သာယာလှတဲ့ညနေခင်းနေ၀င်ဆည်းဆာအချိန်ဟာ မြင်ရသူအဖို့ ရင်ကိုအေးချမ်းစေသလို့ တစုံတရာကိုလွမ်းဆွတ်ဖို့ပုံဖော်ပေးတဲ့ပန်းချီကားတချပ်လိုလည်းဖစ်တယ် ကောင်းကင်းကြီးဟာဆိုရင်လဲ နေ့လည်ပိုင်းအစာရှာထွက်ကြတဲ့ငှက်ကလေးတွေလဲအုပ်စုအလိုက် အသိုက်လေးစီပြန်ဖို့ပျံသန်းရင်းအလုပ်ရှုပ်နေကြပြန်တယ် ဒါတွေကသဘာ၀တရားကဖန်းတီးပေးတဲ့အရာတွေမှာတခုအပါ၀င်ပါပဲ။လူသားတွေကြည့်ပြန်တော့လဲ ဘ၀အတွက်ရုန်းကန်းရင်းအိမ်ပြန်ချိန်ဟာ သူလိုငါလိုပြေးလွှားရှုပ်ရှားသွားလာနေကြတယ်။
၀မ်အိမ်တော်တွင်#
တနေကုန်ရုံးခန်းမှာစားပွဲခုံနဲ့ခေါင်းစိုက်မတတ်စရင်းစစ်နေရပီ အိမ်ပြန်ချိန်မှာညနေအတော်စောင်းမှရောက်လာတဲ့မြို့အုပ်မင်းဆိုသူ၀မ်ရိပေါ်ကတော့ ထုံးစံအတိုင်းပဲစာကြည့်ခန်းမှာ စာဖတ်ရင်းအနားယူနေပြန်တယ်။
"ဒေါက်..ဒေါက်..ဒေါက်..!!"
ရုတ်တရက်တံခါးခေါက်သံကြောင့်အသံပြုမိတယ်
"၀င်ခဲ့"ဆိုတဲ့အသံကြားတာနဲ့တံခါးကိုအသာလေးဖွင့်ပီ၀င်လာတဲ့လက်ထောက်ယန်ယန်။
"သခင်ကြီး ခိုင်းထားတဲ့ကိစလာပြောတာပါသခင်းကြီး"
ပြောဆိုတဲ့အတိုင်း မေ့ဆက်ပြတဲ့သခင်ကြီးပါလေ။
"ဟို..အသားခပ်ညိုညိုကောင်လေးနာမည်ကယီရှင်းလို့ခေါ်ပါတယ် ကိုယ်ပိုင်အသေးစားယာခင်းမှာဟင်းရွက်စိုက်ခြင်းအလုပ်ကိုလုပ်ပါတယ် ပိန်ပိန်ပါးပါးအသားဖြူတဲ့တယောက်ကရှောင်းကျန့်လို့ခေါ်ပါတယ် သူတို့နှစ်ယောက်လက်မထပ်ရသေးတဲ့ချစ်သူတွေပါ သူလေးကအိမ်မှာပဲနေပါတယ်နှစ်ယောက်လုံးကမြို့ပြင်စွန်းနားမှာအတူတူနေကြပါတယ်" ယန်ယန်စကားအဆုံးမှာမျက်ခုံတန်းတွေတွန့်ချိုသွားတဲ့သခင်ကြီးကဘာကိုအလိုမကျမှန်းမသိတဲ့ယန်ယန်တယောက် အသက်ရှုဖို့မေ့သည်ထိရင်မှာစို့နေတာအမှန်ပါပဲ။
"မင်းသွားရပီ" သခင်ကြီးမှသွားလို့ရပီစကားကြားတာနဲ့ချက်ချင်းပဲအပြင်ထွက်လာပီအောင့်ထားသမျှသက်ပြင်းချရလေသည်။သခင်ကြီးနဲ့နေလာသည်မှာနှစ်အနည်းရှိပေမဲ့ခုထိကြောက်ပီနေသားမကျသေးပေအကြောင်းမှာ မျက်နှာတည်လွန်းပီးစကားအပြောဆိုနည်းတာကြောင့်ပင်ဖစ်သည်။
**မင်းလေးကချစ်သူတောင်ရှိနေတာလား မတတ်နိုင်ဘူးလေ ကိုကမင်းကိုမြင်မြင်ချင်းချစ်မြတ်နိုးမိတာကကို့အပိုင်အဖစ်တံဆိပ်ကပ်သတ်မှတ်ထားပီးသားမို့ ဒီဇာတ်လမ်းမှာကိုလူကြမ်းကြီးဗီလိန်ဖစ်နေရင်တောင်မင်းလေးကိုပိုင်ဆိုင်ဖို့ကြိုးစားမှာပါ အချစ်နဲ့စစ်မှာမတရားတာမရှိတာမို့ ကို့အနားမှာမင်းရှိနေဖို့လူယုတ်မာဖစ်လဲ မမူဘူး အရမ်းချစ်တာမို့ကို့အပိုင်ဖစ်ပေးပါ ယုန်လူသားလေးရေ**ဖတ်လက်စစာအုပ်လေးဟာလဲလျစ်လျုရှုခံလိုက်ရပီ အတွေးနယ်ချဲ့ကာ ကုတင်ရှိရာအိပ်ခန်းစီသို့....။
တဖက်တွင်
"ယီရှင်း..! ယီရှင်းရေ" ဦးလေးချူဆိုသူကအိမ်ရှေမှလှမ်းခေါ်ရင်း
"ကို..အိမ်ရှေ့မှာဦလေးချူအသံပါလား"
"လာသွားကြည့်ကြမယ်"ဆိုပီနှစ်ယောက်အတူအိမ်ရှေ့ထွက်လာလိုက်တယ်။
"ဦးလေးပါလား လာအိမ်ပေါ်တက်ပါဗျာ မိုးလဲချုပ်နေပီ မနက်ဖြန်အတွက်ဘာအလုပ်လေးရှိလို့လဲဗျ"
"လာထိုင်ပါဦးလေး ကျန့်ကျန့်ဦးလေးအတွက်အကြမ်းရေသွားယူပေးပါအုံး"
"ဟုတ်ကဲ့ကို ဦးလေးခနထိုင်ပါအုံးခင်မျ"
"အာကျန့် ရပါတယ်" ရှောင်းကျန့်လဲအကြမ်းရေယူဖို့ထသွားလိုက်တယ်။
"အလုပ်မရှိသေးပါဘူးယီရှင်းရာ မနက်ဖြန်ငါတူချန်းရှီးပင်လယ်ထဲဆင်းမလို့လေအဲဒါ သူတို့လှေက လုပ်သမားတယောက်ဆုံးသွားတော့ လူတယောက်လိုနေတာ အဲဒါမင်းသွားလုပ်မလား ချန်ရှီးကလဲငါကိုပြောတော့ ဟိုတခါမင်းက အလုပ်လေးတခုထပ်ရှာမယ်ပြောနေတာစင်းစားမိလို့ လာမေးတာပါ ပိုက်ဆံကလဲအလုံလောက်ရမယ်လို့လဲပြောတာပဲ"
"မင်းသဘောထားကရော" ထိုချိန်အကြမ်းရေဗန်းကိုင်ပီထွက်လာတဲ့ရှောင်းကျန့်ကိုယီရှင်းကကြည့်လိုက်တော့ မျက်နှာပျက်နေပီ
"ကျန့်ကျန့် ..ဘယ်လိုသဘောရလဲဟင်"ယီရှင်းကမေးလိုက်တော့
သဘော်လိုက် လှေလိုက်ပီငါးဖမ်းအလုပ်ဟာအနည်းဆုံးတနှစ်မှကမ်းဆိုက်ရတာ ချစ်တဲ့သူနဲ့အကြာကြီးခွဲနေရမှာမို့သဘောမတူချင်ပါပေ။(ဒါကစိတ်ကူးသက်သက်ပါနော်သဘော်လိုက်တာတနှစ်မှကမ်းဆိုက်တာက လေလာမှုမရှိပဲficအရမို့ပါ😁)
"ကျန့်ကမသွားစေချင်ဘူး"ရှောင်းကျန့်ကပြောလိုက်တော့
"ဦးလေးလဲမင်းတို့ကိုသိလာတာနှစ်အတော်ကြာပါပီ ခံစားချက်နားလည်ပါတယ် နှစ်ယောက်သားတိုင်ပင်လိုက်ပါအုံး လိုက်ဖစ်တယ်ဆိုရင် မနက်ဖြန်ဆိပ်ကမ်းမှာစောင့်နေလိုက်ပါ အချိန်ကတော့မနက်၅နာရီစထွက်ပီပြောတယ် ကဲ့ ဦးလေးပြန်လိုက်ပါအုံးမယ်"ပြောပီဦးလေးချူဆိုသူကပြန်သွားလိုက်တယ်။ရှောင်းကျန့်လဲချစ်သူနဲ့ခွဲရမည့်အကြောင်းတွေမိလေပို၀မ်းနည်းလာလေမို့အိပ်ခန်းရှိလာထွက်လာလိုက်ရင်းငိုနေမိသည်။ယီရှင်းကလဲအနောက်ကလိုက်လာရင်းဘေးနား၀င်ထိုင်ပီပခုံးကနေဖက်လိုက်ရင်အသံတိတ်ငိုနေတဲ့ချစ်သူခေါင်းကိုပုပ်ရင်းစကားဆိုတယ်။
"ကျန့်ကျန့် ကိုလိုက်သွားပါရစေနော် ကျန့်ကျန့်ကိုကိုဘယ်လောက်ထိချစ်တာသိတယ်မလားမငိုပါနဲ့ကွာ ကိုအမြန်ဆုံးပြန်လာခဲ့မယ်အဲကရတဲ့ငွေနဲ့ဆိုကျန့်ကျန့်ကိုတင့်တောင်းတင့်တယ်ထားနိုင်ပီကျန့်ကျန့်လဲမျက်နှာမငယ်ရဘူး"
"ကျန့်ပကာသနတွေမလိုပါဘူးကို ပတ်၀န်ကျင်းဘာပြောပြောစိတ်မ၀င်စားဘူးကိုနဲ့အတူရှိနေရင်ရပါပီ ကျန်တာဘာမှမလိုပါဘူး"
"ကိုအမြန်ဆုံးပြန်လာနိုင်အောင်ကြိုးစားမှာမို့လို့ကို့ကိုစောင့်နေပေးနော် ကို့ကိုယုံတယ်မလား"ချစ်ရသူနှဖူးလေးအနမ်းခြွေရင်ူပြောလိုက်တယ်
"ချစ်တယ် ကို"
"အရမ်းချစ်တယ်ကျန့်ကျန့်"ပြောပီနုညံ့တဲ့နှုတ်ခမ်းလေစီ 'အွန်း..ပြွတ်..အု"အိပ်ရာပေါ်လှဲချရင်းနုညံခြင်းအနမ်းကနေရမက်အနမ်းသို့ပြောင်းလိုက်ချိန်မှာတော့ ဘယ်လောက်ပဲအရမ်းချစ်တယ်ပြောပြောလက်မထပ်ရသေးပဲအတူနေဖို့မဖစ်နိုင်ဘူးလေဒါကြောင့်ယီရှင်းပခုံးနှစ်ဖက်ကိုအသာလေးတွန်းဖယ်ရင်း
"ကို "လို့ခေါ်လိုက်တော့နမ်းနေတဲ့ယီရှင်းတယောက်ရပ်လိုက်ပီအသက်ကိုခပ်ပြင်းပြင်းရှုထုပ်နေတာကိုကြည့်ပီဘယ်လောက်ထိန်းချုပ်ထားလဲဆိုတာမပြောလဲသိနုင်တာမလား
"ကျန့်ကျန့် ကိုတောင်းပန်ပါတယ် စည်းကျော်မိသလိုဖစ်သွား စိတ်မဆိုးပါနဲ့နော် လာကိုဖက်ထားမယ်နော် ညဉ့်နက်နေပီအိပ်တော့နော် ကိုမရှိတုန်းကျန်းမာရေဂရုစိုက်ရမယ်နော် ညဘက်အပြင်မသွားနဲ့နော်"မှာတမ်းခြွေရင်းအိပ်စက်ခြင်းစီသို့...။
***********
နောက်တနေ့ ပြတင်းပေါက်ကနေတိုး၀င်လာတဲ့နေမင်းကြီးအလင်းရောင်ကြောင့်မှိတ်ထားတဲ့မျက်လုံးအစုံဟာလဲနိုးလို့လာပါပီ ခါတိုင်းလို့ပူနွေးတဲ့အသက်အစားအေးစက်တဲ့အငွေ့သက်သာရှိနေတဲ့ဘေးကအိပ်ရာကိုလက်ဖြင့်ပွတ်ရင်းမျက်ရည်ကျမိပြန်တယ် ဆက်ဆက်စောင့်နေမှာမို့ပြန်လာခဲ့နော်။
ဒီနေ့ရဲ့ရာသီဥတုအုံမှိုင်းမှိုင်းဖစ်နေခဲ့တယ်လွမ်းဆွတ်ခြင်းကိုပုံဖော်ဖို့အတွက်လုံလောက်တယ်အလုပ်လဲမရှိ ထလိုက်ထိုင်လိုက်ဖစ်နေသည်မှာနေ့လည်၂နာရီတောင်ဖစ်နေပီထိုချိန်ဦးလေးချူနဲ့အတူလူတယောက်ခြံထဲ၀င်လာတွေ့တော့ ဧည့်သည်ကိုခရီးကြိုဖို့ထလာလိုက်တယ်။
"ဦးလေးချူပါလားဧည့်သည်လဲပါလာတယ်ထိုင်ပါအုံးခမျ"
"ဒီလိုပါအာကျန့် ဒီကလူငယ်လေးကအလုပ်သမားရှာနေတာတဲ့ ဦးလေးလဲ အာကျန့်တယောက်ထဲအိမ်မှာနေတာပျင်းနေမှာဆိုးလို့ အလုပ်လေးပါလေးရှိတော့ စိတ်သက်သာဖစ်ထင်လို့ခေါ်လာလိုက်"
"ဟုကဲ့ပါဗျ အရင်ဆုံးမိတ်ဆက်ပါရစေ ကျန်တော်ကယန်ယန်ပါ အလုပ်သမားလိုတာကျန်တော်အလုပ်လုပ်နေတဲ့အိမ်ကပါဗျ ဝေယျာဝ္စစနဲ့ထမင်းချက်လုပ်တတ်ရင်ရပါပီ လစာလဲကောင်းကောင်းရပါတယ်ဗျ ဒီက စိတ်၀င်စားရင်လုပ်ကြည့်ပါ ကျန်တော်လဲဒီနေ့နေ့တ၀က်ကျိုးနေပီ ရှာရတာတယောက်မှအဆင်မပြေဘူး" စကားကိုအပိုလိုပြောလိုက်မိတာအမှန်ပါပဲဘာလို့လဲဆိုတော့ ဒီလူသားကိုပါအောင်ခေါ်ခဲ့ဖို့သခင်ကြီးစီကအမိန့်စကားမို့လို့ပါပဲမဟုရင်မင်းအလုပ်ပြုတ်မယ်ဆိုတဲ့သခင်ကြီးစကားကနားထဲထပ်လို့နေတယ်လေဒါကြောင့်လိမ်ပြောရခြင်းလဲပါတယ်။
"အာကျန့် စိတ်ထိခိုက်နေတာဦးလေးသိပါတယ် ယီရှင်းပြန်လာဖို့ကလိုသေးတယ်မလားဒီအလုပ်လုပ်ရင်းစောင့်နေလဲ အာကျန့်တို့အတွက်အကျိုးမယုတ်ဘူးမလား"ဦးလေးကပါပြောတော့ ဟုတ်လဲဟုတ်ပါတယ် ကိုကိုအိမ်မှာထိုင်စောင့်နေတာထက်ဆိုင် အလုပ်လုပ်ပိုအပို၀င်ငွေလေးရရင်တမျိုးကောင်းတာပေါ့တွေးလိုက်တယ်။
"အင်း ကျန်တော်သဘောတူပါတယ်"
ထိုစကားကိုကြားရတာ၀မ်းသာသွားတဲ့ယန်ယန်တယောက်သူအလုပ်မပြုတ်တော့ဘူးဆိုတာသေချာနေပီမို့ယခုလိုစကားဆက်ဆိုတယ်
"ဟိုလေ ဒီနေ့ပဲသွားရမယ် ကျန်တော်နဲ့တခါတည်းလိုက်သွားရမယ်အဆင်ပြေတယ်မလား"ရှောင်ကျန့်လဲခေါင်းညိတ်ရင်းဦလေကိုပြောလိုက်တယ်
"ကျန့်ကျန့် အိမ်ကိုသော့ခပ်ခဲ့မယ် တကယ်လို့ကိုပြန်လာရင်ဦးလေးပြောပြပေးပါ သော့ကိုတော့ဦးလေးစီမှာပဲအပ်ခဲ့မယ်နော်"
"ဟုတ်ပါပီ ကျန့်ကျန့်စိတ်ချ ဦလေးပြောလိုက်ပါ့မယ်".
ချစ်သူနဲ့အတူနှစ်အတော်ကြာမခွဲတမ်းအတူတူနေခဲ့အရိပ်မြုံလေးကခုတော့ဖြင့်လူသူမရှိ ချစ်သူနှစ်ဦးကလဲတယောက်တနေရာစီပေါ့
ရှောင်းကျန့်တယောက်ချစ်တဲ့သူတသက်လုံးဝေးရမယ်ဆိုတာကိုသိနေခဲ့ရင်း သူဒီအလုပ်ကိုလက်ခံနိုင်ပါအုံးမလား ကံတရားကြိုသိခဲ့ရင်ပေါ့🥺။
"ကံတရားကိုဘယ်သူကငြင်းဆိုနိုင်ပါ့မလဲ"
#ဆက်ရန်
#စာဖတ်သူတို့ရေ အဆင်ပြေပါရဲ့လားစာလုံးလဲမစစ်ထားမိဘူး ဇာတ်ရှိန်ကခုမှစတတ်တာမို့ongingလိုက်ပါပေးအုံး အိုက်နီ😘🥀။