ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ...

By jellyflower1

28.6K 3.1K 15

Male Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင... More

အညွှန်း
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အခန်း(၁၇)
Announcement
အခန်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
ပိတ်ရက်မှာ စာဖတ်ရင်း နားမယ်ဆိုရင်
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
Gpအသစ် ဖွင့်ခြင်း
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
VIP Gp3 အသစ် memberလက်ခံပေးနေပါပြီ
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အထူးလျှော့ဈေးဗျို့ လက်မလွှတ်သင့်ဘူးနော်
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
Gp 4 ဝယ်ယူနိုင်ပါပြီ
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
စာစဉ်(၁၅) အပိုင်း(၂၁၁ မှ ၂၂၅ အထိ)
အပိုင်း(၉၆)

အပိုင်း(၂၈)

294 34 0
By jellyflower1

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၂၈)

“iPhoneကို ကောင်တာမှာ အရင်ထားခဲ့ပေးမယ်နော်။ နောက်မှ ကွန်ပြူတာ နဲ့ အတူတူ ပိုက်ဆံရှင်းလို့ရပါတယ်” ကောင်မလေးက ပြောလိုက်သည်။

"ကောင်းပြီလေ"
ယွမ်ကျိုးက ခေါင်းညိတ်ပြပြီး ကောင်မလေးပြန်လာမည့် အချိန်ကို စောင့်လိုက်သည်။

"စောင့်နေရလို့ တောင်းပန်ပါတယ်။ ဒီဘက်ကနေ  အပေါ်ထပ်တက်ရအောင်"
ကောင်မလေးသည် ၃မိနစ်အတွင်း ယွမ်ကျိုးအနားသို့ ပြန်ရောက်လာသည်။

ယွမ်ကျိုးက ကောင်မလေးနောက် လိုက်ကာ ဓာတ်လှေကားထဲသို့ ဝင်သွားသည်။

“ဒင်း”

မြင့်မားသော အဆောက်အဦမဟုတ်သောကြောင့် ဓာတ်လှေကားသည် မကြာမီ အပေါ်ထပ်သို့ ရောက်သွားသည်။ ယွမ်ကျိုးသည် ဓာတ်လှေကားမှ ထွက်လာစဥ် ဤအလွှာက လူသိပ်မရှိမှန်း သိလိုက်သည်။

သို့သော်လည်း စတုတ္ထထပ် တစ်ထပ်လုံးတွင် Apple အမှတ်တံဆိပ် ကွန်ပျူတာများစွာရှိပြီး ဧည့်သည်များ ကြည့်ရှုနိုင်စေရန် မော်ဒယ်အမျိုးမျိုးကို စားပွဲပေါ်မှာ တောက်ပစွာ ပြသထားသည်။

ထောင့်တစ်နေရာတွင် ဆိုဖာများနှင့် လက်ဖက်ရည်များခင်းကျင်းထား၍ အတော်လေး အဆင့်မြင့်ပုံပေါက်သည်။

ယွမ်ကျိုးက လူငယ်တစ်ယောက်ဖြစ်သော်လည်း သူက ကွန်ပျူတာအကြောင်း  သိပ်မသိပေ။ အဖွင့် အပိတ်လုပ်နည်းကိုသာ သိသည်။ တခြားလုပ်ဆောင်ချက်များက သူ့အတွက် နည်းနည်း ခက်ခဲသည်။ ထို့ကြောင့် ယွမ်ကျိုးက သူ့ဘေးနားရှိ ကောင်မလေး၏ စကားကို တိတ်တဆိတ် နားထောင်နေခဲ့သည်။

လက်ရှိဈေးကွက်ထဲ ဈေးအကြီးဆုံး Laptopက ဒီဇိုင်းအမြင့်ဆုံးဖန်တီးမှုဖြင့် Gaming Laptop ဖြစ်သည်။

ယွမ်ကျိုးက အွန်လိုင်းဂိမ်းကို တော်ရုံ မကစားသော်လည်း အနည်းဆုံးတော့ စမ်းကြည့်ချင်သည်။ ထို့ကြောင့် သူက Gaming Laptopကို အရင်ကြည့်ရန် ပြောလိုက်သည်။

"ဟုတ်ကဲ့။ ကျေးဇူးပြုပြီး ဆိုဖာပေါ်မှာ ထိုင်ပါ။ လူကြီးမင်း လိုချင်တဲ့ Laptopကို ချက်ချင်း ယူလာပေးပါမယ်”
ထို့နောက် သူမက ယွမ်ကျိုးကို ဆိုဖာနေရာသို့ လိုက်ပို့သည်။

“ကျေးဇူးပြုပြီး လက်ဖက်ရည်သောက်ပါ။ Laptopကို အခုချက်ချင်း သွားယူလာပေးပါ့မယ်"

ဖောက်သည်များအတွက် ယခုလို ဝန်ဆောင်မှုပေးခြင်းက တကယ်ကို ကောင်းမွန်ပြီး ယွမ်ကျိုး၏ စားသောက်ဆိုင်နှင့် ခြားနားသည်။ စားသုံးသူများက ယွမ်ကျိုး၏ ထူးကဲသော ချက်ပြုတ်စွမ်းရည်ကြောင့် ယွမ်ကျိုးကို ခွင့်လွှတ်ထားခြင်း ဖြစ်သည်။

“မင်္ဂလာပါ လူကြီးမင်း၊ ဒီကွန်ပြူတာသုံးလုံးက ထိပ်တန်းဖွဲ့စည်းပုံများပါရှိတဲ့ Gaming Laptopပါ။ အရောင်ကွဲက အနက်ရောင် အဖြူ နှင့် အနီရောင်တို့ရှိပါတယ်။ ဘယ်အရောင်ကြိုက်ပါသလဲ"  ကောင်မလေးက Laptopသုံးလုံးကို ကိုင်ကာ ယွမ်ကျိုး ဆီသို့ “ကြိုက်တာရွေး” ဆိုသည့်ပုံစံဖြင့် ရောက်လာသည်။

ယွမ်ကျိုး၏ Laptopအဟောင်းက အနက်ရောင် ဖြစ်သော်လည်း အဖြူရောင် Laptopကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။
"ဟုတ်ကဲ့။ လူကြီးမင်းအတွက် ကွန်ပြူတာဖွင့်ခွင့်ပေးပါ" မိန်းကလေးက အဖြူရောင် Laptopကို ယွမ်ကျိုး၏ အရှေ့မှာ ချလိုက်သည်။

ကွန်ပြူတာဖွင့်နေစဉ်  မိန်းကလေးက Laptopနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို မိတ်ဆက်ပေးသည်။
“ဒီမော်ဒယ်ရဲ့ ထူးခြားချက်တစ်ခုက မြန်ဆန်လွန်းတဲ့ startup speed ဖြစ်ပြီး ဖွင့်ဖို့ ကြာချိန်က စက္ကန့် 20 ပဲရှိပါတယ်။ ကြည့်ပါ၊ အခု ကွန်ပြူတာ ဖွင့်ထားပြီ။ ဒီအပြင် အလေးချိန်က 1.9 ကီလိုဂရမ်သာရှိတဲ့အတွက် အလွန်ပေါ့ပါးပါတယ်။ အခုပဲ ၃လုံးစလုံးကို လွယ်လွယ်သယ်လာတာကို လူကြီးမင်း မြင်တယ် မဟုတ်လား"

ထိုသို့ပြောနေစဉ် မိန်းကလေးက Laptopကို ကောက်ကိုင်ကာ ယွမ်ကျိုးကို မြင်သာအောင်ပြသည်။

"အင်း ၊ တကယ်ကို ပါးလွှာတယ်" အပေါ်မှအောက်၊ဘယ်မှညာသို့လိုက်စစ်ပြီးနောက် ဝဘ်ဆိုဒ်တစ်ခုကိုဖွင့်ကာ ကွန်ပြူတာဂိမ်း ခဏဆော့လိုက်စဥ်သူ့Laptop အဟောင်းထက် အဆပေါင်းများစွာ မြန်ဆန်မှန်း သိလိုက်သည်။

မိန်းကလေးက Laptop၏ ထူးခြားသော လုပ်ဆောင်ချက်များနှင့် အားသာချက်များကို မိတ်ဆက်ပေးခဲ့သည်။ မိတ်ဆက်မှုအားလုံးသည် အတော်လေး အသေးစိတ်ကျသည်။ မိတ်ဆက်စဉ် ယွမ်ကျိုး သည် နည်းပညာဆိုင်ရာအသေးစိတ်အချက်အလက်များကို နားမလည်သောကြောင့် ကောင်မလေးသည် ယွမ်ကျိုးအား ရိုးရှင်းသောဘာသာစကားဖြင့် ရှင်းပြရန် ကြိုးစားခဲ့သည်။ သူမသည် ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် အတော်လေး ဂရုတစိုက်ရှိသည်။

ဂိမ်းတစ်ခုပြီးဆုံးအောင် ဆော့ပြီး၍ ယွမ်ကျိုးကဤLaptopကို ဝယ်ယူရန် စိတ်ပိုင်းဖြတ်လိုက်သည်။
"ကောင်းပြီ၊ ဒီတစ်ခုလိုချင်တယ်။ ဒါပေမဲ့ ပါကင်ပိတ်ထားတဲ့  အသစ် လိုချင်တယ်”

“စိတ်မပူပါနဲ့၊ ဒီမှာရှိတဲ့ ထုတ်ကုန်အားလုံးက အသစ်ပါ။  ဒီလိုနမူနာစက်တွေကို ကျွန်မတို့က လူကြီးမင်းကို မရောင်းပါဘူး”
ကောင်မလေးက ရိုးသားသော အပြုံးဖြင့် စိတ်ရှည်ရှည် ရှင်းပြသည်။

“ခဏစောင့်ပါဦး။ လူကြီးမင်းအတွက် Laptopကိုထုပ်ပိုးပေးပါရစေ။ ကျေးဇူးပြုပြီး ဒီနားမှာပဲ အနားယူပါ" 

ထို့နောက် သူမသည် နမူနာစက်သုံးစုံကို သွားထားပြီး ယွမ်ကျိုးဝယ်ခဲ့သော အဖြူရောင် Laptopကို စတင် ထုပ်ပိုးလိုက်သည်။

လုပ်ငန်းကျွမ်းကျင်သော ကောင်မလေးသည် ထုပ်ပိုးထားသောဘူးကို အမြန်သယ်လာပြီး ယွမ်ကျိုးစီသို့ ရောက်လာသည်။

“လူကြီးမင်း၊ ငွေရှင်းကောင်တာက ပထမထပ်မှာပါ။ လူကြီးမင်းကို အဲဒီနေရာ လိုက်ပို့ပေးမယ်"

သူတို့နှစ်ယောက်သည်  ငွေရှင်းကောင်တာရှိရာအောက်ထပ်သို့ ဆင်းသွားကြသည်။ ငွေရှင်းကောင်တာရှိ ဆံပင်တိုတိုနှင့် ကောင်မလေးသည် ပြုံးလိုက်သောအခါ သူမ၏ပါးပြင်ပေါ်ရှိ ပါးချိုင့်ကို မြင်နိုင်သည်။ သူမသည် ချိုသာသောလေသံဖြင့် “လူကြီးမင်း၊ မိုဘိုင်းလ်ဖုန်းနဲ့ ကွန်ပြူတာရဲ့ စုစုပေါင်းကျသင့်ငွေက ၃၅၆၇၇ယွမ်ပါ။ မိုဘိုင်းလ်ဖုန်းက ၈၈၇၇ယွမ်ဖြစ်ပြီး ကွန်ပျူတာက ၂၆၈၀၀ယွမ်ပါ။  ငွေသားနဲ့လား၊ ဒါမှမဟုတ် ဘဏ်ကတ်နဲ့ ပေးချေလိုပါသလား"

"ဘဏ်ကတ်" ယွမ်ကျိုးသည် သူ၏ ဂျင်းဘောင်းဘီအိတ်ကပ်ထဲမှ ပိုက်ဆံအိတ်ကို သပ်သပ်ရပ်ရပ် ထုတ်ယူလိုက်ပြီး အသစ်စက်စက် ဆောက်လုပ်ရေးဘဏ်ကတ်ကို ထုတ်လိုက်သည်။

"အိုကေ။ ခဏစောင့်ပါဦး" ယွမ်ကျိုး၏ဘဏ်ကတ်ကို လက်ခံရရှိပြီးနောက် သူမက သူ့အလုပ်သူ ဆက်လုပ်သည်။

ငွေရှင်းကောင်တာမှ ကောင်မလေးက ငွေဖြတ်တောက်ခြင်း လုပ်ငန်းကို လုပ်ဆောင်နေစဉ် မျက်လုံးဝိုင်းဝိုင်းကောင်မလေးက Laptop နှင့် မိုဘိုင်းလ်ဖုန်း ထိန်းသိမ်းပုံ အဆင့်ဆင့်ကို စိတ်အားထက်သန်စွာဖြင့်  စေ့စေ့စပ်စပ် ရှင်းပြသည်။

"ကျေးဇူးပြု၍ ကျသင့်ငွေကိုစစ်ဆေးပြီး ပြဿနာမရှိရင် ဒီကွက်လပ်မှာ အမည်နဲ့ လက်မှတ်ရေးထိုးပေးပါ" ငွေရှင်းကောင်တာမှ မိန်းကလေးက ပြေစာနဲ့ ဘောပင်ကို လွှဲပေးလိုက်သည်။

စုစုပေါင်း ပမာဏကို တစ်ချက်ကြည့်ပြီးနောက် ယွမ်ကျိုး က သူ့လက်မှတ်ကို ရေးထိုးခဲ့သည်။

ယွမ်ကျိုးက တံခါးပေါက် အပြင်ဘက်သို့ လမ်းလျှောက်သွားစဥ် မျက်လုံးဝိုင်းဝိုင်းကောင်မလေးက နောက်တစ်ခေါက် လာဝယ်ပါဦးဟု ပြောလိုက်သည်။

အရင်တုန်းက ကပ်စေးနဲလွန်းသော ယွမ်ကျိုးက Laptop နဲ့ မိုဘိုင်းလ်ဖုန်းအတွက် ပိုက်ဆံအများကြီး အကုန်အကျခံမည် မဟုတ်ချေ။

မိုဘိုင်းလ်ဖုန်းအသစ်ကို ကောက်ကိုင်လိုက်ပြီး နာရီကိုကြည့်လိုက်သည်။ အချိန်က နေ့လည် ၁၁း၃၀ ဖြစ်၍ နေ့လည်စာ စားချိန်ဖြစ်သည်။ ဤအချိန်သည် ယွမ်ကျိုး ၏ တခြားရည်ရွယ်ချက်ကို ဖြည့်ဆည်းရမည့်အချိန်ဖြစ်သည်။

ယွမ်ကျိုးက ဘွဲ့ရရှိပြီးနောက် သူ့မေဂျာနှင့် ကိုက်ညီသော အထည်ဒီဇိုင်းအလုပ်ကို မရှာဖွေနိုင်ခဲ့ပေ။ ထို့ကြောင့် ကြယ်သုံးပွင့် အဆင့်ရှိသော ဟိုတယ်၏ စားသောက်ဆိုင်တွင် မီးဖိုချောင်အကူအနေဖြင့် အလုပ်လုပ်ကိုင်ပြီး အချက်အပြုတ် စွမ်းရည်ကို သင်ယူရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း သူ့ချက်ပြုတ်စွမ်းရည်က သာမန်အဆင့် ဖြစ်နေသည်။
အချက်အပြုတ်စွမ်းရည်သည် သာမန်မျှသာဖြစ်ခဲ့သည်။  ထို့အပြင်၊ စာဖိုမှူးများထံမှ အလွန်ကောင်းမွန်သော အချက်အပြုတ်အတတ်ပညာကို သင်ယူရန် လူမှုရေးဆိုင်ရာ ချိတ်ဆက်မှု တစ်စုံတစ်ရာမရှိသောကြောင့်  နှစ်အတော်ကြာအောင် အလုပ်လုပ်ခဲ့သော်လည်း ဘာဆိုဘာမှ မတတ်ကျွမ်းခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ လက်ရှိကာလတွင် သူ နှင့် အပြိုင် ကြက်ဥထမင်းကြော် နှင့် ရှောင်လုံပေါင်းကို ဖန်တီးနိုင်သူ မရှိပေ။ ယွမ်ကျိုးက  သူ့ကိုယ်သူ ဂုဏ်ယူနေမိသည်။

သူသည် ယခင်က ကြယ်သုံးပွင့်ဟိုတယ်တွင် အလုပ်လုပ်ဖူးပြီး စားသုံးသူများအတွက် အစားအသောက်များကို စားဖိုမှူးနှင့်အတူတူ ကူညီချက်ပြုတ်ပေးဖူးသော်လည်း အရသာကို မမြည်းစမ်းဖူးပေ။ စားဖိုမှူးများ၏ ချက်ပြုတ်စွမ်းရည်က သူ၏လက်တလော ချက်ပြုတ်စွမ်းရည်ကို မယှဉ်နိုင်မှန်း သိသော်လည်း အရသာကို မြည်းစမ်းကြည့်ဖူးချင်သည်။

ကြယ်ငါးပွင့်အဆင့်ရှိသော ဟိုတယ်သို့ သွားနိုင်သောအခြေအနေ ရှိသော်လည်း သူ အလုပ်လုပ်ခဲ့သော ကြယ်သုံးပွင့်ဟိုတယ်ကို သွားရန် ဆုံးဖြတ်လိုက်သည်။
သူက တက္ကစီခေါ်ပြီး ယခင်က သူအလုပ်လုပ်ခဲ့သည့် "မင်ရန်ဟိုတယ်" သို့ တန်းသွားခဲ့သည်။ ခဏအကြာတွင် ယာဉ်မောင်းသည် ဟိုတယ်အ၀င်ဝသို့ ရောက်သွားပြီး တက္ကစီများအတွက် အထူးသတ်မှတ်ထားသော ကားပါကင်နေရာမှာ ရပ်လိုက်သည်။

ခေါင်းကို မော့ပြီး ရွှေရောင်ဖြင့် ခမ်းနားသော ဝင်ပေါက်ကို ကြည့်လိုက်သည်။ “မင်းရန် ဟိုတယ်"ဟူ၍ အမိုက်စား စကားလုံးကို ဝင်ပေါက်ထိပ်တွင် ချိတ်ဆွဲထားသည်။ အနီရောင်တောက်တောက် ကော်ဇောသည် ဝင်ပေါက်အတွင်းမှ ဆန့်ထွက်ပြီး လှေကားအဆုံးတွင် ရပ်သွားခဲ့သည်။

သန့်ရှင်းပြီး ကြည်လင်သော မှန်တံခါးကို အကျယ်ကြီး  ဖွင့်ထားသည်။ လေအေးပေးစက်မှ အေးမြသောလေကို ဝင်ပေါက်အပြင်ဘက်မှာပင် ခံစားနိုင်သည်။ ဝင်ပေါက်နှစ်ဖက်ရှိ ကျောက်ခြင်္သေ့များသည် အင်အားကြီးမားသော ဂုဏ်ရှိန်ဂုဏ်ဝါကို ပြသသည်။

တံခါးဝတွင် ရပ်နေသော အလုပ်သမား လေးဦးစလုံးသည် အရပ်အမောင်း တူညီပြီး အနီရောင် ယူနီဖောင်းများ ဝတ်ဆင်ထားသည်။ ယွမ်ကျိုး တက္ကစီပေါ်မှ ဆင်းလာခြင်းကို မြင်တွေ့သောအခါတွင် သူတို့က အမြန်ဆုံး လာကြိုသည်။

“မင်္ဂလာပါ ဆရာ၊ ဒီဘက်ကို ကျေးဇူးပြုပြီး ကြွပေးပါ"

"မင်းအတွက် ပစ္စည်းတွေ သယ်ပေးရမလား သခင်လေး" တံခါးစောင့်က အပြုံးဖြင့် ပြောသည်။

"ရပါတယ်ကျေးဇူးပါ။ ငါကိုယ်တိုင် သယ်နိုင်ပါတယ်။"

ယွမ်ကျိုးက ပင်မဝင်ပေါက်မှ ဟိုတယ်ထဲသို့ ဝင်ခဲ့သည်။

အရင်က ဤဟိုတယ်၏ မီးဖိုချောင်မှာ အလုပ်လုပ်စဥ်က ဝန်ထမ်းတွေအတွက် သီးသန့် သတ်မှတ်ထားသော ဝင်ပေါက်မှ တဆင့် ဟိုတယ်ထဲသို့ အမြဲဝင်ရောက်ရသည်။ ယွမ်ကျိုးက ပင်မဝင်ပေါက်မှ ပထမဆုံးအကြိမ် ဝင်ဖူးခြင်း ဖြစ်သည်။

ငွေက အမှန်တကယ် နတ်ဘုရားဖြစ်သည်။

အပိုင်း(၂၈)

ပြီးပါပြီ။

Continue Reading

You'll Also Like

12.5K 1.2K 53
ရီပင်းဆိုတဲ့လူငယ်လေးက ဒီဘက်ခေတ်ကနေ ကျင့်ကြံခြင်းလောကထဲရောက်ခဲ့တယ်။ ဒါမဲ့အဲ့လူငယ်လေးက ကျင့်ကြံခြင်းလောကမှန်းမသိပဲ စာပေပညါ ပန်းချီပညာစတဲ့ပညာတွေကိုသာလေ့...
2K 34 13
"So you really love me?" "Yk I do ma don't act like det" © NARDOOWICKK PRODUCTIONS
9K 1.6K 83
မူရင်းဝတ္ထု: The Monk That Wanted To Renounce Asceticism မူရင်းစာရေးသူ: A Golden Millet Dream (Yi...