ဘာဒါ့ကို သူ့အဖေက ဂျူဟျော့နဲ့ ပေးစားချင်ပုံရတယ်။
အိမ်အထိခေါ်လိုက်တာက
ချယ်ယောင်းကို အသိပေးချင်လို့လုပ်တာ။
မိတ်ဆက်ပေးပြီးတာနဲ့ အပေါ်တက်ခဲ့လိုက်တယ်။
ဘာဒါ့ကိုယုံတယ်။
အမျိုးမျိုးသော အကြောင်းတရားတွေနဲ့
ဝေးခဲ့ကြရပြီးတဲ့နောက်မှာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ထားပြီး
အတူတူဖြတ်ကျော်မှ တစ်သက်လုံးမဝေးမှာမို့လို့ အခုတစ်ခေါက်တော့ ဘာဖြစ်နေနေအဆင်ပြေသွားမှာပါလို့ပဲတွေးမိတယ်။
ချစ်တယ်။
ပြီးတော့..
မခွဲနိုင်ဘူး..မောင်နဲ့..
ခဏကြာတော့
ဘာဒါ အခန်းထဲပြန်ဝင်လာတယ်။
''မမ''
''အင်း မောင်
ပြန်ပြီလား''
''ပြန်သွားပြီ
မမ လာပါဦး''
ချယ်ယောင်း လက်ကမ်းပေးနေတဲ့
ဘာဒါအနားကို လျှောက်သွားပြီး ရင်ခွင်ထဲဝင်လိုက်တယ်။
ဒီရင်ခွင်ကျယ်က အမြဲတမ်းလုံခြုံနွေးထွေးမှုကိုပေးတယ်။
ဒီရင်ခွင်ကျယ်နဲ့ ထပ်မဝေးရဲတော့ဘူး..။
''ဂျူဟျော့လာတာကလေ..''
''အင်း''
''ဟို..အဖေလွှတ်လိုက်တာဖြစ်မယ်''
''အင်း''
''အင်းးး ပြီးတော့..''
''အင်း မောင်နဲ့ပြန်နီးစပ်စေချင်တာမလား''
''မမ
စိတ်မပူနဲ့နော်
အဖေတို့ဘာလုပ်လုပ်
ဂျူဟျော့လည်း လက်ခံမှာမဟုတ်ဘူး
ကိုယ်လည်း မင်းနဲ့မခွဲဘူး
သိတယ်မလား''
''သိပါတယ် မောင်ရဲ့
မမသိပြီးသားပါ''
မောင့်ကိုယုံပေမယ့်
အီဂျူဟျော့ကိုတော့ မယုံတာအမှန်။
ပြီးတော့ မောင့်အဖေပေါ့။
''မမ
ရှေ့သုံးလေးရက်ဆို သွားနှင့်ပါတော့လား
ကိုယ် ဒီမှာပြီးတာနဲ့ လိုက်ခဲ့မယ်လေ
ဟိုက ကိစ္စတွေလည်း စိတ်မချဘူးဆို''
''အတူတူပဲ သွားချင်တာမောင်''
ဘာဒါက ချယ်ယောင်းကို ငုံ့ကြည့်ပြီး
နဖူးကို နမ်းတယ်။
''ကိုယ်လည်းအတူတူပဲလေ
ဒါပေမယ့် မမသွားနှင့်တာပိုကောင်းမလားလို့
ဒီမှာက ကိုယ့်အဖေက မမကိုကောင်းကောင်းမဆက်ဆံရင် ကိုယ်သည်းမခံနိုင်လို့''
''ရပါတယ် မောင်ရဲ့
ဒီလောက်ကတော့''
''မမရလည်း ကိုယ်မရလို့လေ''
''မောင့်အမေကိုလည်း ပြုစုပေးမလို့ကို''
''အဲဒါကြောင့်လေ
သတို့သမီးလောင်းလေးက လူနာပြုစုပြီး ပင်ပန်းနေလို့ဖြစ်မလား
ပြီးရင် ကိုယ်တို့ Honeymoonလည်း ထွက်ရဦးမှာကို''
''အင်းး''
''အင်းမလုပ်နဲ့
နမ်းဦး''
ချယ်ယောင်း ခြေဖျားထောက်ပြီး သူ့မေးဖျားကိုမော့နမ်းလိုက်တယ်။
ပြောမရတဲ့အဆုံး ပြန်လိုက်ရတော့မှာလား။
Weddingကို နောက်ဆုတ်ဖို့ပြောရင်လည်း လက်ခံမယ်မထင်။
ဘယ်လိုလုပ်ရပါ့။
ဘာဒါ့အဖေရဲ့ပြောရဲဆိုရဲလုပ်ရဲတာကိုသိနေတော့
တစ်ယောက်ထဲ မထားခဲ့ချင်တာအမှန်။
ချယ်ယောင်းကို ပြောထားတာတွေ ဘာဒါသိရင် မလွယ်သေးဘူး။
ဘယ်လိုလုပ်ရပါ့ ပတ်ချယ်ယောင်းရေ..
........
ဘာဒါ မမကို California ကို ပြန်လွှတ်ဖို့ အတင်းစည်းရုံးရတယ်။
အဖေ့ကိုအတိုက်အခံလုပ်တော့လည်း
အဖေ့ချွေးမက သူ့ယောက္ခမတွေကို အော်လားဟစ်လာပြောလို့ သိပ်မကြိုက်ချင်။
ပြန်မပြောရင်လည်း သူ့ယောက္ခထီးက
နှစ်ယောက်လုံးကို တခြားလူတွေနဲ့ အိမ်ထောင်ရက်သားချပေးတော့မယ့်ပုံ။
အမေခွဲမယ့်ရက်မတိုင်ခင် အဖေဘာတွေလှုပ်ရှားနေလဲ ဘာဒါသိဖို့လိုတယ်။
အဖေ့သဘောကိုတော့
မမလည်းရိပ်မိမှာပဲ။
ညကျတော့
အဖေ့စာကြည့်ခန်းကို ဝင်ရပြန်တယ်။
''နေ့လည်က..''
''အင်း''
ကြည့်တော့ပြန်ကြည့်ပေမယ့်
အပြစ်မလုပ်ထားတဲ့လူတစ်ယောက်လို
ခပ်တည်တည်။
''အီဂျူဟျော့လာသွားတယ်''
''အင်း''
''အဖေလွှတ်လိုက်တာမလား''
''ပြောပြီးသားကိစ္စမလား''
''မမရှိတယ်လေ
သူလာတော့ မကောင်းဘူးပေါ့''
''မင်းနဲ့ဂျူဟျော့ကိစ္စကို အဲ့ကလေးမက မသိလို့လား
သူဝင်ခုတ်လို့ မင်းတို့ပြတ်သွားတာလေ
အစက ကောင်းပေကောင်းရဲ့နဲ့
အခုတော့..''
''အရင်က ကိစ္စတွေလေ
ဘယ်လောက်ကြာပြီလဲ အဖေ
ပြီးတော့
မမကြားဝင်လို့ပြတ်တာလည်းမဟုတ်ဘူး
ဘာဒါက မမကိုအတင်းလိုက်ထားတာပါလို့ ဘယ်နှခါပြောရမလဲ''
''ဒါပေမယ့်
သူ့ကိုကြိုက်လို့
မင်းဂျူဟျော့ကိုဖြတ်တာမလား
အဲ့ကတည်းက စမှားတာပဲ''
''မှားတယ်ဆိုတာ ဘာကိုပြောတာလဲ
အခုက ဘာမှားနေလို့လဲ
အဖေတို့မျက်စိနောက်မှာစိုးလို့
ဟိုမှာ အခြေချမယ်လို့လည်း တိုင်ပင်ထားပြီ
မဟုတ်သေးဘူးလား
အီဂျူဟျော့နဲ့ပေးစားမယ့်အတွေးတွေကို ဆက်မတွေးတော့နဲ့ အဖေ''
''ဘာတွေပဲပြောပြော
အချိန်တန်ရင်
အီဂျူဟျော့နဲ့ပဲယူရမယ်
ဟိုတစ်ယောက်ကိုလည်းပြောပြီးသား
သူ့ဘာသာ မျက်နှာပြောင်လို့တက်နေတာ''
''ပြောပြီးသား??
မမကိုလား
မမကို အဲ့လိုတွေပြောထားတာလား''
''ပြောထားတယ် ဘာဖြစ်လဲ
ပြောထားတဲ့ကြားက ဘာမှမဖြစ်သလိုနေနေတာ
ဘယ်ကစရိုက်တွေလဲ''
''ကျစ်..အဖေ..''
''အပြုအမူတွေပြင်ဖို့ မပြောထားဘူးလား အီဘာဒါ''
''ဘာပဲပြောပြော
အဖေ့လူကို မယူနိုင်ဘူး''
မမကိုပြောထားတာတဲ့လား။
မပြောလည်းသိမယ့်ကိစ္စဆိုပေမယ့်
ပြောလိုက်တယ်ဆိုတဲ့နောက်ကွယ်မှာ
အဖေ့ရဲ့တင်စီးတဲ့စကားလုံးတွေ
အထင်အမြင်သေးတဲ့အကြည့်တွေ
တန်ဖိုးမထားမှုတွေ
မထီမဲ့မြင်ပြုမှုတွေ
အများကြီးမှ
အများကြီး..
အခန်းထဲကထွက်ပြီး ဝုန်းခနဲတံခါးပိတ်ကာ
အပေါ်ကို တက်ခဲ့တယ်။
''မမ''
အခန်းတံခါးဖွင့်တော့
အခန်းထဲက ဆိုဖာမှာထိုင်ပြီး
အေးအေးချမ်းချမ်းစာအုပ်ဖတ်နေတဲ့
ပတ်ချယ်ယောင်းကို အခန်းဝကနေ ငေးနေမိတယ်။
သူ့ကြောင့်ပဲ အမြဲတမ်း အနာတရဖြစ်နေရတဲ့ သက်ရှိလေး။
ဆံနွယ်ရှည်ရှည်ပျော့ပျော့တွေကို ဖြစ်သလိုစုစည်းထားပေမယ့်
ခပ်သွယ်သွယ်ခန္ဓာကိုယ်လေးနဲ့ မမက
ဘယ်နေရာက ပိုလှနေမှန်းမသိ။
နေ့တိုင်းနေ့တိုင်း ပိုပိုပြီး ချစ်လာမိတဲ့အခိုက်အတန့်တွေကိုပဲ သတိပြုမိတာကြောင့်
ပတ်ချယ်ယောင်းကို
ဘယ်နည်းနဲ့မှ အထိအခိုက်မခံနိုင်။
ဒီမှာကြာနေရင် အဖေဘာထပ်လုပ်မလဲ မသိနိုင်တာကြောင့်
မမကို မြန်မြန်ပို့ရမှာပဲ..။
''မောင်.. လာလေ
ဘာကြည့်နေတာလဲ''
အထဲကိုလျှောက်ဝင်လိုက်ပြီး အနားမှာဝင်ထိုင်လိုက်ပြီး
''မနက်ဖြန်လောက် လေယာဥ်လက်မှတ်ဖြတ်လိုက်မယ်''
မမက မော့ကြည့်တယ်။
အောက်က ပြန်တက်လာတာနဲ့ ပြောတာမို့လို့
အဖေနဲ့ ကတောက်ကဆဖြစ်လာတာတော့ ရိပ်မိမှာပဲ။
''မောင်..''
မမလက်လေးကို ဆွဲယူကာ လက်ဖမိုးကို ငုံ့နမ်းလိုက်ပြီးမှ
''ကိုယ့်စကားနားထောင်မယ်မလား''
''..''
''ဟင် မမ..''
''မနက်ဖြန်ဆိုတာကြီးကတော့..''
''နောက်သုံးလေးရက်ဆိုရင်ပဲ Operationကလုပ်တော့မှာလေ
ဘာမှစိတ်မပူနဲ့..
ပြီးတာနဲ့ လိုက်ခဲ့မှာ''
''အင်းး''
''မနက်ဖြန်လိုက်ပို့မယ်''
''အင်းပါ''
မမက ဘာဒါနဲ့အတူတူသွားချင်တာ။
မမကိုလည်းနားလည်တယ်။
ထပ်ခွဲရမှာကြောက်နေတာ မမရော ဘာဒါရော။
ဒါပေမယ့် မမကိုဟိုကိုပို့ထားရင် ဒီမှာဖြေရှင်းရပိုလွယ်မလားလို့။
''ဘာစာအုပ်ဖတ်နေတာလဲ ပြောပြဦး''
''Untold Night And Day ဖတ်နေတာ''
''မောင့်ကိုလည်း ဖတ်ပြ''
''မောင်ဖတ်ပြီးပြီဆို''
''ဖတ်ပြီးလည်း မမအသံလေးကြားချင်လို့''
ပြောပြီး မမပေါင်ပေါ်လှဲချလိုက်တယ်။
ငုံ့ကြည့်လာတဲ့ မမမျက်နှာလေးက စိတ်ရှုပ်နေပုံပေါ်ပေမယ့် အတတ်နိုင်ဆုံး ပြုံးထားတယ်။
''မမ ကိုယ့်အဖေ ..''
''အင်း အဲ့ဒါကြောင့်လား..
အဲဒါက ဖွင့်မပြောလည်း သိရမှာပဲလေ
အဲဒါကြောင့် ပြန်မပြောဖြစ်တော့တာ''
''ဘာပဲဖြစ်ဖြစ် ပြန်ပြောပါလို့ပြောထားရဲ့နဲ့''
''ဟုတ်ပါတယ် မမမှားတာ
မောင်လည်း ဘာပဲဖြစ်ဖြစ်ပြန်ပြောရမယ်နော်''
..........
အဲ့ဒီလိုနဲ့
နောက်ရက် Flightနဲ့ မမကို အတင်းပြန်လွှတ်ရတယ်။
လေဆိပ်မှာ ငိုမဲ့မဲ့ဖြစ်နေတဲ့ ပတ်ချယ်ယောင်းလေးကို
နောက်ရက်နည်းနည်းနေရင် လိုက်လာမှာ ဖြစ်တဲ့အကြောင်း တဖွဖွချော့ရတယ်။
''ကြာနေရင် ပြန်လာခဲ့မှာ''
''အင်းပါ ဟုတ်ပါပြီ မမသဘော''
ဆံပင်လေးသပ်ပေးရင်း ဖြေတော့
မမက မျက်စောင်းနုနုလေးထိုးတယ်။
မမကိုပို့ပြီး လေဆိပ်ကပြန်တော့
ဂျူဟျော့ဆီဖုန်းဆက်လိုက်တယ်။
''အင်း တွေ့ရအောင်
အားလား''
''အခုလား''
''ဟုတ်တယ်''
''ရတယ်''
အီဂျူဟျော့နဲ့ချိန်းတဲ့နေရာဆီသွားလိုက်တယ်။
''တစ်ယောက်ထဲလား''
မမ ကိုမေးတာလေ။
ဟိုရက်ကမှ ထပ်မတွေ့ပဲနေရအောင်လို့ ပြောထားပြီး
အခုတွေ့မယ်ဆိုတော့..
''အင်း မမပြန်ပြီ''
''သြော်..ဘာဒါရော''
''အမေ့ကိစ္စပြီးမှပဲ''
''အင်း..
တွေ့ချင်တာက..''
''တွဲနေတဲ့လူမရှိဘူးလား''
''ဘာာ..ဟားဟား အီဘာဒါ''
ဂျူဟျော့က ထရယ်တယ်။
ဘေးဝိုင်းတွေကပါလှည့်ကြည့်နေပေမယ့်
ခြေထောက်ချိတ်ထိုင် လက်ပိုက်ပြီး ကြည့်နေပေးလိုက်တယ်။
''အင်း အတည်မေးတာ''
''ဘာလို့လဲ''
''ဘာလို့ဖြစ်ရမလဲ
ငါတို့အဖေအမေတွေ ဘာကြံနေလဲ နင်လည်းသိတာပဲ''
''သိတော့??''
''Wtf!!
သိတော့? ဟုတ်လား''
''အင်း မရှိပါဘူး
ဒါပေမယ့် ငြင်းပေးမှာပါ''
''ငြင်းပေးစရာတော့မလိုပါဘူး
ငါပဲ ရှင်းမယ်
ရှိလည်း ငါပဲငြင်းမယ်''
''အင်းး''
''ဘာကြားထားသေးလဲ သိချင်တာ''
''ဘာကိုလဲ''
''တစ်ခုခုပေါ့''
''အင်း
မနက်ဖြန် နှစ်ဖက်မိဘတွေ့ဦးမယ်တဲ့''
''ထင်သားပဲ အမေ့ကို
မခွဲခင် တခုခုလုပ်မယ်ဆိုတာ''
''ညနေပြောလိမ့်မယ်''
''အမေလည်းနေမကောင်းပဲနဲ့ကွာ''
''မင်းအဖေစိတ်ကိုသိတယ်မလား''
''အမေကြောင့်မဟုတ်ရင် ငါမမနဲ့လိုက်သွားလောက်ပြီ''
''အင်းပါ အဆင်ပြေမှာပါ ဘာဒါ''
''ကျေးဇူးပဲ မနက်ဖြန်ကိစ္စပြောပြပေးလို့''
တကယ်လည်း ကျေးဇူးတင်တယ်။
မမကိုသဘောကျလို့ ဂျူဟျော့ကို လမ်းခွဲလိုက်တာလေ။
အေးအေးဆေးဆေးကျန်နေခဲ့ပေးလို့ ကျေးဇူးတင်ရသလို
အခုကိစ္စမှာလည်း သူ လူကြီးတွေနဲ့ ပူးပေါင်းလိုက်ရင်
ဘာဒါဖြေရှင်းရတာတွေ ပိုများလာမှာ။
မနက်ဖြန်အတွက် ပြဿနာတွေဖြစ်တော့မှာမို့ ဂျူဟျော့ကို အားနာပေမယ့်
ဘာဒါလည်း မတတ်နိုင်။
မမကို တစ်ယောက်ထဲပြန်လွှတ်လိုက်ရတာနဲ့တင် တော်တော်ရင်နာစရာကောင်းနေပြီ။
ညနေ အဖေပြောမှာသိပေမယ့်
အဖေ့ရုံးကို လိုက်သွားလိုက်တယ်။
ရုံးခန်းထဲဝင်မယ်လုပ်တော့
''အထဲမှာ ဧည့်သည်ရောက်နေပါတယ် မမ''
အဖေ့အတွင်းရေးမှူးပြောတာကို ဂရုမစိုက်ပဲ ဝင်သွားလိုက်တယ်။
ရိုင်းစိုင်းတယ်ဆိုတာ သိပေမယ့်
တမင်လုပ်တာမို့လို့
မျက်နှာကြောကို မလျှော့ဖြစ်။
အထဲမှာ အဖေတို့ဆီ ရင်းနှီးမြှုပ်နှံထားတဲ့Companyရဲ့ ဥပဒေအကြံပေးကို တွေ့ရတယ်။
ဘာဒါဝင်သွားတော့
အဖေက မော့ကြည့်တယ်။
ရိုင်းလိုက်တာဆိုတဲ့ အတွေးကို
နှုတ်ကမပြောပဲ
အကြည့်နဲ့ဝေဝေဆာဆာဖော်ပြတယ်။
ဧည့်သည်ရှေ့က ခုံမှာဝင်ထိုင်လိုက်တော့
''ဒါဆို နောက်မှပဲဆက်ပြောကြတာပေါ့''
''ဟုတ်ကဲ့ ကျနော်ဆက်သွယ်လိုက်ပါမယ် ဥက္ကဋ္ဌကြီး
ခွင့်ပြုပါဦး''
အဖေစကားစဖြတ်လိုက်တော့
ဧည့်သည်က ပြန်သွားတယ်။
ဟိုလူ တံခါးပိတ်တာတောင်မစောင့်နိုင်ပဲ ဘာဒါ စကားစလိုက်တယ်။
''ဘာဒါ့မိန်းမကို အရင်ပြန်ပို့လိုက်တယ် အဖေ''
''အဟင်း သိတယ်လေ
ဒီလိုပဲ ဖြစ်ရမှာပေါ့''
''မဟုတ်ဘူး ပြောချင်တာက
မမသွားနှင့်ပြီမို့လို့
အမေ့ကိစ္စပြီးတာနဲ့ ဘာဒါလိုက်သွားမှာ''
''ဘယ်ကိုလဲ''
''မမရှိတဲ့နေရာကိုပေါ့
အလုပ်လည်းအဲဒီမှာပဲရှိတာ''
''အင်းး အဲဒါထက်
မနက်ဖြန် အီဂျူဟျော့တို့ဘက်နဲ့ မိသားစုတွေ့ဆုံပွဲရှိတယ်''
''အဲဒါမေးချင်တာ
အမေလည်းနေမကောင်းတာကို
ဘာလို့ မိသားစုတွေ့ဆုံပွဲလဲ
ပြီးတော့ ဘာဒါ့သဘောထားကိုလည်း အဖေ့ကိုပြောပြီးသားလေ''
''မင်းအမေနေမကောင်းတာ သူတို့လည်းသိတာပဲ
နားလည်ပေးကြပါတယ်
မင်္ဂလာပွဲကျ နေကောင်းနေလောက်ပါပြီ''
ငယ်ငယ်က အဖေ့ရဲ့သွေးအေးခေါင်းမာမှုကို စတိုင်ကျတယ်လို့ထင်ခဲ့မိတာကို
အခုချိန်နောင်တအရဆုံး။
မဖြစ်နိုင်တာတွေကို ဖြစ်အောင်လုပ်ဖို့မွေးဖွားလာသူတစ်ယောက်လို
ယုံကြည်ချက်တွေခိုင်မာပြီး
တည်ငြိမ်လွန်းတယ်။
အခြေအတင်ပြောကြဖို့လာခဲ့တာဆိုပေမယ့်
အဖေ့ရဲ့ အတွေးတွေကို တိတိကျကျ ကြားရတိုင်း ဆွံ့အမိနေတုန်း..
''မင်းမိန်းကလေးကို စိတ်ပူမနေပါနဲ့
အဲလိုဟာတွေက အချိန်တန်ရင် ယောင်္ကျားယူမှာ
ပူမနေနဲ့ အဆင်ပြေမယ့်လူရှာပေးဆိုရင်တောင် အဖေရှာပေးနိုင်တယ်
အခြေအနေမဲ့ဆိုတော့ ကိုယ့်ဘက်ကတော့ နည်းနည်းမျက်နှာပျက်ရမှာပေါ့လေ''
''အဖေ!!''
''သဘောပြောပြတာပါ
မင်းစိတ်မချဘူးဖြစ်နေတယ်ထင်လို့''
''အဲ့တော့ အဖေတို့တွေ့မှာက မနက်ဖြန်ဘယ်အချိန်လဲ''
''Dinnerပါပဲ
ညနေ ၆နာရီလောက်ပေါ့''
''သွားတော့မယ်''
''အတွေးမမှားနဲ့ ဘာဒါ
အဖေတို့က ကောင်းစေချင်လို့လုပ်တာမှန်း နောက်ကျနားလည်သွားလိမ့်မယ်''
အဖေပြောနေတုန်းပဲ ထွက်လာခဲ့မိပြန်တယ်။
မနက်ဖြန်။
မနက်ဖြန်မှ ရှင်းရမယ်။
အိမ်ပြန်ပြီး အမေ့အနားမှာပဲ နေနေလိုက်တော့တယ်။
အမေက ဘာမှမသိဘူး။
အဖေသဘောမတူတာတော့ သိပေမယ့်
အဖေအကွက်ရွှေ့နေတာကိုတော့ မသိရဘူးပေါ့။
ဘာဒါလည်းမပြောပြချင်ဘူး။
ရောဂါပိုဆိုးလာမှာစိုးတယ်လေ။
''ဘာဒါ''
''ဟုတ် အမေ ပြော''
''ချယ်ယောင်းက မပြန်ချင်ဘူးထင်တယ်
အမေ့Operationပြီးမှ ပြန်ချင်တာကို
ဘာဒါက အတင်းပြန်လွှတ်နေတာတဲ့''
ညက မမက အမေ့အခန်းထဲ ဝင်နှုတ်ဆက်တာသိလိုက်ပေမယ့်
တိုင်တောသွားမယ်လို့တောင်ထင်မထားတာမို့ ရယ်လိုက်မိတယ်။
''အဲလိုပြောသွားတာလား''
''အင်း ဟုတ်တယ်
အမေ့ကိစ္စပြီးတာနဲ့ လိုက်သွားနော်
ဟိုမှာလည်း ရက်နီးနေပြီကို''
''ဟုတ် အဲလိုလုပ်မှာပါ
အမေပဲ နေကောင်းအောင်နေပေးပါနော်''
''အင်းပါ ဘာဒါရယ်''
''အမေနေကောင်းရင် ကလေးလာထိန်းပေးရအောင်လို့''
ဘာဒါပြောလိုက်တော့ အမေက ရယ်တယ်။
''ကောင်းပါပြီ
တော်တော်ဟုတ်တဲ့ သမီးလိမ္မာလေး''
တစ်ညလုံး အမေ့အနားပဲ ပျော်စရာတွေ ထိုင်ပြောပြီး အမေအိပ်မှ
အခန်းဆီ ပြန်လာလိုက်တယ်။
ပတ်ချယ်ယောင်းမရှိတဲ့အခန်းက တကယ်ကို ခြောက်ကပ်လို့..
ဒီအချိန်ဆို မမရောက်လောက်ပြီ။
ဖုန်းကိုကြည့်လိုက်တော့
ရောက်ပြီဆိုတဲ့စာလေး။
၁၁နာရီကျော်လောက်စီးရတာမို့ ပင်ပန်းနေတော့မှာပဲ။
ဖုန်းမဆက်ပဲ နားဖို့ပဲပြောလိုက်ပြီး
ဘာဒါလည်း အိပ်ယာထဲဝင်လှဲလိုက်တယ်။
မနက်အတွက် စဥ်းစားရင်းပေါ့..။
........
မိသားစုတွေ့ဆုံပွဲတဲ့။
ဂျူဟျော့မိဘတွေက ဘယ်လိုမျှော်လင့်ထားမလဲမသိပေမယ့်
အောက်က အသားရောင်ရှပ်အင်္ကျီပျော့ပျော့ကို ဝတ်ပြီး အပေါ်က Blazer Oversize
အနက်ရောင်နဲ့ အောက်က စတိုင်ပန့်အနက်ရောင်နဲ့ စီးနေကျ sneakerကိုပဲစီးကာ အဖေပြောတဲ့ Golden Seoul Hotelကို ထွက်ခဲ့လိုက်တယ်။
နာရီကြည့်လိုက်တော့ ၆နာရီ ခွဲတော့မယ်။
ကားမောင်းနေတုန်း
အဖေ့ဆီက ဖုန်းဝင်လာပေမယ့်
တမင်ကို မကိုင်ဖြစ်။
မလာမှာ ကြောက်နေမှန်းသိပေမယ့်
နည်းနည်းလေးတော့ စိတ်ဒုက္ခပေးဦးမယ်လေ။
Introပေါ့။
ရောက်သွားတော့
သီးသန့်ခန်းဆီကို ဝန်ထမ်းကောင်လေးက လိုက်ပြတယ်။
တံခါးဖွင့်ပြီး ဝင်လိုက်တော့
နောက်ကျရကောင်းလားလို့ မာန်မဲချင်တဲ့ အဖေ့မျက်နှာကို မျက်လုံးထောင့်က ရိပ်ခနဲ။
အဖေ့ဘေးက ခုံမှာဝင်ထိုင်လိုက်တော့
ဂျူဟျော့တို့နဲ့ မျက်နှာချင်းဆိုင်။
ဂျူဟျော့က တီရှပ်အဖြူပေါ်က Coatအညိုရောင်ထပ်ဝတ်ထားတော့ ကြည့်ရတာတော့ ပေါ့ပေါ့ပါးပါးပါပဲ။
ဒါပေမယ့် ဘာဒါဝတ်လာတာကလည်း နည်းနည်းလေးမှ ချွေးမလောင်းဆန်မနေတော့
ဂျူဟျော့အမေက နည်းနည်းတော့ မျက်နဗာမကောင်းဘူး။
''သမီးလေးကို မတွေ့တာ ကြာပြီ
ဂျူဟျော့နဲ့တော့ တွေ့ဖြစ်ကြတယ်မလား''
''ဟုတ် မနှစ်ကတော့ တွေ့ဖြစ်တယ် အန်တီ''
''ဒီကိုက အပြီးပြန်လာတာလား
ဂျူဟျော့ကိုလည်း အန်တီက ဒီမှာအဃြျေစေချင်တာ
သူကတော့ ကျောင်းမပြီးသေးတော့ မသိသေးပါဘူး''
''ကျနော်ကတော့ သမီးကို ဒီမှာပဲ လုပ်ဖို့ပြောထားတယ်
သူ့အမေလည်း ကျန်းမာရေးမကောင်းတော့
သူ့သမီးအနားမှာရှိတာ ပိုကောင်းမယ်လေ''
အဖေက သူဖြစ်ချင်တာတွေချည်း စွတ်ပြောနေတော့တာပဲ။
''ဒါပေမယ့်လည်း ဟိုမှာပဲ နေဖြစ်မှာပါ အန်တီ''
''ကိုယ့်နိုင်ငံလည်းတိုးတက်နေပြီပဲ
တကယ်တော့ ဦးက
လူငယ်တွေကို ပြည်ပမှာ ပညာသင်ပြီးရင် ကိုယ့်နိုင်ငံတွင်းပဲ လုပ်စေချင်တယ်
ခေတ်မီနည်းပညာတွေနဲ့ ကိုယ့်နိုင်ငံကို ပုံဖော်တာမျိုးပေါ့''
ဂျူဟျော့အဖေက ဝင်ပြောတယ်။
''ဒါပေမယ့် ဘာဒါက ဟိုမှာ အခြေကျနေပြီ အဖေရဲ့
ကျောင်းတက်နေကတည်းက လုပ်နေတာ
အခုဆို တော်တော်နာမည်ရနေပြီ''
ဂျူဟျော့က အားနာနာနဲ့ဝင်ပြောပေးတယ်။
''နာမည်ရလည်း အလကားပါ
ဒီကိုလာရင် ပိုတောင် အောင်မြင်မှာ
ဟိုမှာက ကိုယ့်လိုလူတွေအများကြီးမလား
ဒီမှာဆို ဘယ်လောက်ကောင်းလဲ''
အဖေ့ရဲ့အတ္တကြီးတဲ့ အတွေးအခေါ်က ဝေဝေဆာဆာ။
''ဘာဒါလည်း ဟိုမှာ အတန်အသင့်ကြိုးစားအတွေ့အကြုံယူပြီး
ဒီမှာလည်း လုပ်ကြည့်ချင်ပါတယ်''
အဖေက အားတက်သရောပြုံးတယ်။
''ကောင်းတယ် ဘာဒါတွေးတာမှန်တယ်
ဒါပေမယ့် အန်တီကတော့ ဘယ်မှာလုပ်လုပ်ပါ
သားနဲ့သမီးနဲ့နှစ်ယောက်အတူတူအောင်မြင်နေရင် ရပြီ''
''ဟုတ်ကဲ့ ဂျူဟျော့ကျောင်းပြီးရင်လည်း ဘာဒါ့အဆက်အသွယ်တွေနဲ့ ချိတ်ပေးပါ့မယ်
တကယ်ဆို ဂျူဟျော့က ဘာဒါတို့အားကျရတဲ့ စီနီယာပဲဟာကို''
''အေးပါကွယ်
ဒါနဲ့ ဘာဒါက ဘယ်မြို့မှာ''
''California ပါ အန်တီ
ဘာဒါ့အမျိုးသမီးနဲ့နေတာပါ''
တိတ်ဆိတ်သွားတဲ့ ထမင်းဝိုင်းမှာ
ဘေးကိုငဲ့ကြည့်လိုက်စရာမလိုပဲ
အဖေအံကို တင်းတင်းကြိတ်ထားမှာကိုသိလိုက်တယ်။
ဂျူဟျော့အမေကတော့ နားကြားများမှားသလားဆိုတဲ့ အကြည့်နဲ့ စားပွဲဝိုင်းတစ်ဖက်ခြမ်းကနေ လှမ်းကြည့်နေတယ်။
ဂျူဟျော့ကတော့ ကြိုသိပြီးသားဆိုပေမယ့်
တကယ်ကြုံတော့ မျက်နှာပူတယ်ထင်ပါတယ်။
ခေါင်းငုံ့ထားတယ်။
''ဟိုမှာ အိမ်ဝယ်ထားတယ် အန်တီ
ဘာဒါ့အမျိုးသမီးနဲ့နေတယ်
ဒီလထဲပဲ Weddingရှိတယ်
ဒီနေ့တောင် မဟုတ်ရင် သူ့ကိုခေါ်လာပါတယ်
မနေ့က မနက်က ပြန်နှင့်လို့လေ
မင်္ဂလာရက်ကလည်း နီးနေပြီမို့လို့
ဘာဒါက အမေ့Operationပြီးမှ လိုက်သွားမလို့ကျန်ခဲ့တာ''
''နေ..နေပါဦး
မိန်းမယူထားတယ်လို့ပြောနေတာလား''
''အီဘာဒါ..
ပေါက်ပန်းလေးဆယ်တွေပြောတာတော်လိုက်တော့
အိပ်မက်မက်မနေနဲ့
လူကြီးတွေနဲ့တွေ့တာ အရေးမပါတာတွေမပြောနဲ့''
''ခဏလေး..
ဂျူဟျော့ မင်းရောသိလား''
''ဂျူဟျော့လည်းသိပါတယ်အန်တီ
တကယ်တော့ ဘာဒါလည်း ဒီမှာအခြေချချင်တာလေ
အမျိုးသမီးအလုပ်ကို အဖေက လိုက်ဖျက်နေလို့ ဟိုမှာနေမယ်လုပ်လိုက်ကြရ..''
ထထွက်သွားတဲ့ ဂျူဟျော့အမေနောက်ကို ဂျူဟျော့နဲ့ သူ့အဖေနဲ့အပြေးလိုက်သွားတယ်။
''အီဘာဒါ..''
လူတွေသိမှာစိုးလို့ထင်ပါတယ်။
သည်းခံပြီး ရှေ့ကထွက်သွားတဲ့အဖေကြောင့်
အခန်းထဲ တစ်ယောက်ထဲကျန်ခဲ့တယ်။
စားလက်စကို ပြီးအောင်စားပြီးမှ အိမ်ပြန်လာခဲ့လိုက်တယ်။
အမေသိရင်တော့ အရွဲ့တိုက်တာလည်း
အဖေနဲ့တူတယ်လို့ပြောဦးမှာ။
ခြံထဲကားမောင်းဝင်လိုက်တာနဲ့ parkingက အဖေ့ကားကို တွေ့ရတယ်။
ပြန်ရောက်နေပြီပေါ့။
parkingထိုးပြီး အိမ်ထဲဝင်တော့ ဧည့်ခန်းမှာ ဘယ်သူမှမရှိ။
အပေါ်တက်မယ်လုပ်တော့
အဒေါ်ကြီးက လိုက်ပြောတယ်။
''မမလေး ဥက္ကဋ္ဌကြီးက ပြန်ရောက်ရင် စာကြည့်ခန်းကို လာခဲ့ဖို့ပြောထားပါတယ်''
အပေါ်ထပ်တက်နေရာကနေ
ချက်ချင်းပြန်ဆင်းပြီး
အဖေ့အခန်းတံခါးကို ခေါက်လိုက်တယ်။
''ဒေါက် ဒေါက်''
''ဝင်ခဲ့''
အခန်းထဲရောက်တော့
စားပွဲနောက်မှာ ထိုင်နေရာက ခြေလှမ်းကျယ်ကြီးနဲ့ ဘာဒါရှေ့ကို ရောက်လာတဲ့အဖေ့ရဲ့
လက်ကို လွှဲလိုက်တာသိပြီးတာနဲ့
ပါးက ပူကနဲ။
လည်ထွက်သွားတဲ့မျက်နှာနဲ့ယိုင်ကျသွားတဲ့ ကိုယ်ကိုထိန်းရင်း ငံကျိကျိသွေးအရသာကို ရတယ်။
နှုတ်ခမ်းထောင့်က သွေးကို လက်မနဲ့သုတ်ရင်း ရယ်တော့
''အီဘာဒါ
မင်းအဆင့်အတန်းကို ဒီလိုပြလိုက်တာလား''
''ဘာကိုလဲ အဖေ''
''လူကြီးစုံရာရှေ့မှာ အဓိပ္ပာယ်မရှိတဲ့စကားတွေပြောပြီး ငါ့ကိုသိက္ခာချလိုက်တာပေါ့လေ''
''ပြောခဲ့တဲ့အထဲ မဟုတ်တာ တစ်လုံးမှ မပါဘူး အဖေ
မနက်ဖြန် သဘက်ခါ မိန်းမယူမယ့်လူကို ယောင်္ကျားပေးစားနေတာ ဘယ်သူလဲ အဖေပဲမလား ဒီလောက်တော့တွက်ထားသင့်တယ်မလား''
''မင်း..''
အင်္ကျီစကို ဆွဲဆုတ်ပြီး လက်သီးနဲ့ရွယ်လာတဲ့အဖေ့ကို အဖေမွေးထားတာ သမီးလို့ပြောချင်ပေမယ့် သမီးမို့လို့ ယောင်္ကျားပေးစားတာလို့ပဲ သူလိုရာဆွဲတွေးမယ့်ပုံ။
''ပြောရရင် မိန်းမက ရပြီးသား
ဒီမှာကတည်းက ရနေတာ အခုမှ မင်္ဂလာပွဲလုပ်မှာ ဟိုမှာက လက်မှတ်ထိုးလည်းတရားဝင်..''
''ဝုန်းးး''
ဆောင့်တွန်းလိုက်တာကြောင့် အနားက ခုံကို နောက်ပြန်တိုက်မိပြီး ဘာဒါလဲကျတယ်။
''ဘာဖြစ်နေကြတာလဲ''
နာလည်းမနာဘူးလားတောင် စဥ်းစားချိန်မရဘူး။
အမေ့အသံကြားတော့ ကုန်းရုန်းထမလိုလုပ့နေပေမယ့်
အမေသာ အဒေါ်ကြီးနဲ့တွဲပြီးအခန်းထဲရောက်လာတယ် ဘာဒါခြေထောက်က အဆစ်လွဲသွားလို့လားပဲ ရုတ်တရက်မထနိုင်ဘူး။
အဲဒီမှာ အမေက
ဘာဒါ့ကို အဖေရိုက်နေတယ်ဆိုပြီး ထင်သွားပုံရတယ်။
တကယ်လည်းဟုတ်နေပေမယ့်
အရမ်းဆိုးရွားတာတော့မဟုတ်ပါဘူး။
ဒီလောက်တော့ မျှော်လင့်ထားတယ်လေ။
''ဘာဒါ သမီး
ဘာဒါ
ဟယ် သွေးတွေ''
နှုတ်ခမ်းထောင့်က သွေးတွေရယ် မထနိုင်တာရယ် အော်ကြီးဟစ်ကျယ်ဖြစ်နေကြတာရယ်က
လတ်တလောနေမကောင်းဖြစ်နေတဲ့အမေ့အတွက်တော့ shockရစရာ ကိစ္စတစ်ခု။
''မဟုတ်ဘူး အမေ ဘာဒါဘာမှမဖြစ်..
အမေ အမေ''
အဒေါ်ကြီးတွဲပေးထားရင်းကပဲ ပျော့ခွေသွားတဲ့ အမေကြောင့် အဖေလည်း ပျာယာခတ်သွားတယ်။
ဘာဒါလည်း သတိလစ်သွားတဲ့အမေ့ကိုစိတ်ပူပြီး ဆေးရုံကိုဖုန်းအမြန်ဆက်ရတယ်။
ကိုယ့်ကိစ္စကြောင့် ဆူဆူပူပူဖြစ်တာမို့လို့ ပိုပြီး
စိတ်မကောင်း။
အဲဒီလိုနဲ့ ညတွင်းချင်း Operation လုပ်လိုက်ရတယ်။
ညလုံးပေါက် ခွဲခန်းရှေ့စောင့်ရင်း
ရန်ဖြစ်ထားတဲ့ သားအဖနှစ်ယောက် တစ်ယောက်ကို တစ်ယောက်စကားလည်းမပြောမိ။
အဖေကလည်း အိမ်မှာ ပြောဆိုနေမိလို့ နောင်တရနေပုံဆိုပေမယ့်
ထုတ်ဖော်ဝန်ခံမှာတော့မဟုတ်ဘူးပေါ့။
မိုးတလင်းခွဲရတဲ့ ခွဲစိတ်မှုက အောင်မြင်တယ်ဆိုပေမယ့်
လူနာက သတိမလည်သေးပါ။
Heart attack ဖြစ်ပြီး အသက်မပါသွားတာ ကံကောင်းတယ်လို့မှတ်ပါတဲ့။
တနေကုန်အမေ့လူနာခန်းထဲနေပေးဖြစ်တယ်။
အဖေလည်း အလုပ်မသွားဘူး။
အမေ့အခန်းထဲပဲ။
မမကိုတော့ စောစောခွဲဖြစ်သွားတယ်လို့ပဲ လှမ်းပြောထားလိုက်တော့တယ်။
......
ဘာဒါ့အမေ မနေ့က ခွဲဖြစ်တယ်တဲ့။
တကယ်တော့ ရက်ချိန်းက
ချယ်ယောင်းတို့ Wedding နဲ့ တစ်ပါတ်လောက်ကွာပေမယ့်
အခုက သုံးလေးရက်လောက်စောသွားတာ။
ချယ်ယောင်းလည်း မင်္ဂလာဝတ်စုံသွားရွေးတာက အရင်ရွေးတာကို စိတ်တိုင်းမကျသလိုမို့ Designerပြောင်းလိုက်သေးတာ။
နေရာလည်း Outdoorပဲဆိုပေမယ့်
လူသိပ်မလုပ်တဲ့နေရာမျိုးကို ရွေးထားကြတာ။
အပြင်အဆင်ကအစ တစ်ယောက်ထဲ စဥ်းစားနေရတော့ မအားဘူးဖြစ်နေတာ။
ဘာဒါက နေ့တိုင်းဘာလိုလဲ အဆင်ပြေလားလာခဲ့ရမလားပဲမေးနေတာမို့..
အဆင်ပြေတယ်ပဲပြောပြီး ဖုန်းလည်းသိပ်မပြောဖြစ်ဘူး။
သူလည်း သူ့အမေကိုအချိန်ပေးရမှာပဲဆိုတော့လေ။
အခုတော့ စောစောခွဲပေမယ့် သတိမလည်သေးဘူးတဲ့။
တခုခုဆိုရင် ချယ်ယောင်းကတော့ နောက်ဆုတ်လိုက်ချင်ပေမယ့်
ဘာဒါ့ဘက်ကကျတော့ နောက်ဆုတ်တာမျိုးက အလေးမထားသလိုခံစားရလို့တဲ့။
ဘာဒါက ချယ်ယောင်းနဲ့ပက်သက်ရင် အရာရာလေးနက်လွန်းတယ်။
ချယ်ယောင်းလည်း ကိုယ့်ဘာသာတော့ အလေးအနက်ထားလွန်းသူရယ်လို့ ခံယူထားပေမယ့် သူ့ကိုတော့လိုက်မမီပါ။
အသေးအဖွဲလေးကအစ ဂရုတစိုက်ရှိပေးပြီး
အချစ်ခံရတာက ဘယ်လိုဆိုတာ သိစေသူပေါ့။
ဘာဒါအဖေက သဘောမတူတော့
ချယ်ယောင်းကို ဖွင့်မပြောပေမယ့် တော်တော်အားနာနေမှာ။
ချယ်ယောင်းမိဘတွေက သူ့ကိုလိုလိုလားလားလက်ခံခဲ့ကြတာမလား။
အရင်စိတ်နဲ့ဆိုရင်တော့
မိဘတွေလက်မခံရင် တွန့်ဆုတ်နေမိဦးမှာဆိုပေမယ့်
အခုတော့ သူ့ကိုပဲ ကြည့်ဖို့ ဆုံးဖြတ်ထားတာမို့ ..
ဘယ်သူတွေတားတား နောက်မဆုတ်ချင်တော့ဘူးလေ။
နောက် ၃ ၄ရက်လောက်အထိ သတိမလည်သေးပါ။
''မောင် တို့တွေ..''
''ကိုယ်စောင့်ကြည့်ပါဦးမယ် မမရယ် နော်''
California မှာပဲ Wedding လုပ်ပြီး Parisဘက်ကို Honeymoonမယ်တို့စီစဥ်ထားကြပြီ။
လူတွေအများကြီးမပါပဲ Private Weddingလေးပေါ့။
''တစ်ယောက်ထဲ ပင်ပန်းနေမှာပဲ စိုးတာ''
''Maryလည်း လိုက်နေတာပဲမောင်ရဲ့
မပင်ပန်းဘူးနော်''
''ကိုယ်တောင်းပန်တယ်နော်''
''မဟုတ်ဘူးလေ
မောင်အဆင်မပြေမှာပဲစိုးတာ..
ဒီကိုစိတ်ရောက်နေရမှာမလား..
အဲဒီမှာ သေသေချာချာပြုစုရမှာကို..
မမလည်း ဖြစ်နိုင်ရင် ပြန်လာပြီး ကူပေးချင်တယ်လေ''
''အဆင်ပြေမှာပါ မမရဲ့
ခွဲစိတ်မှုလည်းအောင်မြင်တယ်
မောင်ကြည့်လုပ်ပါမယ် နော်
စိတ်ချနော်
ဒီမှာလည်း သေချာလုပ်ပေးနေတာ စိတ်မပူနဲ့''
''အင်းး''
''အိမ်နဲ့အဆက်အသွယ်ရလား''
''ရောက်ခါစတော့ ပြောဖြစ်တယ်
ခုရက်ပိုင်းတော့ မအားတာနဲ့လေ..''
''အင်းပါ ဟုတ်ပါပြီ''
ဖုန်းထဲက သူ့အသံလေးကြားရတာ အလွမ်းမပြေလွန်းလို့
ပြေးတွေ့လိုက်ချင်တယ်။
တစ်ယောက်သောသူမောင်က မလာရဘူးဆိုလို့သာပေါ့။
Wedding နေ့ရောက်ဖို့ တစ်ပါတ်ပဲလိုတော့တယ်။
ဒီနေ့ ဂါဝန်သွားဝတ်ကြည့်ရမယ်တဲ့။
မောင်ပါရင် ကောင်းမှာဆိုပေမယ့်
Maryနဲ့ပဲ သွားလိုက်ရပြန်တယ်လေ။
ဒီလိုနဲ့ ကြားရက်တွေလည်း မောင့်အမေက သတိမရလာသေးပဲ..
၃ရက်လောက်လိုမှ သတိရတယ်..
မောင်က Wedding မကျခင် တစ်ရက်မှ လာမှာဖြစ်လို့ ချယ်ယောင်းတစ်ယောက်ထဲ ပွဲပြင်ထားတာသွားကြည့်လိုက်..
လူတွေဖိတ်တာ စုံရဲ့လား ကြည့်လိုက်..
ခုံအရေအတွက်တွေစစ်ကြည့်လိုက်..
မှာထားတဲ့ပန်းမရလို့ လိုက်ရှာလိုက်နဲ့ဗျာများနေတယ်။
မနက်ဖြန်ဆို Wedding နေ့ဆိုပေမယ့်
ဒီနေ့ ဘာဒါက ရောက်မလာသေးပါ။
လေယာဥ် Delayဖြစ်လို့ Wedding မနက်မှ ရောက်မယ်တဲ့။
ရောက်ရင် မင်္ဂလာပွဲကို တန်းလာရတော့မှာပေါ့။
တခုခုကို စိုးရိမ်နေသလို စိတ်တွေနဲ့ ညတော်တော်နဲ့အိပ်မပျော်နိုင်။
မိုးလင်းခါနီး မှေးကတည်း ခဏအိပ်ပျော်သွားတယ်။
''
မနက်ကျ Maryက လာခေါ်တယ်။
အနက်ရောင်ဂါဝန်ဝတ်ထားတဲ့ Maryကို
ဘာလို့ဝတ်ထားလဲလို့မေးချင်ပေမယ့်
မမေးမိ။
အလှပြင်နေရင်း လှမ်းကြည့်မိတော့
ပန်းစည်းက ချယ်ယောင်းရွေးထားတဲ့ပန်းမဟုတ်ဘူး..
တခုခုအာစေးမိနေသလိုမျိုး
ဘာမှစောဒကမတက်မိပဲ ငေးနေမိတယ်။
သူရောက်နိုင်ပါ့မလား..
အဖြူရောင်ဂါဝန်ရှည်ကိုဝတ်ရင်း လှနေမလားလို့မစဥ်းစားမိပဲ ခဏအကြာမှာပြန်ချွတ်ရတော့မယ်လို့တွေးမိနေပြီး
ဘာမှမဖြစ်သေးပဲ ရှုံးပွဲချငိုချင်နေမိတယ်။
Maryကလည်း အနားမှာ မရှိပဲ တစ်ယောက်ထဲဖြစ်နေသလိုခံစားချက်နဲ့..
မင်္ဂလာအချိန်ရောက်ပေမယ့်
ဘာဒါရောက်မလာခဲ့..
ဘာဒါက ချယ်ယောင်းဆီမလာတော့ပါဘူးတဲ့...''
''ဟင့်အင်း..
မောင်ရေ..မောင်''
ငိုယိုနေရာက ရုတ်တရက်ထထိုင်လိုက်တော့
အိပ်ယာထဲမှာဆိုတာကို သတိထားမိတယ်..
အိပ်မက်လား..
အိပ်မက်မက်နေတာမလား..
တကယ်မဟုတ်ဘူးမလား..
မိုးလင်းနေပြီ..
Alarmမြည်နေတာကို ပိတ်လိုက်ပြီး
မှန်သွားကြည့်လိုက်တယ်။
အနည်းငယ်မို့နေတဲ့မျက်ခွံက အပြင်မှာလည်း ငိုလိုက်ကြောင်းအသိပေးနေတယ်။
စိတ်တွေလေးနေပြီး
ငိုထားတော့ ခေါင်းကလည်းကိုက်နေတယ်။
Maryက ရောက်ပြီလို့ဖုန်းဆက်တော့
အောက်ဆင်းခဲ့လိုက်တယ်။
အိပ်မက်ထဲကနဲ့မတူပေမယ့်
Maryဝတ်ထားတာက အနက်ရောင်။
ကားနဲ့အထိမသွားပဲ ခဏလောက်ကြောင်ပြီး ရပ်နေမိတယ်။
''Ariel လာလေ''
''သြော် အင်း''
ကားထဲရောက်တော့ မေးရမလားလို့တွေးနေမိတယ်။
''စိတ်လှုပ်ရှားနေတာလား''
''အင်း နည်းနည်းပေါ့''
''ဒါက သတို့သမီးတိုင်းဖြစ်နေကျကိစ္စပဲမလား
စိတ်အေးအေးထားနော်''
''ဒါနဲ့လေ Mary''
''အင်း''
''ဘာမှမဟုတ်ပါဘူး''
ဘာလို့အနက်ဝတ်ထားလဲလို့ မေးရင် ကြောင်တောင်တောင်နိုင်တယ်မလား။
ဒါနဲ့ပဲ အိပ်မက်ထဲကလို မမေးဖြစ်တော့ဘူး။
အလှပြင်တဲ့အခန်းကိုရောက်တော့
ဟိုဟိုဒီဒီဝေ့ကြည့်မိတယ်။
ပန်းစည်းကိုမတွေ့မိတော့
Maryဝင်လာတုန်း မေးကြည့်လိုက်တယ်။
''Mary ပန်းစည်းရော''
''ဒီအခန်းထဲမရှိဘူးလား
ခဏလေး မေးလိုက်မယ် Ariel''
ခဏကြာတော့
Maryပြန်ဝင်လာတယ်။
လက်ထဲ နှင်းဆီဖြူပန်းစည်းလေးနဲ့။
နှင်းဆီဖြူတွေမြင်တော့မှ
နည်းနည်းတော့ စိတ်အေးသွားသလိုပါ။
အလှပြင်နေတုန်း
ဘာဒါ့ကိုဖုန်းဆက်ကြည့်တော့
ဖုန်းကပိတ်ထားတုန်းပဲ။
ဂါဝန်အဖြူရောင်ကို ဝတ်ပြီး အားလုံးအဆင်သင့်ဖြစ်တော့
Maryကို ဝေ့ဝဲရှာမိတယ်။
Maryဝင်လာပြီးတော့
''Ariel ဘာဒါရောက်ပြီ''
ပျော်သွားတဲ့အပျော်က ဘာနဲ့မှ နှိုင်းမရ။
သူဝင်လာမလားဆိုတဲ့မျှော်လင့်ချက်နဲ့ အခန်းဝကိုကြည့်လိုက်ပေမယ့်
''တစ်ခါထဲထွက်ခဲ့လို့ရပြီ စတော့မယ်နော်''
အဝတ်အစားလဲလိုက်ပုံရတဲ့ Maryက Beigeရောင် ဂါဝန်လေးနဲ့လှနေတယ်။
သူရောက်လာပြီဆိုမှ စိတ်အေးရတယ်။
ရင်ထဲလည်း တလှိုက်လှိုက်နဲ့။
ရောက်ပါပြီဆိုမှ ငိုချလိုက်ချင်သလိုမျိူး။
အားတင်းရင်း
အပြင်ကိုထွက်တော့ Maryက လာခေါ်ပေးတယ်။
ဂါဂန်ကို မရင်း မလဲအောင်ထိန်းလျှောက်နေရင်း လျှောက်လမ်းဆီရောက်တော့
ချယ်ယောင်းရဲ့အဖေ။
''အာပါး??''
အဖေလိုက်လာတာလား။
ပြုံးပြီးကြည့်နေတဲ့ အဖေ့မျက်ဝန်းတွေဆီကြည့်ရင်း မျက်ရည်ဝဲရတယ်။
အိုမားရောလား။
ထိုင်နေတဲ့လူတွေဆီဝေ့ကြည့်ပြီးရှာမိတော့
ရှေ့ကခုံမှာ အိုမားရယ် ဂျွန်ယောင်းရယ်။
တဖက်မှာ ဘာဒါ့အဖေနဲ့အမေရယ်။
လျှောက်လမ်းအဆုံးမှာတော့
ချစ်ရတဲ့ အီဘာဒါရယ်။
အဖေ့အနားကိုရောက်သွားတော့ ဖက်လိုက်မိတယ်။
မထင်ထားဘူးလေ။
မလိုက်ရင်လည်းရပါတယ်လို့ ပြောထားပေမယ့်
မိဘတွေရှေ့မှာ မင်္ဂလာပွဲလုပ်ချင်တာကတော့
ကိုယ့်ကိိုကိုယ်အသိဆုံးပဲလေ။
ကိုယ့်ဘက်က
မပြောပြဖြစ်ပေမယ့်
ဖြစ်အောင်လုပ်ပေးတဲ့ သူ့ကိုအရမ်းချစ်ရတယ်။
အီဘာဒါဆိုတာ ချယ်ယောင်းထက် ချယ်ယောင်းအကြောင်းကို နားလည်ပြီး
အစစအရာရာဖြည့်ဆည်းပေးသူတစ်ယောက်ဖြစ်တဲ့အကြောင်း
အခုပိုနားလည်လိုက်ရပြီထင်ပါတယ်။
အဖေ့လက်မောင်းကိုချိတ်ပြီး
လျှောက်လမ်းအတိုင်းဝင်လာရင်း
အခုထက်ပိုပြီး ခမ်းနားတဲ့ ဘဝရဲ့အခိုက်အတန့်ဆိုတာ ထပ်ရှိနိုင်ပါဦးမလားလို့ တွေးမိတယ်။
သူ့လက်ဆီကိုလွှဲပြောင်းပေးခဲ့တဲ့အချိန်
အဖေ့ရဲ့ယုံကြည်စိတ်ချမှုတွေက အထင်းသား။
နှစ်ဖက်မိဘကို ဘယ်လိုစည်းရုံးလာခဲ့ရသလဲ။
ချယ်ယောင်းကိုအသိမပေးပဲနဲ့လေ။
လက်ထပ်လက်စွပ်တွေဝတ်ပေးပြီး
ကတိသစ္စာပြုပြီးတဲ့အချိန်
ချယ်ယောင်းနှုတ်ခမ်းဆီ ခပ်ဖွဖွထိတဲ့ သူ့နှုတ်ခမ်းတွေက အချိုဆုံးပါပဲ။
....
မင်္ဂလာပွဲပြီးတော့မှ
သိချင်တာတွေ တန်းစီမေးရတယ်။
''မောင်
တစ်ယောက်ထဲ ကြိတ်ကြံနေတာပေါ့
မောင့်အမေကို ဘယ်လိုခေါ်လာလဲပြောပါဦး''
''၃ရက်လောက်ကြာတော့ အမေက သတိရတယ် မမရဲ့
အမေနားချလို့ အဖေကလည်း ကိုယ်တို့ကို လက်ခံပေးမယ်လို့ပြောတယ်လေ
အဲဒါနဲ့ကိုယ်လည်း နှစ်ဖက်မိဘနဲ့ ပွဲလုပ်ချင်တယ်လို့အမေ့ကိုပြောကြည့်တာ
အမေက လက်ခံတယ်..
အဖေ့ကိုလည်း အမေပဲပြောလိုက်တာ..
အဖေက အမေ စိတ်ညစ်မှာစိုးလို့ ခေါင်းညိတ်ပေးတာ..
အခုတစ်ခေါက် အမေသတိလစ်တော့ အဖေလည်း တော်တော်စိုးရိမ်နေတာလေ
ကိုယ့်ဘက်က သေချာမှ
မမတို့ဘက်ကို ပြောပြီး ပူဆာရတာပေါ့
မမ မပြောလည်း မောင်ကသိပါတယ်
မိသားစုတွေတော့ ပါချင်မှာပဲလေ
မပြောတာကတော့ surpriseပေါ့''
''မောင်ရောက်လာတာကိုတောင် မမက တော်တော်ပျော်နေပါပြီမောင်ရယ်''
''မောင်ကတော့ လာမှာပဲလေ''
''အိပ်မက်ထဲ မောင်က မမဆီပြန်မလာတော့လို့တဲ့''
''မဖြစ်နိုင်တာတွေ''
မိဘတွေကို နေစရာစီစဥ်ပေးပြီး
တစ်ပါတ်လောက် အတူအချိန်ပေးလိုက်ကြတယ်။
အိုမားတို့ပြန်တော့မှ
ချယ်ယောင်းနဲ့ဘာဒါနဲ့
Parisကို အချစ်ခရီးစလိုက်ကြတယ်။
Honeymoonက ချိုပါတယ်။
Lovebirdလေးတွေအဖြစ်
တစ်သက်လုံးနေချင်ပါတယ် မမရေ။
ပြီးပါပြီရှင့်။
ဇာတ်သိမ်းရေးပေးဖို့ကို အရမ်းကြာသွားလို့
တောင်းပန်ပါတယ်နော်။
လှလှလေးဇာတ်သိမ်းပေးထားပါတယ်။
Extraက တချိန်တော့ရေးပေးဖြစ်မယ်ထင်ပါတယ်။
ချစ်တဲ့
လင်း💙🌊
(Love you all Readerလေးတို့😚)
Zawgyi
ဘာဒါ့ကို သူ႕အေဖက ဂ်ဴေဟ်ာ့နဲ႕ ေပးစားခ်င္ပုံရတယ္။
အိမ္အထိေခၚလိုက္တာက
ခ်ယ္ေယာင္းကို အသိေပးခ်င္လို႔လုပ္တာ။
မိတ္ဆက္ေပးၿပီးတာနဲ႕ အေပၚတက္ခဲ့လိုက္တယ္။
ဘာဒါ့ကိုယုံတယ္။
အမ်ိဳးမ်ိဳးေသာ အေၾကာင္းတရားေတြနဲ႕
ေဝးခဲ့ၾကရၿပီးတဲ့ေနာက္မွာ တစ္ေယာက္ကိုတစ္ေယာက္ ယုံၾကည္ထားၿပီး
အတူတူျဖတ္ေက်ာ္မွ တစ္သက္လုံးမေဝးမွာမို႔လို႔ အခုတစ္ေခါက္ေတာ့ ဘာျဖစ္ေနေနအဆင္ေျပသြားမွာပါလို႔ပဲေတြးမိတယ္။
ခ်စ္တယ္။
ၿပီးေတာ့..
မခြဲနိုင္ဘူး..ေမာင္နဲ႕..
ခဏၾကာေတာ့
ဘာဒါ အခန္းထဲျပန္ဝင္လာတယ္။
''မမ''
''အင္း ေမာင္
ျပန္ၿပီလား''
''ျပန္သြားၿပီ
မမ လာပါဦး''
ခ်ယ္ေယာင္း လက္ကမ္းေပးေနတဲ့
ဘာဒါအနားကို ေလွ်ာက္သြားၿပီး ရင္ခြင္ထဲဝင္လိုက္တယ္။
ဒီရင္ခြင္က်ယ္က အၿမဲတမ္းလုံၿခဳံႏြေးေထြးမႈကိုေပးတယ္။
ဒီရင္ခြင္က်ယ္နဲ႕ ထပ္မေဝးရဲေတာ့ဘူး..။
''ဂ်ဴေဟ်ာ့လာတာကေလ..''
''အင္း''
''ဟို..အေဖလႊတ္လိုက္တာျဖစ္မယ္''
''အင္း''
''အင္းးး ၿပီးေတာ့..''
''အင္း ေမာင္နဲ႕ျပန္နီးစပ္ေစခ်င္တာမလား''
''မမ
စိတ္မပူနဲ႕ေနာ္
အေဖတို႔ဘာလုပ္လုပ္
ဂ်ဴေဟ်ာ့လည္း လက္ခံမွာမဟုတ္ဘူး
ကိုယ္လည္း မင္းနဲ႕မခြဲဘူး
သိတယ္မလား''
''သိပါတယ္ ေမာင္ရဲ႕
မမသိၿပီးသားပါ''
ေမာင့္ကိုယုံေပမယ့္
အီဂ်ဴေဟ်ာ့ကိုေတာ့ မယုံတာအမွန္။
ၿပီးေတာ့ ေမာင့္အေဖေပါ့။
''မမ
ေရွ႕သုံးေလးရက္ဆို သြားႏွင့္ပါေတာ့လား
ကိုယ္ ဒီမွာၿပီးတာနဲ႕ လိုက္ခဲ့မယ္ေလ
ဟိုက ကိစၥေတြလည္း စိတ္မခ်ဘဴးဆို''
''အတူတူပဲ သြားခ်င္တာေမာင္''
ဘာဒါက ခ်ယ္ေယာင္းကို ငုံ႕ၾကည့္ၿပီး
နဖူးကို နမ္းတယ္။
''ကိုယ္လည္းအတူတူပဲေလ
ဒါေပမယ့္ မမသြားႏွင့္တာပိုေကာင္းမလားလို႔
ဒီမွာက ကိုယ့္အေဖက မမကိုေကာင္းေကာင္းမဆက္ဆံရင္ ကိုယ္သည္းမခံနိုင္လို႔''
''ရပါတယ္ ေမာင္ရဲ႕
ဒီေလာက္ကေတာ့''
''မမရလည္း ကိုယ္မရလို႔ေလ''
''ေမာင့္အေမကိုလည္း ျပဳစုေပးမလို႔ကို''
''အဲဒါေၾကာင့္ေလ
သတို႔သမီးေလာင္းေလးက လူနာျပဳစုၿပီး ပင္ပန္းေနလို႔ျဖစ္မလား
ၿပီးရင္ ကိုယ္တို႔ Honeymoonလည္း ထြက္ရဦးမွာကို''
''အင္းး''
''အင္းမလုပ္နဲ႕
နမ္းဦး''
ခ်ယ္ေယာင္း ေျခဖ်ားေထာက္ၿပီး သူ႕ေမးဖ်ားကိုေမာ့နမ္းလိုက္တယ္။
ေျပာမရတဲ့အဆုံး ျပန္လိုက္ရေတာ့မွာလား။
Weddingကို ေနာက္ဆုတ္ဖို႔ေျပာရင္လည္း လက္ခံမယ္မထင္။
ဘယ္လိုလုပ္ရပါ့။
ဘာဒါ့အေဖရဲ႕ေျပာရဲဆိုရဲလုပ္ရဲတာကိုသိေနေတာ့
တစ္ေယာက္ထဲ မထားခဲ့ခ်င္တာအမွန္။
ခ်ယ္ေယာင္းကို ေျပာထားတာေတြ ဘာဒါသိရင္ မလြယ္ေသးဘူး။
ဘယ္လိုလုပ္ရပါ့ ပတ္ခ်ယ္ေယာင္းေရ..
........
ဘာဒါ မမကို California ကို ျပန္လႊတ္ဖို႔ အတင္းစည္း႐ုံးရတယ္။
အေဖ့ကိုအတိုက္အခံလုပ္ေတာ့လည္း
အေဖ့ေခြၽးမက သူ႕ေယာကၡမေတြကို ေအာ္လားဟစ္လာေျပာလို႔ သိပ္မႀကိဳက္ခ်င္။
ျပန္မေျပာရင္လည္း သူ႕ေယာကၡထီးက
ႏွစ္ေယာက္လုံးကို တျခားလူေတြနဲ႕ အိမ္ေထာင္ရက္သားခ်ေပးေတာ့မယ့္ပုံ။
အေမခြဲမယ့္ရက္မတိုင္ခင္ အေဖဘာေတြလႈပ္ရွားေနလဲ ဘာဒါသိဖို႔လိုတယ္။
အေဖ့သေဘာကိုေတာ့
မမလည္းရိပ္မိမွာပဲ။
ညက်ေတာ့
အေဖ့စာၾကည့္ခန္းကို ဝင္ရျပန္တယ္။
''ေန႕လည္က..''
''အင္း''
ၾကည့္ေတာ့ျပန္ၾကည့္ေပမယ့္
အျပစ္မလုပ္ထားတဲ့လူတစ္ေယာက္လို
ခပ္တည္တည္။
''အီဂ်ဴေဟ်ာ့လာသြားတယ္''
''အင္း''
''အေဖလႊတ္လိုက္တာမလား''
''ေျပာၿပီးသားကိစၥမလား''
''မမရွိတယ္ေလ
သူလာေတာ့ မေကာင္းဘူးေပါ့''
''မင္းနဲ႕ဂ်ဴေဟ်ာ့ကိစၥကို အဲ့ကေလးမက မသိလို႔လား
သူဝင္ခုတ္လို႔ မင္းတို႔ျပတ္သြားတာေလ
အစက ေကာင္းေပေကာင္းရဲ႕နဲ႕
အခုေတာ့..''
''အရင္က ကိစၥေတြေလ
ဘယ္ေလာက္ၾကာၿပီလဲ အေဖ
ၿပီးေတာ့
မမၾကားဝင္လို႔ျပတ္တာလည္းမဟုတ္ဘူး
ဘာဒါက မမကိုအတင္းလိုက္ထားတာပါလို႔ ဘယ္ႏွခါေျပာရမလဲ''
''ဒါေပမယ့္
သူ႕ကိုႀကိဳက္လို႔
မင္းဂ်ဴေဟ်ာ့ကိုျဖတ္တာမလား
အဲ့ကတည္းက စမွားတာပဲ''
''မွားတယ္ဆိုတာ ဘာကိုေျပာတာလဲ
အခုက ဘာမွားေနလို႔လဲ
အေဖတို႔မ်က္စိေနာက္မွာစိုးလို႔
ဟိုမွာ အေျခခ်မယ္လို႔လည္း တိုင္ပင္ထားၿပီ
မဟုတ္ေသးဘူးလား
အီဂ်ဴေဟ်ာ့နဲ႕ေပးစားမယ့္အေတြးေတြကို ဆက္မေတြးေတာ့နဲ႕ အေဖ''
''ဘာေတြပဲေျပာေျပာ
အခ်ိန္တန္ရင္
အီဂ်ဴေဟ်ာ့နဲ႕ပဲယူရမယ္
ဟိုတစ္ေယာက္ကိုလည္းေျပာၿပီးသား
သူ႕ဘာသာ မ်က္ႏွာေျပာင္လို႔တက္ေနတာ''
''ေျပာၿပီးသား??
မမကိုလား
မမကို အဲ့လိုေတြေျပာထားတာလား''
''ေျပာထားတယ္ ဘာျဖစ္လဲ
ေျပာထားတဲ့ၾကားက ဘာမွမျဖစ္သလိုေနေနတာ
ဘယ္ကစရိုက္ေတြလဲ''
''က်စ္..အေဖ..''
''အျပဳအမူေတြျပင္ဖို႔ မေျပာထားဘူးလား အီဘာဒါ''
''ဘာပဲေျပာေျပာ
အေဖ့လူကို မယူနိုင္ဘူး''
မမကိုေျပာထားတာတဲ့လား။
မေျပာလည္းသိမယ့္ကိစၥဆိုေပမယ့္
ေျပာလိုက္တယ္ဆိုတဲ့ေနာက္ကြယ္မွာ
အေဖ့ရဲ႕တင္စီးတဲ့စကားလုံးေတြ
အထင္အျမင္ေသးတဲ့အၾကည့္ေတြ
တန္ဖိုးမထားမႈေတြ
မထီမဲ့ျမင္ျပဳမႈေတြ
အမ်ားႀကီးမွ
အမ်ားႀကီး..
အခန္းထဲကထြက္ၿပီး ဝုန္းခနဲတံခါးပိတ္ကာ
အေပၚကို တက္ခဲ့တယ္။
''မမ''
အခန္းတံခါးဖြင့္ေတာ့
အခန္းထဲက ဆိုဖာမွာထိုင္ၿပီး
ေအးေအးခ်မ္းခ်မ္းစာအုပ္ဖတ္ေနတဲ့
ပတ္ခ်ယ္ေယာင္းကို အခန္းဝကေန ေငးေနမိတယ္။
သူ႕ေၾကာင့္ပဲ အၿမဲတမ္း အနာတရျဖစ္ေနရတဲ့ သက္ရွိေလး။
ဆံႏြယ္ရွည္ရွည္ေပ်ာ့ေပ်ာ့ေတြကို ျဖစ္သလိုစုစည္းထားေပမယ့္
ခပ္သြယ္သြယ္ခႏၶာကိုယ္ေလးနဲ႕ မမက
ဘယ္ေနရာက ပိုလွေနမွန္းမသိ။
ေန႕တိုင္းေန႕တိုင္း ပိုပိုၿပီး ခ်စ္လာမိတဲ့အခိုက္အတန့္ေတြကိုပဲ သတိျပဳမိတာေၾကာင့္
ပတ္ခ်ယ္ေယာင္းကို
ဘယ္နည္းနဲ႕မွ အထိအခိုက္မခံနိုင္။
ဒီမွာၾကာေနရင္ အေဖဘာထပ္လုပ္မလဲ မသိနိုင္တာေၾကာင့္
မမကို ျမန္ျမန္ပို႔ရမွာပဲ..။
''ေမာင္.. လာေလ
ဘာၾကည့္ေနတာလဲ''
အထဲကိုေလွ်ာက္ဝင္လိုက္ၿပီး အနားမွာဝင္ထိုင္လိုက္ၿပီး
''မနက္ျဖန္ေလာက္ ေလယာဥ္လက္မွတ္ျဖတ္လိုက္မယ္''
မမက ေမာ့ၾကည့္တယ္။
ေအာက္က ျပန္တက္လာတာနဲ႕ ေျပာတာမို႔လို႔
အေဖနဲ႕ ကေတာက္ကဆျဖစ္လာတာေတာ့ ရိပ္မိမွာပဲ။
''ေမာင္..''
မမလက္ေလးကို ဆြဲယူကာ လက္ဖမိုးကို ငုံ႕နမ္းလိုက္ၿပီးမွ
''ကိုယ့္စကားနားေထာင္မယ္မလား''
''..''
''ဟင္ မမ..''
''မနက္ျဖန္ဆိုတာႀကီးကေတာ့..''
''ေနာက္သုံးေလးရက္ဆိုရင္ပဲ Operationကလုပ္ေတာ့မွာေလ
ဘာမွစိတ္မပူနဲ႕..
ၿပီးတာနဲ႕ လိုက္ခဲ့မွာ''
''အင္းး''
''မနက္ျဖန္လိုက္ပို႔မယ္''
''အင္းပါ''
မမက ဘာဒါနဲ႕အတူတူသြားခ်င္တာ။
မမကိုလည္းနားလည္တယ္။
ထပ္ခြဲရမွာေၾကာက္ေနတာ မမေရာ ဘာဒါေရာ။
ဒါေပမယ့္ မမကိုဟိုကိုပို႔ထားရင္ ဒီမွာေျဖရွင္းရပိုလြယ္မလားလို႔။
''ဘာစာအုပ္ဖတ္ေနတာလဲ ေျပာျပဦး''
''Untold Night And Day ဖတ္ေနတာ''
''ေမာင့္ကိုလည္း ဖတ္ျပ''
''ေမာင္ဖတ္ၿပီးၿပီဆို''
''ဖတ္ၿပီးလည္း မမအသံေလးၾကားခ်င္လို႔''
ေျပာၿပီး မမေပါင္ေပၚလွဲခ်လိဳက္တယ္။
ငုံ႕ၾကည့္လာတဲ့ မမမ်က္ႏွာေလးက စိတ္ရႈပ္ေနပုံေပၚေပမယ့္ အတတ္နိုင္ဆုံး ၿပဳံးထားတယ္။
''မမ ကိုယ့္အေဖ ..''
''အင္း အဲ့ဒါေၾကာင့္လား..
အဲဒါက ဖြင့္မေျပာလည္း သိရမွာပဲေလ
အဲဒါေၾကာင့္ ျပန္မေျပာျဖစ္ေတာ့တာ''
''ဘာပဲျဖစ္ျဖစ္ ျပန္ေျပာပါလို႔ေျပာထားရဲ႕နဲ႕''
''ဟုတ္ပါတယ္ မမမွားတာ
ေမာင္လည္း ဘာပဲျဖစ္ျဖစ္ျပန္ေျပာရမယ္ေနာ္''
..........
အဲ့ဒီလိုနဲ႕
ေနာက္ရက္ Flightနဲ႕ မမကို အတင္းျပန္လႊတ္ရတယ္။
ေလဆိပ္မွာ ငိုမဲ့မဲ့ျဖစ္ေနတဲ့ ပတ္ခ်ယ္ေယာင္းေလးကို
ေနာက္ရက္နည္းနည္းေနရင္ လိုက္လာမွာ ျဖစ္တဲ့အေၾကာင္း တဖြဖြေခ်ာ့ရတယ္။
''ၾကာေနရင္ ျပန္လာခဲ့မွာ''
''အင္းပါ ဟုတ္ပါၿပီ မမသေဘာ''
ဆံပင္ေလးသပ္ေပးရင္း ေျဖေတာ့
မမက မ်က္ေစာင္းႏုႏုေလးထိုးတယ္။
မမကိုပို႔ၿပီး ေလဆိပ္ကျပန္ေတာ့
ဂ်ဴေဟ်ာ့ဆီဖုန္းဆက္လိုက္တယ္။
''အင္း ေတြ႕ရေအာင္
အားလား''
''အခုလား''
''ဟုတ္တယ္''
''ရတယ္''
အီဂ်ဴေဟ်ာ့နဲ႕ခ်ိန္းတဲ့ေနရာဆီသြားလိုက္တယ္။
''တစ္ေယာက္ထဲလား''
မမ ကိုေမးတာေလ။
ဟိုရက္ကမွ ထပ္မေတြ႕ပဲေနရေအာင္လို႔ ေျပာထားၿပီး
အခုေတြ႕မယ္ဆိုေတာ့..
''အင္း မမျပန္ၿပီ''
''ေၾသာ္..ဘာဒါေရာ''
''အေမ့ကိစၥၿပီးမွပဲ''
''အင္း..
ေတြ႕ခ်င္တာက..''
''တြဲေနတဲ့လူမရွိဘူးလား''
''ဘာာ..ဟားဟား အီဘာဒါ''
ဂ်ဴေဟ်ာ့က ထရယ္တယ္။
ေဘးဝိုင္းေတြကပါလွည့္ၾကည့္ေနေပမယ့္
ေျခေထာက္ခ်ိတ္ထိုင္ လက္ပိုက္ၿပီး ၾကည့္ေနေပးလိုက္တယ္။
''အင္း အတည္ေမးတာ''
''ဘာလို႔လဲ''
''ဘာလို႔ျဖစ္ရမလဲ
ငါတို႔အေဖအေမေတြ ဘာႀကံေနလဲ နင္လည္းသိတာပဲ''
''သိေတာ့??''
''Wtf!!
သိေတာ့? ဟုတ္လား''
''အင္း မရွိပါဘူး
ဒါေပမယ့္ ျငင္းေပးမွာပါ''
''ျငင္းေပးစရာေတာ့မလိုပါဘူး
ငါပဲ ရွင္းမယ္
ရွိလည္း ငါပဲျငင္းမယ္''
''အင္းး''
''ဘာၾကားထားေသးလဲ သိခ်င္တာ''
''ဘာကိုလဲ''
''တစ္ခုခုေပါ့''
''အင္း
မနက္ျဖန္ ႏွစ္ဖက္မိဘေတြ႕ဦးမယ္တဲ့''
''ထင္သားပဲ အေမ့ကို
မခြဲခင္ တခုခုလုပ္မယ္ဆိုတာ''
''ညေနေျပာလိမ့္မယ္''
''အေမလည္းေနမေကာင္းပဲနဲ႕ကြာ''
''မင္းအေဖစိတ္ကိုသိတယ္မလား''
''အေမေၾကာင့္မဟုတ္ရင္ ငါမမနဲ႕လိုက္သြားေလာက္ၿပီ''
''အင္းပါ အဆင္ေျပမွာပါ ဘာဒါ''
''ေက်းဇူးပဲ မနက္ျဖန္ကိစၥေျပာျပေပးလို႔''
တကယ္လည္း ေက်းဇူးတင္တယ္။
မမကိုသေဘာက်လိဳ႕ ဂ်ဴေဟ်ာ့ကို လမ္းခြဲလိုက္တာေလ။
ေအးေအးေဆးေဆးက်န္ေနခဲ့ေပးလို႔ ေက်းဇူးတင္ရသလို
အခုကိစၥမွာလည္း သူ လူႀကီးေတြနဲ႕ ပူးေပါင္းလိုက္ရင္
ဘာဒါေျဖရွင္းရတာေတြ ပိုမ်ားလာမွာ။
မနက္ျဖန္အတြက္ ျပႆနာေတြျဖစ္ေတာ့မွာမို႔ ဂ်ဴေဟ်ာ့ကို အားနာေပမယ့္
ဘာဒါလည္း မတတ္နိုင္။
မမကို တစ္ေယာက္ထဲျပန္လႊတ္လိုက္ရတာနဲ႕တင္ ေတာ္ေတာ္ရင္နာစရာေကာင္းေနၿပီ။
ညေန အေဖေျပာမွာသိေပမယ့္
အေဖ့႐ုံးကို လိုက္သြားလိုက္တယ္။
႐ုံးခန္းထဲဝင္မယ္လုပ္ေတာ့
''အထဲမွာ ဧည့္သည္ေရာက္ေနပါတယ္ မမ''
အေဖ့အတြင္းေရးမႉးေျပာတာကို ဂ႐ုမစိုက္ပဲ ဝင္သြားလိုက္တယ္။
ရိုင္းစိုင္းတယ္ဆိုတာ သိေပမယ့္
တမင္လုပ္တာမို႔လို႔
မ်က္ႏွာေၾကာကို မေလွ်ာ့ျဖစ္။
အထဲမွာ အေဖတို႔ဆီ ရင္းႏွီးျမႇုပ္ႏွံထားတဲ့Companyရဲ႕ ဥပေဒအႀကံေပးကို ေတြ႕ရတယ္။
ဘာဒါဝင္သြားေတာ့
အေဖက ေမာ့ၾကည့္တယ္။
ရိုင္းလိုက္တာဆိုတဲ့ အေတြးကို
ႏႈတ္ကမေျပာပဲ
အၾကည့္နဲ႕ေဝေဝဆာဆာေဖာ္ျပတယ္။
ဧည့္သည္ေရွ႕က ခုံမွာဝင္ထိုင္လိုက္ေတာ့
''ဒါဆို ေနာက္မွပဲဆက္ေျပာၾကတာေပါ့''
''ဟုတ္ကဲ့ က်ေနာ္ဆက္သြယ္လိုက္ပါမယ္ ဥကၠ႒ႀကီး
ခြင့္ျပဳပါဦး''
အေဖစကားစျဖတ္လိုက္ေတာ့
ဧည့္သည္က ျပန္သြားတယ္။
ဟိုလူ တံခါးပိတ္တာေတာင္မေစာင့္နိုင္ပဲ ဘာဒါ စကားစလိုက္တယ္။
''ဘာဒါ့မိန္းမကို အရင္ျပန္ပို႔လိုက္တယ္ အေဖ''
''အဟင္း သိတယ္ေလ
ဒီလိုပဲ ျဖစ္ရမွာေပါ့''
''မဟုတ္ဘူး ေျပာခ်င္တာက
မမသြားႏွင့္ၿပီမို႔လို႔
အေမ့ကိစၥၿပီးတာနဲ႕ ဘာဒါလိုက္သြားမွာ''
''ဘယ္ကိုလဲ''
''မမရွိတဲ့ေနရာကိုေပါ့
အလုပ္လည္းအဲဒီမွာပဲရွိတာ''
''အင္းး အဲဒါထက္
မနက္ျဖန္ အီဂ်ဴေဟ်ာ့တို႔ဘက္နဲ႕ မိသားစုေတြ႕ဆုံပြဲရွိတယ္''
''အဲဒါေမးခ်င္တာ
အေမလည္းေနမေကာင္းတာကို
ဘာလို႔ မိသားစုေတြ႕ဆုံပြဲလဲ
ၿပီးေတာ့ ဘာဒါ့သေဘာထားကိုလည္း အေဖ့ကိုေျပာၿပီးသားေလ''
''မင္းအေမေနမေကာင္းတာ သူတို႔လည္းသိတာပဲ
နားလည္ေပးၾကပါတယ္
မဂၤလာပြဲက် ေနေကာင္းေနေလာက္ပါၿပီ''
ငယ္ငယ္က အေဖ့ရဲ႕ေသြးေအးေခါင္းမာမႈကို စတိုင္က်တယ္လို႔ထင္ခဲ့မိတာကို
အခုခ်ိန္ေနာင္တအရဆုံး။
မျဖစ္နိုင္တာေတြကို ျဖစ္ေအာင္လုပ္ဖို႔ေမြးဖြားလာသူတစ္ေယာက္လို
ယုံၾကည္ခ်က္ေတြခိုင္မာၿပီး
တည္ၿငိမ္လြန္းတယ္။
အေျခအတင္ေျပာၾကဖို႔လာခဲ့တာဆိုေပမယ့္
အေဖ့ရဲ႕ အေတြးေတြကို တိတိက်က် ၾကားရတိုင္း ဆြံ႕အမိေနတုန္း..
''မင္းမိန္းကေလးကို စိတ္ပူမေနပါနဲ႕
အဲလိုဟာေတြက အခ်ိန္တန္ရင္ ေယာကၤ်ားယူမွာ
ပူမေနနဲ႕ အဆင္ေျပမယ့္လူရွာေပးဆိုရင္ေတာင္ အေဖရွာေပးနိုင္တယ္
အေျခအေနမဲ့ဆိုေတာ့ ကိုယ့္ဘက္ကေတာ့ နည္းနည္းမ်က္ႏွာပ်က္ရမွာေပါ့ေလ''
''အေဖ!!''
''သေဘာေျပာျပတာပါ
မင္းစိတ္မခ်ဘဴးျဖစ္ေနတယ္ထင္လို႔''
''အဲ့ေတာ့ အေဖတို႔ေတြ႕မွာက မနက္ျဖန္ဘယ္အခ်ိန္လဲ''
''Dinnerပါပဲ
ညေန ၆နာရီေလာက္ေပါ့''
''သြားေတာ့မယ္''
''အေတြးမမွားနဲ႕ ဘာဒါ
အေဖတို႔က ေကာင္းေစခ်င္လို႔လုပ္တာမွန္း ေနာက္က်နားလည္သြားလိမ့္မယ္''
အေဖေျပာေနတုန္းပဲ ထြက္လာခဲ့မိျပန္တယ္။
မနက္ျဖန္။
မနက္ျဖန္မွ ရွင္းရမယ္။
အိမ္ျပန္ၿပီး အေမ့အနားမွာပဲ ေနေနလိုက္ေတာ့တယ္။
အေမက ဘာမွမသိဘူး။
အေဖသေဘာမတူတာေတာ့ သိေပမယ့္
အေဖအကြက္ေ႐ႊ႕ေနတာကိုေတာ့ မသိရဘူးေပါ့။
ဘာဒါလည္းမေျပာျပခ်င္ဘူး။
ေရာဂါပိုဆိုးလာမွာစိုးတယ္ေလ။
''ဘာဒါ''
''ဟုတ္ အေမ ေျပာ''
''ခ်ယ္ေယာင္းက မျပန္ခ်င္ဘူးထင္တယ္
အေမ့Operationၿပီးမွ ျပန္ခ်င္တာကို
ဘာဒါက အတင္းျပန္လႊတ္ေနတာတဲ့''
ညက မမက အေမ့အခန္းထဲ ဝင္ႏႈတ္ဆက္တာသိလိုက္ေပမယ့္
တိုင္ေတာသြားမယ္လို႔ေတာင္ထင္မထားတာမို႔ ရယ္လိုက္မိတယ္။
''အဲလိုေျပာသြားတာလား''
''အင္း ဟုတ္တယ္
အေမ့ကိစၥၿပီးတာနဲ႕ လိုက္သြားေနာ္
ဟိုမွာလည္း ရက္နီးေနၿပီကို''
''ဟုတ္ အဲလိုလုပ္မွာပါ
အေမပဲ ေနေကာင္းေအာင္ေနေပးပါေနာ္''
''အင္းပါ ဘာဒါရယ္''
''အေမေနေကာင္းရင္ ကေလးလာထိန္းေပးရေအာင္လို႔''
ဘာဒါေျပာလိုက္ေတာ့ အေမက ရယ္တယ္။
''ေကာင္းပါၿပီ
ေတာ္ေတာ္ဟုတ္တဲ့ သမီးလိမၼာေလး''
တစ္ညလုံး အေမ့အနားပဲ ေပ်ာ္စရာေတြ ထိုင္ေျပာၿပီး အေမအိပ္မွ
အခန္းဆီ ျပန္လာလိုက္တယ္။
ပတ္ခ်ယ္ေယာင္းမရွိတဲ့အခန္းက တကယ္ကို ေျခာက္ကပ္လို႔..
ဒီအခ်ိန္ဆို မမေရာက္ေလာက္ၿပီ။
ဖုန္းကိုၾကည့္လိုက္ေတာ့
ေရာက္ၿပီဆိုတဲ့စာေလး။
၁၁နာရီေက်ာ္ေလာက္စီးရတာမို႔ ပင္ပန္းေနေတာ့မွာပဲ။
ဖုန္းမဆက္ပဲ နားဖို႔ပဲေျပာလိုက္ၿပီး
ဘာဒါလည္း အိပ္ယာထဲဝင္လွဲလိုက္တယ္။
မနက္အတြက္ စဥ္းစားရင္းေပါ့..။
........
မိသားစုေတြ႕ဆုံပြဲတဲ့။
ဂ်ဴေဟ်ာ့မိဘေတြက ဘယ္လိုေမွ်ာ္လင့္ထားမလဲမသိေပမယ့္
ေအာက္က အသားေရာင္ရွပ္အကၤ်ီေပ်ာ့ေပ်ာ့ကို ဝတ္ၿပီး အေပၚက Blazer Oversize
အနက္ေရာင္နဲ႕ ေအာက္က စတိုင္ပန့္အနက္ေရာင္နဲ႕ စီးေနက် sneakerကိုပဲစီးကာ အေဖေျပာတဲ့ Golden Seoul Hotelကို ထြက္ခဲ့လိုက္တယ္။
နာရီၾကည့္လိုက္ေတာ့ ၆နာရီ ခြဲေတာ့မယ္။
ကားေမာင္းေနတုန္း
အေဖ့ဆီက ဖုန္းဝင္လာေပမယ့္
တမင္ကို မကိုင္ျဖစ္။
မလာမွာ ေၾကာက္ေနမွန္းသိေပမယ့္
နည္းနည္းေလးေတာ့ စိတ္ဒုကၡေပးဦးမယ္ေလ။
Introေပါ့။
ေရာက္သြားေတာ့
သီးသန့္ခန္းဆီကို ဝန္ထမ္းေကာင္ေလးက လိုက္ျပတယ္။
တံခါးဖြင့္ၿပီး ဝင္လိုက္ေတာ့
ေနာက္က်ရေကာင္းလားလို႔ မာန္မဲခ်င္တဲ့ အေဖ့မ်က္ႏွာကို မ်က္လုံးေထာင့္က ရိပ္ခနဲ။
အေဖ့ေဘးက ခုံမွာဝင္ထိုင္လိုက္ေတာ့
ဂ်ဴေဟ်ာ့တို႔နဲ႕ မ်က္ႏွာခ်င္းဆိုင္။
ဂ်ဴေဟ်ာ့က တီရွပ္အျဖဴေပၚက Coatအညိုေရာင္ထပ္ဝတ္ထားေတာ့ ၾကည့္ရတာေတာ့ ေပါ့ေပါ့ပါးပါးပါပဲ။
ဒါေပမယ့္ ဘာဒါဝတ္လာတာကလည္း နည္းနည္းေလးမွ ေခြၽးမေလာင္းဆန္မေနေတာ့
ဂ်ဴေဟ်ာ့အေမက နည္းနည္းေတာ့ မ်က္နဗာမေကာင္းဘူး။
''သမီးေလးကို မေတြ႕တာ ၾကာၿပီ
ဂ်ဴေဟ်ာ့နဲ႕ေတာ့ ေတြ႕ျဖစ္ၾကတယ္မလား''
''ဟုတ္ မႏွစ္ကေတာ့ ေတြ႕ျဖစ္တယ္ အန္တီ''
''ဒီကိုက အၿပီးျပန္လာတာလား
ဂ်ဴေဟ်ာ့ကိုလည္း အန္တီက ဒီမှာအဃြျေစေချင်တာ
သူကေတာ့ ေက်ာင္းမၿပီးေသးေတာ့ မသိေသးပါဘူး''
''က်ေနာ္ကေတာ့ သမီးကို ဒီမွာပဲ လုပ္ဖို႔ေျပာထားတယ္
သူ႕အေမလည္း က်န္းမာေရးမေကာင္းေတာ့
သူ႕သမီးအနားမွာရွိတာ ပိုေကာင္းမယ္ေလ''
အေဖက သူျဖစ္ခ်င္တာေတြခ်ည္း စြတ္ေျပာေနေတာ့တာပဲ။
''ဒါေပမယ့္လည္း ဟိုမွာပဲ ေနျဖစ္မွာပါ အန္တီ''
''ကိုယ့္နိုင္ငံလည္းတိုးတက္ေနၿပီပဲ
တကယ္ေတာ့ ဦးက
လူငယ္ေတြကို ျပည္ပမွာ ပညာသင္ၿပီးရင္ ကိုယ့္နိုင္ငံတြင္းပဲ လုပ္ေစခ်င္တယ္
ေခတ္မီနည္းပညာေတြနဲ႕ ကိုယ့္နိုင္ငံကို ပုံေဖာ္တာမ်ိဳးေပါ့''
ဂ်ဴေဟ်ာ့အေဖက ဝင္ေျပာတယ္။
''ဒါေပမယ့္ ဘာဒါက ဟိုမွာ အေျခက်ေနၿပီ အေဖရဲ႕
ေက်ာင္းတက္ေနကတည္းက လုပ္ေနတာ
အခုဆို ေတာ္ေတာ္နာမည္ရေနၿပီ''
ဂ်ဴေဟ်ာ့က အားနာနာနဲ႕ဝင္ေျပာေပးတယ္။
''နာမည္ရလည္း အလကားပါ
ဒီကိုလာရင္ ပိုေတာင္ ေအာင္ျမင္မွာ
ဟိုမွာက ကိုယ့္လိုလူေတြအမ်ားႀကီးမလား
ဒီမွာဆို ဘယ္ေလာက္ေကာင္းလဲ''
အေဖ့ရဲ႕အတၱႀကီးတဲ့ အေတြးအေခၚက ေဝေဝဆာဆာ။
''ဘာဒါလည္း ဟိုမွာ အတန္အသင့္ႀကိဳးစားအေတြ႕အႀကဳံယူၿပီး
ဒီမွာလည္း လုပ္ၾကည့္ခ်င္ပါတယ္''
အေဖက အားတက္သေရာၿပဳံးတယ္။
''ေကာင္းတယ္ ဘာဒါေတြးတာမွန္တယ္
ဒါေပမယ့္ အန္တီကေတာ့ ဘယ္မွာလုပ္လုပ္ပါ
သားနဲ႕သမီးနဲ႕ႏွစ္ေယာက္အတူတူေအာင္ျမင္ေနရင္ ရၿပီ''
''ဟုတ္ကဲ့ ဂ်ဴေဟ်ာ့ေက်ာင္းၿပီးရင္လည္း ဘာဒါ့အဆက္အသြယ္ေတြနဲ႕ ခ်ိတ္ေပးပါ့မယ္
တကယ္ဆို ဂ်ဴေဟ်ာ့က ဘာဒါတို႔အားက်ရတဲ့ စီနီယာပဲဟာကို''
''ေအးပါကြယ္
ဒါနဲ႕ ဘာဒါက ဘယ္ၿမိဳ႕မွာ''
''California ပါ အန္တီ
ဘာဒါ့အမ်ိဳးသမီးနဲ႕ေနတာပါ''
တိတ္ဆိတ္သြားတဲ့ ထမင္းဝိုင္းမွာ
ေဘးကိုငဲ့ၾကည့္လိုက္စရာမလိုပဲ
အေဖအံကို တင္းတင္းႀကိတ္ထားမွာကိုသိလိုက္တယ္။
ဂ်ဴေဟ်ာ့အေမကေတာ့ နားၾကားမ်ားမွားသလားဆိုတဲ့ အၾကည့္နဲ႕ စားပြဲဝိုင္းတစ္ဖက္ျခမ္းကေန လွမ္းၾကည့္ေနတယ္။
ဂ်ဴေဟ်ာ့ကေတာ့ ႀကိဳသိၿပီးသားဆိုေပမယ့္
တကယ္ႀကဳံေတာ့ မ်က္ႏွာပူတယ္ထင္ပါတယ္။
ေခါင္းငုံ႕ထားတယ္။
''ဟိုမွာ အိမ္ဝယ္ထားတယ္ အန္တီ
ဘာဒါ့အမ်ိဳးသမီးနဲ႕ေနတယ္
ဒီလထဲပဲ Weddingရွိတယ္
ဒီေန႕ေတာင္ မဟုတ္ရင္ သူ႕ကိုေခၚလာပါတယ္
မေန႕က မနက္က ျပန္ႏွင့္လို႔ေလ
မဂၤလာရက္ကလည္း နီးေနၿပီမို႔လို႔
ဘာဒါက အေမ့Operationၿပီးမွ လိုက္သြားမလို႔က်န္ခဲ့တာ''
''ေန..ေနပါဦး
မိန္းမယူထားတယ္လို႔ေျပာေနတာလား''
''အီဘာဒါ..
ေပါက္ပန္းေလးဆယ္ေတြေျပာတာေတာ္လိုက္ေတာ့
အိပ္မက္မက္မေနနဲ႕
လူႀကီးေတြနဲ႕ေတြ႕တာ အေရးမပါတာေတြမေျပာနဲ႕''
''ခဏေလး..
ဂ်ဴေဟ်ာ့ မင္းေရာသိလား''
''ဂ်ဴေဟ်ာ့လည္းသိပါတယ္အန္တီ
တကယ္ေတာ့ ဘာဒါလည္း ဒီမွာအေျခခ်ခ်င္တာေလ
အမ်ိဳးသမီးအလုပ္ကို အေဖက လိုက္ဖ်က္ေနလို႔ ဟိုမွာေနမယ္လုပ္လိုက္ၾကရ..''
ထထြက္သြားတဲ့ ဂ်ဴေဟ်ာ့အေမေနာက္ကို ဂ်ဴေဟ်ာ့နဲ႕ သူ႕အေဖနဲ႕အေျပးလိုက္သြားတယ္။
''အီဘာဒါ..''
လူေတြသိမွာစိုးလို႔ထင္ပါတယ္။
သည္းခံၿပီး ေရွ႕ကထြက္သြားတဲ့အေဖေၾကာင့္
အခန္းထဲ တစ္ေယာက္ထဲက်န္ခဲ့တယ္။
စားလက္စကို ၿပီးေအာင္စားၿပီးမွ အိမ္ျပန္လာခဲ့လိုက္တယ္။
အေမသိရင္ေတာ့ အ႐ြဲ႕တိုက္တာလည္း
အေဖနဲ႕တူတယ္လို႔ေျပာဦးမွာ။
ၿခံထဲကားေမာင္းဝင္လိုက္တာနဲ႕ parkingက အေဖ့ကားကို ေတြ႕ရတယ္။
ျပန္ေရာက္ေနၿပီေပါ့။
parkingထိုးၿပီး အိမ္ထဲဝင္ေတာ့ ဧည့္ခန္းမွာ ဘယ္သူမွမရွိ။
အေပၚတက္မယ္လုပ္ေတာ့
အေဒၚႀကီးက လိုက္ေျပာတယ္။
''မမေလး ဥကၠ႒ႀကီးက ျပန္ေရာက္ရင္ စာၾကည့္ခန္းကို လာခဲ့ဖို႔ေျပာထားပါတယ္''
အေပၚထပ္တက္ေနရာကေန
ခ်က္ခ်င္းျပန္ဆင္းၿပီး
အေဖ့အခန္းတံခါးကို ေခါက္လိုက္တယ္။
''ေဒါက္ ေဒါက္''
''ဝင္ခဲ့''
အခန္းထဲေရာက္ေတာ့
စားပြဲေနာက္မွာ ထိုင္ေနရာက ေျခလွမ္းက်ယ္ႀကီးနဲ႕ ဘာဒါေရွ႕ကို ေရာက္လာတဲ့အေဖ့ရဲ႕
လက္ကို လႊဲလိုက္တာသိၿပီးတာနဲ႕
ပါးက ပူကနဲ။
လည္ထြက္သြားတဲ့မ်က္ႏွာနဲ႕ယိုင္က်သြားတဲ့ ကိုယ္ကိုထိန္းရင္း ငံက်ိက်ိေသြးအရသာကို ရတယ္။
ႏႈတ္ခမ္းေထာင့္က ေသြးကို လက္မနဲ႕သုတ္ရင္း ရယ္ေတာ့
''အီဘာဒါ
မင္းအဆင့္အတန္းကို ဒီလိုျပလိုက္တာလား''
''ဘာကိုလဲ အေဖ''
''လူႀကီးစုံရာေရွ႕မွာ အဓိပၸာယ္မရွိတဲ့စကားေတြေျပာၿပီး ငါ့ကိုသိကၡာခ်လိဳက္တာေပါ့ေလ''
''ေျပာခဲ့တဲ့အထဲ မဟုတ္တာ တစ္လုံးမွ မပါဘူး အေဖ
မနက္ျဖန္ သဘက္ခါ မိန္းမယူမယ့္လူကို ေယာကၤ်ားေပးစားေနတာ ဘယ္သူလဲ အေဖပဲမလား ဒီေလာက္ေတာ့တြက္ထားသင့္တယ္မလား''
''မင္း..''
အကၤ်ီစကို ဆြဲဆုတ္ၿပီး လက္သီးနဲ႕႐ြယ္လာတဲ့အေဖ့ကို အေဖေမြးထားတာ သမီးလို႔ေျပာခ်င္ေပမယ့္ သမီးမို႔လို႔ ေယာကၤ်ားေပးစားတာလို႔ပဲ သူလိုရာဆြဲေတြးမယ့္ပုံ။
''ေျပာရရင္ မိန္းမက ရၿပီးသား
ဒီမွာကတည္းက ရေနတာ အခုမွ မဂၤလာပြဲလုပ္မွာ ဟိုမွာက လက္မွတ္ထိုးလည္းတရားဝင္..''
''ဝုန္းးး''
ေဆာင့္တြန္းလိုက္တာေၾကာင့္ အနားက ခုံကို ေနာက္ျပန္တိုက္မိၿပီး ဘာဒါလဲက်တယ္။
''ဘာျဖစ္ေနၾကတာလဲ''
နာလည္းမနာဘူးလားေတာင္ စဥ္းစားခ်ိန္မရဘူး။
အေမ့အသံၾကားေတာ့ ကုန္း႐ုန္းထမလိုလုပ့ေနေပမယ့္
အေမသာ အေဒၚႀကီးနဲ႕တြဲၿပီးအခန္းထဲေရာက္လာတယ္ ဘာဒါေျခေထာက္က အဆစ္လြဲသြားလို႔လားပဲ ႐ုတ္တရက္မထနိုင္ဘူး။
အဲဒီမွာ အေမက
ဘာဒါ့ကို အေဖရိုက္ေနတယ္ဆိုၿပီး ထင္သြားပုံရတယ္။
တကယ္လည္းဟုတ္ေနေပမယ့္
အရမ္းဆိုး႐ြားတာေတာ့မဟုတ္ပါဘူး။
ဒီေလာက္ေတာ့ ေမွ်ာ္လင့္ထားတယ္ေလ။
''ဘာဒါ သမီး
ဘာဒါ
ဟယ္ ေသြးေတြ''
ႏႈတ္ခမ္းေထာင့္က ေသြးေတြရယ္ မထနိုင္တာရယ္ ေအာ္ႀကီးဟစ္က်ယ္ျဖစ္ေနၾကတာရယ္က
လတ္တေလာေနမေကာင္းျဖစ္ေနတဲ့အေမ့အတြက္ေတာ့ shockရစရာ ကိစၥတစ္ခု။
''မဟုတ္ဘူး အေမ ဘာဒါဘာမွမျဖစ္..
အေမ အေမ''
အေဒၚႀကီးတြဲေပးထားရင္းကပဲ ေပ်ာ့ေခြသြားတဲ့ အေမေၾကာင့္ အေဖလည္း ပ်ာယာခတ္သြားတယ္။
ဘာဒါလည္း သတိလစ္သြားတဲ့အေမ့ကိုစိတ္ပူၿပီး ေဆး႐ုံကိုဖုန္းအျမန္ဆက္ရတယ္။
ကိုယ့္ကိစၥေၾကာင့္ ဆူဆူပူပူျဖစ္တာမို႔လို႔ ပိုၿပီး
စိတ္မေကာင္း။
အဲဒီလိုနဲ႕ ညတြင္းခ်င္း Operation လုပ္လိုက္ရတယ္။
ညလုံးေပါက္ ခြဲခန္းေရွ႕ေစာင့္ရင္း
ရန္ျဖစ္ထားတဲ့ သားအဖႏွစ္ေယာက္ တစ္ေယာက္ကို တစ္ေယာက္စကားလည္းမေျပာမိ။
အေဖကလည္း အိမ္မွာ ေျပာဆိုေနမိလို႔ ေနာင္တရေနပုံဆိုေပမယ့္
ထုတ္ေဖာ္ဝန္ခံမွာေတာ့မဟုတ္ဘူးေပါ့။
မိုးတလင္းခြဲရတဲ့ ခြဲစိတ္မႈက ေအာင္ျမင္တယ္ဆိုေပမယ့္
လူနာက သတိမလည္ေသးပါ။
Heart attack ျဖစ္ၿပီး အသက္မပါသြားတာ ကံေကာင္းတယ္လို႔မွတ္ပါတဲ့။
တေနကုန္အေမ့လူနာခန္းထဲေနေပးျဖစ္တယ္။
အေဖလည္း အလုပ္မသြားဘူး။
အေမ့အခန္းထဲပဲ။
မမကိုေတာ့ ေစာေစာခြဲျဖစ္သြားတယ္လို႔ပဲ လွမ္းေျပာထားလိုက္ေတာ့တယ္။
......
ဘာဒါ့အေမ မေန႕က ခြဲျဖစ္တယ္တဲ့။
တကယ္ေတာ့ ရက္ခ်ိန္းက
ခ်ယ္ေယာင္းတို႔ Wedding နဲ႕ တစ္ပါတ္ေလာက္ကြာေပမယ့္
အခုက သုံးေလးရက္ေလာက္ေစာသြားတာ။
ခ်ယ္ေယာင္းလည္း မဂၤလာဝတ္စုံသြားေ႐ြးတာက အရင္ေ႐ြးတာကို စိတ္တိုင္းမက်သလိုမို႔ Designerေျပာင္းလိုက္ေသးတာ။
ေနရာလည္း Outdoorပဲဆိုေပမယ့္
လူသိပ္မလုပ္တဲ့ေနရာမ်ိဳးကို ေ႐ြးထားၾကတာ။
အျပင္အဆင္ကအစ တစ္ေယာက္ထဲ စဥ္းစားေနရေတာ့ မအားဘူးျဖစ္ေနတာ။
ဘာဒါက ေန႕တိုင္းဘာလိုလဲ အဆင္ေျပလားလာခဲ့ရမလားပဲေမးေနတာမို႔..
အဆင္ေျပတယ္ပဲေျပာၿပီး ဖုန္းလည္းသိပ္မေျပာျဖစ္ဘူး။
သူလည္း သူ႕အေမကိုအခ်ိန္ေပးရမွာပဲဆိုေတာ့ေလ။
အခုေတာ့ ေစာေစာခြဲေပမယ့္ သတိမလည္ေသးဘူးတဲ့။
တခုခုဆိုရင္ ခ်ယ္ေယာင္းကေတာ့ ေနာက္ဆုတ္လိုက္ခ်င္ေပမယ့္
ဘာဒါ့ဘက္ကက်ေတာ့ ေနာက္ဆုတ္တာမ်ိဳးက အေလးမထားသလိုခံစားရလို႔တဲ့။
ဘာဒါက ခ်ယ္ေယာင္းနဲ႕ပက္သက္ရင္ အရာရာေလးနက္လြန္းတယ္။
ခ်ယ္ေယာင္းလည္း ကိုယ့္ဘာသာေတာ့ အေလးအနက္ထားလြန္းသူရယ္လို႔ ခံယူထားေပမယ့္ သူ႕ကိုေတာ့လိုက္မမီပါ။
အေသးအဖြဲေလးကအစ ဂ႐ုတစိုက္ရွိေပးၿပီး
အခ်စ္ခံရတာက ဘယ္လိုဆိုတာ သိေစသူေပါ့။
ဘာဒါအေဖက သေဘာမတူေတာ့
ခ်ယ္ေယာင္းကို ဖြင့္မေျပာေပမယ့္ ေတာ္ေတာ္အားနာေနမွာ။
ခ်ယ္ေယာင္းမိဘေတြက သူ႕ကိုလိုလိုလားလားလက္ခံခဲ့ၾကတာမလား။
အရင္စိတ္နဲ႕ဆိုရင္ေတာ့
မိဘေတြလက္မခံရင္ တြန့္ဆုတ္ေနမိဦးမွာဆိုေပမယ့္
အခုေတာ့ သူ႕ကိုပဲ ၾကည့္ဖို႔ ဆုံးျဖတ္ထားတာမို႔ ..
ဘယ္သူေတြတားတား ေနာက္မဆုတ္ခ်င္ေတာ့ဘူးေလ။
ေနာက္ ၃ ၄ရက္ေလာက္အထိ သတိမလည္ေသးပါ။
''ေမာင္ တို႔ေတြ..''
''ကိုယ္ေစာင့္ၾကည့္ပါဦးမယ္ မမရယ္ ေနာ္''
California မွာပဲ Wedding လုပ္ၿပီး Parisဘက္ကို Honeymoonမယ္တို႔စီစဥ္ထားၾကၿပီ။
လူေတြအမ်ားႀကီးမပါပဲ Private Weddingေလးေပါ့။
''တစ္ေယာက္ထဲ ပင္ပန္းေနမွာပဲ စိုးတာ''
''Maryလည္း လိုက္ေနတာပဲေမာင္ရဲ႕
မပင္ပန္းဘူးေနာ္''
''ကိုယ္ေတာင္းပန္တယ္ေနာ္''
''မဟုတ္ဘူးေလ
ေမာင္အဆင္မေျပမွာပဲစိုးတာ..
ဒီကိုစိတ္ေရာက္ေနရမွာမလား..
အဲဒီမွာ ေသေသခ်ာခ်ာျပဳစုရမွာကို..
မမလည္း ျဖစ္နိုင္ရင္ ျပန္လာၿပီး ကူေပးခ်င္တယ္ေလ''
''အဆင္ေျပမွာပါ မမရဲ႕
ခြဲစိတ္မႈလည္းေအာင္ျမင္တယ္
ေမာင္ၾကည့္လုပ္ပါမယ္ ေနာ္
စိတ္ခ်ေနာ္
ဒီမွာလည္း ေသခ်ာလုပ္ေပးေနတာ စိတ္မပူနဲ႕''
''အင္းး''
''အိမ္နဲ႕အဆက္အသြယ္ရလား''
''ေရာက္ခါစေတာ့ ေျပာျဖစ္တယ္
ခုရက္ပိုင္းေတာ့ မအားတာနဲ႕ေလ..''
''အင္းပါ ဟုတ္ပါၿပီ''
ဖုန္းထဲက သူ႕အသံေလးၾကားရတာ အလြမ္းမေျပလြန္းလို႔
ေျပးေတြ႕လိုက္ခ်င္တယ္။
တစ္ေယာက္ေသာသူေမာင္က မလာရဘူးဆိုလို႔သာေပါ့။
Wedding ေန႕ေရာက္ဖို႔ တစ္ပါတ္ပဲလိုေတာ့တယ္။
ဒီေန႕ ဂါဝန္သြားဝတ္ၾကည့္ရမယ္တဲ့။
ေမာင္ပါရင္ ေကာင္းမွာဆိုေပမယ့္
Maryနဲ႕ပဲ သြားလိုက္ရျပန္တယ္ေလ။
ဒီလိုနဲ႕ ၾကားရက္ေတြလည္း ေမာင့္အေမက သတိမရလာေသးပဲ..
၃ရက္ေလာက္လိုမွ သတိရတယ္..
ေမာင္က Wedding မက်ခင္ တစ္ရက္မွ လာမွာျဖစ္လို႔ ခ်ယ္ေယာင္းတစ္ေယာက္ထဲ ပြဲျပင္ထားတာသြားၾကည့္လိုက္..
လူေတြဖိတ္တာ စုံရဲ႕လား ၾကည့္လိုက္..
ခုံအေရအတြက္ေတြစစ္ၾကည့္လိုက္..
မွာထားတဲ့ပန္းမရလို႔ လိုက္ရွာလိုက္နဲ႕ဗ်ာမ်ားေနတယ္။
မနက္ျဖန္ဆို Wedding ေန႕ဆိုေပမယ့္
ဒီေန႕ ဘာဒါက ေရာက္မလာေသးပါ။
ေလယာဥ္ Delayျဖစ္လို႔ Wedding မနက္မွ ေရာက္မယ္တဲ့။
ေရာက္ရင္ မဂၤလာပြဲကို တန္းလာရေတာ့မွာေပါ့။
တခုခုကို စိုးရိမ္ေနသလို စိတ္ေတြနဲ႕ ညေတာ္ေတာ္နဲ႕အိပ္မေပ်ာ္နိုင္။
မိုးလင္းခါနီး ေမွးကတည္း ခဏအိပ္ေပ်ာ္သြားတယ္။
''
မနက္က် Maryက လာေခၚတယ္။
အနက္ေရာင္ဂါဝန္ဝတ္ထားတဲ့ Maryကို
ဘာလို႔ဝတ္ထားလဲလို႔ေမးခ်င္ေပမယ့္
မေမးမိ။
အလွျပင္ေနရင္း လွမ္းၾကည့္မိေတာ့
ပန္းစည္းက ခ်ယ္ေယာင္းေ႐ြးထားတဲ့ပန္းမဟုတ္ဘူး..
တခုခုအာေစးမိေနသလိုမ်ိဳး
ဘာမွေစာဒကမတက္မိပဲ ေငးေနမိတယ္။
သူေရာက္နိုင္ပါ့မလား..
အျဖဴေရာင္ဂါဝန္ရွည္ကိုဝတ္ရင္း လွေနမလားလို႔မစဥ္းစားမိပဲ ခဏအၾကာမွာျပန္ခြၽတ္ရေတာ့မယ္လို႔ေတြးမိေနၿပီး
ဘာမွမျဖစ္ေသးပဲ ရႈံးပြဲခ်ငိဳခ်င္ေနမိတယ္။
Maryကလည္း အနားမွာ မရွိပဲ တစ္ေယာက္ထဲျဖစ္ေနသလိုခံစားခ်က္နဲ႕..
မဂၤလာအခ်ိန္ေရာက္ေပမယ့္
ဘာဒါေရာက္မလာခဲ့..
ဘာဒါက ခ်ယ္ေယာင္းဆီမလာေတာ့ပါဘူးတဲ့...''
''ဟင့္အင္း..
ေမာင္ေရ..ေမာင္''
ငိုယိုေနရာက ႐ုတ္တရက္ထထိုင္လိုက္ေတာ့
အိပ္ယာထဲမွာဆိုတာကို သတိထားမိတယ္..
အိပ္မက္လား..
အိပ္မက္မက္ေနတာမလား..
တကယ္မဟုတ္ဘူးမလား..
မိုးလင္းေနၿပီ..
Alarmျမည္ေနတာကို ပိတ္လိုက္ၿပီး
မွန္သြားၾကည့္လိုက္တယ္။
အနည္းငယ္မို႔ေနတဲ့မ်က္ခြံက အျပင္မွာလည္း ငိုလိုက္ေၾကာင္းအသိေပးေနတယ္။
စိတ္ေတြေလးေနၿပီး
ငိုထားေတာ့ ေခါင္းကလည္းကိုက္ေနတယ္။
Maryက ေရာက္ၿပီလို႔ဖုန္းဆက္ေတာ့
ေအာက္ဆင္းခဲ့လိုက္တယ္။
အိပ္မက္ထဲကနဲ႕မတူေပမယ့္
Maryဝတ္ထားတာက အနက္ေရာင္။
ကားနဲ႕အထိမသြားပဲ ခဏေလာက္ေၾကာင္ၿပီး ရပ္ေနမိတယ္။
''Ariel လာေလ''
''ေၾသာ္ အင္း''
ကားထဲေရာက္ေတာ့ ေမးရမလားလို႔ေတြးေနမိတယ္။
''စိတ္လႈပ္ရွားေနတာလား''
''အင္း နည္းနည္းေပါ့''
''ဒါက သတို႔သမီးတိုင္းျဖစ္ေနက်ကိစၥပဲမလား
စိတ္ေအးေအးထားေနာ္''
''ဒါနဲ႕ေလ Mary''
''အင္း''
''ဘာမွမဟုတ္ပါဘူး''
ဘာလို႔အနက္ဝတ္ထားလဲလို႔ ေမးရင္ ေၾကာင္ေတာင္ေတာင္နိုင္တယ္မလား။
ဒါနဲ႕ပဲ အိပ္မက္ထဲကလို မေမးျဖစ္ေတာ့ဘူး။
အလွျပင္တဲ့အခန္းကိုေရာက္ေတာ့
ဟိုဟိုဒီဒီေဝ့ၾကည့္မိတယ္။
ပန္းစည္းကိုမေတြ႕မိေတာ့
Maryဝင္လာတုန္း ေမးၾကည့္လိုက္တယ္။
''Mary ပန္းစည္းေရာ''
''ဒီအခန္းထဲမရွိဘူးလား
ခဏေလး ေမးလိုက္မယ္ Ariel''
ခဏၾကာေတာ့
Maryျပန္ဝင္လာတယ္။
လက္ထဲ ႏွင္းဆီျဖဴပန္းစည္းေလးနဲ႕။
ႏွင္းဆီျဖဴေတြျမင္ေတာ့မွ
နည္းနည္းေတာ့ စိတ္ေအးသြားသလိုပါ။
အလွျပင္ေနတုန္း
ဘာဒါ့ကိုဖုန္းဆက္ၾကည့္ေတာ့
ဖုန္းကပိတ္ထားတုန္းပဲ။
ဂါဝန္အျဖဴေရာင္ကို ဝတ္ၿပီး အားလုံးအဆင္သင့္ျဖစ္ေတာ့
Maryကို ေဝ့ဝဲရွာမိတယ္။
Maryဝင္လာၿပီးေတာ့
''Ariel ဘာဒါေရာက္ၿပီ''
ေပ်ာ္သြားတဲ့အေပ်ာ္က ဘာနဲ႕မွ ႏွိုင္းမရ။
သူဝင္လာမလားဆိုတဲ့ေမွ်ာ္လင့္ခ်က္နဲ႕ အခန္းဝကိုၾကည့္လိုက္ေပမယ့္
''တစ္ခါထဲထြက္ခဲ့လို႔ရၿပီ စေတာ့မယ္ေနာ္''
အဝတ္အစားလဲလိုက္ပုံရတဲ့ Maryက Beigeေရာင္ ဂါဝန္ေလးနဲ႕လွေနတယ္။
သူေရာက္လာၿပီဆိုမွ စိတ္ေအးရတယ္။
ရင္ထဲလည္း တလွိုက္လွိုက္နဲ႕။
ေရာက္ပါၿပီဆိုမွ ငိုခ်လိဳက္ခ်င္သလိုမ်ိဴး။
အားတင္းရင္း
အျပင္ကိုထြက္ေတာ့ Maryက လာေခၚေပးတယ္။
ဂါဂန္ကို မရင္း မလဲေအာင္ထိန္းေလွ်ာက္ေနရင္း ေလွ်ာက္လမ္းဆီေရာက္ေတာ့
ခ်ယ္ေယာင္းရဲ႕အေဖ။
''အာပါး??''
အေဖလိုက္လာတာလား။
ၿပဳံးၿပီးၾကည့္ေနတဲ့ အေဖ့မ်က္ဝန္းေတြဆီၾကည့္ရင္း မ်က္ရည္ဝဲရတယ္။
အိုမားေရာလား။
ထိုင္ေနတဲ့လူေတြဆီေဝ့ၾကည့္ၿပီးရွာမိေတာ့
ေရွ႕ကခုံမွာ အိုမားရယ္ ဂြၽန္ေယာင္းရယ္။
တဖက္မွာ ဘာဒါ့အေဖနဲ႕အေမရယ္။
ေလွ်ာက္လမ္းအဆုံးမွာေတာ့
ခ်စ္ရတဲ့ အီဘာဒါရယ္။
အေဖ့အနားကိုေရာက္သြားေတာ့ ဖက္လိုက္မိတယ္။
မထင္ထားဘူးေလ။
မလိုက္ရင္လည္းရပါတယ္လို႔ ေျပာထားေပမယ့္
မိဘေတြေရွ႕မွာ မဂၤလာပြဲလုပ္ခ်င္တာကေတာ့
ကိုယ့္ကိိုကိုယ္အသိဆုံးပဲေလ။
ကိုယ့္ဘက္က
မေျပာျပျဖစ္ေပမယ့္
ျဖစ္ေအာင္လုပ္ေပးတဲ့ သူ႕ကိုအရမ္းခ်စ္ရတယ္။
အီဘာဒါဆိုတာ ခ်ယ္ေယာင္းထက္ ခ်ယ္ေယာင္းအေၾကာင္းကို နားလည္ၿပီး
အစစအရာရာျဖည့္ဆည္းေပးသူတစ္ေယာက္ျဖစ္တဲ့အေၾကာင္း
အခုပိုနားလည္လိုက္ရၿပီထင္ပါတယ္။
အေဖ့လက္ေမာင္းကိုခ်ိတ္ၿပီး
ေလွ်ာက္လမ္းအတိုင္းဝင္လာရင္း
အခုထက္ပိုၿပီး ခမ္းနားတဲ့ ဘဝရဲ႕အခိုက္အတန့္ဆိုတာ ထပ္ရွိနိုင္ပါဦးမလားလို႔ ေတြးမိတယ္။
သူ႕လက္ဆီကိုလႊဲေျပာင္းေပးခဲ့တဲ့အခ်ိန္
အေဖ့ရဲ႕ယုံၾကည္စိတ္ခ်မႈေတြက အထင္းသား။
ႏွစ္ဖက္မိဘကို ဘယ္လိုစည္း႐ုံးလာခဲ့ရသလဲ။
ခ်ယ္ေယာင္းကိုအသိမေပးပဲနဲ႕ေလ။
လက္ထပ္လက္စြပ္ေတြဝတ္ေပးၿပီး
ကတိသစၥာျပဳၿပီးတဲ့အခ်ိန္
ခ်ယ္ေယာင္းႏႈတ္ခမ္းဆီ ခပ္ဖြဖြထိတဲ့ သူ႕ႏႈတ္ခမ္းေတြက အခ်ိဳဆုံးပါပဲ။
....
မဂၤလာပြဲၿပီးေတာ့မွ
သိခ်င္တာေတြ တန္းစီေမးရတယ္။
''ေမာင္
တစ္ေယာက္ထဲ ႀကိတ္ႀကံေနတာေပါ့
ေမာင့္အေမကို ဘယ္လိုေခၚလာလဲေျပာပါဦး''
''၃ရက္ေလာက္ၾကာေတာ့ အေမက သတိရတယ္ မမရဲ႕
အေမနားခ်လိဳ႕ အေဖကလည္း ကိုယ္တို႔ကို လက္ခံေပးမယ္လို႔ေျပာတယ္ေလ
အဲဒါနဲ႕ကိုယ္လည္း ႏွစ္ဖက္မိဘနဲ႕ ပြဲလုပ္ခ်င္တယ္လို႔အေမ့ကိုေျပာၾကည့္တာ
အေမက လက္ခံတယ္..
အေဖ့ကိုလည္း အေမပဲေျပာလိုက္တာ..
အေဖက အေမ စိတ္ညစ္မွာစိုးလို႔ ေခါင္းညိတ္ေပးတာ..
အခုတစ္ေခါက္ အေမသတိလစ္ေတာ့ အေဖလည္း ေတာ္ေတာ္စိုးရိမ္ေနတာေလ
ကိုယ့္ဘက္က ေသခ်ာမွ
မမတို႔ဘက္ကို ေျပာၿပီး ပူဆာရတာေပါ့
မမ မေျပာလည္း ေမာင္ကသိပါတယ္
မိသားစုေတြေတာ့ ပါခ်င္မွာပဲေလ
မေျပာတာကေတာ့ surpriseေပါ့''
''ေမာင္ေရာက္လာတာကိုေတာင္ မမက ေတာ္ေတာ္ေပ်ာ္ေနပါၿပီေမာင္ရယ္''
''ေမာင္ကေတာ့ လာမွာပဲေလ''
''အိပ္မက္ထဲ ေမာင္က မမဆီျပန္မလာေတာ့လို႔တဲ့''
''မျဖစ္နိုင္တာေတြ''
မိဘေတြကို ေနစရာစီစဥ္ေပးၿပီး
တစ္ပါတ္ေလာက္ အတူအခ်ိန္ေပးလိုက္ၾကတယ္။
အိုမားတို႔ျပန္ေတာ့မွ
ခ်ယ္ေယာင္းနဲ႕ဘာဒါနဲ႕
Parisကို အခ်စ္ခရီးစလိုက္ၾကတယ္။
Honeymoonက ခ်ိဳပါတယ္။
Lovebirdေလးေတြအျဖစ္
တစ္သက္လုံးေနခ်င္ပါတယ္ မမေရ။
ၿပီးပါၿပီရွင့္။
ဇာတ္သိမ္းေရးေပးဖို႔ကို အရမ္းၾကာသြားလို႔
ေတာင္းပန္ပါတယ္ေနာ္။
လွလွေလးဇာတ္သိမ္းေပးထားပါတယ္။
Extraက တခ်ိန္ေတာ့ေရးေပးျဖစ္မယ္ထင္ပါတယ္။
ခ်စ္တဲ့
လင္း
(Love you all Readerေလးတို႔😚)