ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ...

By jellyflower1

29.1K 3.1K 15

Male Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင... More

အညွှန်း
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အခန်း(၁၇)
Announcement
အခန်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
ပိတ်ရက်မှာ စာဖတ်ရင်း နားမယ်ဆိုရင်
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အခန်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
Gpအသစ် ဖွင့်ခြင်း
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
VIP Gp3 အသစ် memberလက်ခံပေးနေပါပြီ
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အထူးလျှော့ဈေးဗျို့ လက်မလွှတ်သင့်ဘူးနော်
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
Gp 4 ဝယ်ယူနိုင်ပါပြီ
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
စာစဉ်(၁၅) အပိုင်း(၂၁၁ မှ ၂၂၅ အထိ)
အပိုင်း(၉၆)

အခန်း(၂၆)

296 38 0
By jellyflower1

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၂၆)

ယွမ်ကျိုးက ရှောင်လုံပေါင်းများကို ပေါင်းခံအိုးကြီးထဲ စတင်ထည့်လိုက်သည်။ ၈ မိနစ်ခန့်ကြာပြီးနောက် ရှောင်လုံပေါင်းများ အဆင်သင့်ဖြစ်သွားသည်။ ရှောင်လုံပေါင်းများကို  အကျက်လွန်ခြင်းမှ ရှောင်ကြဉ်ရန် နှင့် အပေါ်ယံဖက်ထုပ်အလွှာ တင်းမာ ခြင်း(သို့) အရည်နှင့်အသားများ အပြင်မထွက်စေရန်  အပူချိန်ကို သာမန် အပူချိန်သို့ လျှော့ချပစ်လိုက်သည်။

ထို့နောက် ယွမ်ကျိုး သည် ပေါင်းခံတောင်းတစ်ခုကို ယူလိုက်ပြီး အ၀တ်ဖြူသန့်သန့် ခင်းကာ ရှောင်လုံပေါင်းများကို တင်လိုက်သည်။ ထို့နောက် ပန်းကန်သေးသေးတစ်လုံးကို ထုတ်ယူလိုက်ပြီး ရှာလကာရည် ထည့်ကာ အရသာမြည်းစမ်းကြည့်ရန် ထိုင်ခုံမှာ ထိုင်လိုက်သည်။

မွှေးကြိုင်ပြီး လန်းဆန်းတက်ကြွစေသော ရနံ့

မနက်စာအတွက် ပေါင်မုန့်တစ်လုံးခန့်သာ စားနိုင်သူသည် ယွမ်ကျိုး၏ရှောင်လုံပေါင်း(ဖက်ထုပ်)ကို သုံးခုခန့်စားနိုင်လိမ့်မည်။ ဤသည်ကား ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။

ယွမ်ကျိုး၏လက်တစ်ဖက်က ဝါးတူတစ်စုံကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ပန်းကန်ပြားကို ကိုင်ဆောင်ကာ ရှောင်လုံပေါင်းများ ပေါက်ထွက် မသွားအောင် ပန်းကန်ပြားပေါ် ဂရုတစိုက် တင်သည်။ ပေါင်းထားသော ရှောင်လုံပေါင်းများက ပန်းကန်ပြားပေါ်မှာ နေရာအပြည့်ယူသည်။ ယွမ်ကျိုးက ရှောင်လုံပေါင်း(ဖက်ထုပ်)၏ အပေါ်ယံအဖတ်ကို ဝါးတူဖြင့် ‌ဆုတ်ဖြဲလိုက်သောအခါ အသားနှင့် ရောစပ်ထားသော မွေးကြိုင်းသည့်ရနံ့က အခန်းတစ်ခန်းလုံး ပြန့်သွားသည်။

ရှောင်လုံပေါင်း(ဖက်ထုပ်)က ပူနေသေးသော်လည်း ယွမ်ကျိုးက ဖက်ထုပ်ထဲမှ ဟင်းအနှစ်ရည်ကို တစ်ခါတည်း ကုန်အောင် သောက်လိုက်သည်။ သူ့နှုတ်ခမ်း နှင့် လျှာဖျားတွင် လတ်ဆတ်ပြီး အရသာရှိသော အဆီအနှစ်က နစ်မြှုပ်သွားသည်။ ဖက်ထုပ်ထဲမှ ဟင်းအနှစ်များကို ကုန်အောင်သောက်လိုက်စောအခါ ‌အပေါ်ယံ ဖက်ထုပ်အသား ကျန်ခဲ့သည်။

ထို့နောက် ယွမ်ကျိုးက  စောစောဖောက်ထားသော အ‌ပေါက်‌လေးမှတစ်ဆင့် ရှာလကာရည်အနည်းငယ်ကို လောင်းထည့်လိုက်ပြီး ကောက်ယူကာ ဖက်ထုပ်တစ်ခုလုံး စားလိုက်သည်။

ပါးလွှာသော ဖက်ထုပ်သား နှင့် ရှာလကာရှည်၏ မွှေးကြိုင်သော ရနံ့ကြောင့် ဖက်ထုပ်၏အရသာပိုကောင်းမွန်လာသည်။

ယွမ်ကျိုးသည် ဖက်ထုပ်‌ပေါင်းတစ်ခုတည်းဖြင့် မတင်းတိမ်နိုင်သောကြောင့် ဗိုက်မပြည့်မချင်း လေးခုကုန်အောင် စားသည်။

ပေါင်းထားသော ဖက်ထုပ်သည် လက်သီးဆုပ်အရွယ်ခန့်ရှိသောကြောင့်  အရွယ်ရောက်လူကြီးတစ်ယောက် ဗိုက်၀ရန် လုံလောက်သည်။

သို့သော်လည်း ယွမ်ကျိုးက ထမင်းကြော် တစ်ပွဲ နှင့်  ဖက်ထုပ် ၄ခုကို တစ်ထိုင်တည်း စားလိုက်သည်။ ရှောင်လုံပေါင်း ဖက်ထုပ်၏ အရသာကို တွေးကြည့်နေရန်ပင် မလိုအပ်ချေ။

"ဒါက ဘာအနံ့လဲ အရမ်းမွှေးတာပဲ"

ယွမ်ကျိုးက ဆိုင်ပိတ်ကာ ရှောင်လုံပေါင်းဖက်ထုပ် စားသောက်နေစဉ် မိုးလင်းခါစ အချိန်ဖြစ်သောကြောင့် လမ်းသွားလမ်းလာများ ရှိသည်။ ကျန်းမာရေးအရ လမ်းလျှောက်ထွက်သူ နှင့် အလုပ်သွားသော ဖြတ်သွားဖြတ်လာများ ဖြစ်နိုင်သည်။ ယွမ်ကျိုး၏စားသောက်ဆိုင်ထဲမှ မွှေးကြိုင်လွန်းသော ရနံ့ကြောင့် မနေနိုင် မထိုင်နိုင် မေးမြန်းခြင်း ဖြစ်သည်။

သီအိုရီအရ၊ စနစ်၏ထိန်းချုပ်မှုကို ခံရသော စားသောက်ဆိုင်တွင် ယွမ်ကျိုး နှင့်  ဟင်းပွဲမှာယူသော ဧည့်သည်သာ ဟင်းလျာ၏မွှေးကြိုင်မှု ရနံ့ကို ခံစားနိုင်သည်။ စားသောက်ဆိုင်ထဲရှိ တခြားသူများကလည်း ဟင်းပွဲ အနီးအနား ရောက်မှသာ အနံ့ခံနိုင်သည်။

ထိုမှသာ ဆိုင်ရှိတခြားသူများကိုစိတ်အနှောင့်အယှက် မပေးနိုင်မည် ဖြစ်သည်။ သို့သော်လည်း ယွမ်ကျိုးက ဆိုင်မဖွင့်ခင် ရှောင်လုံပေါင်းအရသာကို မြည်းစမ်းကြည့်နေ၍ စနစ်က ဆိုင်မဖွင့်သေးဟု ယူဆကာ နည်းပညာအတည်မပြုသေးခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ပြင်ပမှတခြားသူများက ဟင်းပွဲ၏ရနံ့ကို အာရုံခံနိုင်ခြင်း ဖြစ်သည်။

ရှောင်လုံပေါင်း၏ ရနံ့ကြောင့် လမ်းတစ်လျှောက် မနက်စာရောင်းသော ဆိုင်များတွင် လူစုပြုံလာသည်။ ဗိုက်ဆာလောင်သော ဒဏ်ကို မနက်စာ မစားရသေးသူများ နှင့် မနက်စာ စားပြီး သူများလည်း ခံနိုင်ရည် မရှိကြပေ။

ထို့ကြောင့်လည်း လမ်းဘေးစားသောက်ဆိုင်များတွင် ယခင်ထက် နှစ်ဆလူများလာသည်။ ဆိုင်ပိုင်ရှင်များကလည်း ဗိုက်ဆာသော အာသီသကို မြိုသိပ်ပြီး ပျော်ရွှင်စွာဖြင့် ဈေးရောင်းချသည်။

မနက် ၈နာရီထိုးမှ ယွမ်ကျိုးက ကျေနပ်အားရစွာ သူ့ဗိုက်ကို ပုတ်လိုက်ပြီး ရေတစ်ခွက်သောက်ကာ ဆိုင်တံခါးဖွင့်လိုက်သည်။ ယနေ့ မနက်ခင်းတွင် ရှောင်လုံပေါင်း ရောင်းချရန် ဆုံးဖြတ်သည်။

ဆိုင်တံခါးဖွင့်လိုက်သည်နှင့် အခန်းတွင်းရှိ မူလရနံ့များက လမ်းမပေါ်သို့ ချက်ချင်းထွက်ကျလာသည်။ ထို့ကြောင့် လမ်းပေါ်ရှိ ဖြတ်သွားဖြတ်လာများအားလုံး ရပ်တန့်ကာ စားသောက်ဆိုင်စီသို့ အမြန်ပြေးဝင်လာသည်။ တခြားဆိုင်မှ ဈေးသည်များလည်း ထူးမခြားနား ဝင်ရောက်လာသည်။

ယွမ်ကျိုး၏ စားသောက်ဆိုင်မှာ ယခင်က စားဖူးသော ‌ရုံးဝန်ထမ်း ဖောက်သည်များလည်း ဧည့်သည်ထဲ ပါလာသည်။ ထို့ကြောင့် ရုံး၀န်ထမ်း တစ်ယောက်က ချက်ချင်းမေးမြန်းသည်။

"သူဌေးယွမ်၊ မင်း ဘယ်လိုအရသာရှိတဲ့ ဟင်းချက်နေတာလဲ။ မွှေးရနံ့က တကယ် မိုက်တယ်။ ရောင်းဖို့ရှိလား"

တစ်စုံတစ်ယောက်က မေးမြန်းလာသောကြောင့် တခြားသူများ ထပ်မေးမြန်းရန် မလိုအပ်ပေ။

ဆိုင်းဘုတ် မရှိသော စားသောက်ဆိုင်က အစားအ‌သောက် ရောင်းချမှန်း မသိသူ များသည်။

"ဒီနေ့ ရှောင်လုံပေါင်း လုပ်ထားတယ်။ ထုံးစံအတိုင်း စျေးနှုန်းက နံရံပေါ်မှာ ရှိတယ်"

ယွမ်ကျိုးကို မေးမြန်းသူက စားသုံးသူ ဖောက်သည်ဟောင်း ဖြစ်နေ၍ ၎င်းက နံရံပေါ်ရှိ စျေးနှုန်းစာရင်းအသစ်ကို ကြည့်သည်။

မည်သို့ပင်ဆိုစေကာမူ စျေးနှုန်းကို တစ်ချက်ကြည့်ပြီးနောက် စားသောက်ဆိုင်ထဲ ရောက်နေသူများ  ထိတ်လန့်သွားသည်။

ဈေးနှုန်း

ကြက်ဥထမင်းကြော် ၁၈၈ယွမ်
အစုံလိုက်ကြက်ဥထမင်းကြော် ၂၈၈ယွမ်
ရှောင်လုံပေါင်း ၆၆ယွမ်

“ဒါက လုံးဝကို အမြတ်ကြီးစားတာဘဲ။ ဈေးနှုန်းကမယုံကြည်နိုင်လောက်အောင် ဈေးတော်တော် မြင့်နေတယ်”
လတ်ဆက်သော ဟင်းသီးဟင်းရွက်များ ဝယ်ယူရန်  မနက် စောစော လမ်းလျှောက်ထွက်လာသော အဘွားအိုက  အမြီးနင်းခံရသော ကြောင်အိုကြီးကဲ့သို့ ညည်းညည်းညူညူပြောဆိုသည်။

“ဟုတ်တယ်။ အဲဒီလောက်မြင့်တဲ့ဈေးနှုန်း သတ်မှတ်ချက်နဲ့ ရောင်းရဲတဲ့ စားသောက်ဆိုင်ကို အခုမှပဲ မြင်ဖူးတော့တယ်။ သူဌေး၊ မင်းက မင်းရဲ့ဆိုင်ကို ကြယ်ငါးပွင့်အဆင့်ရှိတဲ့ဟိုတယ်ရဲ့ စားသောက်ဆိုင်လို့ ထင်နေတာလား"
နောက်ထပ်အဘွားအိုက ဖြည့်စွက် ပြောဆိုသည်။

ယွမ်ကျိုးက သူ့ဆိုင်သို့ လာစပ်စုသော အဘွားအိုကြီးများသည် ယခင်က သူတစ်ပါးကို အခွင့်ကောင်းယူတတ်သူများဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို ရှင်းပြခြင်းဖြင့် အချိန်မကုန်ဆုံးချင်ပေ။ လေကုန်ရုံသက်သက် ဖြစ်လိမ့်မည်။ ထို့ကြောင့် ယွမ်ကျိုးက စားပွဲခုံရှည်ဘက်သို့ ထွက်သွားသည်။

“အဘွားတို့ ထင်သလို မဟုတ်ဘူး၊  သူဌေးယွမ်ရဲ့ အချက်အပြုတ်ကျွမ်းကျင်မှု‌က အံ့မခန်းပဲ။ ၁၈၈ယွမ် မပြောနဲ့ ၅၈၈ယွမ်ပေးရရင်တောင် တန်တယ်"
စောနက ဟင်းလျာအသစ်ကို မေးမြန်းသော ရုံးဝန်ထမ်းလူငယ်က ယွမ်ကျိုးဘက်မှ ခုခံပြောဆိုသည်။

“‌ကောင်‌လေး၊ မင်းက သူနဲ့ပေါင်းကြံပြီး ငါတို့ကို အမြတ်ကြီးစားချင်တာလား"
အဘွားအိုက မယုံသင်္ကာဟန်ဖြင့် ပြန်ပြောသည်။

"ဟာ အဘွားတို့ကတော့"
လူငယ်လေးက လက်လျှော့လိုက်ပြီး နှုတ်ဆိတ်ရန် ဆုံးဖြတ်လိုက်သည်။

သူတို့အားလုံး နှုတ်ဆိတ်သွားမှ ယွမ်ကျိုးက စကားပြောသည်။

"တစ်ယောက် တစ်ခွန်း ပြောနေတာတွေ ရပ်လိုက်ပါ။ ဒီဆိုင်မှာ မစားရင် ဆိုင်အပြင်ထွက်ပေးပါ။ ကျူပ်က စီးပွားရေးလုပ်ရဦးမယ်"

သူဌေး၏မောင်းထုတ်ခြင်းကို ခံရသော အဘွားအိုတို့က ရှက်ရွံ့စွာဖြင့် ဆိုင်အပြင်ဘက်သို့ ထွက်ကြသည်။ ဈေးသည်များကလည်း ကိုယ့်စီးပွားရေးကိုယ် ဆက်လုပ်ကြသည်။ ဈေးနှုန်းကို လက်သင့်ခံနိုင်သူ နှင့် အရသာမြည်းစမ်းချင်သူ ခုနှစ်ဦး၊ ရှစ်ဦးခန့်သာ ကျန်ခဲ့သည်။

"သူဌေး၊ ရှောင်လုံပေါင်း ရောင်းတယ်လို့ ပြောလိုက်တယ်မလား။ တစ်ပွဲ အရင်ပေးပါ”
အားကစား ၀တ်စုံ ဝတ်ဆင်ထားသည့် လူငယ်က ပြောသည်။

“ငါ့ကို လည်းတစ်ပွဲပေးပါ။ ဒီရှောင်လုံပေါင်းရဲ့အရသာ ဘယ်လိုရှိလဲ မြည်းစမ်းကြည့်ရအောင်လို့" ဝတ်ကောင်းစားလှ၀တ်ထားသော
အဘိုးအိုတစ်ယောက်က ထိုင်ခုံမှာ ထိုင်ပြီး ပြောသည်။

"ငါ့ကိုလည်း တစ်ပွဲပေးပါ"

တခြားသူများကလည်း ရှောင်လုံပေါင်း  တစ်မျိုးတည်းကိုသာ စတင်မှာယူကြသည်။ ဆိုင်ရှိ ရောင်းချသော အစားအသောက်များအနက် ၆၆ယွမ်က ဈေးအသက်သာဆုံး ဖြစ်သည်။

တချို့က ရှာလကာရည်ကို လိုချင်သော်လည်း တချို့က မလိုချင်ကြပေ။ယွမ်ကျိုး သည် ထိုင်ခုံ ၈ ခုံလုံးကို နေရာယူထားသော စားသုံးသူများထံ  ရှာလကာရည်ပန်းကန်များကို သယ်ယူလာသည်။

အဘိုးအိုက ပေါင်းထားသော ရှောင်လုံပေါင်း အပေါ်ယံအသားကို အရင်ဆုံး ဖြည်းညှင်းစွာ ထိကြည့်သည်။ အပေါ်ယံအလွှာ မကွဲထွက်သွားခြင်းကို မြင်တွေ့ရသောအခါ  ပေါင်းထားသော ရှောင်လုံပေါင်း ဖက်ထုပ်ကို ပန်းကန်ထဲ ကောက်ထည့်လိုက်သည်။

အဘိုးအိုက ရှောင်လုံပေါင်းဖက်ထုပ်ကို စားပုံက ယွမ်ကျိုး နှင့် အနည်းငယ် ကွဲပြားသည်။ သူက ဖက်ထုပ်ထိပ်ကို ဦးစွာအပေါက်ဖောက်လိုက်ပြီး အချိုရည် တစ်လုတ်ကို စုပ်သောက်လိုက်သည်။ 

ထို့နောက် အဘိုးအိုက ပန်းကန်ပြားငယ်ကို ကောက်ယူပြီး ဖက်ထုပ်ထဲသို့ ရှာလကာရည်ကို လောင်းထည့်လိုက်ကာ ဖက်ထုပ်ကို အေးအေးဆေးဆေး စားသုံးခဲ့သည်။ ထိုမှသာ အဘိုးအိုက ဖက်ထုပ်ဟင်းရည်အနှစ်၏ အရသာကို အပြည့်အဝ ခံစားနိုင်လိမ့်မည်။

သပ်ရပ်စွာ ဝတ်ဆင်ထားသော ရုံးဝန်ထမ်းလူငယ်သည် ဝတ်စုံနှင့် မလိုက်ဖက်စွာ ရှောင်လုံပေါင်း ဖက်ထုပ်ကို အားရပါးရ စားသောက်နေသည်။

“ဟူးဟူး…”

မျှော်လင့်ထားသည့်အတိုင်း ပူပူနွေးနွေး အဆီအနှစ်က သူ့ကို အဆက်မပြတ် အသက်ရှူထုတ်‌စေသည်။ အပူချိန်ကို အေးမြစေရန် ပါးစပ်ကိုပင် လက်ဖြင့် ယပ်ခပ်နေရသည်။ သို့တိုင် ဟင်းအဆီအနှစ်အရည်က အရမ်းအရသာနေ၍ အဆီအနှစ်များ ပါးစပ်မှ ထွက်ကျသွားမည်ကို စိုးရိမ်နေမိသည်။ အရည်တစ်စက် အလဟဿ ကုန်ဆုံးသွားလျှင်ပင် အပြစ်ရှိသကဲ့သို့ ခံစားရသည်။

ယခုတော့ ရှောင်လုံပေါင်းဖက်ထုပ်က သူ့ဂုဏ်ရှိန်ဂုဏ်ဝါကို ထုတ်ဖော် ပြနေသည်။

အပိုင်း(၂၆)

ပြီးပါပြီ။

Continue Reading

You'll Also Like

9.5K 163 10
Satoru Gojo and Y/n have been married for four years. Both of them are busy sorcerers with hectic schedules, so they rarely spend time together, go o...
4K 424 14
zawgyi ပိုင်ယွမ်ယွမ် ဆိုတာ သူမ ကျွမ်းကျင်ဆံုး သရုပ်ဆောင်မှု အပေါ် အသက်ဆက်နေရသူပါ ပိုင်ယွမ်ယွမ်တယောက် မကောင်းဆိုးဝါးတွေ ပြိုင်ဆိုင်သူတွေ ကြားက အသက်ရှင...
59.9K 9.4K 46
KWADAYI mabudin wahala, QARYA fure take bata 'ya'ya, DA-NA-SANI qeya ce sannan DAN HAKKIN da ka raina shi yake tsone maka ido!!
6.5K 630 34
Title - I Love Farming Description 💥 စွေ့ချီချောင်း၏ ရှေးဟောင်းဧကရာဇ်သွေး နိုးထလာခဲ့ချိန်တွင် သူက ဧကရာဇ်၏ ပင်ကိုဗီဇကို အရူးအမူးလယ်စိုက်ခြင်းဖြင့်...