Uni
"ဒီနေ့မင်းမိဘတွေအိမ်ကိုအလည်သွားရမယ့်နေ့ပဲ မင်းသွားဖို့အဆင်ပြေရဲ့လား.."
"..ပြေပါတယ်.."
ဟီနာက အိမ်ကိုသိပ်ပြီးမခုံမင်ပါပေ။ သူက အိမ်ရဲ့အပယ်ခံဖြစ်ပြီး ဝမ်းစာကိုတောင် ကိုယ့်ဘာသာရှာစားခဲ့ရသည်။
တစ်နေ့သူတောထဲ အစာရှာနေတုန်း ထိုခေါင်းဆောင်ဆိုသူနဲ့တွေ့ခဲ့တာဖြစ်သည်။ စတွေ့ခဲ့တဲ့ပုံစံကိုပြန်တွေးမိတော့ သူအလွန်ရှက်သွားတော့သည်။
"စားလေ မျက်နှာနီရဲပါလား..နေမကောင်းဘူးလား"
"ကောင်း..ကောင်းပါတယ်.."
"စားပြီးရင် သွားကြရအောင်.."
"ဟုတ်ကဲ့..ယောက်...ယောင်္ကျား"
ခေါင်းဆောင်ရဲ့ ခမ်းနားလှတဲ့ ဝေါယာဉ်ကြီးက ဟီနာမိဘအိမ်ရှေ့တွင်ရပ်လိုက်သည်။ နှစ်ယောက်သားအထဲ ဝင်လိုက်သောအခါ နားရွက်ချိတ်မတတ်ပြုံးကာ ကြိုဆိုနေတဲ့ သူ့ရဲ့မိသားစုကို ဟီနာတွေ့လိုက်ရသည်။ အရင်တုန်းကတော့ ထိုသူတွေက သူ့ကိုပြုံးပြဖို့နေနေသာသာ တွေ့တာနဲ့ အော်ငေါက်တော့သည်။
"ခေါင်းဆောင်တို့ရောက်လာပါပြီလား အထဲကြွပါ.."
ဟီနာရဲ့အဖေက ဖိတ်ခေါ်လိုက်သည်။ ဟီနာကိုတော့ သူ့အမေက လက်မောင်းကိုဆွဲကာ ခေါ်ခဲ့လိုက်သည်။ သူ့အမေဘေးမှာတော့ သူ့အစ်မ၊ညီမတွေရှိနေသည်။
ဟီနာကျန်ခဲ့တာကြောင့် အာသာကအနောက်လှည့်ကြည့်သေးသည်။
"ခေါင်းဆောင်ဝင်နှင့်ပါ သားလေးက သူ့အမေတွေနဲ့ပြောစရာရှိလို့နေမယ်.."
"အာသာရှေ့မှာပဲပြောပါ ဟီနာနဲ့အာသာက နှစ်ကိုယ်တစ်စိတ်ဖြစ်သွားပြီမို့ ဘာမဆို သိရမှရမှာပါ.."
အာသာကထိုသို့ပြောကာ ဟီနာလက်ကိုကိုင်ကာ ပြန်ဆွဲခေါ်လိုက်သည်။ သူလှည့်ကြည့်စဉ်ဟီနာက မနေခဲ့ချင်သော မျက်လုံးများနှင့်ကြည့်နေတာကြောင့်ဖြစ်သည်။ ပြီးတော့ ဟီနာနဲ့ ဒီအိမ်ရဲ့ဆက်ဆံရေးကိုလည်းသိသည်။
"အမေ ဒီကောင်က ဘဝမေ့သွားပြီ.."
"ဟုတ်တယ်အမေ ယောင်္ကျားရတာနဲ့ ဒီမိသားစုကိုလူမထင်တော့ဘူး.."
ဟီနာအမနဲ့ညီမတွေက သူ့အမေကိုသွေးထိုးနေကြသည်။ ဟီနာ ထိုခေါင်းဆောင်ကြီးနဲ့ယူလိုက်ရင် နှိပ်စက်ခံရမှာလို့ သူတို့က တွေးကာ အတင်းလက်ထပ်ယူစေလိုက်သည်။ အခုတော့ နှိပ်စက်မခံရတဲ့ပင် အရေးပေးတာပင်ခံနေရသေးသည်။ ထို့ကြောင့်သူတို့ မနာလိုဖြစ်ကာ အမေဖြစ်သူကိုသွေးထိုးတော့သည်။
"သူ့ကို အိမ်ခေါ်ခဲ့ပြီး သေချာဆုံးမမှရတော့မယ်.."
"ဟုတ်တယ်အမေ.."
.......
"အာသာ လက်ဆောင်တွေယူလာခဲ့ပါတယ် လူကြီးမင်းတို့ သဘောကျမယ်လို့မျှော်လင့်ပါတယ်"
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်"
"ဟီနာကိုကျေးဇူးတင်လိုက်ပါ သူရဲ့ဆန္ဒအရ ယူလာခဲ့ပါတယ်"
"ကျေး..ကျေးဇူးပါ သား"
ဟီနာအဖေက ဟီနာကိုကြည့်ကာ အင်တင်တင်ဖြင့်ပြောလိုက်သည်။
"ဟုတ်..အဖေ.."
ဒီလက်ဆောင်တွေပါလာတာကို သိတောင်မသိတဲ့ ဟီနာက ကြောင်သွားတော့သည်။ အာသာဘက်လှည့်ကြည့်လိုက်သောအခါ သူ့ကိုမျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။
"ဒါဆို အာသာတို့ပြန်ပါတော့မယ် "
အာသာက ခေါင်းဆောင်တစ်ယောက်ဖြစ်တာမို့ သူ့မှာတာဝန်တွေအများကြီးရှိသည်။ အခုတောင်သူရဲ့ဇနီးလေးကို မျက်နှာမငယ်စေချင်တာကြောင့်လိုက်လာပို့ရတာဖြစ်သည်။
"သားလေးအမေတို့ဆီ တစ်ရက်နှစ်ရက်လောက်နေခဲ့ပါလားကွယ့် မင်းရဲ့ ညီအစ်မတွေကလည်း မင်းကိုသတိရနေတာ.."
ဟီနာထိုသို့ကြားသည်နှင့် အာသာရဲ့ အင်္ကျီစကိုတင်းကြပ်စွာ ဆွဲထားလိုက်သည်။
သူတို့နှိပ်စက်တော့မယ်ဆိုတာကို ဟီနာသိသည်။ သူတို့စိတ်မကြည်တဲ့အခါတိုင်း ဟီနာကိုရိုက်နှက်ကာ စိတ်ဖြေကြသည်။ သားလို့ အခုမှခေါ်ဖူးတဲ့အမေဖြစ်သူကိုလည်း ဟီနာအံ့ဩစွာကြည့်နေမိသည်။ သူတို့ပုံစံက မသ်လျှင် ဟီနာကိုအရမ်းချစ်ကြသလိုပင်။
"ဒါတော့တောင်းပန်ပါတယ် အာသာဇနီးလေးကို ခနလေးတောင်မခွဲနိုင်တာမို့ မထားခဲ့နိုင်ပါဘူး နောက်မကြာမကြာလာလည်ပါ့မယ်.."
"ရပါတယ်ကွယ့် ဒီအမေအိုကလည်း ဟီနာလေးကိုလွမ်းလွန်းလို့ပြောမိတာပါ"
ဟီနာအမေကအလွန်ဝမ်းနည်းသွားတဲ့ပုံစံနဲ့ ခေါင်းငုံ့ကာပြောလိုက်သည်။
"ဒါဆို သွားလိုက်ပါအုံးမယ်.."
ဟန်ဆောင်မျက်နှာဖုံးတပ်ထားတဲ့မိသားစုကို ချန်ခဲ့ကာ အာသာတို့လင်မယားအိမ်ပြန်လာခဲ့သည်။
ဟီနာက တစ်လမ်းလုံး ဘာမှမ ပြောပဲ ငြိမ်သက်စွာလိုက်လာခဲ့သည်။ အိမ်ရောက်မှသာ..
"ကျေးဇူးတင်ပါတယ် ယောင်္ကျား"
"ဒီလောက်ပဲလား"
"ဟမ်.."
"လာခဲ့.."
အာသာက ဟီနာကိုအိမ်ထဲဆွဲခေါ်ကာ နံရံတွင်ကပ်လိုက်ပြီး နှုတ်ခမ်းကိုနမ်းလိုက်သည်။
"အွန့်..အွန်း.."
ဟီနာက မနမ်းတတ်တာကြောင့် အာသာစုပ်ယူခြင်းသာခံနေရသည်။ အာသာက ဟီနာနှုတ်ခမ်းတစ်ခုလုံးကိုစုပ်ယူကာ သူ့လျှာကို ဟီနာပါးစပ်ထဲတိုးဝင်လိုက်ပြီး အတွင်းထဲလှည့်ပတ်လိုက်သည်။
"အွန့်..အွန်း.."
နောက်ဆုံးဟီနာရင်ဘတ်ကိုတွန်းထုတ်မှသာ လွှတ်ပေးသည်။
"ကျေးဇူးတင်ချင်ရင် ဒီလိုတင်.."
"ဟော..ဟဲ.."
ဟီနာကအသက်လုရှုနေရတာကြောင့်ဘာမှမပြောနိုင်တော့ပေ။
.......
ညဘက်တွင် ဟီနာတစ်ယောက်ထဲ ကုတင်ပေါ်ထိုင်နေရသည်။ အကြောင်းကတော့ အာသာက ညနေကတည်းက အလုပ်ရှိတယ်ဆိုပြီး ထွက်သွားတာ အခုထိပြန်မလာသေးတာဖြစ်သည်။
ဟီနာလည်းလုပ်စရာမရှိတာကြောင့် ကျယ်လွန်းတဲ့အိပ်ခန်းကိုသေချာလိုက်ကြည့်နေလိုက်သည်။
သူလျှောက်ကြည့်နေစဉ်အာသာရောက်လာသည်။
"ကိုယ်ရောက်ပြီ.."
"ဟုတ်.."
"ညစာစားပြီးပြီလား"
"ဟုတ်.."
"ကိုယ်ရေချိုးပြီးရင်လာခဲ့မယ်.."
"ဟုတ်.."
ဟုတ်တစ်လုံးသာပြောနေတဲ့ သူ့ဇနီးလေးကိုကြည့်ကာ အာသာပြုံးလိုက်သည်။
'ဟင်းဟင်း ခနနေရင် ဟုတ်နိုင်အံုးမလားကြည့်ကြသေးတာပေါ့ကွာ..'
Vote and comment
Thanks all🌷🖤
Zawgi
Uni
"ဒီေန႕မင္းမိဘေတြအိမ္ကိုအလည္သြားရမယ့္ေန႕ပဲ မင္းသြားဖို႔အဆင္ေျပရဲ႕လား.."
"..ေျပပါတယ္.."
ဟီနာက အိမ္ကိုသိပ္ၿပီးမခုံမင္ပါေပ။ သူက အိမ္ရဲ႕အပယ္ခံျဖစ္ၿပီး ဝမ္းစာကိုေတာင္ ကိုယ့္ဘာသာရွာစားခဲ့ရသည္။
တစ္ေန႕သူေတာထဲ အစာရွာေနတုန္း ထိုေခါင္းေဆာင္ဆိုသူနဲ႕ေတြ႕ခဲ့တာျဖစ္သည္။ စေတြ႕ခဲ့တဲ့ပုံစံကိုျပန္ေတြးမိေတာ့ သူအလြန္ရွက္သြားေတာ့သည္။
"စားေလ မ်က္ႏွာနီရဲပါလား..ေနမေကာင္းဘူးလား"
"ေကာင္း..ေကာင္းပါတယ္.."
"စားၿပီးရင္ သြားၾကရေအာင္.."
"ဟုတ္ကဲ့..ေယာက္...ေယာကၤ်ား"
ေခါင္းေဆာင္ရဲ႕ ခမ္းနားလွတဲ့ ေဝါယာဥ္ႀကီးက ဟီနာမိဘအိမ္ေရွ႕တြင္ရပ္လိုက္သည္။ ႏွစ္ေယာက္သားအထဲ ဝင္လိုက္ေသာအခါ နား႐ြက္ခ်ိတ္မတတ္ၿပဳံးကာ ႀကိဳဆိုေနတဲ့ သူ႕ရဲ႕မိသားစုကို ဟီနာေတြ႕လိုက္ရသည္။ အရင္တုန္းကေတာ့ ထိုသူေတြက သူ႕ကိုၿပဳံးျပဖို႔ေနေနသာသာ ေတြ႕တာနဲ႕ ေအာ္ေငါက္ေတာ့သည္။
"ေခါင္းေဆာင္တို႔ေရာက္လာပါၿပီလား အထဲႂကြပါ.."
ဟီနာရဲ႕အေဖက ဖိတ္ေခၚလိုက္သည္။ ဟီနာကိုေတာ့ သူ႕အေမက လက္ေမာင္းကိုဆြဲကာ ေခၚခဲ့လိုက္သည္။ သူ႕အေမေဘးမွာေတာ့ သူ႕အစ္မ၊ညီမေတြရွိေနသည္။
ဟီနာက်န္ခဲ့တာေၾကာင့္ အာသာကအေနာက္လွည့္ၾကည့္ေသးသည္။
"ေခါင္းေဆာင္ဝင္ႏွင့္ပါ သားေလးက သူ႕အေမေတြနဲ႕ေျပာစရာရွိလို႔ေနမယ္.."
"အာသာေရွ႕မွာပဲေျပာပါ ဟီနာနဲ႕အာသာက ႏွစ္ကိုယ္တစ္စိတ္ျဖစ္သြားၿပီမို႔ ဘာမဆို သိရမွရမွာပါ.."
အာသာကထိုသို႔ေျပာကာ ဟီနာလက္ကိုကိုင္ကာ ျပန္ဆြဲေခၚလိုက္သည္။ သူလွည့္ၾကည့္စဥ္ဟီနာက မေနခဲ့ခ်င္ေသာ မ်က္လုံးမ်ားႏွင့္ၾကည့္ေနတာေၾကာင့္ျဖစ္သည္။ ၿပီးေတာ့ ဟီနာနဲ႕ ဒီအိမ္ရဲ႕ဆက္ဆံေရးကိုလည္းသိသည္။
"အေမ ဒီေကာင္က ဘဝေမ့သြားၿပီ.."
"ဟုတ္တယ္အေမ ေယာကၤ်ားရတာနဲ႕ ဒီမိသားစုကိုလူမထင္ေတာ့ဘူး.."
ဟီနာအမနဲ႕ညီမေတြက သူ႕အေမကိုေသြးထိုးေနၾကသည္။ ဟီနာ ထိုေခါင္းေဆာင္ႀကီးနဲ႕ယူလိုက္ရင္ ႏွိပ္စက္ခံရမွာလို႔ သူတို႔က ေတြးကာ အတင္းလက္ထပ္ယူေစလိုက္သည္။ အခုေတာ့ ႏွိပ္စက္မခံရတဲ့ပင္ အေရးေပးတာပင္ခံေနရေသးသည္။ ထို႔ေၾကာင့္သူတို႔ မနာလိုျဖစ္ကာ အေမျဖစ္သူကိုေသြးထိုးေတာ့သည္။
"သူ႕ကို အိမ္ေခၚခဲ့ၿပီး ေသခ်ာဆုံးမမွရေတာ့မယ္.."
"ဟုတ္တယ္အေမ.."
.......
"အာသာ လက္ေဆာင္ေတြယူလာခဲ့ပါတယ္ လူႀကီးမင္းတို႔ သေဘာက်မယ္လို႔ေမွ်ာ္လင့္ပါတယ္"
"ေက်းဇူးတင္ပါတယ္ ေခါင္းေဆာင္"
"ဟီနာကိုေက်းဇူးတင္လိုက္ပါ သူရဲ႕ဆႏၵအရ ယူလာခဲ့ပါတယ္"
"ေက်း..ေက်းဇူးပါ သား"
ဟီနာအေဖက ဟီနာကိုၾကည့္ကာ အင္တင္တင္ျဖင့္ေျပာလိုက္သည္။
"ဟုတ္..အေဖ.."
ဒီလက္ေဆာင္ေတြပါလာတာကို သိေတာင္မသိတဲ့ ဟီနာက ေၾကာင္သြားေတာ့သည္။ အာသာဘက္လွည့္ၾကည့္လိုက္ေသာအခါ သူ႕ကိုမ်က္လုံးတစ္ဖက္မွိတ္ျပလိုက္သည္။
"ဒါဆို အာသာတို႔ျပန္ပါေတာ့မယ္ "
အာသာက ေခါင္းေဆာင္တစ္ေယာက္ျဖစ္တာမို႔ သူ႕မွာတာဝန္ေတြအမ်ားႀကီးရွိသည္။ အခုေတာင္သူရဲ႕ဇနီးေလးကို မ်က္ႏွာမငယ္ေစခ်င္တာေၾကာင့္လိုက္လာပို႔ရတာျဖစ္သည္။
"သားေလးအေမတို႔ဆီ တစ္ရက္ႏွစ္ရက္ေလာက္ေနခဲ့ပါလားကြယ့္ မင္းရဲ႕ ညီအစ္မေတြကလည္း မင္းကိုသတိရေနတာ.."
ဟီနာထိုသို႔ၾကားသည္ႏွင့္ အာသာရဲ႕ အကၤ်ီစကိုတင္းၾကပ္စြာ ဆြဲထားလိုက္သည္။
သူတို႔ႏွိပ္စက္ေတာ့မယ္ဆိုတာကို ဟီနာသိသည္။ သူတို႔စိတ္မၾကည္တဲ့အခါတိုင္း ဟီနာကိုရိုက္ႏွက္ကာ စိတ္ေျဖၾကသည္။ သားလို႔ အခုမွေခၚဖူးတဲ့အေမျဖစ္သူကိုလည္း ဟီနာအံ့ဩစြာၾကည့္ေနမိသည္။ သူတို႔ပုံစံက မသ္လွ်င္ ဟီနာကိုအရမ္းခ်စ္ၾကသလိုပင္။
"ဒါေတာ့ေတာင္းပန္ပါတယ္ အာသာဇနီးေလးကို ခနေလးေတာင္မခြဲနိုင္တာမို႔ မထားခဲ့နိုင္ပါဘူး ေနာက္မၾကာမၾကာလာလည္ပါ့မယ္.."
"ရပါတယ္ကြယ့္ ဒီအေမအိုကလည္း ဟီနာေလးကိုလြမ္းလြန္းလို႔ေျပာမိတာပါ"
ဟီနာအေမကအလြန္ဝမ္းနည္းသြားတဲ့ပုံစံနဲ႕ ေခါင္းငုံ႕ကာေျပာလိုက္သည္။
"ဒါဆို သြားလိုက္ပါအုံးမယ္.."
ဟန္ေဆာင္မ်က္ႏွာဖုံးတပ္ထားတဲ့မိသားစုကို ခ်န္ခဲ့ကာ အာသာတို႔လင္မယားအိမ္ျပန္လာခဲ့သည္။
ဟီနာက တစ္လမ္းလုံး ဘာမွမ ေျပာပဲ ၿငိမ္သက္စြာလိုက္လာခဲ့သည္။ အိမ္ေရာက္မွသာ..
"ေက်းဇူးတင္ပါတယ္ ေယာကၤ်ား"
"ဒီေလာက္ပဲလား"
"ဟမ္.."
"လာခဲ့.."
အာသာက ဟီနာကိုအိမ္ထဲဆြဲေခၚကာ နံရံတြင္ကပ္လိုက္ၿပီး ႏႈတ္ခမ္းကိုနမ္းလိုက္သည္။
"အြန႔္..အြန္း.."
ဟီနာက မနမ္းတတ္တာေၾကာင့္ အာသာစုပ္ယူျခင္းသာခံေနရသည္။ အာသာက ဟီနာႏႈတ္ခမ္းတစ္ခုလုံးကိုစုပ္ယူကာ သူ႕လွ်ာကို ဟီနာပါးစပ္ထဲတိုးဝင္လိုက္ၿပီး အတြင္းထဲလွည့္ပတ္လိုက္သည္။
"အြန႔္..အြန္း.."
ေနာက္ဆုံးဟီနာရင္ဘတ္ကိုတြန္းထုတ္မွသာ လႊတ္ေပးသည္။
"ေက်းဇူးတင္ခ်င္ရင္ ဒီလိုတင္.."
"ေဟာ..ဟဲ.."
ဟီနာကအသက္လုရႈေနရတာေၾကာင့္ဘာမွမေျပာနိုင္ေတာ့ေပ။
.......
ညဘက္တြင္ ဟီနာတစ္ေယာက္ထဲ ကုတင္ေပၚထိုင္ေနရသည္။ အေၾကာင္းကေတာ့ အာသာက ညေနကတည္းက အလုပ္ရွိတယ္ဆိုၿပီး ထြက္သြားတာ အခုထိျပန္မလာေသးတာျဖစ္သည္။
ဟီနာလည္းလုပ္စရာမရွိတာေၾကာင့္ က်ယ္လြန္းတဲ့အိပ္ခန္းကိုေသခ်ာလိုက္ၾကည့္ေနလိုက္သည္။
သူေလွ်ာက္ၾကည့္ေနစဥ္အာသာေရာက္လာသည္။
"ကိုယ္ေရာက္ၿပီ.."
"ဟုတ္.."
"ညစာစားၿပီးၿပီလား"
"ဟုတ္.."
"ကိုယ္ေရခ်ိဳးၿပီးရင္လာခဲ့မယ္.."
"ဟုတ္.."
ဟုတ္တစ္လုံးသာေျပာေနတဲ့ သူ႕ဇနီးေလးကိုၾကည့္ကာ အာသာၿပဳံးလိုက္သည္။
'ဟင္းဟင္း ခနေနရင္ ဟုတ္နိုင္အံုးမလားၾကည့္ၾကေသးတာေပါ့ကြာ..'
Vote and comment
Thanks all🌷🖤