ။ မို့ရွှမ်မင်သည် မိုစုနဲ့အတူ မူးမေ့လဲမသွားခင် သူမ အော်ဟစ်ဖို့တောင် အချိန်မရခဲ့ပါဘူး။
"ဒီနေရာကို ရှင်းလိုက်ပါ " ဖန်ယုလန်က မို့ရွှီတုန်းကို သူ့အပြင်ဝတ် အင်္ကျီထဲမှာ ဂရုတစိုက်နဲ့ ထုပ်ပိုးလိုက်ပါတယ်။ သူ့မျက်လုံးများက ဘယ်တုန်းကမှ ဤမျှလောက် မအေးဖူးပေ ။ သူ့မျက်လုံးထဲက အလင်းရောင်က ပိုအေးလာပြီး လူသတ်ချင်တဲ့စိတ်ကလည်း ပိုအားကောင်းလာတယ်။ ယခု သူ့ကို ဆန့်ကျင်သော သူများသည် ကျိန်းသေပေါက် သေဆုံးလိမ့်မည်။
သူ့ဘေးနားက အစောင့်တွေက ဘာမှမပြောရဲဘဲ သူ့ရည်ရွယ်ချက်ကို နားလည်ပြီးသားပင် ။ သူ့မျက်လုံးထဲက အေးစက်မှုက အရာအားလုံးကို ပြောပြနေကာ အစောင့်များသည် လေးလေးစားစား ပြန်ပြောကြတယ်။
မို့ရွှီတုန်းက သူ့သခင်နဲ့အတူ ထွက်ခွာသွားတာကို စောင့်ကြည့်ပြီးနောက် အစောင့်နှစ်ယောက်က တုံ့ဆိုင်းမနေဘဲ လှုပ်ရှားလိုက်ကြတယ်။ အစောင့်တစ်ဦးသည် စီမာလင်းရန်၏အဝတ်များကို ဆွဲချွတ်ရန် တက်သွားခဲ့ပြီး ကျန်တစ်ဦးမှာ မို့ရွှမ်မင်ကို လမ်းထောင့်မှ ဆွဲထုတ်သွားခဲ့သည်။ သူတို့ လုံးဝ သည်းမခံနိုင်ခဲ့ဘူး။ သူသည် မို့ရွှမ်မင်၏ ဝတ်စုံကို တစ်ဝက်လောက် ဆွဲဖွင့်လိုက်သည်။ လက်တွေ့ဆန်တဲ့ ပုံစံဖြစ်အောင် သူလုပ်ချင်တာကြောင့် မို့ရွှမ်မင်ရဲ့ ဝတ်စားဆင်ယင်မှုကိုလည်း သူဆွဲဖြဲခဲ့လေသည်....
နောက်အစောင့်က စီမာလင်းရန်ကို မို့ရွှမ်မင်ရဲ့ နံဘေးကို ကန်လိုက်သည် ။ စီမာလင်းရန်သည် ထိုအစောင့်ကြောင့် ပို၍ပင် ဒဏ်ရာများ ရရှိခဲ့သည်။ စီမာလင်းရန်သည် သူရင်ဘတ်နဲ့ မျက်နှာကို အကြိမ်ပေါင်းများစွာ ဓားနဲ့ထိုးခံခဲ့ရတယ်။ ဖြစ်ပျက်နေတာတွေကို သူနားလည်ပြီးသားမဟုတ်ရင် သူ နာကျင်စွာ အော်ဟစ်နေလိမ့်မယ်။ အစောင့်က သူ့ကို ပြင်းပြင်းထန်ထန် ကန်ထုတ်ခဲ့ပြီး သူ့ဒဏ်ရာတွေ နာကျင်ခဲ့ရသည် ။ သူ ဆက်မထိန်းနိုင်တော့ဘူး။ သူလေထဲသို့ပျံဝဲခဲ့ပြီး မို့ရွှမ်မင်ပေါ်သို့ ကျသွားရင်း နာကျင်စွာ အော်ဟစ်လိုက်သည်။ နာကျင်မှုသည် သူ၏အမြင်အာရုံကို ပြည့်လျှံစေပြီး မူးလဲလုနီးပါးဖြစ်ခဲ့သည်။
အဝေးကလူတွေရဲ့ စကားသံတွေက ပိုနီးလာပြီး လူတွေပြောနေတဲ့ အသံတွေ ကြားနေရတယ်။ စီမာလင်းရန်၏ စိတ်သည် အတော်လေး ကြည်လင်နေသေးသည်။ သူသည် မို့ရွှမ်မင်အနားမှ သူ့ကိုယ်သူ ဆွဲထုတ်ရန် ကြိုးစားသည်။ သို့သော်လည်း သူခံစားခဲ့ရသော ထိုးနှက်ချက်များကြောင့် သူ့အား ခွန်အားများစွာ ဆုံးရှုံးသွားခဲ့သည်။ သူ့ကို တွန်းထနေတဲ့ သူ့လက်တွေက ခွန်အားတွေ ဆုံးရှုံးသွားကာ ပြန်ပြုတ်ကျသွားပြီး သူ့အောက်က ပျော့ပျောင်းတဲ့ ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ထပ်ပြီး ဆောင့်ချသွားမိသည် ။ သူ၏ သွေးဆုံးရှုံးမှုနှင့် ဝေဒနာကြောင့် သူ့အမြင်အာရုံ မှုန်ဝါးသွားခဲ့သည်။
.....
မို့ရွှီတုန်းသည် ပတ်ပတ်လည်ကို ကြည့်ရှုရင်း မူးဝေပြီး မူးလဲသွားမလို ခံစားလိုက်ရသည်။ သူမသည် သူတို့အပေါ်တွင် ပန်းထိုးထားသောတိမ်များနှင့်အတူ ရောင်စုံအိပ်ရာကန်လန့်ကာကို ကြည့်ရှုလိုက်သည် ။ ထို့နောက် သူမ၏ ခေါင်းအုံးပေါ်ရှိ အမွှေးတိုင်၏ မွှေးပျံ့သော ရနံ့ကို ရှူရှိုက်မိသည်။ သူမရဲ့အခန်းထဲပြန်ရောက်နေပြီဆိုတာ သူမ သိလိုက်သည် ။
သူမ အလွန်မူးဝေပြီး ခေါင်းကိုက်လာသည်။ သူမ ခေါင်းကို ထိဖို့ လက်လှမ်းလိုက်ချင်သည်။ ဒါပေမယ့် သူမလက်ကို မြှောက်လိုက်ချိန်မှာတော့ သူမ မကူညီနိုင်ဘဲ နာကျင်စွာ အော်ဟစ်လိုက်သည် ။
သူမ၏ လက်ဖဝါးသည် လှီးဖြတ်ခံလိုက်ရသလို နာကျင်နေပြီး တင်းတင်းကြပ်ကြပ် ချည်နှောင်ထားသလို ခံစားလိုက်ရတယ်။
"မင်းလည်း နာကျင်ရတယ်ဆိုတာ မင်းသိပြီး နာကျင်အောင်အော်ရမယ်ဆိုတာ မင်းသိပါတယ် ။ မင်းကို သစ်သားနဲ့လုပ်ထားတာလို့ ငါထင်ခဲ့တယ် ။ မင်းအရာရာကိုသိရင် အခုမှ မင်းဘာလို့ မထနိုင်ရတာလဲ ၊ မင်းလက်ကိုတောင် မမြှောက်နိုင်တော့ဘူးလား "
အမှောင်ထဲတွင် အေးစက်သော လှောင်ပြောင်သံများ ထွက်ပေါ်လာပြီး မို့ရွှီတုန်းသည် အသံထွက်နေသည့် လမ်းကြောင်းဆီသို့ လှည့်ကြည့်လိုက်သည် ။ ပြတင်းပေါက်ကနေ ဖြတ်ဝင်လာတဲ့ အလင်းရောင်ကနေ သူ့ကို သူမ မြင်လိုက်ရတယ်။ သူမအခန်းထဲမှာ အခြားလူတစ်ယောက်ရှိခဲ့တယ်။
မို့ရွှီတုန်း၏အသံကိုကြားသောအခါ ထိုလူက မတ်တတ်ထလိုက်သည်။ သူ၏ နဂါးပန်းထိုးထားသော ခရမ်းရောင် ဝတ်ရုံသည် အလင်းရောင်ထဲတွင် လင်းလက်နေသည်။ သူမအနားကို ချဉ်းကပ်ပြီး အပေါ်ကနေ လှမ်းကြည့်လိုက်ပြီး ခဏအကြာ သူ့မျက်နှာက ပြတင်းပေါက်ဘက်ကို အနည်းငယ်လှည့်သွားတယ်။ မို့ရွှီတုန်းသည် သူ၏ ချောမောသော မျက်နှာပေါ်ရှိ သိမ်မွေ့သော အမူအရာကို သူမရှိရာနေရာမှ မြင်နိုင်သည်။
သူ၏အနက်ရောင်မျက်လုံးများသည် အေးခဲနေသော ရေကန်များနှင့်တူသည်။ သူ၏ ရှည်လျားသော မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ၏ မျက်ခုံးများသည် အေးစက်စွာ ကွေးသွားခဲ့သည်။ သူသည် သာမာန် ပျင်းရိသူ မဟုတ်တော့ပေ ။ ယနေ့တွင် သူသည် ထက်မြက်ပြီး အေးစက်သောအကြည့်ဖြင့် အဆူယာ နှင့်တူနေပုံရသည်။ သူ့အငွေ့အသက်က အန္တရာယ်ကို ခြိမ်းခြောက်နေသည် ။
ထိုခရမ်းရောင်ဝတ်ရုံများသည် ခရမ်းရောင်အလင်းဖြင့် လင်းလက်နေပုံရသည်။ သူက မို့ရွှီတုန်းအနားကို ချဉ်းကပ်လာပြီး သူမကို အေးစက်စွာ ကြည့်နေသည် ။
ထိုလူက ဖန်ယုလန်ပါပဲ ။ သို့သော် ဒါက ဖန်ယုလန်၏ အရင်ပုံစံနဲ့ မတူပေ ။ ဖန်ယုလန်က ဒေါသထွက်နေတယ် ။
မို့ရွှီတုန်းက သူမ နှုတ်ခမ်းကို ကိုက်လိုက်သည်။ မို့ရွှီတုန်းသည် အဘယ်ကြောင့် သူနှင့် ရဲဝံ့စွာ စကားမပြောနိုင်သည်ကို မသိခဲ့ပါ။ သူမ လက်ကို အနည်းငယ် မြှောက်လိုက်ပြီး သူမလက်ကို မော့ကြည့်လိုက်သည်။ သူမလက်ချောင်းများက တင်းတင်းကြပ်ကြပ် ထုပ်ပိုးထားပြီး သူမလက်ချောင်းကို နည်းနည်းလေးတောင် ရွှေ့ဖို့ ခက်နေရှာတယ်။
"အာ...မင်းဒီမှာဘာလုပ်နေတာလဲ ၊ တို့အမှားလုပ်မိတာလား ၊ ဒီအခန်းက တို့အခန်းပဲမဟုတ်ဘူးလား" သူမက ခြောက်သွေ့စွာရယ်မောလိုက်သည်။ သူမ၏ ပန်းနုရောင် နှုတ်ခမ်းများက အပြစ်ကင်းသော စိတ်ဖြင့် အနည်းငယ် ကြွလာသည်။ သူမ၏ ကြီးမားသော မျက်လုံးများက ငြိမ်သက်နေသော ရေကန်များကဲ့သို့ ဖြစ်နေသည်။ တစ်ယောက်ယောက်က သူမကို ဂရုတစိုက်ကြည့်မိရင်၊ သူမဟာ အတော်လေး နေမကောင်းဖြစ်နေတာကို သူတို့ သိနိုင်ပါတယ်။ တစ်ယောက်ယောက်က သူမအတွက် စိတ်မကောင်းဖြစ်ရုံကလွဲလို့ မကူညီနိုင်ခဲ့ပါဘူး။
သို့သော် ဖန်ယုလန်သည် ထိုကိစ္စကို စိတ်မဝင်စားနိုင်ပေ။ သူက အေးစက်စွာပြောလိုက်သည် ။ " ငါ မင်းကို မိုရီကိုလည်း ပေးခဲ့ပြီးပြီ၊ မိုဖန်ကလည်း မင်းကို စောင့်ရှောက်နေခဲ့တယ် ။ မိုယုက သူမကိုပြောပြီးရင် ဘာဖြစ်သွားမှန်း မိုရီက ဘယ်လိုလုပ် မသိဘဲနေမှာလဲ ၊ မိုရီက သူမ ဘယ်လိုဆက်လုပ်ရမလဲဆိုတာ သိတယ် ။ မင်းက ကိုယ်တိုင် မစွမ်းဆောင်လိုက်ရမှာကို အရမ်းစိုးရိမ်နေသလား ၊ မင်းငါ့ကိုမယုံဘူးလား? "သူ့စကားက ကြမ်းတမ်းလာခဲ့သည် ။
မို့ရွှီတုန်းသည် ဂရုမစိုက်ဟန်ဆောင်ချင်သော်လည်း သူမ၏နှလုံးသည် တုန်လှုပ်သွားသည်။ သူမ စကားမပြောခင်မှာပင် သူမမျက်လုံးများနီရဲလာသည်။ မိုရီ နှင့် မိုဖန်သည် သူမအား လျှို့ဝှက်စွာ ကူညီလိမ့်မည်ဟု သူမယုံကြည်ခဲ့သော်လည်း သူမယုံကြည်မှု သိပ်မရှိသေးပေ။ အထူးသဖြင့် သူမသည် ချွန်ထက်သောကြွေလွှာကို ကိုင်လိုက်သောအခါတွင် သူမသည် အမုန်းတရားများဖြင့်သာ ပြည့်နှက်နေခဲ့သည်။ သူ့အရိုးတွေထဲ စိမ့်ဝင်သွားတဲ့ အမုန်းတရားတစ်ခုက သူမ မစဉ်းစားခင် အရင်လုပ်လိုက်မိတယ် ။
သူမခံစားခဲ့ရတဲ့ အမုန်းတရားတွေနဲ့ နာကျင်မှုတွေက သူမကို တွေးတောခွင့်မပြုခဲ့ပါဘူး။ သူမသည် အတွေးတစ်ခုသာရှိခဲ့သည်။ သူမသည် စီမာလင်းရန်၏အသားကိုစားပြီး သူ့သွေးကိုသောက်ချင်သည်။ စီမာလင်းရန်ဟာ သူမရဲ့ အတိတ်ဘဝက သူ့မကို နာကျင်စေခဲ့ပြီး သူ့ရဲ့မင်္ဂလာပွဲမှာ သူမ သေဆုံးသွားခဲ့ရတယ်။ ဒီဘဝမှာလည်း သူမကို သူက ဖျက်ဆီးပစ်ချင်နေပြန်တယ်။ ဒါက ဘဝနှစ်ခုကို ဖြတ်သန်းခဲ့ရတဲ့ အမုန်းတရားပါပဲ။ ထို့ကြောင့် သူမကိုယ်တိုင်သာ ကလဲ့စားချေချင်ခဲ့သည်။
သူမသည် အစောပိုင်းက စေ့စေ့စပ်စပ် အစီအမံများ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် သူမသည် ဒေါသတကြီးဖြင့်သာ လုပ်ဆောင်ခဲ့သည်။
" မင်းကိုကြည့်စမ်း ၊ မင်းက မိန်းကလေးတစ်ယောက်ပဲ ၊ မင်း သူတို့ကို အနိုင်ယူဖို့ မင်းအသက်ကို စွန့်လွတ်ခဲ့တယ် ။ မင်းအနိုင်ရရင်ရော ဘယ်လိုလုပ်မလဲ ၊ အဲဒီနေရာက မြွေပွေးတွေနဲ့ ပြည့်နှက်နေတာ ၊ တစ်ယောက်ယောက်က မင်းကိုမြင်နေသရွေ့ စီမာလင်းရန် နဲ့ အဆုံးသတ်ဖို့ကလွဲလို့ မင်းမှာ ရွေးချယ်စရာမရှိတော့ဘူး။ မြို့စားရဲ့အိမ်တော်မှာ ရှုခင်းကောင်းကောင်းရှိတယ် ၊ ဒါမှမဟုတ် စီမာလင်းရန်က ချောတယ်လို့ မင်းထင်လား ၊ မင်း သူ့ကိုလက်ထပ်ချင်တာလား ၊ မင်းလုပ်သမျှအရာတိုင်းကို ရူးရူးမိုက်မိုက်လုပ်မယ့်အစား မင်းဦးနှောက်ကို ဘာလို့မသုံးတာလဲ " မို့ရွှီတုန်း စကားမပြောနိုင်သည်ကို ဖန်ယုလန်ကမြင်သည်။ အမှောင်ထဲတွင် အနည်းငယ်နီနေသော သူမမျက်လုံးများကို သူ မမြင်နိုင်ဘဲ သူမအား ပြစ်တင်ရှုတ်ချလိုက်သည် ။
ဒီကိစ္စမှာ ပါဝင်ပတ်သက်သူတိုင်းအတွက် ကံမကောင်းနိုင်ပါဘူး ။ မို့ရွှီတုန်းသည် အမျိုးသားတစ်ဦး၏ ပြန်ပေးဆွဲခြင်းကို တစ်စုံတစ်ယောက်က မြင်ပါက၊ သူမ၏ ဂုဏ်သတင်း ပျက်ပြားသွားမည်ဖြစ်သည်။ စီမာလင်းရန် သည် သူမကို ကယ်တင်ရင်း သူမ၏အဝတ်အစားမဲနေသောအသားအရည်ကို ထိလိုက်လျှင် သူမသည် မြို့စား၏သားနှင့် လက်ထပ်ခြင်းမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ထို့အပြင် စီမာလင်းရန်သည် မို့ဟွာဝမ်နှင့် လုဗိုလ်ချုပ်အိမ်တော်တို့ကြောင့် သူမအား ၎င်း၏ တရားဝင်ဇနီးအဖြစ် ရာထူးခွင့်ပြုပေးရမည်ဖြစ်သည်။ ဒါပေမယ့် ဘာလို့လဲ ? သူတို့အိမ်ထောင်မပြုခင်မှာ သူမက ဒီလိုမျိုးတွေဖြစ်ခဲ့တယ်။ အနာဂတ်မှာ မြို့စားရဲ့အိမ်တော်က ဘာပြောမလဲ။ စီမာလင်းရန်က သူမလုပ်ချင်တာမှန်သမျှ လုပ်ခွင့်ပေးပြီး သူမကို ကောင်းကောင်းဆက်ဆံခဲ့ရင် သူမ၏မျက်နှာကို ကယ်တင်ဖို့ ကူညီပေးခဲ့ကြတယ်လို့တောင် ပြောနိုင်ပါတယ်။
သူတို့ သူမအပေါ် ကောင်းကောင်း မဆက်ဆံခဲ့ဘူးဆိုရင်ရော....
အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက၊ သူမသည် စီမာလင်းရန် နှင့်လက်ထပ်မည်မဟုတ်ကြောင်း မို့ရွှီတုန်းမှသိသည်။ သူမရဲ့ အတိတ်ဘဝက အဖြစ်ဆိုးတွေ ထပ်ပြီး ဖြစ်ပျက်နေတာကို သူမ ကြည့်နေရုံနဲ့ မပြီးပါဘူး။ စီမာလင်းရန် နှင့် မို့ရွှမ်မင် တို့၏ အကြံအစည်ကို အောင်မြင်အောင် ခွင့်မပြုဘဲ သူမသည် အသက်သာ အသေခံလိုက်ချင်သည်။ သူမသည် ဖန်ယုလန်၏ ပြတ်သားပြီး အေးစက်စက်လှောင်ပြောင်သော စကားလုံးများကို ကြားလိုက်ရပြီးနောက် သူမခံစားလိုက်ရသည့် နာကြည်းမှုကို သူမ မထိန်းထားနိုင်တော့ပေ ။ သူမမျက်ရည်တွေကို ဖုံးကွယ်ချင်တဲ့အတွက် မျက်နှာကို လက်ဖြင့် ကာလိုက်သည် ။ သို့သော် သူမသည် စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရသောအခါတွင် သူမ ခေါင်းကို မော့လိုက်ရုံသာ တတ်နိုင်ခဲ့သည် ။ ထို့နောက် သူမလက်များကို တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားကြောင်း သူမ သိလိုက်ရသည်။
"မင်းဘာလို့ စကားမပြောနိုင်ရတာလဲ ၊ မင်းဘာလို့မရှင်းပြတာလဲ ၊ မင်းက များသောအားဖြင့် စကားပြောကောင်းတာ မဟုတ်ဘူးလား။ မင်းဒီနေ့ဘာလို့ဆွံ့အနေတာလဲ။ မင်းပါးစပ်က မင်းလက်လို နာနေတာမဟုတ်ဘူး။ ဒီလိုအချိန်တိုလေးအတွင်းမှာ မင်းပါးစပ်ကို ဒဏ်ရာရသွားတယ်လို့ မပြောနဲ့ " ဖန်ယုလန်၏ နဖူးပေါ်ရှိ သွေးကြောများ တွန့်လိမ်နေခဲ့သည် ။ သူမသည် သစ်ပင်ပေါ်သို့ ပြုတ်ကျလုနီးပါးဖြစ်နေသည်ကို တွေးမိသောအခါ သူမကို ဆူပူကြိမ်းမောင်းခြင်း မပြုဘဲ မနေနိုင်တော့ပေ ။
ထိုအပင်သည် မြင့်မားသောသစ်ပင်ကြီးတစ်ပင်ဖြစ်ခဲ့သည်။ သူမ၏ သွယ်လျသော ခန္ဓာကိုယ်က မည်သို့ ခံနိုင်မည်နည်း။
သူမသေလိမ့်မယ်!
သူနန်းတော်ကထွက်တဲ့အချိန် သတင်းပို့ဖို့ရောက်လာတဲ့ မိုဖန်ပြန်လာတာကို သူ မတွေ့ခဲ့ဘူးဆိုရင်၊ သူနည်းနည်းနောက်ကျသွားခဲ့ရင် သူ့တစ်သက်လုံး နောင်တရနေလိမ့်မယ်။ ထိုကြောင့် သူခံစားရတဲ့ ဒေါသကို တွန်းမထုတ်နိုင်ခဲ့ဘူး။ သူသည် သူမအား ဆွဲထုတ်ပြီး သူမသည် မိန်းကလေးတစ်ယောက်သာဖြစ်ပြီး မည်မျှ ပျော့ညံသည်ကို နားလည်စေရန် သူမအား ပြင်းပြင်းထန်ထန် ရိုက်နှက်ပေးချင်ခဲ့သည်။
သူမသည် ကြွေပုလေးနဲ့ စီမာလင်းရန်အား တိုက်ရိုက်တိုက်ခိုက်ဖို့ မည်မျှပင် သတ္တိရှိရှိ ရင်ဆိုင်ရဲသနည်း။ သူမရဲ့ ထက်မြက်သော ဉာဏ်ရည်ဉာဏ်သွေးက ဘယ်ရောက်သွားတာလဲ။
ဖန်ယုလန်၏ အေးစက်သောလှောင်ပြောင်သောအသံသည် သူမ၏ နောက်ဆုံးကောက်ရိုးကို ချိုးဖျက်ပစ်လိုက်သည်။ မို့ရွှီတုန်းရဲ့ တင်းတင်းကျပ်ကျပ် ကိုက်ထားတဲ့ သွားတွေ ပြေလျော့သွားပြီး သူမ မျက်ရည်တွေကို ထိန်းမထားနိုင်တော့ဘဲ မျက်ရည်များ တိုးထွက်လာကြတယ်။ သူမ၏ ဝမ်းနည်းမှုတွေ၊ နာကြည်းမှုတွေ၊ ကြောက်ရွံ့မှုတွေ အားလုံးဟာ မျက်ရည်တွေအဖြစ် ပြောင်းလဲသွားခဲ့တယ်။
"ရှင်းပြရမယ် ၊ တို့က ဘာလို့ရှင်းပြရမှာလဲ ၊ တို့က ဘာလို့ မင်းကို ရှင်းပြဖို့ လိုအပ်တာလဲ။ မင်းက တို့ကို ဘာလို့ အရမ်းဂရုစိုက်ရတာလဲ " မို့ရွှိတုန်းက ငိုကြွေးရင် အော်ပြောလိုက်သည် ။