The Beautiful Warrior(美丽的战士)C...

By MaLaKaoYa

19.7K 1.7K 129

Original Name: 美丽的战士(The Beautiful Warrior) Original Author: SpicyRoastDuck Start date - December 1.2023(Fri... More

1.
2.
3.
4.
5.
6.
8.
9.
10.
11.
12.
13.
14.
15.(Ending)

7.

1K 107 4
By MaLaKaoYa

ကျန့်ကျန့်ရဲ့အနောက်ကနေလိုက်လာတဲ့ ဒီကောင်လေးက စကားတွေတောက်လျှောက်ပြောလာတာဖြစ်တယ်။ ကျန့်ကျန့်မှာ နားမငြီးဘဲ ဒီကောင်လေးစကားတွေကို နားထောင်ရင်းပြုံးရယ်နေမိတာ ကိုယ့်ကိုယ်ကိုယ်တောင်သတိမထားမိတဲ့အထိပါပဲ။

"ကိုကို"

"ဟင်"

ကျန့်ကျန့်က မျက်လုံးလေးပင့်ကာ တစ်ဖက်လူကိုကြည့်လိုက်တော့ ပြုံးယောင်သမ်းနေတဲ့မျက်ဝန်းကျဉ်းလေးတွေကို တွေ့လိုက်ရတယ်။ ပိရိသေသပ်လှတဲ့နူတ်ခမ်းတွေက ခပ်တွန့်တွန့်လှုပ်ခတ်သွားတာမို့ ကျန့်ကျန့်ကမျက်မှောင့်ကျုံ့မိတယ်။

"ဘာရယ်တာလဲ "

" ကျွန်တော်မရယ်မိပါဘူး ကိုကို "

ကျန့်ကျန့်က လက်ထဲက ဓားကိုဓားအိမ်ထဲကဆွဲထုတ်ပြီး ကောင်လေးကို ခပ်စူးစူးစိုက်ကြည့်ပစ်လိုက်တဲ့အခါ ကောင်လေးက လက်နှစ်ဖက်ကိုယှက်ပြီး တောင်းပန်တဲ့အမူအရာလုပ်ပြလာတယ်။

ကျန့်ကျန့်က ဂရုမစိုက်စွာဘဲ ဟွန့်ခနဲ နှာမှုတ်ပြီး ကျောမှာလွယ်ထားတဲ့မြားတွေထဲက သုံးချောင်းလောက်ဆွဲပြီး လေးကိုချိန်ရွယ်လိုက်တော့ ကောင်လေးက တံတွေးမြိုချလိုက်တာကို ကျန့်ကျန့်က သိသိသာသာမြင်လိုက်ရပါတယ်။

"ကိုကို "

" ......."

ကျန့်ကျန့်က လေးကြိုးကိုတင်းနေအောင်ဆွဲပြီး ကောင်လေးကို မြားသုံးချောင်းနဲ့ပစ်ခွင်းဖို့ချိန်ရွယ်ထားတာဖြစ်ပြီး မျက်နှာလေးမှာ လှောင်ရယ်တဲ့အမူအရာအပြည့်။

နူတ်ခမ်းထောင့်လေးတွန့်ကွေးနေတဲ့ လုပ်ယူထားတဲ့အပြုံးတစ်ခုက အနက်ရောင်ပုဝါအောက်မှာအထင်းသား။

ဝှစ်!!!

ပစ်ခွင်းသွားတဲ့မြားက အနောက်ဆီကိုဦးတည်နေတာမို့ ရိပေါ်လှည့်ကြည့်လိုက်တော့ လဲကျနေတဲ့ သမင်တစ်ကောင်။

ရိပေါ်က တစ်ဖက်သတ်ကြီးကြောက်လန့်နေမိခဲ့တာမို့ အနည်းငယ်တော့ရှက်ရွံ့သွားခဲ့မိတယ်။

"မင်းက အသည်းငယ်လိုက်တာနော် "

ခနိုးခနဲ့ရယ်သွေးသွမ်းကာဆိုလာသူ။
မျက်နှာတစ်ဝက်ဖုံးကွယ်ထားတဲ့ပုဝါကို ဆတ်ခနဲဆွဲခွာလိုက်တဲ့အခါ ဆင်းဖြောင့်သွယ်တန်းနေတဲ့နှာတံထင်းထင်းလေးနဲ့ ခပ်တွန့်တွန့်ပြုံးနေတဲ့နူတ်ခမ်းပါးလေးဟာ စွဲမက်ဖွယ်အတိ။

နူတ်ခမ်းထောင့်က အနက်ရောင်အစက်လေးဟာ ဒီလူသားကို ပန်းချီရေးဆွဲပုံသွင်းထုလုပ်စဉ်မှာ စုတ်တံခါထုတ်လိုက်လို့ အစက်ထင်သွားတဲ့မှင်စက်လေးသဖွယ်။

"ဟေ့ မျက်လုံးဖွင့်ပြီးအိပ်ပျော်သွားတာလား"

" အာ.."

ရှက်ပြီးနားရွက်ဖျားတွေရဲတက်သွားတဲ့ ကောင်လေးကို ကြည့်ပြီး ကျန့်ကျန့်က ခေါင်းလေးအသာခါရမ်းပြီး လဲကျနေတဲ့သမင်ကို သွားကောက်လိုက်တယ်။
အချိန်လင့်နေပြီဖြစ်လို့ ညီနောင်တွေလည်း ကျန့်ကျန့်ကိုမျှော်နေကြတော့မှာပဲ။

" ပြန်တော့မယ် နောက်တစ်ချိန်မှာ တွေ့ရင်တွေကြဦးမှာပါ"

" ...."

ရိပေါ်လည်း ကြောင်.အ နေလျက်မှ မြင်းပေါ်ခုန်တက်သွားပြီဖြစ်တဲ့ အချောလေးကို ဤသို့ လှမ်းမေးလိုက်မိတယ်။

"အလှလေးရဲ့နာမည်ကိုသိခွင့်ရနိုင်မလား "

" နာမည်ကကျန့် မျိုးရိုးကရှောင်း "

ပြုံးရယ်လိုက်တဲ့အခါမြတ်နိုးစရာကောင်းတဲ့ သွားတန်းလေးဟာ ဖြူဖွေးနေလေတယ် ။ ရှေ့သွားလေးနှစ်ချောင်းဟာ မဆိုစလောက်ကြီးနေတာမို့ ယုန်ကလေးနဲ့တောင်တူနေသေးတယ်။

အချောလေးက ရိပေါ်ရဲ့နာမည်ကို မေးမြန်းမသွားခဲ့ဘူး။ အချောလေးရဲ့ကျောပြင်ဟာ တဖြည်းဖြည်းနဲ့ ရိပေါ်ရဲ့မျက်ဝန်းရှေ့ကနေကွယ်ပျောက်သွားခဲ့ပြီ။

ရိပေါ်အနည်းငယ်ကြာတဲ့အထိ ထိုနေရာမှာလက်ပိုက်ကာရပ်နေခဲ့ပြီး ရွှယ်ယိမန်တောင်ပေါ်ကိုပြန်သွားခဲ့တယ်။

ရိပေါ်ထင်တဲ့အတိုင်းပဲ။
ဆရာသခင်ဟာ ရိပေါ်ကို စိတ်ဆိုးနေပြီဖြစ်တယ်။
ဆရာသခင်ဟာ ရိပေါ်ကို တောင်အောက်ဆင်းတာမကြိုက်ဘူးဆိုပေမယ့် လုံးဝတားမြစ်ထားတာမျိုးတော့မဟုတ်ပေ။

"ရိပေါ် .. မင်း ဟိုကလေးကို သွားကြည့်တာလား"

"ဟုတ်ကဲ့ "

ဆရာသခင်ဟာ သက်ပြင်းရှည်ချပြီး မျက်နှာလွှဲလို့ စကားဆက်တယ်။

" ရိပေါ် ပေါင်းဖက်လို့မရတဲ့ဘဝနှစ်ခုကို ခက်ခဲအောင်မလုပ်ချင်စမ်းနဲ့"

"တပည့်သိပါတယ် ၊ ဒါပေမယ့် ငေးကြည့်ခွင့်လေးတော့ ရတယ်ဆို ဆရာသခင်ပဲ ပြောခဲ့တာလေ"

" မင်းက ငေးကြည့်ရုံအဆင့်နဲ့ရေရှည်ဆက်သွားနိုင်မှာလား ၊ လူသားတစ်ယောက်အနေနဲ့ တစ်နေ့မဟုတ်တစ်နေ့ လောဘဆိုတာတက်လာမှာပဲ "

ရိပေါ်ငြိမ်သက်နေပြီး ဆရာသခင်ကို ဘာမှဆက်မပြောမိတော့ပါဘူး။ဟုတ်ပါတယ် ရိပေါ်ကလူသားပဲ၊လောဘဆိုတာရှိတာပေါ့ ဒီနေ့ဆိုရင် အချောလေးကို ငေးကြည့်ရုံနဲ့ မတင်းတိမ်ဘဲ စကားတွေပြော ၊တကောက်ကောက်လျှောက်လိုက်ခဲ့မိသည်အထိပါပဲ။

အချောလေးကိုရိပေါ်က မြင်မြင်ချင်းကတည်းက ချစ်ခဲ့မိတာမို့ အရိပ်တကြည့်ကြည့် ငေးနေခဲ့ရတာလည်း နှစ်ထမ်းတွေကြာရှည်နေခဲ့ပေါ့။

"ဆင်ခြင်စမ်းပါ ရိပေါ် ''

"ဟုတ်ကဲ့ ၊ တပည့်အမှားကိုသိပါပြီ"

ကျန်းဟိုင်လျန့်က ခေါင်းလေးအသာရမ်းပြီး သက်ပြင်းတစ်ခါချမိပြန်တယ်။

ခေါင်းမာတဲ့ တပည့်က နားထောင်မှာမဟုတ်မှန်း သိပြီးသားဆိုတော့လည်း ဒီဆရာသခင် ကိုယ်တိုင်ဝင်ပါဖို့ စီစဉ်ရတော့မှာပါပဲ။

အရိုအသေပေးပြီးထွက်သွားတဲ့တပည့်ရဲ့ကျောပြင်ကို တစ်ဆုံးအထိလိုက်ကြည့်ပြီးတွေးမိလိုက်တာပင်။

ရိပေါ်က ခန်းဆောင်ရဲ့အနောက်ဘက်က နွမ်စွေ
ရေပူစမ်းချောင်းလေးရဲ့အတက်ကျောက်တုံးကြီးပေါ်မှာထိုင်ပြီး ပုလွေမှုတ်နေမိတယ်။ ပုစွန်ဆီရောင်ကောင်းကင်နဲ့ ကျောက်တုံးအနီးမလှမ်းမကမ်းက ချယ်ရီပင်မှဝဲလွင့်နေတဲ့ပွင့်ဖပ်တွေဟာ လိုက်ဖက်လွန်းလှတယ်။

ဘာကြောင့်များကိုယ်တို့ဇာတာတွေက ခက်ခဲနေရတာလဲ ရှောင်းကျန့်ရယ်။

ရိပေါ်က တောင်သခင်ကျန်းဟိုင်လျန့်ရဲ့မိတ်ဆွေဖြစ်တဲ့ ဆေးဆရာဝမ်ရဲ့သားဖြစ်တယ်။ဆေးဆရာဝမ်ဆိုတာ တုံးအန်းရွာကြီးရဲ့နာမည်ကြီးနတ်‌ဆေးသမားတော်တစ်ဦး။
ရိပေါ်ကိုမွေးတဲ့ညမှာ တုံးအန်းရွာကို ဆရာသခင်ကျန်းဟိုင်လျန့်က အလည်ရောက်လာခဲ့တယ်။
အဲ့ဒီနေ့ရဲ့ ကောင်းကင်မှာ လမင်းကြီးဟာ လပြည့်နေ့ညမဟုတ်သော်ငြား ဝင်းပဝိုင်းစက်နေခဲ့တယ်။

ထိုလမင်းဟာ ရိပေါ်ကိုမမွေးခင်နှစ်နှစ်လောက်က တစ်ကြိမ်ထွန်းလင်းခဲ့ဖူးသေးတယ်လို့ပြောကြပြီး အဲ့ဒီအချိန်မှာ ကလေးတစ်ယောက်မွေးဖွားခဲ့တယ်လို့ တချို့ကပြောကြတယ်။

ဆရာသခင်က ရိပေါ်ရဲ့ဇာတာအရ ထိုလမင်းဟာ ရိပေါ်ရဲ့ဘဝလက်တွဲဖော်ဖူးစာရှင်လို့ နိမိတ်ဖတ်ခဲ့လေတယ်။ထိုဖူးစားရှင်က ရိပေါ်ထက်နှစ်နှစ်ကြီးတဲ့ လမင်းသာချိန်မွေးဖွားသောလူသားပါတဲ့။

သို့သော်​ငြား ရိပေါ်အခုထိမှတ်မိနေတဲ့စကားတစ်ခွန်းရှိတယ်။
ရိပေါ်ရဲ့မေမေကပြောပြတဲ့စကား။ ဆရာသခင်က နိမိတ်ဖတ်ပြီး တောင်ပေါ်ပြန်သွားတဲ့အခါ ရိပေါ်ဟာ အသည်းအသန်ငိုကျွေးနေခဲ့သတဲ့။ မကြာခင်မှာပဲ ကောင်းကင်တစ်ခွင်ဟာ အမှောင်ထုကနေ နေ့ခင်းသဖွယ်လင်းချင်းသွားခဲ့ပြီး ဝင်းဝါတဲ့နေမင်းတစ်စင်းဟာ ဖြာလင်းနေခဲ့တယ်တဲ့။ ရိပေါ်ဟာ ထိုအလင်းရောင်ကြောင့် အငိုတောင်တိတ်သွားခဲ့သေးတာတဲ့လေ။

ဆရာသခင်ကို ဖေဖေနဲ့ မေမေဟာဒီအကြောင်းတွေပြောမပြခဲ့ဘဲ ရိပေါ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆရာသခင်ရဲ့လက်ထဲထည့်ပေးလိုက်တော့တာဖြစ်တယ်။

#######

Zawgyi

က်န႔္က်န႔္ရဲ႕အေနာက္ကေနလိုက္လာတဲ့ ဒီေကာင္ေလးက စကားေတြေတာက္ေလွ်ာက္ေျပာလာတာျဖစ္တယ္။ က်န႔္က်န႔္မွာ နားမၿငီးဘဲ ဒီေကာင္ေလးစကားေတြကို နားေထာင္ရင္းၿပဳံးရယ္ေနမိတာ ကိုယ့္ကိုယ္ကိုယ္ေတာင္သတိမထားမိတဲ့အထိပါပဲ။

"ကိုကို"

"ဟင္"

က်န႔္က်န႔္က မ်က္လုံးေလးပင့္ကာ တစ္ဖက္လူကိုၾကည့္လိုက္ေတာ့ ၿပဳံးေယာင္သမ္းေနတဲ့မ်က္ဝန္းက်ဥ္းေလးေတြကို ေတြ႕လိုက္ရတယ္။ ပိရိေသသပ္လွတဲ့ႏူတ္ခမ္းေတြက ခပ္တြန႔္တြန႔္လႈပ္ခတ္သြားတာမို႔ က်န႔္က်န့္ကမ်က္ေမွာင့္က်ဳံ႕မိတယ္။

"ဘာရယ္တာလဲ "

" ကြၽန္ေတာ္မရယ္မိပါဘူး ကိုကို "

က်န႔္က်န႔္က လက္ထဲက ဓားကိုဓားအိမ္ထဲကဆြဲထုတ္ၿပီး ေကာင္ေလးကို ခပ္စူးစူးစိုက္ၾကည့္ပစ္လိုက္တဲ့အခါ ေကာင္ေလးက လက္ႏွစ္ဖက္ကိုယွက္ၿပီး ေတာင္းပန္တဲ့အမူအရာလုပ္ျပလာတယ္။

က်န႔္က်န႔္က ဂ႐ုမစိုက္စြာဘဲ ဟြန႔္ခနဲ ႏွာမႈတ္ၿပီး ေက်ာမွာလြယ္ထားတဲ့ျမားေတြထဲက သုံးေခ်ာင္းေလာက္ဆြဲၿပီး ေလးကိုခ်ိန္႐ြယ္လိုက္ေတာ့ ေကာင္ေလးက တံေတြးၿမိဳခ်လိဳက္တာကို က်န႔္က်န႔္က သိသိသာသာျမင္လိုက္ရပါတယ္။

"ကိုကို "

" ......."

က်န႔္က်န႔္က ေလးႀကိဳးကိုတင္းေနေအာင္ဆြဲၿပီး ေကာင္ေလးကို ျမားသုံးေခ်ာင္းနဲ႕ပစ္ခြင္းဖို႔ခ်ိန္႐ြယ္ထားတာျဖစ္ၿပီး မ်က္ႏွာေလးမွာ ေလွာင္ရယ္တဲ့အမူအရာအျပည့္။

ႏူတ္ခမ္းေထာင့္ေလးတြန႔္ေကြးေနတဲ့ လုပ္ယူထားတဲ့အၿပဳံးတစ္ခုက အနက္ေရာင္ပုဝါေအာက္မွာအထင္းသား။

ဝွစ္!!!

ပစ္ခြင္းသြားတဲ့ျမားက အေနာက္ဆီကိုဦးတည္ေနတာမို႔ ရိေပၚလွည့္ၾကည့္လိုက္ေတာ့ လဲက်ေနတဲ့ သမင္တစ္ေကာင္။

ရိေပၚက တစ္ဖက္သတ္ႀကီးေၾကာက္လန႔္ေနမိခဲ့တာမို႔ အနည္းငယ္ေတာ့ရွက္႐ြံ႕သြားခဲ့မိတယ္။

"မင္းက အသည္းငယ္လိုက္တာေနာ္ "

ခနိုးခနဲ႕ရယ္ေသြးသြမ္းကာဆိုလာသူ။
မ်က္ႏွာတစ္ဝက္ဖုံးကြယ္ထားတဲ့ပုဝါကို ဆတ္ခနဲဆြဲခြာလိုက္တဲ့အခါ ဆင္းေျဖာင့္သြယ္တန္းေနတဲ့ႏွာတံထင္းထင္းေလးနဲ႕ ခပ္တြန႔္တြန႔္ၿပဳံးေနတဲ့ႏူတ္ခမ္းပါးေလးဟာ စြဲမက္ဖြယ္အတိ။

ႏူတ္ခမ္းေထာင့္က အနက္ေရာင္အစက္ေလးဟာ ဒီလူသားကို ပန္းခ်ီေရးဆြဲပုံသြင္းထုလုပ္စဥ္မွာ စုတ္တံခါထုတ္လိုက္လို႔ အစက္ထင္သြားတဲ့မွင္စက္ေလးသဖြယ္။

"ေဟ့ မ်က္လုံးဖြင့္ၿပီးအိပ္ေပ်ာ္သြားတာလား"

" အာ.."

ရွက္ၿပီးနား႐ြက္ဖ်ားေတြရဲတက္သြားတဲ့ ေကာင္ေလးကို ၾကည့္ၿပီး က်န႔္က်န႔္က ေခါင္းေလးအသာခါရမ္းၿပီး လဲက်ေနတဲ့သမင္ကို သြားေကာက္လိုက္တယ္။
အခ်ိန္လင့္ေနၿပီျဖစ္လို႔ ညီေနာင္ေတြလည္း က်န႔္က်န႔္ကိုေမွ်ာ္ေနၾကေတာ့မွာပဲ။

" ျပန္ေတာ့မယ္ ေနာက္တစ္ခ်ိန္မွာ ေတြ႕ရင္ေတြၾကဦးမွာပါ"

" ...."

ရိေပၚလည္း ေၾကာင္.အ ေနလ်က္မွ ျမင္းေပၚခုန္တက္သြားၿပီျဖစ္တဲ့ အေခ်ာေလးကို ဤသို႔ လွမ္းေမးလိုက္မိတယ္။

"အလွေလးရဲ႕နာမည္ကိုသိခြင့္ရနိုင္မလား "

" နာမည္ကက်န႔္ မ်ိဳးရိုးကေရွာင္း "

ၿပဳံးရယ္လိုက္တဲ့အခါျမတ္နိုးစရာေကာင္းတဲ့ သြားတန္းေလးဟာ ျဖဴေဖြးေနေလတယ္ ။ ေရွ႕သြားေလးႏွစ္ေခ်ာင္းဟာ မဆိုစေလာက္ႀကီးေနတာမို႔ ယုန္ကေလးနဲ႕ေတာင္တူေနေသးတယ္။

အေခ်ာေလးက ရိေပၚရဲ႕နာမည္ကို ေမးျမန္းမသြားခဲ့ဘူး။ အေခ်ာေလးရဲ႕ေက်ာျပင္ဟာ တျဖည္းျဖည္းနဲ႕ ရိေပၚရဲ႕မ်က္ဝန္းေရွ႕ကေနကြယ္ေပ်ာက္သြားခဲ့ၿပီ။

ရိေပၚအနည္းငယ္ၾကာတဲ့အထိ ထိုေနရာမွာလက္ပိုက္ကာရပ္ေနခဲ့ၿပီး ႐ႊယ္ယိမန္ေတာင္ေပၚကိုျပန္သြားခဲ့တယ္။

ရိေပၚထင္တဲ့အတိုင္းပဲ။
ဆရာသခင္ဟာ ရိေပၚကို စိတ္ဆိုးေနၿပီျဖစ္တယ္။
ဆရာသခင္ဟာ ရိေပၚကို ေတာင္ေအာက္ဆင္းတာမႀကိဳက္ဘူးဆိုေပမယ့္ လုံးဝတားျမစ္ထားတာမ်ိဳးေတာ့မဟုတ္ေပ။

"ရိေပၚ .. မင္း ဟိုကေလးကို သြားၾကည့္တာလား"

"ဟုတ္ကဲ့ "

ဆရာသခင္ဟာ သက္ျပင္းရွည္ခ်ၿပီး မ်က္ႏွာလႊဲလို႔ စကားဆက္တယ္။

" ရိေပၚ ေပါင္းဖက္လို႔မရတဲ့ဘဝႏွစ္ခုကို ခက္ခဲေအာင္မလုပ္ခ်င္စမ္းနဲ႕"

"တပည့္သိပါတယ္ ၊ ဒါေပမယ့္ ေငးၾကည့္ခြင့္ေလးေတာ့ ရတယ္ဆို ဆရာသခင္ပဲ ေျပာခဲ့တာေလ"

" မင္းက ေငးၾကည့္႐ုံအဆင့္နဲ႕ေရရွည္ဆက္သြားနိုင္မွာလား ၊ လူသားတစ္ေယာက္အေနနဲ႕ တစ္ေန႕မဟုတ္တစ္ေန႕ ေလာဘဆိုတာတက္လာမွာပဲ "

ရိေပၚၿငိမ္သက္ေနၿပီး ဆရာသခင္ကို ဘာမွဆက္မေျပာမိေတာ့ပါဘူး။ဟုတ္ပါတယ္ ရိေပၚကလူသားပဲ၊ေလာဘဆိုတာရွိတာေပါ့ ဒီေန႕ဆိုရင္ အေခ်ာေလးကို ေငးၾကည့္႐ုံနဲ႕ မတင္းတိမ္ဘဲ စကားေတြေျပာ ၊တေကာက္ေကာက္ေလွ်ာက္လိုက္ခဲ့မိသည္အထိပါပဲ။

အေခ်ာေလးကိုရိေပၚက ျမင္ျမင္ခ်င္းကတည္းက ခ်စ္ခဲ့မိတာမို႔ အရိပ္တၾကည့္ၾကည့္ ေငးေနခဲ့ရတာလည္း ႏွစ္ထမ္းေတြၾကာရွည္ေနခဲ့ေပါ့။

"ဆင္ျခင္စမ္းပါ ရိေပၚ ''

"ဟုတ္ကဲ့ ၊ တပည့္အမွားကိုသိပါၿပီ"

က်န္းဟိုင္လ်န႔္က ေခါင္းေလးအသာရမ္းၿပီး သက္ျပင္းတစ္ခါခ်မိျပန္တယ္။

ေခါင္းမာတဲ့ တပည့္က နားေထာင္မွာမဟုတ္မွန္း သိၿပီးသားဆိုေတာ့လည္း ဒီဆရာသခင္ ကိုယ္တိုင္ဝင္ပါဖို႔ စီစဥ္ရေတာ့မွာပါပဲ။

အရိုအေသေပးၿပီးထြက္သြားတဲ့တပည့္ရဲ႕ေက်ာျပင္ကို တစ္ဆုံးအထိလိုက္ၾကည့္ၿပီးေတြးမိလိုက္တာပင္။

ရိေပၚက ခန္းေဆာင္ရဲ႕အေနာက္ဘက္က ႏြမ္ေစြ
ေရပူစမ္းေခ်ာင္းေလးရဲ႕အတက္ေက်ာက္တုံးႀကီးေပၚမွာထိုင္ၿပီး ပုေလြမႈတ္ေနမိတယ္။ ပုစြန္ဆီေရာင္ေကာင္းကင္နဲ႕ ေက်ာက္တုံးအနီးမလွမ္းမကမ္းက ခ်ယ္ရီပင္မွဝဲလြင့္ေနတဲ့ပြင့္ဖပ္ေတြဟာ လိုက္ဖက္လြန္းလွတယ္။

ဘာေၾကာင့္မ်ားကိုယ္တို႔ဇာတာေတြက ခက္ခဲေနရတာလဲ ေရွာင္းက်န႔္ရယ္။

ရိေပၚက ေတာင္သခင္က်န္းဟိုင္လ်န႔္ရဲ႕မိတ္ေဆြျဖစ္တဲ့ ေဆးဆရာဝမ္ရဲ႕သားျဖစ္တယ္။ေဆးဆရာဝမ္ဆိုတာ တုံးအန္း႐ြာႀကီးရဲ႕နာမည္ႀကီးနတ္‌ေဆးသမားေတာ္တစ္ဦး။
ရိေပၚကိုေမြးတဲ့ညမွာ တုံးအန္း႐ြာကို ဆရာသခင္က်န္းဟိုင္လ်န့္က အလည္ေရာက္လာခဲ့တယ္။
အဲ့ဒီေန႕ရဲ႕ ေကာင္းကင္မွာ လမင္းႀကီးဟာ လျပည့္ေန႕ညမဟုတ္ေသာ္ျငား ဝင္းပဝိုင္းစက္ေနခဲ့တယ္။

ထိုလမင္းဟာ ရိေပၚကိုမေမြးခင္ႏွစ္ႏွစ္ေလာက္က တစ္ႀကိမ္ထြန္းလင္းခဲ့ဖူးေသးတယ္လို႔ေျပာၾကၿပီး အဲ့ဒီအခ်ိန္မွာ ကေလးတစ္ေယာက္ေမြးဖြားခဲ့တယ္လို႔ တခ်ိဳ႕ကေျပာၾကတယ္။

ဆရာသခင္က ရိေပၚရဲ႕ဇာတာအရ ထိုလမင္းဟာ ရိေပၚရဲ႕ဘဝလက္တြဲေဖာ္ဖူးစာရွင္လို႔ နိမိတ္ဖတ္ခဲ့ေလတယ္။ထိုဖူးစားရွင္က ရိေပၚထက္ႏွစ္ႏွစ္ႀကီးတဲ့ လမင္းသာခ်ိန္ေမြးဖြားေသာလူသားပါတဲ့။

သို႔ေသာ္​ျငား ရိေပၚအခုထိမွတ္မိေနတဲ့စကားတစ္ခြန္းရွိတယ္။
ရိေပၚရဲ႕ေမေမကေျပာျပတဲ့စကား။ ဆရာသခင္က နိမိတ္ဖတ္ၿပီး ေတာင္ေပၚျပန္သြားတဲ့အခါ ရိေပၚဟာ အသည္းအသန္ငိုေကြၽးေနခဲ့သတဲ့။ မၾကာခင္မွာပဲ ေကာင္းကင္တစ္ခြင္ဟာ အေမွာင္ထုကေန ေန႕ခင္းသဖြယ္လင္းခ်င္းသြားခဲ့ၿပီး ဝင္းဝါတဲ့ေနမင္းတစ္စင္းဟာ ျဖာလင္းေနခဲ့တယ္တဲ့။ ရိေပၚဟာ ထိုအလင္းေရာင္ေၾကာင့္ အငိုေတာင္တိတ္သြားခဲ့ေသးတာတဲ့ေလ။

ဆရာသခင္ကို ေဖေဖနဲ႕ ေမေမဟာဒီအေၾကာင္းေတြေျပာမျပခဲ့ဘဲ ရိေပၚကို ငယ္ငယ္႐ြယ္႐ြယ္နဲ႕ ဆရာသခင္ရဲ႕လက္ထဲထည့္ေပးလိုက္ေတာ့တာျဖစ္တယ္။

#######

Continue Reading

You'll Also Like

6.2K 436 5
ရှေးဟောင်းလက်စွပ်တစ်ကွင်းကြောင့် သမိုင်းဆရာ အမောင်ဝမ်ရိပေါ် တစ်ယောက် ရှေးခေတ်ကိုရောက်သွားချိန် အရင်အကောင့်က ဝင်လို့မရတော့လို့ပါ အရင်အပိုင်းတွေဖတ်ချင်...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.6M 139K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
2.8M 162K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...