ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(C...

By yoonshweyeethoon

94.2K 6.2K 279

ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့... More

အပိုင်း(1)
အပိုင်း(2)
please
အပိုင်း(3)
အပိုင်း(4)
တောင်းပန်ခြင်း
အပိုင်း(6)
အပိုင်း(7)
အပိုင်း(8)
အပိုင်း(9)
အပိုင်း(10)
အပိုင်း(11)
Hey....
အပိုင်း(12)
အပိုင်း(13)
အပိုင်း(14)
အပိုင်း(15)
အပိုင်း(16)
ဖြေရှင်းချက်
အပိုင်း(17)
အပိုင်း(18)
အပိုင်း (19)
အပိုင်း(20)
အပိုင်း(21)
အပိုင်း(22)
အပိုင်း(23)
ဖတ်ပေးကြပါ pls
အပိုင်း(24)
အပိုင်း(25)
အပိုင်း(26)
အပိုင်း(27)
အပိုင်း(28)
အပိုင်း(29)
အပိုင်း(30)
အပိုင်း(31)
အပိုင်း(32)
အပိုင်း(33)
အပိုင်း(34)
******
အပိုင်း(35)
အပိုင်း(36)
အပိုင်း(37)
အပိုင်း(38)
အပိုင်း(39)
အပိုင်း(40)
အပိုင်း(41)
အပိုင်း(42)
အပိုင်း(43)
အပိုင်း(44)
အပိုင်း(45)Final
ကျေးဇူးတင်လွှာ

အပိုင်း(5)

2.4K 146 1
By yoonshweyeethoon

ခါရူးတစ်ယောက် သူရဲ့ကိုယ်ရံတော် ချန် နဲ့ မျိုးနွယ်စု တွေဆီလျှောက်လည်နေတာ အတော်ကြာပြီ ဖြစ်သည်။ အခုလဲ မျိုးနွယ်စု နှစ်ခုကြားက ရွာတစ်ရွာကိုရောက်နေတာဖြစ်သည်။ ရွာလေးက အရမ်းမကြီးပေမဲ့သေးလဲမသေးတော့ သူ့ဟာနဲ့သူ အေးချမ်းသာယာလှသည်။ မျိုးနွယ်စုရယ်လို့သီးသန့်မရှိပေမဲ့ ရွာရှိလူတွေအကုန် စည်းလုံးချစ်ခင်ကြသည်။ ခါရူးလဲ ရွာရဲ့စျေးတန်းဖက်လျှောက်ကြည့်နေရင်းနဲ့တစ်ယောက်ယောက်ကဝင်တိုက်လာလို့ မော့ကြည့်မိ၏။ ထိုအခါ တိုက်မိတဲ့သူက တောင်းပန်လာပြီး သူ့သခင်လေးကို ကယ်ပေးပါဆိူပြီး အကြောင်းစုံပြောပြလို့ သူခေါ်ရာနောက်ကိုကိုယ်ရံ​ေတာ်ချန်နဲ့လိုက်သွားလိုက်သည်။

အဆောင်ကို ရောက်တော့ တံခါးဝမှာပိတ်နေတဲ့သူတွေနဲ့အရင်တိုက်ခိုက်လိူက်ပြီး အခန်းတစ်ခုလို နေရာအရောက် ဒွိလိင်ကောင်လေးကို အတင်းပြုမူနေတဲ့ ယောကျာ်းတစ်ယောက်ကိုမြင်လိုက်ရ၍ ထိုယောကျာ်းအား ဆွဲ၍ ထိုးပြီး တွန်းလွှတ်လိုက်သည်။ပြီးတော့ချန် နဲ့ လွှတ်ပေးပြီးဟိူကောင်လေးကို တွဲထူပြီး အပေါ်ရုံလေးလွှားအပေး.သူလေးက ကျေးဇူးတင်စကားကို ဆုံးအောင်တောင်မပြောရသေး ခါရူးလက်ထဲတွင် မေ့လဲသွားလို့ ခါရူးလဲ ခေါ်လာလိုက်ရသည်။

"ကဲ မင်းသခင်လေးက စိတ်ချရပါပြီ ဘာမဖြစ်ပါဘူး မင်းလဲ ခန အနားယူလိုက်ဦးပေါ့''

ခါရူးလဲ ဟိုကောင်လေး အနားက မခွာတဲ့ ဒွိကောင်လေး တစ်ယောက်ကို နားခိုင်းလိုက်ရသည်။.သူတို့ ကြည့်ရတာ ခရီးတခါမှမထွက်ဘူးသလိုပင်။ ပြီးတော့ တစ်ခူခူဖြစ်လာကြတဲ့ပုံပင်။

"ရပါတယ်  သခင်လေး သတိမရသေးတော့ သူ့အနားမှာပဲနေလိုက်ပါ့မယ်''

"ဒါနဲ့ မင်းတို့က ခရီးသွားတွေနဲ့မတူဘူး ဘာဖြစ်လာကြတာလဲ ပြောလို့ရရင် ပြောပြပါ့လား''

ခါရူးမေးလိူက်တော့ အာ့ကောင်လေးက ဟိုကြည့်ဒီကြည့်လုပ်နေသည်။.ကြည့်ရတာ မပြောချင်တဲ့ပုံဖြစ်နေတာကြောင့်ခါရူးလဲ

"ရပါတယ် မင်းပြောရ​တာ အဆင်မပြေရင် မပြောပါနဲ့ ကဲပါ နားလိုက် ဦး မင်း သခင်လေးက သတိရဦးမှာ မဟုဘူး''

ခါရူးပြောပြီး ထွက််သွားမယ်အလုပ် ဟိုကောင်လေးက တစ်ခုခုပြောလာသည်

"ကျွန်တော့်် နာမည်က ဘီီဘီပါ ဟိုက ကျွန်တော်ရဲ့သခင်လေးပါ.နာမည်က မိုရာတဲ့..''

ဘီဘီ ဆိုတဲ့ကောင်လေးကနာမည်တွေမိတ်ဆက်ပေးတော့ ခါရူး အံ့သြ.သွားသည်။.ဘာလို့လဲဆိုတော့ အစေခံတွေမှာ နာမည်မရှိကြဘူးလေ။.ခါရူးရဲ့ကိုယ်ရံတော် တောင် အကြီးအကဲ ပိုင်းကမို့ နာမည်ရှိနေတာပင်။ပခုဒီကောင်လေးက ဘီဘီဆိုတော့ သူ့သခင်ပေးထားတာဖြစ်မယ်။

"ကျွန်တော် တို့က မျိုးနွယ်စုကနေ ထွက်ပြေးလာကြတာပါ''

"ဟင် မင်းတို့ ရဲ့မျိုးနွယ်စုက ထွက်​ပြေးလာတာလား''

"မဟုတ်ပါဘူး တကယ်တော့ ဒီလိုပါ''

ဘီဘီလဲ သခင်လေး ဟန်ဆောင် ပြီးလိုက်ခဲ့ရာကနေစပြီး အခုလို ထွက်ပြေးရတဲ့အချိန်အထိ အကုန်ပြောပြလိုက်သည်။.ဒါပေမဲ့မျိုးနွယ်စုတွေရဲ့နာမည်တော့ မပါပေ။.အခုလိုဖွင့်ပြောတာကလဲ ဒီလူကြီးက ယုံကြည်ရမယ်ထင်လို့ပင်။

"သြော်...အာ့တာဆို မင်းတို့က အခု မင်းတို့မျိုးနွယ်စုဆီ ပြန်မှာပေါ့ ''

"ဟုတ်ပါတယ် အာ့တာ လမ်းမှာ အခုလိုတွေဖြစ်ရတာပါပဲ သခင်လေးက သိပ်သနားဖို့ကောင်းတာ ငယ်ငယ်ထဲက ဖခင်မေတ္တာ မရသလို မိခင်ကလဲ သခင်ကြီး ကိုမလွန်ဆန်ရဲတော့ သခင်လေးကို သိပ်ဂရုမစိုက်ရဘူး။.ဒီကြားထဲ ညီငယ်ရဲ့နှိပ်စက်မှုကိုလဲခံရသေးတာ''

ဘီဘီ ဆိုတဲ့တစ်ယောက်ပြောပြလာတဲ့ သခင်လေးဆိုသူရဲ့ အကြောင်းက သနားစရာပင်။ အိပ်ရာပေါ်လှဲလျောင်းနေသူရဲ့မျက်နှာလေးကိုကြည့်မိတော့ အသားကဖွေးဆွတ်နေတဲ့အပြင် မျက်နှာလေးက ကြည်တောက်နေပြီး အလွန်ကိုလှသည်။.အစေခံကိုတောင်နာမည်မှည့်ပေးတဲ့အထိ ဒီကောင်လေးက သိပ်ကို မေတ္တာ တရားကြီးမားပြီး စိတ်ကောင်းစေတနာရှိမဲ့ပုံပင်။

"ကဲ.. မင်းတို့လဲသူသတိရရင် ခရီးဆက်မှာဆိုတော့ငါတိူ့ မစောင့်တော့ဘူးနော်သူ သတိရမဲ့အချိန်အထိ''

"ရပါတယ် ကျေးဇူးတင်ပါတယ် အခုလိုကူညီတဲ့အတွက်''

"အင်း အာ့တာဆို သွားပြီနော်''

ဘီဘီ တို့ကို ကူညီပေးတဲ့သူက ခရီးဆက်သွားစရာရှိနေတာမို့ သခင်လေးသတိရတဲ့အချိန်အထိမစောင့်ခိုင်းတော့ပေ။.သခင်လေးသတိရလာရင် မျိုးနွယ်ဆီကိုပဲ ထပ်ခရီးဆက်မှာဖြစ်သည်။.

"အင်းးးး.''

"ဟင် သခင်လေး သတိရလာပြီလား''

"အင်းဘီဘီ ငါတို့ ဘယ်ရောက်နေတာလဲ''

"တည်းခိုဆောင်မှာ ပါ.သခင်လေး  ''

"ဟင်.. တည်းခိုဆောင် ''

အာ့ကျမှ မိုရာလဲ မနေ့အဖြစ်တွေကိုသတိရပြီး  မိုရာ့ကို ကယ်ပေးတဲ့သူကိုသတိရမိသည်။

"အာ့တာဆို  ငါ့ကို ကယ်ပေးတဲ့သူတွေရောဘီဘီ''

"သူတို့ က ခရီးဆက်စရာရှိသေးလို့ဆိုပြီး ခုနကမှ ထွက်သွားကြတာ''

"ဟုတ်လား ကျေးဇူး တင်စကားတောင်သေချာမပြောလိုက်ရဘူး''

"ဘီဘီ ပြောလိုက်ပါတယ် အခု သခင်လေးအတွက် စားစရာ.ယူလာတာလေးကို စားလိုက်ဦး နော် ''

"အင်း မင်းရောစားပြီးပြီလား တခါထဲဝင်စားလေ''

"စားပြီးပြီ သခင်လေး အခုက သခင်လေးအတွက်သီးသန့်မှာပေးထားတာ''

"အင်း အာ့တာဆို ငါစားလိုက်ဦးမယ် မင်းက ခရီးဆက်ဖို့သိမ်းစရာရှိတာသိမ်းထား ''

"ဟုကဲ့ သခင်လေး''

" ချန်... ခုနက ကောင်လေး တွေကို မင်း ဘယ်လိုမြင်လဲ''

ခါရူး တို့နှစ်ယောက်စျေးတန်းထဲမှာပဲလှည့်ပတ်ကြည့်ရှုနေတုန်း ချန်ံ့ ကို မေးလိုက်မိခြင်းဖြစ်သည်။

" သခင်က သူတို့ နှစ်ယောက်လိမ်နေတယ်လို့တွေးမိလို့လား''

"သူတို့ ကြည့်ရတာတော့ လိမ်ညာမဲ့ပုံမပေါ်ပါဘူး ဒါပေမဲ့ ဘယ်အဖေကများ ကို့သား ကို ဒီလို လုပ်ရက်ပါ့မလဲ မျိုးနွယ်ရဲ့စည်းမျည်းတွေရှိတယ်လေ''

"အာ့တာလဲ ဟုတ်တာပဲနော် မျိုးနွယ်ရဲ့စည်းမျည်းကို လူတိုင်းသိနေတာ မျိူးနွယ်ရဲ့အကြီးအကဲ ဆို ပိုနားလည်ရမှာကို''

"အင်း ငါလဲ အာ့တာပဲတွေးနေတာ ကဲပါ.တို့တွေ ခရီးဆက်သွားရအောင် ဒီတခါရော ဘယ်မျိုးနွယ်လဲ ''

" 'အီ' မျိုးနွယ်စုပါ.သခင်''

"သြော် အကို သူ့အတွက် ဇနီးတောင်းရမ်းခိုင်းတဲ့မျိုးနွယ်မလား''

"ဟုတ်ပါတယ် သခင် အာ့တာ ကြိုအကြောင်းကြားပြီးမှ သွားမလား''

"နေပါစေ ဒီတိုင်း သာမန် ခရီးသွားအဖြစ်သွားမယ် အကြောင်းကြားထားရင် စိတ်ထဲကမပါတဲ့ အပြုအမူကို မလိုချင်ဘူး''

"နားလည်ပါပြီ သခင်''

မိုရာတို့လဲ တည်းခိုဆောင် ကနေထွက်ပြီးမျိုးနွယ်စုဆီ ခရီး ဆက်လာတာ အခုဆို ရောက်ခါနီးနေပြီးပဲ ဖြစ်သည်။

"ဘီဘီ. ရှေ့နည်းနည်းဆို မျိုးနွယ်စု ကိုရောက်ပြီမလား''

"ဟုတ်ပါတယ် သခင်လေး''

"အင်း အာ့တာဆိူ ခန နားကြမယ်လေ မင်းလဲ ပင်ပန်းရောပေါ့''

"ဟုတ်ကဲ့ သခင်လေး ''

မြို့ထဲက မထွက်ခင် ဝယ်လာတဲ့ မုန့်တစ်ချို့ကို ထုတ်စားပြီး ခန နားလိုက်သည်။ မျိုးနွယ်ကို ပြန်ရောက်ရင် အရာရာအဆင်ပြေပြီဖြစ်သည်။မျိုးနွယ်ရောက်ရင် ဘာဖြစ်မလဲကြိုမသိပဲ မိုရာကတော​့ ကို အတွေးနဲ့ကိုပျော်နေတာပင် ။

"သခင်လေး မျိုးနွယ်မှာ.တစ်ယောက်ယောက် လက်ဆက်ထားသလိုပဲနော်''

မိုရာလဲအာ့တာကိုတွေးနေတာပင်မျိုးနွယ်မှာ.တစ်ယောက်ယောက်လက်ဆက်ရင် မျိူးနွယ်တစ်ခုလုံးမှာ မီးပုံးလေးတွေချိတ်ထားတတ်ကြသည်။ ဒါကလဲ မိုရာ တို့မျိုးနွယ်ရဲ့ ထုံးစံတစ်ခုပင်။ မိုရာက တွေးနေတုန်းရှိသေးတယ် ဘီဘီက တော့ မျိုးနွယ်သူ.မျိုးနွယ်သားတွေကိုလိုက်မေးနေပြီဖြစ်သည်။

"ဟိုလေ မျိုးနွယ်မှာ.ဘယ်သူလက်ဆက်တာလဲဟင်''

"ဟင် မင်းမသိဘူးလား မျိုးနွယ်ခေါင်းဆောင်ရဲ့သားလေ''

"ဟင် သားကြီးလား သားငယ်လား''

"သြော် ဒီကောင်လေး အပြစ်ပေးခံချင်နေတာလား ခေါင်းဆောင်မှာသားက တစ်ယောက်ပဲရှိတာလေ အခု အဲ့ဒီသား လက်ဆက်တာပေါ့ အရမ်းကို ကြီးကျယ်ခမ်းနားတာပဲ''

"ဟုတ်လား ဘယ်သူနဲ့လက်ဆက်တာလဲ''

" ' ချောင်' မျိုးနွယ်စု က သားကြီးနဲ့လေ မင်းက ခူမှ ဒီကိုရောက်တာလား လူတကာသိတဲ့ကိစ္စ မင်းမသိဘူး ဆိူတော့''

"အာ..ဟုတ် တယ် ကျွန်တော် က ဒီက မဟ​ုတ်ဘူး

"အင်း အာ့တာကြောင့် မင်းမသိတာ မထူးဆန်းပါဘူး''

ဘီဘီနဲ့ အဒေါ်ကြီးတစ်ယောက်ပြောသမျှကိုသခင်လေးလဲ ကြားမှာပင်။သခင်လေးကို လှည့်ကြည့်တော့လဲ မျက်နှာမကောင်းပေ။ဘီဘီလဲ ဆက်မမေးတော့ပဲသခင်လေးဆီသာပြန်လာလိုက်သည်။

"သခင်လေး...''

"ဘီဘီ...ငါတို့ရှေ့ဆက်သွားကြမယ်လေ''

မျိုးနွယ်ခေါင်းဆောင်ရဲ့အိမ်ရှေ့ရောက်တော့ အစောင့် တစ်ယောက်ကတားဆီးလာသည်

"ဟေ့ မင်း ဘယ်သူလဲ မျိုးနွယ် သခင်ရဲ့အိမ်ကို ဘာမှတ်နေလို့လဲ''

မိုရာက တော်ရုံအဆောင်ကမထွက်တော့မိုရာကို ဘယ်သူမှ သိပ်မသိကြပေ။အခု အစောင် မသိတာလဲ သူ့အမှားမဟုပေ။.မိုရာလဲ သေချာ ရှင်းပြဖို့ပဲတွေးလိုက်သည်။

"ဟို မျိုးနွယ်သခင်နဲ့ တွေ့ချင်လို့ပါ မိုရာ လို့ပြောလိုက်ရင်ရပါတယ်''

အစောင့်က မိုရာကို မယုံကြည်သလို ကြည့်နေတဲ့အတွက် မိုရာလဲ ငွေစ နည်းနည်း ပေးလိုက် ခါမှ အသာတကြည်နဲ့ သွားပြောပေးသည်။.

အီရန် ဖခင်တိူ့ မျိုးနွယ်ဆီအလည်လာပြီး ဖခင်ရဲ့အဆောင်မှာပဲ စကားဝိုင်းဖွဲ့ပြောနေကြတာပင်။.ဖခင်နဲ့အကိုမက် က မျိုးနွယ်စုအကြောင်းနဲ့ရိက္ခာစုဆောင်းပုံတွေပြောနေကြတဲ့အချိန် အီရန်က တစ်ယောက်ထဲ ပျင်းနေသည်။ အမေကလဲ ကျန်းမာရေး မကောင်းလို့အဆောင်မှာပဲ အနားယူနေရသည်။ ထိုအချိန်မှာပင် အဆောင်ရဲ့အောက်မှာစောင့်ကြပ်ရတဲ့တပ်သားက ဝင်လာပြီး

"မျိုးနွယ်စု ခေါင်းဆောင်ကို အရိုအသေပေးပါတယ် ရှေ့မှာ မိုရာ ဆိုတဲ့တစ်ယောက်ကသခင်နဲ့တွေ့ချင်တယ်ဆိုပြီး ခွင့်တောင်းနေပါတယ်''

တပ်သားရဲ့ပြောစကားအဆုံးမှာ အီရန်နဲ့ဖခင်နဲ့တစ်ယောက်ကို တစ်ယောက်ကြည့်မိသည်။ ဖခင်က ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန် အီရန်ကပဲတပ်သားကို အကြောင်းပြန်ခိုင်းပြီး ထွက်သွားခိုင်းလိုက်သည်။

"ရန်လေး မိုရာဆိုတာ ဘယ်သူလဲ''

တပ်သားထွက်သွားပြီးနောက်အကိုမက်က မေးလာတဲ့စကားဖြစ်သည်။.အကိုက မိုရာ ရဲ့အကြောင်းကို ဘာမှ မသိပေ။.အကိုတင်မဟု မျိုးနွယ်ကလူတော်တော်များများ ပါ.မိုရာ့အကြောင်းကိုမသိပေ။.မိုရာနဲ့အီရန့်အနားမှာ ရှိတဲ့အစေခံအနည်းငယ်သာသိတာဖြစ်သည်။.အခုချိန်အကိုက မိုရာ့အကြောင်းကိုသိသွားရင် လက်ဆက်ထားတဲ့ကိစ္စတွေပါသိကုန်လိမ့်မည်။

"ဘယ်သူမှ မဟုတ်ပါဘူး အရင်က အီရန့်ရဲ့အစေခံပါ အပြစ်လုပ်ထားလို့ နှင်ထုတ်နေတာကို မရမက ကပ်တွယ်နေတာ''

"အော်.. အင်း ပါ.အာ့တာဆိုလဲ ''

အကိုက အီရန် နဲပြောပြီး ဖခင်နဲ့စကားပြန်ပြောနေသည်။ဖခင်ကလဲ အကိုမက် ရိပ်မိသွားမှာ စိုးတာကြောင့်အမူအရာကိုပြန်ထိန်းပြီးစကားပြန်ပြောနေသည်။

........................................

ရက်ကြာသွားလို့ တောင်းပန်ပါတယ် စာလုံးရေ နည်းတာလဲသိပါတယ်။ခုရက်ဘအလုပ်ကပင်ပန်းနေလို့ပါ

Continue Reading

You'll Also Like

70.2K 7.1K 98
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထ...
40.4K 2.9K 4
ခင်ဗျားဟာ အရာအားလုံးနဲ့ လဲပစ်လိုက်ဖို့ ထိုက်တန်ပြီးသား.......
2.3K 114 7
ဖတ်ရတာ ရှုပ်မှာစိုးတဲ့အတွက် Zawgyi နဲ့ Unicode ကို တစ်အုပ်စီ ခွဲထားပါတယ်နော် Writer - Xiao Lian Mo (Original screenplay by Zhou Mo) Episode - 163 En...
117K 11.8K 121
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင...