ပြန်လည်မွေးဖွားပြီးနောက် ဇာတ်...
Av Myat-Hsu-Mon
140K 11.6K 487
U+Z Mer
Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Finale
ကျေးဇူးတင်ရှိခြင်း
Part 15
3.7K 354 13
Av Myat-Hsu-Mon
U+Z
[Happy Valentine's Day!! my sweeties]
"ဒီနေ့ ဖေဖေ့ဆီ သွားအုန်းမယ်"
"အင်း"
"မင်းရော လိုက်ခဲ့နော်"
"ညနေမှ မလား"
"အင်း"
မနေ့ညက ယောင်ပြီးငိုနေသူမဟုတ်တော့ပဲ ဒီမနက်ရောက်တော့ သူထပ်ပြီးငိုတဲ့ကိစ္စကို မသိချင်ယောင်ဆောင်နေသည်။ ရှိုက်ကြီးတငင်ငိုနေပြီးတော့ ဘာမှမဖြစ်ဘူးဆိုတာ ဖြစ်နိုင်လို့လား။ မေးမှာစိုးလို့ သူနဲ့မျက်လုံးချင်းကိုမဆုံ။
"လာအုန်း"
"အလုပ်သွားတော့မှာ"
အဝတ်အစားလဲပြီး အပြင်ထွက်ဖို့ကြိုးစားနေသူကို ချိန်း နောက်ကနေခါးကိုဖက်ကာ မပြီးကုတင်ပေါ်တင်လိုက်သည်။
"နောက်ကျနေပြီ"
"လိုက်ပို့မယ်"
ရာရာ စွေကြည့်လိုက်မိတော့သည်။ မေးလာရင် ဖြေဖို့အဖြေမရှိလို့ ရှောင်နေပါတယ်ဆိုမှ လူကိုချောင်ပိတ်ပြီး မေးဖို့ကြံစည်နေသည်။
"ဘယ်ကိုဆင်းပြေးတာလဲ"
"မင်းနော် အနိုင်မကျင့်နဲ့လွှတ်"
"ဘာဖြစ်တာလဲ ပြောမှ လွှတ်မယ်"
"ဘာမှမဖြစ်ဘူး"
ရာရာ့ကိုအတင်းဆွဲပြီး နောက်ကနေချုပ်ကာ ဖက်ထားသည်။ သူလုပ်တာနဲ့ ရုံးဝတ်သွားမယ့် အင်္ကျီတွေလဲ ကျေကုန်ပြီလား မသိ။
"လွှတ် အင်္ကျီတွေကျေကုန်ပြီ"
"အဲ့ဒါဆို ခင်များ ဘာဖြစ်တာလဲ ပြောလေ"
"ပြောပြလို့မရဘူး။ ပြောလဲ ယုံမှာမဟုတ်ဘူး"
ရာရာ ပြောင်းရင်းသူ့ရင်ခွင်ထဲက ရုန်းထွက်လိုက်သည်။ ယောဏသံမိန့်ကို ညကဖက်ငိုမိတဲ့အပြင် သူ့ရင်ခွင်ထဲမှာထပ်ပြီးအိပ်ပျော်သွားတာ ရာရာ သေသေချာချာမှတ်မိနေသည်။ ရာရာကိုယ်တိုင် ညအိပ်ကာနီး တစ်ဖက်ကပ်အိပ်ပေမယ့် နိုးလာရင်သူ့ရင်ခွင်ထဲ ရောက်ပြီးဖက်နေမိတာကို။ သူ ဖက်မိနေလဲ သူ့ကိုပြန်တွန်းထုတ်လိုက်ပါတော့လား။ ဘာဖြစ်လို့ သူကရော ကိုယ့်ကိုဖက်ထားလဲ။ ဟိုရက်တုန်းကလဲ အိမ်ပြန်ရင်း သူများနှုတ်ခမ်းတွေကို ဗိုလ်ကျသွားသေးတယ်။ အဲ့ရက်နောက်ပိုင်းမှာ သူနဲ့မျက်လုံးချင်းဆုံမိရင် ကိုယ့်မှာဖိန်းတိန်းရှိန်းတိန်းနဲ့။ အဲ့ဒိနောက်ပိုင်းမှာ လူကိုနည်းနည်းချင်းဆီ ဗိုလ်ကျနေတဲ့ ယောဏသံမိန့်။
"ဘာဖြစ်လို့ မယုံဘူးလို့ ထင်ရတာလဲ"
"လိုက်ပို့မှာဆိုလိုက်ပို့တော့ အလုပ်နောက်ကျတော့မှာ"
ချိန်း ဝေ့လည်ကြောင်ပတ်လုပ်နေသူကိုလွှတ်ပေးလိုက်သည်။ ကားပေါ်မှာလဲ တစ်လျှောက်လုံးငြိမ်လိုက်လာသည်။ ညတုန်းက ငိုတဲ့ကိစ္စကိုစဉ်းစားနေတာကလွဲပြီး ဘာမှရှိမှာမဟုတ်။
ရာရာကတော့ သူ သေဆုံးသွားပါတယ် ပြီးတော့ပြန်ရှင်သန်လာပြီး ခုနှစ်တွေနောက်ဆုတ်သွားတယ်ဆိုတာကို ပြောပြဖို့အစီအစဉ်မရှိ။ ပြောပြတော့လဲ ဘယ်သူက ယုံမှာလဲ။ သူ့ကိုရူးနေတယ်ထင်မှာပေါ့။ ဒါကြောင့် သူထုတ်ပြောမှာမဟုတ်။ အိပ်မက်ကိုပြန်တွေးမိပြီး ဖြတ်သန်းခဲ့ရတဲ့အချိန်ကိုသတိရမိတော့ ရာရာ မျက်ရည်ဝဲမိတော့သည်။ အခုထိကို အဲ့ဒိဘဝကို သူကြောက်နေဆဲ။
"ညနေ ဘယ်အချိန်လာခေါ်ရမလဲ"
အလုပ်ကိုရောက်လို့ရောက်မှန်းတောင်ရာရာမသိလိုက်ပေ။
"ပုံမှန်ရုံးဆင်းချိန်ပဲ လာခေါ်"
"အိုကေ"
"သွားပြီနော်"
"အင်း"
ရာရာ တာ့တာပြကာ အဆောက်အဦးထဲဝင်ခဲ့လိုက်သည်။ ဒီနေ့စိတ်အခြေအနေကတော့ အိပ်မက်ကြောင့် သိပ်တော့မကောင်း။ အိပ်မက်ကလန့်နိုးသွားတော့လဲ ငိုလိုက်ရသေးတယ်။
"Morning ရာရာ"
"ဟုတ် morning မသီရိ"
"ဒီနေ့ ကုန်ပစ္စည်းအသစ် အတွက် ရာရာသွားရမှာနော်"
"ဟုတ်တယ် ရာရာတစ်ယောက်ထဲ ဖြစ်သွားတယ်။ သူသူက တခြားကိစ္စသွားရအုန်းမှာလေ"
"ရာရာ ဖြစ်တယ်မလား"
"ဖြစ်တယ်"
ကုန်ပစ္စည်းအသစ် သွားကြည့်ရမှာဖြစ်ပြီး ရုံးကားနဲ့ပဲ ဂိုထောင်ကိုသွားရမှာဖြစ်သည်။ ရာရာ အပြင်မသွားခင် လိုအပ်တာတွေအားလုံးကို သေသေချာချာလုပ်ပြီး စာရင်းယူရသည်။ ပစ္စည်းအသစ်ရောက်တာကို သူတို့မှာထားတဲ့ပစ္စည်းနဲ့အရေအတွက် မှန်မမှန်သွားစစ်ပေးရမှာဖြစ်သည်။ အမှန်ဆို သူအပြင်သွားရင် သူသူနဲ့သွားနေကြပေမယ့် သူသူက ဒီနေ့တခြားကိစ္စလုပ်ရအုန်းမှာဆိုတော့ သူတစ်ယောက်ထဲပဲ သွားဖြစ်တော့၏။ ရာရာ စီမံဌာနကိုအပြင်သွားဖို့ ကားတောင်းလိုက်ပြီး တစ်ယောက်ထဲ လိုတာတွေယူကာထွက်ခဲ့လိုက်သည်။
"ရာရာက ကြာမှာ ဦးလေး။ ဦးလေး စတိုဘက်ကထိုင်တဲ့ ရုံးထဲမှာပဲ စောင့်နေလိုက်နော်"
"ဟုတ်ကဲ့"
ရာရာ ရောက်ပြီးသားပစ္စည်းတွေကို တစ်ယောက်ထဲဂိုထောင်ဘက်သွားပြီး စစ်ဖို့လုပ်လိုက်သည်။ ဂိုထောင်နဲ့ရုံးလုပ်ပေးထားတဲ့ အဆောက်အဦးနဲ့က နည်းနည်းတော့လှမ်းသည်။ သူ ရောက်နေကြောင်းကိုလဲ ဒီဘက်ကတာဝန်ရှိသူကို ဝင်ပြောခဲ့လိုက်သေးသည်။ ရာရာပါလာတဲ့ အိတ်နဲ့ လမ်းမှာဝင်ဝယ်လာတဲ့ နေ့လယ်စာကိုစားပွဲလေးပေါ်တင်ခဲ့တာ ဂိုထောင်ထဲစင်တွေပေါ်တင်ထားတဲ့ မှာထားတဲ့ပစ္စည်းတွေကို လိုက်စစ်ကာစာရင်းနဲ့တိုက်လိုက်သည်။
ဂွီ!!
ဗိုက်ကဆာလာလို့အချိန်ကြည့်လိုက်မှ နေ့လယ် ၁ နာရီထိုးနေတာကို ရာရာသိလိုက်ကာ ထမင်းစားဖို့ ရှေ့ကိုပြန်ထွက်ဖို့လုပ်လိုက်၏။ ရာရာ ဘာမှမတွေးနိုင်အောင် ကြောက်သွားတော့သည်။ ကိုရောင်နီဦးက ဘယ်လိုဖြစ်လို့ သူနဲ့အနီးဆုံးမှာရှိနေတာလဲ။ ဘယ်တုန်းကဂိုထောင်ထဲရောက်နေတာလဲ။ ပြီးတော့ သူ့ကိုရပ်ကြည့်နေတာ ဘယ်တုန်းထဲကလဲ။
"ငယ်လေး ရောက်နေတယ်ပြောလို့"
ပြောရင်းနဲ့သူ့ဆီကိုတလှမ်းချင်းလျှောက်လာတဲ့ ကိုရောင်နီဦး။ ရာရာ ကြောက်ကာ ခြေလှမ်းနောက်ဆုတ်မိသွားသည်။ ပြီးမှ စိတ်ကိုထိန်းကာ
"ဟုတ်တယ် စာရင်းလာစစ်တာ ကိုရောင်နီဦး"
"ဟုတ်လား ကိုယ်လဲပစ္စည်းနမူနာလာကြည့်တာ။ ငယ်လေး ရှိမှန်း အထဲရောက်မှသိတာ"
"ကိုရောင်နီဦးကို တစ်ယောက်ထဲလွှတ်လိုက်တာလား"
"လိုက်ပို့တယ်လေ နမူနာတောင်ရနေပြီ။ ကိုယ် ငယ်လေးကို တွေ့လို့ဝင်တာလာ။ ခွင့်လဲတောင်းထားပါတယ်"
"ဟုတ်"
ရာရာ စိတ်ကကြောက်နေတာကိုမပြချင်တာကြောင့် အလိုက်သင့်စကားပြောလိုက်သည်။ ရှေ့ကိုထွက်ဖို့ကို ကိုကိုကရှေ့မှာပိတ်ထား၏။ ပစ္စည်းထားတဲ့စင်တွေက နှစ်ယောက်ဆိုမနည်းရှောင်ထွက်ရတာ။
"ငယ်လေး နေ့လယ်စာ စားပြီးပြီလား"
"အခုပဲ စားမလို့"
မျက်နှာအနည်းငယ်ပျက်ချင်နေတဲ့ငယ်လေး။ ရောင်နီဦး ပြုံးလိုက်ကာ အပြင်ပြန်ထွက်ပေးလိုက်သည်။
"နေ့လယ်စာက ဒါလား"
"အင်း အပြင်ကဝင်ဝယ်လာတာ"
"ငယ်လေး ကိုယ်နဲ့လက်ထပ်ရင် ဒီလိုစားရမှာမဟုတ်ဘူး"
ဒီလိုမစားရပဲ စားချင်တာတွေစားရပေမယ့် အဆုံးသတ်မှာသူဘာဖြစ်သွားလဲ။
"ကျွန်တော် မလုပ်ခိုင်းတာပါ။ ပြီးတော့ ဒီနေ့က အပြင်ထွက်လာရတော့ ရှုပ်လို့"
"ကိုယ်နဲ့ နေ့လယ်စာ သွားစားမယ်"
"မလိုက်တော့ပါဘူး"
"ငယ်လေး အဲ့လောက်စိမ်းစရာလိုလို့လား။ ကိုယ် မင်းမမဆီမှာ ခွင့်တောင်းလိုက်မယ်"
ကိုရောင်နီဦးက ပြောရင်းနဲ့ပင် ဖုန်းဆက်ဖို့လုပ်သည်။ ရာရာ စိတ်နည်းနည်းလှုပ်ရှားနေကာ ဘာပြန်ပြောရမှန်းကိုမသိဖြစ်နေသည်။
"သွားမယ် ကိုယ် မင်းမမဆီ ခွင့်လှမ်းတောင်းလိုက်တယ်"
"ဟို ရာရာ...."
"လာပါ မတွေ့တာလဲကြာပြီကို သူစိမ်းတွေမှမဟုတ်တာ"
ရောင်နီဦး ကားပေါ်မှာငြိမ်ငြိမ်လေးပါလာတဲ့ ငယ်လေးကိုကြည့်လိုက်သည်။ ငယ်လေးနဲ့ညီလေးရဲ့ဆက်ဆံရေးက ပုံမှန်ပဲလား။ ဟိုကိစ္စတော့ မရှိသေးဘူးလို့ ရောင်နီဦးထင်သည်။ အခုမှ ပြန်လိုချင်နေတဲ့စိတ်ကိုလည်း ရောင်နီဦး တားမရဖြစ်နေ၏။ ညီလေးလက်ထဲကိုထည့်ပြီးကာမှ နှမြောနေတာဖြစ်ပြီး သူတို့မင်္ဂလာဆောင်ပြီးတဲ့ညတုန်းကဆိုရင် ရောင်နီဦးမှာ အိပ်မပျော်တဲ့အထိ။ ညီလေးအောက်မှာ ဖြစ်နေမယ့် ငယ်လေးပုံကိုစဉ်းစားလိုက်တိုင်း သူ ရူးသွားတော့မလိုခံစားရသည်။ ငယ်လေးက အရမ်းလှပြီး ငိုရင်တောင်လှနေမယ့်အမျိုး။ ကိုယ့်အောက်မှာရှိနေမယ့်ငယ်လေးကို မမြင်ယောင်ဘူးတာမဟုတ်တော့  ကိုယ်မဟုတ်တဲ့တခြားသူအောက်ရောက်နေမယ့်ပုံစံလေးကိုလဲ မြင်ယောင်မိပြီး မချဉ့်မရဲဖြစ်မိတာမစမ်း။
"ငယ်လေး အကြိုက် ကြေးအိုးသောက်မယ်နော်"
ရာရာ ကိုရောင်နီဦး ဆွဲခေါ်လာတဲ့နောက်ပါလာတာဖြစ်ပြီး ဖုန်းလဲဂိုထောင်ထဲမှာကျန်ခဲ့သည်။ ဆိုင်ထဲရောက်တဲ့အထိ ရာရာ စိတ်နဲ့လူနဲ့မကပ်ချင်ဖြစ်နေသည်။ လောလောလတ်လတ်မက်ထားတဲ့အိပ်မက်ကြောင့်လဲပါ၏။
"ငယ်လေး အကြိုက်ပဲ မှာထားတယ်"
သူ့ရှေ့ရောက်လာတဲ့ ကြေးအိုး။ အရင်တုန်းကဆို ဒီလိုမျိုးမြင်ရင်ပျော်သွားမှာပေမယ့် အခုတော့ ရာရာ မပျော်နိုင်ပေ။
"စားလေ ငယ်လေး။ ဗိုက်ဆာနေတာမလား"
ရာရာ ပြုံးပြလိုက်ရင်း အသင့်တင်ပေးထားတဲ့ တူကိုကောက်ကိုင်ကာ နည်းနည်းစားလိုက်သည်။
"ငယ်လေးတောင် ပြောင်းလဲသွားတယ်နော်"
စားနေရင်း သူ့ကိုမျက်လုံးလှန်ကြည့်တဲ့ငယ်လေးက ပြောင်းလဲသွားတာတော့ အမှန်ပင်။ ဘာက ပြောင်းလဲသွားတာလဲ။
"အရင်လို ကြေးအိုးမကြိုက်တော့ဘူးလား"
ကြေးအိုးမကြိုက်တာမှမဟုတ်ပဲ။
"ကြိုက်ပါတယ်။ ကြေးအိုးက ရာရာ့အကြိုက်ပဲ"
"အင်း စားလေ။ စားတာတွန့်ဆုတ်တွန့်လုပ်နေလို့"
ရာရာ စားရတာစိတ်မပါပေ။
"ရာရာ့ကို ဖုန်းငှားပေးပါလား"
"ဘာဖြစ်လို့လဲ"
"ယောဏသံမိန့်ကို ခေါ်ချင်လို့"
"ငယ်လေး ညီလေးက သူ့အလုပ်နဲ့သူ။ ငယ်လေး ဘာလုပ်ချင်တာလဲ ကိုယ့်ကိုပြောလို့ရတယ်"
"မဟုတ်ဘူး။ ကျွန်တော်အပြင်ရောက်နေတာ သူ့ကိုပြောချင်လို့"
ရာရာကနေ ကျွန်တော်ဖြစ်သွားလိုက်။ ငယ်လေးက သူနဲ့အတူမရှိချင်တာက ဘာကြောင့်လဲ။ သူတို့တွဲလာတဲ့အချိန်အတွင်းမှာ ရန်ဖြစ်တာ ငယ်လေးမကြိုက်တာ မလုပ်ပဲနဲ့ ငယ်လေးလက်ထပ်တာ သူမဟုတ်ပဲ ညီလေးဖြစ်သွားတာကို ရောင်နီဦးနားမလည်ဖြစ်နေဆဲ။ ငယ်လေးနဲ့လက်မထပ်ရလို့ ယသော်မေနဲ့ရှေ့ဆက်အဆင်ပြေသွားပေမယ့် တကယ်တမ်းလက်လွှတ်လိုက်ရတော့ ပြန်လိုချင်လာတဲ့အထိ။
"ကိုယ် စာပို့ထားပေးလိုက်မယ်"
တကယ်တမ်း ညီလေးကို သူစာမပို့ပဲထားလိုက်သည်။ ဒီလိုတွေ့တာ စာပို့စရာဘာလိုလို့လဲ။
"ကျွန်တော်တို့ ပြန်ကြမလား"
"ငယ်လေး စားပြီးပြီလား။ တစ်ဝက်တောင်မကုန်သေးဘူး အရင်ကဆို ကုန်အောင်စားတာလေ"
"ဗိုက်ပြည့်သွားလို့"
ရောင်နီဦး စားတာကိုလက်စသတ်ကာ ပိုက်ဆံရှင်းပေးဖို့လုပ်လိုက်သည်။ ငယ်လေးက တကယ်ပြောင်းလဲသွားတယ်။
"ဂိုထောင်ကို ပြန်နေတာမဟုတ်ဘူးလား"
အပြန်လမ်းက ဂိုထောင်မှမဟုတ်ပဲ။ ဂိုထောင်က ဒဂုံဆိပ်ကမ်းဘက်မှာရှိနေတာကို ကိုရောင်နီဦးက ဘယ်ကိုမောင်းနေလဲမသိ။
"ကိုယ် ငယ်လေးကို မေးချင်တာတွေရှိလို့"
"အဲ့ဒါဆို ဆိုင်တစ်ဆိုင် ဝင်လိုက်ပါလား"
"အခုပဲ ဆိုင်ကထပြန်လာတာလေ။ အပြင်မှာ ပူတယ်ငယ်လေး"
ရာရာ ဘာပြောရမှန်းမသိပဲဖြစ်နေသည်။ ယောဏသံမိန့်ကို ဆက်သွယ်ဖို့လဲ သူ့မှာဘာမှမပါ။ တကယ်တမ်း သူ့စိတ်ထဲမှာ အော်ခေါ်နေမိတာလဲ ယောဏသံမိန့်ပဲရှိသည်။
"ဒီကို လာဖို့မလိုဘူးလားလို့"
ဒီအိမ်ကိုသူတကယ်မဝင်ချင်ဘူး။ ဒီအိမ်ကိုမြင်တိုင်း သူငိုချင်သလို အသက်ရှူတွေမဝသလို ခံစားရသည်။
"ကိုယ့်အိမ်မှာပဲ အေးအေးဆေးဆေးစကားပြောလို့ကောင်းတာလေ"
ခြံတံခါးကိုဆင်းဖွင့်ကာ ကားကခြံထဲဝင်နေပြီဖြစ်သည်။ ကားက အထဲရောက်သွားတာနဲ့ ခြံတံခါးကို ဆင်းပိတ်၏။ ရာရာ ပူထားမိတဲ့ လက်နှစ်ဖက်ကို အချင်းချင်းပွတ်မိနေသည်။
"လာလေ ငယ်လေး မရောက်ဘူးတာလဲ မဟုတ်ဘူး"
အပေါက်ဝကနေမဝင်ပဲ တစ်ခုခုစိုးရိမ်နေတဲ့ငယ်လေး။ သူ့နဲ့ပတ်သက်ပြီး ပြောင်းလဲသွားတဲ့အထဲမှာ ဒါတွေလဲပါသည်။ ငယ်လေးက ဘာဖြစ်လို့ သူနဲ့ပတ်သက်ရင် ကြောက်ပြီးဒီလိုတွေဖြစ်နေရတာလဲ။ ရောင်နီဦး ဆွဲခေါ်လိုက်ရင်းအထဲသွင်းလိုက်၏။
ဂျုံး!
တံခါးပိတ်သံကြောင့် ရာရာတုန်သွားကာ မလှုပ်နိုင်တော့ပေ။ ပိတ်လှောင်ခံထားဖူးတဲ့ ဒီအိမ်ကသူ့ကိုခြောက်လှန့်စေနိုင်သလို ကြောက်စိတ်ကိုလဲ ထပ်ဖြစ်စေသည်။
"လာ ထိုင်လေ"
မတ်တပ်ကြီးနဲ့မထိုင်တဲ့သူကို ရောင်နီဦး ပုခုံးမှဆွဲခေါ်ကာ ထိုင်ခိုင်းလိုက်သည်။ ငယ်လေးက တောင့်တောင့်ကြီးဖြစ်နေတာ။
"ဟို ကျွန်တော့်မှာ အလုပ်ရှိသေးတယ်"
"ငယ်လေးရယ် အဲ့ဒိအလုပ်က ငယ်လေး မလုပ်လဲရတယ် စိတ်မပူနဲ့"
"ဟို မေးစရာဆိုတာ ဘာလဲဟင်"
"အေးဆေးပေါ့။ အိမ်မှာ ခဏနားလိုက်အုန်း"
"ဟင့်အင်း ပြောစရာမရှိရင် ပြန်လိုက်ပို့ပေး"
ရောင်နီဦး ထိုင်ခုံမှီကာ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ငယ်လေးကို ကြည့်လိုက်သည်။ ငယ်လေးက သူ့ကိုတကယ်စိမ်းသက်နေပြီး ကြောက်လန့်နေသလို။
"ကိုယ်ပြောဖူးတယ်မလား။ ငယ်လေးကို သူများလက်ထဲထည့်ပေးလိုက်တော့ အဆင်မပြောဘူးလို့လေ"
"အဲ့ဒါတွေ မပြောသင့်တော့ဘူးထင်တယ်။ ကျွန်တော်လဲ အိမ်ထောင်နဲ့ဖြစ်နေပြီ"
"ကိုယ်ကတော့ ကြိုးစားချင်သေးတယ်"
"ကိုရောင်နီဦးမှာ မမရှိတယ်လေ"
ရောင်နီဦး မျက်ခုံးတွေကြုတ်လိုက်မိသည်။ မေနဲ့သူ ပတ်သက်နေတာကို ငယ်လေးသိနေတာလား။ ဘယ်လိုသိသွားတာလဲ။
"ငယ်လေး မမ ရှိတယ်ဆိုတာ ဘာပြောတာလဲ"
ရာရာ ပြောပြီးမှ အကြပ်ရိုက်သွားသည်။ သူ ဘာဖြစ်လို့ ပြောထွက်သွားတာလဲမသိ။ အမှန်ဆို ကိုကိုနဲ့မမ ပတ်သက်နေတာက ဒီလိုအခြေအနေနဲ့သူသိနိုင်တဲ့အခြေအနေမှမဟုတ်သေးပဲ။ ရာရာ ဘာပြောရမလဲ မသိတော့ပဲ ချွေးစေးတွေပဲထွက်နေတော့သည်။
"ငယ်လေး တစ်ခုခုထူးဆန်းနေတယ်"
ရောင်နီဦး နေရာကထကာ ငယ်လေးဘက်ကိုသွားလိုက်သည်။ ငယ်လေးက သူဝင်ထိုင်တာနဲ့ ထတော့မလိုဖြစ်နေတာကြောင့် ရောင်နီဦး လက်နှစ်ဖက်ကိုဆွဲထားလိုက်၏။
"ဘာဖြစ်နေတာလဲ။ မမရှိတယ်ဆိုတာဘာလဲ။ ငယ်လေး!!"
"ဟင် မသိဘူး"
"ပြောပြီး မသိလို့ဖြစ်မလား"
ငယ်လေး ဘာတွေသိထားသေးလဲ။ ဘာဖြစ်လို့ သိနေရတာလဲ။
"ယသော်မေနဲ့ ကိစ္စရှိတာမှန်ပေမယ့် ကိုယ်တို့လက်မထပ်ရသေးဘူး။ ငယ်လေးနဲ့ညီလေးနဲ့ ဘာမှမဖြစ်သေးဘူးဆိုတာ ကိုယ်သိတယ်။ ကိုယ် ငယ်လေးကိုယူဖို့ ပြန်ကြိုးစားမယ်"
"ဟင့်အင်း..."
အနားကိုတိုးကပ်လာတဲ့ ကိုရောင်နီဦးကို တွန်းထုတ်ဖို့ ရာရာ မတတ်စွမ်းနိုင်ပေ။ ရာရာ ချွေးစေးတွေထွက်ပြီး တောင့်တောင့်ကြီးဖြစ်နေကာ လက်တွေလဲလှုပ်လို့မရပဲ ဒီအိမ်ကြီးထဲမှာပိတ်မိနေတာတွေက မျက်လုံးထဲပေါ်ကာ ခန္ဓာကိုယ်က လှုပ်လို့မရပဲ ကြောက်ပဲကြောက်နေသည်။
မျက်နှာလေးမဲ့ကာ ခေါင်းကိုနောက်ယိုင်ထားတဲ့ငယ်လေး။ သူပြောပါတယ် ငယ်လေးက မဲ့နေတာတောင် ချစ်ဖို့ကောင်းတာလို့။ ရောင်နီဦးပြုံးလိုက်ကာ နှုတ်ခမ်းနုနုကိုနမ်းဖို့အတွက် မျက်နှာချင်းပူးကပ်လိုက်သည်။ ငယ်လေးနှုတ်ခမ်းတွေက ဘယ်လောက်များ အိစက်ပြီး ချိုနေမလဲ။
ဝုန်း!!
ရုတ်တရက် အောက်ကိုကျသွားတဲ့သူ။ ရောင်နီဦး မျက်ခုံးတွေကြုတ်ကာ လဲကျနေတဲ့ကြမ်းပြင်မှ မော့ကြည့်မိတော့ ညီလေး။ ညီလေးက ဘယ်လိုဖြစ်လို့။
"သတိထားစမ်း ရာရာမင်းထင်!!"
ချိန်း ပုခုံးကနေဆွဲလှုပ်ပြီး ဆွဲထူလိုက်သည်။
"ညီလေး"
သူ့ဘက်ကိုလှည့်ကြည့်လာတဲ့ ညီလေးရဲ့မျက်လုံးတွေကြောင့် ရောင်နီဦး စကားဆက်ပြောဖို့ တန့်သွားသည်။ ညီလေးရဲ့အကြည့်တွေက သူ့ကိုစကားမပြောနဲ့လို့ ပြောနေသလို။
"ကိုကြီးနဲ့ကျွန်တော် တစ်ရက်တွေ့ကြတာပေါ့"
ချိန်း ဆွဲထူထားတဲ့လူကို အပြင်ခေါ်ထုတ်လိုက်သည်။ ကားထဲကိုထည့်ရင်း ခါးပတ်ပတ်ပေးပြီး ကုတ်ကိုချွတ်ကာ ခြုံပေးလိုက်သည်။ ကားမောင်းရင်း ဘေးကလူကိုကြည့်တော့ တောင့်တောင့်ကြီးဖြစ်နေသေးကာ လက်နှစ်ဖက်ကအချင်းချင်းပွတ်သပ်နေတာ ရဲသဲနေပြီဖြစ်သည်။ ချိန်း ကားကိုဘေးချရပ်ပြီး သူ့လက်ကိုဆွဲယူလိုက်၏။
"ဟေး ခင်များလုံခြုံတယ် ဘာမှမဖြစ်ဘူး။ ဒီကိုကြည့်"
ချိန်း ပုခုံးပါဆွဲလှည့်ပြီး မျက်နှာချင်းဆိုင်စေလိုက်သည်။ အဲ့ဒိတော့မှ လူကိုကြည့်လာကာ မျက်လုံးတွေပြေးနေရင်း အဖြေရှာနေသည်။
"ကျုပ်ရှိနေတယ်။ ခင်များ အဆင်ပြောတယ်ဟုတ်ပြီလား"
ခေါင်းငြိမ့်ပြတာကြောင့် အဆင်ပြေသွားပုံရကာ ချိန်း အိမ်ပြန်ဖို့လုပ်လိုက်သည်။
"သားယော တစ်ခုခုဖြစ်လာလို့လား"
"ပြီးမှ ဆင်းခဲ့မယ်လေးလေး"
ရာရာမင်းထင်ရဲ့ ပုခုံးကိုထိန်းဖက်ရင်း အိမ်ပေါ်တက်သွားသည်။ ဦးစံတော်ချိန် လူကြီးပီပီ အလိုက်တသိနေလိုက်သည်။ တစ်ခုခုတော့ ဖြစ်လာတာကိုတော့ ကြည့်ရင်သိနိုင်သည်။
ချပ်!
ကုတင်မှာထိုင်ခိုင်းလိုက်ပြီး ချိန်း တစ်လုံးထိုင်ခုံလေးကိုယူကာ သူ့ရှေ့မှာထိုင်လိုက်သည်။
"ရဲနေပြီ မပွတ်တော့နဲ့။ အခု အဆင်ပြေပြီဟုတ်"
သူ့ကိုကြည့်ကာ မဲ့နေသူ။
"မင်းရောက်မလာရင် ငါသေသွားမယ်ထင်တယ်"
သူ့ကို တွေတွေလေးကြည့်ကာ ပြောနေသူက တကယ်အကြောက်လွန်နေတာကို ချိန်း ခံစားမိသည်။
"ဘယ်လိုရောက်လာတာလဲ"
"အလုပ်မရှိတော့လို့ ခင်များရုံးကိုလာခဲ့တာလေ။ ဂိုထောင်သွားတယ်ဆိုလို့ ဖုန်းဆက်တာလဲမကိုင်လို့ လိုက်လာတာ"
သူ လိုက်သွားတော့ ကိုကြီးခေါ်သွားတယ်ဆိုတာကို သိလိုက်ရတာ။ ကိုကြီးနဲ့ အဲ့ဒိကဝန်ထမ်းတွေကလည်း ရင်းနှီးနေတဲ့ပုံရသည်။ ဖုန်းဆက်တော့လဲ လုံးဝမကိုင်။ ကိုကြီးနဲ့ဆို တခြားရှာစရာမလို။ ကိုကြီးက တစ်ခုခုဆို သူ့အတွက်သီးသန့်အိမ်ကိုသွားနေကျဆိုတော့ တန်းလိုက်သွားတာ။ တော်သေးတာပေါ့ ဘာမှဖြစ်မသွားတာ။ 
"ခင်များ အလုပ်ထွက်ဖို့လုပ်တော့"
သူ့ကို ကြောင်တောင်တောင်ကြည့်လာသည်။
"မထွက်လို့မရဘူး။ ခင်များကို မျက်စိရှေ့ထားမှ ဖြစ်တော့မှာ။ အလုပ်လုပ်ချင်ရင် ကျုပ်နဲ့လိုက်ခဲ့"
ယောဏသံမိန့်ပြောသလို သူ အလုပ်ထွက်မှဖြစ်တော့မှာလား။
"ရေချိုးမလား"
"အင်း"
"ထ"
ချိန်း ဆွဲထူလိုက်ပြီး ရေချိုးခန်းထဲ လိုက်ပို့လိုက်သည်။ ဒီလူ့ကို သူ့မျက်စိရှေ့မှာ ထားမှဖြစ်တော့မှာ။ ကိုကြီးက ဘာဖြစ်လို့ ဒီလိုတွေဆက်တိုက်လုပ်နေရတာလဲ။ တောင့်တောင့်လေးဖြစ်ကာ မဲ့ပြီးနောက်ကိုယိုင်ပစ်ထားတဲ့ ဒီလူ့ကို ကိုကြီးနမ်းမိတော့မလို့ နည်းနည်းပဲလိုတော့တာ။ ထိုပုံစံ မျက်လုံးထဲပြန်ပေါ်လာတာနဲ့ ချိန်း အံကြိတ်လိုက်တာကြောင့် မေးရိုးတွေက အထင်းသားဖြစ်နေသည်။ ငယ်ငယ်တုန်းက အချစ်ဆုံးဖြစ်ခဲ့တဲ့ကိုကြီးက သူ့အပိုင်ကို ဒီလိုတွေဆက်တိုက်လုပ်နေလို့ကတော့ သူနဲ့ကိုကြီး မျက်နှာဆုံညီရှင်းဖို့တွေဖြစ်လာတော့မှာပေါ့....
ချစ်တဲ့
Hsu
14 Feb 24
>>>>>>><<<<<<<
U+Z
[Happy Valentine's Day!! my sweeties]
"အင်း"
"မင်းရော လိုက်ခဲ့နော်"
"ညနေမှ မလား"
"အင်း"
"လာအုန်း"
"အလုပ်သွားတော့မှာ"
"နောက်ကျနေပြီ"
"လိုက်ပို့မယ်"
"ဘယ်ကိုဆင်းပြေးတာလဲ"
"ဘာမှမဖြစ်ဘူး"
"အိုကေ"
"သွားပြီနော်"
"အင်း"
"Morning ရာရာ"
"ဟုတ် morning မသီရိ"
"ရာရာ ဖြစ်တယ်မလား"
"ဖြစ်တယ်"
"ဟုတ်ကဲ့"
ဂွီ!!
"ဟုတ်"
"အခုပဲ စားမလို့"
"နေ့လယ်စာက ဒါလား"
"မလိုက်တော့ပါဘူး"
"ဟို ရာရာ...."
"စားလေ ငယ်လေး။ ဗိုက်ဆာနေတာမလား"
ရာရာ စားရတာစိတ်မပါပေ။
"ဘာဖြစ်လို့လဲ"
"ဗိုက်ပြည့်သွားလို့"
ဂျုံး!
"လာ ထိုင်လေ"
"ဘာဖြစ်နေတာလဲ။ မမရှိတယ်ဆိုတာဘာလဲ။ ငယ်လေး!!"
"ဟင် မသိဘူး"
"ဟင့်အင်း..."
ဝုန်း!!
"ညီလေး"
ချပ်!
"ရဲနေပြီ မပွတ်တော့နဲ့။ အခု အဆင်ပြေပြီဟုတ်"
"ဘယ်လိုရောက်လာတာလဲ"
"ရေချိုးမလား"
"အင်း"
"ထ"
ချစ်တဲ့
Hsu
14 Feb 24
>>>>>>><<<<<<<
Fortsett å les
You'll Also Like
3K 60 8
This is about a alein and a human falling inlove and people don't like it. yn x a-lan
4K 236 5
Peep in to see how Abhimanyu's world turns upside down. Based in AU
4.6M 136K 52
After her mother's death Lilith gets a new legal guardian, her older brother. With no knowledge of having four other older brothers, Lilith is send...
679K 2.6K 65
lesbian oneshots !! includes smut and fluff, chapters near the beginning are AWFUL. enjoy!