(၄၁)
""အသက်ရယ်...... ကိုယ်""
အသက်ရဲ့ ငိုအက်အက်အသံအဆုံးမှာ ဟန်သစ် ဖြေရှင်းချက်မပေးနိုင်တော့ပေ။ သူ ဂရုမစိုက်တာမဟုတ်သလို သတိမထားတာလည်း မဟုတ်ပါ။ အသက်လေးနဲ့သားလေးဟာ အမြဲတမ်း သူ့ရင်ဘတ်ထဲ ထည့်ထားတဲ့ အသည်းနှလုံးပါ။ သို့ပေမယ့် မဆုံးနိုင်သော ဝတ္တရားတွေ၊ မလွှဲသာသော တာဝန်တွေကြောင့် သူတို့သားမိအတွက် သူ ဖက်လဲတကင်းမရှိပေးခဲ့တာသာ များပါသည်။ ဟုတ်ပါသည်။ သူမှားတယ်။ အသက် မှန်တယ်။
"'ပြန်မယ် မနေတော့ဘူး"'
""မပြန်ရဘူးဆို မပြန်ရဘူး!! ကိုယ်ဂရုစိုက်မယ် အရင်ကထက် အများကြီးပိုချစ်ပါ့မယ် အကုန် အကုန် အသက်လေးရဲ့အလိုကျဖြစ်စေရမယ် နော်""
"'ဟင့်အင်း မစိုက်နဲ့ မချစ်နဲ့ မနေဘူး ပြန်မှာ ပြန်မှာ ပြန်မှာ"'
""အသက်ရေ!! ကလေးရေ""
"'ဂျက်!!!"'
"'ပြန်မှာပဲ ဘာမှလာမပြောနဲ့ အီးးးးဟီးးးး"'
မရမက တားမယ်ဆိုတာ သိပြီးသားမို့ ကယ်ကြီးနှင့် မျက်နှာချင်းမဆိုင်ရဲတော့တာကြောင့် မဏိ ရေချိုးခန်းထဲပြေးဝင်ခဲ့လိုက်သည်။ တမင်တကာ ကယ်ကြီးကို မခံချင်အောင် ဂရုမစိုက်ဘူးလို့ စွပ်စွဲလိုက်ပေမယ့် အဲ့လူကြီးက မဏိရဲ့ ပျော့ကွက်ကိုသိနေသည်။ ကိုယ့်စိတ်ကို ကိုယ်ပဲ သိသည်။ ဘာအပြစ်မှမရှိတဲ့ ကယ်ကြီးရဲ့ အချော့စကားအောက်မှာ ဆက်တောင့်မခံနိုင်ပဲ မဏိ အရည်ပျော်သွားလိမ့်မည်။ ထို့ကြောင့်သာ ဆက်မပြောတော့ပဲ ရေချိုးခန်းထဲ ပြေးဝင်ခဲ့ရတာ။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် မဏိ အိမ်ပြန်ကိုပြန်ရပါမည်။ ဒီအိမ်ရှိ သူစိမ်းတွေကြားမှာ ဆက်နေ၍မဖြစ်တော့။
""ဒုန်းးးး!!!""
""အသက်!! တံခါးဖွင့်စမ်း""
"'မဖွင့်ဘူး"'
""မဆိုးနဲ့နော် ကိုယ့်ဘာသာ ဝင်လာရရင် မင်းမလွယ်ဘူး""
"'မဖွင့်ဘူး မဏိ တစ်ယောက်ထဲနေချင်တယ် လာမရှုပ်နဲ့"'
""တံခါးဖွင့်စမ်း""
"'မဖွင့်ဘူးးး"'
""ကျစ်..... ပြီးတာပဲ ရအောင် ဝင်ပြမယ်""
ရေချိုးခန်းထဲပြေးဝင်သွားပြီး တံခါးမဖွင့်ပေးသည့် အသက်ကြောင့် ဟန်သစ် သော့အပိုကို အမြန်ရှာရသည်။ ဗီရိုအံဆွဲထဲရှိ သော့တွဲကိုယူပြီး အမျိုးစုံလှသော သော့တွေဖြင့် တစ်ခုပြီးတစ်ခုဖွင့်ကြည့်ပေမယ့် ရေချိုးခန်းတံခါးဟာ အရာမယွင်း။ သော့ဂလောက်သံကြောင့် ထင်ပါရဲ့။ ရေချိုးခန်းထဲမှ ဝင်မလာနဲ့ဆိုသော အသက်ရဲ့ အသံဟာ စူးတောက်ဆူညံနေ၏။ များပြားလှသော သော့တွေကြောင့် သူ ကံကောင်းသွားသည်။
""ကျွီ!!!!""
"'အေမ့..... အာ့"'
"'ဗွမ်းးး!!!!"'
""ဟာ!! အသက်""
ရေချိုးခန်းထဲ ဝင်ရုံပင်ရှိသေး ဗွမ်းခနဲဆို ကြွေဇလုံထဲသို့ အရှိန်လွန်ပြီး နောက်ပြန် ပြုတ်ကျသွားသည့် အသက်ကြောင့် ဟန်သစ် လှမ်းဆွဲမခင်တော့ပေ။ အနောက်ဆုတ်နေရင်းကနေ အရှိန်လွန်ကာ ကြွေဇလုံထဲ ထိုင်ရက် ပြုတ်ကျသွားတာမို့ ခါးတွေဘာတွေနာကုန်မှ ဒုက္ခ။ စိုးရိမ်စိတ်ဖြင့် ကမန်းကတန်း လျှောက်သွားရင်း ရေဇလုံထဲမှ သူမလေးကို ပွေ့ချီရန်ပြင်လိုက်တော့ လက်ကိုရိုက်ချပြီး စောက်ကလေးက မလိုက်ပဲ ဂျစ်တီးဂျစ်ကန်လုပ်သည်။
"'မချီနဲ့ မလိုက်ဘူး အဟွတ် ဟွတ်"'
""ဟော ရေတွေစိုကုန်ပြီလေ အသက်ရဲ့ ဘာလဲ ကိုယ့်ကို မြူဆွယ်နေတာလား ပြော""
"'ဘာ!!! ကယ်ကြီး ရှင်ကြီး နှာဘူး"'
ရေစိုသွားတာကြောင့် အဝတ်တွေက အသားနှင့်တပြေးညီ ကပ်နေတာကို သေချာကြည့်နေသည့် ကယ်ကြီးကြောင့် လက်ကလေးယှက်ကာ ဖုံးရင်း မဏိ ခပ်စူးစူးအော်လိုက်သည်။ လူကို ခါးထောက်ကာကြည့်နေသည့် ကယ်ကြီး၏ မျက်နှာက ရယ်ကျဲကျဲ။ ဒင်း ထွက်မသွားမချင်း ရေစိုတဲ့လက်စနဲ့ ကြွေဇလုံထဲ ဆက်ထိုင်နေရုံသာရှိသည်။ မဟုတ်ရင် ရေထဲမှ ထွက်သည်နှင့် အသားမှာကပ်နေသည့် အဝတ်တွေကြောင့် အရှေ့ကို တွေးမရဲတော့ဘူး။
""ကိုယ် အသက်ကို သိပ်ချစ်တာမို့ အသက်မရှိရင် ဘယ်လိုနေရမလဲဟင် ကိုယ့်လိုပဲ အသက်လဲ မနေနိုင်ဘူးမလား အဲ့တာကြောင့် မသွားပါနဲ့ကွာ""
"'......."'
ပြောလည်းပြော ကြွေဇလုံထဲကနေ စွေ့ခနဲပွေ့ချီလိုက်တာမို့ သူ့ခါးကို ခြေခွချိတ်ပြီး လည်ပင်းကို လက်ဖြင့်ဖက်တွယ်လိုက်ရင်း မဏိ ခပ်တွေတွေသာ ပြန်စိုက်ကြည့်လိုက်သည်။ တစ်ကိုယ်လုံးရေရွှဲနေတာမို့ သူလည်း စိုသွားမှာအသေအချာပင်။ ဟုတ်သည်။ သူ့လိုပဲ မဏိလည်း မနေနိုင်ပါဘူး။ သို့ပေမယ့် ဒီအိမ်မှာလည်း မနေချင်တော့ဘူး။ ဘာလုပ်ရမလဲ။ မဏိ အနေနဲ့ ဘာလုပ်ရမလဲ။
""ပြွတ်စ်""
ရေစိုထားတာကြောင့် စိုအိနေသည့် နှုတ်ခမ်းဖူးဖူးလေးကို နမ်းရှိုက်လိုက်တော့ အသက်သည် မငြင်းပါ။ လည်ပင်းကို ခပ်ကျပ်ကျပ်တိုးဖက်လာပြီး တုံ့ပြန်နမ်းလာသည်မို့ ဟန်သစ် ကျေနပ်သွားရသည်။ ခါးကိုခွဖက်ထားသည့် တင်ပါးလုံးလုံးလေးကို လက်ဖြင့် ညှစ်ရင်း လျှာဖျားလေးကို စုပ်ယူဆွဲသွင်းလိုက်တော့ သူမလေးဟာလည်း အလိုက်သင့်ပါလာသည်။ မွတ်သိပ်သော အနမ်းတွေကြား တစ်စတစ်စနှင့် သူ လည်တိုင်ကျော့ကျော့လေးဆီ ကျူးကျော်လိုက်၏။ အသည်းယားစွာဖြင့် ဖြူနုနု လည်ပင်းလေးကို ကိုက်ချလိုက်တော့.....။
"'အာ့ အင့်"'
""ဒီမှာထိုင် အဝတ်လဲမှဖြစ်မယ် အသက်ရဲ့ အအေးပတ်လိမ့်မယ်""
ရေစိုစိုနှင့် အသက်လေး ဖျားသွားမှာစိုးတာမို့ သွေးသားဆန္ဒတပ်မက်ဇောကို ဟန်သစ် တိခနဲ ရပ်ပစ်လိုက်ပါသည်။ တန်ဆာပလာတွေတင်ထားသည့် ခုံစွန်းပေါ် သူမလေးကို တင်ပေးရင်း အဝတ်အစားလဲပေးရန်ပြင်ရ၏။ နဂိုအတိုင်း ရင်ဖုံးပဲဝတ်တတ်သည့် အသက်ရဲ့ အဝတ်တွေကို ချွတ်ပေးလိုက်တော့ မိမွေးတိုင်း ဖမွေးတိုင်းပေါ်လာသည့် ခန္ဓာကိုယ်က သားရဲ့မေမေလို့ မထင်ရလောက်အောင် ချပ်ချပ်ရပ်ရပ်ရှိလွန်းသည်။ ရှိုက်ကြီး ရှိုက်ငယ် အသွယ်သွယ်ကို မျက်တောင်မခပ်တမ်းငေးရင်း အသင့်ရှိနေသည့် bathrobeကိုဝတ်ပေးလိုက်ချိန်ထိ သူ့မှာ တံတွေးမြိုချနေရလေ၏။
""လာ စိတ်အေးလက်အေးရှိသွားရအောင် သားနဲ့အတူတူ တရေးလောက် အိပ်ကြရအောင်နော် ကိုယ်လဲ အဝတ်လဲပြီးရင် အိပ်မှာ""
"'အခုတခါတည်းလဲလိုက်လေ"'
""အသက် ရှက်နေမယ်လေ""
"'ကျောခိုင်းထားပေးမယ် ရေစိုထားတာဆိုတော့ တခါတည်းလဲလိုက်"'
""ဟုတ်ပါပြီ ကိုယ့်မိန်းမ သဘော ဒါလေးယူထားပေး""
"'ကျောပေးပြီ လဲတော့"'
ကယ်ကြီး ကိုင်ခိုင်းထားသည့် အဖြူရောင်ပွပွ အင်္ကျီကြီးကို ပိုက်ထားရင်း မဏိ အခန်းတံခါးရွက်ကို မျက်နှာချင်းဆိုင်လိုက်သည်။ အနောက်မှ ကယ်ကြီးကတော့ အဝတ်လဲနေလောက်မည်။ လက်လှုပ်သံ၊ အင်္ကျီကြယ်သီးဖြုတ်သံ တိုးတိုးနှင့် ဇစ်ဖြုတ်သံသဲ့သဲ့တို့ကြောင့် အလိုလိုနေရင်း မျက်လုံးတွေ မှိတ်ထားလိုက်မိသည်။ ဘာကို ရှက်နေမိသနည်း။ သားပင် ဘဝထဲရောက်လာလို့ အိမ်ထောင်သက်လည်း မနည်းတော့ပါ။ ဒါတောင် ကယ်ကြီးရဲ့ အစိတ်အပိုင်းတွေနှင့် ထိတွေ့မိရင် ရှက်တုန်း ရွံ့တုန်းပဲ။
•••••••••••
"ဘာပြောတယ် အဟက်!!! မဏိသက်က သူ့ရွာသူပြန်တော့မယ် ဟုတ်လား"
"'အင်း"'
"အဟင်း ဟင်း ကောင်းရော ငါတို့တောင် ဘာမှထပ်မလုပ်ရသေးဘူး"
"'ဘာကောင်းတာလဲ နီနီရဲ့ ဟိုက ဘာအကြံအစည်နဲ့ပြန်မှန်းလဲ မသိပဲ ဟိုခွေးသားလေးကိစ္စနဲ့ ငါတို့ဆီကို ငယ်လေး မရောက်လာတာ ထူးဆန်းမနေဘူးလား နီနီ"'
"သူကမေတ္တာရှင်ကြီးပါ မြိုင်ရဲ့ နှလုံးလှတဲ့ မေတ္တာရှင်ကြီးလုပ်ပြီး သိသိကြီးနဲ့ မလာတာနေမှာပေါ့ နင်ပဲကြည့်လေ နည်းနည်းလေးတောင်းပန်လိုက်တာနဲ့ အေးဆေးဖြစ်သွားတာပဲကို"
"'မဟုတ်သေးဘူး ပြီးတော့ ယုခိနဲ့ မဏိသက်ကို အထင်လွဲအောင်ဘယ်လိုလုပ်လုပ် သူတို့နှစ်ယောက်က အဆင်ပြေနေကြတုန်းပဲ"'
နည်းနည်းလေး စူလာပြီဖြစ်သည့် ဗိုက်ကို လက်ဖြင့်စမ်းရင်း မြိုင် အတွေးတချို့ကို အန်ချလိုက်သည်။ အချိန်နှင့် ဒီရေသည် လူကိုမစောင့်ဆိုသလို ဒီဗိုက်ကြောင့် သူမဟာ အပြင်မထွက်ရတာကြာခဲ့ပြီ။ ကလေးအဖေဆိုသည့် တာဝန်ယူမှု တာဝန်ခံမှုမရသေးတာမို့ ပတ္တမြားအိမ်တော်မှာ သောင်တင်နေရခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မိမိဘဝကို တဖက်စောင်းနင်းလုပ်ထားသည့် လူ၏ အိမ်ပေါ်ထိ တက်နေနိုင်တာဆိုတော့ သူမဟာ ကံကောင်းသေးတယ်လို့ ဆိုရမည်မဟုတ်လား။ သို့ပေမယ့် ဒီလောက်နှင့် ကျေနပ်ရလောက်အောင် ပန်းမြိုင်လယ်ဆိုသည့် မိန်းမသည် ငတုံးမဟုတ်ပေ။ အနည်းဆုံးတော့ ပတ္တမြားအိမ်တော်၏ သခင်ကြီးရဲ့ ဒုတိယဇနီးမယားတစ်ယောက် ဖြစ်လာရမှာပဲ။ နီနီကတော့ မေးလေးထောက်ကာ စဉ်းစားနေဟန်ရှိ၏။
"အဲ့တာ ဘာဖြစ်လဲ"
"'ယုတ်မာတဲ့လက်စနဲ့ ယုခိကို အဆုံးစွန်ထိ ယုတ်မာခိုင်းလိုက်တော့မယ် နီနီ ဒါမှပဲ သူတို့နှစ်ယောက်ကို မြန်မြန်အထိနာစေမှာ"'
"ဆိုလိုတာက!!!"
"'အင်း အဲ့အတိုင်းပဲ"'
စကားသံအဆုံး ကောက်ကျစ်စဉ်းလဲသည့် အပြုံးတွေကို ပန်ဆင်လိုက်ကြသည့် မိန်းမလှနှစ်ဦး။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးနေကြသည်က မြင်ရသူအဖို့ ကြက်သီးထစေလောက်သည်။ ထိုအပြုံးသည် လူယုတ်မာအပြုံး။ ပြင်ဆင်ခြယ်သထားတာကြောင့် လှပကျော့ရှင်းနေသည့် မျက်နှာနှင့်မှမလိုက်ပဲ ထိုမိန်းကလေးနှစ်ယောက်ဟာ လူယုတ်မာတွေဖြစ်တယ်လို့ ဘယ်သူကထင်မလဲ။
••••••••••
"ဟင့် အင်းးးးး"
""ကျွတ်စ် ကျွတ်စ် အိပ် အိပ် ဖေ့သားလေး""
အိပ်နေရာမှ လွန့်လူးလာသည့် သား၏ တင်ပါးလေးကို ခပ်ဖွဖွလှမ်းပုတ်ပေးရင်း ဟန်သစ် ပြန်ချော့လိုက်ရသည်။ ထို့နောက် သားက ဘေးစောင်းလေးလှည့်သွားကာ ပြန်အိပ်သွားသည်။ ကလေးကြီးကို ရင်ခွင်ထဲပိုက်ထားရတာမို့ သားကို လက်တဖက်ဖြင့်သာ လှမ်းပြီး စောင်ခြုံပေးရသည့်အဖြစ်က သိပ်တော့အဆင်မပြေလှပေ။ အသက်ကလည်း အိမ်ပြန်မယ်ဆိုပြီး တဂျီဂျီ ဂျီကျလို့ဝမှ အိပ်ပျော်သွားတာမို့ နိုးသွားမှာလည်း စိုးသည်။ သူဝတ်ထားပေးသည့် bathrobeကိုမလဲပဲ စောင်ပုံကြားကွေးနေသည့် သူ့ကလေးဆိုးလေး၏ မျက်နှာဟာ ချစ်စရာကောင်းသည်ထက် ပိုပါသည်။ တကယ်ကို သူ့ချစ်မဝလေးပင်။
"'အင့် ဟာ!! ဘယ်ချိန်ရှိပြီလဲ အိမ်ပြန်ရမယ်"'
""အသက်!! သားအိပ်နေသေးတယ် ဖြေး....""
"အဟင့် အူးးးးဝါးးးး"
"'ဟယ် သား ဥုံဖွ ဥုံဖွ ဝူးးးးး ဖွ ဖွ ထိမိသွားတာလား"'
အပူလောင်ထားသည့် ခြေထောက်လေးကို သမံကာလျှံကာနိုင်လွန်းပြီး လက်နှင့် ထိမိသွားတာမို့ မဏိ အတော်လေးဝမ်းနည်းသွားရသည်။ သားခမျာ ဘယ်လောက်နာသွားလဲမသိ။ အသံပျောက်မတတ်ပင် အော်ငိုနေ၏။ တော်သေးသည်။ ရေကြည်ဖုလေး မပေါက်သွားလို့။ ကမန်းကတန်း ကောက်ထလိုက်ပြီးမှ ဘေးမှာသားအိပ်နေမှန်းသိတော့တာ။
""သားက ဘာဖြစ်ထားတာလဲ ဟမ့်""
"'ဘယ်ချိန်ရှိပြီလဲ ကားမမှီတော့ပဲ နေဦးမယ် ကျစ်"'
"အဟင့် အင့် ဟင့်"
"'တိတ်ပါ သားရယ် မေမေတို့အိမ်ပြန်ရအောင်နော်"'
""အနာကြောင့် ငိုနေတဲ့ သားကိုနို့တိုက်ဖို့တောင် အချိန်မရှိတော့ဘူးလား အသက် အဲ့လောက်တောင် ကိုယ့်နဲ့ မနေချင်တော့တာလား""
မတိတ်တော့စတမ်း ငိုနေသည့် သားကို လုံးဝ ငဲ့မကြည့်ပဲ အဝတ်ထုပ်တွေကို စုနေသည့် အသက်ကြောင့် ဟန်သစ် စိတ်ရှုပ်စွာ အပြစ်တင်လိုက်သည်။ စိတ်လဲတိုသလို စိတ်မကောင်းလည်းဖြစ်ရ၏။ ဖြစ်နေလိုက်တာလေ။ အိမ်ပြန်ဖို့အရေးကို အဲ့သည်လောက်ထိ ဖြစ်ပျက်နေစရာလိုလို့လား။ ကုတင်ပေါ်ကနေ မျက်နှာသေဖြင့် စိုက်ကြည့်လိုက်တော့ စောက်ကလေးက မျက်လုံးပြူးတွေနှင့် ပြန်ကြည့်လာပြီး......။
"'သားအတွက် ဆေးလိုချင်တယ် ကယ်ကြီး အပူလောင်ထားတာအတွက် မြန်မြန်အနာကျက်တာလေး မသွားခင် လိုချင်လို့ ရှာပေးပါလား"'
"အင့် အု"
""ဘယ်လိုဖြစ်ထားတာလဲ မေးနေတာ မဖြေဘူးနော်""
"'ကော်ဖီပူစင်ထားတာ"'
""ဒီလောက်တောင်ပဲဖြစ်သွားတာလား ဘယ်သူ့ကြောင့်လဲ အိမ်ပြန်မယ်ဆိုတာက အဲ့ကိစ္စနဲ့ဆိုင်လား အသက်""
"'ဘာမှမဆိုင်ဘူး ဘာကိုဆိုင်ရမှာလဲ"'
သားရဲ့ ရေကြည်ဖု အနာတဝိုက်ကို သေချာကြည့်နေပြီး အကဲဆတ်စွာ မေးလာသော ကယ်ကြီးကြောင့် မဏိ ဘူးခံငြင်းပစ်သည်။ အရိပ်အကဲသိလွန်းသည့် နေရာမှာ ကယ်ကြီးကို ဘယ်တော့မှ လိမ်လို့မရခဲ့ဘူး။
""အဲ့တာဆို ငါ့သားက ဘယ်သူ့ကြောင့် အပူလောင်သွားရလဲ""
"'မဏိကြောင့်မို့ မဏိ အထိန်းမတော်လို့ အိမ်ပြန်တော့မှာ အမေစောင့်နေလောက်ပြီ ကယ်ကြီးရှိနေလို့ မလာသေးတာ"'
""အေး ပြန် ပြန်ရမယ် ရော့ ငါ့ကိုသတ်ပြီးရင် ပြန် ပြန်သွား တသက်လုံးပြန်မလာရတော့ဘူး""
""ကလစ်!!!!""
"'ကယ်ကြီး!!!!"'
ရုတ်တရက် လက်ထဲရောက်လာသည့် ပစ္စည်းကို ကြည့်ပြီး မဏိ သွေးပျက်စွာ အော်လိုက်မိသည်။ အော်သံဘယ်လောက်ကျယ်သွားလဲမသိ။ နို့စို့နေသော သားရဲ့ကိုယ်လေးပင် တုန်တက်သွားလေ၏။ မဏိရဲ့ လက်ညိုးထဲရောက်နေသော သေနတ်ဖြင့် ရင်ဘတ်ကိုထောက်ကာ ခပ်တင်းတင်း ပြောလာသည့် ကယ်ကြီး။ အဲ့အကွေးလေးကို ညှစ်လိုက်မိတာနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကိုလည်း မဏိ သိပါသည်။ သတ်လိုက်တဲ့လား။ ထိုစကားသံကြောင့် ကြက်သီးတဖြန်းဖြန်း ထလာကာ မဏိ ငိုချင်စိတ်ကို မထိန်းနိုင်တော့။
"'အီးးဟီးးး အဲ့လို အကျပ်မကိုင်နဲ့လေ အဟင့်"'
""ငါ့ကိုတောင် အရှင်လတ်လတ်ထားသွားဖို့ ဆုံးဖြတ်နိုင်သေးတာပဲ သတ်လိုက်လေ ဒီမှာကြည့် လွယ်လွယ်လေး""
"'ဟင့်အင်း!!!"'
#ဟယ်ရီ