အခန်း(၂၇) ဇာတ်သိမ်းပိုင်း
လောကမှာ အပျော်ရွှင်ဆုံးအခိုက်အတန့်ဟုဆိုလျှင် အဝါရောင်တွေနှင့်ပြည့်နေတဲ့ ပတ်၀န်းကျင်မှာနေထိုင်ရခြင်းဟုဆိုချင်သည်။
ဉပမာ။ ။
ခြံအပြည့်လွှမ်းေနတဲ့ ကျူလစ်ပန်းအဝါတွေကို
အမြဲမြင်တွေ့နေရခြင်း။
အဝါရောင် ဆက်နှစ်ရာသီပင်အရိပ်အောက် ခိုလှုံရခြင်း။
နှစ်ထပ်တိုက်ကြီးတစ်ခုလုံးကို ဝါထိမ်နေအောင် ဆေးသုတ်လိုက်ခြင်း။
ဒါ့အပြင် ကားကအစ အဝါရောင်ကိုရွေးထားခြင်းမျိုး။
အင်း..အများအမြင် ခပ်ကြောင်ကြောင်ပေါ့။
သို့ပေသိ ကျွန်ုပ်ဖြင့် မကြောင်နိုင်ပါ။
အမြဲမြင်ေနရလို့လည်း မရိုးသွား။
အထူးသဖြင့်
ကျွန်ုပ်ရဲ့မူပိုင် အဝါရောင်လေးကိုဖြင့် အတိုင်းမသိပေါ့။
ဟော..အခုဆို အတိုင်းမသိချစ်မြတ်နိုးရမယ့်
နောက်ထပ် အဝါရောင်ကလေး ရှိလာတော့ ပိုဆိုး။
ဒီက အနိုင်ဆိုတဲ့မိန်းမမှာ အမြဲတပြုံးပြံုးဖြင့်
ဘ၀င်လေဟပ်တဲ့အဆင့်ပေါ့။
-"မာမီ..မာမီ..
မေမေ"
ဟောကြည့်..တွေးရင်းနှင့်။
အနိုင်တစ်ယောက် အိမ်ရှေ့က ဆယ့်နှစ်ရာသီပင်
ေအာက်ရှိ ဒန်းကလေးတွင် ၀တ္ထုတစ်အုပ်ဖြင့်
ဇိမ်ထုတ်နေခြင်းပါ။
ဒီနေ့ အလုပ်အားသဖြင့် ချမ်းအေးသည့်မိုးကုတ်ရာသီ၌ ယခုကဲ့သို့မိန်းမဖျော်တိုက်တဲ့ ကော်ဖီလေးသောက်လိုက် ခပ်နွေးနွေးရင်ခွင်ကလေးထဲ
ကျောမှီလိုက်ဖြင့် အနွေးဓာတ်ခိုလှုံမိသည်။
ဒါကို ခပ်လှမ်းလှမ်းမှ မပီတပီ အော်ခေါ်ေနသည့်အသံလေးကြောင့် အနိုင် မှီနေရာမှ ထထိုင်ရလေပြီ။
အိမ်အ၀င်ပေါက်သို့ လှမ်းမျှော်ကြည့်မိတော့ မြင်ကွင်းသို့ အပြေးအလွှားရောက်လာသည့်
အဝါနုကလေး။
ဒါလေးက အနိုင့်ရဲ့ပန်းကေလး။
အနိုင့်ရဲ့ ဆည်းလည်းလေး။
အနိုင့်သမီးကလေး..။
ထိုပန်းကလေးဟာ အိမ်၀မှလှစ်ကနဲပြေးထွက်၍ အနီးသို့ရောက်လာလေပြီ။
ရောက်ရောက်ချင်းမှာပင် ဝါက။
-"လွန်းပုဏ္ဏမာ..
သမီးလေးကို မပြေးရဘူးလို့
မေမေပြောထားသားနဲ့ကွယ်"
-"မေမေကလဲ..မီးက နိုးနိုးချင်း
မေမေတို့ကိုမှမတွေ့တာ။
အဲ့တော့ မီးပြာသွားတာပေါ့။"
-"အင်းလေ..ဝါကလဲ..
ဘာမဟုတ်တာနဲ့
သမီးကိုမဆူစမ်းပါနဲ့။
လာလာမီး မာမီဆီကိုလာ..."
-"ဟုတ်!။"
-"ဟော..."
သူ့သမီးကိုထိရင် မခံသည့်အနိုင်ပီပီ ဝါ့ကိုမျက်ေစာင်ထိုး၍ အပြစ်တင်လေပြီမို့ ဘာမှမပြောသာတော့ပါ။
ပြုံးလျှက်သာ စိုက်ကြည့်နေလိုက်သည်။
သိတဲ့အတိုင်း အထွန့်မတက်မရဲအောင်
ချစ်ရတာကိုး။
ဒါကို ချစ်ရသူကလေး အနိုင်မှာ ကလေးကိုပွေ့ကာ ပေါင်ပေါ်သို့တင်၍။
-"မီးလေး..မာမီသမီးလေး။
မာမီ့အချစ်ကလေး..။
မီးလေးက နိုးနိုးချင်းမာမီတို့ကိုတွေ့ချင်တာလား
ဟုတ်လား"
-"ဟုတ်..မီးကလေ။
အိပ်ယာကထရင်မှမဟုတ်ဘူး။
အမြဲတမ်း မာမီတို့ကိုမြင်ချင်တာ..
ဒါပေမယ့်ပေါ့နော်..ဟိုလေ
မာမီတို့အလုပ်ရှိလို့ သွားရလို့
မမြင်ရဘူးဆိုလည်း
မီးက နားလည်ပေးပါတယ်။"
-"အဟား..ဟုတ်ပါပြီရှင်။
အမလေးနော်..ငါ့သမီးလေး
အတတ်ကလေး..
အူးမွ..ချစ်လိုက်တာဆိုတာလေ"
-"ခိခိခိ"
ဝါ ဘေးမှ သမီးဖြစ်သူကို စကားပြောလိုက်
အားဘွားပေးလိုက် လုပ်နေသည့် အမျိုးသမီးလေးကို ဒန်းကလေးေဘာင်သို့ လက်တစ်ဖက်တင်ရင်း တစိမ့်စိမ့်ငေးရသည်။
ချစ်သည်။
ဒီအမျိုးသမီးလေးနှင့် ဒီကေလးဟာ
ဝါ့အတွက် အသည်းမွှာကလေးများသဖွယ်။
သားသားကလေးလည်း ထိုနည်းတူပါလေ။
အင်း..ဘာလိုလိုဖြင့် အချိန်ကုန်လာသည်မှာ အိမ်ထောင်သက်ပင် ၁၂နှစ်ကျော်ခဲ့ပြီ။
သားသူရိန်တောင် ၅တန်းတက်နေခဲ့သလို
မီးလေးလည်း မူကြိုအတန်းအပ်ရေတာ့မည်။
သိုပေသိ ချစ်ရသူနှင့်တကွ ဖြတ်သန်းခဲ့ရ၍ထင်
မနေ့တနေ့ကကဲ့သို့သာ မှတ်ယူမိသည်။
လုံလောက်သည်။
ယခုနေအချိန်များ သေရလျှင်တောင် လုံလောက်သည်အထိ ဘ၀အနှစ်သာရများဟာ အနိုင်နှင့်မှ ကြုံတွေ့ခဲ့ခြင်းပင်။
-"မေမေ..မေမေ"
-"ဟင်.."
အတွေးများသည် အနိုင့်ဆီမှကျော်ချ၍ ရင်ခွင်ထဲ၀င်လာသည့် သမီးဖြစ်သူကြောင့် ရပ်တန့်ကုန်သည်။
အသည်းယားဖွယ် သမီးငယ်သည် ၀မ်းနှင့်လွယ်သည့် မိမိနှင့်မတူဟန်ပင်။
များစွာ အချွဲသန်သည်။
ယခုလည်းကြည့်ပါလေ။
ကြောင်ကလေးသဖွယ် လည်ပင်းသို့ကုတ်တွယ်၍။
-"မေမေ ဘာတွေတွေးနေတာလဲဟင်"
-"ဘာမှမဟုတ်ပါဘူးမီးလေးရဲ့။
ဒီအတိုင်း။
မီးလေးမာမီကိုချစ်မ၀လို့
ငေးနေမိတာပါ။"
-"ခိခိခိ "
-"ဟာ ဝါကလဲ..
ကလေးကို ဘာတွေပြောနေတာလဲ"
ဝါ မီးလေးကိုပြန်လည်ဖက်တွယ်ထားရင်း
ပြုံးလျှက် ဖြေသည့်စကားကြောင့် မီးလေးကသဘောတကျ ရယ်လေသည်။
သို့ရာတွင် သဘောမကျသည့် ချစ်ရသူကဖြင့်
ဒန်းေဘာင်ေပါ်မှလက်မောင်းသို့ ခပ်ဖွဖွထုလာခဲ့သည်။
မျက်နှာကလေးပင် ရဲနေသည်သည်အထိ
ရှက်ဟန်ဖြင့် မူပိုေနသည့် ဒီကလေးမဟာ
ချစ်စဖွယ်ပင်။
ဝါ ထိုလက်ဖြင့်ပင် ချစ်ရသူကို သိမ်းဖက်တွယ်လိုက်သည်။
-"အင့်!..
ဝါနော်..ဘယ်လိုဖြစ်
မီးလေးရှိနေတာကို"
-"ခိခိခိ"
-"အဟွန်း..
ဘာဖြစ်လို့လဲ အနိုင်ရဲ့။
မီးလေးရှိလည်းဘာဖြစ်လဲ။
ဟော့ဒီရင်ခွင်ကဖြင့်..
မီးလေးရော သားသူရိန်ရော..
ဟန်နီ့ကိုပါ ထည့်လို့ရတဲ့အထိ
အကျယ်ကြီးပါကွယ်"
-"ဟန်..ဟန်နီ?"
ဝါ့ရဲ့ အသစ်အဆန်းအခေါ်အဝေါ်ကလေးကြောင့်
ရင်ခွင်ထဲမှ ပြူးပြူးကေလးမော့ကြည့်လာသည်မှာ
အူယားစဖွယ်ပင်။
ချစ်စဖွယ်။
-"အဟင်း...ရွှတ်"
-"ခိခိခိ"
နဖူးကျဉ်းကျဉ်းကလေးသို့ ဖြတ်ကနဲ လှမ်းနမ်းမိသည့်အခါ မျက်၀န်းများပိုမိုကျယ်သွားလေသည်။ မျက်နှာမှာလည်း ရဲရာကနီသည့်အဆင့်။
ဒါကိုကြည့်၍ မီးလေးမှာ တခိခိဖြင့်။
အနိုင်သည် များစွာရှက်တတ်သည်။
အထူးသဖြင့် ကလေးတွေရှေ့ဆို အနေအထိုင်ဆင်ခြင်ကာ သိပ်ကိုမူပိုချင်သည်။
လူငယ်ေလးဖြစ်ပါလျှက် အမေပီသချင်လွန်းသည့်အခါ ဝါ ထိုသို့စနောက်ရတာ ပျော်သည်။
အင်း..ယခုလိုအထုခံရတာ လွဲရင်ပေါ့။
*********
"သားသူရိန်ကျောင်းမှာရန်ဖြစ်လို့"
ဟု ဖုန်းဆက်တိုင်သည်ကြောင့် ရှိတဲ့အလုပ်ကလေးပစ်ချပြီး ပြေးလာရသည်။
အနိုင့်ကိုပင် အသိမပေးရဲပါ။
နဂိုကတည်းက သားဖြစ်သူကို ချစ်သော်ငြား
ယောက်ျားလေးမို့ မပျက်ဆီးစေလိုသည်ကြောင့် ဦးစားေပးေလ့မရှိပါ။
ဒါကိုသာသိရင် မိုးမီးလောင်နိုင်သည်။
ဝါလည်း ဒီအသက်အရွယ်အထိ စကားတောင်
ကြမ်းကြမ်းမပြောဖူးတဲ့သားဖြစ်သူက ဘာ့ကြောင့်များ သူများသားသမီးကိုထိုးကြိတ်ရသလဲဟု
မေတွးတတ်ပါ။
ဒါ့ကြောင့် အနိုင်ကိုလိမ်ညာေပြာဆိုချန်ထားခဲ့ပြီး တကိုယ်တည်း ကင်းဆိုက်ထဲမှ မိုးကုတ်မြို့ကို တက်ပြေးလာရသည်။
ကိုယ်ပိုင်ကျောင်းသို့ ဝါရောက်သည်နှင့် ကျောင်းအုပ်ကြီး ရုံးခန်းဆီအေမာတေကာ
သွားရပြန်သည်။ ပြဿနာဖြစ်သည့်တစ်ဖက်လူမှာလည်း နယ်နယ်ရရမဟုတ်သည်ကြောင့် ပိုရင်ပူသည်လည်းပါသည်။
ဟော..ရောက်ပါပြီ။
-"အော်..အမရောက်လာပြီကိုး။
ထိုင်ပါဦး အမ"
မိမိကိုမြင်လျှင်မြင်ချင်း ပြာပြာသလဲကြိုဆိုသည့်
ေကျာင်းအုပ်ဦးေကျာ်နိုင်ပင်။
မိမိမှာသာ မတ်တပ်ရပ်နေသည့် သားဖြစ်သူနှင့် ဘေးမှ နစ်နာသူကျောင်းသားကို ကြည့်၍ မထိုင်နိုင်ဖြစ်ရသည်။ သို့ပေသိ မိမိနှင့်မလှမ်းမကမ်းကစက်တင်
ခံုမှာလည်းထိုကလေးရဲ့မိဘများထိုင်နေသည်မို့ သားဖြစ်သူထံကြည့်လျှက် ထိုင်ရသည်။
ဘယ်လိုဆိုဆို ကိုယ့်သားကကျူးလွန်သူမို့ ဝါ စိတ်ဖြင့်မအေးနိုင်ပါ။
-"ကဲ..ဒါဆို
ကျောင်းသားမိဘတွေလည်းဆုံပြီဆိုတော့
ကျနော် ပြောစရာရှိတာပြောတော့မယ်နော်"
-"ဟုတ်ကဲ့ ပြောပါ ဆရာကြီး"
ကျောင်းအုပ်ကြီးထံမှ စကားပုလ္လင်ခံသည့်အချိန် ရှက်ရွံ့စွာ မျက်နှာကိုငုံ့ချမိသည်။
" ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့"ဆိုသလိုပေါ့။
ဝါ ကိုယ့်သားအတွက် ဖြစ်သမျှရင်ဆီးခံနိုင်သော်ငြား မျက်နှာငယ်ရသည်။
-"ဟုတ်ကဲ့..
ပထမဆုံးပြောရရင်တော့ ဒီဘက်က
မောင်ခိုင်ခန့်ထည်ရဲ့မိဘများက ဒီကအမကို
တောင်းပန်ချင်လို့ပါတဲ့ဗျာ။
အဲ့တာ..အမဘယ်လိုသဘောရပါသလဲ"
-"ရှင်!..ဘယ်လို"
ဝါ ကိုယ့်နားကိုမယုံနိုင်ပါ။
ဘယ်လိုကြောင့် ကိုယ့်ကိုသူတို့က
တောင်းပန်ချင်ရသလဲ။
တကယ်ဆို ကိုယ်ကတောင်းပန်ရမှာကို။
ထို့ကြောင့် ရှေ့ကထိုင်နေသည့် လူများထံကြည့်မိတော့ မျက်နှာငယ်ငယ်ကလေးများဖြင့် လင်မယားအတွဲပင်။ မိမိထက် အသက်ငယ်မည်ထင်ရပြီး
ကြားရသလောက်ဆို မိုးကုတ်မြို့ သူဌေးနံပါတ်စဉ် ၆လောက်၀င်သည်တဲ့။ ဒီလို အဆင့်အတန်းမျိုးမှာ တကယ်ဆို ယခုလိုတောင်းပန်ေနရမည့်အစား
မှားမှားမှန်မှန် ငွေဂုဏ်မောက်လို့ရသည်။
-"ဟုတ်ပါတယ်ခဗျ။
ကျွန်တော့သားဘက်က အရင်ရန်စလို့
ဖြစ်ခဲ့ရတာမို့ အနူးအညွတ်တောင်းပန်ပါရေစ။
တစ်ဦးတည်းသောသားကလေးမို့
အလိုလိုက်မိခဲ့လို့
ယခုလို သူများမိသားစုရေးကိုပါ
ထိပါးေစတဲ့
အမှားမျိုးဖြစ်စေခဲ့တာပါ။
အဲ့အတွက်ကို ကျွန်တော်တို့ဆုံးမသလောက်
ဆုံးမပြီးပါပြီ။
နောက်လည်းမဖြစ်စေရပါဘူး
ကတိပေးပါတယ်ခဗျ။
အဲ့မို့ ကျွန်တော်တို့သားကို
ကျောင်းထုတ်တဲ့အထိ မလုပ်ဘဲ
အမဘက်က သဘောထားကြီးကြီးနဲ့
ခွင့်လွှတ်ပေးလို့ရမလား။
အမဖြစ်စေချင်တာမှန်သမျှ
အကုန် လိုက်လျောပေးပါ့မယ်ခဗျာ။"
-"ရှင်..မဟုတ်တာရှင်။
တကယ်ဆို ကျွန်မကတောင်းပန်ရမှာပါ။
ကျွန်မသားက ကိုယ်ထိကျူးလွန်ခဲ့တာမလား။
အဲ့မို့ ကျွန်မကဘဲတောင်းပန်..."
-"မေမေ!"
ဝါ ပြာပြာသလဲတောင်းပန်နေတဲ့လူကိုကြည့်၍
မနေတတ်စွာ ပြန်တောင်းပန်မလို့ပြင်စဉ် အသံကျယ်ကျယ်ဖြင့် လှမ်းခေါ်သည့် သားသူရိန်ပင်။
ဆတ်ကနဲ လှည့်ကြည့်မိစဉ် မြင်တွေ့ရသည့်
သားမျက်နှာကြောင့် ဝါ ကြောင်အသွားရပြီ။
သားကလေးရဲ့ ခပ်ဖွေးဖွေးမျက်နှာဟာ
နဂိုနှင့်မတူ ပေါက်ထွက်တော့မတတ်ရဲဖောက်နေသည်။လက်သီးများကိုပင် ဆုတ်ထားပြီး
တောင့်တောင့်ကြီးရပ်နေဟန်ကလည်း ၁၀နှစ်သားနှင့်ပင်မတူ။
-"မေမေ သားတို့ဘက်က မမှားတာမို့
မတောင်းပန်နဲ့။
သူတို့ပဲတောင်းပန်ပါစေ။"
-"အဟက်!
ငါတို့ဘက်ကမှားတယ်ပေါ့ ဟုတ်လား။
ဘာမှားလို့လဲ ငါမှန်တာပြောတာလေ။
မဟုတ်လို့လား။
မင်းက မိန်းမချင်းအပြားအပြားချင်းပွတ်ပြီး
ဘယ်ကနေ ဘယ်လိုရလာမှန်းမသိတဲ့ကောင်ပဲကို။
ငါဘာမှားလို့လဲဟ..
မင်းတို့မိုးပျံအောင် ချမ်းသာပါစေ။
ဒီအမှန်တရားက ဖုံးထားမရဘူး သူရိန်ထက်နိုင်။
ငါကတော့ ရွံတယ်။
ဒယ်ဒီနဲ့မာမီ
တောင်းပန်နေစရာမလိုဘူး။
ကျောင်းထွက်ရုံတင်မက
ထောင်ပါကျကျ ကျွန်တော်မှန်တာပြောတာမို့
ခံမယ်။"
-"ခွပ်!"
-"ခွေးသား။
ဒီလောက်ဆုံးမနေတဲ့ကြားကကို
ထပ်ပြီးခွေးစကားထွက်တဲ့ ခွေးသား"
-"ခွပ်!"
-"ဟာ..အကို..
စိတ်ထိမ်းပါခဗျာ။
ကလေးကို ပါးစပ်နဲ့ပဲဆုံးမပါ။
လက်မပါပါနဲ့"
သားသူရိန်ရဲ့ စကားအဆုံး ပြန်လည်ချေပသည့်တစ်ဖက်မှ ကလေးရဲ့စကားကြောင့် ကိုယ်ရှိသွေးတို့ဆူပွက်ကုန်သည်။
၁၀နှစ်သားနှင့်ပင်မတန်တဲ့
ယုတ်ညံ့သည့်စကားများပါလေ။
မည်မျှပင် အမှန်တရားဖြစ်ပါစေဦး..
သူများမိသားစုအတွင်းရေး..
သူများရဲ့အားနည်းချက်..
ကိုယ့်နှင့်မအပ်စပ် ...
တကယ်ဆို ပြောကိုမပြောသင့်ပါ။
ဒါဟာ လူ့စည်းလို့ခေါ်တယ်။
ကလေးဆိုပေသိ သားသူရိန်တောင်
ဒီလောက်တော့ သိတတ်နေပြီမဟုတ်လား။
ဘယ်လို သန္ဓေပါလိမ့်။
"မိမဆုံးမ ဖမဆုံးမ"လို့ပြောရအောင်လည်း
ကိုယ့်ရှေ့တင် အဖေလုပ်သူမှာ
နှစ်ချက်ဆင့်ထိုးပြီးေနလေပြီ။
မအေလုပ်သူကလည်း
သားဖြစ်သူကိုအတော်ချစ်ဟန်ဖြင့် ၀င်ပင်မဆွဲ။
ထိုင်ရာမထဘဲ ကြည့်သည်။
ကျောင်းအုပ်မှ ၀င်ဆွဲထိမ်းလို့တော်သေးသည်။
မဟုတ်ရင် ဒီကလေးတော့ မလွယ်။
သေပါသေသွားနိုင်သည်။
လူကြီးအားနဲ့လေ..။
ကျောင်းအုပ်၀င်ဆွဲမှ ကိုယ်ရှိန်သပ်သည့်ကလေးအဖေမှာ မီး၀င်း၀င်းတောက်သည့် မျက်၀န်းများဖြင့်
သူ့သားထံစိုက်ကြည့်၍-
-"မင်း အိမ်ကျမှတွေ့မယ်..ခွေးသား။
ဒီလောက်များရိုင်းစိုင်းလို့..
မင်းကို အဲ့လိုပြောရမယ်လို့
ဘယ်သူသင်ထားတာလဲ..
ဒူးထောက်စမ်းအခု!"
-"ဒယ်ဒီ!"
-"ငါလာမအော်နဲ့!
သေချင်လို့လား!
ထောက်စမ်း!
ဟိုက အန်တီအရှေ့
အခုဒူးထောက်လိုက်စမ်း!"
-"အဲ..မလိုပါဘူးေမာင်ေလးရယ်။
အဲ့..အဲ့လောက်ထိ"
-"အမ ခနနေပါ"
-"ထောက်လို့ ငါပြောနေတာမကြားဘူးလား!"
ဤသို့ဖြင့် ရုံးခန်းတွင်ပွဲကြမ်းသည့် ဖအေလုပ်သူကြောင့် ဝါ့အရှေ့ ကြောက်ကြောက်လန့်လန့်ဖြင့်
ဒူးထောက်လာသည့်ထိုကလေး။
ခေါင်းကိုပါ ငုံ့ထားသေးသည်။
ဒါကို အရှေ့မှမအေဖြစ်သူကလည်း အသည်းမာစွာ
စိုက်ကြည့်နေနိုင်သည်။
ဝါ့မှာသာ မနေတတ်မထိုင်တတ်စွာ သားဖြစ်သူကို
လှမ်းကြည့်မိတော့ ပြုံး၍ခေါင်းငြိမ့်ပြသည်။
သားဟန်က မိခင်တွေကို ကာကွယ်ပေးခဲ့ရလို့
ဂုဏ်ယူနေဟန်ပင်။
ဝါ မိမိတို့အပေါ် သိတတ်သည့် ကာကွယ်ပေးသည့်
သားကြောင့် မျက်ရည်ကလေးပါလည်ရသည်။
ထိုစဉ် ဟိန်းဟောက်သံတစ်ချက်ပေါ်ထွက်လာသည်။
-"ပြောစမ်း!
အန်တီ သားတောင်းပန်ပါတယ်ဗျလို့!"
-"ဟုတ်..
အန်တီ သားတောင်းပန်ပါတယ်ဗျ"
-"ရ..ရပါတယ်ကွယ်..
ဘာမှမဖြစ်ပါဘူး။
ကလေးပဲ မသိလို့ပြောမိတာကို
အန်တီခွင့်လွှတ်ပါတယ် ထထ သားလေး"
-"ဟုတ်"
ခေါင်းအမော့ နီရဲဖူးယောင်နေသည့် ထိုကလေးမျက်နှာကိုအမြင် သနားစိတ်ကလေးဖြင့် ရင်ပါနင့်ရသည်။
ကိုယ့်ကိုထိခိုက်စော်ကားထားသော်ငြား
ကလေးဟာ ကလေးပါလေ။
မိဘတွေဖြစ်ပါလျှက် ဒီလိုအထိ
မနှိပ်စက်သင့်
မရက်စက်သင့်ပါ။
ကိုယ်ဆို ဒီအရွယ်အထိ သားကို လက်ဖြင့်ပင်မရွယ်ခဲ့။
အနိုင်က တခါတရံလက်ပါလျှင်တောင် မကြိုက်။
၀င်မပြောရဲလို့သာ ငြိမ်နေခဲ့တာ။
အခုများတော့..သူတို့တွေက
မိဘတွေရော ဟုတ်ရဲ့လားကွယ်။
ဝါ မနေနိုင်စွာ ကလေးကိုထထူတော့မှ ယိုင်တိုင်တိုင်နဲ့ ထရပ်လာသည်။ ပြီး မိမိကိုကြည့်ကာ ခပ်ယဲ့ယဲ့ပြုံးပြလာသည်ကြောင့် ဝါ ပြန်လည်ပြုံးပြရင်း။
-"သား..
နောက်ဆို သူများအားနည်းချက်ကို
အဲ့လိုချမနင်းရဘူးနော်။
ဘယ်လောက်မှန်တယ်ဆိုဆို
ကိုယ့်ကြောင့် သူတစ်ဖက်သားခံစားသွားရရင်
ကိုယ်က မကောင်းတဲ့လူဖြစ်ရတယ်။
ကိုယ်ဒီစကားမပြောရလို့လည်း
ဘာမှဖြစ်တာမှ မဟုတ်ဘဲကွယ်။
ဆိုရိုးကလေးရှိတယ်သားရဲ့။
"သေနတ်ကြောင့်မသေ
နှုတ်ကြောင့်သေ"တဲ့လေ။
စကားအပြောဆိုမတတ်တာက
သေပါသေတတ်တယ်တဲ့။
မှတ်ထားနော်သား.."
-"ဟုတ်..
သား နောက်မဖြစ်စေရတော့ပါဘူး။"
ဝါ မနေနိုင်စွာဆုံးမသည့်တိုင် ပြုံးပြုံးလေးခေါင်းငြိမ့်ပြရင်း နားထောင်သည့်ကလေးဟာ ထင်သလောက်လည်း ဆိုးမနေခဲ့ပါ။ ထို့ကြောင့် ခေါင်းကလေးသို့
ဖွဖွပုတ်ပေးလိုက်ပြီး။
-"အင်း..လိမ်မာတယ်။
ကဲကဲ..အဲ့ဆို အန်တီပြန်ေတာ့မယ်နော်။"
-"ဟုတ်"
-"ကျောင်းအုပ်ကြီးရှင့်"
-"ခ..ခဗျာ!"
-"ဒီကေမာင်ေလးနှင့်ညီမေလးတို့ရောပဲ..
ကျွန်မဘက်က ကျေအေးပေးတာမို့
ပြဿနာကို ဒီလောက်ပဲအဆုံးသတ်တာပေါ့နော်။
ကလေးတွေဆိုတော့ ဒီလိုပဲမှားတတ်ပါတယ်။
ကျွန်မသားကိုလည်း နောက်ဆိုလက်မပါအောင်
ဆုံးမပေးသွားပါ့မယ်ရှင့်။
ဒါဆို..ကျွန်မ ပြန်လို့ရပြီမလားဟင်"
-"အာ..ဟုတ်..ရ..ရပါတယ်အမ"
-"ဟုတ်ကဲ့..
လာသား
မေမေတို့ပြန်ရအောင်"
-"ဟုတ်!"
ဝါ အကုန်လုံးကိုနှုတ်ဆက်လျှက် သားလက်ကိုဆွဲကာ အိမ်သို့ပြန်ခဲ့လိုက်သည်။
ခုနကအထိ ခေါင်းနဘန်းကြီးခဲ့သည့် ပြဿနာဟာလည်း ယခုတော့ပြီးသွားခဲ့ပြီ။
သို့သော် မပြီးနိုင်သူများကတော့ ရုံးခန်းထဲကျန်ရစ်ခဲ့သည်။ ထိုလူများမှာ မိမိအတွေးများနှင့်မိမိ နေရာတွင်ပင် မလှုပ်မရှက် ငြိမ်သက်လျှက်။
ကျောင်းအုပ်ကြီး--
ဒီမိန်းမကဘာလဲ။
ရုပ်တင်လှရုံမကဘူး
အပြော သဘောကပါပြည့်စုံနေတာ
လူမှဟုတ်ရဲ့လား။
အော်..သူ့ကိုပိုင်ဆိုင်သူများတော့
လောကမှာ ကံအကောင်းဆံုးဖြစ်မယ်။
မောင်ခိုင်ခန့်ထည်အဖေ---
ငါ ဘယ်နေရာမှားသွားသလဲ။
ငါဒီလောက်ထိုးကြိတ်ဆုံးမနေတာတောင်
ပေတေနေတဲ့ငါ့သားက
ဒီမိန်းမ တစ်ခါပြောရုံနဲ့ နားထောင်သတဲ့။
ငါဘယ်နားများ ချို့ယွင်းသွားသလဲ..။
မောင်ခိုင်ခန့်ထည်အမေ--
ထူးဆန်းလိုက်တာ..
သားက ဒီမိန်းမနဲ့ကျမှ ငါ့ထက်တောင်
ရိုေသပြနေတာ သိပ်ထူးဆန်းတာပဲ။
အမြဲမလုပ်နဲ့ဆို လုပ်တယ်။
မသွားနဲ့ဆို သွားတယ်။
ငါ့ကိုဆို အမြဲရွဲ့ခဲ့တဲ့ ငါ့သားမို့
နောက်ဆုံး ဉပေက္ခာပါပြုထားရတဲ့အထိ
ဆိုးတဲ့သားက အခုကျ။
ငါ..ငါဘယ်နားတွေမှားသွားသလဲ။
မောင်ခိုင်ခန့်ထည်--
အန်တီ..
အန်တီဘာလို့သားအမေ မဖြစ်ခဲ့တာလဲဟင်။
သားတကယ်ဆို သူရိန့်ကိုအမြဲမနာလိုခဲ့တယ်။
အတန်းထဲမှာ ဘယ်လောက်ကြိုးစားကြိုးစား
သူရိန့်ရဲ့အဆင့်တစ်နေရာကို မလုနိုင်လို့
အိမ်ကျရင်အရိုက်ခံရတယ်အန်တီ။
အဲ့မို့ သူ့ကိုမုန်းတယ်။
အန်တီတို့အတွဲ သူရိန့်ကိုလာကြိုတိုင်း
မြင်နေရတဲ့ အန်တီတို့ရဲ့နွေးထွေးတဲ့မေတ္တာရိပ်ကို
သားငေးကြည့် အားကျခဲ့ရဖူးတယ်။
ဘာလို့များ မိန်းမနှစ်ဦးထူထောင်ထားတဲ့
အိမ်ေထာင်ရေးကို သားအဖေနဲ့အမေက
မယှဉ်နိုင်သလဲလို့ အားမလိုအားမရဖြစ်ခဲ့ရတယ်။
ခုမှသိတယ် အန်တီ။
တကယ်က သားမလိမ်မာတာမဟုတ်ဘူး။
သားကို လိမ်မာအောင် ဆုံးမေပးမယ့်လူမရှိတာ။
သားအဖြစ်က ခြံမှားပြီးပွင့်လာတဲ့ပန်းကလေးလို
စနစ်မကျတဲ့ ဉယျာဉ်မှူးပျိုးထောင်တာ
ခံရလို့ အပြစ်အနာအဆာဖြစ်ခဲ့ရရုံပါ။
သူရိန်ကကျ စနစ်တကျပြုစုယုယတဲ့
ဉယျာဉ်မှူးလက်ထဲရောက်ခဲ့တော့
ပြီးပြည့်စုံတာထက်ကို သာလွန်ခဲ့ရတာပေါ့။
ဪ..လောကကြီးရယ်
အခွင့်အရေးလေးများရှိရင်
ဉယျာဉ်မှူးအစစ်လက်မှာ
ပွင့်ခွင့်ရမယ့် ပန်းကလေးဖြစ်ရပါလိုသည်။
ဒီထက် အခွင့်ထူးခွင့်ရှိရင်တော့
ထိုဉယျာဉ်မှူးနှင့် အမြဲနေထိုင်ခွင့်ရှိတဲ့ပန်းကလေး..
ဉယျာဉ်မှုးပန်မယ့် ပန်းကလေး..
ဉယျဉ်မှူးနမ်းမယ့် တပွင့်ပန်းကလေး
ဖြစ်ရပါလိုသည်ပေါ့။
(ပြီးပါပြီ)
11-2-2024
နှုတ်ဆက်ခဲ့ပါတယ်။
မူကွဲတဲ့ Ficတစ်ပုဒ်ဖြင့်
နောက်မှ ပြန်လာခဲ့မယ်နော်။
Bye bye 🫰🫰
**************