ရန်သူမှကြင်ယာတော်သို့ { Compl...

By nayyihlawin

22.7K 2.7K 545

အချစ်ကြီး၍အမျက်ကြီးခဲ့သူနှင့် နှလုံးသားနှင့်ရင်းကာချစ်ခဲ့ပြီးအသက်ဖြင့်ရင်းကာမုန်းတီးခဲ့သူ More

1(uni+Zg)
2(uni+Zg)
3(uni+Zg)
4(uni+Zg)
5(uni+Zg)
6(uni+Zg)
7(uni+Zg)
8(uni+Zg)
9(uni+Zg)
10(uni+Zg)
11(uni+Zg)
13(uni+Zg)
14(uni+Zg)
15(uni+Zg)
16(uni+Zg)
17(uni+Zg)
18(uni+Zg)
Final - 19(uni+Zg)

12(uni+Zg)

978 139 20
By nayyihlawin

ဟန်နိုင်ငံတော်မှအပြန် လေးရက်မြောက်နေ့တွင်လမ်းခရီးမှာအနောက်ဒေသ၏တောင်ကြားသို့ ရောက်လာပြီဖြစ်သည်။ ခရီးကြမ်းလမ်းဖြစ်တာကြောင့် ဝေါယဥ်ကို မ ၍သွားရမည့်သူများအတွက်အဆင်မပြေဖြစ်နေသောကြောင့် ထိုနေရာတွင်သာ ဝေါယဥ်သယ်သမားများနှင့်မြင်းထိန်းများကို ဟန်နိုင်ငံသို့ပြန်၍စေလွှတ်လိုက်ပြီး မြင်းကိုယ်စီဖြင့်သာ အနောက်ဒေသနယ်နိမိတ်အထဲသို့ပြန်၍ဝင်လာခဲ့ကြသည်။ ဝေါယဥ်ထဲတွင်လည်း တပူးပူးတကပ်ကပ်လုပ်နေသူက အခုလည်းသူ၏မြင်းအနက်ကြီးပေါ်တွင် သူ့အားအရှေ့တွင်ထိုင်စေသည်။

"ဘယ်လ်ိုတွေဖြစ်နေတာလဲ!! အနောက်မှာ လူတွေရှိတယ်မမြင်ဘူးလား!!"

Jimin သည် အနောက်မှနေ၍နားရွက်အားကိုက်လိုက် ပါးအားဖိနမ်းလိုက်လုပ်နေသူကို စိတ်မရှည်စွာအော်လိုက်တော့သည်။ အရှေ့တွင် ကိုယ်ရံတော်တပ်သားသုံးဦးရှိနေပြီး အနောက်တွင်Han Moနှင့် Ae Suu က ရှိနေသဖြင့် အနေအထိုင်ဆင်ခြင်စေရန် ဟန့်လ်ိုက်သော်လည်းမျက်နှာပြောင်တိုက်စွာ ပို၍တိုးဖက်လာပြီး

"သခင်လေးကလည်း~~~~~ သူများပြုတ်ကျမှာကိုမစိုးရိမ်ဘူးလားဟင်~~"

ရင်ဘက်ကိုလက်ဖြင့်အစုံအဆန်ပွတ်သပ်နေပြီး နားအနားသို့ကပ်ကာငြူစူစူပြောနေသူအား အနောက်သို့လှည့်ကြည့်လိုက်ကာ

"မိန်းမပျိုလေးကပြုတ်ကျမှာကိုကြောက်နေရင် သပ်သပ်မြင်းတစ်ကောင်စီးပါလား.......သပ်သပ်မဲ့မြင်းကိုပင်ပန်းရအောင်လို့"

Jiminသည် သူတို့နှစ်ယောက်အားပိုးထားရသော မြင်းအနက်ကြီး၏ လည်ဆံမွှေးအားလက်တစ်ဖက်ဖြင့်ပွတ်ပေးရင်းပြောလိုက်သည်။ထိုအခါ Jungkookက Jiminအားမှီထားရာမှ လက်တစ်ဖက်ဖြင့်ခါးကိုဖက်ပြီး ကျန်လက်တစ်ဖက်က မြင်း၏လည်ဆံမွှေးကိုပွတ်ပေးနေသော လက်တစ်ဖက်အပေါ်အုပ်မိုး၍ကိုင်လျက်သားပွတ်ပေးကာ

"ဒီကောင်ကို ကျုပ်သေချာမွေးထားတာပါ.......လူနှစ်ယောက်လောက်ကတော့အသာလေးပဲ ဒီကောင်ကကျုပ်လိုပဲသန်မာပြီးကြံ့ခိုင်တယ် အခုဒီအနေအထားအတိုင်းတောင်ပြေးနိုင်တယ်"

ထိုသို့ပြောတော့ မျက်နှာမဲ့ရွဲ့ကာ အနောက်လှည့်ကြည့်လာသူက အသည်းယားစရာအတိပင်။

"မယုံဘူးလား အသင်က"

"မယုံတာတော့မဟုတ်ပါဘူး......ဒါပင်မယ့်ဒီကလေးက်ိုကျေးဇူးတင်တယ်.......ဟိုတစ်ခါတောထဲမှာကျွန်ုပ်ဒဏ်ရာရတုန်းက သမားတော်ဆီအလျင်မှီအောင်ခေါ်သွားပေးလို့လေ"

Jimin က ပြောပြီး မြင်းအနက်ကြီး၏ခေါင်းအားလက်ဖြင့်နှစ်ချက်ပွတ်လိုက်သည်။ ထိုအခါ သူ၏ပခုံးကိုကျော်၍ ခေါင်းကိုငုံ့ကာ ထိုးပေးလာသူကြောင့် အကြောင်သားဖြစ်သွားရသည်။

"ဘာဖြစ်ပြန်တာလဲ"

"ကျုပ်ကိုလည်းပွတ်ပေး!"

မြင်းနှင့်ယှဥ်ကာ ခေါင်းပွတ်ပေးခံချင်နေသောသူကြောင့် Jiminပြုံးလိုက်ကာ အတင်းခေါင်းထိုးပေးနေသူ၏ဆံနွယ်ကို သုံးချက်ဖွပေးလိုက်သည်။

"အရူး!!"

"ကျုပ်လိုရုပ်ချောတယ့်အရူးကို ယောကျာ်းတော်ထားရတာ ဘယ်လောက်ဂုဏ်ယူစရာကောင်းလိုက်လဲအသင်သိလား"

မျက်ခုံးတစ်ဖက်ကိုပင့်ကာပြုံးစစပြောလာသူကြောင့် Jimin အသံထွက်သည်အထိအော်ရီလိုက်သည်။ ထိုအခါJungkook ထံမှလည်းရီသံကထွက်လာသဖြင့် တိတ်ဆိတ်နေသောတောင်ကြားလမ်းတွင် ရီသံမတိုးမကျယ်ကထွက်ပေါ်လာခဲ့သည်။

ညနေ နေဝင်စောင်းအချိန်တွင် အနောက်ဒေသသို့ပြန်ရောက်ကာ ရွာထဲသို့ဝင်လာလိုက်သည်။ Jeonမျိုးနွယ်စု အိမ်တော်ခြံဝိုင်းသို့ရောက်သည့်အခါ Jungkook ကအရင် မြင်းပေါ်မှခုန်ဆင်းလိုက်ပြီး Jiminအားလက်ကမ်းလိုက်သည်။ Jiminသည် ကမ်းပေးထားသောလက်ဖဝါးကိုကြည့်၍ ပြုံးလိုက်ကာ ထိုလက်ဖဝါးကိုဆုပ်ကိုင်၍မြင်းပေါ်မှခုန်ဆင်းသည်။

"ရေချိုးသန့်စင်ဖို့အတွက် ကျုပ်ရေနွေးကျိုပေးမယ်.......အိမ်ထဲမှာစောင့်နေ"

"ခနနား........."

"သခင်လေး ........"

Jungkookအား ခနအနားယူရန်ပြောမည့်အချိန်တွင် မိန်းကလေးတစ်ဦး၏အော်ခေါ်သံနှင့်အတူ သူတို့နှစ်ဦးထံပြေးလာသောမိန်းကလေးတစ်ဦး။ အတိအကျပြောရမည်ဆိုပါက Jungkook ထံသို့ပြေးလာသောမိန်းကလေးတစ်ဦး။ ထိုမိန်းကလေးက အရှိန်ဖြင့်ပြေးလာကာ Jungkook၏ခါးကိုဖက်လိုက်သည့်အတွက် Jungkookက အနောက်သို့ယိုင်ကာဟန်ချက်ပျက်သွားသဖြင့် ဆုပ်ကိုင်ထားစဲဖြစ်သော သူတို့၏လက်နှစ်ဖက်က ပြုတ်ထွက်သွားသည်။ Jungkookသည် သူ့အားဖက်တွယ်ထားသော မိန်းကလေးအားပခုံးမှဆွဲဖယ်ကာတွန်းလွှတ်လိုက်သည်။

"Mi Jar!!!"

"ဟွန့်! သခင်လေးကလည်း......Mi Jar က လာကြိုတာကို"

Jimin သည် သူ၏ခင်ပွန်းအားပိုင်စိုးပိုင်နင်းလုပ်နေသောMi Jar ဆိုသည့်မိန်းကလေးကို ကြည့်မိလိုက်သည်။ သူ့နီးပါးဆံနွယ်အရှည်များရှိနေပြီး မညိုလွန်းမဖြူလွန်းသောအသားအရေက ရွာထဲကမိန်းမပျိုများနှင့်မတူ ထူးခြားနေသည်။

"သခင်ကြီး Jeon က သခင်လေးကို အခေါ်လွှတ်လိုက်လို့ပါနော် Mi Jar က လာခေါ်တာ"

Jungkook ၏ လက်မောင်းကိုတွဲခိုကာ တစ်ကိုယ်လုံးကိုလှုပ်ရမ်းပြောနေသောMi Jar ကြောင့် Jimin က အနောက်သို့လှည့်၍

"Ae Suu......ကျွန်ုပ်နားတော့မယ် အသင်လည်းနားတော့"

"ဟုတ်ကဲ့သခင်လေး"

Jungkookသည် သူ့အားစူးရဲစွာစိုက်ကြည့်ကာထွက်သွားသော Jimin ကြောင့် Mi Jar တွဲခိုထားသောလက်ကိုခါ၍ ရုန်းလိုက်ကာ

"အနေအထိုင်ဆင်ခြင်စမ်း!!!!! ကျုပ်ကြင်ယာအထင်လွဲသွားလို့ကတော့ အ​သေသတ်ပစ်မယ်!!!! Han Mo မြင်းတွေကို စောင်း(ဇောင်း) ပြန်ပို့လိုက်!!!"

"ဟုတ်ကဲ့ပါသခင်လေး"

Mi Jar သည် ဒေါသတကြီးထွက်သွားသော Jungkook ၏ အနောက်သို့ပြေးလိုက်သွားပြန်သည်။

=========================

အိမ်လှေကားပေါ်သို့ ဆောင့်အောင့်ကာတက်လာမိသောသူကိုယ့်သူ သတိမထားမိစွာဖြစ်နေသူက Jimin ပင်။ အိမ်တံခါးအားခြေထောက်ဖြင့်ကန်ဖွင့်လိုက်ပြီး ပြတင်းပေါက်အနားတွင်ရှိသော စားပွဲရှ်ိထိုင်ခုံတွင်ထိုင်နေလိုက်သည်။ လက်သီးနှစ်ဖက်ကိုတင်းနေအောင်ဆုပ်ထားပြီး စားပွဲပေါ်တင်ထားသော လက်တစ်ဖက်ဖြင့်စားပွဲကိုထုချမိလိုက်သည်။

Mi!!! Jar!!!!

=======================

"အဖေ ကျုပ်က်ိုအခေါ်လွှတ်တယ်ဆို"

သခင်ကြီး Jeon သည် Jungkookအား သူ့အရှေ့တွင်ထိုင်စေသည်။

"ဧကရာဇ်နဲ့သွားတွေ့တာ အဆင်ပြေခဲ့လား"

"ပြေပါတယ်......လက်နက်ကုန်ကြမ်းရရင်တော့နောက်တစ်ခေါက်ပြန်သွားရဦးမယ် "

သခင်ကြီးJeon က ခေါင်းတဆတ်ဆတ်ညိတ်လိုက်ပြီး Jungkook ဘေးတွင်ထိုင်နေသော Mi Jar ကိုတစ်ချက်ကြည့်လိုက်၍

"ခရီးမထွက်ခင်က ငါပြောခဲ့တာကိုမမေ့ဘူးလို့ထင်တယ်.......ညစာစားချိန်ကြရင်သူ့ကိုပါခေါ်လာခဲ့"

"ကျုပ် Jiminကို ကိုယ်ဝန်ယူခိုင်းမှာမဟုတ်ဘူး သူကယောကျ်ားသားတစ်ယောက် ပြီးတော့ကျုပ်လည်းကလေးမလိုချင်ဘူး!"

"မျိုးနွယ်စုအတွက် ဆက်ခံမယ့်သူကမရှိမဖြစ်လိုအပ်တယ် Jungkook!!! သူ့ကိုနတ်ဆရာမနဲ့တွေ့ပေးရင်ပေး မဟုတ်ရင် Mi Jar ကို ကြင်ယာတော်မြှောက်ပြီး ကလေးယူလ်ိုက်!!!"

"ကျုပ်ကြင်ယာကJimin တစ်ယောက်ပဲ!!!"

"Jeon Jungkook!!!!!"

သခင်ကြီးနှင့် Jungkook သည် တစ်ယောက်နှင့်တစ်ယောက်အလျှော့မပေးသည့်ပုံဖြင့် အကြည့်စစ်ခင်းနေကြသည်။ Mi Jar က Jungkook၏ လက်မောင်းကိုခပ်ဖွဖွပွတ်၍

"အို သခင်လေးရယ်.....စိတ်ကိုလျှော့ပါနော်......အာ့!!"

Jungkook သည် Mi Jar ၏ လက်ကိိုလက်ကောက်ဝတ်နေရာမှကိုင်ကာ လိမ်ချိုးလိုက်ပြီး

"အသင့်ပါးစပ်ကိုပိတ်ထားလိုက်! နောက်တစ်ခါကျုပ်အသားကိုလာထိရင် နေရာမှာတင်အ​သေသတ်ပေးမယ်!"

"သခင်လေး Mi Jar လက်ကိုလွှတ်ပေးပါ~~~~"

"Jungkook လွှတ်စမ်း!!!"

Mi Jar သည် နာကျင်လွန်း၍မျက်ရည်များပင်ကျလာပြီး သခင်ကြီးJeon ကလည်း Jungkookအား တားလေသည်။သို့သော်Jungkookက Mi Jar ၏ လက်ကိုပို၍လိမ်ချိုးနေသည်။

"Jeon Jungkook!!! လွှတ်လိုက်စမ်း!!!"

ရုန်းရင်းဆန်ခတ်ဖြစ်နေသောအချိန်တွင် သခင်ကြီးJeon အိမ်တော်တစ်ခုလုံးအတွင်းဟိန်းကာထွက်လာသော အသံကြောင့် သခင်ကြီးJeon၊ Jungkookနှင့် Mi Jar သည်အသံလာရာသို့ကြည့်လိုက်သည်။

"လွှတ်လိုက် လို့ ကျွန်ုပ်ပြောနေတယ်!"

မှေးကျဥ်းသောမျက်ဝန်းကစူးရဲစွာစိုက်ကြည့်၍ အမိန့်ပေးလာသောသူ၏ကြင်ယာကြောင့် Mi Jarလက်ကိုလွှတ်ပေးလိုက်သည်။ သခင်ကြီးJeon သည် Jimin စကားကိုနာခံသောသူ၏သားဖြစ်သူကြောင့် ဒေါသတို့ကJiminအပေါ်သို့ပုံချလိုက်သည်။

"အရှေ့ဒေသကသူတွေကလူမှုရေးကိုနားမလည်ကြတာလား!! ကျုပ်အိမ်ထဲကိုဝင်ရင်ခွင့်တောင်းသင့်တယ်မဟုတ်ဘူးလား!!!"

"ကျွန်ုပ် ခင်ပွန်းအနောက်ကျွန်ုပ်လိုက်လာတာ ဘယ်သူ့ဆီကခွင့်တောင်းနေရဥိီးမှာလဲ!!!!!!"

Jiminသည် အိမ်ထဲ၌စောင့်နေရင်း စိတ်မရှည်တော့သည့်အဆုံး သခင်ကြီးJeon အိမ်တော်ဘက်သို့ထွက်လာခဲ့သည်။ အိမ်တော်ထဲသို့ဝင်ရန်ဝင်ခွင့်တောင်းနေသော်လည်း တုံ့ပြန်သံကိုမကြားရတာကြောင့် အိမ်တော်ထဲသို့ဝင်လာရင်းအသံကြားရာအခန်းကို ဝင်ကြည့်ရာ အခုလိုတွေ့ရခြင်းဖြစ်သည်။

"အရိုင်းအစိုင်း!!!! အခုဘယ်သူ့အရှေ့မှာလာအော်နေတာလဲ!!!!"

ဖြောင်း!!!!

Jimin သည် သူ့အရှေ့သို့ဒေါကြီးမောကြီးလျှောက်လာကာ လက်ရွယ်လိုက်သောသခင်ကြီး Jeonကြောင့် ခုခံရန်အသင့်ပြင်ထားသော်လည်း သူ၏အရှေ့တွင်ပိတ်ရပ်လိုက်သောကျောပြင်တစ်ခုနှင့် ကျယ်လောင်သောရိုက်ချက်သံတစ်သံ။

"Jung..... Jungkook"

"အဖေ့ကိစ္စပြီးပြီဆိုရင် ကျုပ်တို့ကိုခွင့်ပြုပါဦး ကျုပ်ကြင်ယာကပင်ပန်းနေပြီအနားယူဖို့လိုတယ်"

Jungkookသည် Jimin၏အရှေ့မှနေကာ သခင်ကြီးJeon၏ ရိုက်ချက်ကိုခံယူလိုက်သည်။

".............."

"သွားမယ် Jimin"

Jungkookသည် Jiminအားပခုံးမှဖက်၍ အိမ်တော်အပြင်သို့ခေါ်လာခဲ့သည်။ ရိုက်ချက်အားပြင်းသည်မှာပါးပြင်က အညိုမဲအရာကသက်သေပင်။

"Jungkook.....အသင့်မျက်နှာက"

"အိမ်ကိုအရင်သွားနှင့် ကျုပ်စားဖိုဆောင်မှာရေနွေးတည်လိုက်ဦးမယ်"

"မျက်နှာကိုဆေးအရင်ထည့်ရမယ်လေ"

"Jimin!!! ကျုပ်စိတ်မတိုချင်ဘူး!!! အိမ်ကိုအရင်သွား!!!"

"မျက်နှာကိုဆေးထည့်ရမယ်လို့ပြော​နေတယ်မလား!!!!"

ခရီးမှပြန်ရောက်ရောက်ချင်း ပင်ပန်းနေသည့်ဒဏ်ဖြင့်စိတ်ခံစားချက်တွေရောနေကာ တစ်ယောက်နှင့်တစ်ယောက်အမြင်မကြည်ဖြစ်နေကြသည်။

"လုပ်ချင်တာကိုလုပ်တော့"

Jiminသည် သူ့အားခါးထောက်ကာစိုက်ကြည့်နေသူအရှေ့မှလှည့်ထွက်လာခဲ့သည်။ တစ်ခါမှအခုလောက်ဒေါသမထွက်ဖူးတယ့်သူ့ကိုယ်သူလည်းနားမလည်ဖြစ်နေသည်။ Jungkookသည်လည်း လှည့်ထွက်သွားသူကိုမျက်စိတစ်ဆုံးလိုက်ကြည့်ပြီးနောက် စားဖိုဆောင်ဘက်သို့ထွက်လာခဲ့သည်။

အိမ်သို့ပြန်ရောက်ပြီး အချိန်တော်တော်အကြာတွင်အငွေ့တထောင်းထောင်းထွက်နေသောရေနွေးအိုးကြီးကိုသယ်လာသောသူက ရေချိုးဆောင်ထဲသို့ သယ်သွားကာရေပူရေအေးစပ်ပေး၍

"ညစာကို အိမ်တော်မှာသွားစားရမယ် "

Jiminသည် ကျောပေးကာထိုင်နေရာမှ တစ်ချက်သာကြည့်၍ ရေချိုးဆောင်ထဲသို့ ဝင်လာခဲ့လိုက်သည်။ တစ်လှည့်စီရေချိုးဆောင်ဝင်ပြီးနောက် သခင်ကြီးJeon အိမ်တော်သို့ပြန်၍ထွက်လာခဲ့ပြန်သည်။ အိမ်တော်အရှေ့သို့ရောက်သည့်အခါ အိမ်တော်အတွင်းရီမောနေသံကိုကြားနေရသည်။ Jiminသည် သက်ပြင်းမောကိုချလိုက်သဖြင့် Jungkookက Jimin၏ လက်ကိုဆုပ်ကိုင်လိုက်ကာ အိမ်တော်အတွင်းသို့ဦးဆောင်ကာဝင်သွားသည်။

Jiminသည်လည်း Jungkook ၏ ဦးဆောင်မှုအနောက်မှလိုက်လာပြီး ထမင်းစားဆောင်ထဲသို့ဝင်လိုက်သည်နှင့် ရီမောစကားပြောနေကြသူများကချက်ချင်းပင်တိတ်ဆိတ်သွားကြပြီး Jimin အား မနှစ်မြ်ို့သလိုကြည့်နေကြသည်။

"မျက်နှာထားတွေကိုပြင်လိုက်ကြ!!! ကျုပ်ကြင်ယာကို အဖေခေါ်လာခိုင်းလို့ခေါ်လာခဲ့တာအသင်တို့မထီမဲ့မြင်လုပ်ဖို့မဟုတ်ဘူး!!!!"

Jungkook က မျိုးနွယ်တွေအားတစ်ယောက်ချင်းစီကြည့်၍ပြောလိုက်သည်။

"ရောက်ပြီဆိုလည်း ထိုင်ကြ"

သခင်ကြီး Jeon က ပြောလိုက်တော့ Jungkookက Jimin၏ လက်က်ိုဆွဲလျက်သားထိုင်ခုံနေရာသို့ခေါ်လာလိုက်သည်။သို့သော် Jungkook၏ ခုံနေရာဘေးတွင်ထိုင်နေသူက Mi Jar ဖြစ်နေသည်။ ခုံကလည်းတစ်ခုံသာလွတ်တော့သည်။ Jiminသည် သူ့အားမျက်နှာမဲ့ကာကြည့်နေသောသခင်ကြီး Jeon ကြောင့်အခြေအနေက်ိုနားလည်သွားသည်။

ကျွန်ုပ်ကိုထပ်ပြီးစော်ကား​တာပဲ!!

"Jimin ဒီမှာထိုင်"

Jungkookသည် သူ၏ခုံအနားသို့Jimin ကိုတွန်းပို့ပေးကာထိုင်စေသည်။ ထိုအခါ သခင်ကြီးJeon က မျက်နှာပျက်သွားသည်ကိုJimin မြင်လိုက်သည်။ Jungkook၏ ခုံနေရာတွင်ဝင်ထိုင်လိုက်ပြီး Jungkookကသူ၏အနောက်တွင်မတ်တပ်ရပ်နေသည်။

"ဒီနေရာက အနောက်ဒေသမျိုးနွယ်စုတွေအတွက်ပါပဲဆိုတာကို ဘယ်လိုမျက်နှာနဲ့ထပ်လာရဲလဲမသိဘူး........"

Jiminသည် သူ့အားခနဲ့တဲ့တဲ့ပြောနေသည့် အမျိုးသမီးကိုတစ်ချက်ကြည့်လိုက်၍

"ကျွန်ုပ်လည်းပြောပြီးသားပါ ဒီလ်ိုအပုပ်အသိုးတွေပဲရှိတယ့်နေရာကကျွန်ုပ်နဲ့မတန်ဘူးဆိုတာကို........ဒါပင်မယ့်ဘယ်လိုလုပ်မလဲ အနောက်ဒေသရဲ့သခင်လေးကိုယ်တိုင်ကဒူးမဖက်ရုံတမယ် တောင်းပန်တိုးလျှိုးပြီးခေါ်လာတော့ အားနာလို့လိုက်လာရတာပါ"

Jimin၏စကားကြောင့် သခင်ကြီးJeonကမျက်နှာပျက်သွားသလို မျိုးနွယ်ဝင်တို့သည်လည်းမျက်နှာပျက်သွားကာ Jungkookကိုမော့ကြည့်နေကြသည်။ Jungkookသည် Jiminပြောသလို ဒူးထောက်ပြီးမတောင်းပန်ခဲ့သော်လည်း မသိသလိုသာနေနေလိုက်သည်။

"ညစာမစားခင်မှာ ကျုပ်ပြောစရာရှ်ိတယ်......"

သခင်ကြီးJeonက Jungkookကိုကာကြည့်ကာပြောလိုက်ခြင်းကြောင့် Jungkookက

"Jimin....... အိမ်ကိုပြန်တော့ ကျုပ်ခနနေလိုက်ခဲ့မယ်"

"Jeon Jungkook!! "

သခင်ကြီးJeonသည် ဒေါသကိုချုပ်တည်းထားပုံရပြီး Jungkookသည်လည်း သူ့အားမသိစေချင်သည့်ဟန်ဖြစ်နေသည်။

စိတ်ကုန်စရာတွေ။

"ကျုပ်ပြောစရာရှ်ိတယ်လို့ပြောနေတယ်မဟုတ်လား မလေးမစားမလုပ်နဲ့!!!!"

Jiminသည် အခန်းထဲမှထွက်သွားရန်အတွက် ထိုင်နေရာမှထရပ်လိုက်ချိန် သခင်ကြီးJeon၏စကားကြောင့် အနည်းငယ်ပြုံးလိုက်ကာ

"ပြောစရာရှ်ိတာပြောလေ ကျွန်ုပ်ကအရှေ့ဒေသမျိုးနွယ်ဝင်မို့ဒီစကားဝိုင်းမှာရှိနေစရာအကြောင်းမရှိဘူးလေ ဟုတ်တယ်မလား"

သခင်ကြီးJeonသည် Jiminအား နတ်ဆရာမနဲ့တိုင်ပင်ကာကိုယ်ဝန်ယူရန် မျိုးနွယ်ဝင်တွေနှင့်အတူဖိအားပေးရန် ကြံစည်ထားသောကြောင့်

"အသင့်ခင်ပွန်းက အနောက်ဒေသမျိုးနွယ်ဝင်ဖြစ်"

"အသင်ကိုယ်တိုင်ပြောခဲ့ဖူးတာကို ပြန်စဥ်းစားကြည့်ပါဦး.........ဦးနှောက်ကိုနည်းနည်းသွေးလိုက်ပါဦး သခင်ကြီး....Jeon"

Jiminသည် ပြောပြီးသည်နှင့် မည်သူ့မျက်နှာမျှမကြည့််တော့ပဲ ထိုအခန်းထဲမှထွက်လာခဲ့လိုက်သည်။ အနောက်ဘက်တွင်သူ့အားအပြစ်တင်ဝေဖန်ပြောဆိုနေသောအသံတွေနှင့် သူ၏ခင်ပွန်းJungkookထံမှ သူ့အားကာကွယ်ပေးနေသောစကားသံတ်ို့ကိုနားထောင်မိရင်း အိမ်တော်အပြင်သို့ရောက်သည်နှင့် လေပူတို့ကိုမှုတ်ထုတ်မိလိုက်သည်။

သူတပါးဒေသ၊သူစိမ်းမျိုးနွယ်စုကြားထဲမှာ ကိုယ့်ကိုလိုလားတယ့်သူတစ်ယောက်ပဲရှိနေရင်တောင် အဲ့ဒီတစ်ယောက်က Jeon Jungkookဖြစ်နေတာကြောင့် စိတ်သက်သာရာရသလို လုံခြုံသည်ဟုလည်းခံစားရသည်။

အိမ်သို့သာပြန်ရန်တွေးထားသော်လည်း ခြံဝိုင်းအပြင်ဘက်တွင်မတ်တပ်ရပ်နေသော Han Moကြောင့်စိတ်ပြေလက်ပျောက်စကားပြောရန် ခြံဝိုင်းအပြင်ဘက်သို့ထွက်လာခဲ့သည်။

လမ်းပေါ်တွင်မီးတိုင်တုတ်များကြောင့်အနည်းငယ်လင်းထိန်နေပြီး လမင်း၏အလင်းရောင်ကြောင့်လည်း အလင်းရောင်ကိုကောင်းကောင်းရနေသည်။

"တစ်ယောက်ထဲဘာလုပ်နေတာလဲ Han Mo"

လက်နှစ်ဖက်ကိုနောက်ပစ်၍ ကောင်းကင်သို့မော့ကြည့်နေသောHan Mo၏ ဘေးတွင်ဝင်ရပ်ကာမေးလိုက်တော့ အလန့်တကြားဖြင့်သူ့အားအရိုအသေပေးလာသည်။

"ကြင်ယာတော်......အာ..ကျုပ်...ဒီနေ့ညရာသီဥတုကအနည်းငယ်ပူနေသလိုခံစားရလို့ လေညှင်းထွက်ခံနေတာပါ.......ကြင်ယာတော်ကရောဒီကိုဘယ်လိုရောက်လာတာပါလဲ"

"ဒီလိုပါပဲ....... "

"ဟုတ်ကဲ့"

အခြေအနေကပြန်၍တိတ်ဆိတ်သွားသည်။ Han Moသည် ကောင်းကင်ကိုသာဆက်၍ငေးနေပြီး Jiminသည်လည်း ပတ်ဝန်းကျင်ကိုဟိုဟိုဒိီဒိီငေးကြည့်ရင်းဖြင့်သူ၏ပခုံးပေါ်သို့ပြုတ်ကျလာသောအရာတစ်ခုကြောင့် ခြံဝိုင်း၏ဂိတ်ပုံစံတံခါးမကြီးကိုမော့ကြည့်မိလိုက်သည်။ လရောင်၏ဖြာထွက်နေမှုကြောင့် Jeon မျိုးနွယ်စုဟူသောစကားလုံးအားရှင်းလင်းစွာမြင်နေရပြီး ဘေးတစ်ဖက်စီတွင်ချိတ်ဆွဲထားသော အရိုးခေါင်းစုနှစ်လုံးကိုလည်းစိတ်မချမ်းမြေ့စရာမြင်နေရသည်။ Jiminမော့ကြည့်နေစဥ်မှာပဲ Han Moသည်လည်း သူ၏ခေါင်းပေါ်သို့လက်ဖြင့်စမ်းကာ Jiminနည်းတူအပေါ်သို့မော့ကြည့်ကာ

"လေတိုက်တော့အရိုးစုတွေကပဲ့ကျနေတာနေမယ်ကြင်ယာတော်........ဒါတွေကကြာလည်းကြာနေပြီဆိုတော့"

"ဒါက ဘယ်သူ့ဥိီးခေါင်းတွေလဲ"

Han Moသည် သူ၏ခေါင်းပေါ်မှ အရိုးစုအပိုင်းအစတို့ကိုလက်ဖြင့်သပ်ချနေရင်းဖြင့်...

"ကျုပ်သေချာတော့မသိပါဘူး......ကျုပ်အဖေပြောတာငယ်ငယ်ကကြားဖူးတာတော့ရှိတယ်.......ဇာမဏိတိုက်ပွဲတုန်းက အရှေ့ဒေသခေါင်းဆောင်နဲ့သူ့ကြင်ယာတော်ရဲ့ဦးခေါင်းဆိုလားပဲ သခင်ကြီးJeonက အောင်ပွဲရလာပြီး ခေါင်းဆောင်ဇနီးမောင်နှံရဲ့ဦးခေါင်းကို ချိတ်ဆွဲထားခဲ့တယ်ဆိုပဲ"

"အခု.......ဘာတိုက်ပွဲလို့ပြောလိုက်တာလဲ~~~"

Han Mo သည် သူ့အားမျက်ထောက်နီဖြင့်ကြည့်ကာမေးနေသောJiminကြောင့် ဂိတ်ဝသို့ပြန်၍မော့ကြည့်ကာ တုန်လှုပ်နေသောJimin ကိုကြည့်၍ Han Mo ကိုယ်တိုင်လည်း တုန်လှုပ်သွားရပြီး အနောက်သို့ယောင်ယမ်းကာခြေလှမ်းပင်ဆုတ်မိသွားသည်။

"ကြင်....ကြင်ယာတော်......"

ခြံဝိုင်းအတွင်းသို့ ပြန်၍ပြေးဝင်သွားသော Jiminကြောင့် Han Moသည် Jungkookကိုအကြောင်းစုံ​ပြောပြရန် Jungkookရှိရာသို့ အမြန်ပြေးထွက်လာရတော့သည်။

===================================

အားလုံးပဲအသွားအလာဂရုစိုက်ကြပါ။အပြင်ထွက်တာတွေလျှော့ကြပါ။

===================================

ဟန္ႏိုင္ငံေတာ္မွအျပန္ ေလးရက္ေျမာက္ေန႔တြင္လမ္းခရီးမွာအေနာက္ေဒသ၏ေတာင္ၾကားသို႔ ေရာက္လာၿပီျဖစ္သည္။ ခရီးၾကမ္းလမ္းျဖစ္တာေၾကာင့္ ေဝါယဥ္ကို မ ၍သြားရမည့္သူမ်ားအတြက္အဆင္မေျပျဖစ္ေနေသာေၾကာင့္ ထိုေနရာတြင္သာ ေဝါယဥ္သယ္သမားမ်ားႏွင့္ျမင္းထိန္းမ်ားကို ဟန္ႏိုင္ငံသို႔ျပန္၍ေစလႊတ္လိုက္ၿပီး ျမင္းကိုယ္စီျဖင့္သာ အေနာက္ေဒသနယ္နိမိတ္အထဲသို႔ျပန္၍ဝင္လာခဲ့ၾကသည္။ ေဝါယဥ္ထဲတြင္လည္း တပူးပူးတကပ္ကပ္လုပ္ေနသူက အခုလည္းသူ၏ျမင္းအနက္ႀကီးေပၚတြင္ သူ႔အားအေရွ႕တြင္ထိုင္ေစသည္။

"ဘယ္လ္ိုေတြျဖစ္ေနတာလဲ!! အေနာက္မွာ လူေတြရွိတယ္မျမင္ဘူးလား!!"

Jimin သည္ အေနာက္မွေန၍နား႐ြက္အားကိုက္လိုက္ ပါးအားဖိနမ္းလိုက္လုပ္ေနသူကို စိတ္မရွည္စြာေအာ္လိုက္ေတာ့သည္။ အေရွ႕တြင္ ကိုယ္ရံေတာ္တပ္သားသုံးဦးရွိေနၿပီး အေနာက္တြင္Han Moႏွင့္ Ae Suu က ရွိေနသျဖင့္ အေနအထိုင္ဆင္ျခင္ေစရန္ ဟန္႔လ္ိုက္ေသာ္လည္းမ်က္ႏွာေျပာင္တိုက္စြာ ပို၍တိုးဖက္လာၿပီး

"သခင္ေလးကလည္း~~~~~ သူမ်ားျပဳတ္က်မွာကိုမစိုးရိမ္ဘူးလားဟင္~~"

ရင္ဘက္ကိုလက္ျဖင့္အစုံအဆန္ပြတ္သပ္ေနၿပီး နားအနားသို႔ကပ္ကာျငဴစူစူေျပာေနသူအား အေနာက္သို႔လွည့္ၾကည့္လိုက္ကာ

"မိန္းမပ်ိဳေလးကျပဳတ္က်မွာကိုေၾကာက္ေနရင္ သပ္သပ္ျမင္းတစ္ေကာင္စီးပါလား.......သပ္သပ္မဲ့ျမင္းကိုပင္ပန္းရေအာင္လို႔"

Jiminသည္ သူတို႔ႏွစ္ေယာက္အားပိုးထားရေသာ ျမင္းအနက္ႀကီး၏ လည္ဆံေမႊးအားလက္တစ္ဖက္ျဖင့္ပြတ္ေပးရင္းေျပာလိုက္သည္။ထိုအခါ Jungkookက Jiminအားမွီထားရာမွ လက္တစ္ဖက္ျဖင့္ခါးကိုဖက္ၿပီး က်န္လက္တစ္ဖက္က ျမင္း၏လည္ဆံေမႊးကိုပြတ္ေပးေနေသာ လက္တစ္ဖက္အေပၚအုပ္မိုး၍ကိုင္လ်က္သားပြတ္ေပးကာ

"ဒီေကာင္ကို က်ဳပ္ေသခ်ာေမြးထားတာပါ.......လူႏွစ္ေယာက္ေလာက္ကေတာ့အသာေလးပဲ ဒီေကာင္ကက်ဳပ္လိုပဲသန္မာၿပီးႀကံ့ခိုင္တယ္ အခုဒီအေနအထားအတိုင္းေတာင္ေျပးႏိုင္တယ္"

ထိုသို႔ေျပာေတာ့ မ်က္ႏွာမဲ့႐ြဲ႕ကာ အေနာက္လွည့္ၾကည့္လာသူက အသည္းယားစရာအတိပင္။

"မယုံဘူးလား အသင္က"

"မယုံတာေတာ့မဟုတ္ပါဘူး......ဒါပင္မယ့္ဒီကေလးက္ိုေက်းဇူးတင္တယ္.......ဟိုတစ္ခါေတာထဲမွာကြၽႏ္ုပ္ဒဏ္ရာရတုန္းက သမားေတာ္ဆီအလ်င္မွီေအာင္ေခၚသြားေပးလို႔ေလ"

Jimin က ေျပာၿပီး ျမင္းအနက္ႀကီး၏ေခါင္းအားလက္ျဖင့္ႏွစ္ခ်က္ပြတ္လိုက္သည္။ ထိုအခါ သူ၏ပခုံးကိုေက်ာ္၍ ေခါင္းကိုငုံ႔ကာ ထိုးေပးလာသူေၾကာင့္ အေၾကာင္သားျဖစ္သြားရသည္။

"ဘာျဖစ္ျပန္တာလဲ"

"က်ဳပ္ကိုလည္းပြတ္ေပး!"

ျမင္းႏွင့္ယွဥ္ကာ ေခါင္းပြတ္ေပးခံခ်င္ေနေသာသူေၾကာင့္ Jiminၿပဳံးလိုက္ကာ အတင္းေခါင္းထိုးေပးေနသူ၏ဆံႏြယ္ကို သုံးခ်က္ဖြေပးလိုက္သည္။

"အ႐ူး!!"

"က်ဳပ္လို႐ုပ္ေခ်ာတယ့္အ႐ူးကို ေယာက်ာ္းေတာ္ထားရတာ ဘယ္ေလာက္ဂုဏ္ယူစရာေကာင္းလိုက္လဲအသင္သိလား"

မ်က္ခုံးတစ္ဖက္ကိုပင့္ကာၿပဳံးစစေျပာလာသူေၾကာင့္ Jimin အသံထြက္သည္အထိေအာ္ရီလိုက္သည္။ ထိုအခါJungkook ထံမွလည္းရီသံကထြက္လာသျဖင့္ တိတ္ဆိတ္ေနေသာေတာင္ၾကားလမ္းတြင္ ရီသံမတိုးမက်ယ္ကထြက္ေပၚလာခဲ့သည္။

ညေန ေနဝင္ေစာင္းအခ်ိန္တြင္ အေနာက္ေဒသသို႔ျပန္ေရာက္ကာ ႐ြာထဲသို႔ဝင္လာလိုက္သည္။ Jeonမ်ိဳးႏြယ္စု အိမ္ေတာ္ၿခံဝိုင္းသို႔ေရာက္သည့္အခါ Jungkook ကအရင္ ျမင္းေပၚမွခုန္ဆင္းလိုက္ၿပီး Jiminအားလက္ကမ္းလိုက္သည္။ Jiminသည္ ကမ္းေပးထားေသာလက္ဖဝါးကိုၾကည့္၍ ၿပဳံးလိုက္ကာ ထိုလက္ဖဝါးကိုဆုပ္ကိုင္၍ျမင္းေပၚမွခုန္ဆင္းသည္။

"ေရခ်ိဳးသန္႔စင္ဖို႔အတြက္ က်ဳပ္ေရေႏြးက်ိဳေပးမယ္.......အိမ္ထဲမွာေစာင့္ေန"

"ခနနား........."

"သခင္ေလး ........"

Jungkookအား ခနအနားယူရန္ေျပာမည့္အခ်ိန္တြင္ မိန္းကေလးတစ္ဦး၏ေအာ္ေခၚသံႏွင့္အတူ သူတို႔ႏွစ္ဦးထံေျပးလာေသာမိန္းကေလးတစ္ဦး။ အတိအက်ေျပာရမည္ဆိုပါက Jungkook ထံသို႔ေျပးလာေသာမိန္းကေလးတစ္ဦး။ ထိုမိန္းကေလးက အရွိန္ျဖင့္ေျပးလာကာ Jungkook၏ခါးကိုဖက္လိုက္သည့္အတြက္ Jungkookက အေနာက္သို႔ယိုင္ကာဟန္ခ်က္ပ်က္သြားသျဖင့္ ဆုပ္ကိုင္ထားစဲျဖစ္ေသာ သူတို႔၏လက္ႏွစ္ဖက္က ျပဳတ္ထြက္သြားသည္။ Jungkookသည္ သူ႔အားဖက္တြယ္ထားေသာ မိန္းကေလးအားပခုံးမွဆြဲဖယ္ကာတြန္းလႊတ္လိုက္သည္။

"Mi Jar!!!"

"ဟြန႔္! သခင္ေလးကလည္း......Mi Jar က လာႀကိဳတာကို"

Jimin သည္ သူ၏ခင္ပြန္းအားပိုင္စိုးပိုင္နင္းလုပ္ေနေသာMi Jar ဆိုသည့္မိန္းကေလးကို ၾကည့္မိလိုက္သည္။ သူ႔နီးပါးဆံႏြယ္အရွည္မ်ားရွိေနၿပီး မညိဳလြန္းမျဖဴလြန္းေသာအသားအေရက ႐ြာထဲကမိန္းမပ်ိဳမ်ားႏွင့္မတူ ထူးျခားေနသည္။

"သခင္ႀကီး Jeon က သခင္ေလးကို အေခၚလႊတ္လိုက္လို႔ပါေနာ္ Mi Jar က လာေခၚတာ"

Jungkook ၏ လက္ေမာင္းကိုတြဲခိုကာ တစ္ကိုယ္လုံးကိုလႈပ္ရမ္းေျပာေနေသာMi Jar ေၾကာင့္ Jimin က အေနာက္သို႔လွည့္၍

"Ae Suu......ကြၽႏ္ုပ္နားေတာ့မယ္ အသင္လည္းနားေတာ့"

"ဟုတ္ကဲ့သခင္ေလး"

Jungkookသည္ သူ႔အားစူးရဲစြာစိုက္ၾကည့္ကာထြက္သြားေသာ Jimin ေၾကာင့္ Mi Jar တြဲခိုထားေသာလက္ကိုခါ၍ ႐ုန္းလိုက္ကာ

"အေနအထိုင္ဆင္ျခင္စမ္း!!!!! က်ဳပ္ၾကင္ယာအထင္လြဲသြားလို႔ကေတာ့ အ​ေသသတ္ပစ္မယ္!!!! Han Mo ျမင္းေတြကို ေစာင္း(ေဇာင္း) ျပန္ပို႔လိုက္!!!"

"ဟုတ္ကဲ့ပါသခင္ေလး"

Mi Jar သည္ ေဒါသတႀကီးထြက္သြားေသာ Jungkook ၏ အေနာက္သို႔ေျပးလိုက္သြားျပန္သည္။

=========================

အိမ္ေလွကားေပၚသို႔ ေဆာင့္ေအာင့္ကာတက္လာမိေသာသူကိုယ့္သူ သတိမထားမိစြာျဖစ္ေနသူက Jimin ပင္။ အိမ္တံခါးအားေျခေထာက္ျဖင့္ကန္ဖြင့္လိုက္ၿပီး ျပတင္းေပါက္အနားတြင္ရွိေသာ စားပြဲရွ္ိထိုင္ခုံတြင္ထိုင္ေနလိုက္သည္။ လက္သီးႏွစ္ဖက္ကိုတင္းေနေအာင္ဆုပ္ထားၿပီး စားပြဲေပၚတင္ထားေသာ လက္တစ္ဖက္ျဖင့္စားပြဲကိုထုခ်မိလိုက္သည္။

Mi!!! Jar!!!!

=======================

"အေဖ က်ဳပ္က္ိုအေခၚလႊတ္တယ္ဆို"

သခင္ႀကီး Jeon သည္ Jungkookအား သူ႔အေရွ႕တြင္ထိုင္ေစသည္။

"ဧကရာဇ္နဲ႔သြားေတြ႕တာ အဆင္ေျပခဲ့လား"

"ေျပပါတယ္......လက္နက္ကုန္ၾကမ္းရရင္ေတာ့ေနာက္တစ္ေခါက္ျပန္သြားရဦးမယ္ "

သခင္ႀကီးJeon က ေခါင္းတဆတ္ဆတ္ညိတ္လိုက္ၿပီး Jungkook ေဘးတြင္ထိုင္ေနေသာ Mi Jar ကိုတစ္ခ်က္ၾကည့္လိုက္၍

"ခရီးမထြက္ခင္က ငါေျပာခဲ့တာကိုမေမ့ဘူးလို႔ထင္တယ္.......ညစာစားခ်ိန္ၾကရင္သူ႔ကိုပါေခၚလာခဲ့"

"က်ဳပ္ Jiminကို ကိုယ္ဝန္ယူခိုင္းမွာမဟုတ္ဘူး သူကေယာက်္ားသားတစ္ေယာက္ ၿပီးေတာ့က်ဳပ္လည္းကေလးမလိုခ်င္ဘူး!"

"မ်ိဳးႏြယ္စုအတြက္ ဆက္ခံမယ့္သူကမရွိမျဖစ္လိုအပ္တယ္ Jungkook!!! သူ႔ကိုနတ္ဆရာမနဲ႔ေတြ႕ေပးရင္ေပး မဟုတ္ရင္ Mi Jar ကို ၾကင္ယာေတာ္ေျမႇာက္ၿပီး ကေလးယူလ္ိုက္!!!"

"က်ဳပ္ၾကင္ယာကJimin တစ္ေယာက္ပဲ!!!"

"Jeon Jungkook!!!!!"

သခင္ႀကီးႏွင့္ Jungkook သည္ တစ္ေယာက္ႏွင့္တစ္ေယာက္အေလွ်ာ့မေပးသည့္ပုံျဖင့္ အၾကည့္စစ္ခင္းေနၾကသည္။ Mi Jar က Jungkook၏ လက္ေမာင္းကိုခပ္ဖြဖြပြတ္၍

"အို သခင္ေလးရယ္.....စိတ္ကိုေလွ်ာ့ပါေနာ္......အာ့!!"

Jungkook သည္ Mi Jar ၏ လက္ကိိုလက္ေကာက္ဝတ္ေနရာမွကိုင္ကာ လိမ္ခ်ိဳးလိုက္ၿပီး

"အသင့္ပါးစပ္ကိုပိတ္ထားလိုက္! ေနာက္တစ္ခါက်ဳပ္အသားကိုလာထိရင္ ေနရာမွာတင္အ​ေသသတ္ေပးမယ္!"

"သခင္ေလး Mi Jar လက္ကိုလႊတ္ေပးပါ~~~~"

"Jungkook လႊတ္စမ္း!!!"

Mi Jar သည္ နာက်င္လြန္း၍မ်က္ရည္မ်ားပင္က်လာၿပီး သခင္ႀကီးJeon ကလည္း Jungkookအား တားေလသည္။သို႔ေသာ္Jungkookက Mi Jar ၏ လက္ကိုပို၍လိမ္ခ်ိဳးေနသည္။

"Jeon Jungkook!!! လႊတ္လိုက္စမ္း!!!"

႐ုန္းရင္းဆန္ခတ္ျဖစ္ေနေသာအခ်ိန္တြင္ သခင္ႀကီးJeon အိမ္ေတာ္တစ္ခုလုံးအတြင္းဟိန္းကာထြက္လာေသာ အသံေၾကာင့္ သခင္ႀကီးJeon၊ Jungkookႏွင့္ Mi Jar သည္အသံလာရာသို႔ၾကည့္လိုက္သည္။

"လႊတ္လိုက္ လို႔ ကြၽႏ္ုပ္ေျပာေနတယ္!"

ေမွးက်ဥ္းေသာမ်က္ဝန္းကစူးရဲစြာစိုက္ၾကည့္၍ အမိန္႔ေပးလာေသာသူ၏ၾကင္ယာေၾကာင့္ Mi Jarလက္ကိုလႊတ္ေပးလိုက္သည္။ သခင္ႀကီးJeon သည္ Jimin စကားကိုနာခံေသာသူ၏သားျဖစ္သူေၾကာင့္ ေဒါသတို႔ကJiminအေပၚသို႔ပုံခ်လိုက္သည္။

"အေရွ႕ေဒသကသူေတြကလူမႈေရးကိုနားမလည္ၾကတာလား!! က်ဳပ္အိမ္ထဲကိုဝင္ရင္ခြင့္ေတာင္းသင့္တယ္မဟုတ္ဘူးလား!!!"

"ကြၽႏ္ုပ္ ခင္ပြန္းအေနာက္ကြၽႏ္ုပ္လိုက္လာတာ ဘယ္သူ႔ဆီကခြင့္ေတာင္းေနရဥိီးမွာလဲ!!!!!!"

Jiminသည္ အိမ္ထဲ၌ေစာင့္ေနရင္း စိတ္မရွည္ေတာ့သည့္အဆုံး သခင္ႀကီးJeon အိမ္ေတာ္ဘက္သို႔ထြက္လာခဲ့သည္။ အိမ္ေတာ္ထဲသို႔ဝင္ရန္ဝင္ခြင့္ေတာင္းေနေသာ္လည္း တုံ႔ျပန္သံကိုမၾကားရတာေၾကာင့္ အိမ္ေတာ္ထဲသို႔ဝင္လာရင္းအသံၾကားရာအခန္းကို ဝင္ၾကည့္ရာ အခုလိုေတြ႕ရျခင္းျဖစ္သည္။

"အ႐ိုင္းအစိုင္း!!!! အခုဘယ္သူ႔အေရွ႕မွာလာေအာ္ေနတာလဲ!!!!"

ေျဖာင္း!!!!

Jimin သည္ သူ႔အေရွ႕သို႔ေဒါႀကီးေမာႀကီးေလွ်ာက္လာကာ လက္႐ြယ္လိုက္ေသာသခင္ႀကီး Jeonေၾကာင့္ ခုခံရန္အသင့္ျပင္ထားေသာ္လည္း သူ၏အေရွ႕တြင္ပိတ္ရပ္လိုက္ေသာေက်ာျပင္တစ္ခုႏွင့္ က်ယ္ေလာင္ေသာ႐ိုက္ခ်က္သံတစ္သံ။

"Jung..... Jungkook"

"အေဖ့ကိစၥၿပီးၿပီဆိုရင္ က်ဳပ္တို႔ကိုခြင့္ျပဳပါဦး က်ဳပ္ၾကင္ယာကပင္ပန္းေနၿပီအနားယူဖို႔လိုတယ္"

Jungkookသည္ Jimin၏အေရွ႕မွေနကာ သခင္ႀကီးJeon၏ ႐ိုက္ခ်က္ကိုခံယူလိုက္သည္။

".............."

"သြားမယ္ Jimin"

Jungkookသည္ Jiminအားပခုံးမွဖက္၍ အိမ္ေတာ္အျပင္သို႔ေခၚလာခဲ့သည္။ ႐ိုက္ခ်က္အားျပင္းသည္မွာပါးျပင္က အညိဳမဲအရာကသက္ေသပင္။

"Jungkook.....အသင့္မ်က္ႏွာက"

"အိမ္ကိုအရင္သြားႏွင့္ က်ဳပ္စားဖိုေဆာင္မွာေရေႏြးတည္လိုက္ဦးမယ္"

"မ်က္ႏွာကိုေဆးအရင္ထည့္ရမယ္ေလ"

"Jimin!!! က်ဳပ္စိတ္မတိုခ်င္ဘူး!!! အိမ္ကိုအရင္သြား!!!"

"မ်က္ႏွာကိုေဆးထည့္ရမယ္လို႔ေျပာ​ေနတယ္မလား!!!!"

ခရီးမွျပန္ေရာက္ေရာက္ခ်င္း ပင္ပန္းေနသည့္ဒဏ္ျဖင့္စိတ္ခံစားခ်က္ေတြေရာေနကာ တစ္ေယာက္ႏွင့္တစ္ေယာက္အျမင္မၾကည္ျဖစ္ေနၾကသည္။

"လုပ္ခ်င္တာကိုလုပ္ေတာ့"

Jiminသည္ သူ႔အားခါးေထာက္ကာစိုက္ၾကည့္ေနသူအေရွ႕မွလွည့္ထြက္လာခဲ့သည္။ တစ္ခါမွအခုေလာက္ေဒါသမထြက္ဖူးတယ့္သူ႔ကိုယ္သူလည္းနားမလည္ျဖစ္ေနသည္။ Jungkookသည္လည္း လွည့္ထြက္သြားသူကိုမ်က္စိတစ္ဆုံးလိုက္ၾကည့္ၿပီးေနာက္ စားဖိုေဆာင္ဘက္သို႔ထြက္လာခဲ့သည္။

အိမ္သို႔ျပန္ေရာက္ၿပီး အခ်ိန္ေတာ္ေတာ္အၾကာတြင္အေငြ႕တေထာင္းေထာင္းထြက္ေနေသာေရေႏြးအိုးႀကီးကိုသယ္လာေသာသူက ေရခ်ိဳးေဆာင္ထဲသို႔ သယ္သြားကာေရပူေရေအးစပ္ေပး၍

"ညစာကို အိမ္ေတာ္မွာသြားစားရမယ္ "

Jiminသည္ ေက်ာေပးကာထိုင္ေနရာမွ တစ္ခ်က္သာၾကည့္၍ ေရခ်ိဳးေဆာင္ထဲသို႔ ဝင္လာခဲ့လိုက္သည္။ တစ္လွည့္စီေရခ်ိဳးေဆာင္ဝင္ၿပီးေနာက္ သခင္ႀကီးJeon အိမ္ေတာ္သို႔ျပန္၍ထြက္လာခဲ့ျပန္သည္။ အိမ္ေတာ္အေရွ႕သို႔ေရာက္သည့္အခါ အိမ္ေတာ္အတြင္းရီေမာေနသံကိုၾကားေနရသည္။ Jiminသည္ သက္ျပင္းေမာကိုခ်လိုက္သျဖင့္ Jungkookက Jimin၏ လက္ကိုဆုပ္ကိုင္လိုက္ကာ အိမ္ေတာ္အတြင္းသို႔ဦးေဆာင္ကာဝင္သြားသည္။

Jiminသည္လည္း Jungkook ၏ ဦးေဆာင္မႈအေနာက္မွလိုက္လာၿပီး ထမင္းစားေဆာင္ထဲသို႔ဝင္လိုက္သည္ႏွင့္ ရီေမာစကားေျပာေနၾကသူမ်ားကခ်က္ခ်င္းပင္တိတ္ဆိတ္သြားၾကၿပီး Jimin အား မႏွစ္ျမ္ို႔သလိုၾကည့္ေနၾကသည္။

"မ်က္ႏွာထားေတြကိုျပင္လိုက္ၾက!!! က်ဳပ္ၾကင္ယာကို အေဖေခၚလာခိုင္းလို႔ေခၚလာခဲ့တာအသင္တို႔မထီမဲ့ျမင္လုပ္ဖို႔မဟုတ္ဘူး!!!!"

Jungkook က မ်ိဳးႏြယ္ေတြအားတစ္ေယာက္ခ်င္းစီၾကည့္၍ေျပာလိုက္သည္။

"ေရာက္ၿပီဆိုလည္း ထိုင္ၾက"

သခင္ႀကီး Jeon က ေျပာလိုက္ေတာ့ Jungkookက Jimin၏ လက္က္ိုဆြဲလ်က္သားထိုင္ခုံေနရာသို႔ေခၚလာလိုက္သည္။သို႔ေသာ္ Jungkook၏ ခုံေနရာေဘးတြင္ထိုင္ေနသူက Mi Jar ျဖစ္ေနသည္။ ခုံကလည္းတစ္ခုံသာလြတ္ေတာ့သည္။ Jiminသည္ သူ႔အားမ်က္ႏွာမဲ့ကာၾကည့္ေနေသာသခင္ႀကီး Jeon ေၾကာင့္အေျခအေနက္ိုနားလည္သြားသည္။

ကြၽႏ္ုပ္ကိုထပ္ၿပီးေစာ္ကား​တာပဲ!!

"Jimin ဒီမွာထိုင္"

Jungkookသည္ သူ၏ခုံအနားသို႔Jimin ကိုတြန္းပို႔ေပးကာထိုင္ေစသည္။ ထိုအခါ သခင္ႀကီးJeon က မ်က္ႏွာပ်က္သြားသည္ကိုJimin ျမင္လိုက္သည္။ Jungkook၏ ခုံေနရာတြင္ဝင္ထိုင္လိုက္ၿပီး Jungkookကသူ၏အေနာက္တြင္မတ္တပ္ရပ္ေနသည္။

"ဒီေနရာက အေနာက္ေဒသမ်ိဳးႏြယ္စုေတြအတြက္ပါပဲဆိုတာကို ဘယ္လိုမ်က္ႏွာနဲ႔ထပ္လာရဲလဲမသိဘူး........"

Jiminသည္ သူ႔အားခနဲ႔တဲ့တဲ့ေျပာေနသည့္ အမ်ိဳးသမီးကိုတစ္ခ်က္ၾကည့္လိုက္၍

"ကြၽႏ္ုပ္လည္းေျပာၿပီးသားပါ ဒီလ္ိုအပုပ္အသိုးေတြပဲရွိတယ့္ေနရာကကြၽႏ္ုပ္နဲ႔မတန္ဘူးဆိုတာကို........ဒါပင္မယ့္ဘယ္လိုလုပ္မလဲ အေနာက္ေဒသရဲ႕သခင္ေလးကိုယ္တိုင္ကဒူးမဖက္႐ုံတမယ္ ေတာင္းပန္တိုးလွ်ိဳးၿပီးေခၚလာေတာ့ အားနာလို႔လိုက္လာရတာပါ"

Jimin၏စကားေၾကာင့္ သခင္ႀကီးJeonကမ်က္ႏွာပ်က္သြားသလို မ်ိဳးႏြယ္ဝင္တို႔သည္လည္းမ်က္ႏွာပ်က္သြားကာ Jungkookကိုေမာ့ၾကည့္ေနၾကသည္။ Jungkookသည္ Jiminေျပာသလို ဒူးေထာက္ၿပီးမေတာင္းပန္ခဲ့ေသာ္လည္း မသိသလိုသာေနေနလိုက္သည္။

"ညစာမစားခင္မွာ က်ဳပ္ေျပာစရာရွ္ိတယ္......"

သခင္ႀကီးJeonက Jungkookကိုကာၾကည့္ကာေျပာလိုက္ျခင္းေၾကာင့္ Jungkookက

"Jimin....... အိမ္ကိုျပန္ေတာ့ က်ဳပ္ခနေနလိုက္ခဲ့မယ္"

"Jeon Jungkook!! "

သခင္ႀကီးJeonသည္ ေဒါသကိုခ်ဳပ္တည္းထားပုံရၿပီး Jungkookသည္လည္း သူ႔အားမသိေစခ်င္သည့္ဟန္ျဖစ္ေနသည္။

စိတ္ကုန္စရာေတြ။

"က်ဳပ္ေျပာစရာရွ္ိတယ္လို႔ေျပာေနတယ္မဟုတ္လား မေလးမစားမလုပ္နဲ႔!!!!"

Jiminသည္ အခန္းထဲမွထြက္သြားရန္အတြက္ ထိုင္ေနရာမွထရပ္လိုက္ခ်ိန္ သခင္ႀကီးJeon၏စကားေၾကာင့္ အနည္းငယ္ၿပဳံးလိုက္ကာ

"ေျပာစရာရွ္ိတာေျပာေလ ကြၽႏ္ုပ္ကအေရွ႕ေဒသမ်ိဳးႏြယ္ဝင္မို႔ဒီစကားဝိုင္းမွာရွိေနစရာအေၾကာင္းမရွိဘူးေလ ဟုတ္တယ္မလား"

သခင္ႀကီးJeonသည္ Jiminအား နတ္ဆရာမနဲ႔တိုင္ပင္ကာကိုယ္ဝန္ယူရန္ မ်ိဳးႏြယ္ဝင္ေတြႏွင့္အတူဖိအားေပးရန္ ႀကံစည္ထားေသာေၾကာင့္

"အသင့္ခင္ပြန္းက အေနာက္ေဒသမ်ိဳးႏြယ္ဝင္ျဖစ္"

"အသင္ကိုယ္တိုင္ေျပာခဲ့ဖူးတာကို ျပန္စဥ္းစားၾကည့္ပါဦး.........ဦးေႏွာက္ကိုနည္းနည္းေသြးလိုက္ပါဦး သခင္ႀကီး....Jeon"

Jiminသည္ ေျပာၿပီးသည္ႏွင့္ မည္သူ႔မ်က္ႏွာမွ်မၾကည့္္ေတာ့ပဲ ထိုအခန္းထဲမွထြက္လာခဲ့လိုက္သည္။ အေနာက္ဘက္တြင္သူ႔အားအျပစ္တင္ေဝဖန္ေျပာဆိုေနေသာအသံေတြႏွင့္ သူ၏ခင္ပြန္းJungkookထံမွ သူ႔အားကာကြယ္ေပးေနေသာစကားသံတ္ို႔ကိုနားေထာင္မိရင္း အိမ္ေတာ္အျပင္သို႔ေရာက္သည္ႏွင့္ ေလပူတို႔ကိုမႈတ္ထုတ္မိလိုက္သည္။

သူတပါးေဒသ၊သူစိမ္းမ်ိဳးႏြယ္စုၾကားထဲမွာ ကိုယ့္ကိုလိုလားတယ့္သူတစ္ေယာက္ပဲရွိေနရင္ေတာင္ အဲ့ဒီတစ္ေယာက္က Jeon Jungkookျဖစ္ေနတာေၾကာင့္ စိတ္သက္သာရာရသလို လုံၿခဳံသည္ဟုလည္းခံစားရသည္။

အိမ္သို႔သာျပန္ရန္ေတြးထားေသာ္လည္း ၿခံဝိုင္းအျပင္ဘက္တြင္မတ္တပ္ရပ္ေနေသာ Han Moေၾကာင့္စိတ္ေျပလက္ေပ်ာက္စကားေျပာရန္ ၿခံဝိုင္းအျပင္ဘက္သို႔ထြက္လာခဲ့သည္။

လမ္းေပၚတြင္မီးတိုင္တုတ္မ်ားေၾကာင့္အနည္းငယ္လင္းထိန္ေနၿပီး လမင္း၏အလင္းေရာင္ေၾကာင့္လည္း အလင္းေရာင္ကိုေကာင္းေကာင္းရေနသည္။

"တစ္ေယာက္ထဲဘာလုပ္ေနတာလဲ Han Mo"

လက္ႏွစ္ဖက္ကိုေနာက္ပစ္၍ ေကာင္းကင္သို႔ေမာ့ၾကည့္ေနေသာHan Mo၏ ေဘးတြင္ဝင္ရပ္ကာေမးလိုက္ေတာ့ အလန္႔တၾကားျဖင့္သူ႔အားအ႐ိုအေသေပးလာသည္။

"ၾကင္ယာေတာ္......အာ..က်ဳပ္...ဒီေန႔ညရာသီဥတုကအနည္းငယ္ပူေနသလိုခံစားရလို႔ ေလညႇင္းထြက္ခံေနတာပါ.......ၾကင္ယာေတာ္ကေရာဒီကိုဘယ္လိုေရာက္လာတာပါလဲ"

"ဒီလိုပါပဲ....... "

"ဟုတ္ကဲ့"

အေျခအေနကျပန္၍တိတ္ဆိတ္သြားသည္။ Han Moသည္ ေကာင္းကင္ကိုသာဆက္၍ေငးေနၿပီး Jiminသည္လည္း ပတ္ဝန္းက်င္ကိုဟိုဟိုဒိီဒိီေငးၾကည့္ရင္းျဖင့္သူ၏ပခုံးေပၚသို႔ျပဳတ္က်လာေသာအရာတစ္ခုေၾကာင့္ ၿခံဝိုင္း၏ဂိတ္ပုံစံတံခါးမႀကီးကိုေမာ့ၾကည့္မိလိုက္သည္။ လေရာင္၏ျဖာထြက္ေနမႈေၾကာင့္ Jeon မ်ိဳးႏြယ္စုဟူေသာစကားလုံးအားရွင္းလင္းစြာျမင္ေနရၿပီး ေဘးတစ္ဖက္စီတြင္ခ်ိတ္ဆြဲထားေသာ အ႐ိုးေခါင္းစုႏွစ္လုံးကိုလည္းစိတ္မခ်မ္းေျမ့စရာျမင္ေနရသည္။ Jiminေမာ့ၾကည့္ေနစဥ္မွာပဲ Han Moသည္လည္း သူ၏ေခါင္းေပၚသို႔လက္ျဖင့္စမ္းကာ Jiminနည္းတူအေပၚသို႔ေမာ့ၾကည့္ကာ

"ေလတိုက္ေတာ့အ႐ိုးစုေတြကပဲ့က်ေနတာေနမယ္ၾကင္ယာေတာ္........ဒါေတြကၾကာလည္းၾကာေနၿပီဆိုေတာ့"

"ဒါက ဘယ္သူ႔ဥိီးေခါင္းေတြလဲ"

Han Moသည္ သူ၏ေခါင္းေပၚမွ အ႐ိုးစုအပိုင္းအစတို႔ကိုလက္ျဖင့္သပ္ခ်ေနရင္းျဖင့္...

"က်ဳပ္ေသခ်ာေတာ့မသိပါဘူး......က်ဳပ္အေဖေျပာတာငယ္ငယ္ကၾကားဖူးတာေတာ့ရွိတယ္.......ဇာမဏိတိုက္ပြဲတုန္းက အေရွ႕ေဒသေခါင္းေဆာင္နဲ႔သူ႔ၾကင္ယာေတာ္ရဲ႕ဦးေခါင္းဆိုလားပဲ သခင္ႀကီးJeonက ေအာင္ပြဲရလာၿပီး ေခါင္းေဆာင္ဇနီးေမာင္ႏွံရဲ႕ဦးေခါင္းကို ခ်ိတ္ဆြဲထားခဲ့တယ္ဆိုပဲ"

"အခု.......ဘာတိုက္ပြဲလို႔ေျပာလိုက္တာလဲ~~~"

Han Mo သည္ သူ႔အားမ်က္ေထာက္နီျဖင့္ၾကည့္ကာေမးေနေသာJiminေၾကာင့္ ဂိတ္ဝသို႔ျပန္၍ေမာ့ၾကည့္ကာ တုန္လႈပ္ေနေသာJimin ကိုၾကည့္၍ Han Mo ကိုယ္တိုင္လည္း တုန္လႈပ္သြားရၿပီး အေနာက္သို႔ေယာင္ယမ္းကာေျခလွမ္းပင္ဆုတ္မိသြားသည္။

"ၾကင္....ၾကင္ယာေတာ္......"

ၿခံဝိုင္းအတြင္းသို႔ ျပန္၍ေျပးဝင္သြားေသာ Jiminေၾကာင့္ Han Moသည္ Jungkookကိုအေၾကာင္းစုံ​ေျပာျပရန္ Jungkookရွိရာသို႔ အျမန္ေျပးထြက္လာရေတာ့သည္။

===================================

အားလုံးပဲအသြားအလာဂ႐ုစိုက္ၾကပါ။အျပင္ထြက္တာေတြေလွ်ာ့ၾကပါ။

===================================

Continue Reading

You'll Also Like

330K 19.1K 41
You live in a different time zone Think I know what this is It's just the time's wrong
294K 8.2K 137
"𝑻𝒉𝒆𝒓𝒆'𝒔 𝒓𝒆𝒂𝒍𝒍𝒚 𝒏𝒐 𝒘𝒂𝒚 𝒐𝒇 𝒘𝒊𝒏𝒏𝒊𝒏𝒈 𝒊𝒇 𝒊𝒏 𝒕𝒉𝒆𝒊𝒓 𝒆𝒚𝒆𝒔 𝒚𝒐𝒖'𝒍𝒍 𝒂𝒍𝒘𝒂𝒚𝒔 𝒃𝒆 𝒂 𝒅𝒖𝒎𝒃 𝒃𝒍𝒐𝒏𝒅𝒆."
102K 11.9K 27
"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို...
70.5K 2.4K 70
I do not own any of the characters. Y/n are a supe. But not a famous one, that didn't work out. Now you are one of the sevens PAs. Maybe, briefly Th...