သူစိမ်းတို့ရဲ့အလယ်မှာ

476 16 3
                                    

(၄၂)

""ပစ်လိုက်""

"'ဟင့်အင်းလို့!!!"'

""ပစ်စမ်းပါ ငါ့ကို တခါတည်းသတ်သွား""

"'မပစ်နိုင်ဘူး သွား!!"'

"'ဒုတ်!!!"'

လက်ထဲမှ သေနတ်ကို ကပျာကယာ လွှင့်ပစ်လိုက်တော့ ကုတင်ခြေထောက်နှင့် သွားထိကာ ဒုတ်ခနဲမြည်သွားသည်။ ကယ်ကြီး၏ လုပ်ပုံကြောင့် အသားတွေပင် တဆတ်ဆတ်တုန်လာရကာ တော်တော်လေးလည်း ခြောက်ခြားသွားမိ၏။ တကယ်လို့များ သားကိုခေါ်ပြီး မဏိ ဇွတ်ထွက်သွားလိုက်လျှင် ကယ်ကြီးသည် ဒီလိုပဲ လုပ်လိုက်ရင် ခက်ရော့မည်။ ဘာကြောင့်လဲ။ ဘာကြောင့်မို့ အဖက်ဖက်ကနေ မဏိကို ကျပ်တည်းအောင် လုပ်နေကြတာလဲ။

"ပေ့ ပေပေရေ ချိ"

""ဟင် ဟင် ချီရမှာလား လာ ချီမှာပေါ့ သားရဲ့""

"ပေပေ နာ နာ ကြည့် နာ"

""ဟာ ကြည့်စမ်း ငါ့သားမှာ အနာရှိနေတာလား ဖေဖေ ဥုံဖွလုပ်ပေးမယ်နော် ဥုံဖွ ဥုံဖွ ပျောက်စေ""

"ခစ် ခစ် ခိ ပေ ရင်ပျံ ရင်ပျံ"

""ဖေ့သားက လေယာဉ်ပျံစီးဖို့လား ဝူးးးးဟူးးး လေယာဉ်ဝတုတ်လေး ပျံနေပြီကွ""

"ခိခိ အဟစ် ဟစ် ခစ် ခစ်"

"'........"'

ချိုင်းကနေ ချီပိုးမြောက်တင်ကာ လေပေါ်ဝေ့ရမ်းရင်း သားနှင့်ဆော့ကစားနေသည့် ကယ်ကြီးကိုကြည့်ပြီး မဏိ ငိုရခက် ရယ်ရခက်ဖြင့် ရူးချင်သလို ခံစားလိုက်ရသည်။ သားလေးက သူ့အဖေနဲ့ဆို အမြဲရွှင်မြူးနေတတ်သည်။ မပီကလာ ပီကလာနဲ့လည်း ဖအေကို ချွဲတတ် ခေါ်တတ်နေပြီ။ အငိုလွယ် အရှိုက်ခက်ဆိုတာက ဒါမျိုးကိုဆိုလိုနေလေသလား။ သားအဖနှစ်ယောက်ကိုကြည့်ပြီး ငိုမိသလား ရယ်မိသလားလည်း မသိတော့။ အယောင်ယောင်အမှားမှားဖြင့် မျက်ရည်သုတ်ရန်အတွက် ပါးကိုစမ်းကြည့်လိုက်တော့ မျက်ရည်တွေပင် ခြောက်သွေ့နေချေပြီ။ ရူးသွားရင်ကောင်းမည်။ အရူးမဆိုပြီး မဏိသက်ဆိုသည့် မိန်းမကို အဖက်မလုပ်ကြတော့ရင် ဒီအနှောင်အဖွဲ့ကြားမှ ကင်းလွတ်ခွင့်ရမည်လေ။ သေချာပေါက် စွန့်ပစ်ကြမယ့် လူတွေအကြောင်းကို သိပြီးသားမို့ ရူးသွားရပါစေ။

သူစိမ်းတို့ရဲ့အလယ်မှာWhere stories live. Discover now