စံအိမ်တော်(Ongoing)
By Kim_Nge06
19.1K 2.5K 412
ကင်မ်သခင်လေးက...နောက်တစ်ကြိမ်ပြန်မွေးဖွားလာပြီတဲ့~ More
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
23
24
25
26
27
28
29
30
31
32
22
464 82 18
By Kim_Nge06
ဒေါက်~ဒေါက်...
တံခါးခေါက်သံကြားသည်နဲ့ ဆော့ဂျင်စောင်အား ခေါင်းထိခြုံလိုက်မိသည်...
"ဂျင် မနက်စာ စားရအောင်"
lockချထားသောအခန်းတံခါးကြောင့် ထယ်ယောင်းအပြင်ကနေသာ အော်ခေါ်မိသည်။ညကလည်း ဘာမှမစားဘဲအိပ်သွားခဲ့တာ...ကိုယ့်ကိုစိတ်ဆိုးပြီးအိပ်ခန်းထဲတောင်ပေးမ၀င်တဲ့အထိ။
"ဆော့ဂျင်! မောင်ခေါ်နေတယ်လေ"
တုန်ပြန်သံ မပေးလာသည့်ဆော့ဂျင်ကြောင့် အသံအနည်းငယ်မာမိသည်။ထိုတောင် အထဲကအကောင်ပေါက်က မထူးလာခဲ့။
"ကင်မ်ဆော့ဂျင်! ထွက်လာမလား!...မောင်သော့ဖွင့်ပြီး၀င်လာရမလား"
အစက စိတ်ဆိုးနေတယ်ဆိုတာကြောင့် အလျှော့ပေးထားပေမယ့် အစာငတ်ခံ ဆန္ဒပြနေတာကိုတော့ လက်မခံနိုင်ပေ။
"ကင်မ်ဆော့ဂျင်!!"
"မစားဘူး! မစားဘူး!!လုံး၀မစားဘူး! ဒီအရူးကြီးသေသွားတော့ ခင်ဗျားအတွက်၀န်ထုပ်၀န်ပိုး ပေါ့သွားတာပေါ့"
"တောက်ခ်!! "
ဒေါသစိတ်နှင့်အတူ ၀မ်းနည်းစိတ်ကရင်ထဲ
ပြည့်ကျပ်လာသည်။၀န်ထုပ်၀န်ပိုးတဲ့~ ကင်မ်ဆော့ဂျင်ကသူ့အတွက်၀န်ထုပ်၀န်ပိုးမှ မဟုတ်ဘဲ ......
"ရတယ် မဖွင့်နဲ့ အဲတံခါးကို ငါကိုယ်တိုင်ဖွင့်ပြီး ၀င်လာခဲ့မယ်!"
မောင့်အသံကြားပြီးသည်နဲ့ခြေသံကျယ်ကျယ်က ထွက်သွားခဲ့သည်ပုံကိုပေါ်နေခဲ့၏။မောင်က သူ့ကိုတကယ်ပဲမချစ်တော့တာလား...။
သူ့အားရန်သူတစ်ယောက်ကဲ့သို့ ပြောဆိုနေခဲ့တာ...အနေအေးသလိုစကားလည်းနည်းတဲ့မောင်ကသူ့အားလေသံမာမာနဲ့တောင်မပြောဖူးပေ။အခုတော့...မောင်ကသူချစ်ခဲ့တဲ့မောင်မှဟုတ်ပါလေစွလို့ ပြန်တွေးယူရတဲ့အထိ။
ဂျလောက်!
အခန်းတံခါးဖွင့်သံကြားသည်နှင့် ဆော့ဂျင်မျက်ရည်များအား ကပျာကယာသုတ်လိုက်မိသည်။
ကော်ဖီခွက်နဲ့ ကြက်ဥပေါင်မုန့်သုံးချပ်အားပန်းကန်၌ထည့်ပြီး သူ့ဆီသို့လာနေသည့်မောင်က အရယ်အပြုံးကင်းစင်စွာ......
"ဂျင် မစားဘူး!"
အနားသို့ရောက်လာသည့် ခြေသံအစုံကြောင့်မျက်နှာလွှဲကာ ပြောမိ၏။
"မစားလို့မရဘူး! ညကလည်းဘာမှမစားဘူး အခုထပ်ပြီးတော့လုပ်ပြန်ပြီ! ဘာလို့ ဒီလောက်ခေါင်းမာနေရတာလဲ ကင်မ်ဆော့ဂျင်!"
ဂျင့်ကို အပြစ်မတင်ပါနဲ့။အစကတည်းက မောင်သာနားလည်ပေးခဲ့ရင် နားလည်တတ်ခဲ့ရင် ဂျင်လည်းအခုလိုလုပ်မည် မဟုတ်။
ငယ်ငယ်ကတည်းက အလိုလိုက်ခံရတဲ့ကလေးမို့ ခေါင်းမာတတ်တာမှန်ပေမယ့်
မောင့်ကိုဆို အမြဲအလျှော့ပေးတတ်တဲ့ သူမျိုးပါ...။ဒါကို မောင်နားလည်တံ့ကောင်းပါရဲ့...
သက်ပြင်းသံ သဲ့သဲ့~
ဒေါသထွက်တာလား စိတ်မရှည်တာလား မသဲကွဲ။မောင့်ဆီက ထိုအသံကပင် ဂျင့်အား၀မ်းနည်းစေသည်။
"မင်းဘယ်လိုပဲလုပ်လုပ်! ငါကတော့မင်းကိုရအောင်ကုမှာ! မနက်ဖြန်ဆေးရုံကိုသွားကြမယ်...ဒါကြောင့် ပြဿနာ မရှာဘဲ မနက်စာကို အမြန်စားလိုက်"
"ဟင့်...ဟင့်အင်း မစားဘူး!"
ထပ် ထပ်ပြီးတော့ ...ဘာလို့ ဒီကိစ္စကိိုပဲအစဖော်နေရတာလဲ!။ဆေးကုဖို့တဲ့ ...ဂျင်ကဘာဖြစ်နေခဲ့လို့လဲ!
"အင့်...အွ လွှတ်"
ပါးနှစ်ဖက်ကို အတင်းဖျက်ညစ်ကာ မနက်စာထိုးကျွေးနေသော ထယ်ယောင်းကြောင့် ဆော့ဂျင်ရုန်းကန်မိသည်။
ထိုအခြေအနေကို သူမလိုလားပေ။ထိုကြောင့်ရုန်းကန်မိခြင်းသာ...လည်ချောင်း၀ထဲရောက်လာသည့် ကော်ဖီပူပူလေးကြောင့် အတင်းထွေးထုတ်မိတော့...
တောက်ခ်!!
သိမ့်ခနဲ့ တုန်တက်သွားသည့်ခန္တာကိုယ်...။ထွေးထုတ်လိုက်မိသည့် ကော်ဖီတွေကမရည်ရွယ်ပဲ မောင့်မျက်နှာပေါ် ပေစင်သွားခဲ့သည်...တောက်ခ်ခေါက်သံကျယ်ကျယ်နဲ့အတူ မောင်ကမကြည်သလိုကြည့်သွားခဲ့၏။
ကြောက်မိလာသည်။မောင့်ရဲ့အပြုအမူကိုလား မောင့်ကိုလား ကြောက်မိတဲ့အရာကဘာကိုလည်းဆိုတာမသိပေမယ့် ထိုနေရာရဲ့အ၀ေးဆုံးကိုထွက်ပြေးချင်လာမိသည်...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ထယ်ယောင်း..."
အင်္ကျီပေါ် ပေစင်သွားသည့် အညစ်အကြေးတွေကိုဘေစင်နား သန့်စင်နေစဥ် ဟိုဆော့ရဲ့အသံကိုကြားလိုက်မိသည်...
"ပြော..."
"ထယ်ယောင်း မင်းလုပ်ပုံက မဟုတ်သေးဘူးနော်"
ဟိုဆော့ရဲ့အပြောကြောင့် မျက်မှောင်အနည်းငယ်ကျုံ့မိကာ လက်ကရေစက်များကိုကုန်စင်အောင်သုတ်လိုက်ပြီး...
"ဘာကိုလဲ..."
"ဟာ...ဘာကိုပြောရမှာလဲ မင်းဆော့ဂျင်ကိုပြုမူနေတာလေ...ကြားသုံးကြား၀င်မပါသင့်ဘူးဆိုပေမယ့် မင်းကငါ့သူငယ်ချင်းမို့လို့ ပြောပြနေတာ......"
"............"
"မင်းဆော့ဂျင်ကိုဘယ်လောက်ချစ်လည်း ဆိုတာငါသိပါတယ်... ဒါပေမယ့်..."
"..........."
"မင်း ဒီလိုပြုမူနေတာက မင်းတို့နှစ်ယောက်ကို၀ေးကွာစေနိုင်တာကိုရော သတိပြုမိရဲ့လား..."
စကားအဆုံး ခဏသာတိတ်ဆိတ်သွားမိသည်...။ထယ်ယောင်းကိုကြည့်မိတော့...၀မ်းနည်းနေပုံရ၏။နှုတ်ခမ်းသားကတဆက်ဆက်တုန်နေခဲ့သည်...။ဟင်...ထယ်ယောင်းက ငိုနေခဲ့တာလား...
"ဒါ ဒါဆို ငါဘယ်လိုလုပ်ရမလဲ ဟိုဆော့...ဟိုညက ဖြစ်ခဲ့တဲ့ကိစ္စကို မင်းရော ငါရောတွေ့ခဲ့တာပဲလေ...ဆော့ ဆော့ဂျင်က တစ်ယောက်တည်းစကားပြောနေခဲ့တာ တစ်ကြိမ်တစ်ခါ မဟုတ်တော့ဘူး"
ထယ်ယောင်းရဲ့စကားတွေလည်း မှန်နေခဲ့သည်မို့ နှုတ်ဆိတ်၍သာနေမိသည်...
"ဒါကို ငါက ဒီတိုင်းလက်ပိုက်ကြည့်နေရမှာလား......"
"ငါ ငါပြောချင်တာက......"
"တော်ပြီ...ဟိုဆော့ မင်းဆိုလိုချင်တာကိုငါသိတယ်...ဒီလိုပဲ ငါ့ရဲ့လုပ်ရပ်ကိုလည်းမင်း နားလည်မယ်ထင်တယ်..."
ခေါင်းငုတ်ကာ တိတ်ဆိတ်နေမိသည်။ထယ်ယောင်းစကားကလည်း အမှားတစိုးတစိမျှတောင်မပါဘဲ......
"ဂျင်ကို မနက်စာရအောင်ကျွေးထားပေးပါ...နေလည်စာအတွက် လိုအပ်တာတွေ ငါသွား၀ယ်လိုက်အုန်းမယ်...ဆော့ဂျင်ကြိုက်တတ်တာတွေပြင်ဆင်လိုက်ရင်တော့...သိပ်ပြီး ဆန္ဒမပြလောက်တော့ပါဘူး"
"အင်း...ကောင်းကောင်းသွားနော်"
နှုတ်ဆက်ကာ ကျောခိုင်းသွားသည့်ထယ်ယောင်းကိုကြည့်မိကာ သက်ပြင်းတစ်ချက်ချမိသည်...။
ဘယ်လိုတွေဖြစ်လာအုန်းမည်နည်း။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
⚠️ စံအိမ်တော်က taejinkookကိုမှ taejin jinkook ပါနော်...RL nameတွေမှားထည့်ကြတာများလို့ ကိုယ်ရေးတာပဲမရှင်းလို့များလား...
⚠️နောက်တစ်ခုက jinkook အပိုင်းတွေ မကြာမှီပါ၀င်လာတော့မည့်အကြောင်းပါ...တဖြည်းဖြည်းချင်းပဲသွားကြတာပေါ့...ဆော့ဂျင်ရဲ့အတိတ်ဘ၀ကအကြောင်းက ပါ၀င်လာတော့မှာဖြစ်တဲ့အတွက် ရှုပ်နိုင်ပါတယ် အခုကတည်းက မရှင်းတာရှိရင် အားမနာတမ်း လာမေးကြပါနော် ကိုယ်ကကိုက်မစားပါဘူး ၀ါးစားမှာ🌚
⚠️updateက တစ်ပတ်တစ်ကြိမ်ကိုမှ အင်္ဂါနေ့တိုင်း upမှာပါ။အလုပ်တဖက်နဲ့မို့ စာရေးတဲ့ဖက်ကို အာရုံမစိုက်နိုင်ဖြစ်ခဲ့တာပါ။အခုတော့ တတ်နိုင်သလောက်ကြိုးစားရေးမှာပါ...မျှော်သူမရှိလည်း အပ်မှာနော်🤧
အစစအရာရာဂရုစိုက်ကြပါအချစ်တို့♥︎
Continue Reading
You'll Also Like
769 100 12
ကျနော်တို့ တစ်ဦး တစ်ယောက်ချင်းစီရဲ့ မှတ်ဉာဏ်ကိုယ်စီမှာ အမြဲ သိမ်းထားတဲ့ ငယ်ချစ်ပုံပြင် တစ်ပုဒ်ရှိတယ်။ ကျနော်တို့ ပြန် မလိုချင်တော့သည် ဖြစ်စေ ထိခိုက်...
54.2K 3.6K 17
မလုပ်ပါနဲ့~~ကျွန်တော်က မိန်းကလေးမဟုတ်ပါဘူး ~~ ......ဘာ!!?.....
1.2M 52.1K 98
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
899 84 3