အခန်း(၂၆)
-"သားသားသူရိန်ကို ဘာလို့ခေါ်မလာလဲ"
ဒီမေးခွန်းဟာ အစကတည်း သူမကို မေးချင်နေသည့်မေးခွန်းပင်။
သို့ပေသိ သူ့မျက်နှာမြင်မှ အလွမ်းပြေခြင်းတ၀က်
စွတ်စွဲခံခဲ့ရခြင်းများအပေါ် နာကျည်းခြင်းတ၀က်ဖြင့် ခံစားချက်များနေသည်ကြောင့် မမေးဖြစ်ခဲ့ခြင်းပါ။
အမှန်တကယ်ဆို သူမကိုမြင်စကတည်းက အနောက်မှာ သားသားများ ကပ်ပါလာလေမလားဟု ငံ့လင့်ခဲ့မိသည်။
လွမ်းသည်။
မိမိရဲ့ နှစ်ဦးတည်းရှိသည့်မိသားစုဝင်မို့
မြတ်လည်းမြတ်နိုးသည်။
ချစ်တာမှ အနှိုင်းမရသည်အထိ။
သို့ပေသိ တသက်လုံး မိမိကိုသံသယတွေဖြင့်ကြည့်
စွတ်စွဲနေဦးမည်ဆိုရင်တော့ အရာရာစွန့်လွှတ်ကာ နှလုံးသားကိုအကျဉ်းချပစ်မည်။
ဟုတ်သည်လေ ကိုယ့်သစ္စာကိုယ်ယုံသည်။
ဒါကို အနိုင်လည်း ယုံဖို့ကောင်းသည်။
-"အာအဲ့တာက သားသားကသင်တန်းတစ်ဖက်နဲ့လေဝါရယ်။ ပြီးတော့ ခရီးကပန်းမှာစိုးတာနဲ့...အဲ့မို့.."
-"...."
သူမဟာ ခပ်တိုးတိုးဖြေရှင်းရင်းက မိမိအနီးက
ခုတင်ပေါ်မှာ လာထိုင်သည်။
ကျွန်ုပ် သူမနဲ့မနီးအောင် ခုတင်ခေါင်းရင်းဘက်
တိုး၍ပျောင်းထိုင်လိုက်သည်။
မဖြစ်ပါ။
သူမနဲ့ နီးနီးကပ်ကပ်နေ၍လုံးလုံးမဖြစ်။
ကိုယ့်စိတ်ကိုယ်ကိုယ်သိပါရဲ့။
တင်းထားသမျှစိတ်ကလေးက ကိုယ်သင်းရနံရှုရှိုက်မိရင် အရည်ပျော်ကျကုန်မှာ သိပါရဲ့လေ။
ဒါ့ကြောင့် ခပ်ခွါခွါထိုင်မိတော့ အနီးသို့တိုးကပ်ထိုင်လိုက်သည့် အနိုင်။
ကျွန်ုပ် ထပ်မံ၍ ရွေ့ထိုင်ရပြန်သည်။
သို့သော်...
-"ဟူး!"
ကျွန်ုပ် အဆုံးအထိရွေ့၍ တိုးထိုင်သည့်တိုင်
ထပ်မံလိုက်တိုးလာသည်ကြောင့် သက်ပြင်းချရသည်။
ဘယ်လိုဖြစ်နေတာပါလိမ့်။
ထပ်တိုးစရာ နေရာလည်းမရှိတော့ပါ။
ဒါကို ဘယ်လိုကြောင့်။
ကျွန်ုပ် အလိုမကျစွာ မျက်မှောင်ကုတ်၍ လှည့်ကြည့်မိသည်။
ထိုခန..
သူမမျက်နှာလှလှမှ ခပ်ဖြူဖြူသွားတက်ချွန်းချွန်းကလေးကိုတွေ့မိစဉ်ခန..။
မျက်ဝန်းဝိုင်းဝိုင်းကလေးထဲမှ အချစ်ရိပ်များစွန်းနေတာ တွေ့စဉ်ခန..။
အိုး..ဒီက ဝါဆိုတဲ့မိန်းမမှာ မီးနှင့်ထိသည့်
ဖယောင်းလုံးလေးကဲ့သို့ အရည်ပျော်ကုန်ပြီ။
ကျွန်ုပ် လျှင်မြန်စွာပင် မျက်နှာလွှဲပစ်လိုက်သည်။
မဖြစ်။
ရင်ခုန်လို့ ရူးသွားနိုင်သည်။
-"ဟူး!...ဝါ"
-"...."
-"ဝါလို့!"
-"ဟူး.."
-"ဝါ အနိုင့်ရဲ့ဝါ။
အနိုင့်မိန်းမဝါ။
ဝါ ဝါ"
-"အို..ပြောကွယ်။
ဘယ့်နှယ် အနီးကပ်ပြီး တဝါတည်းဝါနေရသလဲ။"
-"အဟင်း..ချစ်လို့ပေါ့။
ဝါ့ကိုမြင်နေလျှက်တောင်
ထပ်ဝါချင်နေလောက်အောင်
ဒီ အဝါရောင်လေးကို ချစ်လို့ပေါ့ဗျာ"
-"အို..မယုံနိုင်ပါဘူး။
ရှင်ကလေးက အဲ့လိုပြောပြောပြီး
ကျွန်မကိုဆို အမြဲသံသယတွေနဲ့။"
-"ဟော...အဲ့လိုများ ရန်လုပ်လုပ်ပါ့မလားလို့။
ခုတော့ သူပြောပြီကြည့်"
-"ဒါရန်လုပ်တာမှမဟုတ်ဘဲ။
အမှန်ကိုပြောတာလေ..
အနိုင်တို့ကိုဆိုအမြဲ..
အမြဲအဲ့လိုကြည့်နေတာပဲ
မဟုတ်ဘူးလား။"
-"ဟင်း"
ရင်ထဲမှမကျေနပ်စိတ်ကလေးကြောင့် အနိုင့်ဘက်လှည့်၍ ထိုသို့ဆိုစဉ် သက်ပြင်းရှိုက်လေသည်။
ထို့နောက်..
-"အို..ဘာလုပ်တာလဲ"
-"ဖက်တာလေ..
ကိုယ့်ဇနီးကိုဖက်တာ..အဲ့တာဘာဖြစ်သလဲ"
-"အို..ဖယ်ပါ။
ဘယ်မှာရှိလို့လဲ ရှင့်ဇနီးက။"
-"ဒီမှာလေ..အနိုင်ဖက်ထားတာ
အနိုင့်ဇနီးပေါ့..အနိုင့်မယားလေ..
ဝါက အနိုင့်မိန်းမ..
အဲ့မို့ မဖယ်နိုင်ဘူး။"
-"အို..ဖြေးဖြေးဖက်ပါ။
အသားတွေလည်း ပဲ့ပါကုန်ဦးမယ်"
-"အဟင်းဟင်း...
အသားတော့မပဲ့ပါဘူး မိန်းမရယ်။
အသာနေပါ ..မရုန်းစမ်းနဲ့။
စိတ်ထိမ်းထားတုန်းငြိမ်ငြိမ်နေ..
မဟုတ်ရင်......."
-"အို!"
မူပိုပိုရုန်းနေစဉ် တိုးလို့ဖက်သည့်အနိုင်ပါလေ။
အရိုးများကျိုးနိုင်သည့်အားတွေ
သူကလေး ဘယ်ကရလေသလဲ။
ဒါ့အပြင် ..နားဖျားနားကပ်၍ မကြားဝံ့သည့်စကားများ..
အို..လင်ခန်းမယားခန်းတွေကို သူမို့လို့လေ..
ဒီကလေးနှယ်..အတတ်ကောင်းတွေ
ဘယ်ကများတတ်နေပါလိမ့်။
အကြားနဲ့တင် ရှက်လွန်းလို့ ပြောစရာတောင်
ပျောက်ကုန်ပြီ။
-"အဟင်းဟင်း...ဘယ်လိုလဲဝါ။
ရုန်းပါဦးလား..ရုန်းကြည့်လေ"
-"ဟင့်အင်း.."
-"ဟားဟားဟား!"
ကိုယ့်ကိုတမင်ကြောက်အောင်ခြောက်ပြီးမှ ဟားတိုက်သည့် အနိုင်ရယ်ပါလေ။
မုန်းလိုက်တာ...
ခပ်ထေ့ထေ့သူ့မျက်နှာက
တကယ်ကို မုန်းချင်စရာ..။
တဟားဟားအော် ရယ်နေတဲ့
နှုတ်ခမ်းသားရဲရဲကလေးကလည်း
ပေါက်သည်အထိ
ကိုက်ဆွဲပြစ်ချင်စရာ..။
ဟွန်း..လုပ်ထားဦးပေါ့အနိုင်။
နိုင်ထားဦးပေါ့ကွယ်။
ပြုစားထားဦးပေါ့။
တို့အလှည့်ကျရင်တော့..
ဟွန်းဟွန်း..
မနွဲ့စတမ်းပေါ့ အနိုင်ရယ်။
အိမ်ယာထဲကမထနိုင်တဲ့အခါမျိုးကျမှ
တို့ကို လာမနွဲ့စတမ်းပေါ့..
ခုတော့..ဗိုက်ကလေးထဲက
အကောင်ကလေးကြောင့်..
အနှစ်တုံးကလေးကြောင့်..
စိတ်ထိမ်းထားလိုက်ပါဦးမယ်လေ။
-"ဟော..အဲ့မျက်နှာကလေးကဘာဖြစ်..
ဟားဟားဟား...ဟေ့အေးနော်..
ဟေ့အေး..ဒီမှာတင်ရပ်။
အဲ့အတွေးတွေကို ဒီမှာ ရပ်နော်ဝါ။
မဟုတ်ရင် အဲ့အတွေးထဲကလူက
အနိုင်မဟုတ်ဘဲ ဝါဖြစ်သွားရလိမ့်မယ်"
-"ဟင်...တို့..တို့ဘာ..ဘာတွေးနေလို့လဲ
မဟုတ်..မဟုတ်တာတွေမပြောစမ်းနဲ့"
-"ကြည့်လည်းလိမ်ပါ ဝါရယ်..
အနိုင်သိတာပေါ့..။
အနိုင့်မိန်းမအကြောင်း
အနိုင်ကောင်းကောင်းကြီးသိတာပေါ့။"
-"သိရင်လည်းပြီးတာပဲဖယ်..."
-"မဖယ်ပါဘူး ဘာဆိုင်လို့ဖယ်ရမှာလဲ။"
-"ဖယ်ပါဆို"
-"ဖယ်ဘူး!"
-"ဟော်တော်"
-"ဟော်တော်ဘူး"
-"အယ်"
-"အယ်ဘူး"
-"......."
ပြောစရာထပ်မံ ပျောက်ရသည့် အဖြစ်ပါလေ။
ပြောသမျှ အကုန်ဘူးချည်းခံနေတဲ့ ဒီကလေးက
ဘူးသီးစားပြီး ကြီးလာသလားပဲ။
ရိုက်ပစ်ချင်စရာ..။
အို..ရိုက်လည်းမရိုက်ပါဘူးလေ။
ဘယ်လိုပဲဆိုဆို..ကိုယ်ကဖြင့်
အသည်းနင့်နင့် ချစ်ရသည်။
မုန်းဖို့ကြိုးစားနေတဲ့ကြားကကို
ပိုလို့တိုး ချစ်မိသွားပါရဲ့လေ။
အနိုင်ရယ်..တော်ရုံပဲပြုစားပါကွယ်။
တို့ ရူးနိုင်တယ်။
သိရဲ့လား။
(7-2-2024)
သိမ်းခါနီး မအားတာရယ်။
မုမ၀င်တာရယ်ကြောင့်
ခပ်တိုတိုအပ်ပေးတာ။
ဆောရီးပါနော်..မာန်စိတ်အခြေအနေမကောင်းလို့။
**************