Until the end part (2)🥀

692 34 2
                                    

နောက်ကြောင်းပြန်စပါ့မယ်!!!

"ကျန့်..ကျန့်ကျန့်ရေ"
"ပြင်ဆင်လို့မပီးသေးဘူးလားကွာ"
"ကျန့်က လှပီသားမို့မပြင်လဲရပါတယ်.ကိုယ်ချစ်ပီသားပါနော်" ယီရှင်းက ခပ်နောက်နောက်စကားဆိုရင်း ချစ်ရတဲ့သူအလှလေးကိုစလိုက်တယ်

"ကိုနော် ကျန့်ကိုမစနဲ့ "
"ရေချိုးတာနည်းနည်းကြာ‌သွားလို့ပါ"
(ယီရှင်းက ကျန့်ကျန့်ရဲ့ချစ်သူပါနော် ဖတ်ရင်းရောနေမှာဆိုးလို့😁)

ချစ်ရသူကိုရှင်းပြရင်းပြောလိုက်သည်။
"ကိုဒီနေ့ကျန့်မွေးနေ့ဆိုတော့ ဘုရားကျောင်းသွားပီရင်း မြို့ထဲက ဆန်ခေါက်ဆွဲစားချင်တယ် "

"ကျန့်ကျန့် သဘောပါဗျာ"
"ကိုကမချမ်းသာပေမယ့် ကိုရှာသမျှကျန့်ကျန့်အတွက်ပါပဲ "

"ဟီး...အဲကြောင့် ချစ်တာ"
"ကိုလဲအများကြီးချစ်ရပါတယ်ကွာ ဒါဆိုသွားကျတော့မလား နေမြင့်သွားရင် နေပူလိမ့်မယ်"
"အင်း သွားကြမယ်"
တယောက်လက်ကိုတယောက်တွဲလို့ ဘုရားကျောင်းကိုဦးတည်ပီးလမ်းလျှောက်ထွက်လာလိုက်တယ် တကယ်ဆိုသူတို့နှစ်ယောက်ကဘ၀သူတွေလေ နှစ်ယောက်စလုံးကမိဘမရှိကြဘူး ကျန့်ကျန့်ကစားသောက်ဆိုင်တခုမှာအသက်၆နှစ်တည်းကရောင်းစားခံထားရတယ်ယီရှင်းကတော့အဒေါ်ကမကျွေးနိုင်လို့ဆိုပီလာပစ်သွားတာ၈နှစ်တည်းက ဆိုင်ရှင်အဒေါ်ကြီးမွေးထားပီခိုင်းစားတာပေါ့ ပညာဆိုလဲမသင်ခဲ့ရဘူးလေ ယီရှင်းက ကျန့်ကျန့်ထက်အသက်၃နှစ်ပိုကြီးတယ် ခုကတော့ကျန့်ကျန့်ကအသက်၂၀ပြည့်မွေးနေ့ပေါ့ သူတို့နှစ်ယောက်ကနှစ်အတော်ကြာအဲဆိုင်မှာအလုပ်ပန်းပင်ခဲ့ရတယ် အမြဲအတူတူရှိနေတဲ့သူတို့နှစ်ယောက်ကတော့ တယောက်အပျောက်မခံနိုင်အောင်တယောက်ကရှာတတ်ကြတယ်သံယောဇဉ်ရှိကြတယ် အရွယ်ရောက်လာချိန်မှာတော့ အဖြူရောင်အချစ်ကနေအရောင်ပြောင်းလာခဲ့တယ် ယီရှင်းကအလုပ်ကိုပိုကြိုးစားပီလုပ်တော့အဲဆိုင်ကနေ နှစ်ယောက်လုံးထွက်လာနိုင်ခဲ့တယ် နောက်တော့မြို့ပြင်ကအိမ်လေးတလုံးနဲ့အတူတူနေကြတယ်။
(အတူတူနေတယ်ဆိုပေမဲ့ လက်မထပ်ရသေးပါဘူးနော် ဘာမှမဖစ်ရသေးဘူးနော်😁)
ဒီလိုနဲ့လျှောက်လာရင်း မြို့ထဲကဘုရားကျောင်းတခုထဲ၀င်သွားပီနှစ်ယောက်လုံး၀တ်ပြုကြတယ် ယီရှင်းက၀တ်ပြုသွားတော့ဘေးကိုကြည့်မိတော့ ချစ်ရသူကမျက်စိမှိတ်ထားပီလက်အုပ်ချီဆုတောင်းနေတာကို တ၀ကြီးငေးနေမိတယ် ကျန့်ကျန့်ကယောကျားတန်ပဲအရမ်းလှတယ်နှုတ်ခမ်းအောက်ကမှည့်လဲပါတယ် ပြုံးရယ်လိုက်ရင်ယုန်သွားလိုရှေ့သွားနှစ်ချောင်းကြီးကြီးပဲ ချစ်စရာကောင်းတဲ့ကျန့်ကျန့်ကယုန်ကလေးလိုပဲ ယီရှင်းတယောက်ချစ်မ၀လေးကိုတွေတွေလေးငေးလို့စိတ်ကူးထဲပုံဖော်ရင်းပြုံးကြီးပြုံးလို့နေတယ်။

"ကို..!  ကို ကိုကိုလို့...!!"။
"ဘာတွေစင်းစားနေလို့လဲ ကျန့်ကျန့်ပြောတာကြားလားလို့" နှုတ်ခမ်းလေစူပီပြောလိုက်တော့

"ဟမ်..ကျန့်ကျန့် ဘာပြောလိုက်တာလဲ"
"ကိုမကြားလိုက်မိဘူး"

"တော်ပီ  ဘယ်ကောင်မလေးအ‌ေကြာင်းစင်းစားနေလို့ကျန့်ကျန့်ပြောတာမကြားရတာလဲ"နှုတ်ခမ်းစူလို့စိတ်ကောက်သွားပါပီ

"ကိုတောင်းပန်ပါတယ် ရွှေစိတ်တော်မဆိုးလိုက်ပါနဲ့ကို့အချစ်ရယ်.. ဘယ်ကောင်မလေးအကြောင်းမှကိုမတွေးပါဘူး ဟောဒီကချစ်မ၀လေးတယောက်ကိုပဲ အတွေးထဲရောနှလုံးသားထဲရော ချစ်မ၀တာကိုကွာ"
"ကိုသေသွားရင်တောင် ကျန့်ကျန့်တယောက်ထဲကိုပဲသေတဲ့ထိချစ်မှာယုံလား"

"ကို..!! ဘာလို့သေအကြောင်းပြောရတာလဲ"
"လွဲပါစေ..ပယ်ပါစေ"
"သေအကြောင်းမပြောပါနဲ့ ကျန့်ကျန့်လဲကိုနဲ့မခွဲနိုင်ဘူးအတူတူနေကြမယ်အသက်တွေကြီးတဲ့ထိ ကိုသာမရှိရင်ကျန့်ကျန့်လဲမရှိဘူး အဲကြောင့်မပြောနဲ့နော်"

"ဟုတ်ပါပီဗျာ..ကျန့်ကျန့်မကြိုက်ရင်ကိုမပြောတော့ဘူးနော် ဟုတ်ပီလား"
"အဲဆို ဆန်ခေါက်ဆွဲသွားစားကြမယ်"
"ဗိုက်ဆာနေပီလား"

"အင်း...နည်းနည်း..ဟီးး😁"
သူတို့နှစ်ယောက်ထွက်မသွားခင်သူတို့ပြောနေတာကိုအကုန်ကြားနေရတဲ့ဘုန်းကြီးတပါးကဘုရားကျောင်းထဲကထွက်သွားတဲ့ကောင်လေးနှစ်ယောက်ရဲ့ကျောပြင်ကိုကြည့်ရင်းတီးတိုရွတ်ဆိုမိတယ်
"ကံတရားကို ဘယ်သူကငြင်းဆိုနိုင်ပါသလဲ"

#ဆက်ရန်
#ဒါနဲ့ဖတ်လို့အဆင်ပြေရဲ့လား ဝေဖန်အကြံပြုနိုင်ပါတယ် လိုအပ်ချက်ရှိနေတာကအမှန်ပါပဲ ဖတ်လို့အဆင်မပြေရင်ပြောနော်ရပ်လိုက်မယ် နောက်တပိုင်းမှ ၀မ်နဲ့ကျန့်ဆုံကြမယ်နော်😁 အိုက်နီ😘❣️

Until the end🥀(Complete)Where stories live. Discover now