ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ...

By jellyflower1

31.2K 3.2K 15

Male Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင... More

အညွှန်း
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အခန်း(၁၇)
Announcement
အခန်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
ပိတ်ရက်မှာ စာဖတ်ရင်း နားမယ်ဆိုရင်
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အခန်း(၂၆)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
Gpအသစ် ဖွင့်ခြင်း
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
VIP Gp3 အသစ် memberလက်ခံပေးနေပါပြီ
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အထူးလျှော့ဈေးဗျို့ လက်မလွှတ်သင့်ဘူးနော်
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
Gp 4 ဝယ်ယူနိုင်ပါပြီ
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
စာစဉ်(၁၅) အပိုင်း(၂၁၁ မှ ၂၂၅ အထိ)
အပိုင်း(၉၆)

အခန်း(၂၇)

316 33 0
By jellyflower1

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၂၇)

ယွမ်ကျိုး ၏ စားသောက်ဆိုင်တွင် အရည်ရွှမ်းသော ဖက်ထုပ်ကို မှန်ကန်စွာ စားသုံးတတ်သူ တစ်ဦးတလေမျှ မရှိပေ။ ပူလွန်းသောကြောင့် လေကို အဆက်မပြတ် ရှူရှိုက်နေရသော်လည်း အဆီအနှစ်ကို စွန့်လွှတ်ရန်လည်း ဝန်လေးနေကြသည်။ သူတို့အားလုံး၏ တူညီသောအမူအရာက ရွှင်လန်းနေသော အမူအရာဖြစ်သည်။

“ဒီလောက်အရသာရှိတဲ့ ဖက်ထုပ်ကို ပထမဆုံးအကြိမ် စားဖူးတာပဲ။ ဆိုင်ရှင်‌လေး၊ မင်းက တကယ်တော်တယ်"

ဖက်ထုပ်ကို အရင်‌ဆုံးစားပြီးသောအဘိုးအိုက သူ့ဝါးတူကို အောက် ချလိုက်ပြီး စိတ်ခံစားမှု အပြည့်ဖြင့်သက်ပြင်းချလိုက်သည်။

"ဆိုင်ရှင်လေး၊ မင်းရဲ့လက်ရာက ရှီဇီကန် နားက ရာစုနှစ်ဟောင်း စားသောက်ဆိုင်တွေထက်တောင် ပိုသာလွန်တယ်"

သူ့နှုတ်ခမ်းကို လျှာဖြင့်သပ်ကာဆက်ပြောသည်။
"တခါက တရားဝင် စီးပွားရေးလုပ်ဖို့ ခရီးထွက်ပြီး လမ်းခုလတ်မှာ ရှီဇီကန်ကို ဖြတ်သွားတယ်။ ငါ့ရဲ့စီးပွားရေးလုပ်ငန်းပြီးသွားတော့ အဲဒီစားသောက်ဆိုင်က အရည်ရွှမ်းတဲ့ ဖက်ထုပ်ကို စားဖို့အတွက်နဲ့ နောက်ထပ်တစ်ရက် တည်းခိုခဲ့တယ်။  မင်းရဲ့ စားသောက်ဆိုင်နဲ့ ယှဉ်ရင် အဲ့ဒီဆိုင်မှာ လာစားတဲ့ လူအုပ်က ပိုများတယ်၊ မုန့်လုပ်သူကလည်း တကယ့်ကျွမ်းကျင်တဲ့သူကွဲ့"

“အဲဒီတုန်းကလည်း ငါ့ပါးစပ်ထဲက အဆီအနှစ်တွေ မထွက်အောင် ပါးစပ်ကို အတင်းဖိထားလိုက်ရတယ်။ အဲဒါကို ကမ္ဘာ့အဆင့်မီ စားကောင်းသောက်ဖွယ်လို့ ငါထင်ခဲ့တယ်။ ဒါပေမယ့် အခု ဆိုင်ရှင်လေးရဲ့လက်ရာကို စားပြီးသွားတော့ ဒါကအ‌ကောင်းဆုံးလို့ငါထင်သွားပြီ”

အဘိုးအို၏ မျက်နှာပေါ်တွင် ကြည်ညိုလေးစားမှု အသွင်ပေါ်လာပြီး ယွမ်ကျိုးကို ချီးမွမ်းသည်။

"ချီးကျူးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"
ယွမ်ကျိုးက ကြင်နာသောစကားကို လက်ခံခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သက်ကြီး ဝါကြီး၏စကားကို  နာခံသင့်သည်။

“ဒါဆိုရင် ဆိုင်ရှင်လေး၊  ငါ့ကို နောက်တစ်ပွဲ ထပ်ပေးပါ။ ငါဗိုက်မပြည့်သေးဘူး"
တကယ်တမ်း အဘိုးအိုက စားသုံးသူ တစ်ဦးလျှင် ဟင်းတစ်ပွဲသာ မှာယူခွင့်ရှိသော သတ်မှတ်ချက်ကို သတိထားမိသည်။ သို့သော်လည်း သူက အရသာရှိသော ဟင်းလျာကို နောက်တစ်ကြိမ် စားသုံးခွင့်ရရန် စာမတတ်သူအဖြစ် ဟန်ဆောင်ခဲ့သည်။

"ကျွန်တော်တစ်ကယ်စိတ်မကောင်းပါဘူး။ နံရံမှာ စည်းမျဉ်းတွေ ရေးထားပါတယ်” ယွမ်ကျိုး က သူ့နောက်က နံရံကိုကြည့်ရန် အဘိုးအိုကို အရိပ်အမြွက်ပြောသည်။

“ဆိုင်ရှင်လေး၊ မင်းဆိုင်ရဲ့ စည်းကမ်းတွေက လိုက်နာဖို့ လိုအပ်ပေမဲ့ လိုက်လျောညီထွေရှိသင့်တယ်လေ။ ငါ့လို အဘိုးအိုကြီး ဗိုက်ဆာနေတာကို မင်းကြည့်ရက်နိုင်လို့လား" အဘိုးအိုက နံရံကို မကြည့်ဘဲ ယွမ်ကျိုးကို ငေးစိုက်ကြည့်ကာ အဘိုးအိုဟုသော အသုံးအနှုန်းဖြင့် အသနားခံသည်။

ထိုစကားသံကြောင့် ရှောင်လုံပေါင်းစားနေသော တခြားစားသုံးသူများက ယွမ်ကျိုးကို ငေးကြည့်လာသည်။

သူတို့ကလည်း ယွမ်ကျိုးကို နည်းမျိုးစုံဖြင့် ချီးမွမ်းကြပြီး သူတို့အားလုံး၏ ရည်ရွယ်ချက်က နောက်တစ်ပွဲ ထပ်စားရန် ဖြစ်သည်။

“သူဌေး၊ ဒီမှာ ပဲနို့တောင် မရောင်းပေးဘူး။ ဒါကြောင့်မို့ ရှောင်လုံပေါင် နောက်တစ်ပွဲ ထပ်ရောင်းပေးသင့်တယ်လေ"

“အပြင်ဘက် လမ်းပေါ်မှာ ပဲနို့ရောင်းတဲ့ ဆိုင်တွေ အများကြီးရှိတယ်။ အပြင်မှာဝယ်သောက်လို့ရတယ်လေ"

ယွမ်ကျိုး၏ ခိုင်မာသော ဆုံးဖြတ်ချက်ကြောင့် လူတိုင်း ရှုံးနိမ့်သွားခဲ့သည်။ ထို့အပြင် ရှောင်လုံပေါင်း ဖက်ထုပ်ဝယ်ရန် စောင့်ဆိုင်းနေသူ အများအပြား ရှိသောကြောင့် သူဌေး၏ စီးပွားရေးလုပ်ငန်းကို များစွာ မထိခိုက်စေနိုင်ပေ။ ထို့ကြောင့် စားသောက်ဆိုင်ထဲရှိ စားသုံးသူများသည် စိတ်မချမ်းမသာဖြင့် ဆိုင်မှ ထွက်ခွာသွားသည်။

ယွမ်ကျိုး စားလိုက် သော ဖက်ထုပ် ၄ လုံးမှလွဲ၍ ကျန် ၉၆ လုံးကို တစ်နာရီအတွင်း ရောင်းထွက်သွားခဲ့သည်။
သို့သော်လည်း အလုပ်ချိန် ၅ နာရီသာ ကျန်တော့ကြောင်း စနစ်က ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။ ယွမ်ကျိုးသည် အနည်းငယ် စိတ်ဓာတ်ကျနေသောကြောင့် တစ်ခုခုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

အပေါ်ထပ်သို့တက်ကာ A4 စာရွက်တစ်ရွက်ကိုယူလိုက်ပြီး အသိပေးစာကို ရေးလိုက်သည်။
“အရေးတကြီး ကိစ္စရှိလို့ အပြင်ထွက်သွားတယ်။ ညဘက်မှ ဆိုင်ပြန်ဖွင့်ပါမယ်”

ထို့နောက် တံခါးကို သေသေချာချာ သော့ခတ်ကာ အပျော်သဘောဖြင့် အပြင်ထွက်လာခဲ့သည်။

သူပထမဆုံးသွားသည့်နေရာက ဘဏ်ဖြစ်သည်။ ယွမ် ၂သိန်း ကို ဘဏ်သို့ အပ်နှံပြီးမှသာ အခြားကိစ္စများကို ဆက်လက်လုပ်ဆောင်နိုင်မည်။

ဆောက်လုပ်ရေးဘဏ်၏ ဘဏ်ကတ်တွင် စုစုပေါင်း ယွမ်ငွေ ၂၄၅၀၀၀ ကို အပ်နှံခဲ့သည်။ ဤကတ်သေးသေးလေးတွင် ယွမ်ကျိုး၏ချမ်းသာကြွယ်ဝမှု အားလုံး ရှိသည်။

ဘဏ်မှထွက်သွားသောအခါ ဂျင်းဘောင်းဘီအိတ်ကပ် အတွင်းမှ ပိုက်ဆံအိတ်နှင့် ကတ်ကို တစ်ချိန်လုံးကိုင်ထားလိုက်သည်။ သူ အသက်ရှင်သန်လာသော ကာလတစ်လျှောက် တစ်လအတွင် ယွမ်၂သိန်းကို ပထမဆုံးအကြိမ် ရှာဖွေဖူးခြင်း ဖြစ်သည်။ ယခင်က ဖြစ်နိုင်ချေ မရှိသော အိပ်မက်သည် စနစ်၏အကူအညီဖြင့် အကောင်အထည် ဖော်နိုင်လာသည်။

ထိုအကြောင်းကို တွေးမိသောအခါ ယွမ်ကျိုး စိတ်သက်သာရာ ရသွားသည်။ နောင်အနာဂတ်တွင် ဒီထက်မက ပိုက်ဆံရှာနိုင်လိမ့်မည်ဟု ယုံကြည်သည်။

သူ့ပိုက်ဆံအိတ်ထဲတွင် ငွေသားချည်း သက်သက် ၄၈၀၀ယွမ် ရှိသေးသည်။ “ပိုက်ဆံမရှားပါးဘူး”ဟူသော ခံစားချက်က အထင်ကြီးလေးစားစရာ ကောင်းသည်။

ထို့ကြောင့်လည်း လက်တလော ချမ်းသာကြွယ်ဝနေသော ယွမ်ကျိုးက တက္ကစီးဖြင့် သွားလိုရာ နေရာသို့ သွားသည်။

ဧပြီလလယ်တွင် ရာသီဥတု ပူပြင်းပြီး တက္ကစီဒရိုင်ဘာက အပူ မကြိုက်သဖြင့် လေအေးပေးစက်ကို ဖွင့်လိုက်သည်။ ယွမ်ကျိုး သည် အေးမြသော တက္ကစီပေါ်တွင် တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေစဥ် တက္ကစီဒရိုင်ဘာကလည်း ပုံမှန် အရှိန်နှုန်းဖြင့် လိုရာခရီးသို့ မိနစ် ၂၀ အတွင်း မောင်းနှင်ပေးသည်။

တက္ကစီသမားက ကားရပ်ရမည့် လမ်းဘေး တစ်နေရာတွင် ကားရပ်လိုက်သည်။

ငွေရှင်းပြီးနောက် ယွမ်ကျိုးက တက္ကစီပေါ်မှ ဆင်းလာခဲ့သည်။ ရုံးပိတ်ရက်မဟုတ်သော်လည်း ဤလမ်းမက လူစည်ကားနေသေးတယ်။ ၎င်းလမ်းသည် ချန်တု တွင်အကြီးဆုံးဒစ်ဂျစ်တယ်စျေးကွက်ဖြစ်သော "ချန်တု ဒစ်ဂျစ်တယ် မားကတ်" ဖြစ်သည်။

သူ့ပျက်စီးသွားသော Laptopကို မပြုပြင်ဘဲ အသစ်တစ်လုံးဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။ သူ့တက္ကသိုလ် ပထမနှစ်ကတည်းက အသုံးပြုခဲ့သော ဖုန်းကိုလည်း ထာဝရ အနားပေးရမည်။

ယာဉ်မောင်း၏ ကားပါကင်ကျွမ်းကျင်မှုက အလွန်ကောင်းမွန်သည်။ ယွမ်ကျိုး ကားပေါ်မှာ ဆင်းလိုက်သောအခါ iPhone ရောင်းသော ဆိုင်ခန်းများ ဖြစ်သည်။ အသစ်ထွက်ရှိသော iPhoneကို အဆောက်အဦ၏ ကြော်ငြာ ဆိုင်းဘုတ်တွင် ပြသထားသည်။   တစ်ချက်ကြည့်လိုက်ရုံဖြင့် ခံ့ညားသော ခံစားချက်ကို ပေးစွမ်းသည်။

ယခင်က ဆင်းရဲသားလေးယွမ်ကျိုးဆိုလျှင် ခေတ်စားနေသော မော်ဒယ်အသစ်ကို ဝယ်ယူမည် မဟုတ်ချေ။ သူ့စိတ်ထဲ လက်သင့်ခံနိုင်သော ဈေးနှုန်း နှင့် အရည်အသွေးကောင်းမွန်လျှင် ဝယ်ယူလိမ့်မည်။ လူကြိုက်များသော ဖုန်းတစ်လုံးအတွက်  ငွေကုန်ကြေးကျခံမည် မဟုတ်ချေ။

သို့သော်လည်း လက်ရှိ ငွေရှာနိုင်သော ယွမ်ကျိုးက  အလွန်ချမ်းသာ ကြွယ်ဝသူ မဟုတ်သော်လည်း သူ့တွင် ပြုစုစောင့်ရှောက်ရမည့် မိသားစု မရှိသောကြောင့် သူ့စိတ်ပျော်ရွှင်အောင် ခေတ်ရေစီးကြောင်းအတိုင်း  နေထိုင်ချင်သေးသည်။

ယွမ်ကျိုးက လှေကားထစ်ပေါ် လျှောက်လာစဉ် တံခါးဝတွင် မတ်တတ်ရပ်နေသော အရောင်းဝန်ထမ်းများသည် ချက်ချင်းပင် သူ့အနီးနားတွင် စုရုံးလာပြီး ဈေးရောင်းရရေး အတွက် မေးမြန်းမှုများ လုပ်ဆောင်သည်။

"အစ်ကိုလေး ဘာဝယ်ချင်တာလဲ"

“ဟေး အချောလေး။  ပရိုမိုးရှင်းကြောင့် ကုန်ပစ္စည်းတွေအကုန်လုံးကိုယွမ် ၂၀၀ လျှော့ဈေးချထားတယ်။ လာပါ မင်းကြိုက်သွားစေရမယ်”

“အစ်ကိုချောလေး၊ ငါ့တို့မိုဘိုင်းဖုန်းတွေက နောက်ဆုံးထွက် မော်ဒယ်တွေပဲ၊ အရမ်းစျေးသက်သာတယ်။ လာကြည့်ပါဦး"

ဘဲငါးရာ ဆူညံပွက်လောရိုက်နေသကဲ့သို့ အရောင်းသမားများသည် အချင်းချင်း စကားများကြသည်။

"ငါဘာ၀ယ်မလဲဆိုတာဆုံးဖြတ်ပြီးသားပါ" ထိုစကားတစ်ခွန်းကို အလျင်စလိုပြောပြီးနောက် ယွမ်ကျိုး သည် လူအုပ်ကြီးကို ခွဲခွာကာ အတွင်းထဲသို့ ၀င်သွားသဖြင့် ပို၍ တိတ်ဆိတ်သွားသည်။

"ကောင်းသော မနက်ခင်းပါ။ ဒီနေ့ ဘာဝယ်ချင်ပါသလဲ" အဖြူရောင် ယူနီဖောင်းနှင့် ဒူးစကတ်ရှည်ကို ၀တ်ထားသော မျက်လုံးဝိုင်းဝိုင်းနှင့် ကောင်မလေးတစ်က ယွမ်ကျိုးဆီသို့ လျှောက်လာပြီး ယဉ်ကျေးသော အမူအရာဖြင့် မေးမြန်းသည်။

“မိုဘိုင်းလ်ဖုန်းနဲ့ ကွန်ပြူတာ ကြည့်ချင်ပါတယ်” ကောင်မလေးကိုကြည့်ကာ သူ့ရည်ရွယ်ချက်ကို ချက်ချင်း ပြောသည်။

"မိုဘိုင်းလ်ဖုန်းများက ပထမထပ်၊ ဒုတိယထပ်နဲ့ တတိယထပ်မှာရှိပြီး  စတုတ္ထထပ်မှာ ကွန်ပြူတာတွေ ရှိပါတယ်။ မိုဘိုင်းလ်ဖုန်း ကဏ္ဍကို အရင်ပြပါရစေ။  အစ်ကိုလေး လက်ခံလား” သူမ၏ ဝမ်းဗိုက်ကို လက်နှစ်ဖက်ဖြင့် အုပ်ကာ ယွမ်ကျိုးအား စိုက်ကြည့်နေသည်။
“ကောင်းပြီလေ။ ဒါပေမဲ့ ငါက iPhone ဝယ်ချင်တယ်။ ဒါကြောင့်မို့ iPhone ရောင်းတဲ့ဆိုင်ကိုပဲ တန်းသွားတာပေါ့”
ယွမ်ကျိုးက ခေါင်းညိတ်ပြီး သူ လိုချင်သည့် အချက်ကို တောင်းဆိုလိုက်သည်။

“ဟုတ်ကဲ့ပါ။ အိုင်ဖုန်း စီးရီးမှာ ဘယ်မော်ဒယ်ကို ကြိုက်ပါသလဲ" ကောင်မလေးက iPhone အထူးကောင်တာဆီသို့ လျှောက်လာသည်။

“ဒါကို တစ်ချက်ကြည့်ပါ၊ ဒါက အခုနောက်ဆုံး ထွက်ထားတဲ့ မော်ဒယ်ပါ။ ဒီဖုန်းမှာ လုပ်ဆောင်ချက်များစွာပါရှိပြီး အင်တာနက်ကို အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ ဒီအပြင့် မန်မိုရီက အရမ်းများလို့ ရုပ်ရှင် ၁၀ ကားလောက် ဒေါင်းလုဒ်ဆွဲနိုင်သလို ၊ ဖုန်းနဲ့ ဂိမ်းဆော့ရင်တောင် ပြဿနာ မရှိပါဘူး”

“အခုစမ်းကြည့်လိုက်ပါ”

ထိုသို့ပြောနေစဉ် ဖုန်းကို ယွမ်ကျိုးထံသို့ လွှဲပြောင်းပေးခဲ့သည်။

iPhone များ၏ အထူးကောင်တာသို့ ရောက်ရှိလာသောအခါတွင် မျက်လုံးဝိုင်းဝိုင်း နှင့် ကောင်မလေးက ယွမ်ကျိုး တောင်းဆိုသည့်အတိုင်း iPhone ကို ထုတ်ကာ ယွမ်ကျိုးကို မိတ်ဆက်ပေးသည်။ သူမက တကယ်ကို  လုပ်ငန်းကျွမ်းကျင်ပြီး အချက်အလက်များကို တိတိကျကျ ရှင်းပြပေးနိုင်သည်။ ယွမ်ကျိုးက သူ့လက်ထဲမှ ဖုန်းကို ရိုးရိုးလေးစမ်းကြည့်ပြီး ကောင်မလေးကို စကားပြန်ပြောသည်။

"အဆင်ပြေတယ်။ ဒီဖုန်းပဲ ဝယ်မယ်"

“ဟုတ်ကဲပါ။ ၊ ကျသင့်ငွေကို ငွေသားဖြင့် ပေးချေလိုပါသလား။ ဒါမှမဟုတ် ဘဏ်ကတ်ကို အသုံးပြုလိုပါသလား"
ယွမ်ကျိုးက ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်၍ ကောင်မလေးက ပို၍ ရိုးသားသော အပြုံးဖြင့် မေးမြန်းလိုက်သည်။

“ဒါဆို ကျွန်တော် ဘဏ်ကတ်ကို သုံးမယ်။ ဒါပေမဲ့ ကွန်ပြူတာဝယ်ဖို့ လိုနေသေးတယ်။ ကွန်ပြူတာ အရင်သွားကြည့်မယ်။ ပြီးရင် နှစ်မျိုးစလုံးကို တစ်ပြိုင်နက်တည်း ငွေရှင်းပေးမယ်လေ”

iPhone၏ဈေးနှုန်းက ၈၈၇၇ယွမ်ဖြစ်နေ၍ ယွမ်ကျိုးမှာ ငွေသား အလုံအလောက် မရှိပေ။ 

အပိုင်း(၂၇)

ပြီးပါပြီ။

Continue Reading

You'll Also Like

9.1K 743 21
yoongi hate Hoseok hoseok hate yoongi how the hell will they survive in their forced marriage?
66.8K 6.3K 101
ဝတ္ထုအကျဉ်းချုပ်..... ၂၁ရာစုက စားဖိုမှူးတစ်ယောက် ဖြစ်တဲ့ ရှီယု တစ်နေ့မှာ လမ်းဖြတ်ကူးရင်းနဲ့ ကားတိုက်ခံရပြီးတော့ ထူးဆန်းတဲ့လောကကြီးကို ရောက်သွားကာ သူတ...
4K 424 14
zawgyi ပိုင်ယွမ်ယွမ် ဆိုတာ သူမ ကျွမ်းကျင်ဆံုး သရုပ်ဆောင်မှု အပေါ် အသက်ဆက်နေရသူပါ ပိုင်ယွမ်ယွမ်တယောက် မကောင်းဆိုးဝါးတွေ ပြိုင်ဆိုင်သူတွေ ကြားက အသက်ရှင...
3.9K 266 10
Stop crying and laugh (I'm also making this because I have too many memes in my gallery so I can just store them here instead of course.) ...