State ကျောင်းသားဘဝက ဘဝမှာ ဘယ်တော့ ပြန်ကြည့်ကြည့် အပျော်ဆုံးကာလဖြစ်ခဲ့တယ် အဲ့ပျော်ရွှင်ခြင်းက မေမေရှိနေခဲ့ခြင်းကြောင့်ဆို ပိုမှန်ပါသည်။မေမေက ဒီအရွယ်ထိ ကျောင်းကြိုကျောင်းပို့ သူပဲလုပ်ပေးခဲ့သလို ထမင်းတောင် မခွံကျွေးရုံတမယ် ပြုစုပေးခဲ့သည်။အဲ့တုန်းက ဖေဖေကလည်း ကျွန်တော့်ကို အချစ်ဆုံးလို့ ထင်ခဲ့တာပါပဲ.....
ဒါပေမယ့် ကံတရားတွေက အစိုးမရတတ်တာ ကျွန်တော်နားမလည်သေးတဲ့ ကာလမှာချစ်ရတဲ့လူကို ဆုံးရှုံးသွားတာက ဘဝရဲ့ အကြီးမားဆုံး နောင်တ တရားဖြစ်လာခဲ့တော့သည်။
"ကလေး မင်းနိုင်ငံခြားသွားပြီး ကျောင်းတက်ချင်သလား"
"တော်ပြီ ဖေဖေ ကျွန်တော် ဒီမှာပဲ ဆက်တက်မယ်"
"မင်းစိတ်အဆင်ပြေရဲ့လားကွယ်"
"အဖြေသိနေတဲ့ မေးခွန်းတွေကို မမေးတာကောင်းမယ်ထင်တယ် ဖေဖေ"
"ဖေဖေလည်း မင်းမေမေကို ချစ်ပါတယ် ဒါပေမယ့်ကွယ် သတ္တဝါဆိုတဲ့ အမျိုးက ဒီလိုပဲ ခွဲကြရတာပဲမဟုတ်လား နှစ်တွေလည်း ကြာနေပါပြီကွယ်"
"ကျွန်တော်တော့ နားမလည်ပေးနိုင်ဘူးဖေဖေ, မေမေနေမကောင်းတာ ကျွန်တော်တစ်ယောက်တည်းမသိခဲ့ရတာ အခုမှတော့ တရားတွေမချပါနဲ့တော့ ကျွန်တော် ဆုံးရှုံးသွားရပြီးပြီ လောကမှာ ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့ မရတဲ့အရာကိုမှ လက်လွှတ်လိုက်ရတာပါ ဖေဖေ"
"နောက်နေ့ ဖေဖေ့ညီမ မင်းတီငယ်လေး မင်းနဲ့အတူ လာနေပေးလိမ့်မယ်"
"ဖေဖေက ဘယ်သွားဦးမလို့လဲ"
"ကျွန်တော် တစ်ယောက်တည်းလည်း ဖြစ်တယ် ဘယ်သူမှ ခေါ်ခဲ့ပေးစရာမလိုဘူးရယ်"
"ဒီတစ်ခေါက် ခရီးက နည်းနည်း ကြာမှာမလို့ပါ မင်းစားရေးသောက်ရေးအတွက်ပဲ ဖြစ်ဖြစ်လိုအပ်လို့"
"စိတ်ကြိုက်တာ လုပ်ကြတော့ဗျာ"
--------
နောက်တစ်နေ့ တီလေးအိမ်ရောက်လာတယ် ဖေဖေကတော့ ဘယ်ဆီမှန်းမသိတဲ့ ခရီးထွက်သွားခဲ့သည်။
~ဒေါက်ဒေါက်
"ဖြိုးလေး တီလေး ဝင်လာခဲ့မယ်နော်"
"---"
"ဟော...ထသေးဘူးလားကွယ် မင်းဖေဖေတောင် ခရီးသွားခဲ့ပြီ တီလေး မင်းအတွက် နန်းကြီးသုပ်ဝယ်လာတယ် မနက်စာစားရအောင် ထတော့နော်"
"တီလေး...ကျွန်တော်လေ ဖေဖေ့ထပ် တီလေးကို ပိုချစ်တယ် သိလား ဒါပေမယ့် မနက်ခင်းအိပ်ရတာကို ပိုချစ်တယ်"
"စားပြီး ပြန်အိပ်လေနော် ခဏထခဲ့ လာ"
"ဟုတ်"
အောက်ထပ် မီးဖိုခန်းထဲ တီလေးပြင်ပေးတဲ့ နန်းကြီးသုပ် ထစားလိုက်သည်။
"ဖြိုးလေး ကျောင်းကဘယ်လိုဖြစ်ရတာလဲကွယ်"
"ကျွန်တော် ဘာမှစိတ်မဝင်စားဘူးဖြစ်နေတယ်တီလေးရာ"
"မင်းခံစားချက်ကို နားလည်ပါတယ် ဘဝရှေ့ရေးဆိုတာလည်း ရှိသေးတယ်လေ မင်းနားလည်တယ်မဟုတ်လား"
"ဟုတ်ကဲ့"
"တီလေး အများကြီးတော့ မပြောချင်ဘူး မင်းက စဉ်းစားဆုံးဖြတ်တတ်တဲ့ အရွယ်ရောက်ပြီဆိုတာ တီလေးသိသလို မင်းလည်း သိတယ်"
"ဟုတ်ကဲ့"
ငယ်ရွယ်တဲ့ အသက်အရွယ်ဖြစ်နေသေးလို့လားတော့ မသိဘူး တစ်ခုခုကို ဆုံးရှုံးပြီးတဲ့အခါ တော်ရုံ မဖြေသိပ်နိုင်တတ်ခဲ့ဘူး။
ဖေဖေအိမ်မှာမရှိတော့ ကျောင်းမသွားတဲ့အပြင် ညဆို club တွေသွား bar တွေသွားနဲ့ အချိန်ကုန်ခဲ့သည်။တီလေးကိုတော့ သူငယ်ချင်းတွေအိမ်မှာ အိပ်မယ်လို့ပြောလိုက်သည်။
----------
"ဖြိုးလေး ဖေဖေ နေ့လည်ပြန်ရောက်မယ်ပြောတယ် ဒီနေ့တော့ အပြင်မသွားပါနဲ့တော့နော် သူအရေးတကြီး ပြောစရာရှိတယ်တဲ့"
"အင်း သူပြောတာနားထောင်ပြီးရင် သွားလို့ရပြီမလား ခဏစောင့်ပေးပါ့မယ်"
"တီတီတော့ ဖြိုးကို လမ်းမှန်ရှာတွေ့စေချင်တယ်ကွယ်"
တီလေးကိုတော့ ကျွန်တော် တကယ်သံယောဇဉ်ရှိတာမို့ ဘာတစ်ခုမှ ငြင်းခုံပြန်ပြောတာမျိုး မလုပ်ပါ။
မေမေမရှိတဲ့ နောက်ပိုင်း တီလေးကပဲ အနားမှာ တိုင်ပင်ဖော် တိုင်ပင်ဖက် ရှိခဲ့ပေးတော့ ပိုပြီး ချစ်ခင်ရပါသည်။
နေ့ခင်းဘက် တရေးအိပ်နေတုန်း တီလေး လာနိုးသည်။
"ဖြိုးလေး အောက်ထပ် ခဏသွားရအောင်"
"လာပြီ တီလေးရေ..."
"ဪ...ဆင်းလာပြီ လာထိုင် မိတ်ဆက်ပေးမယ်
ဒါက ဖေဖေလက်ထပ်မယ့် *ဒေါ် ဝင့်ဝါခိုင်*တဲ့"
"ဟိုဘက်ကတော့ သူ့သမီးလေး *သွန်းရတီတဲ့*"
"ဘယ်လို!"
"သမီးလေးက မင်းတို့ တက္ကသိုလ်က ဆရာမလေးပဲ"
"ဖေဖေပြောချင်တာ ဒါပဲမလား ကျွန်တော်သွားပြီ"
ကားသော့ယူပြီး အဝတ်တောင်ပြန်မလဲဘဲ အိမ်က ထွက်လာဖြစ်ခဲ့သည်။ ခရီးမသွားခင်ကဘဲ မေမေကိုချစ်ပါတယ် ပြောသွားတဲ့ လူကလေ အခုတော့ မေမေ့နေရာ အစားထိုးမယ့် လူတစ်ယောက်ကို အိမ်ခေါ်လာသတဲ့ ခြေဦးတည့်ရာဆိုပေမယ့် bar တစ်ခုမှာ အရက်ထိုင်သောက်ဖြစ်ခဲ့သည်။
"ဟိတ်...မင်းဘယ်လောက်တောင်သောက်လာတာလဲ"
"ခင်ဗျားနဲ့ ဘာဆိုင်လဲ"
"အို ငါက မင်းအစ်မ ဖြစ်လာပြီလေ ဆိုင်တာပေါ့"
"ကျုပ်မှာ ဘာအစ်မမှ မရှိဘူး လာမပတ်သက်နဲ့"
~ဒုန်း
အခန်းတံခါးကို အဲလောက်အသံမြည်အောင်ပိတ်သွားစရာလိုလို့လား😠
သောက်ထားတာလည်း ကျွမ်းပစ်တော့မတတ်ဘဲမို့ စကားဆက်မပြောဖြစ်ခဲ့ပေ...
"အန်ကယ်လ် သမီးက အရင်က လိမ္မာပါတယ်ကွယ် စာလည်းတော်တယ် သူ့မေမေမရှိတော့တဲ့ နောက်ပိုင်းတော့ စိတ်ထိခိုက်သွားတယ်ထင်ရဲ့ စာမေးပွဲတွေ မအောင်တော့သလို ပြောရတာလည်း နည်းနည်းခက်လာတာပေါ့"
"ငယ်ပါသေးတယ် အန်ကယ်လ် ထိန်းကြည့်ရအောင်ပါ"
"သမီးညီမလေးလိုသဘောထားပေးပါဦး"
"ဟုတ်ကဲ့"
---------
နောက်နေ့မနက်စာစားကြတော့ ငမူးလေး ပေါ်မလာပါ။သူ့တီလေးရယ် သူ့ဖေဖေရယ် ကျွန်မတို့ သားအမိနှစ်ယောက်ရယ်ပဲ မနက်စာအတူစားဖြစ်ကြသည်။
"ဆု!ညီမလေး ပြန်တော့မယ်ဆို"
"ဟုတ်တယ်လေ အကိုကြီးပြန်ရောက်ပြီပဲ ညီမအိမ်ပြန်တော့မှာပေါ့"
"ဒါပေမယ့် ငါတို့လင်မယားက ခရီးထွက်ဦးမလို့လေ"
"ဒီက ညီမလေးက နေခဲ့မှာမဟုတ်လား"
"သမီးသွန်းနဲ့ ဖြိုးလေးနှစ်ယောက်တည်း အဆင်ပြေပါ့မလား"
"လူငယ်တွေပဲ နေတတ်မှာပါ ညီမ အားရင်တော့ လာကြည့်ပေးပါ့မယ်"
"အေးပါ"
ဒီလိုနဲ့ တီလေးအိမ်ပြန်သွားသလို ဖေဖေနဲ့ ဟိုအန်တီကလည်း ခရီးထွက်သွားကြပြန်သည်။
ကျွန်တော် အိပ်ရာထတော့ ညနေစောင်းနေပြီ ကျွန်တော်နဲ့ သိတဲ့သူမရှိတော့ ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ သောက်နေကျ barကိုပဲ ထွက်လာခဲ့လိုက်သည်။
"မေမေသာ အနားမှာရှိပေးမယ်ဆို သိပ်ကောင်းမှာပဲ မေမေရယ်"
"မေမေမရှိတော့ လောကကြီးမှာ ရှင်သန်ရတာပင်ပန်းလိုက်တာ"
"အရမ်းလွမ်းနေတယ်မေမေရယ်"
တစ်ယောက်တည်း အလွန်အကျွံသောက်ပြီး တွေးတွေးပြီး ငိုနေမိတော့သည်။ဘယ်ချိန်ညည့်နက်သွားမှန်းတောင်မသိ,သိစရာလည်း မလိုဘူးလေ အိမ်မှာစောင့်နေမယ့် လူလည်း ရှိမှမရှိဘဲကိုး။
ဆိုင်ပိတ်တော့မယ်ဆိုပြီး ဝန်ထမ်းတစ်ယောက် လာပြောတာနဲ့ မပြန်ချင်ဘဲ အိမ်ပြန်ခဲ့လိုက်ရသည်။
"ဘယ်ချိန်ရှိနေပြီလဲ မင်း"
"ဒါ..ကျုပ် ပုံမှန်အိမ်ပြန်ချိန်ပဲ"
"ကျုပ်အဖေက ခင်ဗျားအမေကိုယူလိုက်တာနဲ့ ခင်ဗျား ကျုပ်အစ်မဖြစ်မသွားဘူးနော် ဆရာမကြီး ပုံစံလုပ်မနေနဲ့"
"မင်းရိုင်းလှချည်းလားကွ "
"အေး ငါကလည်း အဲ့လို အရိုင်းတုံးကိုမှ ယဉ်သွားအောင် ပုံသွင်းပေးချင်တာ"
"ဆုတောင်းနေလိုက် ဘုရားမှာ"
"အရေးမပါတာတွေ လာပြောနေတယ်"
ကျွန်တော်လည်း စကားမပြောချင်တော့တာနဲ့ အိပ်ခန်းထဲ တန်းဝင်ခဲ့လိုက်သည်။
~ဖြောင်း
~အာ့
"ခင်ဗျား ဒါဘာလုပ်တာလဲ"
ရုတ်တရက် ဂုတ်ကို ရိုက်ခံလိုက်ရတော့ အိပ်ရာပေါ် မှောက်လျက် လှဲကျသွားသည်။ ရိုက်တာ မပြင်းပေမယ့် မူးနေတဲ့ အရှိန်နဲ့ဆိုတော့ ခန္ဓာကိုယ်ဟန်ချက်မထိန်းနိုင်ဖြစ်သွားရသည်။
"ရိုက်လိုက်တာလေ"
"ခင်ဗျား လွန်မလာနဲ့နော် ကျုပ်အဖေနဲ့ပတ်သတ်နေကြလို့ ဒီလောက် သည်းခံပေးနေတာ ရောင့်တက်မလာနဲ့"
"မင်းသည်းခံပေးစရာမလိုပါဘူး လိမ္မာပေးရင် ရပြီ"
~ဖြောင်း
~အား..."ကျုပ်အသားကို မထိနဲ့လို့ပြောနေတယ်လေ"
"မင်းကြိုက်သလိုအော် ဒီအိမ်မှာ မင်းနဲ့ ငါပဲ ရှိတယ် နောက်ပြီး အန်ကယ်လ်ကလည်း မှာသွားတယ် မင်းကို ပြုပြင်ပေးပါဦးတဲ့"
"ဒီမှာ ကျုပ်ကို ပြုပြင်ရအောင် ကျုပ်က ပျက်စီးနေတဲ့ စက်တစ်လုံးမဟုတ်ဘူးဗျ"
"ဒီအသက်အရွယ် ဒီလေသံနဲ့ လူကြီးကို ပြောနေကတည်းက မင်းက ပျက်စီးနေတာပဲ"
~ဖြောင်း
~အာ့
ခါးပတ်နဲ့ထင်တာပဲ အဆက်မပြတ် ရိုက်ချက်တွေက ကျောပြင်ပေါ် ရောက်နေတော့သည်။ ဖြစ်နိုင်ရင် ထထိုးလိုက်ချင်ပေမယ့် မူးနေတဲ့ ကိုယ့်ဘာကိုယ်တောင် မတ်တပ်ရပ်ဖို့ မလွယ်ကူဖြစ်နေတဲ့ အခြေအနေမှာလေ ဒါဟာ ကျွန်တော့အတွက် ငရဲခန်းဖြစ်နေသည်။
စပ်ဖျင်းဖျင်းနာကျင်မှုတွေကြောင့် လူတွေကို မုန်းတဲ့စိတ်က ပိုကြီးထွားလာသည်။သူပြောသလို ဒီအိမ်မှာ သူနဲ့ကိုယ် နှစ်ယောက်တည်းဆိုတာ သတိပြုမိတော့ အော်နေလည်း ထူးမှာမဟုတ် သူစိတ်ပြေသွားရင် ရပ်သွားမှာဆိုတဲ့အတွေးနဲ့ ဘာမှ မခံပြောဘဲ နေလိုက်သည်။ မနက်ကျရင် တီလေးအိမ် လိုက်နေမယ် ဒီလို ကြောက်စရာ ပတ်ဝန်းကျင်မှာ မရှင်သန်ချင်တော့ပါ။
သိပ်မာနကြီးတဲ့ ကလေးပဲ ကျွန်မ သူ့ကို ရိုက်တာ သူဘာမှမတတ်နိုင်မှန်းသိတော့ အသံတောင် ထွက်မလာတော့ဘူး။လူလေးက ငယ်ငယ်လေးပါ အခုလို မူးရူးနေမယ့်အစား ကျောင်းတက်ပြီး သူငယ်ချင်းတွေနဲ့ ပျော်စေချင်မိသည်။ သူ့ဖေဖေပြောသလောက်ဆို သူငယ်ချင်းမထားတဲ့အပြင် ပထမနှစ်ကို ၄နှစ်မြောက် တက်နေသည်တဲ့လေ။
---------
မနက် ၈နာရီထိုးနေပြီ ဒီချိန်ဆို မနက်စာ လာစားသင့်နေပြီလေ အခုတော့ အရိပ်တောင် မမြင်ရသေးတဲ့ ကလေးကို ကျွန်မ သွားနိုးရသည်။
~ဒေါက် ဒေါက်
"ငါဝင်လာပြီနော်"
"---"
"မင်း အခုချိန်ထိ မထသေးဘူးလား"
"---"
ကျွန်မလည်း စိတ်မရှည်တာနဲ့ သူ့လက်ကို သွားဆွဲပစ်လိုက်သည်။
"အို... မင်းဖျားနေသလား"
နဖူးစမ်းလိုက်တော့ ကိုယ်တွေကျစ်ကျစ်တောက် ပူနေသည်။ကျွန်မ ရိုက်လိုက်လို့ ဖျားသွားသည်တဲ့လား ဘုရား ဘုရား ကျွန်မလည်း သူငယ်ချင်း ဆရာဝန်ကို ဖုန်းဆက်ခေါ်ရတော့သည်။
"ငါဆေးပေးခဲ့မယ် လိမ်းဆေးရောပေါ့ နင်ဂရုစိုက်ပေးဦး တစ်ခုခုဆို ငါ့ဆီဖုန်းဆက်"
"အေးပါ ကျေးဇူးပဲ ငါလိုက်မပို့တော့ဘူး"
"အေ ရတယ်"
ဆရာဝန်ပြန်သွားတော့ သူ့ကို ဆေးတိုက်ရမှာမို့ သူ့အတွက် ဆန်ပြုတ်ပြုတ်ပေးရသည်။ ဆေးသောက်ဖို့ အဆင်သင့်ပြင်ပြီးမှ သူ့အခန်းတခါပြန်လာခဲ့သည်။ ယောင်္ကျားလေးဆန်ဆန် နေတဲ့ ကလေးက ပိန်ပိန်သေးသေး ဖြစ်နေပေမယ့် တကယ်တော့ ချစ်စရာပုံစံလေးပါပဲ။
"ခင်ဗျား ဘာလာလုပ်ပြန်တာလဲ"
"မင်းနေမကောင်းလို့ ဆေးလာတိုက်တာ"
"မလိုဘူး ကျုပ်တီလေးဆီ သွားနေမယ် ခင်ဗျားတို့ဘာသာ မိသားစုတစ်ခု တည်ဆောက်ပြီး နေရစ်ခဲ့ကြပါ"
"မင်းခြံရှေ့ထိ မရောက်ခင် မင်းခြေထောက်တွေ ကျိုးသွားချင်လား"
"သတ္တိရှိရင် ကျုပ်ကို ထိကြည့်လိုက်လေ မနေ့ညက သည်းခံတယ်ဆိုတာ ကျုပ်မူးနေလို့"
"မင်းလည်း ဇရှိရင် ခြေတစ်လှမ်းရွေ့လိုက်ပေါ့"
လက်က ဆေးထိုးလို့ကပ်ထားတဲ့ပလာစတာကို ဖြုတ်ပြီး အိတ်တစ်ခုထဲ အဝတ်တွေ ထ ထည့်လိုက်သည်။ မိဘတွေတောင် လေသံတစ်ချက်မမာခဲ့ဖူးတာကို သူ့လက်ထပ်ကျမှ အရိုက်ခံရတာမျိုး အဖြစ်မခံနိုင်ပါ ဖေဖေကလည်း သူ့ရဲ့ လတ်လတ်ဆတ်ဆတ် အိမ်ထောင်ရေး ထိခိုက်ခံမှာ မဟုတ်တော့ ကိုယ် တိုင်ပြောလည်း ယုံမည်မဟုတ်။
ဒီလောက်နေမကောင်းဖြစ်နေပြီး ဖြူဖက်နေတဲ့ ရုပ်နဲ့ကို ကျွန်မနားက ထွက်သွားချင်တဲ့ စိတ်နဲ့အသည်းအသန် အိမ်ပေါ်က ဆင်းဖို့ ကြိုးစားနေတဲ့ အဲ့ကလေးကို ကောက်ပွေ့ပြီး အိပ်ရာပေါ် ပစ်ချပစ်လိုက်သည်။
~အား....
"မင်းကို ငါပြောထားပီးသားပဲ"
"နာတယ်ဗျ အသွေးအသားတွေနဲ့ဖွဲ့စည်းထားတာ ခင်ဗျားနှိပ်စက်ထားတဲ့ ဒဏ်ရာတွေ အခုထိ အစိမ်းသက်သက်ရှိနေတုန်းပဲ"
"သိတယ် မှောက်အိပ်လိုက် ဆေးလိမ်းမယ်"
"ဘာလဲ ဖေဖေသိသွားမှာ စိုးရိမ်လို့ မြန်မြန်ပျောက်စေချင်နေတာလား"
"သိသွားလည်း ငါဂရုမစိုက်ဘူး မင်းမနက်ဖြန် ကျောင်းတက်ရမှာမို့ ပျောက်စေချင်တာ"
"ကျုပ်ကျောင်းမတက်တော့ဘူး ခင်ဗျားပြောလို့ကို မတက်ချင်တော့တာ"
"မင်းကို ရွေးချယ်ခိုင်းနေတာမဟုတ်ဘူး မနက်ဖြန် ငါကျောင်းသွားတာနဲ့ မင်းကို တခါတည်း ခေါ်သွားမှာ"
ပြန်ခံပြောနေတဲ့ အရိုင်းတုံးလေးကို ကျွန်မဘာသာ တွန်းပြီး မှောက်ခိုင်းလိုက်သည်။သူ့အင်္ကျီကိုလည်း ကျောကုန်းပေါ်အောင် လှန်တင်လိုက်သည်။
"ဘာ...ဘာလုပ်တာလဲ"
"မင်း ပါးစပ်ပိတ်ထား"
ရှိုးရာတွေပေါ် ဆေးလိမ်းပေးတော့ စပ်နေတယ်ထင်ရဲ့ တွန့်လိမ်နေလေသည်။
"ထ ဆေးသောက်မယ်"
"မသောက်ချင်လည်း ရတယ် မနက်ဖြန် ဒီပုံစံအတိုင်း ကျောင်းကို ဆွဲခေါ်သွားမှာ"
"ပေး"
မနက်ဖြန် ကျောင်းရောက်ရင် တီလေးကို ဖုန်းဆက်ပြီး လာခေါ်ခိုင်းမယ်လို့ စိတ်ကူးလိုက်သည်။
----------
"ကျောင်းသွားဖို့ အဝတ်လဲလေ ငါထပ်မပြောချင်ဘူး"
"အောက်ကစောင့်မယ် ပြီးတာနဲ့ ဆင်းလာခဲ့"
"ကြားလား ငါပြောတာ"
"အင်း"
တကယ့်ကို ဂျစ်ကန်ကန်နဲ့ ကလေးပေါက်စတစ်ယောက်လိုလုပ်နေသည်။
"မင်းဖုန်းပေး"
"ဘာကိစ္စပေးရမှာလဲ"
"မင်းအဖေက ခရီးသွားတာ ကြာမှာ ဒီကြားထဲ မင်းထွက်ပြေးရင် ဘယ်လိုလုပ်မလဲ ဪ..နောက်ပြီး ကျောင်းမှာလည်း ငါနဲ့ပဲ ထမင်းအတူစားရမယ်"
"ကျုပ်ကို ဘာလို့အဲ့လောက် ချယ်လှယ်ချင်နေရတာလဲ"
"မင်းကျောင်းပြီးသွားရင် လွတ်လပ်ခွင့်ပေးမယ်"
"မလိုပါဘူး ထိန်းပေးစရာလည်း မလိုဘူး ကျောင်းကလည်း ပြီးမှာမဟုတ်ဘူး ပြီးခဲ့တဲ့ နှစ်တွေမှာ တမင်ကို စာမေးပွဲမဖြေခဲ့တာပဲ"
"အခုမရတော့ဘူး စာမေးပွဲမအောင်ရင် တနေ့ကထပ် ပြင်းတဲ့ ပြစ်ဒဏ်တွေ မင်းဆီ ရောက်လာနိုင်လို့ပဲ ထွက်ပြေးဖို့လည်း မစဉ်းစားနဲ့နော်"
"စောက်ရေးမပါတဲ့ဟာတွေကွာ"
~ဒုန်း
"ကားမှန်ကွဲလည်း ငါပြင်နိုင်တယ်နော် တစ်ခုပဲ စိတ်တိုရင်တော့ လူရှေ့လည်း ရိုက်တတ်တယ်"
"ရဲတိုင်မယ် ခင်ဗျားကို"
"တိုင်ပေါ့ မင်းအစ်မဆိုလည်း ဟုတ်တယ် မင်းဆရာမဆိုလည်း ဟုတ်တယ် ငါ့ကို ဘယ်သူတရားစွဲမှာတဲ့လဲ"
~တောက်
သူငယ်ချင်းမရှိပါဘူးဆို ဖုန်းပါသိမ်းသွားတော့ တီလေးကို ဘယ်လိုဆက်သွယ်ရပါ့မလဲ.....
ကျောင်းရောက်တော့ ဘေးနားထိုင်တဲ့ ကောင်မလေးကို အားနာနာနဲ့ ဖုန်းတစ်ကောလ်လောက်ခေါ်ပေးဖို့ ပြောတော့ ငှားပေးရှာပါတယ်။
ကံပဲဆိုးတာလား ဝဋ်ပဲ ကြီးတာလားတော့ မပြောတတ် တီလေးက ခရီးလွန်နေလို့ ရောက်တာနဲ့ လာခေါ်ပါ့မယ်တဲ့...
----------
"မင်းတို့ final exam ဖြေတော့မယ်နော် စာတွေရပြီလား ကျတာငါမလိုချင်ဘူးနော်"
"ဒါနဲ့နေပါဦး ကျုပ်ဖေဖေတို့ ခရီးထွက်တာ ကြာလှချည်းလား"
"ဟုတ်တယ်လေ နိုင်ငံခြားရုံးခွဲမှာ တစ်နှစ်သွားနေမှာတဲ့ ကြားထဲအားရင်တော့ ခဏပြန်လာမှာပေါ့"
"ကောင်းပါတယ် ကျုပ်လည်း မတွေ့ချင်ပါဘူး "
"ကျုပ် ကျုပ်နဲ့ မင်းဘယ်အရွယ်မို့လဲ"
"ခင်ဗျားနဲ့မဆိုင်ပါဘူး"
"ငါက မင်းဆရာမ အဲ့တော့ ငါ့ကို ကျောင်းမှာခေါ်သလို တီချယ်လို့ပဲခေါ် ပြီးရင်မင်းကိုမင်းလည်း သမီးလို့ပဲသုံး"
"မသုံးနိုင်ပါဘူး ကျုပ်နေပုံထိုင်ပုံနဲ့ ဘာကို သမီးလဲ"
~ဖြန်း
"သမီးလို့မသုံးနိုင်ရင် ကျွန်တော်လို့သုံး မရိုင်းနဲ့ ကျုပ်တွေ ခင်ဗျားတွေနဲ့ လာမပြောနဲ့ မကြိုက်ဘူး"
ခေါင်းတောင် လည်သွားသလားမသိ အဲ့လောက် ပါးကိုရိုက်စရာလိုလို့လား ခင်ဗျားကို ကျုပ်တော့ ရင်ထဲအသည်းထဲကကို မုန်းမိနေသည်။
တီငယ်ရေ မြန်မြန်လာခေါ်ပါတော့ ကျွန်တော် ငရဲခန်းကနေ တကယ်လွတ်မြောက်ချင်နေပြီ။
"မီးဖိုခန်းထဲ လိုက်ခဲ့"
"ကျုပ်...ကျွန်တော် နားချင်ပြီ"
"ငါလိုက်ခဲ့ဆို လိုက်ခဲ့"
နီရဲသွားတဲ့ အရိုင်းတုံးလေးရဲ့ ပါးကို ကျွန်မ ရေခဲကပ်ပေးလိုက်သည်။ သူ့ဘဝလေးရဲ့ ကွက်လပ်ကို ကျွန်မ ဖြည့်ပေးချင်ပေမယ့် သူ့ဘဝရဲ့ ရှေ့ရေးကိုလည်း လမ်းခင်းပေးချင်မိပါသည်။
"မင်း first year အောင်ရင် ဖုန်းပြန်ပေးမယ် မင်း second year အောင်ရင် ကားပြန်ပေးမယ်"
"မင်းသိမ်းခံလိုက်ရတဲ့ ပစ္စည်းတွေ မင်းပြန်လိုချင်ရင် မင်းကျောင်းစာသေချာလုပ်ပေါ့"
"ကျွန်တော် ကျောင်းပြီးသွားရင်တော့ ခင်ဗျားတို့နဲ့ အဝေးဆုံးမှာ ပေးနေပါ"
"မင်းသဘောပဲ အဲ့တာတော့"
"ခင်ဗျား ကတိကို ခင်ဗျားဘယ်တော့မှ မမေ့လိုက်နဲ့နော်"
"ခင်ဗျား ခင်ဗျားနဲ့ ပြောနေဦးမယ်ဆိုရင်တော့ ငါမင်းကို ထပ်ရိုက်ဖို့ ဝန်လေးမှာမဟုတ်ဘူး"
"---"
တကယ့်ကို အကြောတင်းလေး ကျွန်မကို တီချယ်လို့ ခေါ်ဖို့ အဲ့လောက်မာနကြီးရသလား....
"မင်းသွားနားလို့ရပြီ အရိုက်မခံရအောင်နေပါ ငါ မင်းကို စကားနဲ့ပဲ ဆုံးမချင်တယ်"
"---"
"လူကြီးက ပြောနေရင် ဟုတ်ကဲ့လို့ ပြန်ဖြေလေ မင်းကျင့်ဝတ်နားမလည်ဘူးလား"
"ဟုတ်"
ဘာစကားမှ ထပ်မပြောချင်တော့တာနဲ့ သူရှေ့က လှည့်ထွက်ရင်း အခန်းထဲကို ခပ်မြန်မြန် လမ်းလျှောက်လာလိုက်တော့သည်။
--------
နေ့တွေတစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားတော့ စာမေးပွဲနေ့ကို ရောက်လာသည်။အရင်က တစ်ယောက်တည်း တံခါးလော့ခတ်ပြီး နေတတ်တဲ့ ကျွန်တော့်ကို တီချယ်ဆိုတဲ့ တစ်ယောက်က စာမေးပွဲမပြီးမချင်း တံခါးမပိတ်ရ ဆိုတဲ့ အမိန့်ထပ်ထုတ်သည်။
"မင်းစာလုပ်မလုပ် ငါအချိန်တိုင်း ဝင်လာကြည့်မှာနော်"
"ကျွန်တော်က ဉာဏ်ကောင်းပြီးသား"
"သိတယ် ဆယ်တန်းမှာ ဂုဏ်ထူးတွေနဲ့ အောင်လာပြီး uni ရောက်မှ အကျင့်ပျက်နေလို့ကို စာကြည့်ခိုင်းတာ"
"၁၀နာရီထိုးရင် အိပ်လို့ရတယ် ကြားထဲ ငိုက်နေရင်တော့ အပြစ်ပေးမှာပဲ"
နေရာတကာ သူ့စိတ်တိုင်းကျ စီမံနေတဲ့ အဲ့အမျိုးသမီးကို တော်တော် ဘဝင်မကျနေပေမယ့် ရိုက်ခံရမှာလဲ ကြောက်သည်။ စာတွေရသော်လည်း အိပ်ချိန်မရောက်သေးတော့ ကျက်ချင်ယောင်ဆောင်နေရသေးသည်။
"ရော့...နွားနို့သောက်ပြီး အိပ်တော့"
"ကျွန်တော် မကြိုက်တတ်ဘူး"
"နှားခေါင်းပိတ်ပြီးသောက် မသောက်ရင် မအိပ်နဲ့"
"ရပြီ သောက်လိုက်ပြီ အခုအိပ်လို့ရပြီမလား"
"အင်း တို့တံခါးပိတ်ခဲ့ပေးမယ် နားတော့"
"ဟုတ်"
စာမေးပွဲရက်တွေမှာ သူရော ကျွန်တော်ရော မအားတဲ့ကြားကမှ သူက ကျွန်တော် စားချင်တယ်လို့ ပြောမိတဲ့ အရာလေးတွေဆို ဖြစ်အောင်လုပ်ပေးတတ်သည်။
ကျွန်မစကားနားထောင်လာတော့ သူ့ကို ပိုပြီး သံယောဇဉ်ရှိလာမိသည်။ မေမေကတော့ သူ့စိတ်အဆင်ပြေအောင် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးဆိုပြီး ကြုံတဲ့အခါတိုင်းမှာတတ်သည်။
သူကြိုက်တတ်တာလေးတွေမှတ်ထားပြီး လိုက်လုပ်ပေးတတ်သည်။
"တီချယ်"
"ပြော..တို့နားထောင်နေတယ်"
"ကျောင်းသားကဒ်ကျန်နေခဲ့လို့"
"ဘာ! မင်းကို ငါမနက်က သတိပေးတယ်မဟုတ်လား"
"ပေးတယ် လွယ်အိတ်ထဲ ပါလာတယ်မှတ်လို့"
"အိမ်ရောက်မှ ရှင်းမယ် မင်းထမင်းစားပွဲမှာ မေ့ကျန်ခဲ့တာ တွေ့လို့ ငါယူလာတယ်"
"တကယ်လား! ကျေးဇူး ကျေးဇူး"
"စားမေးပွဲကောင်းကောင်းဖြေခဲ့"
"ဟုတ်ကဲ့"
အခုမှ ရင်အေးသွားတယ်ဆိုတဲ့ မျက်ဝန်းတွေနဲ့ ကြည့်ပြီး အခန်းဆီ ပြန်သွားခဲ့သည်။
ဂရုမစိုက်သလိုနဲ့ အစစအရာရာ နောက်က လိုက်ပြီး တကြည့်ကြည့်လုပ်ပေးနေတော့လည်း တီချယ်က တကယ့်အစ်မတစ်ယောက်လို ချစ်ဖို့ကောင်းပြန်သည်။ တခါတလေ လူမိုက်စိတ်ဝင်ပြီး ထထရိုက်တတ်တာလေးပြင်ပေးရင် သိပ်ကောင်းမှာပဲ စိတ်ထဲကသာ ပြောမိလိုက်သည်။
စာမေးပွဲဖြေပြီး သူနဲ့အတူ ကျောင်းကပြန်လာခဲ့ကြသည်။
"မင်းဖြေနိုင်တယ်မလား"
"ထင်တာပဲ"
"အင်း ဧည့်ခန်းမှာ မနက်က ပြစ်ဒဏ်အတွက် စောင့်နေ တို့အဝတ်လဲပြီးလာခဲ့မယ်"
"---"
သူ့စကားသံ ထွက်မလာတော့ဘူးဆိုတာ သိလို့ ကျွန်မလည်း အခန်းထဲသွားပြီး ပေါ့ပေါ့ပါးပါး ဝတ်စုံရွေးဝတ်လိုက်သည်။
"မင်းက စာမေးပွဲတွေ မဖြေဘဲ ပတ်ပြေးနေတော့ ကျောင်းသားကဒ်ကို အလေးမထားတတ်တာပေါ့လေ"
"လုပ် ကိုယ့်နားရွက်ကိုယ်ပြန်ဆွဲ ပြီးရင် ထိုင်ထ ၅၀လုပ် ငါ မင်းအတွက် ညနေစာ ချက်ပေးမယ်"
"ဟမ်! အခုမှ ကျောင်းက ပြန်ရောက်တာလေ ချက်ချင်းကြီးလား"
"မင်းမှာ ပြစ်ဒဏ်နဲ့ပတ်သတ်ပြီး ဘယ်တုန်းက ရွေးခွင့်ရှိလို့လဲ နံပါတ်စဉ် ကျယ်ကျယ်ရေ ငါနားထောင်နေမယ်"
"---"
"မဖြေတတ်ဘူးလား မင်းပါးစပ်က"
"ဟုတ်"
ကျွန်မလည်း ညနေစာအတွက် ချက်ပြုတ် ပြင်ဆင်နေလိုက်သည်။အပြင်က အသံကိုလည်း နားစွင့်ရင်း နံပါတ်စဉ် ကျော်ရေရင် အစက ပြန်လုပ်ဖို့ အော်ပြောရသေးသည်။
----------
စာမေးပွဲအားလုံးဖြေပြီးသွားတဲ့နေ့မှာ တီချယ်က အစည်းအဝေးရှိလို့ဆိုပြီး ကျွန်နော့်ကို သူ့သူငယ်ချင်းနဲ့ အိမ်ပြန်ဖို့ ထည့်ပေးလိုက်သည်။ စာမေးပွဲဆိုပြီး ဂရုမစိုက်ခဲ့တာကြာတော့ ဒီတစ်ခေါက် စာလုပ်ရတာ တော်တော် ပင်ပန်းသလိုခံစားရသည်။အိမ်ပြန်ရောက်တော့ ဖွက်ထားတဲ့ စီးကရက်ဗူးထဲက ဆေးလိပ် နှစ်လိပ်လောက် ယူသောက်လိုက်သည်။
ကျွန်မပြန်လာတော့ အရိုင်းတုံးလေးက အိပ်ပျော်နေသည်။ကျွန်မလည်း ပင်ပန်းလာတာနဲ့ ရေချိုးအဝတ်စားလဲဖို့ပြင်လိုက်သည်။ သူအဝတ်တွေ လျှော်စက်ထဲထည့်ဖို့ သွားယူတော့ ဆေးလိပ်နံ့ရနေသည်။ထားတော့ နောက်တစ်ခေါက်မှပဲ ပေါင်းရှင်းကြတာပေါ့ သူလည်း စားမေးပွဲနဲ့ ပင်ပန်းထားတာ ကျွန်မနားလည်ပါသည်။
"တီချယ်...ကျွန်တော့်ကို ဖုန်းပြန်ပေးပါလားဟင်"
"မင်း စာမေးပွဲအောင်မှာ သေချာလို့လား"
"ဟုတ် သေချာပါတယ်"
"ကောင်းပြီလေ ခဏနေ ငါယူခဲ့ပေးမယ်"
"ဟုတ်"
သိပ်လွမ်းနေခဲ့တာ ဒီဖုန်းလေးကို ဒီတခါတော့ အသိမ်းခံလို့မဖြစ်ပါ။ laptop ရှိတယ်ဆိုပေမယ့် လူငယ်တွေပို နှစ်သက်တာ ဖုန်းပဲလေ ဒါကြောင့် ပိုပြီးဖုန်းကို လိုချင်ခဲ့သည်။
"မင်းအပြစ်လုပ်ရင်တော့ ပြန်သိမ်းမှာနော် နောက်ပြီး ငါမသိချင်ယောင်ဆောင်ထားတာ ရှိသေးတယ် နောက်မှ နောက်မှ ပေါင်းပြောမယ်"
"ဟုတ်"
နည်းနည်း လိမ္မာလာတဲ့ပုံပေါ်ပေမယ့် ချော့ပြောလို့ရတဲ့အဆင့်မဟုတ်သေးတာမို့ လေသံကို တင်းကာပြောလိုက်မိသည်။
"မင်း အဖေကို အဆက်အသွယ်လုပ်လိုက်ဦး"
"အင်း"
"ဘယ်လိုဖြေလိုက်တယ်!"
"ဟုတ်...လို့"
"ငါမရိုက်ချင်ဘူးနော်"
"ဟုတ်ကဲ့"
မဆက်သွယ်ချင်ပါဘူး သူတောင် ဂရုမစိုက်ဘဲ ထားခဲ့သေးတာပဲ။ ဘယ်လောက်ပဲ အစ်မတော်တော် သူစိမ်းတစ်ယောက်နဲ့ ထားခဲ့တာ မဖြစ်သင့်ဘူးလေ သူကိုယ်တိုင် ဂရုစိုက်စောင့်ရှောက်ပေးလို့ရသားပဲဟာ....
"Hi တီငယ်"
"ပြန်မလာသေးဘူးလား"
"မနက်ဖြန်ရောက်မှာ ဖြိုးလေး"
"ဒါဆို လာခေါ် တီငယ်နား လိုက်နေမယ်"
"ဟုတ်ပြီရှင်"
"စာမေးပွဲရော သေချာဖြေခဲ့ရဲ့လား"
"ထင်တာပါပဲ"
"အေးပါ အေးပါ"
တီငယ်နဲ့ သွားနေဖို့ အဝတ် လေး ငါး စုံလောက် ကျောပိုး အိတ်ထဲ ထည့်လိုက်သည်။ ပျံသန်းလို့ ရတော့မယ့် ငှက်တစ်ကောင်လို ပေါ့ပါးနေတာမို့ ခဏလေးအတွင်း အိပ်ပျော်သွားသည်။
-------
"ညီမတစ်ယောက်တည်း နေခဲ့လို့ဖြစ်ရဲ့လား"
"ရတယ်အစ်မ သူ့ကိုသာ ၃ရက်ပြည့်ရင် လာပြန်ပို့ပေးလိုက်"
"တစ်ပတ်လေ တီချယ်"
"မရဘူး ဒီမှာ ငါတစ်ယောက်တည်းလေ အိမ်ပိုင်ရှင်တွေ မရှိဘဲဘယ်လိုနေရမှာလဲ"
"ဟုတ်သားပဲ ဖြိုးရယ်"
"သူလည်း ပိုင်ရှင်ပဲလေ တီလေးကလည်း"
"ကဲပါ အခုလိုက်မယ်မဟုတ်လား သွားမယ် ညီမရေ ၃ရက်ပြည့်ရင် ပြန်ခိုင်းလိုက်ပါ့မယ်ကွယ်"
"ဟုတ်ကဲ့အစ်မ"
အရိုင်းတုံးလေးကမှုန်ကုပ်ကုပ် မျက်နှာပေး နဲ့ သူ့တီငယ်နောက် ပါသွားသည်။ အကြာကြီး အလိုလိုက်ခံရရင် သူဒီထပ်ဆိုးလာမှာ စိုးလို့ ရက်အနည်းငယ်သာ လွတ်လပ်ခွင့်ပေးလိုက်သည်။
"ဘာစားချင်လဲ ဖြိုးလေး"
"တီလေး ကြိုက်တာချက် အကုန်စားတယ်"
" ညနေကျရင်တော့ အပြင်ခဏသွားချင်တယ် အခုတလော စာပြန်လုပ်နေရတော့ စိတ်ပျေလက်ပျောက် သွားချင်လို့ ကားငှားနော် တီလေး"
"ရပါရှင် အခုလို ကျောင်းစာ စိတ်ဝင်စားလာတဲ့အတွက် ကျေးဇူးပါရှင်"
"ဒါပေါ့ ကျောင်းပြီးသွားဖို့က ကျွန်တော့် မျှော်မှန်းချက်ပဲ"
"လိုအပ်တာရှိရင် တီလေးကို ပြောနော် အကုန်ထောက်ပံ့ပေးမယ်"
"ဟုတ်ကဲ့"
တကယ်တမ်း တိုင်ပြောစရာလူရှိလာတော့လည်း ဒီအရွယ်မှ ရိုက်ခံရတာ ရှက်လို့ ပြန်မပြောဖြစ်ခဲ့ပါ။
ညနေဘက်ကျ တီလေးပေးတဲ့ မုန့်ဖိုးနဲ့ တီလေး ကားလေး မောင်းပြီး သောက်နေကျ bar ကို မောင်းလာလိုက်သည်။
"ဟျောင့် ဘော်ဒါကြီး ပျောက်လှချည်းလားကွ"
"ကိစ္စလေးတွေရှိလို့ပါဗျာ"
"ပုံမှန်အတိုင်းပဲလား"
"ဟုတ်တယ် ပုံမှန်အတိုင်းချပေး"
ဘီယာအေးအေးလေး တစ်ခွက်ကို ဇိမ်ရှိရှိသောက်ရင်း ဘဝမှာ ပျော်စရာဆိုတာ ကိုယ်တိုင်ရှာရတယ်ဆိုတဲ့ အတွေးဝင်လာသည်။ သောက်ပြီးရင်း သောက်ချင်နေတာနဲ့ တစ်ခွက်ပြီး တစ်ခွက် အဝ သောက်ပြီးမှ တီလေးဆီ ပြန်လာခဲ့သည်။
"မင်းကွယ် အဲ့လောက် သောက်စရာလား ငယ်ငယ်လေးနဲ့ အသည်းတွေပျက်စီးကုန်မယ်"
"ဟင့်အင်း ကျွန်တော် မသောက်တာ ကြာပါပြီ"
"အေးပါ အခု နားတော့ တီလေး အခန်းပြင်ထားပေးတယ် အဝတ်လဲအိပ်နော် "
"ဟုတ်ကဲ့"
အမြဲအချစ်ခံခဲ့ရတဲ့ ကလေးတစ်ယောက်က ရုတ်တရက် ပျောက်ကွယ်သွားတဲ့ ချစ်ခြင်းမေတ္တာ တွေကြောင့် ဂျစ်ကန်ကန် နိုင်နေတတ်တာ ကျွန်မတော့ စိတ်မဆိုးရက်ပါ။ သူလိုအပ်တာလေး ကျွန်မ တတ်နိုင်သလောက် ကူဖြည့်ပေးရင်း သူ့အတွက် အဆင်ပြေမယ့် ရပ်ဝန်းလေးအဖြစ် ရှိနေချင်ပါသည်။
အရင်က သားအမိနှစ်ယောက် အတူနေလာပြီး မေမေ နောက်အိမ်ထောင်ပြုတော့ ညီမလေးတစ်ယောက်နဲ့ နေခဲ့ရပြီး အခုကျမှ တစ်ယောက်တည်း နေရတော့ အရိုင်းတုံးလေးကို ပိုသတိရမိသည်။
ပြည့်စုံတဲ့ အနာဂတ်လေးမှာ မင်းလျှောက်လှမ်းနိုင်ရင် သိပ်ကောင်းမှာပဲ ကလေးငယ်....
--------
ရက်ပြည့်သွားတော့ စည်းကမ်းတင်းကျပ်တဲ့ ပတ်ဝန်းကျင်ဆီ ပြန်လာခဲ့ရသည်။ တီလေးက လာတွေ့ပါ့မယ် ပြောတော့ အနည်းငယ် စိတ်သက်သာရာ ရသည်။
"ဖြိုးလေး လိမ်လိမ်မာမာနေနော် လိုအပ်တာရှိရင်လည်း ပြော"
"ဟုတ်ကဲ့ တီလေး ချစ်တယ်နော်"
~မွ
"မင်းကတော့ ချွဲပြီ"
"ညီမရေ... အစ်မ တူမလေးကို ဂရုစိုက်ပေးပါဦးနော်"
"ဟုတ်ကဲ့အစ်မ"
သူ့တီလေးနဲ့ကျ ကလေးငယ်တစ်ယောက်လို ချစ်ဖို့ကောင်းအောင် နေတတ်သည်။ ဒီအိမ်က မိသားစုအပေါ်ကျ အရိုင်းတုံးလေးတစ်ယောက်ဖြစ်နေတာ မင်းရင်ထဲ ဘာတွေမှား ကိန်းအောင်းနေပါလဲ ကလေးငယ်....
"မင်းကို ကျောင်းပိတ်တုန်း သင်တန်းထားပေးမယ်"
"ကျွန်တော် မနေချင်ဘူး အိမ်မှာပဲ အေးဆေးနေပါရစေ"
"မရဘူး ကျောင်းပြီးရင် မင်းဘဝ မင်းလျှောက်တဲ့အခါ ဒါတွေ လိုအပ်လာမှာ"
"---"
"ငါပြောတာနားလည်လား"
"ရွေးခွင့်မရှိဘူးမလား မေးမနေပါနဲ့တော့"
"မင်းနော် မင်း ငါအလျော့ပေးနေတာ များနေပြီ တစ်ရက်တော့ မိတော့မှာ"
သူဒေါသတွေ ထွက်လာတော့မှာ သိလို့ အခန်းထဲ မြန်မြန်ဝင်ခဲ့ပြီး တံခါးလော့ချခဲ့လိုက်သည်။
ကျွန်မလေသံမာလိုက်တာနဲ့ ကြောက်ပြီး အပြေးတပိုင်းရှေ့က ထွက်သွားတဲ့ အရိုင်းလေးကို သနားလည် သနားမိသလို ဒေါသလည်း ထွက်နေမိသည်။
"စားပြီးတာနဲ့ သင်တန်းသွားမယ် ပြင်လိုက် ငါလိုက်ပို့မယ်"
"လိပ်စာသာ ပြောလိုက်ပါ ကိုယ့်ဘာသာ သွားလိုက်မယ်"
~ကျစ်" မင်း သတ္တိတွေ သိပ်ရှိနေတာလား"
"မဟုတ်ပါဘူး အလုပ်ပိုနေမှာစိုးလို့ပါ"
"မင်းကို စောင့်ရှောက်ဖို့ ငါ့မှာ တာဝန်အပြည့်အဝရှိတယ်"
"ဟုတ်ကဲ့"
သူငယ်ချင်း အပေါင်းအသင်းလည်း ရစေချင်တာမို့ သင်တန်းတက်ခိုင်းလိုက်သည်။ ဒါတောင် presentation လုပ်ရတာ စိတ်ညစ်တယ်လို့ လာလာ ညည်းတတ်သေးသည်။
********
Zawgyi
State ေက်ာင္းသားဘဝက ဘဝမွာ ဘယ္ေတာ့ ျပန္ၾကၫ့္ၾကၫ့္ အေပ်ာ္ဆံုးကာလျဖစ္ခဲ့တယ္ အဲ့ေပ်ာ္ရႊင္ျခင္းက ေမေမရိွေနခဲ့ျခင္းေၾကာင့္ဆို ပိုမွန္ပါသည္။ေမေမက ဒီအရြယ္ထိ ေက်ာင္းႀကိဳေက်ာင္းပို႔ သူပဲလုပ္ေပးခဲ့သလို ထမင္းေတာင္ မခြံေကြၽးရံုတမယ္ ျပဳစုေပးခဲ့သည္။အဲ့တုန္းက ေဖေဖကလည္း ကြၽန္ေတာ့္ကို အခ်စ္ဆံုးလို႔ ထင္ခဲ့တာပါပဲ.....
ဒါေပမယ့္ ကံတရားေတြက အစိုးမရတတ္တာ ကြၽန္ေတာ္နားမလည္ေသးတဲ့ ကာလမွာခ်စ္ရတဲ့လူကို ဆံုးရႈံးသြားတာက ဘဝရဲ့ အႀကီးမားဆံုး ေနာင္တ တရားျဖစ္လာခဲ့ေတာ့သည္။
"ကေလး မင္းႏိုင္ငံျခားသြားၿပီး ေက်ာင္းတက္ခ်င္သလား"
"ေတာ္ၿပီ ေဖေဖ ကြၽန္ေတာ္ ဒီမွာပဲ ဆက္တက္မယ္"
"မင္းစိတ္အဆင္ေျပရဲ့လားကြယ္"
"အေျဖသိေနတဲ့ ေမးခြန္းေတြကို မေမးတာေကာင္းမယ္ထင္တယ္ ေဖေဖ"
"ေဖေဖလည္း မင္းေမေမကို ခ်စ္ပါတယ္ ဒါေပမယ့္ကြယ္ သတၲဝါဆိုတဲ့ အမ်ိဳးက ဒီလိုပဲ ခြဲၾကရတာပဲမဟုတ္လား ႏွစ္ေတြလည္း ၾကာေနပါၿပီကြယ္"
"ကြၽန္ေတာ္ေတာ့ နားမလည္ေပးႏိုင္ဘူးေဖေဖ, ေမေမေနမေကာင္းတာ ကြၽန္ေတာ္တစ္ေယာက္တည္းမသိခဲ့ရတာ အခုမွေတာ့ တရားေတြမခ်ပါနဲ႔ေတာ့ ကြၽန္ေတာ္ ဆံုးရႈံးသြားရၿပီးၿပီ ေလာကမွာ ဘယ္အရာနဲ႔မွ ႏိႈင္းယွဉ္လို႔ မရတဲ့အရာကိုမွ လက္လႊတ္လိုက္ရတာပါ ေဖေဖ"
"ေနာက္ေန့ ေဖေဖ့ညီမ မင္းတီငယ္ေလး မင္းနဲ႔အတူ လာေနေပးလိမ့္မယ္"
"ေဖေဖက ဘယ္သြားဦးမလို႔လဲ"
"ကြၽန္ေတာ္ တစ္ေယာက္တည္းလည္း ျဖစ္တယ္ ဘယ္သူမွ ေခၚခဲ့ေပးစရာမလိုဘူးရယ္"
"ဒီတစ္ေခါက္ ခရီးက နည္းနည္း ၾကာမွာမလို႔ပါ မင္းစားေရးေသာက္ေရးအတြက္ပဲ ျဖစ္ျဖစ္လိုအပ္လို႔"
"စိတ္ႀကိဳက္တာ လုပ္ၾကေတာ့ဗ်ာ"
--------
ေနာက္တစ္ေန့ တီေလးအိမ္ေရာက္လာတယ္ ေဖေဖကေတာ့ ဘယ္ဆီမွန္းမသိတဲ့ ခရီးထြက္သြားခဲ့သည္။
~ေဒါက္ေဒါက္
"ၿဖိဳးေလး တီေလး ဝင္လာခဲ့မယ္ေနာ္"
"---"
"ေဟာ...ထေသးဘူးလားကြယ္ မင္းေဖေဖေတာင္ ခရီးသြားခဲ့ၿပီ တီေလး မင္းအတြက္ နန္းႀကီးသုပ္ဝယ္လာတယ္ မနက္စာစားရေအာင္ ထေတာ့ေနာ္"
"တီေလး...ကြၽန္ေတာ္ေလ ေဖေဖ့ထပ္ တီေလးကို ပိုခ်စ္တယ္ သိလား ဒါေပမယ့္ မနက္ခင္းအိပ္ရတာကို ပိုခ်စ္တယ္"
"စားၿပီး ျပန္အိပ္ေလေနာ္ ခဏထခဲ့ လာ"
"ဟုတ္"
ေအာက္ထပ္ မီးဖိုခန္းထဲ တီေလးျပင္ေပးတဲ့ နန္းႀကီးသုပ္ ထစားလိုက္သည္။
"ၿဖိဳးေလး ေက်ာင္းကဘယ္လိုျဖစ္ရတာလဲကြယ္"
"ကြၽန္ေတာ္ ဘာမွစိတ္မဝင္စားဘူးျဖစ္ေနတယ္တီေလးရာ"
"မင္းခံစားခ်က္ကို နားလည္ပါတယ္ ဘဝေရ႔ွေရးဆိုတာလည္း ရိွေသးတယ္ေလ မင္းနားလည္တယ္မဟုတ္လား"
"ဟုတ္ကဲ့"
"တီေလး အမ်ားႀကီးေတာ့ မေျပာခ်င္ဘူး မင္းက စဉ္းစားဆံုးျဖတ္တတ္တဲ့ အရြယ္ေရာက္ၿပီဆိုတာ တီေလးသိသလို မင္းလည္း သိတယ္"
"ဟုတ္ကဲ့"
ငယ္ရြယ္တဲ့ အသက္အရြယ္ျဖစ္ေနေသးလို႔လားေတာ့ မသိဘူး တစ္ခုခုကို ဆံုးရႈံးၿပီးတဲ့အခါ ေတာ္ရံု မေျဖသိပ္ႏိုင္တတ္ခဲ့ဘူး။
ေဖေဖအိမ္မွာမရိွေတာ့ ေက်ာင္းမသြားတဲ့အျပင္ ညဆို club ေတြသြား bar ေတြသြားနဲ႔ အခ်ိန္ကုန္ခဲ့သည္။တီေလးကိုေတာ့ သူငယ္ခ်င္းေတြအိမ္မွာ အိပ္မယ္လို႔ေျပာလိုက္သည္။
----------
"ၿဖိဳးေလး ေဖေဖ ေန့လည္ျပန္ေရာက္မယ္ေျပာတယ္ ဒီေန့ေတာ့ အျပင္မသြားပါနဲ႔ေတာ့ေနာ္ သူအေရးတႀကီး ေျပာစရာရိွတယ္တဲ့"
"အင္း သူေျပာတာနားေထာင္ၿပီးရင္ သြားလို႔ရၿပီမလား ခဏေစာင့္ေပးပါ့မယ္"
"တီတီေတာ့ ၿဖိဳးကို လမ္းမွန္ရွာေတြ့ေစခ်င္တယ္ကြယ္"
တီေလးကိုေတာ့ ကြၽန္ေတာ္ တကယ္သံေယာဇဉ္ရိွတာမို႔ ဘာတစ္ခုမွ ျငင္းခံုျပန္ေျပာတာမ်ိဳး မလုပ္ပါ။
ေမေမမရိွတဲ့ ေနာက္ပိုင္း တီေလးကပဲ အနားမွာ တိုင္ပင္ေဖာ္ တိုင္ပင္ဖက္ ရိွခဲ့ေပးေတာ့ ပိုၿပီး ခ်စ္ခင္ရပါသည္။
ေန့ခင္းဘက္ တေရးအိပ္ေနတုန္း တီေလး လာႏိုးသည္။
"ၿဖိဳးေလး ေအာက္ထပ္ ခဏသြားရေအာင္"
"လာၿပီ တီေလးေရ..."
"ဪ...ဆင္းလာၿပီ လာထိုင္ မိတ္ဆက္ေပးမယ္
ဒါက ေဖေဖလက္ထပ္မယ့္ *ေဒၚ ဝင့္ဝါခိုင္*တဲ့"
"ဟိုဘက္ကေတာ့ သူ႔သမီးေလး *သြန္းရတီတဲ့*"
"ဘယ္လို!"
"သမီးေလးက မင္းတို႔ တကၠသိုလ္က ဆရာမေလးပဲ"
"ေဖေဖေျပာခ်င္တာ ဒါပဲမလား ကြၽန္ေတာ္သြားၿပီ"
ကားေသာ့ယူၿပီး အဝတ္ေတာင္ျပန္မလဲဘဲ အိမ္က ထြက္လာျဖစ္ခဲ့သည္။ ခရီးမသြားခင္ကဘဲ ေမေမကိုခ်စ္ပါတယ္ ေျပာသြားတဲ့ လူကေလ အခုေတာ့ ေမေမ့ေနရာ အစားထိုးမယ့္ လူတစ္ေယာက္ကို အိမ္ေခၚလာသတဲ့ ေျခဦးတၫ့္ရာဆိုေပမယ့္ bar တစ္ခုမွာ အရက္ထိုင္ေသာက္ျဖစ္ခဲ့သည္။
"ဟိတ္...မင္းဘယ္ေလာက္ေတာင္ေသာက္လာတာလဲ"
"ခင္ဗ်ားနဲ႔ ဘာဆိုင္လဲ"
"အို ငါက မင္းအစ္မ ျဖစ္လာၿပီေလ ဆိုင္တာေပါ့"
"က်ဳပ္မွာ ဘာအစ္မမွ မရိွဘူး လာမပတ္သက္နဲ႔"
~ဒုန္း
အခန္းတံခါးကို အဲေလာက္အသံျမည္ေအာင္ပိတ္သြားစရာလိုလို႔လား😠
ေသာက္ထားတာလည္း ကြၽမ္းပစ္ေတာ့မတတ္ဘဲမို႔ စကားဆက္မေျပာျဖစ္ခဲ့ေပ...
"အန္ကယ္လ္ သမီးက အရင္က လိမၼာပါတယ္ကြယ္ စာလည္းေတာ္တယ္ သူ႔ေမေမမရိွေတာ့တဲ့ ေနာက္ပိုင္းေတာ့ စိတ္ထိခိုက္သြားတယ္ထင္ရဲ့ စာေမးပြဲေတြ မေအာင္ေတာ့သလို ေျပာရတာလည္း နည္းနည္းခက္လာတာေပါ့"
"ငယ္ပါေသးတယ္ အန္ကယ္လ္ ထိန္းၾကၫ့္ရေအာင္ပါ"
"သမီးညီမေလးလိုသေဘာထားေပးပါဦး"
"ဟုတ္ကဲ့"
---------
ေနာက္ေန့မနက္စာစားၾကေတာ့ ငမူးေလး ေပၚမလာပါ။သူ႔တီေလးရယ္ သူ႔ေဖေဖရယ္ ကြၽန္မတို႔ သားအမိႏွစ္ေယာက္ရယ္ပဲ မနက္စာအတူစားျဖစ္ၾကသည္။
"ဆု!ညီမေလး ျပန္ေတာ့မယ္ဆို"
"ဟုတ္တယ္ေလ အကိုႀကီးျပန္ေရာက္ၿပီပဲ ညီမအိမ္ျပန္ေတာ့မွာေပါ့"
"ဒါေပမယ့္ ငါတို႔လင္မယားက ခရီးထြက္ဦးမလို႔ေလ"
"ဒီက ညီမေလးက ေနခဲ့မွာမဟုတ္လား"
"သမီးသြန္းနဲ႔ ၿဖိဳးေလးႏွစ္ေယာက္တည္း အဆင္ေျပပါ့မလား"
"လူငယ္ေတြပဲ ေနတတ္မွာပါ ညီမ အားရင္ေတာ့ လာၾကၫ့္ေပးပါ့မယ္"
"ေအးပါ"
ဒီလိုနဲ႔ တီေလးအိမ္ျပန္သြားသလို ေဖေဖနဲ႔ ဟိုအန္တီကလည္း ခရီးထြက္သြားၾကျပန္သည္။
ကြၽန္ေတာ္ အိပ္ရာထေတာ့ ညေနေစာင္းေနၿပီ ကြၽန္ေတာ္နဲ႔ သိတဲ့သူမရိွေတာ့ ဘယ္သူ႔ကိုမွ ႏႈတ္မဆက္ဘဲ ေသာက္ေနက် barကိုပဲ ထြက္လာခဲ့လိုက္သည္။
"ေမေမသာ အနားမွာရိွေပးမယ္ဆို သိပ္ေကာင္းမွာပဲ ေမေမရယ္"
"ေမေမမရိွေတာ့ ေလာကႀကီးမွာ ရွင္သန္ရတာပင္ပန္းလိုက္တာ"
"အရမ္းလြမ္းေနတယ္ေမေမရယ္"
တစ္ေယာက္တည္း အလြန္အကြၽံေသာက္ၿပီး ေတြးေတြးၿပီး ငိုေနမိေတာ့သည္။ဘယ္ခ်ိန္ညၫ့္နက္သြားမွန္းေတာင္မသိ,သိစရာလည္း မလိုဘူးေလ အိမ္မွာေစာင့္ေနမယ့္ လူလည္း ရိွမွမရိွဘဲကိုး။
ဆိုင္ပိတ္ေတာ့မယ္ဆိုၿပီး ဝန္ထမ္းတစ္ေယာက္ လာေျပာတာနဲ႔ မျပန္ခ်င္ဘဲ အိမ္ျပန္ခဲ့လိုက္ရသည္။
"ဘယ္ခ်ိန္ရိွေနၿပီလဲ မင္း"
"ဒါ..က်ဳပ္ ပံုမွန္အိမ္ျပန္ခ်ိန္ပဲ"
"က်ဳပ္အေဖက ခင္ဗ်ားအေမကိုယူလိုက္တာနဲ႔ ခင္ဗ်ား က်ဳပ္အစ္မျဖစ္မသြားဘူးေနာ္ ဆရာမႀကီး ပံုစံလုပ္မေနနဲ႔"
"မင္းရိုင္းလွခ်ည္းလားကြ "
"ေအး ငါကလည္း အဲ့လို အရိုင္းတံုးကိုမွ ယဉ္သြားေအာင္ ပံုသြင္းေပးခ်င္တာ"
"ဆုေတာင္းေနလိုက္ ဘုရားမွာ"
"အေရးမပါတာေတြ လာေျပာေနတယ္"
ကြၽန္ေတာ္လည္း စကားမေျပာခ်င္ေတာ့တာနဲ႔ အိပ္ခန္းထဲ တန္းဝင္ခဲ့လိုက္သည္။
~ေျဖာင္း
~အာ့
"ခင္ဗ်ား ဒါဘာလုပ္တာလဲ"
ရုတ္တရက္ ဂုတ္ကို ရိုက္ခံလိုက္ရေတာ့ အိပ္ရာေပၚ ေမွာက္လ်က္ လွဲက်သြားသည္။ ရိုက္တာ မျပင္းေပမယ့္ မူးေနတဲ့ အရိွန္နဲ႔ဆိုေတာ့ ခႏၶာကိုယ္ဟန္ခ်က္မထိန္းႏိုင္ျဖစ္သြားရသည္။
"ရိုက္လိုက္တာေလ"
"ခင္ဗ်ား လြန္မလာနဲ႔ေနာ္ က်ဳပ္အေဖနဲ႔ပတ္သတ္ေနၾကလို႔ ဒီေလာက္ သည္းခံေပးေနတာ ေရာင့္တက္မလာနဲ႔"
"မင္းသည္းခံေပးစရာမလိုပါဘူး လိမၼာေပးရင္ ရၿပီ"
~ေျဖာင္း
~အား..."က်ဳပ္အသားကို မထိနဲ႔လို႔ေျပာေနတယ္ေလ"
"မင္းႀကိဳက္သလိုေအာ္ ဒီအိမ္မွာ မင္းနဲ႔ ငါပဲ ရိွတယ္ ေနာက္ၿပီး အန္ကယ္လ္ကလည္း မွာသြားတယ္ မင္းကို ျပဳျပင္ေပးပါဦးတဲ့"
"ဒီမွာ က်ဳပ္ကို ျပဳျပင္ရေအာင္ က်ဳပ္က ပ်က္စီးေနတဲ့ စက္တစ္လံုးမဟုတ္ဘူးဗ်"
"ဒီအသက္အရြယ္ ဒီေလသံနဲ႔ လူႀကီးကို ေျပာေနကတည္းက မင္းက ပ်က္စီးေနတာပဲ"
~ေျဖာင္း
~အာ့
ခါးပတ္နဲ႔ထင္တာပဲ အဆက္မျပတ္ ရိုက္ခ်က္ေတြက ေက်ာျပင္ေပၚ ေရာက္ေနေတာ့သည္။ ျဖစ္ႏိုင္ရင္ ထထိုးလိုက္ခ်င္ေပမယ့္ မူးေနတဲ့ ကိုယ့္ဘာကိုယ္ေတာင္ မတ္တပ္ရပ္ဖို႔ မလြယ္ကူျဖစ္ေနတဲ့ အေျခအေနမွာေလ ဒါဟာ ကြၽန္ေတာ့အတြက္ ငရဲခန္းျဖစ္ေနသည္။
စပ္ဖ်င္းဖ်င္းနာက်င္မႈေတြေၾကာင့္ လူေတြကို မုန္းတဲ့စိတ္က ပိုႀကီးထြားလာသည္။သူေျပာသလို ဒီအိမ္မွာ သူနဲ႔ကိုယ္ ႏွစ္ေယာက္တည္းဆိုတာ သတိျပဳမိေတာ့ ေအာ္ေနလည္း ထူးမွာမဟုတ္ သူစိတ္ေျပသြားရင္ ရပ္သြားမွာဆိုတဲ့အေတြးနဲ႔ ဘာမွ မခံေျပာဘဲ ေနလိုက္သည္။ မနက္က်ရင္ တီေလးအိမ္ လိုက္ေနမယ္ ဒီလို ေၾကာက္စရာ ပတ္ဝန္းက်င္မွာ မရွင္သန္ခ်င္ေတာ့ပါ။
သိပ္မာနႀကီးတဲ့ ကေလးပဲ ကြၽန္မ သူ႔ကို ရိုက္တာ သူဘာမွမတတ္ႏိုင္မွန္းသိေတာ့ အသံေတာင္ ထြက္မလာေတာ့ဘူး။လူေလးက ငယ္ငယ္ေလးပါ အခုလို မူးရူးေနမယ့္အစား ေက်ာင္းတက္ၿပီး သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ေစခ်င္မိသည္။ သူ႔ေဖေဖေျပာသေလာက္ဆို သူငယ္ခ်င္းမထားတဲ့အျပင္ ပထမႏွစ္ကို ၄ႏွစ္ေျမာက္ တက္ေနသည္တဲ့ေလ။
---------
မနက္ ၈နာရီထိုးေနၿပီ ဒီခ်ိန္ဆို မနက္စာ လာစားသင့္ေနၿပီေလ အခုေတာ့ အရိပ္ေတာင္ မျမင္ရေသးတဲ့ ကေလးကို ကြၽန္မ သြားႏိုးရသည္။
~ေဒါက္ ေဒါက္
"ငါဝင္လာၿပီေနာ္"
"---"
"မင္း အခုခ်ိန္ထိ မထေသးဘူးလား"
"---"
ကြၽန္မလည္း စိတ္မရွည္တာနဲ႔ သူ႔လက္ကို သြားဆြဲပစ္လိုက္သည္။
"အို... မင္းဖ်ားေနသလား"
နဖူးစမ္းလိုက္ေတာ့ ကိုယ္ေတြက်စ္က်စ္ေတာက္ ပူေနသည္။ကြၽန္မ ရိုက္လိုက္လို႔ ဖ်ားသြားသည္တဲ့လား ဘုရား ဘုရား ကြၽန္မလည္း သူငယ္ခ်င္း ဆရာဝန္ကို ဖုန္းဆက္ေခၚရေတာ့သည္။
"ငါေဆးေပးခဲ့မယ္ လိမ္းေဆးေရာေပါ့ နင္ဂရုစိုက္ေပးဦး တစ္ခုခုဆို ငါ့ဆီဖုန္းဆက္"
"ေအးပါ ေက်းဇူးပဲ ငါလိုက္မပို႔ေတာ့ဘူး"
"ေအ ရတယ္"
ဆရာဝန္ျပန္သြားေတာ့ သူ႔ကို ေဆးတိုက္ရမွာမို႔ သူ႔အတြက္ ဆန္ျပဳတ္ျပဳတ္ေပးရသည္။ ေဆးေသာက္ဖို႔ အဆင္သင့္ျပင္ၿပီးမွ သူ႔အခန္းတခါျပန္လာခဲ့သည္။ ေယာက်ၤားေလးဆန္ဆန္ ေနတဲ့ ကေလးက ပိန္ပိန္ေသးေသး ျဖစ္ေနေပမယ့္ တကယ္ေတာ့ ခ်စ္စရာပံုစံေလးပါပဲ။
"ခင္ဗ်ား ဘာလာလုပ္ျပန္တာလဲ"
"မင္းေနမေကာင္းလို႔ ေဆးလာတိုက္တာ"
"မလိုဘူး က်ဳပ္တီေလးဆီ သြားေနမယ္ ခင္ဗ်ားတို႔ဘာသာ မိသားစုတစ္ခု တည္ေဆာက္ၿပီး ေနရစ္ခဲ့ၾကပါ"
"မင္းၿခံေရ႔ွထိ မေရာက္ခင္ မင္းေျခေထာက္ေတြ က်ိဳးသြားခ်င္လား"
"သတၲိရိွရင္ က်ဳပ္ကို ထိၾကၫ့္လိုက္ေလ မေန့ညက သည္းခံတယ္ဆိုတာ က်ဳပ္မူးေနလို႔"
"မင္းလည္း ဇရိွရင္ ေျခတစ္လွမ္းေရြ့လိုက္ေပါ့"
လက္က ေဆးထိုးလို႔ကပ္ထားတဲ့ပလာစတာကို ျဖဳတ္ၿပီး အိတ္တစ္ခုထဲ အဝတ္ေတြ ထ ထၫ့္လိုက္သည္။ မိဘေတြေတာင္ ေလသံတစ္ခ်က္မမာခဲ့ဖူးတာကို သူ႔လက္ထပ္က်မွ အရိုက္ခံရတာမ်ိဳး အျဖစ္မခံႏိုင္ပါ ေဖေဖကလည္း သူ႔ရဲ့ လတ္လတ္ဆတ္ဆတ္ အိမ္ေထာင္ေရး ထိခိုက္ခံမွာ မဟုတ္ေတာ့ ကိုယ္ တိုင္ေျပာလည္း ယံုမည္မဟုတ္။
ဒီေလာက္ေနမေကာင္းျဖစ္ေနၿပီး ျဖဴဖက္ေနတဲ့ ရုပ္နဲ႔ကို ကြၽန္မနားက ထြက္သြားခ်င္တဲ့ စိတ္နဲ႔အသည္းအသန္ အိမ္ေပၚက ဆင္းဖို႔ ႀကိဳးစားေနတဲ့ အဲ့ကေလးကို ေကာက္ေပြ့ၿပီး အိပ္ရာေပၚ ပစ္ခ်ပစ္လိုက္သည္။
~အား....
"မင္းကို ငါေျပာထားပီးသားပဲ"
"နာတယ္ဗ် အေသြးအသားေတြနဲ႔ဖြဲ႔စည္းထားတာ ခင္ဗ်ားႏိွပ္စက္ထားတဲ့ ဒဏ္ရာေတြ အခုထိ အစိမ္းသက္သက္ရိွေနတုန္းပဲ"
"သိတယ္ ေမွာက္အိပ္လိုက္ ေဆးလိမ္းမယ္"
"ဘာလဲ ေဖေဖသိသြားမွာ စိုးရိမ္လို႔ ျမန္ျမန္ေပ်ာက္ေစခ်င္ေနတာလား"
"သိသြားလည္း ငါဂရုမစိုက္ဘူး မင္းမနက္ျဖန္ ေက်ာင္းတက္ရမွာမို႔ ေပ်ာက္ေစခ်င္တာ"
"က်ဳပ္ေက်ာင္းမတက္ေတာ့ဘူး ခင္ဗ်ားေျပာလို႔ကို မတက္ခ်င္ေတာ့တာ"
"မင္းကို ေရြးခ်ယ္ခိုင္းေနတာမဟုတ္ဘူး မနက္ျဖန္ ငါေက်ာင္းသြားတာနဲ႔ မင္းကို တခါတည္း ေခၚသြားမွာ"
ျပန္ခံေျပာေနတဲ့ အရိုင္းတံုးေလးကို ကြၽန္မဘာသာ တြန္းၿပီး ေမွာက္ခိုင္းလိုက္သည္။သူ႔အက်ႌကိုလည္း ေက်ာကုန္းေပၚေအာင္ လွန္တင္လိုက္သည္။
"ဘာ...ဘာလုပ္တာလဲ"
"မင္း ပါးစပ္ပိတ္ထား"
ရိႈးရာေတြေပၚ ေဆးလိမ္းေပးေတာ့ စပ္ေနတယ္ထင္ရဲ့ တြန႔္လိမ္ေနေလသည္။
"ထ ေဆးေသာက္မယ္"
"မေသာက္ခ်င္လည္း ရတယ္ မနက္ျဖန္ ဒီပံုစံအတိုင္း ေက်ာင္းကို ဆြဲေခၚသြားမွာ"
"ေပး"
မနက္ျဖန္ ေက်ာင္းေရာက္ရင္ တီေလးကို ဖုန္းဆက္ၿပီး လာေခၚခိုင္းမယ္လို႔ စိတ္ကူးလိုက္သည္။
----------
"ေက်ာင္းသြားဖို႔ အဝတ္လဲေလ ငါထပ္မေျပာခ်င္ဘူး"
"ေအာက္ကေစာင့္မယ္ ၿပီးတာနဲ႔ ဆင္းလာခဲ့"
"ၾကားလား ငါေျပာတာ"
"အင္း"
တကယ့္ကို ဂ်စ္ကန္ကန္နဲ႔ ကေလးေပါက္စတစ္ေယာက္လိုလုပ္ေနသည္။
"မင္းဖုန္းေပး"
"ဘာကိစၥေပးရမွာလဲ"
"မင္းအေဖက ခရီးသြားတာ ၾကာမွာ ဒီၾကားထဲ မင္းထြက္ေျပးရင္ ဘယ္လိုလုပ္မလဲ ဪ..ေနာက္ၿပီး ေက်ာင္းမွာလည္း ငါနဲ႔ပဲ ထမင္းအတူစားရမယ္"
"က်ဳပ္ကို ဘာလို႔အဲ့ေလာက္ ခ်ယ္လွယ္ခ်င္ေနရတာလဲ"
"မင္းေက်ာင္းၿပီးသြားရင္ လြတ္လပ္ခြင့္ေပးမယ္"
"မလိုပါဘူး ထိန္းေပးစရာလည္း မလိုဘူး ေက်ာင္းကလည္း ၿပီးမွာမဟုတ္ဘူး ၿပီးခဲ့တဲ့ ႏွစ္ေတြမွာ တမင္ကို စာေမးပြဲမေျဖခဲ့တာပဲ"
"အခုမရေတာ့ဘူး စာေမးပြဲမေအာင္ရင္ တေန့ကထပ္ ျပင္းတဲ့ ျပစ္ဒဏ္ေတြ မင္းဆီ ေရာက္လာႏိုင္လို႔ပဲ ထြက္ေျပးဖို႔လည္း မစဉ္းစားနဲ႔ေနာ္"
"ေစာက္ေရးမပါတဲ့ဟာေတြကြာ"
~ဒုန္း
"ကားမွန္ကြဲလည္း ငါျပင္ႏိုင္တယ္ေနာ္ တစ္ခုပဲ စိတ္တိုရင္ေတာ့ လူေရ႔ွလည္း ရိုက္တတ္တယ္"
"ရဲတိုင္မယ္ ခင္ဗ်ားကို"
"တိုင္ေပါ့ မင္းအစ္မဆိုလည္း ဟုတ္တယ္ မင္းဆရာမဆိုလည္း ဟုတ္တယ္ ငါ့ကို ဘယ္သူတရားစြဲမွာတဲ့လဲ"
~ေတာက္
သူငယ္ခ်င္းမရိွပါဘူးဆို ဖုန္းပါသိမ္းသြားေတာ့ တီေလးကို ဘယ္လိုဆက္သြယ္ရပါ့မလဲ.....
ေက်ာင္းေရာက္ေတာ့ ေဘးနားထိုင္တဲ့ ေကာင္မေလးကို အားနာနာနဲ႔ ဖုန္းတစ္ေကာလ္ေလာက္ေခၚေပးဖို႔ ေျပာေတာ့ ငွားေပးရွာပါတယ္။
ကံပဲဆိုးတာလား ဝဋ္ပဲ ႀကီးတာလားေတာ့ မေျပာတတ္ တီေလးက ခရီးလြန္ေနလို႔ ေရာက္တာနဲ႔ လာေခၚပါ့မယ္တဲ့...
----------
"မင္းတို႔ final exam ေျဖေတာ့မယ္ေနာ္ စာေတြရၿပီလား က်တာငါမလိုခ်င္ဘူးေနာ္"
"ဒါနဲ႔ေနပါဦး က်ဳပ္ေဖေဖတို႔ ခရီးထြက္တာ ၾကာလွခ်ည္းလား"
"ဟုတ္တယ္ေလ ႏိုင္ငံျခားရံုးခြဲမွာ တစ္ႏွစ္သြားေနမွာတဲ့ ၾကားထဲအားရင္ေတာ့ ခဏျပန္လာမွာေပါ့"
"ေကာင္းပါတယ္ က်ဳပ္လည္း မေတြ့ခ်င္ပါဘူး "
"က်ဳပ္ က်ဳပ္နဲ႔ မင္းဘယ္အရြယ္မို႔လဲ"
"ခင္ဗ်ားနဲ႔မဆိုင္ပါဘူး"
"ငါက မင္းဆရာမ အဲ့ေတာ့ ငါ့ကို ေက်ာင္းမွာေခၚသလို တီခ်ယ္လို႔ပဲေခၚ ၿပီးရင္မင္းကိုမင္းလည္း သမီးလို႔ပဲသံုး"
"မသံုးႏိုင္ပါဘူး က်ဳပ္ေနပံုထိုင္ပံုနဲ႔ ဘာကို သမီးလဲ"
~ျဖန္း
"သမီးလို႔မသံုးႏိုင္ရင္ ကြၽန္ေတာ္လို႔သံုး မရိုင္းနဲ႔ က်ဳပ္ေတြ ခင္ဗ်ားေတြနဲ႔ လာမေျပာနဲ႔ မႀကိဳက္ဘူး"
ေခါင္းေတာင္ လည္သြားသလားမသိ အဲ့ေလာက္ ပါးကိုရိုက္စရာလိုလို႔လား ခင္ဗ်ားကို က်ဳပ္ေတာ့ ရင္ထဲအသည္းထဲကကို မုန္းမိေနသည္။
တီငယ္ေရ ျမန္ျမန္လာေခၚပါေတာ့ ကြၽန္ေတာ္ ငရဲခန္းကေန တကယ္လြတ္ေျမာက္ခ်င္ေနၿပီ။
"မီးဖိုခန္းထဲ လိုက္ခဲ့"
"က်ဳပ္...ကြၽန္ေတာ္ နားခ်င္ၿပီ"
"ငါလိုက္ခဲ့ဆို လိုက္ခဲ့"
နီရဲသြားတဲ့ အရိုင္းတံုးေလးရဲ့ ပါးကို ကြၽန္မ ေရခဲကပ္ေပးလိုက္သည္။ သူ႔ဘဝေလးရဲ့ ကြက္လပ္ကို ကြၽန္မ ျဖၫ့္ေပးခ်င္ေပမယ့္ သူ႔ဘဝရဲ့ ေရ႔ွေရးကိုလည္း လမ္းခင္းေပးခ်င္မိပါသည္။
"မင္း first year ေအာင္ရင္ ဖုန္းျပန္ေပးမယ္ မင္း second year ေအာင္ရင္ ကားျပန္ေပးမယ္"
"မင္းသိမ္းခံလိုက္ရတဲ့ ပစၥည္းေတြ မင္းျပန္လိုခ်င္ရင္ မင္းေက်ာင္းစာေသခ်ာလုပ္ေပါ့"
"ကြၽန္ေတာ္ ေက်ာင္းၿပီးသြားရင္ေတာ့ ခင္ဗ်ားတို႔နဲ႔ အေဝးဆံုးမွာ ေပးေနပါ"
"မင္းသေဘာပဲ အဲ့တာေတာ့"
"ခင္ဗ်ား ကတိကို ခင္ဗ်ားဘယ္ေတာ့မွ မေမ့လိုက္နဲ႔ေနာ္"
"ခင္ဗ်ား ခင္ဗ်ားနဲ႔ ေျပာေနဦးမယ္ဆိုရင္ေတာ့ ငါမင္းကို ထပ္ရိုက္ဖို႔ ဝန္ေလးမွာမဟုတ္ဘူး"
"---"
တကယ့္ကို အေၾကာတင္းေလး ကြၽန္မကို တီခ်ယ္လို႔ ေခၚဖို႔ အဲ့ေလာက္မာနႀကီးရသလား....
"မင္းသြားနားလို႔ရၿပီ အရိုက္မခံရေအာင္ေနပါ ငါ မင္းကို စကားနဲ႔ပဲ ဆံုးမခ်င္တယ္"
"---"
"လူႀကီးက ေျပာေနရင္ ဟုတ္ကဲ့လို႔ ျပန္ေျဖေလ မင္းက်င့္ဝတ္နားမလည္ဘူးလား"
"ဟုတ္"
ဘာစကားမွ ထပ္မေျပာခ်င္ေတာ့တာနဲ႔ သူေရ႔ွက လွၫ့္ထြက္ရင္း အခန္းထဲကို ခပ္ျမန္ျမန္ လမ္းေလ်ွာက္လာလိုက္ေတာ့သည္။
--------
ေန့ေတြတစ္ရက္ၿပီးတစ္ရက္ ကုန္ဆံုးသြားေတာ့ စာေမးပြဲေန့ကို ေရာက္လာသည္။အရင္က တစ္ေယာက္တည္း တံခါးေလာ့ခတ္ၿပီး ေနတတ္တဲ့ ကြၽန္ေတာ့္ကို တီခ်ယ္ဆိုတဲ့ တစ္ေယာက္က စာေမးပြဲမၿပီးမခ်င္း တံခါးမပိတ္ရ ဆိုတဲ့ အမိန႔္ထပ္ထုတ္သည္။
"မင္းစာလုပ္မလုပ္ ငါအခ်ိန္တိုင္း ဝင္လာၾကၫ့္မွာေနာ္"
"ကြၽန္ေတာ္က ဉာဏ္ေကာင္းၿပီးသား"
"သိတယ္ ဆယ္တန္းမွာ ဂုဏ္ထူးေတြနဲ႔ ေအာင္လာၿပီး uni ေရာက္မွ အက်င့္ပ်က္ေနလို႔ကို စာၾကၫ့္ခိုင္းတာ"
"၁၀နာရီထိုးရင္ အိပ္လို႔ရတယ္ ၾကားထဲ ငိုက္ေနရင္ေတာ့ အျပစ္ေပးမွာပဲ"
ေနရာတကာ သူ႔စိတ္တိုင္းက် စီမံေနတဲ့ အဲ့အမ်ိဳးသမီးကို ေတာ္ေတာ္ ဘဝင္မက်ေနေပမယ့္ ရိုက္ခံရမွာလဲ ေၾကာက္သည္။ စာေတြရေသာ္လည္း အိပ္ခ်ိန္မေရာက္ေသးေတာ့ က်က္ခ်င္ေယာင္ေဆာင္ေနရေသးသည္။
"ေရာ့...ႏြားႏို႔ေသာက္ၿပီး အိပ္ေတာ့"
"ကြၽန္ေတာ္ မႀကိဳက္တတ္ဘူး"
"ႏွားေခါင္းပိတ္ၿပီးေသာက္ မေသာက္ရင္ မအိပ္နဲ႔"
"ရၿပီ ေသာက္လိုက္ၿပီ အခုအိပ္လို႔ရၿပီမလား"
"အင္း တို႔တံခါးပိတ္ခဲ့ေပးမယ္ နားေတာ့"
"ဟုတ္"
စာေမးပြဲရက္ေတြမွာ သူေရာ ကြၽန္ေတာ္ေရာ မအားတဲ့ၾကားကမွ သူက ကြၽန္ေတာ္ စားခ်င္တယ္လို႔ ေျပာမိတဲ့ အရာေလးေတြဆို ျဖစ္ေအာင္လုပ္ေပးတတ္သည္။
ကြၽန္မစကားနားေထာင္လာေတာ့ သူ႔ကို ပိုၿပီး သံေယာဇဉ္ရိွလာမိသည္။ ေမေမကေတာ့ သူ႔စိတ္အဆင္ေျပေအာင္ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေပးဆိုၿပီး ႀကံဳတဲ့အခါတိုင္းမွာတတ္သည္။
သူႀကိဳက္တတ္တာေလးေတြမွတ္ထားၿပီး လိုက္လုပ္ေပးတတ္သည္။
"တီခ်ယ္"
"ေျပာ..တို႔နားေထာင္ေနတယ္"
"ေက်ာင္းသားကဒ္က်န္ေနခဲ့လို႔"
"ဘာ! မင္းကို ငါမနက္က သတိေပးတယ္မဟုတ္လား"
"ေပးတယ္ လြယ္အိတ္ထဲ ပါလာတယ္မွတ္လို႔"
"အိမ္ေရာက္မွ ရွင္းမယ္ မင္းထမင္းစားပြဲမွာ ေမ့က်န္ခဲ့တာ ေတြ့လို႔ ငါယူလာတယ္"
"တကယ္လား! ေက်းဇူး ေက်းဇူး"
"စားေမးပြဲေကာင္းေကာင္းေျဖခဲ့"
"ဟုတ္ကဲ့"
အခုမွ ရင္ေအးသြားတယ္ဆိုတဲ့ မ်က္ဝန္းေတြနဲ႔ ၾကည့္ၿပီး အခန္းဆီ ျပန္သြားခဲ့သည္။
ဂရုမစိုက္သလိုနဲ႔ အစစအရာရာ ေနာက္က လိုက္ၿပီး တၾကၫ့္ၾကၫ့္လုပ္ေပးေနေတာ့လည္း တီခ်ယ္က တကယ့္အစ္မတစ္ေယာက္လို ခ်စ္ဖို႔ေကာင္းျပန္သည္။ တခါတေလ လူမိုက္စိတ္ဝင္ၿပီး ထထရိုက္တတ္တာေလးျပင္ေပးရင္ သိပ္ေကာင္းမွာပဲ စိတ္ထဲကသာ ေျပာမိလိုက္သည္။
စာေမးပြဲေျဖၿပီး သူနဲ႔အတူ ေက်ာင္းကျပန္လာခဲ့ၾကသည္။
"မင္းေျဖႏိုင္တယ္မလား"
"ထင္တာပဲ"
"အင္း ဧၫ့္ခန္းမွာ မနက္က ျပစ္ဒဏ္အတြက္ ေစာင့္ေန တို႔အဝတ္လဲၿပီးလာခဲ့မယ္"
"---"
သူ႔စကားသံ ထြက္မလာေတာ့ဘူးဆိုတာ သိလို႔ ကြၽန္မလည္း အခန္းထဲသြားၿပီး ေပါ့ေပါ့ပါးပါး ဝတ္စံုေရြးဝတ္လိုက္သည္။
"မင္းက စာေမးပြဲေတြ မေျဖဘဲ ပတ္ေျပးေနေတာ့ ေက်ာင္းသားကဒ္ကို အေလးမထားတတ္တာေပါ့ေလ"
"လုပ္ ကိုယ့္နားရြက္ကိုယ္ျပန္ဆြဲ ၿပီးရင္ ထိုင္ထ ၅၀လုပ္ ငါ မင္းအတြက္ ညေနစာ ခ်က္ေပးမယ္"
"ဟမ္! အခုမွ ေက်ာင္းက ျပန္ေရာက္တာေလ ခ်က္ခ်င္းႀကီးလား"
"မင္းမွာ ျပစ္ဒဏ္နဲ႔ပတ္သတ္ၿပီး ဘယ္တုန္းက ေရြးခြင့္ရိွလို႔လဲ နံပါတ္စဉ္ က်ယ္က်ယ္ေရ ငါနားေထာင္ေနမယ္"
"---"
"မေျဖတတ္ဘူးလား မင္းပါးစပ္က"
"ဟုတ္"
ကြၽန္မလည္း ညေနစာအတြက္ ခ်က္ျပဳတ္ ျပင္ဆင္ေနလိုက္သည္။အျပင္က အသံကိုလည္း နားစြင့္ရင္း နံပါတ္စဉ္ ေက်ာ္ေရရင္ အစက ျပန္လုပ္ဖို႔ ေအာ္ေျပာရေသးသည္။
----------
စာေမးပြဲအားလံုးေျဖၿပီးသြားတဲ့ေန့မွာ တီခ်ယ္က အစည္းအေဝးရိွလို႔ဆိုၿပီး ကြၽန္ေနာ့္ကို သူ႔သူငယ္ခ်င္းနဲ႔ အိမ္ျပန္ဖို႔ ထၫ့္ေပးလိုက္သည္။ စာေမးပြဲဆိုၿပီး ဂရုမစိုက္ခဲ့တာၾကာေတာ့ ဒီတစ္ေခါက္ စာလုပ္ရတာ ေတာ္ေတာ္ ပင္ပန္းသလိုခံစားရသည္။အိမ္ျပန္ေရာက္ေတာ့ ဖြက္ထားတဲ့ စီးကရက္ဗူးထဲက ေဆးလိပ္ ႏွစ္လိပ္ေလာက္ ယူေသာက္လိုက္သည္။
ကြၽန္မျပန္လာေတာ့ အရိုင္းတံုးေလးက အိပ္ေပ်ာ္ေနသည္။ကြၽန္မလည္း ပင္ပန္းလာတာနဲ႔ ေရခ်ိဳးအဝတ္စားလဲဖို႔ျပင္လိုက္သည္။ သူအဝတ္ေတြ ေလ်ွာ္စက္ထဲထၫ့္ဖို႔ သြားယူေတာ့ ေဆးလိပ္နံ႔ရေနသည္။ထားေတာ့ ေနာက္တစ္ေခါက္မွပဲ ေပါင္းရွင္းၾကတာေပါ့ သူလည္း စားေမးပြဲနဲ႔ ပင္ပန္းထားတာ ကြၽန္မနားလည္ပါသည္။
"တီခ်ယ္...ကြၽန္ေတာ့္ကို ဖုန္းျပန္ေပးပါလားဟင္"
"မင္း စာေမးပြဲေအာင္မွာ ေသခ်ာလို႔လား"
"ဟုတ္ ေသခ်ာပါတယ္"
"ေကာင္းၿပီေလ ခဏေန ငါယူခဲ့ေပးမယ္"
"ဟုတ္"
သိပ္လြမ္းေနခဲ့တာ ဒီဖုန္းေလးကို ဒီတခါေတာ့ အသိမ္းခံလို႔မျဖစ္ပါ။ laptop ရိွတယ္ဆိုေပမယ့္ လူငယ္ေတြပို ႏွစ္သက္တာ ဖုန္းပဲေလ ဒါေၾကာင့္ ပိုၿပီးဖုန္းကို လိုခ်င္ခဲ့သည္။
"မင္းအျပစ္လုပ္ရင္ေတာ့ ျပန္သိမ္းမွာေနာ္ ေနာက္ၿပီး ငါမသိခ်င္ေယာင္ေဆာင္ထားတာ ရိွေသးတယ္ ေနာက္မွ ေနာက္မွ ေပါင္းေျပာမယ္"
"ဟုတ္"
နည္းနည္း လိမၼာလာတဲ့ပံုေပၚေပမယ့္ ေခ်ာ့ေျပာလို႔ရတဲ့အဆင့္မဟုတ္ေသးတာမို႔ ေလသံကို တင္းကာေျပာလိုက္မိသည္။
"မင္း အေဖကို အဆက္အသြယ္လုပ္လိုက္ဦး"
"အင္း"
"ဘယ္လိုေျဖလိုက္တယ္!"
"ဟုတ္...လို႔"
"ငါမရိုက္ခ်င္ဘူးေနာ္"
"ဟုတ္ကဲ့"
မဆက္သြယ္ခ်င္ပါဘူး သူေတာင္ ဂရုမစိုက္ဘဲ ထားခဲ့ေသးတာပဲ။ ဘယ္ေလာက္ပဲ အစ္မေတာ္ေတာ္ သူစိမ္းတစ္ေယာက္နဲ႔ ထားခဲ့တာ မျဖစ္သင့္ဘူးေလ သူကိုယ္တိုင္ ဂရုစိုက္ေစာင့္ေရွာက္ေပးလို႔ရသားပဲဟာ....
"Hi တီငယ္"
"ျပန္မလာေသးဘူးလား"
"မနက္ျဖန္ေရာက္မွာ ၿဖိဳးေလး"
"ဒါဆို လာေခၚ တီငယ္နား လိုက္ေနမယ္"
"ဟုတ္ၿပီရွင္"
"စာေမးပြဲေရာ ေသခ်ာေျဖခဲ့ရဲ့လား"
"ထင္တာပါပဲ"
"ေအးပါ ေအးပါ"
တီငယ္နဲ႔ သြားေနဖို႔ အဝတ္ ေလး ငါး စံုေလာက္ ေက်ာပိုး အိတ္ထဲ ထၫ့္လိုက္သည္။ ပ်ံသန္းလို႔ ရေတာ့မယ့္ ငွက္တစ္ေကာင္လို ေပါ့ပါးေနတာမို႔ ခဏေလးအတြင္း အိပ္ေပ်ာ္သြားသည္။
-------
"ညီမတစ္ေယာက္တည္း ေနခဲ့လို႔ျဖစ္ရဲ့လား"
"ရတယ္အစ္မ သူ႔ကိုသာ ၃ရက္ျပၫ့္ရင္ လာျပန္ပို႔ေပးလိုက္"
"တစ္ပတ္ေလ တီခ်ယ္"
"မရဘူး ဒီမွာ ငါတစ္ေယာက္တည္းေလ အိမ္ပိုင္ရွင္ေတြ မရိွဘဲဘယ္လိုေနရမွာလဲ"
"ဟုတ္သားပဲ ၿဖိဳးရယ္"
"သူလည္း ပိုင္ရွင္ပဲေလ တီေလးကလည္း"
"ကဲပါ အခုလိုက္မယ္မဟုတ္လား သြားမယ္ ညီမေရ ၃ရက္ျပၫ့္ရင္ ျပန္ခိုင္းလိုက္ပါ့မယ္ကြယ္"
"ဟုတ္ကဲ့အစ္မ"
အရိုင္းတံုးေလးကမႈန္ကုပ္ကုပ္ မ်က္ႏွာေပး နဲ႔ သူ႔တီငယ္ေနာက္ ပါသြားသည္။ အၾကာႀကီး အလိုလိုက္ခံရရင္ သူဒီထပ္ဆိုးလာမွာ စိုးလို႔ ရက္အနည္းငယ္သာ လြတ္လပ္ခြင့္ေပးလိုက္သည္။
"ဘာစားခ်င္လဲ ၿဖိဳးေလး"
"တီေလး ႀကိဳက္တာခ်က္ အကုန္စားတယ္"
" ညေနက်ရင္ေတာ့ အျပင္ခဏသြားခ်င္တယ္ အခုတေလာ စာျပန္လုပ္ေနရေတာ့ စိတ္ေပ်လက္ေပ်ာက္ သြားခ်င္လို႔ ကားငွားေနာ္ တီေလး"
"ရပါရွင္ အခုလို ေက်ာင္းစာ စိတ္ဝင္စားလာတဲ့အတြက္ ေက်းဇူးပါရွင္"
"ဒါေပါ့ ေက်ာင္းၿပီးသြားဖို႔က ကြၽန္ေတာ့္ ေမ်ွာ္မွန္းခ်က္ပဲ"
"လိုအပ္တာရိွရင္ တီေလးကို ေျပာေနာ္ အကုန္ေထာက္ပံ့ေပးမယ္"
"ဟုတ္ကဲ့"
တကယ္တမ္း တိုင္ေျပာစရာလူရိွလာေတာ့လည္း ဒီအရြယ္မွ ရိုက္ခံရတာ ရွက္လို႔ ျပန္မေျပာျဖစ္ခဲ့ပါ။
ညေနဘက္က် တီေလးေပးတဲ့ မုန႔္ဖိုးနဲ႔ တီေလး ကားေလး ေမာင္းၿပီး ေသာက္ေနက် bar ကို ေမာင္းလာလိုက္သည္။
"ေဟ်ာင့္ ေဘာ္ဒါႀကီး ေပ်ာက္လွခ်ည္းလားကြ"
"ကိစၥေလးေတြရိွလို႔ပါဗ်ာ"
"ပံုမွန္အတိုင္းပဲလား"
"ဟုတ္တယ္ ပံုမွန္အတိုင္းခ်ေပး"
ဘီယာေအးေအးေလး တစ္ခြက္ကို ဇိမ္ရိွရိွေသာက္ရင္း ဘဝမွာ ေပ်ာ္စရာဆိုတာ ကိုယ္တိုင္ရွာရတယ္ဆိုတဲ့ အေတြးဝင္လာသည္။ ေသာက္ၿပီးရင္း ေသာက္ခ်င္ေနတာနဲ႔ တစ္ခြက္ၿပီး တစ္ခြက္ အဝ ေသာက္ၿပီးမွ တီေလးဆီ ျပန္လာခဲ့သည္။
"မင္းကြယ္ အဲ့ေလာက္ ေသာက္စရာလား ငယ္ငယ္ေလးနဲ႔ အသည္းေတြပ်က္စီးကုန္မယ္"
"ဟင့္အင္း ကြၽန္ေတာ္ မေသာက္တာ ၾကာပါၿပီ"
"ေအးပါ အခု နားေတာ့ တီေလး အခန္းျပင္ထားေပးတယ္ အဝတ္လဲအိပ္ေနာ္ "
"ဟုတ္ကဲ့"
အၿမဲအခ်စ္ခံခဲ့ရတဲ့ ကေလးတစ္ေယာက္က ရုတ္တရက္ ေပ်ာက္ကြယ္သြားတဲ့ ခ်စ္ျခင္းေမတၲာ ေတြေၾကာင့္ ဂ်စ္ကန္ကန္ ႏိုင္ေနတတ္တာ ကြၽန္မေတာ့ စိတ္မဆိုးရက္ပါ။ သူလိုအပ္တာေလး ကြၽန္မ တတ္ႏိုင္သေလာက္ ကူျဖၫ့္ေပးရင္း သူ႔အတြက္ အဆင္ေျပမယ့္ ရပ္ဝန္းေလးအျဖစ္ ရိွေနခ်င္ပါသည္။
အရင္က သားအမိႏွစ္ေယာက္ အတူေနလာၿပီး ေမေမ ေနာက္အိမ္ေထာင္ျပဳေတာ့ ညီမေလးတစ္ေယာက္နဲ႔ ေနခဲ့ရၿပီး အခုက်မွ တစ္ေယာက္တည္း ေနရေတာ့ အရိုင္းတံုးေလးကို ပိုသတိရမိသည္။
ျပၫ့္စံုတဲ့ အနာဂတ္ေလးမွာ မင္းေလ်ွာက္လွမ္းႏိုင္ရင္ သိပ္ေကာင္းမွာပဲ ကေလးငယ္....
--------
ရက္ျပၫ့္သြားေတာ့ စည္းကမ္းတင္းက်ပ္တဲ့ ပတ္ဝန္းက်င္ဆီ ျပန္လာခဲ့ရသည္။ တီေလးက လာေတြ့ပါ့မယ္ ေျပာေတာ့ အနည္းငယ္ စိတ္သက္သာရာ ရသည္။
"ၿဖိဳးေလး လိမ္လိမ္မာမာေနေနာ္ လိုအပ္တာရိွရင္လည္း ေျပာ"
"ဟုတ္ကဲ့ တီေလး ခ်စ္တယ္ေနာ္"
~မြ
"မင္းကေတာ့ ခြၽဲၿပီ"
"ညီမေရ... အစ္မ တူမေလးကို ဂရုစိုက္ေပးပါဦးေနာ္"
"ဟုတ္ကဲ့အစ္မ"
သူ႔တီေလးနဲ႔က် ကေလးငယ္တစ္ေယာက္လို ခ်စ္ဖို႔ေကာင္းေအာင္ ေနတတ္သည္။ ဒီအိမ္က မိသားစုအေပၚက် အရိုင္းတံုးေလးတစ္ေယာက္ျဖစ္ေနတာ မင္းရင္ထဲ ဘာေတြမွား ကိန္းေအာင္းေနပါလဲ ကေလးငယ္....
"မင္းကို ေက်ာင္းပိတ္တုန္း သင္တန္းထားေပးမယ္"
"ကြၽန္ေတာ္ မေနခ်င္ဘူး အိမ္မွာပဲ ေအးေဆးေနပါရေစ"
"မရဘူး ေက်ာင္းၿပီးရင္ မင္းဘဝ မင္းေလ်ွာက္တဲ့အခါ ဒါေတြ လိုအပ္လာမွာ"
"---"
"ငါေျပာတာနားလည္လား"
"ေရြးခြင့္မရိွဘူးမလား ေမးမေနပါနဲ႔ေတာ့"
"မင္းေနာ္ မင္း ငါအေလ်ာ့ေပးေနတာ မ်ားေနၿပီ တစ္ရက္ေတာ့ မိေတာ့မွာ"
သူေဒါသေတြ ထြက္လာေတာ့မွာ သိလို႔ အခန္းထဲ ျမန္ျမန္ဝင္ခဲ့ၿပီး တံခါးေလာ့ခ်ခဲ့လိုက္သည္။
ကြၽန္မေလသံမာလိုက္တာနဲ႔ ေၾကာက္ၿပီး အေျပးတပိုင္းေရ႔ွက ထြက္သြားတဲ့ အရိုင္းေလးကို သနားလည္ သနားမိသလို ေဒါသလည္း ထြက္ေနမိသည္။
"စားၿပီးတာနဲ႔ သင္တန္းသြားမယ္ ျပင္လိုက္ ငါလိုက္ပို႔မယ္"
"လိပ္စာသာ ေျပာလိုက္ပါ ကိုယ့္ဘာသာ သြားလိုက္မယ္"
~က်စ္" မင္း သတၲိေတြ သိပ္ရိွေနတာလား"
"မဟုတ္ပါဘူး အလုပ္ပိုေနမွာစိုးလို႔ပါ"
"မင္းကို ေစာင့္ေရွာက္ဖို႔ ငါ့မွာ တာဝန္အျပၫ့္အဝရိွတယ္"
"ဟုတ္ကဲ့"
သူငယ္ခ်င္း အေပါင္းအသင္းလည္း ရေစခ်င္တာမို႔ သင္တန္းတက္ခိုင္းလိုက္သည္။ ဒါေတာင္ presentation လုပ္ရတာ စိတ္ညစ္တယ္လို႔ လာလာ ညည္းတတ္ေသးသည္။
********